【 ဆောင်းပါး 】 လိမ်ခွင့်ရနေတော့ ကမ်းကုန်အောင်လိမ်ပေါ့

【 ဆောင်းပါး 】 လိမ်ခွင့်ရနေတော့ ကမ်းကုန်အောင်လိမ်ပေါ့

စိတ်ကို အညောင်းဆန့်ရန် ထိုင်နေကျ လမ်းဘေးလက်ဖက်ရည်ဆိုင်သို့ရောက်တော့ ညနေ ၄ နာရီတောင် ကျော်ခဲ့ပြီ။အောက်တိုဘာ ၉ ရက်နေ့ ဖြစ်သည်။ဒီအချိန် ပုံမှန်ရှင်းနေကျ ပလက်ဖောင်းက ဒီနေ့မှာမှ လူတွေရုတ်စုရုတ်စု ဖြစ်နေသည်။ကျွန်တော်တို့ ထိုင်နေသည့် လက်ဖက်ရည်စားပွဲဝိုင်းနှင့် ၅ လှမ်းလောက် အကွာတွင် ကြည့်လိုက်တာနဲ့ ကျေးလက်ကမှန်း သိသာသော လူအယောက် ၅၀ ကျော်က ရပ်တဲ့လူရပ်၊ ထိုင်တဲ့သူထိုင် စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာများဖြင့်။
    

ထိုသို့သော ကျေးလက်မှ လူများကို အုပ်စုလိုက်ဖြင့် ရန်ကုန်မြို့ထဲ ဝန်းကျင်၌ တွေ့နေကျဖြစ်သည်။ထိုင်းသို့သွားရန် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံ အလုပ်လာလျှောက်သူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ် လုပ်ရန်အတွက် မျက်နှာလေး ခပ်ငယ်ငယ်ဖြင့် ဟိုလျှောက်ဒီသွား လုပ်နေသည်ကို မြင်ဖူးနေကျမို့ သိပ်တော့မဆန်း။ထို့ကြောင့် အာရုံကို အခြားတစ်ဖက်သို့ အလိုလိုလွှဲမိလျက်သား ဖြစ်သည်။
    

သို့သော်၊ နားထဲသို့ ဝင်လာသော အသံများအရ အာရုံက သူတို့ဆီ ထပ်ရောက်သွားရပြန်သည်။“ရွာရောက်ရင် အမေ့ကို ဘယ်လိုပြောရမှန်း မသိတော့ဘူး” “နင့်ရွာကနောက် အခုဘယ်မှာသွားအိပ်ရမလဲဆိုတာပဲ စဉ်းစားဦး” “ပွဲစားမ တွေ့လို့ကတော့ အသေကိုလုပ်သတ်မှာ” “အဲဒီအဖွားကြီးကို လုံးဝလစ်ထွက်မသွားစေနဲ့”…………………။
    

နားထဲရောက်လာသော အသံများက ပုံမှန်မဟုတ်သော အခြေအနေ။အလိမ်ခံရပြီး ဒုက္ခရောက်နေသည့် သဘောမို့ မိတ်ဆွေ သတင်းထောက်တစ်ဦးဆီ လှမ်းအကြောင်းကြားလိုက်သည်။သတင်းထောက်ကြီး ရောက်လာပြီး မေးမြန်းတော့ သူတို့ခမျာ အားကိုးတကြီးဖြင့် တစ်ယောက်တပေါက် ပြောကြဆိုကြ။ကျွန်တော်လည်း မနေနိုင်သဖြင့် သွားရောက်နားထောင်ကြည့်တော့ သူတို့ဖြစ်စဉ်က ဒီလို။
    

သူတို့အားလုံးမှာ စုစုပေါင်း ၅၁ ယောက်၊ ပျဉ်းမနား၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များမှ ဖြစ်သည်။ပြီးခဲ့သည့် ၄ လခန့်က သူတို့ရွာများသို့ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦး ရောက်လာပြီး ထိုင်းတွင် တစ်လကျပ် ၅ သိန်းလောက်ပေးမည့် အလုပ်ရမည်။
အလုပ်လိုချင်သူများ စရန်ငွေပေးထားရမည်ဟု သွေးဆောင်သည်။
    

“အစ်ကိုရယ်၊ စဉ်းစားကြည့်။ထိုင်းကို အလုပ်သွားလုပ်တဲ့သူတွေလည်း များတယ်လေ။ပြီးတော့ တစ်လ ၅ သိန်းဆိုတာက ကျွန်မတို့အတွက် သိပ်များတယ် မဟုတ်လား။ပြီးတော့ ရွာမှာကလည်း ၅ သိန်း မပြောနဲ့၊ တစ်လတစ်သိန်း ပုံမှန်ရတဲ့ အလုပ်မျိုးတောင် မရှိတော့ မက်ကြတာပေါ့။ပြီးတော့ ပွဲစားကလည်း အပြောကောင်းတော့ ကျွန်မတို့လည်း ယုံမိတာပေါ့။” ဟု အလိမ်ခံ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

