【 ဆောင်းပါး 】 ဝိုင်ဘီအက်စ်အတွက် သတိပေးခေါင်းလောင်းသံ

【 ဆောင်းပါး 】 ဝိုင်ဘီအက်စ်အတွက် သတိပေးခေါင်းလောင်းသံ

ပြည်တွင်းစစ် မရပ်စဲသမျှ ကာလပတ်လုံး မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းချမှတ် ဆောင်ရွက်နိုင်မှု နည်းပါးနေအုံးမှာပါ။ဒါကြောင့် အနယ်နယ်အရပ်ရပ်က အလုပ်အကိုင်ရှာဖွေသူတွေ ရန်ကုန် မန္တလေး စတဲ့ မြို့ကြီးတွေပေါ် နေ့စဉ်လိုလို ရောက်လာကြအုံးမှာ ဖြစ်ပါတယ်။

မန္တလေးဟာ အရင်တုန်းက စက်ဘီးမြို့၊ အခု မော်တော်ဆိုင်ကယ်မြို့ ဖြစ်နေတာကြောင့် လူများစု သွားလာရေးအတွက် လိုင်းကားတွေရဲ့ အခန်းကဏ္ဍကရန်ကုန်လောက် အရေးမပါပါဘူး။ရန်ကုန်မှာတော့ နေ့စဉ် လူအများစုက လိုင်းကားတွေကို အားထားသွားလာကြရပါတယ်။
 

ဖဆပလအစိုးရအလွန် တော်လှန်ရေးကောင်စီခေတ်ကစပြီး မဆလအစိုးရလက်ထက်ထိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုတဲ့ အစိုးရဌာနက ရန်ကုန်မြို့ထဲ နေ့စဉ်ပြေးဆွဲခဲ့တဲ့ လိုင်းကားတွေကို ကြီးကြပ်ကိုင်တွယ်ခဲ့ပါတယ်။အဲဒီအချိန်ကတည်းက ဒီနေ့ထိ အစိုးရအဆက်ဆက် အားနည်းခဲ့တာက ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက် (စပယ်ယာ) တွေကို စည်းကမ်းတကျ ကိုင်တွယ်နိုင်မှု အားနည်းပါတယ်။ပြည်သူနဲ့ ဆက်ဆံရေး၊ ခရီးသည်တွေပေါ်ထားရှိသင့်တဲ့ တာဝန်ယူစိတ် တာဝန်သိစိတ် စတဲ့ ကျင့်ဝတ်တွေကို ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ နားလည်လိုက်နာဖို့ လေ့ကျင့်သင်ကြားပေးမှု အားနည်းလှပါတယ်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးခေတ်က လိုင်းကားတွေအဖြစ် ပြေးဆွဲနေတဲ့ ကားတွေဟာ ဂျပန်က တပတ်ရစ်ဟီးနိုးတွေကို ပြန်ဝယ်သုံးခဲ့တာ ဖြစ်ပါတယ်။ကားခတွေကလဲ သက်သာပါတယ်။မင်္ဂလာဒုံကနေ မြေနီကုန်းထိ ပြား ၂၀ ပဲ ပေးရပြီး သိမ်ကြီးဈေးထိ ပြား ၄၀ လား၊ ပြားငါးဆယ်လားပဲ ပေးရပါတယ်။အင်းစိန်ကနေ ဗိုလ်တထောင် ဂိတ်ဆုံးထိ ပြား ၃၀ ပဲ ကျပါတယ်။
 

အဲဒီတုန်းက ကားခပေးလိုက်ရင် ကားလက်မှတ် စက္ကူသေးသေးလေးကို ပြန်ဖြတ်ပေးပါတယ်။အစိုးရဆီ မရောက်အောင် ကားခဖြတ်ယူတဲ့နည်းက ကားခပေးသူတိုင်းကို လက်မှတ်ဖြတ်ပိုင်း သေးသေးလေးတွေ ပြန်ဖြတ်မပေးတာပါ။မှတ်တိုင်တိုင်း ရပ်ပေးမဘဲ ဆင်းသူရှိမှ ရပ်ပေးပြီး ဆင်းမယ့်သူမရှိရင် ဘတ်စ်ကားမှတ်တိုင်မှာ စီးမယ့်သူရှိပေမဲ့ ရပ်မပေးဘဲအရှိန်နဲ့ မောင်းထွက်တဲ့ ကားက များပါတယ်။အထုပ်အပိုးတွေနဲ့ တက်လာတဲ့ ဈေးသည်တွေကို အထုပ်ခယူပါတယ်။ဒီနည်းနဲ့ ရတဲ့ငွေကို မောင်းနဲ့ ရောင်းက ညနေရောက်ရင် ခွဲဝေယူကြပါတယ်။ပုဂ္ဂလိကပိုင်ကားမဟုတ်ဘဲ အစိုးရပိုင်ကားဖြစ်လို့ မနက်ထွက် ညနေဂိတ်ထိုး သိမ်းပြီးရင် ကားတွေကို ဆေးကြောသန့်စင်တာ လုံးဝမရှိပါဘူး။ဂျပန်က ရောက်စတုန်းက ပြောင်ပြောင်လက်လက် ရှိနေသေးတဲ့ ဟီးနိုးတွေဟာ တစ်နှစ် နှစ်နှစ် အတွင်း ချုံးချုံးကျသွားပါတယ်။ချုံးချုံးကျသွားတဲ့ ဟီးနိုးတွေကို ဗိုလ်တထောင် ကားဝင်းထဲမှာ အစီးရေပေါင်းများစွာ နေပူထဲမိုးရွာထဲ ပစ်ထားတာကို အဲဒီအချိန်က အားလုံးမျက်မြင်ပါပဲ။
 

ဂျပန်ဟီးနိုးကုမ္ပဏီနဲ့ ဂျပန်က လိုင်းကားပြေးဆွဲမှု စီစဉ်သူတွေက မြန်မာတွေရဲ့ အလုပ်ကို ပြီးစလွယ်လုပ်ကိုင်ပုံနဲ့ အထက် အလယ် အောက် သုံးဆင့်စလုံး တာဝန်ယူမှုမရှိတဲ့ စိတ်ဓာတ်ကို အလွန်အံ့သြကြပါသတဲ့။သူတို့ အလုပ် လုပ်ပုံက အလွန်တိကျ စနစ်ကျပါတယ်။လိုင်းကားအဖြစ် ပြေးဆွဲမယ့် ကားရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးတယ်။တစ်နေ့တာ ပြေးဆွဲပေးရမယ့် အလုပ်ချိန်  ၈ နာရီထက် မပိုရဘူး။ကားပြေးဆွဲမှု ပြီးဆုံးချိန်မှာ ကားရဲ့ ချို့ယွင်းမှု ကြံ့ခိုင်မှုတွေကို စစ်ဆေးရတယ်။တစ်နေ့လုံး ပြေးဆွဲထားတဲ့အတွက် ကားကြမ်းခင်းကအစ ထိုင်ခုံတွေ အပါအဝင် သန့်ရှင်းရေး ဆောင်ရွက်ရတယ်။ကားရေဆေးရတယ် စတဲ့ လုပ်ငန်းတစ်ခုချင်းကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်တဲ့။ကားစထွက်ချိန်ကစပြီး ကားနောက်ဆုံးရောက်ရမယ့်နေရာ ခရီးဆုံးထိ မောင်းလာရမယ့် ကြာမြင့်ချိန် သတ်မှတ်ပေးထားပြီးသား ဖြစ်ပါတယ်တဲ့။ခရီးစဉ် စ - ဆုံး ကြာမြင့်ချိန်ကို လက်လွတ်စပယ် သတ်မှတ်တာ မဟုတ်ဘဲ၊ မောင်းရမယ့် မိုင်နှုန်း (ကီလိုနှုန်း) နဲ့ ခရီးအကွာအဝေး၊ ဖြတ်သန်းရမယ့် မှတ်တိုင်အတက်အဆင်းအတွက် ကြာမြင့်ချိန် ဒါတွေအားလုံးကို စမ်းသပ်စစ်ဆေး မောင်းနှင်ပြီးမှ သတ်မှတ်ပေးတာ ဖြစ်ပါတယ်တဲ့။ရောက်ရမယ့် အချိန်ထက် ၅ မိနစ်စောရောက်တာ ဒါမှမဟုတ် ၅ မိနစ်နောက်ကျရောက်တာကို လက်ခံပေမဲ့ ဒီ့ထက်အချိန်စောရင်ဖြစ်ဖြစ် နောက်ကျရင်ဖြစ်ဖြစ် ထုချေရပါတယ်တဲ့။ပေါက်ပြဲစုတ်ပြတ် ချုံးချုံးကျနေတဲ့ သူတို့ရဲ့ ဟီးနိုးတပတ်နွမ်းတွေကိုကြည့်ပြီး ဂျပန်တွေဟာ မြန်မာတွေရဲ့ စီမံခန့်ခွဲမှုကို ဘယ်လောက် အထင်သေးခဲ့ကြမလဲ ခန့်မှန်းကြည့်ကြနိုင်ကြပါတယ်။
 

