【 ဆောင်းပါး 】 လာမည့် သမ္မတ ဘယ်လို သမ္မတမျိုးလဲ

【 ဆောင်းပါး 】 လာမည့် သမ္မတ ဘယ်လို သမ္မတမျိုးလဲ

မကြာမီ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ်ပေးခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ခေါ်ယူကျင်းပတော့မှာဖြစ်ပါတယ်။အဲဒီလွှတ်တော်နှစ်ရပ်ကနေပြီး ဆက်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတကို တင်မြှောက်ရပါလိမ့်မယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကနေ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို တင်မြှောက်ခဲ့ပါတယ်။စစ်ဘက်နောက်ခံအင်အားနဲ့ ဖွဲ့စည်းယှဉ်ပြိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲမှာ အနိုင်များခဲ့တော့ စစ်ဘက်အကြီးအကဲကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တာပါ။ဒီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာလည်း စစ်အစိုးရအကြီးအကဲကနေ သတ်မှတ်ရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်။သမ္မတဦးသိန်းစိန်ကလည်း နောက်ကွယ်က စစ်ဘက်အကြီးအကဲဟောင်းကြီးရဲ့ ညွှန်ကြားမှုအောက်ကနေ လုပ်ကိုင်ခဲ့ရတဲ့ သမ္မတတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာလည်း ဒီချုပ် (NLD) ပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များခဲ့တော့ (NLD) က ရွေးချယ်တင်မြှောက်ခဲ့တဲ့သမ္မတ ဖြစ်လာခဲ့ပါတယ်။ဒီရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း ဒီချုပ်ပါတီအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည် က သတ်မှတ်ပေးလိုက်တဲ့ သမ္မတဖြစ်ပါတယ်။နောက် သမ္မတဦးထင်ကျော် ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်သွားတဲ့အချိန်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ ဦးဝင်းမြင့် ကို ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်ပြီး သမ္မတတာဝန်ပေးခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် သက်တမ်းနှစ်ခုအတွင်းမှာ နိုင်ငံတော်သမ္မတ သုံးဦးရှိခဲ့ပြီဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်မှာ အာဏာအရှိဆုံးဆိုပြီး ပြဋ္ဌာန်းထားခဲ့ပါတယ်။ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။    

တိုင်းပြည်တိုင်းမှာ ကိုဗစ်ကူးစက်မြန်ရောဂါဆိုးကြီးကြောင့် စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးတွေပါ ထိခိုက်ပျက်စီးခဲ့ကြရပါတယ်။ဒေသန္တရအမိန့်တွေ ထုတ်ပြန်ခဲ့ကြတာတွေကို လိုက်နာခဲ့ရပါတယ်။နေအိမ်အပြင်မထွက်ရ (စတေးဟုမ်း) အစီအစဉ်တွေ၊ ရပ်ကွက်အလိုက်၊ မြို့တွေအလိုက် အသွားအလာတွေ တားဆီးပိတ်ပင်ထားခံရတဲ့ (လော့ခ်ဒေါင်း) အမိန့်တွေ ထုတ်ပြန်ထားခဲ့ရတာလဲ တစ်နှစ်နီးပါးကြာခဲ့ပါပြီ။ကျွန်တော်တို့နိုင်ငံမှာလည်း ကိုဗစ်ကူးစက်မြန်ရောဂါကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းကို ခံနေရပါတယ်။ဖြစ်ပေါ်လာတဲ့ တိုင်းပြည်အခက်အခဲ အကြပ်တည်းတွေကို နည်းစနစ်ကျစွာတုန့်ပြန်ပြီး အားတင်းထားနေကြရတယ်။ဒီလိုရောဂါကပ်ဆိုးကြီးကို ခုခံတုန့်ပြန်နိုင်ဖို့အတွက် အဓိကတာဝန်ယူရမှာက နိုင်ငံတော်အစိုးရပဲဖြစ်ပါတယ်။

