【 ဆောင်းပါး 】 ပြည်သူချစ်ခင် ယုံကြည်လျှင် ကမ္ဗည်းတင်ပါလိမ့်မည်

【 ဆောင်းပါး 】 ပြည်သူချစ်ခင် ယုံကြည်လျှင် ကမ္ဗည်းတင်ပါလိမ့်မည်

နိုင်ငံရေးနှင့် နိုင်ငံရေးသမားတို့အတွက် မှတ်ကျောက်သည် ပြည်သူဖြစ်ပါသည်။အထူးသဖြင့် မြန်မာပြည်သူများသည် အံ့သြဖွယ်ကောင်းလောက်အောင် နိုင်ငံရေးအသိ ရင့်ကျက်သူများ ဖြစ်ကြပါသည်။ထိုသူများသည် အင်စတီကျူးရှင်း၊ အဝဲနက်၊ ပေါ်လစ်တစ်၊ ပိစ်၊ ဒိုင်ယာလော့ ဆိုသည့် ဝေါဟာရများကို နကန်းတစ်လုံးသိသူများ မဟုတ်ကြပါ။သို့သော် သူတို့ဖြတ်သန်းခဲ့ရသည့် ဘဝက သူတို့ကို နိုင်ငံရေးအသိ ကြွယ်ဝသူများ ဖြစ်လာစေပါသည်။

မြန်မာပြည်သူအားလုံး ဘွဲ့ရပညာတတ်များ မဟုတ်ကြရုံသာမက၊ ပြည်သူ ၇၀ ရာခိုင်နှုန်းသည် တောသူတောင်သားများ ဖြစ်ကြပါသည်။မည်သည့်ပါတီဖြစ်စေ တိုင်းပြည်၏ ၇၉ ရာနှုန်းဖြစ်နေသည့် တောနေလူတန်းစာများ တနည်းအားဖြင့် အခြေခံလူတန်းစား၏ ထောက်ခံမှုမရပါက ရပ်တည်နိုင်မည်မဟုတ်ပါ။သည်အချက်ကို သက်သေပြရမည်ဆိုသော် စာတွေ့အားဖြင့် ၁၉၆၀ ရွေးကောက်ပွဲဖြစ်ပြီး လက်တွေ့အားဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်ပါသည်။