မဆလအစိုးရလက်ထက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနအောက်မှာ ဂျပန်တွေပြောသလို ဌာနတွေရှိပါတယ်။ကားကြံ့ခိုင်ရေးစစ်ဆေးရေးဌာန ပြုပြင်ထိန်းသိမ်းရေးဌာနတွေ မရှိတာ မဟုတ်ပါဘူး။ရှိပါတယ်။မှန်မှန်ကန်ကန် စနစ်တကျ အလုပ်မလုပ်တာပါ။ယာဉ်အပိုပစ္စည်းတွေကို ကြံ့ခိုင်ရေးအားနည်းလာတဲ့ ကားတွေမှာ တပ်ဆင်မပေးဘဲ အပြင်ထုတ်ရောင်းစားတာ မောင်း - ရောင်းတွေက ညှိပြီး တစ်နေ့ရတဲ့ ကားခတွေထဲက ဖြတ်ယူပြီးမှ ကျန်တဲ့ငွေသာ အစိုးရ ရငွေအဖြစ် ပြန်ဝင်လာတာ စတဲ့ မုန့်လုံးစက္ကူဖြစ်စဉ်တွေကြောင့် အစိုးရလိုင်းကားတွေ အရှုံးပေါ်ပါတော့တယ်။အဲဒီအချိန်က လိုင်းကားစီးခဲ့သူတွေရဲ့ အတွေ့အကြုံကို မေးကြည့်မယ်ဆိုရင် ပြူတင်းပေါက်မှန် မရှိတော့တဲ့ ကားတွေ ထိုင်ခုံတွေပေါ်က ဆိုဖာတွေ စုတ်ပြတ်ပေါက်ပြဲနေလို့ အောက်ကစပရင်တွေကစူးတာ၊ မာကျောခိုင်ခန့်တဲ့ ကားကြမ်းခင်းသံပြားတွေ ပေါက်ပြဲနေတာ အတက်အဆင်းနေရာက တံခါးတွေ ပြုတ်ကျနေတာ စတာတွေကို ပြန်ပြောကြမှာပါ။
 

၁၉၈၈ နောက်ပိုင်း နဝတ နအဖ အစိုးရ တက်လာတော့ လိုင်းကားတွေကို အစိုးရက တာဝန်မယူတော့ဘဲ မထသ (မော်တော်ယာဉ်ထိန်းသိမ်းရေးလုပ်ငန်း) လက်ထဲ အပ်လိုက်ပါတယ်။မထသကို ကိုင်တွယ်စီမံသူ အားလုံးနီးပါး အငြိမ်းစား တပ်မတော်အရာရှိ တပ်ကြပ် စစ်သည်တွေပါ။နအဖအစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေး ကြွေးကြော်သံက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ရေးပါ။လက်နက်နဲ့ ငြိမ်းချမ်းရေး လဲပြီး မြေပေါ်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း မထသထဲ ဝင်ရောက်ကားဆွဲခွင့် ပေးခဲ့ရပါတယ်။စစ်ပြန်စစ်မှုဟောင်းအဖွဲ့ကလည်း လိုင်းကား ဝင်ဆွဲပါတယ်။ဝင်လာသမျှ လိုင်းကားတွေရဲ့ ရည်ရွယ်ချက်ကအမြတ်ရရှိရေးသာ ဖြစ်ပါတယ်။ဒါကြောင့် ဝိုင်ဘီအက်စ် မဝင်ခင်က မထသလိုင်း ၃၀၀ ကျော် ရှိတယ်လို့ ရန်ကုန်ဝန်ချုပ် ပြောခဲ့တာ ဖြစ်ပါတယ်။
 

ယာဉ်ကြောတူလိုင်းကားတွေဟာ တစ်ကားနဲ့ တစ်ကား လုယက်ငွေရှာကြပါတယ်။ခရီးသည်လုတင်ကြ လမ်းလုမောင်းကြနဲ့ သူတို့ယာဉ်လိုင်းတွေအတွက် ငွေရှာနေပေမဲ့ ကားစီးသူတွေ သက်သောင့်သက်သာရှိမှု ကြံ့ခိုင်မှုတွေကို ဘယ်သူမှ စကားထဲထည့်မပြောကြပါဘူး။လမ်းပေါ်မှာဘာပြဿနာပဲပေါ်ပေါ် မော်တော်ပီကယ်တွေက မထသကို ကိုင်ထားတဲ့ စစ်ဗိုလ်ဟောင်းတွေကို ကြောက်ရတော့ ယာဉ်မောင်းနဲ့ စပယ်ရာတွေဟာ ယာဉ်ထိန်းရဲကိုလည်း အရေးမစိုက်ကြ ခရီးသည်ကိုလည်း အရေးမစိုက်ကြပါဘူး။ကျေနပ်မှုမရှိပါက တိုင်နိုင်ပါသည်ဆိုတဲ့ ဖုန်းနံပတ်တွေကိုတိုင်လဲ တိုင်တာသာ အဖတ်တင်ကျန်ကြတော့ ဘယ်သူမှ တိုင်တောတာမလုပ်ကြဘဲ နေ့စဉ် ကားကျပ်တာ စီးနင်းသွားလာရမှု သက်သောင့်သက်သာ မရှိတာတွေကို လူထုဘက်ကသာသည်းခံကြရပါတယ်။ကားခတွေကလဲ တဆင့်ပြီး တဆင့် တက်လာပေမဲ့ ကားတွေဆီက ထိုက်တန်တဲ့ ဝန်ဆောင်မှု ပြန်မရကြပါဘူး။
 