တိုင်းပြည်နိုင်ငံတိုင်းမှာ အစိုးရကိုဦးဆောင်ပေးမယ့် နိုင်ငံအကြီးအကဲတွေရှိနေကြပါတယ်။အစိုးရအနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ဆောင်ချက်တွေကို နိုင်ငံအကြီးအကဲက ဆုံးဖြတ်ချက်ချရမှာပါ။ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံအကြီးအကဲဟာ နိုင်ငံတော်သမ္မတဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဟာ နိုင်ငံအကြီးအကဲဖြစ်တယ်လို့ ပြဋ္ဌာန်းထားခဲ့ပေမယ့်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းမှာ လုပ်ပိုင်ခွင့်အနည်းဆုံး နိုင်ငံတော်သမ္မတတွေဖြစ်ခဲ့တာ တွေ့နေခဲ့ရပါတယ်။ပြည်ထောင်စုလွှတ်တော် ဒုတိယသက်တမ်းမှာ လုပ်ပိုင်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိဆုံး သမ္မတတွေဖြစ်ခဲ့ပါတယ်။အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ မဖြစ်နိုင်ခဲ့ပါဘူး။နိုင်ငံတော်သမ္မတ မဖြစ်နိုင်တဲ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖန်တီးပြီး ရယူခဲ့ရပါတယ်။နိုင်ငံတော်သမ္မတအနေနဲ့ဆောင်ရွက်ရမယ့် ဆောင်ရွက်မှုတွေကို နိုင်ငံတော်သမ္မတကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံက အတော်များများကိုဆောင်ရွက်ခဲ့တာ တွေ့ခဲ့ရပါတယ်။

ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အပြတ်အသတ်ထောက်ခံခဲ့တယ်။ယုံကြည်အားကိုးခဲ့ကြပါတယ်။

ဒါပေမယ့်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သမ္မတမဖြစ်နိုင်ခဲ့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခွင့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဖို့ ကြိုးစားခဲ့သလို၊ ၂၀၀၈ ခြေဥကို အခိုင်အမာကာကွယ်ထားတဲ့ တပ်မတော်နဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်။ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဒီမှာ၂၀၀၈ ခြေဥထဲက ဆွဲထုတ်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့ရပါတယ်။သမ္မတနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယုံကြည်ရဆုံးလူနှစ်ယောက်ကို လဲလှယ်ပြီး တင်မြှောက်ပေးခဲ့တာပါ။

ဒုတိယအစိုးရသက်တမ်း အစပိုင်းမှာ ပြည်သူတွေမျှော်လင့်ခဲ့ကြပါသေးတယ်။အုပ်ချုပ်မှုအပိုင်းကို သမ္မတက စီမံဆောင်ရွက်နိုင်ပြီး တခြားအရေးကြီးလုပ်ဆောင်ရမယ့်ကိစ္စတွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်ခဲ့ကြပါတယ်။ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ အိပ်မက်မက်နေသလို ဖြစ်နေခဲ့ပါတယ်။သမ္မတတစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်များစွာရှိနေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ နိုင်ငံတော်သမ္မတအနေနဲ့ အာဏာသုံးရပ်စလုံးကို အပြည့်အဝအပ်နှင်းခံရတဲ့ သမ္မတမျိုးတော့မဟုတ်ပါဘူး။သမ္မတက လွှတ်တော်ကို အာမခံရသလို လွှတ်တော်ကတင်မြောက်ပေးတဲ့ သမ္မတဖြစ်နေပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်သမ္မတတစ်ယောက်အနေနဲ့ လုပ်နိုင်တာတွေ။လုပ်ပိုင်ခွင့်တွေ များစွာရှိနေရမှာပါ။သမ္မတအနေနဲ့လည်း လုပ်ဆောင်နိုင်ပါလိမ့်မယ်၊ လုပ်ဆောင်နိုင်စွမ်းရှိနေတာကိုလည်း ယုံကြည်ပါတယ်။

ဒါပေမယ့် နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နောက်မှာ အမြဲရှိနေတာ တွေ့ နေရပါတယ်။အရေးကြီးတဲ့ အရေးကိစ္စတိုင်းလိုလိုဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးထဲ ဆောင်ရွက်နေရသလို ဖြစ်နေခဲ့ပါတယ်။ပြောရမယ်ဆိုရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ သဘောအရ နိုင်ငံမှာဖြစ်ပျက်နေတဲ့ အရေးကိစ္စတိုင်းကို ရှေ့ထွက်ပြီး ဖြေရှင်းနေရမယ့် အနေအထားမဟုတ်ပါဘူး။သမ္မတကိုရှေ့ထွက်ခိုင်းပြီး လိုအပ်တဲ့အကြံဉာဏ်တွေ ပေးသင့်တဲ့နေရာမှာ ပေးရမယ့်အနေအထားတွေ အများကြီးရှိနေမှာပါ။

