【 ဆောင်းပါး 】 ပါတီသည်သာ အဓိက

【 ဆောင်းပါး 】 ပါတီသည်သာ အဓိက

ရှစ်လေးလုံးအရေးတော်ကြီး၏ ရလဒ်တစ်ခုအဖြစ် ၁၉၉၀ ပြည့်နှစ် မေလတွင် ရွေးကောက်ပွဲကျင်းပခဲ့သည်။၁၉၆၀ ပြည့်နှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း ပါတီစုံပါဝင်သော ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲဖြစ်သည်။ရှစ်လေးလုံးအရှိန်ကြီးကလည်း ဆက်လက်တည်ရှိနေဆဲအချိန်မို့ တစ်နိုင်ငံလုံး အုံးအုံးထ ပြည်သူ့ဆန္ဒကို ပြခဲ့ကြသည်။

ထိုအချိန်တွင် ကျနော်က ၁၆ နှစ်ပြည့်ရုံသာမို့ မဲပေးခွင့်မရ။ထို့ပြင်ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် မုံရွာထောင်ထဲ အကျဉ်းကျနေသည့်အတွက် ၁၉၉၀ ရွေးကောက်ပွဲအကြာင်း ဘာမှမသိလိုက်။ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြတ်သားစွာအနိုင်ရရှိကြောင်း သိလိုက်ချိန်တွင် မုံရွာထောင်ထဲ လက်သီးလက်မောင်းတန်းခဲ့သည်။ထို့ပြင် တက်လာတော့မည့် ပြည်သူ့အစိုးရအကြောင်း အိပ်မက်တွေ ဘာတွေမက်၊ မနက်ဖြန်ပဲ လွတ်တော့မှာလိုလို စိတ်ကူးတွေအပြတ်ယဉ်လို့။ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပေါ်  ဆက်ဆံရေးချိုမြလာသည်ကိုလည်း မှတ်မိသေးသည်။

နောက်ထပ် ၁၈ နှစ်ကြာခဲ့သည်။၁၈ နှစ် ဆိုသည်မှာ အာဏာရှင်တို့၏ လူမဆန်ဆုံး ၁၈ နှစ်မို့ ခက်ခက်ခဲခဲဖြတ်ခဲ့ရသည့် ၁၈ နှစ်ဖြစ်သည်။၂၀၀၈ ခုနှစ်တွင် မဲပေးခွင့်နှင့် နောက်တစ်ကြိမ်ကြုံရသည်။ရွေးကောက်ပွဲတော့မဟုတ်၊ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲ။လူသိန်းနှင့်ချီ သေဆုံးသွားခြင်းနှင့် ဘဝပေါင်းအလီလီ ဘ၀ပျက်ခဲ့ခြင်းများကို မျက်ကွယ်ပြုကာ ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲလည်းဖြစ်သည်။ကျနော့်ဘဝတစ်လျှောက် ပထမဆုံးအကြိမ် ပေးခွင့်ရသော မဲလည်းဖြစ်သည်။မနက်စောစောထ မဲရုံသို့သွားကာ ပြတ်သားစွာ ကြက်ခြေခတ်ခဲ့သော အသည်းကြားက မဲတစ်ပြားဖြစ်သည်။

မိတ်ဆွေတချို့က လုံးဝမဲသွားမပေး။သူတို့က သူတို့၏မဲမှာ လက်တွေ့ကျစွာဖြင့် အမှန်အတိုင်း အထမြောက်မည်ဟု မယုံကြည်သဖြင့် မပေးခြင်းဟုဆိုသည်။ကျနော့်အမြင်က သူတို့နှင့်မတူ။ကျနော့်ကိုယ်ကျနော် လိပ်ပြာသန့်ချင်သူမို့ မိမိ၏ ယုံကြည်ချက်အတိုင်း ကြက်ခြေသွားခတ်ခြင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ် ကိုယ့်ကြက်ခြေခတ်အတွက် ကိုယ့်ဘာသာ စိတ်ကျေနပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