၂၀၁၆ အင်အယ်လ်ဒီအစိုးရ တက်လာတော့ မထသနေရာကို ဝိုင်ဘီအက်စ်နဲ့ အစားထိုးမယ်လို့ သိရတော့ ပျော်ကြပါတယ်။ဒါပေမဲ့ အားလုံးကြုံခဲ့ရတဲ့ အတိုင်း ဝိုင်ဘီအက်စ်ကားတွေ စတင်ပြေးဆွဲတဲ့နေ့က လိုင်းကားစီး ခရီးသွားသူတွေ ဗြောင်းဆန်ခဲ့ကြရပါတယ်။တချို့ကားတွေကမလာ။ကြိုတင်အသိပေးမှု အားနည်းခဲ့တော့ တချို့က ဘယ်ကားလိုင်းကို ဘယ်နေရာမှာ စီးရမှန်းမသိကြ။ခါတိုင်းစီးနေကြကားလိုင်းနေရာကို နံပတ်ဘယ်လောက်နဲ့ အစားထိုးမှန်းမသိကြ စတဲ့ အခက်ခဲတွေ းအပြင် ခါတိုင်းလို မြို့ထဲတိုက်ရိုက်သွားလို့ မရတော့ဘဲ သခင်မြပန်းခြံကတဆင့် ထပ်သွားရတဲ့ဒုက္ခ စတာတွေနဲ့ ဗြောင်းဆန်ခဲ့ကြပါတယ်။
 

ဒါပေမဲ့ မထသစနစ်ကို ဖျက်စေချင်တဲ့ ပြည်သူတွေ ဖျက်သင့်တယ်ဆိုတာ သိနေတဲ့ ပြည်သူတွေက တပိုင်တနိုင် ဝင်ကူကြပါတယ်။ရုံးဆင်းချိန် မှတ်တိုင်တွေမှာပုံနေတဲ့ ခရီးသည်တွေကို ကိုယ်ပိုင်ကားတွေနဲ့ အခမဲ့ သခင်မြပန်းခြံဆီ ပို့ပေးကြပါတယ်။ဝိုင်ဘီအက်စ်ကို နေ့စဉ် အပြစ်တင်ဝေဖန်ရင်း ဝိုင်ဘီအက်စ်ကားလိုင်း တစတစအသားကျလာပါတယ်။ရောင်း (စပယ်ရာလေးတွေ) အများစုက စရိုက်ကြမ်းကြပြီး ခရီးသည်တွေပေါ် ဆက်ဆံပုံဆိုးဝါးတာကြောင့် စပယ်ရာလေးတွေကို လိုင်းကားပေါ်လိုက်ခွင့် ပိတ်ခံခဲ့ပါတယ်။စပယ်ရာတွေ မပါတော့တာကို ခရီးသည်တွေ သဘောကျပေမဲ့ ကားခကို ငွေသိမ်းတဲ့ပုံးထဲ ထည့်ရတာကြောင့် ၂၀၀ တန် ပြဿနာပေါ်လာပြန်ပါတယ်။ဒါတွေဟာ ကြိုတင်တွက်ဆမှု အားနည်းခဲ့ပြီး မောင်း - ရောင်းတွေရဲ့ အမူအကျင့်တွေကို လုံလောက်တဲ့ထိ ပြုပြင်မပေးနိုင်တာတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။
 

ဝိုင်ဘီအက်စ် စနစ်ကို ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ အခုဆိုရင် လိုင်းကားစီးရတာ ဟိုတုန်းကနဲ့ယှဉ်ရင် ကားတွေသစ်လွင်တယ်။စီးရတာ သက်သောင့်သက်သာရှိတယ် စတဲ့ ပြည်သူဘက်က ကျေနပ်မှုတွေ ရလာပါတယ်။လက်ရှိအချိန်ထိ ကားခအတွက် ကတ်စနစ် မပြောင်းပေးနိုင်သေးတာကြောင့် အကြွေပြဿနာကိုလည်း ခရီးသွားနဲ့ ယာဉ်မောင်းက မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဖြေရှင်းကြပါတယ်။ကားခ ၂၀၀ တန် မပါတဲ့ ခရီးသွားက ပါလာတဲ့ ၅၀၀ တန်ဖြစ်စေ ၁၀၀၀ တန်ဖြစ်စေ ကားခငွေသိမ်းတဲ့ပုံးထဲ ထည့်လိုက်ရပြီးအဲဒီပုံးနားမှာပဲ ရပ်စောင့်ရပါတယ်။နောက်ထပ် ကားစီးဖို့ တက်လာတဲ့ ခရီးသည်ဆီက ကားခကို ပြန်အမ်းငွေ စောင့်ယူနေသူက တောင်းရပါတယ်။၅၀၀ တန် ထည့်ထားသူက ၃၀၀ ပြန်ရပြီဆိုရင် ငွေဆက်မကောက်တော့ပါဘူး။၁၀၀၀ တန် ထည့်ထားသူက ပြန်အမ်းငွေ ၈၀၀ ရတဲ့ထိ စောင့်ကောက်ယူရပါတယ်။ဒီနည်းနဲ့ အကြွေပြဿနာကို ဖြေရှင်းနေကြပါတယ်။
 

ဒါပေမဲ့ ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေ ထပ်တိုးလာပါတယ်။အခု ဆိုရင် မထသစနစ်တုန်းက မှတ်တိုင်တိုင်းလိုလိုမှာရှိနေတဲ့ ရွှေကြိုတွေ ပြန်ပေါ်လာကြပါပြီ။ မထသခေတ်တုန်းက ရွှေကြိုတွေဟာ လိုင်းကားတစီးရပ်လာတိုင်း ရှေ့မှာဘယ်နှစီးသွားနေတယ်၊ ဘယ်လိုင်းကားနံပတ်သွားတာ ဘယ်နှမိနစ်ရှိပြီဆိုတဲ့ သတင်းကို ပေးကြရပါတယ်။ယာဉ်မောင်းက ရွှေကြိုကို ၂၀၀ ပေးပါတယ်။တစ်နေ့ တစ်နေ့ ဖြတ်သန်းသွားလာတဲ့ လိုင်းကားအရေအတွက် များတာကြောင့် ရွှေကြိုတွေရဲ့ဝင်ငွေ မနည်းပါဘူး။ဝိုင်ဘီအက်စ် ယာဉ်လိုင်းတွေဟာ နိုင်ငံတကာလို သတ်မှတ်ထားတဲ့ အချိန်အတွင်း ကားမှတ်တိုင်တစ်တိုင်ကို ရောက်လာတဲ့ ကားအရေအတွက်၊ ယာဉ်ကြောတူလိုင်းကားတွေ လာရောက်ဆုံဆည်းမှုနှုန်းထား၊ စီးနင်းတဲ့ ခရီးသည်အရေအတွက် စတာတွေကို စောင့်ကြည့်စစ်တမ်းကောက်မှုမရှိဘဲ ယာဉ်လိုင်းတွေ အသစ်ထပ်ဖြည့်စွက် ပြေးဆွဲခွင့်ပြုမယ်ဆိုရင် မကြာမီအချိန်အတွင်း မထသလက်ထက်ကလို ယာဉ်ကြောတူကားတွေ ခရီးသည်လုတာ လမ်းလုတာတွေ ပေါ်လာတော့မှာပါ။တချို့ကားမှတ်တိုင်တွေမှာ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ ရွှေကြိုတွေ ပြန်ပေါ်လာနေပါပြီ။
 

မထသကနေ ဝိုင်ဘီအက်စ် စနစ်ပြောင်းလိုက်တယ်ဆိုပေမဲ့ မထသလက်ထက်က လူတွေကပဲ စီမံခန့်ခွဲနေတာ မထသတုန်းက နေရာကောင်းယူထားသူတွေ အခုတော့ ဝိုင်ဘီအက်စ်ထဲမှာ ရှိနေတုန်းပဲလို့ လိုင်းကားလောကသားတချို့က ပြောကြပါတယ်။တစ်နှစ်ပြည့်လာချိန်မှာ စာရင်းစစ် အစီရင်ခံစာအရ ဝိုင်ဘီအက်စ် အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။ရှုံးတာမဟုတ်ဘူး။ကားခအရင်းတွေ ကျေဖို့လုပ်ဆောင်နေရတဲ့ ကာလလို့ ပြန်ရှင်းပြကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဝိုင်ဘီအက်စ်ကားတွေရဲ့ လုပ်ငန်းအောင်မြင်မှုကို အကဲဖြတ်ပါဆိုလာရင် ၆၀ ရာနှုန်းလောက်ပဲ အောင်မှတ်ပေးနိုင်မယ် ထင်ပါတယ်။
 