အဓိကအနေအထားကတော့ အုပ်ချုပ်မှုအပိုင်းကဏ္ဍတွေဖြစ်ပါတယ်။သမ္မတအနေနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဝန်ကြီးဋ္ဌာနတွေရှိပါတယ်။ဘယ်ဝန်ကြီးဋ္ဌာနအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်။ဘယ်လုပ်ငန်းတွေကို မလုပ်ဆောင်သင့်ဘူးဆိုတာ အမြဲတွေ့ဆုံဆွေးနွေးနေရပါမယ်။ဝန်ကြီးတွေနဲ့ ဝန်ကြီးဋ္ဌာနတွေကို အမြဲကွင်းဆင်း စစ်ဆေးနေရမယ်ထင်ပါတယ်။ဝန်ကြီးတွေကိုခေါ်ယူပြီး ဆောင်ရွက်နေရမှာပါ။ပြီးသွားတဲ့အနေအထားဟာ ဝန်ကြီးဋ္ဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကိုလဲ ထူးထူးခြားခြားမတွေ့ရပါဘူး။ဝန်ကြီးဋ္ဌာန အောက်ခြေဝန်ထမ်းတွေမှာလဲ အရင်ခေတ်ကအတိုင်းလုပ်ရပ်တွေ ဖြစ်နေခဲ့ပါတယ်။တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ ဘဝလုံခြုံမှုမရှိတဲ့ စိုးရိမ်စိတ်တွေကိုလဲ အားပေးနှစ်သိမ့်ရုံတင်မဟုတ်ပဲ အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်သင့်နေပါတယ်။နိုင်ငံတော်ရဲ့ သမ္မတကိုယ်တိုင် ဆင်းပြီးဆောင်ရွက်သင့်ပါတယ်။

ဝန်ကြီးဋ္ဌာနလက်အောက်မှာရှိတဲ့ ဋ္ဌာနတွေကို ကွင်းဆောက်ရွက်မှုတွေကို စစ်ဆေးနေတဲ့အချိန်မှာ ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံသင့်ပါတယ်။ပြည်သူတွေရဲ့ အခက်အခဲတွေကို ကိုယ်တိုင်နားထောင်နေရပါမယ်။ကျွန်တော်တို့ရဲ့ သမ္မတဟာ ပြည်သူ့ကြားမှာ ပြည်သူတွေအတွက် အမြဲဆောင်ရွက်တာကို ပြည်သူတွေမြင်ချင်ကြမှာပါ။
ပြည်သူတွေအတွက်လည်း အားရှိစေမှာပါ။

ကျွန်တော်တို့နိုင်ငံမှာ ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်နေရပါတယ်။ဒီမိုကရေစီအင်အားတွေ၊ တိုင်းရင်းသားပြည်သူတွေ၊ တပ်မတော်တွေကို အမြဲထိတွေ့ဆက်ဆံနေမှ မျှော်မှန်းချက်ဟာ အောင်မြင်လာနိုင်ပါတယ်။နိုင်ငံတော်သမ္မတအနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပူးတွဲဆောင်ရွက်သည်ဖြစ်စေ၊ တာဝန်ခွဲဝေဆောင်ရွက်သည်ပဲဖြစ်စေ အတူတကွ ရှေ့ကနေဦးဆောင်ဆောင်ရွက်သင့်ပါတယ်။

ပြည်သူတွေကလည်း နိုင်ငံတော်သမ္မတက ရှေ့ဆုံးမှာယှဉ်ပြီး လျှောက်လှမ်းနေတာကို မြင်ချင်ကြမှာပါ။ဒီမိုကရေစီခေတ်ကို အမြန်ရောက်ရှိအောင် လျှောက်လှမ်းနေတဲ့လမ်းပေါ်မှာ နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးထဲ လျှောက်လှမ်းနေရတာထက် ခေါင်းဆောင်နှစ်ဦးကိုမြင်ရရင် ပြည်သူတွေပိုအားရှိသွားမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အရည်အချင်းမြင့်မားသူ နောက်တစ်ဦးကို စစ်မှန်တဲ့ နိုင်ငံတော်သမ္မတအဖြစ် တွေ့ချင်နေကြပြီး၊ နှစ်သစ်နဲ့အတူ အရပ်သား ဒီမိုကရေစီအစိုးရသစ်မှာ သမ္မတသစ်စစ်စစ်ကို တွေ့ရှိနိုင်မယ်လို့ မျှော်လင့်ချင်ကြပါတယ်။ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်အစိုးရအကြီးအကဲတွေလို ကြိုးဆွဲအရုပ်သမ္မတတွေဖြစ်မလာဖို့ မျှော်လင့်နေချင်ပါတယ်။