    
တချို့က ပေါင်စရာရှိတာပေါင်နှံ၊ တချို့က အတိုးဖြင့်ချေးတန်ချေး၊ တချို့ကျပြန်တော့ စုမိဆောင်းမိသမျှ အကုန်ထုတ်ဖြင့် စရန်ငွေ ကျပ်နှစ်သိန်းခွဲ (သို့မဟုတ်) ၃ သိန်း ပေးလိုက်ကြသည်။အဲဒီနောက် နိုင်ငံကူးလက်မှတ် ပြုလုပ်ရမည်ဟုဆိုကာ ရန်ကုန်ခေါ်သဖြင့် အားလုံးက တက်ကြွပျော်ရွှင်စွာ။မျက်နှာထားတင်းတင်းဖြင့် ပွဲစားကမေးသမျှကိုဖြေ၊ ပွဲစားက စာရွက်စာတမ်းတစ်ထပ်ကြီးကိုဖြည့်၊ ရုံးအရာရှိကြီးများကမေးလျှင် မည်သို့မည်ပုံဖြေရမည်ဆိုသည့် ပွဲစား၏ စကားကို အာဂုံဆောင်။သိပ်ကိုခမ်းနားလွန်းသော ရုံးကြီးထဲသို့ ကတုန်ကရင်ဖြင့်ဝင်။ကတုန်ကရင်ဖြစ်မှုမှာ ပတ်စ်ပို့ရုံးမှ ပြန်ထွက်လာပြီးနောက် ရွာရောက်သည့်တိုင် မပျောက်သေးဟု ဆိုသည်။
    

ပတ်စ်ပို့ရတော့ ပွဲစားက “ရှင်တို့အလုပ်ရသွားပြီ။ထိုင်းမှာမှမဟုတ်ဘူး။တစ်ကမ္ဘာလုံးက ကြိုက်တဲ့နိုင်ငံမှာ သွားလုပ်။လုပ်လို့ရပြီ။” ဟု ဆိုသဖြင့် ဝမ်းသာအားရ ရွာသို့ပြန်ခဲ့ကြောင်း အလိမ်ခံအမျိုးသမီးက ဆိုသည်။
    

ပွဲစားပြောသည့်အတိုင်း ဒီ စာအုပ်နီ (ပတ်စ်ပို့) လေး မပျောက်ရလေအောင် သံသေတ္တာထဲက အင်္ကျ ီများကြား သေချာထုပ်ပိုးထားရ။စိတ်မချသော ပူပန်မှုအရ တစ်ရက်တစ်ခါ စာအုပ်နီလေးကို ထုတ်ကြည့်ရ။ပွဲစားလာခေါ်မည့်ရက်ကို လည်ဆန့်မျှော်နေရ။၂ လခန့်ကြာသည်အထိ ပေါ်မလာမှပဲ သံသယဝင်မိတော့သည်။
    

ပွဲစားက ထိုင်းသွားမည့်ကိစ္စ ဘယ်သူ့ကိုမှမေးစရာမလို။သိချင်လျှင် သူ့ကိုသာ တိုက်ရိုက်မေး၊ ရှုပ်ရှုပ်ယှက်ယှက် အဖြစ်မခံနိုင်ဟု အသေအချာ မှာကြားထားသော်လည်း သံသယကကြီးလာသဖြင့် မြို့ပေါ်မှ အသိတစ်ယောက်ကို စာအုပ်နီလေးပြ မေးကြည့်တော့ “ဒါ တစ်ခြားနိုင်ငံ သွားလို့ရတဲ့ လက်မှတ်။ဒီလက်မှတ်ရှိရုံနဲ့ အလုပ်ကမရဘူး။ထိုင်းဘက်က အလုပ်ခေါ်စာလိုတယ်။
အလုပ်ခေါ်စာ ရပြီးတာတောင် ဗီဇာလိုသေးတယ်။” ဟု ဆိုသဖြင့် မျက်ဖြူဆိုက်ကြတော့သည်။
    

ပွဲစားထံ ဖုန်းတဂွမ်ဂွမ်ဆက်ကြသည်။တချို့က ငွေပြန်ပေး၊ မသွားတော့ဘူးဟု တောင်းဆိုသည်။ပွဲစားက မကြာမီ အင်တာဗျူးရှိသည်။သွားရမည်၊ စိတ်မပူနဲ့ဟု ဖျောင်းဖျသည်။နောက်ထပ် သိပ်မကြာ၊ အင်တာဗျူးဝင်ရန် အောက်တိုဘာ ၉ ရက်နေ့ မနက်အရောက် ရန်ကုန်လာရန် အမှာတော်ဆင့်သဖြင့် ပျော်ရွှင်စွာရောက်လာကြသည်။
    