ကားမောင်းသမားအများစု ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာတာ လျော့ပါးမသွားပါဘူး။တစ်နေ့မောင်းနှင်ပြီးတဲ့ ကားတွေကို သန့်ှရှင်းရေးလုပ်ဆောင်မှု ဘယ်ကားမှ မရှိပါဘူး။ကားကြမ်းခင်းတွေ ဖုန်ရှပ်ရှပ် သဲရှပ်ရှပ်၊ အမှိုက်ပုံးက ပါတဲ့ကားကပါပြီး မပါတဲ့ကားကမပါပါဘူး။တချို့ကားတွေက လေအေးစက်ကို မိုင်ကုန်ဖွင့်ကြ တချို့ကားတွေက ဖွင့်တယ်ဆိုရုံဖွင့်ကြ ဆောင့်ရပ်တာ ဆောင့်ထွက်တာတွေ အချိုးမပြောင်း လမ်းလုတာ အချိုးမပြောင်း မှတ်တိုင်နေရာ တိတိကျကျမရပ်၊ လမ်းဘေးချမရပ်ဘဲ လမ်းလယ်ခေါင်မှာထိုးရပ် စတဲ့ အမူအကျင့်အားလုံးရှိနေဆဲပါ။
 

၁၈ ရက်နေ့မှာ ဖေ့စ်ဘုတ်ပေါ် တက်လာတဲ့ သတင်းတစ်ပုဒ်အရ ဝိုင်ဘီအက်စ် ယာဉ်မောင်းတွေရဲ့ ပြောပြမှုအရ ဂိတ်မှူးတွေနဲ့ ငွေစစ်တွေရဲ့ အလွဲသုံးစားမှုဟာ တစ်လ တစ်လ သိန်းရာဂဏန်း ရှိတယ်လို့ ဆိုပါတယ်။ဒီသတင်းကို အတည်မယူနိုင်ပေမဲ့ လျစ်လျူလဲ မပြုသင့်ပါဘူး။လက်ရှိ ဝိုင်ဘီအက်စ် အုပ်ချုပ်မှုစနစ်ဟာ စောင့်ကြည့်ကြပ်မတ်မှု စစ်ဆေးထိန်းကျောင်းပေးမှု စီးနင်းတဲ့ ခရီးသည်နဲ့ ပြေးဆွဲတဲ့ ခေါက်ရေ စစ်တမ်းကောက်မှု အားနည်းတယ်လို့ မြင်နေရပါတယ်။လူထုအသံ နားထောင်လိုက်တော့လဲ အရင် မထသလူဟောင်းတွေကို နေရာပြန်ပေးထားတဲ့ အဖွဲ့ဆိုတဲ့ မကျေနပ်မှုကို တွေ့ရပါတယ်။အရင် ဂိတ်မှူးတွေ မထသခေါင်ချုပ်တွေရဲ့ တစ်နေ့တာဝင်ငွေကို သိနေတဲ့ အတွင်းသိတွေက ရန်ကုန်တိုင်းအစိုးရကိုပါ မယုံကြည်မှုတွေ ဖြစ်လာတာလဲ ဖြစ်နိုင်ပါတယ်။
 

လိုင်းကားစီးလူထုရဲ့ စိတ်ကျေနပ်မှု စရနေတဲ့ ဝိုင်ဘီအက်စ်ဟာ လက်ရှိအခြေအနေထက် လုပ်ငန်းတိုးတက်လာဖို့၊ စီးနင်းသူလူထုဘက်က စည်းကမ်းလိုက်နာရေး မောင်းသူတွေရဲ့ အမူအကျင့် တိုးတက်ကောင်းမွန်လာရေး ငွေကောက်ခံမှုနှုန်းထား တရားမျှတရေးနဲ့ ခေတ်နဲ့အညီဖြစ်ရေးတွေဟာ ဝိုင်အာတီအေရဲ့ ကြပ်မတ်ကွပ်ကဲမှုပေါ် မူတည်နေပါတယ်။ငွေရေးကြေးရေး ဘယ်လိုသိမ်းဆည်းစစ်ဆေးတယ်ဆိုတာကိုပါ အစိုးရအနေနဲ့ ပြည်သူကိုပွင့်ပွင့်လင်းလင်း ချပြပေးသင့်ပါတယ်။မြန်မာတို့ရဲ့ ပြည်သူပိုင်ပစ္စည်းပေါ် ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ အသိနည်းပါးမှုကို ပြင်ဆင်ပေးဖို့လဲ တာဝန်ရှိပါတယ်။ဝိုင်အာတီအေရဲ့ အဓိကတာဝန်ဟာ ဝိုင်ဘီအက်စ် လုပ်ငန်းပေါ် စိုက်လိုက်မတ်တတ် စစ်ဆေးကြပ်မတ်ပြီး နောက်နှစ် စာရင်းစစ်အစီရင်ခံစာ ထွက်ပေါ်လာချိန်မှာ ရလဒ်ကောင်းဖို့ပါ။တစ်နှစ် တစ်နှစ် အရင်းဘယ်လောက်ရပြီဆိုတာကို ပွင့်လင်းမြင်သာ ထုတ်ပြန်ပေးပြီး အစိုးရပါဝင် လုပ်ဆောင်နေတဲ့ လုပ်ငန်းရဲ့ ပကတိရုပ်လုံးကို ပြည်သူရှေ့ ချပြမယ်ဆိုရင် ပြည်သူက သံသယကင်းပြီး ဝိုင်ဘီအက်စ်အပေါ်ယုံကြည်လာမှာ ဖြစ်ပါတယ်။

ခင်နှင်းဦး
စက်တင်ဘာ -၂၉

( Zawgyi )

ျပည္တြင္းစစ္ မရပ္စဲသမွ် ကာလပတ္လုံး ျမန္မာတစ္ျပည္လုံး အတိုင္းအတာနဲ႔ ျမန္မာ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ဖို႔ စီမံကိန္းခ်မွတ္ ေဆာင္႐ြက္ႏိုင္မႈ နည္းပါးေနအုံးမွာပါ။ဒါေၾကာင့္ အနယ္နယ္အရပ္ရပ္က အလုပ္အကိုင္ရွာေဖြသူေတြ ရန္ကုန္ မႏၲေလး စတဲ့ ၿမိဳ႕ႀကီးေတြေပၚ ေန႔စဥ္လိုလို ေရာက္လာၾကအုံးမွာ ျဖစ္ပါတယ္။

မႏၲေလးဟာ အရင္တုန္းက စက္ဘီးၿမိဳ႕၊ အခု ေမာ္ေတာ္ဆိုင္ကယ္ၿမိဳ႕ ျဖစ္ေနတာေၾကာင့္ လူမ်ားစု သြားလာေရးအတြက္ လိုင္းကားေတြရဲ႕ အခန္းက႑ကရန္ကုန္ေလာက္ အေရးမပါပါဘူး။ရန္ကုန္မွာေတာ့ ေန႔စဥ္ လူအမ်ားစုက လိုင္းကားေတြကို အားထားသြားလာၾကရပါတယ္။
 