မြတ်လှိုင်း
ဇန်နဝါရီ - ၂၁

( Zawgyi )

မၾကာမီ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္သူေတြေ႐ြးခ်ယ္ေပးခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ေခၚယူက်င္းပေတာ့မွာျဖစ္ပါတယ္။အဲဒီလႊတ္ေတာ္ႏွစ္ရပ္ကေနၿပီး ဆက္က်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္ကေန ႏိုင္ငံေတာ္သမၼတကို တင္ေျမႇာက္ရပါလိမ့္မယ္။

၂၀၁၀ ခုႏွစ္ ေ႐ြးေကာက္ပြဲကေန အႏိုင္ရခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကေန ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္ ကို တင္ေျမႇာက္ခဲ့ပါတယ္။စစ္ဘက္ေနာက္ခံအင္အားနဲ႔ ဖြဲ႕စည္းယွဥ္ၿပိဳင္ခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီက ေ႐ြးေကာက္ပြဲမွာ အႏိုင္မ်ားခဲ့ေတာ့ စစ္ဘက္အႀကီးအကဲကို ႏိုင္ငံေတာ္သမၼတအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့တာပါ။ဒီ ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္မွာလည္း စစ္အစိုးရအႀကီးအကဲကေန သတ္မွတ္ေ႐ြးခ်ယ္ေပးလိုက္တာျဖစ္ပါတယ္။သမၼတဦးသိန္းစိန္ကလည္း ေနာက္ကြယ္က စစ္ဘက္အႀကီးအကဲေဟာင္းႀကီးရဲ႕ ၫႊန္ၾကားမႈေအာက္ကေန လုပ္ကိုင္ခဲ့ရတဲ့ သမၼတတစ္ေယာက္ျဖစ္ခဲ့ပါတယ္။

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္မွာလည္း ဒီခ်ဳပ္ (NLD) ပါတီက ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခဲ့ေတာ့ (NLD) က ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့တဲ့သမၼတ ျဖစ္လာခဲ့ပါတယ္။ဒီေ႐ြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ကလည္း ဒီခ်ဳပ္ပါတီအႀကီးအကဲ ေဒၚေအာင္ဆန္းစုၾကည္ က သတ္မွတ္ေပးလိုက္တဲ့ သမၼတျဖစ္ပါတယ္။ေနာက္ သမၼတဦးထင္ေက်ာ္ က်န္းမာေရးအေၾကာင္းျပၿပီး ႏုတ္ထြက္သြားတဲ့အခ်ိန္မွာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ျဖစ္တဲ့ ဦးဝင္းျမင့္ ကို ေဒၚေအာင္ဆန္းစုၾကည္ က ေ႐ြးခ်ယ္ၿပီး သမၼတတာဝန္ေပးခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ သက္တမ္းႏွစ္ခုအတြင္းမွာ ႏိုင္ငံေတာ္သမၼတ သုံးဦးရွိခဲ့ၿပီျဖစ္ပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတဟာ ႏိုင္ငံေတာ္မွာ အာဏာအရွိဆုံးဆိုၿပီး ျပ႒ာန္းထားခဲ့ပါတယ္။ဒါေပမယ့္ လက္ရွိအေျခအေနမွာေတာ့ ဒီလိုမဟုတ္ခဲ့ပါဘူး။    