စာရေးသူတို့သည် ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကို စာသိ သိခဲ့ကြရပါသည်။၁၉၅၈ မှ ၁၉၆၀ ထိ တပ်မတော်က အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲကို အိမ်စောင့်အစိုးရက ကြီးမှူးကျင်းပပေးခဲ့ရပါသည်။သည်တွင် တပ်မတော်က ထောက်ခံသည့် တည်မြဲပါတီ (ဖဆပလ အနီ) သည် မဲရှုံးပြီး ဦးနု ၏ သန့်ရှင်း (ဖဆပလ အဝါ) က မဲအပြတ်အသတ် နိုင်ခဲ့ပါသည်။ထိုရွေးကောက်ပွဲတွင် တည်မြဲပါတီကို မဲထည့်ပါဟု သေနတ်ထောက် အမိန့်ပေးမှုတချို့ ရှိခဲ့သော်လည်း လူထုက ဆန့်ကျင်၍ သန့်ရှင်းကို မဲပေးခဲ့သည်ဟု ထိုခေတ်က ထုတ်ဝေခဲ့သည့် သတင်းစာ၊ ဂျာနယ်များက ရေးသားဖော်ပြခဲ့ကြပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အင်အယ်ဒီ မဲမရစေရန် အမျိုးဘာသာသာသနာကို အကြောင်းပြ၍ ၂၀၁၂ ခန့်ကပင် လှုံ့ဆော်ထားပါသည်။၂၀၁၅ သီတင်းကျွတ်တွင် ရန်ကုန်ရှိ အထင်ကရမြို့နယ်တစ်ခုမှ လူငယ်များသည် သူတို့နှစ်စဉ် လုပ်မြဲအတိုင်း တရားပွဲကျင်းပရန် စီစဉ်ကြပါသည်။၃ ရက် တရားပွဲဖြစ်ပြီး နောက်ဆုံးရက်တွင် ဟောပြောရမည့်သူက အမျိုးသားရေးဖြင့် နာမည်ကြီးသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ထိုဆရာတော်က သူဟောရမည့် ရက်မတိုင် မီတရားပွဲတွင် ဝေငှရန် စာရွက်များ စီစဉ်ထားပါသည်။အင်အယ်လ်ဒီကို မဲပေးခဲ့ပါက အမျိုးဘာသာသာသနာ ပျက်မည်ဆိုသည့် စာများပါသည့် စာရွက်များ ဖြစ်ကြပါသည်။တရားပွဲစီစဉ်သူ လူငယ်များက ထိုဆရာတော်ထံ သွားရောက်ဖူးမြှော်ကြပါသည်။ဆရာတော် စာရွက်ထဲပါတဲ့အတိုင်း တရားဟောမည်လား မေးကြပါသည်။ထိုဆရာတော်ကလည်း ထိုအတိုင်းဟောမည်ဟု ပြန်မိန့်ပါသည်။သို့ဖြင့် လူငယ်လေးများက "တပည့်တော်တို့ ဆရာတော် ဟောရမယ့် တရားပွဲနေ့ကို ဖျက်လိုက်ပါပြီ။အဲဒီနေ့မှာ ဆရာတော်ကိုလည်း လာပင့်မယ် မဟုတ်ပါ" ဟု ပြန်လျှောက်ခဲ့ကြပါသည်။ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်ပါ။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ မျိုးစောင့်ဥပဒေကို လွှတ်တော်က အတည်ပြုပေးလိုက်ပါသည်။သို့ဖြင့် ထိုစဉ်က တည်ရှိနေသည့် မဘသ အဖွဲ့ဝင် သံဃာများ မျိုးစောင့်ဥပဒေ အောင်ပွဲများ ကျင်းပကြပါသည်။ရန်ကုန်နှင့် မလှမ်းမကမ်း မြို့တစ်မြို့တွင်လည်း သံဃာငါးပါး ရုပ်ပုံများပါသည့် ဗီနိုင်းများကို မြို့ဝင်မြို့ထွက် နေရာများနှင့် မြို့ထဲရှိ လူသွားလူလာများသော နေရာများတွင် ချိတ်ဆွဲထားပါသည်။အလယ်တည့်တည့်တွင် ထိုစဉ်က မဘသ ဥက္ကဋ္ဌ ဆရာတော်ကြီးပုံပါပြီး ဘေးနှစ်ဘက်၌ တခြားသံဃာ ၂ ပါးစီ ခြံရံထားပါသည်။ထိုသတင်းကို မဘသ ပြန်ကြားရေးတာဝန်ခံ ဆရာတော်အား ဖုန်းဖြင့်ပြောပြရာ၊ ထိုမျိုးစောင့်ဥပဒေ အောင်ပွဲ တရားဟောမည့် အစီအစဉ်ကို ပြန်ကြားရေးတာဝန်ခံ ဆရာတော်လည်းမသိ၊ မဘသ ဥက္ကဋ္ဌ ဆရာတော်လည်း မသိဟု ပြန်ကြားရေးတာဝန်ခံက ပြန်ဖြေပါသည်။

မျိုးစောင့်ဥပဒေ အောင်ပွဲ တရားပွဲ ကျင်းပသည့်နေ့တွင် ဗွီနိုင်းတွင်ပါသည့် ဘုန်းကြီး ၂ ပါးသာ ကြွလာပြီး ကျန်တစ်ပါးကား ဗွီနိုင်း၌ မပါသည့် သံဃာဖြစ်နေပါသည်။တရားပွဲသို့ အနီးဝန်းကျင်ရှိ ရွာများမှ ရွာသူရွာသားများကို သက်ဆိုင်ရာ ရွာဘုန်းကြီးက ဦးဆောင်ခေါ်လာပါသည်။ကွင်းလုံးပြည့် နေရာယူထားသော ရွာသူရွာသားများကို အဖွဲ့တစ်ဖွဲ့က တစ်ယောက်လျှင် တစ်သောင်းတန် အသစ်စက်စက် တစ်ရွက်စီ ဝေငှပေးပါသည်။တရားဟော ကိုယ်တော်များက အင်အယ်လ်ဒီကို မဲမပေးနဲ့ တိုက်ရိုက်မဟောသော်လည်း ထိုသဘောဆောင်ပါသည်ဟု ပြန်ပြောပြကြပါသည်။တရားပွဲလာသူများသည် တရားပွဲမှ အပြန်တွင် ရထားသော အသစ်စက်စက် တစ်သောင်းတန်များကိုင်ကာ ဈေးဝယ်ပြီး ပျော်ရွှင်စွာပြန်သွားကြပါသည်။နောက်နေ့တွင် ထိုမြို့လေး၏ လမ်းဆုံလမ်းခွများတွင် စာရွက်များ အထပ်လိုက် အထုတ်လိုက် ချထားသည်ကို တွေ့ရသူများက သူတစ်ရွက်ငါတစ်ရွက် ကောက်ယူကြပါသည်။