ပွဲစားမက ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ ဟိုတယ်တစ်ခုသို့ ပို့ဆောင်သည်။ဟိုတယ်ရောက်တော့ အင်တာဗျူးလာဖြေသူ ကြိတ်ကြိတ်တိုးမို့ သေချာသွားပြီဟု တွက်မိသည်။သို့သော်၊ တာဝန်ရှိသူတစ်ဦးက အင်တာဗျူးဖြေမည့်သူ စာရင်းကို စစ်ဆေးပြီးနောက် ၎င်းတို့ ၅၁ ဦး မပါဟုဆိုကာ ပြန်လွှတ်လိုက်သဖြင့် ဟက်တက်ကွဲတော့သည်။
    

ဟိုတယ်မှ ပြန်ထွက်လာပြီးနောက် ပွဲစားမက ဟိုလိုလိုဒီလိုလိုဖြင့် ခဏလေးဟုဆိုကာ လစ်ထွက်သွားပြီး ပြန်ပေါ်မလာ။
ဖုန်းဆက်ကြသော်လည်း စက်ပိတ်ထားသည်တဲ့။၎င်းတို့အတွက် သက်သေခံပစ္စည်းဟူ၍ ပွဲစားမနှင့် အတူပါလာသော ၎င်း၏ယောက္ခမ အဖွားကြီးသာ သူတို့နှင့်အတူ ကျန်နေခဲ့သည်။ထို့ကြောင့်၊ ထိုအဖွားကြီးကို သူတို့က အလစ်မပေး။
    

ထိုသို့ သူတို့၏ အပူလုံးများကို မှုတ်ထုတ်နေချိန်တွင် အချိန်က ၅ နာရီ စွန်းလို့နေပြီ။သူတို့အများစုက ရန်ကုန်တွင် မသွားတတ်မလာတတ်၊ ဒီတစ်ညအတွက် အိပ်စရာပင် အသိမိတ်ဆွေ အိမ်မရှိ။
    

“ကျွန်တော်တို့ကို ဘုန်းကြီးကျောင်းတွေ ရှိမဲ့နေရာ လမ်းညွှန်ပေးပါဗျာ။ဘုန်းကြီးတွေကိုပဲတောင်းပန်ပြီး တစ်ညတော့ တည်းမှဖြစ်မယ်။” ဟု ဆိုလိုက်သော အလိမ်ခံရသူတစ်ဦးမှာ မျက်ရည်တွေဝဲလို့။
    

နောက်ထပ်သိပ်မကြာ၊ ကံကောင်းချင်တော့ ပြည်ပအလုပ်အကိုင် အေဂျင်စီများအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက သတင်းအရ ရောက်ရှိလာပြီး သူတို့အသင်းချုပ်ထံ ခေါ်ဆောင်သွားကာ အိပ်စရာနေရာပေးမည်ဟုဆိုသဖြင့် ဒီတစ်ညအတွက် သက်သာရာရသည်။
    

မိတ်ဆွေ သတင်းထောက်ထံမှ နောက်ဆက်တွဲ သိရသော သတင်းများအရ အေဂျင်စီအသင်းချုပ်ထံ ပွဲစားမ၏မောင် ရောက်လာကာ ယောက္ခမနှင့် မောင်တို့က ၅၁ ဦးထံမှ ရယူထားသော စရန်ငွေများကို အောက်တိုဘာ ၁၆ ရက်တွင် ပြန်ပေးမည်ဟု ခံဝန်ပြုခဲ့ကြောင်း သိရသည်။တိမ်းရှောင်သွားသော ပွဲစားမကို အေဂျင်စီအသင်းချုပ်မှ ဖုန်းဆက်သော်လည်း စက်ပိတ်ထားသည်တဲ့။
    

နောက်တစ်ရက်တွင်တော့ ထိုင်းတွင်ရှိသော ပွဲစားမ၏ ယောကျာ်းက သူတို့ထံဖုန်းဆက်ကာ ထောင်ကျအောင်လုပ်ပါက ပိုက်ဆံပြန်ပေးမည် မဟုတ်ကြောင်း Free Calling ဖြင့် ထိုင်းသို့လာပါက အလုပ်အဆင်သင့်ရှိကြောင်း ပြောသဖြင့် ရန်ကုန်နှင့် အနီးဝန်းကျင်မှ အလိမ်ခံရသူ ၂၅ ဦးက သွားမည်ဟု သဘောတူလိုက်ကြောင်း မိတ်ဆွေ သတင်းထောက်ထံ လှမ်းပြောကာ အကြံဉာဏ်တောင်းသည်။
    