ဖဆပလအစိုးရအလြန္ ေတာ္လွန္ေရးေကာင္စီေခတ္ကစၿပီး မဆလအစိုးရလက္ထက္ထိ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးဆိုတဲ့ အစိုးရဌာနက ရန္ကုန္ၿမိဳ႕ထဲ ေန႔စဥ္ေျပးဆြဲခဲ့တဲ့ လိုင္းကားေတြကို ႀကီးၾကပ္ကိုင္တြယ္ခဲ့ပါတယ္။အဲဒီအခ်ိန္ကတည္းက ဒီေန႔ထိ အစိုးရအဆက္ဆက္ အားနည္းခဲ့တာက ယာဥ္ေမာင္းေတြနဲ႔ ယာဥ္ေနာက္လိုက္ (စပယ္ယာ) ေတြကို စည္းကမ္းတက် ကိုင္တြယ္ႏိုင္မႈ အားနည္းပါတယ္။ျပည္သူနဲ႔ ဆက္ဆံေရး၊ ခရီးသည္ေတြေပၚထားရွိသင့္တဲ့ တာဝန္ယူစိတ္ တာဝန္သိစိတ္ စတဲ့ က်င့္ဝတ္ေတြကို ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြ နားလည္လိုက္နာဖို႔ ေလ့က်င့္သင္ၾကားေပးမႈ အားနည္းလွပါတယ္။

ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးေခတ္က လိုင္းကားေတြအျဖစ္ ေျပးဆြဲေနတဲ့ ကားေတြဟာ ဂ်ပန္က တပတ္ရစ္ဟီးႏိုးေတြကို ျပန္ဝယ္သုံးခဲ့တာ ျဖစ္ပါတယ္။ကားခေတြကလဲ သက္သာပါတယ္။မဂၤလာဒုံကေန ေျမနီကုန္းထိ ျပား ၂၀ ပဲ ေပးရၿပီး သိမ္ႀကီးေဈးထိ ျပား ၄၀ လား၊ ျပားငါးဆယ္လားပဲ ေပးရပါတယ္။အင္းစိန္ကေန ဗိုလ္တေထာင္ ဂိတ္ဆုံးထိ ျပား ၃၀ ပဲ က်ပါတယ္။
 

အဲဒီတုန္းက ကားခေပးလိုက္ရင္ ကားလက္မွတ္ စကၠဴေသးေသးေလးကို ျပန္ျဖတ္ေပးပါတယ္။အစိုးရဆီ မေရာက္ေအာင္ ကားချဖတ္ယူတဲ့နည္းက ကားခေပးသူတိုင္းကို လက္မွတ္ျဖတ္ပိုင္း ေသးေသးေလးေတြ ျပန္ျဖတ္မေပးတာပါ။မွတ္တိုင္တိုင္း ရပ္ေပးမဘဲ ဆင္းသူရွိမွ ရပ္ေပးၿပီး ဆင္းမယ့္သူမရွိရင္ ဘတ္စ္ကားမွတ္တိုင္မွာ စီးမယ့္သူရွိေပမဲ့ ရပ္မေပးဘဲအရွိန္နဲ႔ ေမာင္းထြက္တဲ့ ကားက မ်ားပါတယ္။အထုပ္အပိုးေတြနဲ႔ တက္လာတဲ့ ေဈးသည္ေတြကို အထုပ္ခယူပါတယ္။ဒီနည္းနဲ႔ ရတဲ့ေငြကို ေမာင္းနဲ႔ ေရာင္းက ညေနေရာက္ရင္ ခြဲေဝယူၾကပါတယ္။ပုဂၢလိကပိုင္ကားမဟုတ္ဘဲ အစိုးရပိုင္ကားျဖစ္လို႔ မနက္ထြက္ ညေနဂိတ္ထိုး သိမ္းၿပီးရင္ ကားေတြကို ေဆးေၾကာသန႔္စင္တာ လုံးဝမရွိပါဘူး။ဂ်ပန္က ေရာက္စတုန္းက ေျပာင္ေျပာင္လက္လက္ ရွိေနေသးတဲ့ ဟီးႏိုးေတြဟာ တစ္ႏွစ္ ႏွစ္ႏွစ္ အတြင္း ခ်ဳံးခ်ဳံးက်သြားပါတယ္။ခ်ဳံးခ်ဳံးက်သြားတဲ့ ဟီးႏိုးေတြကို ဗိုလ္တေထာင္ ကားဝင္းထဲမွာ အစီးေရေပါင္းမ်ားစြာ ေနပူထဲမိုး႐ြာထဲ ပစ္ထားတာကို အဲဒီအခ်ိန္က အားလုံးမ်က္ျမင္ပါပဲ။
 

ဂ်ပန္ဟီးႏိုးကုမၸဏီနဲ႔ ဂ်ပန္က လိုင္းကားေျပးဆြဲမႈ စီစဥ္သူေတြက ျမန္မာေတြရဲ႕ အလုပ္ကို ၿပီးစလြယ္လုပ္ကိုင္ပုံနဲ႔ အထက္ အလယ္ ေအာက္ သုံးဆင့္စလုံး တာဝန္ယူမႈမရွိတဲ့ စိတ္ဓာတ္ကို အလြန္အံ့ၾသၾကပါသတဲ့။သူတို႔ အလုပ္ လုပ္ပုံက အလြန္တိက် စနစ္က်ပါတယ္။လိုင္းကားအျဖစ္ ေျပးဆြဲမယ့္ ကားရဲ႕ ႀကံ့ခိုင္မႈကို စစ္ေဆးတယ္။တစ္ေန႔တာ ေျပးဆြဲေပးရမယ့္ အလုပ္ခ်ိန္  ၈ နာရီထက္ မပိုရဘူး။ကားေျပးဆြဲမႈ ၿပီးဆုံးခ်ိန္မွာ ကားရဲ႕ ခ်ိဳ႕ယြင္းမႈ ႀကံ့ခိုင္မႈေတြကို စစ္ေဆးရတယ္။တစ္ေန႔လုံး ေျပးဆြဲထားတဲ့အတြက္ ကားၾကမ္းခင္းကအစ ထိုင္ခုံေတြ အပါအဝင္ သန႔္ရွင္းေရး ေဆာင္႐ြက္ရတယ္။ကားေရေဆးရတယ္ စတဲ့ လုပ္ငန္းတစ္ခုခ်င္းကို ေဆာင္႐ြက္ရတာ ျဖစ္ပါတယ္တဲ့။ကားစထြက္ခ်ိန္ကစၿပီး ကားေနာက္ဆုံးေရာက္ရမယ့္ေနရာ ခရီးဆုံးထိ ေမာင္းလာရမယ့္ ၾကာျမင့္ခ်ိန္ သတ္မွတ္ေပးထားၿပီးသား ျဖစ္ပါတယ္တဲ့။ခရီးစဥ္ စ - ဆုံး ၾကာျမင့္ခ်ိန္ကို လက္လြတ္စပယ္ သတ္မွတ္တာ မဟုတ္ဘဲ၊ ေမာင္းရမယ့္ မိုင္ႏႈန္း (ကီလိုႏႈန္း) နဲ႔ ခရီးအကြာအေဝး၊ ျဖတ္သန္းရမယ့္ မွတ္တိုင္အတက္အဆင္းအတြက္ ၾကာျမင့္ခ်ိန္ ဒါေတြအားလုံးကို စမ္းသပ္စစ္ေဆး ေမာင္းႏွင္ၿပီးမွ သတ္မွတ္ေပးတာ ျဖစ္ပါတယ္တဲ့။ေရာက္ရမယ့္ အခ်ိန္ထက္ ၅ မိနစ္ေစာေရာက္တာ ဒါမွမဟုတ္ ၅ မိနစ္ေနာက္က်ေရာက္တာကို လက္ခံေပမဲ့ ဒီ့ထက္အခ်ိန္ေစာရင္ျဖစ္ျဖစ္ ေနာက္က်ရင္ျဖစ္ျဖစ္ ထုေခ်ရပါတယ္တဲ့။ေပါက္ၿပဲစုတ္ျပတ္ ခ်ဳံးခ်ဳံးက်ေနတဲ့ သူတို႔ရဲ႕ ဟီးႏိုးတပတ္ႏြမ္းေတြကိုၾကည့္ၿပီး ဂ်ပန္ေတြဟာ ျမန္မာေတြရဲ႕ စီမံခန႔္ခြဲမႈကို ဘယ္ေလာက္ အထင္ေသးခဲ့ၾကမလဲ ခန႔္မွန္းၾကည့္ၾကႏိုင္ၾကပါတယ္။
 