စာရေးသူလည်း တစ်ရွက်ကောက်ယူခဲ့ပါသည်။ထိုစာရွက်ပေါ်တွင် ရေးထားသည်များကို မှတ်မိသမျှ ပြန်ရေးပြရမည်ဆိုလျှင် - တိုင်းပြည်ကို ချောက်ထဲမကျစေဖို့ ကယ်ခဲ့သူ ဗိုလ်နေဝင်း ဆိုတာ မမေ့ကြပါနဲ့။ဒေါင်းလေးကိုတော့ အနောက်ဘက်အရပ်ကို ပျံပါစေ။လွှတ်ပေးလိုက်ကြပါတော့။ငပုတော သားလေး --- ကို မဲပေးကြပါ စသည့်စာများကို ရေးသားထားပါသည်။တစ်သောင်းတန် အသစ်စက်စက်များစွာ ပေးဝေနိုင်သည့်အဖွဲ့၊ နောက်တစ်နေ့တွင် ဒေါင်းလေးကို အနောက်အရပ် နှင်စေလိုသည့် အဖွဲ့သည် မည်သည့်အဖွဲ့ ဖြစ်မည်နည်း။လူထုက ဆက်စပ်တွေးတော သိနိုင်ပါသည်။ထိုမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ အင်အယ်လ်ဒီ သောင်ပြိုကမ်းပြိုနိုင်ခဲ့ပါသည်။ဒေါ်အောင်ဆန်းစုကြည် ဟာ ကျွန်မအတွက် ပြိုင်ဘက်ကောင်းပါဟု ပြောဆိုမဲဆွယ်ခဲ့သည့် ပါတီတစ်ခု၏ ကိုယ်စားလှယ်ကား ထိုမြို့နယ်တွင် မဲတစ်မဲသာ ရခဲ့သည်။

ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် အမျိုးသားရေးဆရာတော် ဟောမည့်တရားပွဲကို ဖျက်လိုက်သူများက အင်အယ်လ်ဒီများ မဟုတ်ပါ။ရပ်ကွက်လူငယ်များ ဖြစ်ကြပါသည်။ရန်ကုန်နှင့် လက်တစ်ကမ်းမြို့လေးတွင် ရွေးကောက်ပွဲမတိုင်မီ မျိုးစောင့်အောင်ပွဲကို အကြောင်းပြ လူစုစေပြီး တစ်ယောက် တစ်သောင်း ဝေပေးခဲ့စေကာမူ ထိုနယ်တခွင် တစ်ခုသော ရွာတစ်ရွာမှလွဲ၍ တောရောမြို့ပေါ်ပါ အင်အယ်လ်ဒီ ဝက်ဝက်ကွဲ မဲနိုင်ခဲ့ပါသည်။