 
လက်ရှိတွင် ထိုင်းနိုင်ငံမှာက တရားဝင် နိုင်ငံခြားအလုပ်သမားပင်လျှင် မိမိလာစဉ်က သတ်မှတ်ထားသော အလုပ်နှင့် အလုပ်ရှင်တွ င်မဟုတ်ဘဲ တခြားအလုပ်လုပ်နေပါက ဖမ်းပြီးပြန်ပို့နေသည့်အချိန်။ထို့ပြင် ထိုင်းတွင် တစ်နိုင်တပိုင် ဈေးရောင်းနေသော နိုင်ငံခြားသား ဈေးသည်များကိုလည်း ရှင်းတော့မည်ဟု ထိုင်းအစိုးရက ပြောကြားပြီးချိန်။ထိုသို့သော အချိန်မျိုးတွင် ဖြစ်ချင်ရာဖြစ်၊ အဖမ်းခံရလည်း အေးတာပဲဆိုသည့် အပေါက်မျိုးဖြင့် အဲဒီပါးစပ်ကြီးက မညှာမတာပြောထွက်သော ထပ်မံလိမ်လည်ခြင်း။
    

သတင်းထောက်၏ အခိုင်အမာရှင်းပြချက်အရ ယခုအခါမှာတော့ သွားမည်ဟု ကတိပြုသူများလည်း မသွားလိုတော့။စရန်ငွေသာ ပြန်ပေးရန် တောင်းဆိုကြသည်။စရန်ငွေပြန်ရဖို့ ဆိုတာကလည်း သေချာတာတော့မဟုတ်။ဘာ့ကြောင့်လဲဆိုတော့ အေဂျင်စီအသင်းချုပ်ကလည်း သူတို့လက်ထဲရှိနေသော ၂ ဦးကိုသာ ခံဝန်ထိုးခိုင်းရသည်။ထို ၂ ဦးက ယခုလိမ်လည်မှုတွင် အကျုံးမဝင်သောကြောင့် ဖြစ်သည်။
    

အေဂျင်စီအသင်းချုပ်၏ အဆိုအရ ထိုသို့ အလိမ်ခံရမှုမျိုးမှာ လစဉ် ရာချီရှိကြောင်း သိရသည်။ပြောရလျှင် ဥပဒေစိုးမိုးမှုမရှိခြင်း ပြဿနာဖြစ်သည်။လိမ်လည်စားသောက်ရန် အခွင့်အရေးရနေသဖြင့် လိမ်လည်ကြခြင်းဟု ယေဘုယျတွက်ဆနိုင်သည်။မည်သို့သော အားနည်းချက်များကြောင့် အလိမ်ခံရသနည်း။မသိနားမလည်မှုကို အခွင့်ကောင်းယူကာ လိုက်လိမ်နေသူ ဘယ်နှစ်ယောက်ကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ခဲ့သနည်း။ထိရောက်သော ကာကွယ်၊ နှိမ်နင်းမှုများရှိအောင် မည်သို့ဆောင်ရွက်ရမည်နည်း။
    

အလိမ်ခံနေရသူများမှာ ကိုယ့်ပြည်တွင်းတွင် ရှာရဖွေရ အဆင်မပြေသဖြင့် ကိုယ့်ခွန်ကိုယ့်အားဖြင့် ပြည်ပထွက် အလုပ်လုပ်ရန် ပေါင်နှံချေးဌား (သို့မဟုတ်) မရှိမဲ့ရှိမဲ့ငွေလေးဖြင့် အရင်းအနှီးလုပ်နေကြသူများ ဖြစ်ပါသည်။
                                

မျိုးညွန့်(Popular News)
အောက်တိုဘာ - ၂၇
( Zawgyi )
စိတ္ကို အေညာင္းဆန႔္ရန္ ထိုင္ေနက် လမ္းေဘးလက္ဖက္ရည္ဆိုင္သို႔ေရာက္ေတာ့ ညေန ၄ နာရီေတာင္ ေက်ာ္ခဲ့ၿပီ။ေအာက္တိုဘာ ၉ ရက္ေန႔ ျဖစ္သည္။ဒီအခ်ိန္ ပုံမွန္ရွင္းေနက် ပလက္ေဖာင္းက ဒီေန႔မွာမွ လူေတြ႐ုတ္စု႐ုတ္စု ျဖစ္ေနသည္။ကြၽန္ေတာ္တို႔ ထိုင္ေနသည့္ လက္ဖက္ရည္စားပြဲဝိုင္းႏွaင့္ ၅ လွမ္းေလာက္ အကြာတြင္ ၾကည့္လိုက္တာနဲ႔ ေက်းလက္ကမွန္း သိသာေသာ လူအေယာက္ ၅၀ ေက်ာ္က ရပ္တဲ့လူရပ္၊ ထိုင္တဲ့သူထိုင္ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနေသာ မ်က္ႏွာမ်ားျဖင့္။
    