မဆလအစိုးရလက္ထက္ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးဌာနေအာက္မွာ ဂ်ပန္ေတြေျပာသလို ဌာနေတြရွိပါတယ္။ကားႀကံ့ခိုင္ေရးစစ္ေဆးေရးဌာန ျပဳျပင္ထိန္းသိမ္းေရးဌာနေတြ မရွိတာ မဟုတ္ပါဘူး။ရွိပါတယ္။မွန္မွန္ကန္ကန္ စနစ္တက် အလုပ္မလုပ္တာပါ။ယာဥ္အပိုပစၥည္းေတြကို ႀကံ့ခိုင္ေရးအားနည္းလာတဲ့ ကားေတြမွာ တပ္ဆင္မေပးဘဲ အျပင္ထုတ္ေရာင္းစားတာ ေမာင္း - ေရာင္းေတြက ညႇိၿပီး တစ္ေန႔ရတဲ့ ကားခေတြထဲက ျဖတ္ယူၿပီးမွ က်န္တဲ့ေငြသာ အစိုးရ ရေငြအျဖစ္ ျပန္ဝင္လာတာ စတဲ့ မုန႔္လုံးစကၠဴျဖစ္စဥ္ေတြေၾကာင့္ အစိုးရလိုင္းကားေတြ အရႈံးေပၚပါေတာ့တယ္။အဲဒီအခ်ိန္က လိုင္းကားစီးခဲ့သူေတြရဲ႕ အေတြ႕အႀကဳံကို ေမးၾကည့္မယ္ဆိုရင္ ျပဴတင္းေပါက္မွန္ မရွိေတာ့တဲ့ ကားေတြ ထိုင္ခုံေတြေပၚက ဆိုဖာေတြ စုတ္ျပတ္ေပါက္ၿပဲေနလို႔ ေအာက္ကစပရင္ေတြကစူးတာ၊ မာေက်ာခိုင္ခန႔္တဲ့ ကားၾကမ္းခင္းသံျပားေတြ ေပါက္ၿပဲေနတာ အတက္အဆင္းေနရာက တံခါးေတြ ျပဳတ္က်ေနတာ စတာေတြကို ျပန္ေျပာၾကမွာပါ။
 

၁၉၈၈ ေနာက္ပိုင္း နဝတ နအဖ အစိုးရ တက္လာေတာ့ လိုင္းကားေတြကို အစိုးရက တာဝန္မယူေတာ့ဘဲ မထသ (ေမာ္ေတာ္ယာဥ္ထိန္းသိမ္းေရးလုပ္ငန္း) လက္ထဲ အပ္လိုက္ပါတယ္။မထသကို ကိုင္တြယ္စီမံသူ အားလုံးနီးပါး အၿငိမ္းစား တပ္မေတာ္အရာရွိ တပ္ၾကပ္ စစ္သည္ေတြပါ။နအဖအစိုးရလက္ထက္ ျပည္တြင္းၿငိမ္းခ်မ္းေရး ေႂကြးေၾကာ္သံက လက္နက္နဲ႔ ၿငိမ္းခ်မ္းေရး လဲလွယ္ေရးပါ။လက္နက္နဲ႔ ၿငိမ္းခ်မ္းေရး လဲၿပီး ေျမေပၚေရာက္လာတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြကိုလည္း မထသထဲ ဝင္ေရာက္ကားဆြဲခြင့္ ေပးခဲ့ရပါတယ္။စစ္ျပန္စစ္မႈေဟာင္းအဖြဲ႕ကလည္း လိုင္းကား ဝင္ဆြဲပါတယ္။ဝင္လာသမွ် လိုင္းကားေတြရဲ႕ ရည္႐ြယ္ခ်က္ကအျမတ္ရရွိေရးသာ ျဖစ္ပါတယ္။ဒါေၾကာင့္ ဝိုင္ဘီအက္စ္ မဝင္ခင္က မထသလိုင္း ၃၀၀ ေက်ာ္ ရွိတယ္လို႔ ရန္ကုန္ဝန္ခ်ဳပ္ ေျပာခဲ့တာ ျဖစ္ပါတယ္။
 

ယာဥ္ေၾကာတူလိုင္းကားေတြဟာ တစ္ကားနဲ႔ တစ္ကား လုယက္ေငြရွာၾကပါတယ္။ခရီးသည္လုတင္ၾက လမ္းလုေမာင္းၾကနဲ႔ သူတို႔ယာဥ္လိုင္းေတြအတြက္ ေငြရွာေနေပမဲ့ ကားစီးသူေတြ သက္ေသာင့္သက္သာရွိမႈ ႀကံ့ခိုင္မႈေတြကို ဘယ္သူမွ စကားထဲထည့္မေျပာၾကပါဘူး။လမ္းေပၚမွာဘာျပႆနာပဲေပၚေပၚ ေမာ္ေတာ္ပီကယ္ေတြက မထသကို ကိုင္ထားတဲ့ စစ္ဗိုလ္ေဟာင္းေတြကို ေၾကာက္ရေတာ့ ယာဥ္ေမာင္းနဲ႔ စပယ္ရာေတြဟာ ယာဥ္ထိန္းရဲကိုလည္း အေရးမစိုက္ၾက ခရီးသည္ကိုလည္း အေရးမစိုက္ၾကပါဘူး။ေက်နပ္မႈမရွိပါက တိုင္ႏိုင္ပါသည္ဆိုတဲ့ ဖုန္းနံပတ္ေတြကိုတိုင္လဲ တိုင္တာသာ အဖတ္တင္က်န္ၾကေတာ့ ဘယ္သူမွ တိုင္ေတာတာမလုပ္ၾကဘဲ ေန႔စဥ္ ကားက်ပ္တာ စီးနင္းသြားလာရမႈ သက္ေသာင့္သက္သာ မရွိတာေတြကို လူထုဘက္ကသာသည္းခံၾကရပါတယ္။ကားခေတြကလဲ တဆင့္ၿပီး တဆင့္ တက္လာေပမဲ့ ကားေတြဆီက ထိုက္တန္တဲ့ ဝန္ေဆာင္မႈ ျပန္မရၾကပါဘူး။
 