ပါတီတစ်ခုကို လူထုချစ်ခင် ယုံကြည်လျှင် ထိုပါတီရှေ့မှ ဆူးငြောင့်ခလုတ်များကို လူထုက ဖယ်ပေးပါသည်။အင်အယ်လ်ဒီကို လူထုထောက်ခံနေသည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေ၍ ဆိုသည့် အကြောင်းတစ်ကြောင်းတည်းကြောင့် မဟုတ်ပါ။မတရားဖိနှိပ်ခံနေရသည့် ပါတီ၊ မတရားညှဉ်းပန်းနှိပ်စက်ခံနေရသည့် ပါတီ၊ ပြည်သူအတွက် အနာခံရပ်တည်ပေးနေသည့်ပါတီ ဟူသော အသိဖြင့် လူထုက အင်အယ်လ်ဒီကို ချစ်ခင်ယုံကြည် သနားသောကြောင့် ဖြစ်ပါသည်။ယခု အင်အယ်လ်ဒီ အာဏာရလာချိန်တွင် တချို့အင်အယ်လ်ဒီ အမတ်များ အချိုးမပြေကြကြောင်း တချို့ဝန်ချုပ် ဝန်ကြီးများ အလုပ်ပီပီပြင်ပြင် မလုပ်နိုင်ကြောင်း၊ တချို့ အင်အယ်လ်ဒီ ပါတီဝင်များ အချိုးမပြေကြောင်း တွေ့လာသည်နှင့် ပြည်သူက ဒဏ်ခတ်တော့သည်။၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် အင်အယ်လ်ဒီသည် ယခင်ရခဲ့သည့် သောင်ပြိုကမ်းပြို မဲရလဒ်ကို မရခဲ့ပေ။

မကြာမီက ပြည်ခိုင်ဖြိုးပါတီက သတင်းစာရှင်းပွဲ လုပ်ခဲ့သည်။ထိုပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတချို့က ပြည်ခိုင်ဖြိုးသည် သူခိုးပါတီမဟုတ်။ဟုတ်ခဲ့လျှင် ယူခဲ့သူ တစ်ဦးချင်းကို တရားစွဲပါဟု ဆိုနေပါသည်။

ထိုသတင်းစာရှင်းပြီးနောက် ဖေ့စ်ဘုတ်ပေါ်တွင် ပြည့်ခိုင်ဖြိုးပါတီကို မေးသောပို့စ်များ တက်လာခဲ့သည်။ပြည်ခိုင်ဖြိုး တာဝန်ရှိသူများ ဖတ်ရှုကြပါကုန်။ပြည်ခိုင်ဖြိုး ဘာမှ မတော်မတရား ယူမထားသည့်အတွက် ဖော်ပြပါ ဖေ့စ်ဘုတ်စာများကို ပြန်လည်ဖြေရှင်းမည်ဟု ပြည်သူအားလုံးက ယုံကြည်စောင့်မျှော်နေကြပါသည်။သို့မဟုတ်ပါက သက်ဆိုင်ရာ အကောင့်ပိုင်ရှင်များအား ပြည်ခိုင်ဖြိုးအပေါ် အသရေပျက်စေမှုဖြင့် တန်းစီတရားစွဲစေချင်သည်။

မည်သည့်ပါတီ၊ နိုင်ငံရေးပါတီမဆို လူထုကို အထင်မသေးရန် လိုပါသည် ……။

ခင်နှင်းဦး
ဖေဖော်ဝါရီ - ၂၈

( Zawgyi )

ႏိုင္ငံေရးႏွင့္ ႏိုင္ငံေရးသမားတို႔အတြက္ မွတ္ေက်ာက္သည္ ျပည္သူျဖစ္ပါသည္။အထူးသျဖင့္ ျမန္မာျပည္သူမ်ားသည္ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ႏိုင္ငံေရးအသိ ရင့္က်က္သူမ်ား ျဖစ္ၾကပါသည္။ထိုသူမ်ားသည္ အင္စတီက်ဴးရွင္း၊ အဝဲနက္၊ ေပၚလစ္တစ္၊ ပိစ္၊ ဒိုင္ယာေလာ့ ဆိုသည့္ ေဝါဟာရမ်ားကို နကန္းတစ္လုံးသိသူမ်ား မဟုတ္ၾကပါ။သို႔ေသာ္ သူတို႔ျဖတ္သန္းခဲ့ရသည့္ ဘဝက သူတို႔ကို ႏိုင္ငံေရးအသိ ႂကြယ္ဝသူမ်ား ျဖစ္လာေစပါသည္။