ထိုသို႔ေသာ ေက်းလက္မွ လူမ်ားကို အုပ္စုလိုက္ျဖင့္ ရန္ကုန္ၿမိဳ႕ထဲ ဝန္းက်င္၌ ေတြ႕ေနက်ျဖစ္သည္။ထိုင္းသို႔သြားရန္ အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီမ်ားထံ အလုပ္လာေလွ်ာက္သူ (သို႔မဟုတ္) ႏိုင္ငံကူးလက္မွတ္ လုပ္ရန္အတြက္ မ်က္ႏွာေလး ခပ္ငယ္ငယ္ျဖင့္ ဟိုေလွ်ာက္ဒီသြား လုပ္ေနသည္ကို ျမင္ဖူးေနက်မို႔ သိပ္ေတာ့မဆန္း။ထို႔ေၾကာင့္ အာ႐ုံကို အျခားတစ္ဖက္သို႔ အလိုလိုလႊဲမိလ်က္သား ျဖစ္သည္။
    

သို႔ေသာ္၊ နားထဲသို႔ ဝင္လာေသာ အသံမ်ားအရ အာ႐ုံက သူတို႔ဆီ ထပ္ေရာက္သြားရျပန္သည္။“႐ြာေရာက္ရင္ အေမ့ကို ဘယ္လိုေျပာရမွန္း မသိေတာ့ဘူး” “နင့္႐ြာကေနာက္ အခုဘယ္မွာသြားအိပ္ရမလဲဆိုတာပဲ စဥ္းစားဦး” “ပြဲစားမ ေတြ႕လို႔ကေတာ့ အေသကိုလုပ္သတ္မွာ” “အဲဒီအဖြားႀကီးကို လုံးဝလစ္ထြက္မသြားေစနဲ႔”…………………။
    

နားထဲေရာက္လာေသာ အသံမ်ားက ပုံမွန္မဟုတ္ေသာ အေျခအေန။အလိမ္ခံရၿပီး ဒုကၡေရာက္ေနသည့္ သေဘာမို႔ မိတ္ေဆြ သတင္းေထာက္တစ္ဦးဆီ လွမ္းအေၾကာင္းၾကားလိုက္သည္။သတင္းေထာက္ႀကီး ေရာက္လာၿပီး ေမးျမန္းေတာ့ သူတို႔ခမ်ာ အားကိုးတႀကီးျဖင့္ တစ္ေယာက္တေပါက္ ေျပာၾကဆိုၾက။ကြၽန္ေတာ္လည္း မေနႏိုင္သျဖင့္ သြားေရာက္နားေထာင္ၾကည့္ေတာ့ သူတို႔ျဖစ္စဥ္က ဒီလို။
    

သူတို႔အားလုံးမွာ စုစုေပါင္း ၅၁ ေယာက္၊ ပ်ဥ္းမနား၊ ကြမ္းၿခံကုန္း စသည့္ၿမိဳ႕နယ္မ်ားမွ ျဖစ္သည္။ၿပီးခဲ့သည့္ ၄ လခန႔္က သူတို႔႐ြာမ်ားသို႔ အသက္ ၃၀ ခန႔္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေရာက္လာၿပီး ထိုင္းတြင္ တစ္လက်ပ္ ၅ သိန္းေလာက္ေပးမည့္ အလုပ္ရမည္။
အလုပ္လိုခ်င္သူမ်ား စရန္ေငြေပးထားရမည္ဟု ေသြးေဆာင္သည္။
    

“အစ္ကိုရယ္၊ စဥ္းစားၾကည့္။ထိုင္းကို အလုပ္သြားလုပ္တဲ့သူေတြလည္း မ်ားတယ္ေလ။ၿပီးေတာ့ တစ္လ ၅ သိန္းဆိုတာက ကြၽန္မတို႔အတြက္ သိပ္မ်ားတယ္ မဟုတ္လား။ၿပီးေတာ့ ႐ြာမွာကလည္း ၅ သိန္း မေျပာနဲ႔၊ တစ္လတစ္သိန္း ပုံမွန္ရတဲ့ အလုပ္မ်ိဳးေတာင္ မရွိေတာ့ မက္ၾကတာေပါ့။ၿပီးေတာ့ ပြဲစားကလည္း အေျပာေကာင္းေတာ့ ကြၽန္မတို႔လည္း ယုံမိတာေပါ့။” ဟု အလိမ္ခံ အမ်ိဳးသမီးတစ္ဦးက ရွင္းျပသည္။