၂၀၁၆ အင္အယ္လ္ဒီအစိုးရ တက္လာေတာ့ မထသေနရာကို ဝိုင္ဘီအက္စ္နဲ႔ အစားထိုးမယ္လို႔ သိရေတာ့ ေပ်ာ္ၾကပါတယ္။ဒါေပမဲ့ အားလုံးႀကဳံခဲ့ရတဲ့ အတိုင္း ဝိုင္ဘီအက္စ္ကားေတြ စတင္ေျပးဆြဲတဲ့ေန႔က လိုင္းကားစီး ခရီးသြားသူေတြ ေျဗာင္းဆန္ခဲ့ၾကရပါတယ္။တခ်ိဳ႕ကားေတြကမလာ။ႀကိဳတင္အသိေပးမႈ အားနည္းခဲ့ေတာ့ တခ်ိဳ႕က ဘယ္ကားလိုင္းကို ဘယ္ေနရာမွာ စီးရမွန္းမသိၾက။ခါတိုင္းစီးေနၾကကားလိုင္းေနရာကို နံပတ္ဘယ္ေလာက္နဲ႔ အစားထိုးမွန္းမသိၾက စတဲ့ အခက္ခဲေတြ းအျပင္ ခါတိုင္းလို ၿမိဳ႕ထဲတိုက္႐ိုက္သြားလို႔ မရေတာ့ဘဲ သခင္ျမပန္းၿခံကတဆင့္ ထပ္သြားရတဲ့ဒုကၡ စတာေတြနဲ႔ ေျဗာင္းဆန္ခဲ့ၾကပါတယ္။
 

ဒါေပမဲ့ မထသစနစ္ကို ဖ်က္ေစခ်င္တဲ့ ျပည္သူေတြ ဖ်က္သင့္တယ္ဆိုတာ သိေနတဲ့ ျပည္သူေတြက တပိုင္တႏိုင္ ဝင္ကူၾကပါတယ္။႐ုံးဆင္းခ်ိန္ မွတ္တိုင္ေတြမွာပုံေနတဲ့ ခရီးသည္ေတြကို ကိုယ္ပိုင္ကားေတြနဲ႔ အခမဲ့ သခင္ျမပန္းၿခံဆီ ပို႔ေပးၾကပါတယ္။ဝိုင္ဘီအက္စ္ကို ေန႔စဥ္ အျပစ္တင္ေဝဖန္ရင္း ဝိုင္ဘီအက္စ္ကားလိုင္း တစတစအသားက်လာပါတယ္။ေရာင္း (စပယ္ရာေလးေတြ) အမ်ားစုက စ႐ိုက္ၾကမ္းၾကၿပီး ခရီးသည္ေတြေပၚ ဆက္ဆံပုံဆိုးဝါးတာေၾကာင့္ စပယ္ရာေလးေတြကို လိုင္းကားေပၚလိုက္ခြင့္ ပိတ္ခံခဲ့ပါတယ္။စပယ္ရာေတြ မပါေတာ့တာကို ခရီးသည္ေတြ သေဘာက်ေပမဲ့ ကားခကို ေငြသိမ္းတဲ့ပုံးထဲ ထည့္ရတာေၾကာင့္ ၂၀၀ တန္ ျပႆနာေပၚလာျပန္ပါတယ္။ဒါေတြဟာ ႀကိဳတင္တြက္ဆမႈ အားနည္းခဲ့ၿပီး ေမာင္း - ေရာင္းေတြရဲ႕ အမူအက်င့္ေတြကို လုံေလာက္တဲ့ထိ ျပဳျပင္မေပးႏိုင္တာေတြေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြပါ။
 

ဝိုင္ဘီအက္စ္ စနစ္ကို ျပဳျပင္ရင္း ျပဳျပင္ရင္းနဲ႔ အခုဆိုရင္ လိုင္းကားစီးရတာ ဟိုတုန္းကနဲ႔ယွဥ္ရင္ ကားေတြသစ္လြင္တယ္။စီးရတာ သက္ေသာင့္သက္သာရွိတယ္ စတဲ့ ျပည္သူဘက္က ေက်နပ္မႈေတြ ရလာပါတယ္။လက္ရွိအခ်ိန္ထိ ကားခအတြက္ ကတ္စနစ္ မေျပာင္းေပးႏိုင္ေသးတာေၾကာင့္ အေႂကြျပႆနာကိုလည္း ခရီးသြားနဲ႔ ယာဥ္ေမာင္းက ျမန္မာ့နည္း ျမန္မာ့ဟန္နဲ႔ ေျဖရွင္းၾကပါတယ္။ကားခ ၂၀၀ တန္ မပါတဲ့ ခရီးသြားက ပါလာတဲ့ ၅၀၀ တန္ျဖစ္ေစ ၁၀၀၀ တန္ျဖစ္ေစ ကားခေငြသိမ္းတဲ့ပုံးထဲ ထည့္လိုက္ရၿပီးအဲဒီပုံးနားမွာပဲ ရပ္ေစာင့္ရပါတယ္။ေနာက္ထပ္ ကားစီးဖို႔ တက္လာတဲ့ ခရီးသည္ဆီက ကားခကို ျပန္အမ္းေငြ ေစာင့္ယူေနသူက ေတာင္းရပါတယ္။၅၀၀ တန္ ထည့္ထားသူက ၃၀၀ ျပန္ရၿပီဆိုရင္ ေငြဆက္မေကာက္ေတာ့ပါဘူး။၁၀၀၀ တန္ ထည့္ထားသူက ျပန္အမ္းေငြ ၈၀၀ ရတဲ့ထိ ေစာင့္ေကာက္ယူရပါတယ္။ဒီနည္းနဲ႔ အေႂကြျပႆနာကို ေျဖရွင္းေနၾကပါတယ္။
 

ဒါေပမဲ့ ဝိုင္ဘီအက္စ္ယာဥ္လိုင္းေတြ ထပ္တိုးလာပါတယ္။အခု ဆိုရင္ မထသစနစ္တုန္းက မွတ္တိုင္တိုင္းလိုလိုမွာရွိေနတဲ့ ေ႐ႊႀကိဳေတြ ျပန္ေပၚလာၾကပါၿပီ။ မထသေခတ္တုန္းက ေ႐ႊႀကိဳေတြဟာ လိုင္းကားတစီးရပ္လာတိုင္း ေရွ႕မွာဘယ္ႏွစီးသြားေနတယ္၊ ဘယ္လိုင္းကားနံပတ္သြားတာ ဘယ္ႏွမိနစ္ရွိၿပီဆိုတဲ့ သတင္းကို ေပးၾကရပါတယ္။ယာဥ္ေမာင္းက ေ႐ႊႀကိဳကို ၂၀၀ ေပးပါတယ္။တစ္ေန႔ တစ္ေန႔ ျဖတ္သန္းသြားလာတဲ့ လိုင္းကားအေရအတြက္ မ်ားတာေၾကာင့္ ေ႐ႊႀကိဳေတြရဲ႕ဝင္ေငြ မနည္းပါဘူး။ဝိုင္ဘီအက္စ္ ယာဥ္လိုင္းေတြဟာ ႏိုင္ငံတကာလို သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း ကားမွတ္တိုင္တစ္တိုင္ကို ေရာက္လာတဲ့ ကားအေရအတြက္၊ ယာဥ္ေၾကာတူလိုင္းကားေတြ လာေရာက္ဆုံဆည္းမႈႏႈန္းထား၊ စီးနင္းတဲ့ ခရီးသည္အေရအတြက္ စတာေတြကို ေစာင့္ၾကည့္စစ္တမ္းေကာက္မႈမရွိဘဲ ယာဥ္လိုင္းေတြ အသစ္ထပ္ျဖည့္စြက္ ေျပးဆြဲခြင့္ျပဳမယ္ဆိုရင္ မၾကာမီအခ်ိန္အတြင္း မထသလက္ထက္ကလို ယာဥ္ေၾကာတူကားေတြ ခရီးသည္လုတာ လမ္းလုတာေတြ ေပၚလာေတာ့မွာပါ။တခ်ိဳ႕ကားမွတ္တိုင္ေတြမွာ ေပ်ာက္ကြယ္သြားတာၾကာၿပီျဖစ္တဲ့ ေ႐ႊႀကိဳေတြ ျပန္ေပၚလာေနပါၿပီ။
 