တိုင္းျပည္တိုင္းမွာ ကိုဗစ္ကူးစက္ျမန္ေရာဂါဆိုးႀကီးေၾကာင့္ စီးပြားေရး၊ လူမႈေရးနဲ႔ က်န္းမာေရးေတြပါ ထိခိုက္ပ်က္စီးခဲ့ၾကရပါတယ္။ေဒသႏၲရအမိန႔္ေတြ ထုတ္ျပန္ခဲ့ၾကတာေတြကို လိုက္နာခဲ့ရပါတယ္။ေနအိမ္အျပင္မထြက္ရ (စေတးဟုမ္း) အစီအစဥ္ေတြ၊ ရပ္ကြက္အလိုက္၊ ၿမိဳ႕ေတြအလိုက္ အသြားအလာေတြ တားဆီးပိတ္ပင္ထားခံရတဲ့ (ေလာ့ခ္ေဒါင္း) အမိန႔္ေတြ ထုတ္ျပန္ထားခဲ့ရတာလဲ တစ္ႏွစ္နီးပါးၾကာခဲ့ပါၿပီ။ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း ကိုဗစ္ကူးစက္ျမန္ေရာဂါကပ္ဆိုးႀကီးရဲ႕ ဒုတိယလႈိင္းကို ခံေနရပါတယ္။ျဖစ္ေပၚလာတဲ့ တိုင္းျပည္အခက္အခဲ အၾကပ္တည္းေတြကို နည္းစနစ္က်စြာတုန႔္ျပန္ၿပီး အားတင္းထားေနၾကရတယ္။ဒီလိုေရာဂါကပ္ဆိုးႀကီးကို ခုခံတုန႔္ျပန္ႏိုင္ဖို႔အတြက္ အဓိကတာဝန္ယူရမွာက ႏိုင္ငံေတာ္အစိုးရပဲျဖစ္ပါတယ္။

တိုင္းျပည္ႏိုင္ငံတိုင္းမွာ အစိုးရကိုဦးေဆာင္ေပးမယ့္ ႏိုင္ငံအႀကီးအကဲေတြရွိေနၾကပါတယ္။အစိုးရအေနနဲ႔ ေဆာင္႐ြက္ရမယ့္ လုပ္ေဆာင္ခ်က္ေတြကို ႏိုင္ငံအႀကီးအကဲက ဆုံးျဖတ္ခ်က္ခ်ရမွာပါ။ေျပာခဲ့တဲ့အတိုင္း ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံအႀကီးအကဲဟာ ႏိုင္ငံေတာ္သမၼတဆိုၿပီး သတ္မွတ္ထားခဲ့ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတဟာ ႏိုင္ငံအႀကီးအကဲျဖစ္တယ္လို႔ ျပ႒ာန္းထားခဲ့ေပမယ့္၊ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒေဘာင္အတြင္းမွာ လုပ္ပိုင္ခြင့္အနည္းဆုံး ႏိုင္ငံေတာ္သမၼတေတြျဖစ္ခဲ့တာ ေတြ႕ေနခဲ့ရပါတယ္။ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယသက္တမ္းမွာ လုပ္ပိုင္ခြင့္နဲ႔ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္မရွိဆုံး သမၼတေတြျဖစ္ခဲ့ပါတယ္။အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတ မျဖစ္ႏိုင္ခဲ့ပါဘူး။ႏိုင္ငံေတာ္သမၼတ မျဖစ္ႏိုင္တဲ့အတြက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ရာထူးကို ဖန္တီးၿပီး ရယူခဲ့ရပါတယ္။ႏိုင္ငံေတာ္သမၼတအေနနဲ႔ေဆာင္႐ြက္ရမယ့္ ေဆာင္႐ြက္မႈေတြကို ႏိုင္ငံေတာ္သမၼတကိုယ္စား ႏိုင္ငံေတာ္အတိုင္ပင္ခံက အေတာ္မ်ားမ်ားကိုေဆာင္႐ြက္ခဲ့တာ ေတြ႕ခဲ့ရပါတယ္။

ျပည္သူေတြအေနနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို အျပတ္အသတ္ေထာက္ခံခဲ့တယ္။ယုံၾကည္အားကိုးခဲ့ၾကပါတယ္။

ဒါေပမယ့္၊ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က သမၼတမျဖစ္ႏိုင္ခဲ့ဘူး။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ႏိုင္ခြင့္အတြက္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပ႒ာန္းထားတဲ့ ပုဒ္မ ၅၉ (စ) ကို ျပင္ဖို႔ ႀကိဳးစားခဲ့သလို၊ ၂၀၀၈ ေျခဥကို အခိုင္အမာကာကြယ္ထားတဲ့ တပ္မေတာ္နဲ႔ အႀကိမ္ႀကိမ္ညႇိႏႈိင္းခဲ့ပါတယ္။ဒါေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ဒီမွာ၂၀၀၈ ေျခဥထဲက ဆြဲထုတ္ခဲ့တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ျဖစ္ခဲ့ရပါတယ္။သမၼတေနရာကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အယုံၾကည္ရဆုံးလူႏွစ္ေယာက္ကို လဲလွယ္ၿပီး တင္ေျမႇာက္ေပးခဲ့တာပါ။