    
တခ်ိဳ႕က ေပါင္စရာရွိတာေပါင္ႏွံ၊ တခ်ိဳ႕က အတိုးျဖင့္ေခ်းတန္ေခ်း၊ တခ်ိဳ႕က်ျပန္ေတာ့ စုမိေဆာင္းမိသမွ် အကုန္ထုတ္ျဖင့္ စရန္ေငြ က်ပ္ႏွစ္သိန္းခြဲ (သို႔မဟုတ္) ၃ သိန္း ေပးလိုက္ၾကသည္။အဲဒီေနာက္ ႏိုင္ငံကူးလက္မွတ္ ျပဳလုပ္ရမည္ဟုဆိုကာ ရန္ကုန္ေခၚသျဖင့္ အားလုံးက တက္ႂကြေပ်ာ္႐ႊင္စြာ။မ်က္ႏွာထားတင္းတင္းျဖင့္ ပြဲစားကေမးသမွ်ကိုေျဖ၊ ပြဲစားက စာ႐ြက္စာတမ္းတစ္ထပ္ႀကီးကိုျဖည့္၊ ႐ုံးအရာရွိႀကီးမ်ားကေမးလွ်င္ မည္သို႔မည္ပုံေျဖရမည္ဆိုသည့္ ပြဲစား၏ စကားကို အာဂုံေဆာင္။သိပ္ကိုခမ္းနားလြန္းေသာ ႐ုံးႀကီးထဲသို႔ ကတုန္ကရင္ျဖင့္ဝင္။ကတုန္ကရင္ျဖစ္မႈမွာ ပတ္စ္ပို႔႐ုံးမွ ျပန္ထြက္လာၿပီးေနာက္ ႐ြာေရာက္သည့္တိုင္ မေပ်ာက္ေသးဟု ဆိုသည္။
    

ပတ္စ္ပို႔ရေတာ့ ပြဲစားက “ရွင္တို႔အလုပ္ရသြားၿပီ။ထိုင္းမွာမွမဟုတ္ဘူး။တစ္ကမာၻလုံးက ႀကိဳက္တဲ့ႏိုင္ငံမွာ သြားလုပ္။လုပ္လို႔ရၿပီ။” ဟု ဆိုသျဖင့္ ဝမ္းသာအားရ ႐ြာသို႔ျပန္ခဲ့ေၾကာင္း အလိမ္ခံအမ်ိဳးသမီးက ဆိုသည္။
    

ပြဲစားေျပာသည့္အတိုင္း ဒီ စာအုပ္နီ (ပတ္စ္ပို႔) ေလး မေပ်ာက္ရေလေအာင္ သံေသတၱာထဲက အက်ၤ ီမ်ားၾကား ေသခ်ာထုပ္ပိုးထားရ။စိတ္မခ်ေသာ ပူပန္မႈအရ တစ္ရက္တစ္ခါ စာအုပ္နီေလးကို ထုတ္ၾကည့္ရ။ပြဲစားလာေခၚမည့္ရက္ကို လည္ဆန႔္ေမွ်ာ္ေနရ။၂ လခန႔္ၾကာသည္အထိ ေပၚမလာမွပဲ သံသယဝင္မိေတာ့သည္။
    

ပြဲစားက ထိုင္းသြားမည့္ကိစၥ ဘယ္သူ႔ကိုမွေမးစရာမလို။သိခ်င္လွ်င္ သူ႔ကိုသာ တိုက္႐ိုက္ေမး၊ ရႈပ္ရႈပ္ယွက္ယွက္ အျဖစ္မခံႏိုင္ဟု အေသအခ်ာ မွာၾကားထားေသာ္လည္း သံသယကႀကီးလာသျဖင့္ ၿမိဳ႕ေပၚမွ အသိတစ္ေယာက္ကို စာအုပ္နီေလးျပ ေမးၾကည့္ေတာ့ “ဒါ တစ္ျခားႏိုင္ငံ သြားလို႔ရတဲ့ လက္မွတ္။ဒီလက္မွတ္ရွိ႐ုံနဲ႔ အလုပ္ကမရဘူး။ထိုင္းဘက္က အလုပ္ေခၚစာလိုတယ္။
အလုပ္ေခၚစာ ရၿပီးတာေတာင္ ဗီဇာလိုေသးတယ္။” ဟု ဆိုသျဖင့္ မ်က္ျဖဴဆိုက္ၾကေတာ့သည္။
    

ပြဲစားထံ ဖုန္းတဂြမ္ဂြမ္ဆက္ၾကသည္။တခ်ိဳ႕က ေငြျပန္ေပး၊ မသြားေတာ့ဘူးဟု ေတာင္းဆိုသည္။ပြဲစားက မၾကာမီ အင္တာဗ်ဴးရွိသည္။သြားရမည္၊ စိတ္မပူနဲ႔ဟု ေဖ်ာင္းဖ်သည္။ေနာက္ထပ္ သိပ္မၾကာ၊ အင္တာဗ်ဴးဝင္ရန္ ေအာက္တိုဘာ ၉ ရက္ေန႔ မနက္အေရာက္ ရန္ကုန္လာရန္ အမွာေတာ္ဆင့္သျဖင့္ ေပ်ာ္႐ႊင္စြာေရာက္လာၾကသည္။
    