ျမန္မာျပည္သူအားလုံး ဘြဲ႕ရပညာတတ္မ်ား မဟုတ္ၾက႐ုံသာမက၊ ျပည္သူ ၇၀ ရာခိုင္ႏႈန္းသည္ ေတာသူေတာင္သားမ်ား ျဖစ္ၾကပါသည္။မည္သည့္ပါတီျဖစ္ေစ တိုင္းျပည္၏ ၇၉ ရာႏႈန္းျဖစ္ေနသည့္ ေတာေနလူတန္းစာမ်ား တနည္းအားျဖင့္ အေျခခံလူတန္းစား၏ ေထာက္ခံမႈမရပါက ရပ္တည္ႏိုင္မည္မဟုတ္ပါ။သည္အခ်က္ကို သက္ေသျပရမည္ဆိုေသာ္ စာေတြ႕အားျဖင့္ ၁၉၆၀ ေ႐ြးေကာက္ပြဲျဖစ္ၿပီး လက္ေတြ႕အားျဖင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲ ျဖစ္ပါသည္။

စာေရးသူတို႔သည္ ၁၉၆၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲကို စာသိ သိခဲ့ၾကရပါသည္။၁၉၅၈ မွ ၁၉၆၀ ထိ တပ္မေတာ္က အိမ္ေစာင့္အစိုးရအျဖစ္ တာဝန္ယူခဲ့ၿပီး ၁၉၆၀ ျပည့္ႏွစ္တြင္ ပါတီစုံေ႐ြးေကာက္ပြဲကို အိမ္ေစာင့္အစိုးရက ႀကီးမႉးက်င္းပေပးခဲ့ရပါသည္။သည္တြင္ တပ္မေတာ္က ေထာက္ခံသည့္ တည္ၿမဲပါတီ (ဖဆပလ အနီ) သည္ မဲရႈံးၿပီး ဦးႏု ၏ သန႔္ရွင္း (ဖဆပလ အဝါ) က မဲအျပတ္အသတ္ ႏိုင္ခဲ့ပါသည္။ထိုေ႐ြးေကာက္ပြဲတြင္ တည္ၿမဲပါတီကို မဲထည့္ပါဟု ေသနတ္ေထာက္ အမိန႔္ေပးမႈတခ်ိဳ႕ ရွိခဲ့ေသာ္လည္း လူထုက ဆန႔္က်င္၍ သန႔္ရွင္းကို မဲေပးခဲ့သည္ဟု ထိုေခတ္က ထုတ္ေဝခဲ့သည့္ သတင္းစာ၊ ဂ်ာနယ္မ်ားက ေရးသားေဖာ္ျပခဲ့ၾကပါသည္။

၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ အင္အယ္ဒီ မဲမရေစရန္ အမ်ိဳးဘာသာသာသနာကို အေၾကာင္းျပ၍ ၂၀၁၂ ခန႔္ကပင္ လႈံ႕ေဆာ္ထားပါသည္။၂၀၁၅ သီတင္းကြၽတ္တြင္ ရန္ကုန္ရွိ အထင္ကရၿမိဳ႕နယ္တစ္ခုမွ လူငယ္မ်ားသည္ သူတို႔ႏွစ္စဥ္ လုပ္ၿမဲအတိုင္း တရားပြဲက်င္းပရန္ စီစဥ္ၾကပါသည္။၃ ရက္ တရားပြဲျဖစ္ၿပီး ေနာက္ဆုံးရက္တြင္ ေဟာေျပာရမည့္သူက အမ်ိဳးသားေရးျဖင့္ နာမည္ႀကီးသည့္ ဆရာေတာ္တစ္ပါး ျဖစ္သည္။ထိုဆရာေတာ္က သူေဟာရမည့္ ရက္မတိုင္ မီတရားပြဲတြင္ ေဝငွရန္ စာ႐ြက္မ်ား စီစဥ္ထားပါသည္။အင္အယ္လ္ဒီကို မဲေပးခဲ့ပါက အမ်ိဳးဘာသာသာသနာ ပ်က္မည္ဆိုသည့္ စာမ်ားပါသည့္ စာ႐ြက္မ်ား ျဖစ္ၾကပါသည္။တရားပြဲစီစဥ္သူ လူငယ္မ်ားက ထိုဆရာေတာ္ထံ သြားေရာက္ဖူးေျမႇာ္ၾကပါသည္။ဆရာေတာ္ စာ႐ြက္ထဲပါတဲ့အတိုင္း တရားေဟာမည္လား ေမးၾကပါသည္။ထိုဆရာေတာ္ကလည္း ထိုအတိုင္းေဟာမည္ဟု ျပန္မိန႔္ပါသည္။သို႔ျဖင့္ လူငယ္ေလးမ်ားက "တပည့္ေတာ္တို႔ ဆရာေတာ္ ေဟာရမယ့္ တရားပြဲေန႔ကို ဖ်က္လိုက္ပါၿပီ။အဲဒီေန႔မွာ ဆရာေတာ္ကိုလည္း လာပင့္မယ္ မဟုတ္ပါ" ဟု ျပန္ေလွ်ာက္ခဲ့ၾကပါသည္။ကမာ႐ြတ္ၿမိဳ႕နယ္ရွိ ရပ္ကြက္တစ္ခုတြင္ ျဖစ္ပြားခဲ့သည့္ ျဖစ္ရပ္မွန္ပါ။