ဒုတိယအစိုးရသက္တမ္း အစပိုင္းမွာ ျပည္သူေတြေမွ်ာ္လင့္ခဲ့ၾကပါေသးတယ္။အုပ္ခ်ဳပ္မႈအပိုင္းကို သမၼတက စီမံေဆာင္႐ြက္ႏိုင္ၿပီး တျခားအေရးႀကီးလုပ္ေဆာင္ရမယ့္ကိစၥေတြကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ေဆာင္႐ြက္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ယုံၾကည္ခဲ့ၾကပါတယ္။ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ဟာ အိပ္မက္မက္ေနသလို ျဖစ္ေနခဲ့ပါတယ္။သမၼတတစ္ေယာက္အေနနဲ႔ လုပ္ပိုင္ခြင့္မ်ားစြာရွိေနပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပ႒ာန္းထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရေတာ့ ႏိုင္ငံေတာ္သမၼတအေနနဲ႔ အာဏာသုံးရပ္စလုံးကို အျပည့္အဝအပ္ႏွင္းခံရတဲ့ သမၼတမ်ိဳးေတာ့မဟုတ္ပါဘူး။သမၼတက လႊတ္ေတာ္ကို အာမခံရသလို လႊတ္ေတာ္ကတင္ေျမာက္ေပးတဲ့ သမၼတျဖစ္ေနပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ႏိုင္ငံေတာ္သမၼတတစ္ေယာက္အေနနဲ႔ လုပ္ႏိုင္တာေတြ။လုပ္ပိုင္ခြင့္ေတြ မ်ားစြာရွိေနရမွာပါ။သမၼတအေနနဲ႔လည္း လုပ္ေဆာင္ႏိုင္ပါလိမ့္မယ္၊ လုပ္ေဆာင္ႏိုင္စြမ္းရွိေနတာကိုလည္း ယုံၾကည္ပါတယ္။

ဒါေပမယ့္ ႏိုင္ငံေတာ္သမၼတဟာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ေနာက္မွာ အၿမဲရွိေနတာ ေတြ႕ ေနရပါတယ္။အေရးႀကီးတဲ့ အေရးကိစၥတိုင္းလိုလိုဟာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္တစ္ဦးထဲ ေဆာင္႐ြက္ေနရသလို ျဖစ္ေနခဲ့ပါတယ္။ေျပာရမယ္ဆိုရင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ဆိုတဲ့ သေဘာအရ ႏိုင္ငံမွာျဖစ္ပ်က္ေနတဲ့ အေရးကိစၥတိုင္းကို ေရွ႕ထြက္ၿပီး ေျဖရွင္းေနရမယ့္ အေနအထားမဟုတ္ပါဘူး။သမၼတကိုေရွ႕ထြက္ခိုင္းၿပီး လိုအပ္တဲ့အႀကံဉာဏ္ေတြ ေပးသင့္တဲ့ေနရာမွာ ေပးရမယ့္အေနအထားေတြ အမ်ားႀကီးရွိေနမွာပါ။

အဓိကအေနအထားကေတာ့ အုပ္ခ်ဳပ္မႈအပိုင္းက႑ေတြျဖစ္ပါတယ္။သမၼတအေနနဲ႔ အစိုးရအဖြဲ႕ဝန္ႀကီးေတြနဲ႔ ဝန္ႀကီး႒ာနေတြရွိပါတယ္။ဘယ္ဝန္ႀကီး႒ာနအေနနဲ႔ ဘယ္လိုလုပ္ေဆာင္သင့္တယ္။ဘယ္လုပ္ငန္းေတြကို မလုပ္ေဆာင္သင့္ဘူးဆိုတာ အၿမဲေတြ႕ဆုံေဆြးေႏြးေနရပါမယ္။ဝန္ႀကီးေတြနဲ႔ ဝန္ႀကီး႒ာနေတြကို အၿမဲကြင္းဆင္း စစ္ေဆးေနရမယ္ထင္ပါတယ္။ဝန္ႀကီးေတြကိုေခၚယူၿပီး ေဆာင္႐ြက္ေနရမွာပါ။ၿပီးသြားတဲ့အေနအထားဟာ ဝန္ႀကီး႒ာနေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုလဲ ထူးထူးျခားျခားမေတြ႕ရပါဘူး။ဝန္ႀကီး႒ာန ေအာက္ေျခဝန္ထမ္းေတြမွာလဲ အရင္ေခတ္ကအတိုင္းလုပ္ရပ္ေတြ ျဖစ္ေနခဲ့ပါတယ္။တစ္ႏိုင္ငံလုံးမွာျဖစ္ေနတဲ့ ဘဝလုံၿခဳံမႈမရွိတဲ့ စိုးရိမ္စိတ္ေတြကိုလဲ အားေပးႏွစ္သိမ့္႐ုံတင္မဟုတ္ပဲ အာမခံခ်က္ေပးႏိုင္ေအာင္ ေဆာင္႐ြက္သင့္ေနပါတယ္။ႏိုင္ငံေတာ္ရဲ႕ သမၼတကိုယ္တိုင္ ဆင္းၿပီးေဆာင္႐ြက္သင့္ပါတယ္။