ပြဲစားမက ရန္ကုန္ၿမိဳ႕၊ ဗိုလ္ေအာင္ေက်ာ္လမ္းရွိ ဟိုတယ္တစ္ခုသို႔ ပို႔ေဆာင္သည္။ဟိုတယ္ေရာက္ေတာ့ အင္တာဗ်ဴးလာေျဖသူ ႀကိတ္ႀကိတ္တိုးမို႔ ေသခ်ာသြားၿပီဟု တြက္မိသည္။သို႔ေသာ္၊ တာဝန္ရွိသူတစ္ဦးက အင္တာဗ်ဴးေျဖမည့္သူ စာရင္းကို စစ္ေဆးၿပီးေနာက္ ၎တို႔ ၅၁ ဦး မပါဟုဆိုကာ ျပန္လႊတ္လိုက္သျဖင့္ ဟက္တက္ကြဲေတာ့သည္။
    

ဟိုတယ္မွ ျပန္ထြက္လာၿပီးေနာက္ ပြဲစားမက ဟိုလိုလိုဒီလိုလိုျဖင့္ ခဏေလးဟုဆိုကာ လစ္ထြက္သြားၿပီး ျပန္ေပၚမလာ။
ဖုန္းဆက္ၾကေသာ္လည္း စက္ပိတ္ထားသည္တဲ့။၎တို႔အတြက္ သက္ေသခံပစၥည္းဟူ၍ ပြဲစားမႏွင့္ အတူပါလာေသာ ၎၏ေယာကၡမ အဖြားႀကီးသာ သူတို႔ႏွင့္အတူ က်န္ေနခဲ့သည္။ထို႔ေၾကာင့္၊ ထိုအဖြားႀကီးကို သူတို႔က အလစ္မေပး။
    

ထိုသို႔ သူတို႔၏ အပူလုံးမ်ားကို မႈတ္ထုတ္ေနခ်ိန္တြင္ အခ်ိန္က ၅ နာရီ စြန္းလို႔ေနၿပီ။သူတို႔အမ်ားစုက ရန္ကုန္တြင္ မသြားတတ္မလာတတ္၊ ဒီတစ္ညအတြက္ အိပ္စရာပင္ အသိမိတ္ေဆြ အိမ္မရွိ။
    

“ကြၽန္ေတာ္တို႔ကို ဘုန္းႀကီးေက်ာင္းေတြ ရွိမဲ့ေနရာ လမ္းၫႊန္ေပးပါဗ်ာ။ဘုန္းႀကီးေတြကိုပဲေတာင္းပန္ၿပီး တစ္ညေတာ့ တည္းမွျဖစ္မယ္။” ဟု ဆိုလိုက္ေသာ အလိမ္ခံရသူတစ္ဦးမွာ မ်က္ရည္ေတြဝဲလို႔။
    

ေနာက္ထပ္သိပ္မၾကာ၊ ကံေကာင္းခ်င္ေတာ့ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီမ်ားအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက သတင္းအရ ေရာက္ရွိလာၿပီး သူတို႔အသင္းခ်ဳပ္ထံ ေခၚေဆာင္သြားကာ အိပ္စရာေနရာေပးမည္ဟုဆိုသျဖင့္ ဒီတစ္ညအတြက္ သက္သာရာရသည္။
    

မိတ္ေဆြ သတင္းေထာက္ထံမွ ေနာက္ဆက္တြဲ သိရေသာ သတင္းမ်ားအရ ေအဂ်င္စီအသင္းခ်ဳပ္ထံ ပြဲစားမ၏ေမာင္ ေရာက္လာကာ ေယာကၡမႏွင့္ ေမာင္တို႔က ၅၁ ဦးထံမွ ရယူထားေသာ စရန္ေငြမ်ားကို ေအာက္တိုဘာ ၁၆ ရက္တြင္ ျပန္ေပးမည္ဟု ခံဝန္ျပဳခဲ့ေၾကာင္း သိရသည္။တိမ္းေရွာင္သြားေသာ ပြဲစားမကို ေအဂ်င္စီအသင္းခ်ဳပ္မွ ဖုန္းဆက္ေသာ္လည္း စက္ပိတ္ထားသည္တဲ့။
    