၂၀၁၅ ေ႐ြးေကာက္ပြဲ မတိုင္မီ မ်ိဳးေစာင့္ဥပေဒကို လႊတ္ေတာ္က အတည္ျပဳေပးလိုက္ပါသည္။သို႔ျဖင့္ ထိုစဥ္က တည္ရွိေနသည့္ မဘသ အဖြဲ႕ဝင္ သံဃာမ်ား မ်ိဳးေစာင့္ဥပေဒ ေအာင္ပြဲမ်ား က်င္းပၾကပါသည္။ရန္ကုန္ႏွင့္ မလွမ္းမကမ္း ၿမိဳ႕တစ္ၿမိဳ႕တြင္လည္း သံဃာငါးပါး ႐ုပ္ပုံမ်ားပါသည့္ ဗီႏိုင္းမ်ားကို ၿမိဳ႕ဝင္ၿမိဳ႕ထြက္ ေနရာမ်ားႏွင့္ ၿမိဳ႕ထဲရွိ လူသြားလူလာမ်ားေသာ ေနရာမ်ားတြင္ ခ်ိတ္ဆြဲထားပါသည္။အလယ္တည့္တည့္တြင္ ထိုစဥ္က မဘသ ဥကၠ႒ ဆရာေတာ္ႀကီးပုံပါၿပီး ေဘးႏွစ္ဘက္၌ တျခားသံဃာ ၂ ပါးစီ ၿခံရံထားပါသည္။ထိုသတင္းကို မဘသ ျပန္ၾကားေရးတာဝန္ခံ ဆရာေတာ္အား ဖုန္းျဖင့္ေျပာျပရာ၊ ထိုမ်ိဳးေစာင့္ဥပေဒ ေအာင္ပြဲ တရားေဟာမည့္ အစီအစဥ္ကို ျပန္ၾကားေရးတာဝန္ခံ ဆရာေတာ္လည္းမသိ၊ မဘသ ဥကၠ႒ ဆရာေတာ္လည္း မသိဟု ျပန္ၾကားေရးတာဝန္ခံက ျပန္ေျဖပါသည္။

မ်ိဳးေစာင့္ဥပေဒ ေအာင္ပြဲ တရားပြဲ က်င္းပသည့္ေန႔တြင္ ဗြီႏိုင္းတြင္ပါသည့္ ဘုန္းႀကီး ၂ ပါးသာ ႂကြလာၿပီး က်န္တစ္ပါးကား ဗြီႏိုင္း၌ မပါသည့္ သံဃာျဖစ္ေနပါသည္။တရားပြဲသို႔ အနီးဝန္းက်င္ရွိ ႐ြာမ်ားမွ ႐ြာသူ႐ြာသားမ်ားကို သက္ဆိုင္ရာ ႐ြာဘုန္းႀကီးက ဦးေဆာင္ေခၚလာပါသည္။ကြင္းလုံးျပည့္ ေနရာယူထားေသာ ႐ြာသူ႐ြာသားမ်ားကို အဖြဲ႕တစ္ဖြဲ႕က တစ္ေယာက္လွ်င္ တစ္ေသာင္းတန္ အသစ္စက္စက္ တစ္႐ြက္စီ ေဝငွေပးပါသည္။တရားေဟာ ကိုယ္ေတာ္မ်ားက အင္အယ္လ္ဒီကို မဲမေပးနဲ႔ တိုက္႐ိုက္မေဟာေသာ္လည္း ထိုသေဘာေဆာင္ပါသည္ဟု ျပန္ေျပာျပၾကပါသည္။တရားပြဲလာသူမ်ားသည္ တရားပြဲမွ အျပန္တြင္ ရထားေသာ အသစ္စက္စက္ တစ္ေသာင္းတန္မ်ားကိုင္ကာ ေဈးဝယ္ၿပီး ေပ်ာ္႐ႊင္စြာျပန္သြားၾကပါသည္။ေနာက္ေန႔တြင္ ထိုၿမိဳ႕ေလး၏ လမ္းဆုံလမ္းခြမ်ားတြင္ စာ႐ြက္မ်ား အထပ္လိုက္ အထုတ္လိုက္ ခ်ထားသည္ကို ေတြ႕ရသူမ်ားက သူတစ္႐ြက္ငါတစ္႐ြက္ ေကာက္ယူၾကပါသည္။