ဝန္ႀကီး႒ာနလက္ေအာက္မွာရွိတဲ့ ႒ာနေတြကို ကြင္းေဆာက္႐ြက္မႈေတြကို စစ္ေဆးေနတဲ့အခ်ိန္မွာ ျပည္သူေတြနဲ႔ ရင္းရင္းႏွီးႏွီးေတြ႕ဆုံသင့္ပါတယ္။ျပည္သူေတြရဲ႕ အခက္အခဲေတြကို ကိုယ္တိုင္နားေထာင္ေနရပါမယ္။ကြၽန္ေတာ္တို႔ရဲ႕ သမၼတဟာ ျပည္သူ႔ၾကားမွာ ျပည္သူေတြအတြက္ အၿမဲေဆာင္႐ြက္တာကို ျပည္သူေတြျမင္ခ်င္ၾကမွာပါ။
ျပည္သူေတြအတြက္လည္း အားရွိေစမွာပါ။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ရင္ၾကားေစ့ေရးကို အေကာင္အထည္ေဖာ္ေနရပါတယ္။ဒီမိုကေရစီအင္အားေတြ၊ တိုင္းရင္းသားျပည္သူေတြ၊ တပ္မေတာ္ေတြကို အၿမဲထိေတြ႕ဆက္ဆံေနမွ ေမွ်ာ္မွန္းခ်က္ဟာ ေအာင္ျမင္လာႏိုင္ပါတယ္။ႏိုင္ငံေတာ္သမၼတအေနနဲ႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ပူးတြဲေဆာင္႐ြက္သည္ျဖစ္ေစ၊ တာဝန္ခြဲေဝေဆာင္႐ြက္သည္ပဲျဖစ္ေစ အတူတကြ ေရွ႕ကေနဦးေဆာင္ေဆာင္႐ြက္သင့္ပါတယ္။

ျပည္သူေတြကလည္း ႏိုင္ငံေတာ္သမၼတက ေရွ႕ဆုံးမွာယွဥ္ၿပီး ေလွ်ာက္လွမ္းေနတာကို ျမင္ခ်င္ၾကမွာပါ။ဒီမိုကေရစီေခတ္ကို အျမန္ေရာက္ရွိေအာင္ ေလွ်ာက္လွမ္းေနတဲ့လမ္းေပၚမွာ ႏိုင္ငံေရးပါတီေခါင္းေဆာင္တစ္ဦးထဲ ေလွ်ာက္လွမ္းေနရတာထက္ ေခါင္းေဆာင္ႏွစ္ဦးကိုျမင္ရရင္ ျပည္သူေတြပိုအားရွိသြားမွာပါ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ အရည္အခ်င္းျမင့္မားသူ ေနာက္တစ္ဦးကို စစ္မွန္တဲ့ ႏိုင္ငံေတာ္သမၼတအျဖစ္ ေတြ႕ခ်င္ေနၾကၿပီး၊ ႏွစ္သစ္နဲ႔အတူ အရပ္သား ဒီမိုကေရစီအစိုးရသစ္မွာ သမၼတသစ္စစ္စစ္ကို ေတြ႕ရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ခ်င္ၾကပါတယ္။ၿပီးဆုံးသြားခဲ့ၿပီျဖစ္တဲ့ ႏိုင္ငံေတာ္အစိုးရအႀကီးအကဲေတြလို ႀကိဳးဆြဲအ႐ုပ္သမၼတေတြျဖစ္မလာဖို႔ ေမွ်ာ္လင့္ေနခ်င္ပါတယ္။

ျမတ္လႈိင္း
ဇန္နဝါရီ - ၂၁