ေနာက္တစ္ရက္တြင္ေတာ့ ထိုင္းတြင္ရွိေသာ ပြဲစားမ၏ ေယာက်ာ္းက သူတို႔ထံဖုန္းဆက္ကာ ေထာင္က်ေအာင္လုပ္ပါက ပိုက္ဆံျပန္ေပးမည္ မဟုတ္ေၾကာင္း Free Calling ျဖင့္ ထိုင္းသို႔လာပါက အလုပ္အဆင္သင့္ရွိေၾကာင္း ေျပာသျဖင့္ ရန္ကုန္ႏွင့္ အနီးဝန္းက်င္မွ အလိမ္ခံရသူ ၂၅ ဦးက သြားမည္ဟု သေဘာတူလိုက္ေၾကာင္း မိတ္ေဆြ သတင္းေထာက္ထံ လွမ္းေျပာကာ အႀကံဉာဏ္ေတာင္းသည္။
    
 
လက္ရွိတြင္ ထိုင္းႏိုင္ငံမွာက တရားဝင္ ႏိုင္ငံျခားအလုပ္သမားပင္လွ်င္ မိမိလာစဥ္က သတ္မွတ္ထားေသာ အလုပ္ႏွင့္ အလုပ္ရွင္တြ င္မဟုတ္ဘဲ တျခားအလုပ္လုပ္ေနပါက ဖမ္းၿပီးျပန္ပို႔ေနသည့္အခ်ိန္။ထို႔ျပင္ ထိုင္းတြင္ တစ္ႏိုင္တပိုင္ ေဈးေရာင္းေနေသာ ႏိုင္ငံျခားသား ေဈးသည္မ်ားကိုလည္း ရွင္းေတာ့မည္ဟု ထိုင္းအစိုးရက ေျပာၾကားၿပီးခ်ိန္။ထိုသို႔ေသာ အခ်ိန္မ်ိဳးတြင္ ျဖစ္ခ်င္ရာျဖစ္၊ အဖမ္းခံရလည္း ေအးတာပဲဆိုသည့္ အေပါက္မ်ိဳးျဖင့္ အဲဒီပါးစပ္ႀကီးက မညႇာမတာေျပာထြက္ေသာ ထပ္မံလိမ္လည္ျခင္း။
    

သတင္းေထာက္၏ အခိုင္အမာရွင္းျပခ်က္အရ ယခုအခါမွာေတာ့ သြားမည္ဟု ကတိျပဳသူမ်ားလည္း မသြားလိုေတာ့။စရန္ေငြသာ ျပန္ေပးရန္ ေတာင္းဆိုၾကသည္။စရန္ေငြျပန္ရဖို႔ ဆိုတာကလည္း ေသခ်ာတာေတာ့မဟုတ္။ဘာ့ေၾကာင့္လဲဆိုေတာ့ ေအဂ်င္စီအသင္းခ်ဳပ္ကလည္း သူတို႔လက္ထဲရွိေနေသာ ၂ ဦးကိုသာ ခံဝန္ထိုးခိုင္းရသည္။ထို ၂ ဦးက ယခုလိမ္လည္မႈတြင္ အက်ဳံးမဝင္ေသာေၾကာင့္ ျဖစ္သည္။
    

ေအဂ်င္စီအသင္းခ်ဳပ္၏ အဆိုအရ ထိုသို႔ အလိမ္ခံရမႈမ်ိဳးမွာ လစဥ္ ရာခ်ီရွိေၾကာင္း သိရသည္။ေျပာရလွ်င္ ဥပေဒစိုးမိုးမႈမရွိျခင္း ျပႆနာျဖစ္သည္။လိမ္လည္စားေသာက္ရန္ အခြင့္အေရးရေနသျဖင့္ လိမ္လည္ၾကျခင္းဟု ေယဘုယ်တြက္ဆႏိုင္သည္။မည္သို႔ေသာ အားနည္းခ်က္မ်ားေၾကာင့္ အလိမ္ခံရသနည္း။မသိနားမလည္မႈကို အခြင့္ေကာင္းယူကာ လိုက္လိမ္ေနသူ ဘယ္ႏွစ္ေယာက္ကို တရားဥပေဒႏွင့္အညီ အေရးယူႏိုင္ခဲ့သနည္း။ထိေရာက္ေသာ ကာကြယ္၊ ႏွိမ္နင္းမႈမ်ားရွိေအာင္ မည္သို႔ေဆာင္႐ြက္ရမည္နည္း။
    

အလိမ္ခံေနရသူမ်ားမွာ ကိုယ့္ျပည္တြင္းတြင္ ရွာရေဖြရ အဆင္မေျပသျဖင့္ ကိုယ့္ခြန္ကိုယ့္အားျဖင့္ ျပည္ပထြက္ အလုပ္လုပ္ရန္ ေပါင္ႏွံေခ်းဌား (သို႔မဟုတ္) မရွိမဲ့ရွိမဲ့ေငြေလးျဖင့္ အရင္းအႏွီးလုပ္ေနၾကသူမ်ား ျဖစ္ပါသည္။
                                

မ်ိဳးၫြန႔္(Popular News)
ေအာက္တိုဘာ - ၂၇