စာေရးသူလည္း တစ္႐ြက္ေကာက္ယူခဲ့ပါသည္။ထိုစာ႐ြက္ေပၚတြင္ ေရးထားသည္မ်ားကို မွတ္မိသမွ် ျပန္ေရးျပရမည္ဆိုလွ်င္ - တိုင္းျပည္ကို ေခ်ာက္ထဲမက်ေစဖို႔ ကယ္ခဲ့သူ ဗိုလ္ေနဝင္း ဆိုတာ မေမ့ၾကပါနဲ႔။ေဒါင္းေလးကိုေတာ့ အေနာက္ဘက္အရပ္ကို ပ်ံပါေစ။လႊတ္ေပးလိုက္ၾကပါေတာ့။ငပုေတာ သားေလး --- ကို မဲေပးၾကပါ စသည့္စာမ်ားကို ေရးသားထားပါသည္။တစ္ေသာင္းတန္ အသစ္စက္စက္မ်ားစြာ ေပးေဝႏိုင္သည့္အဖြဲ႕၊ ေနာက္တစ္ေန႔တြင္ ေဒါင္းေလးကို အေနာက္အရပ္ ႏွင္ေစလိုသည့္ အဖြဲ႕သည္ မည္သည့္အဖြဲ႕ ျဖစ္မည္နည္း။လူထုက ဆက္စပ္ေတြးေတာ သိႏိုင္ပါသည္။ထိုၿမိဳ႕နယ္တြင္ ၂၀၁၅ ေ႐ြးေကာက္ပြဲ၌ အင္အယ္လ္ဒီ ေသာင္ၿပိဳကမ္းၿပိဳႏိုင္ခဲ့ပါသည္။ေဒၚေအာင္ဆန္းစုၾကည္ ဟာ ကြၽန္မအတြက္ ၿပိဳင္ဘက္ေကာင္းပါဟု ေျပာဆိုမဲဆြယ္ခဲ့သည့္ ပါတီတစ္ခု၏ ကိုယ္စားလွယ္ကား ထိုၿမိဳ႕နယ္တြင္ မဲတစ္မဲသာ ရခဲ့သည္။

ကမာ႐ြတ္ၿမိဳ႕နယ္ရွိ ရပ္ကြက္တစ္ခုတြင္ အမ်ိဳးသားေရးဆရာေတာ္ ေဟာမည့္တရားပြဲကို ဖ်က္လိုက္သူမ်ားက အင္အယ္လ္ဒီမ်ား မဟုတ္ပါ။ရပ္ကြက္လူငယ္မ်ား ျဖစ္ၾကပါသည္။ရန္ကုန္ႏွင့္ လက္တစ္ကမ္းၿမိဳ႕ေလးတြင္ ေ႐ြးေကာက္ပြဲမတိုင္မီ မ်ိဳးေစာင့္ေအာင္ပြဲကို အေၾကာင္းျပ လူစုေစၿပီး တစ္ေယာက္ တစ္ေသာင္း ေဝေပးခဲ့ေစကာမူ ထိုနယ္တခြင္ တစ္ခုေသာ ႐ြာတစ္႐ြာမွလြဲ၍ ေတာေရာၿမိဳ႕ေပၚပါ အင္အယ္လ္ဒီ ဝက္ဝက္ကြဲ မဲႏိုင္ခဲ့ပါသည္။