မထသကေန ဝိုင္ဘီအက္စ္ စနစ္ေျပာင္းလိုက္တယ္ဆိုေပမဲ့ မထသလက္ထက္က လူေတြကပဲ စီမံခန႔္ခြဲေနတာ မထသတုန္းက ေနရာေကာင္းယူထားသူေတြ အခုေတာ့ ဝိုင္ဘီအက္စ္ထဲမွာ ရွိေနတုန္းပဲလို႔ လိုင္းကားေလာကသားတခ်ိဳ႕က ေျပာၾကပါတယ္။တစ္ႏွစ္ျပည့္လာခ်ိန္မွာ စာရင္းစစ္ အစီရင္ခံစာအရ ဝိုင္ဘီအက္စ္ အရႈံးေပၚေနတယ္လို႔ ဆိုပါတယ္။ရႈံးတာမဟုတ္ဘူး။ကားခအရင္းေတြ ေက်ဖို႔လုပ္ေဆာင္ေနရတဲ့ ကာလလို႔ ျပန္ရွင္းျပၾကပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ လက္ရွိ ဝိုင္ဘီအက္စ္ကားေတြရဲ႕ လုပ္ငန္းေအာင္ျမင္မႈကို အကဲျဖတ္ပါဆိုလာရင္ ၆၀ ရာႏႈန္းေလာက္ပဲ ေအာင္မွတ္ေပးႏိုင္မယ္ ထင္ပါတယ္။
 

ကားေမာင္းသမားအမ်ားစု ယာဥ္စည္းကမ္းလမ္းစည္းကမ္း မလိုက္နာတာ ေလ်ာ့ပါးမသြားပါဘူး။တစ္ေန႔ေမာင္းႏွင္ၿပီးတဲ့ ကားေတြကို သန႔္ွရွင္းေရးလုပ္ေဆာင္မႈ ဘယ္ကားမွ မရွိပါဘူး။ကားၾကမ္းခင္းေတြ ဖုန္ရွပ္ရွပ္ သဲရွပ္ရွပ္၊ အမႈိက္ပုံးက ပါတဲ့ကားကပါၿပီး မပါတဲ့ကားကမပါပါဘူး။တခ်ိဳ႕ကားေတြက ေလေအးစက္ကို မိုင္ကုန္ဖြင့္ၾက တခ်ိဳ႕ကားေတြက ဖြင့္တယ္ဆို႐ုံဖြင့္ၾက ေဆာင့္ရပ္တာ ေဆာင့္ထြက္တာေတြ အခ်ိဳးမေျပာင္း လမ္းလုတာ အခ်ိဳးမေျပာင္း မွတ္တိုင္ေနရာ တိတိက်က်မရပ္၊ လမ္းေဘးခ်မရပ္ဘဲ လမ္းလယ္ေခါင္မွာထိုးရပ္ စတဲ့ အမူအက်င့္အားလုံးရွိေနဆဲပါ။
 

၁၈ ရက္ေန႔မွာ ေဖ့စ္ဘုတ္ေပၚ တက္လာတဲ့ သတင္းတစ္ပုဒ္အရ ဝိုင္ဘီအက္စ္ ယာဥ္ေမာင္းေတြရဲ႕ ေျပာျပမႈအရ ဂိတ္မႉးေတြနဲ႔ ေငြစစ္ေတြရဲ႕ အလြဲသုံးစားမႈဟာ တစ္လ တစ္လ သိန္းရာဂဏန္း ရွိတယ္လို႔ ဆိုပါတယ္။ဒီသတင္းကို အတည္မယူႏိုင္ေပမဲ့ လ်စ္လ်ဴလဲ မျပဳသင့္ပါဘူး။လက္ရွိ ဝိုင္ဘီအက္စ္ အုပ္ခ်ဳပ္မႈစနစ္ဟာ ေစာင့္ၾကည့္ၾကပ္မတ္မႈ စစ္ေဆးထိန္းေက်ာင္းေပးမႈ စီးနင္းတဲ့ ခရီးသည္နဲ႔ ေျပးဆြဲတဲ့ ေခါက္ေရ စစ္တမ္းေကာက္မႈ အားနည္းတယ္လို႔ ျမင္ေနရပါတယ္။လူထုအသံ နားေထာင္လိုက္ေတာ့လဲ အရင္ မထသလူေဟာင္းေတြကို ေနရာျပန္ေပးထားတဲ့ အဖြဲ႕ဆိုတဲ့ မေက်နပ္မႈကို ေတြ႕ရပါတယ္။အရင္ ဂိတ္မႉးေတြ မထသေခါင္ခ်ဳပ္ေတြရဲ႕ တစ္ေန႔တာဝင္ေငြကို သိေနတဲ့ အတြင္းသိေတြက ရန္ကုန္တိုင္းအစိုးရကိုပါ မယုံၾကည္မႈေတြ ျဖစ္လာတာလဲ ျဖစ္ႏိုင္ပါတယ္။
 

လိုင္းကားစီးလူထုရဲ႕ စိတ္ေက်နပ္မႈ စရေနတဲ့ ဝိုင္ဘီအက္စ္ဟာ လက္ရွိအေျခအေနထက္ လုပ္ငန္းတိုးတက္လာဖို႔၊ စီးနင္းသူလူထုဘက္က စည္းကမ္းလိုက္နာေရး ေမာင္းသူေတြရဲ႕ အမူအက်င့္ တိုးတက္ေကာင္းမြန္လာေရး ေငြေကာက္ခံမႈႏႈန္းထား တရားမွ်တေရးနဲ႔ ေခတ္နဲ႔အညီျဖစ္ေရးေတြဟာ ဝိုင္အာတီေအရဲ႕ ၾကပ္မတ္ကြပ္ကဲမႈေပၚ မူတည္ေနပါတယ္။ေငြေရးေၾကးေရး ဘယ္လိုသိမ္းဆည္းစစ္ေဆးတယ္ဆိုတာကိုပါ အစိုးရအေနနဲ႔ ျပည္သူကိုပြင့္ပြင့္လင္းလင္း ခ်ျပေပးသင့္ပါတယ္။ျမန္မာတို႔ရဲ႕ ျပည္သူပိုင္ပစၥည္းေပၚ ထိန္းသိမ္းေစာင့္ေရွာက္ရမယ္ဆိုတဲ့ အသိနည္းပါးမႈကို ျပင္ဆင္ေပးဖို႔လဲ တာဝန္ရွိပါတယ္။ဝိုင္အာတီေအရဲ႕ အဓိကတာဝန္ဟာ ဝိုင္ဘီအက္စ္ လုပ္ငန္းေပၚ စိုက္လိုက္မတ္တတ္ စစ္ေဆးၾကပ္မတ္ၿပီး ေနာက္ႏွစ္ စာရင္းစစ္အစီရင္ခံစာ ထြက္ေပၚလာခ်ိန္မွာ ရလဒ္ေကာင္းဖို႔ပါ။တစ္ႏွစ္ တစ္ႏွစ္ အရင္းဘယ္ေလာက္ရၿပီဆိုတာကို ပြင့္လင္းျမင္သာ ထုတ္ျပန္ေပးၿပီး အစိုးရပါဝင္ လုပ္ေဆာင္ေနတဲ့ လုပ္ငန္းရဲ႕ ပကတိ႐ုပ္လုံးကို ျပည္သူေရွ႕ ခ်ျပမယ္ဆိုရင္ ျပည္သူက သံသယကင္းၿပီး ဝိုင္ဘီအက္စ္အေပၚယုံၾကည္လာမွာ ျဖစ္ပါတယ္။

ခင္ႏွင္းဦး
စက္တင္ဘာ -၂၉