ပါတီတစ္ခုကို လူထုခ်စ္ခင္ ယုံၾကည္လွ်င္ ထိုပါတီေရွ႕မွ ဆူးေျငာင့္ခလုတ္မ်ားကို လူထုက ဖယ္ေပးပါသည္။အင္အယ္လ္ဒီကို လူထုေထာက္ခံေနသည္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေန၍ ဆိုသည့္ အေၾကာင္းတစ္ေၾကာင္းတည္းေၾကာင့္ မဟုတ္ပါ။မတရားဖိႏွိပ္ခံေနရသည့္ ပါတီ၊ မတရားညႇဥ္းပန္းႏွိပ္စက္ခံေနရသည့္ ပါတီ၊ ျပည္သူအတြက္ အနာခံရပ္တည္ေပးေနသည့္ပါတီ ဟူေသာ အသိျဖင့္ လူထုက အင္အယ္လ္ဒီကို ခ်စ္ခင္ယုံၾကည္ သနားေသာေၾကာင့္ ျဖစ္ပါသည္။ယခု အင္အယ္လ္ဒီ အာဏာရလာခ်ိန္တြင္ တခ်ိဳ႕အင္အယ္လ္ဒီ အမတ္မ်ား အခ်ိဳးမေျပၾကေၾကာင္း တခ်ိဳ႕ဝန္ခ်ဳပ္ ဝန္ႀကီးမ်ား အလုပ္ပီပီျပင္ျပင္ မလုပ္ႏိုင္ေၾကာင္း၊ တခ်ိဳ႕ အင္အယ္လ္ဒီ ပါတီဝင္မ်ား အခ်ိဳးမေျပေၾကာင္း ေတြ႕လာသည္ႏွင့္ ျပည္သူက ဒဏ္ခတ္ေတာ့သည္။၂၀၁၇ ႏွင့္ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ႏွစ္ခုစလုံးတြင္ အင္အယ္လ္ဒီသည္ ယခင္ရခဲ့သည့္ ေသာင္ၿပိဳကမ္းၿပိဳ မဲရလဒ္ကို မရခဲ့ေပ။

မၾကာမီက ျပည္ခိုင္ၿဖိဳးပါတီက သတင္းစာရွင္းပြဲ လုပ္ခဲ့သည္။ထိုပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီမွ တာဝန္ရွိသူတခ်ိဳ႕က ျပည္ခိုင္ၿဖိဳးသည္ သူခိုးပါတီမဟုတ္။ဟုတ္ခဲ့လွ်င္ ယူခဲ့သူ တစ္ဦးခ်င္းကို တရားစြဲပါဟု ဆိုေနပါသည္။

ထိုသတင္းစာရွင္းၿပီးေနာက္ ေဖ့စ္ဘုတ္ေပၚတြင္ ျပည့္ခိုင္ၿဖိဳးပါတီကို ေမးေသာပို႔စ္မ်ား တက္လာခဲ့သည္။ျပည္ခိုင္ၿဖိဳး တာဝန္ရွိသူမ်ား ဖတ္ရႈၾကပါကုန္။ျပည္ခိုင္ၿဖိဳး ဘာမွ မေတာ္မတရား ယူမထားသည့္အတြက္ ေဖာ္ျပပါ ေဖ့စ္ဘုတ္စာမ်ားကို ျပန္လည္ေျဖရွင္းမည္ဟု ျပည္သူအားလုံးက ယုံၾကည္ေစာင့္ေမွ်ာ္ေနၾကပါသည္။သို႔မဟုတ္ပါက သက္ဆိုင္ရာ အေကာင့္ပိုင္ရွင္မ်ားအား ျပည္ခိုင္ၿဖိဳးအေပၚ အသေရပ်က္ေစမႈျဖင့္ တန္းစီတရားစြဲေစခ်င္သည္။

မည္သည့္ပါတီ၊ ႏိုင္ငံေရးပါတီမဆို လူထုကို အထင္မေသးရန္ လိုပါသည္ ……။

ခင္ႏွင္းဦး
ေဖေဖာ္ဝါရီ - ၂၈