နောက်ထပ်သိပ်မကြာ၊ ၂၀၁၀ ပြည့်နှစ်ရောက်တော့ မဲပေးခွင့် ထပ်ရပြန်သည်။ဒီတစ်ခါကတော့ ဒီမိုကရေစီဟု ခေါင်းစဉ်တပ်ထားသော အထွေထွေရွေးကောက်ပွဲ။ချည်ပြီးတုပ်ပြီးသား၊ အသေအချာ အကွက်ချထားပြီးသား၊ ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက ရွေးကောက်ပြီးသားသော ရွေးကောက်ပွဲ။။ထို့ကြောင့် ကျနော် မဲမပေး။သို့သော်၊ ကျနော်က သတင်းအယ်ဒီတာမို့ ရွေးကောက်ပွဲ သတင်းရယူရန် ကွင်းဆင်းရသည်။ဒီမိုကရေစီဟုဆိုသော ရွေးကောက်ပွဲကြီးက မဲရုံဓာတ်ပုံကိုတောင် ခိုးကြောင်ခိုးဝှက်ရိုက်ရ။ပြည်သူများနှင့် တွေ့ဆုံခန်းကို ဝင်ရောက်ဟန့်တားခံရ။တစ်နေကုန် ကြိုးစားပမ်းစား သတင်းရယူထားသမျှ စာပေကင်ပေတိုင်စခန်းက ရွေးကောက်ပွဲအကြာင်း ကျန်တယ်ဆိုရုံလေး ကျန်အောင် အတုံးလိုက်အတစ်လိုက် ခုတ်ထစ်ခံရ၊ ကြိုတင်မဲဆိုတာကြီးက မြန်မာအနှံ့ ကမ္ဘာအနှံ့ကျော်ကြားခဲ့သော်လည်း ကျနော်တို့၏ ဂျာနယ်စာမျက်နှာထက် ဖော်ပြခွင့်မရခဲ့သည်အထိ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်သည်။

သို့သော်၊ ကျနော် မဲမပေးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲမှသည် စိတ်ကျေနပ်မှုတစ်ခုရခဲ့သည်။ယင်းမှာ ကျနော့်ဇာတိမြေ ဘီလူးကျွန်း (ချောင်းဆုံ) တွင် မွန်ပါတီ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။ထိုအချိန်က ရွေးကောက်ပွဲဝင်ခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် တစ်နေရာ စုစုပေါင်း ၃ နေရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။တစ်နိုင်ငံလုံးအနှံ့ ပြည်ခိုင်ဖြိုးသာ သောက်သောက်လဲနိုင်နေသည့်အချိန်တွင် မွန်တိုင်းရင်းသားပါတီက ၃ နေရာ အနိုင်ရခြင်းသည် ကျနော့်အတွက် ကိုယ့်ဇာတိမြေကိုယ် အထင်တကြီးဖြစ်ခဲ့ရသည်။

၂၀၁၀ ရွေးကောက်ပွဲမှသည် ပြည်သူရှေ့ မတ်မတ်ရပ်ခဲ့သော လွှတ်တော်အမတ်အနည်းငယ်ကို တွေ့ခဲ့ရသည်။ဥပမာ - ကျနော်တို့ဇာတိမြေတွင်ဆို မွန်အမတ် ဒေါက်တာအောင်နိုင်ဦး။၂၀၁၀ အလွန်ကာလ၊ အားလုံး၏အမြင်တွင် အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်သေးသည်ဟုမှတ်ကာ သတိရှိနေသေးသည့်အချိန်၌ သူရွံ့ရွံ့ချွန်ကာ ပြည်သူအတွက် သူခံတိုက်ခဲ့သည်။

တကယ်တော့ ဒေါက်တာအောင်နိုင်ဦးသည် အများထက် ပိုထူးကဲသော နိုင်ငံရေးဖြတ်သန်းမှုမရှိ။အများကျလောက်အောင် ပြောနိုင်ဟောနိုင်သော စွမ်းရည်မရှိ၊ အများထက် အနည်းငယ်ရုပ်ပြကောင်းသည်မှာ တိမွေးကု ဒေါက်တာဘွဲ့ရ ဆိုသည်သာ။ပြောချင်တာက ပြည်သူတို့၏ ၎င်းအပေါ် ရွေးချယ်မှုမှာ သူ့တစ်ဦးချင်း စွမ်းရည်အပေါ် ယုံကြည်ခြင်းထက် ‘ငါတို့မွန်ပါတီ ငါတို့မဲပေးရမည်’ ဆိုသည့် အသိကြောင့်သာဖြစ်သည်။ထား။

၂၀၁၀ မှသည် ၂၀၁၅ ရွေးကောက်ပွဲသို့ ရောက်သည်။ပြည်သူအများစုမှာ ပြတ်ပြတ်သားသား ဒီချုပ်ကို ပုံအောခဲ့သည်။ကျနော့်အတွက် ပထမဆုံးအကြိမ် မဲပေးခဲ့သော ရွေးကောက်ပွဲဖြစ်သလို အများနည်းတူ ပါတီကိုသာကြည့်ကာ ကိုယ့်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်အမည်များကို သိသည်ဆိုရုံမျှဖြင့် မဲပေးခဲ့ခြင်းဖြစ်သည်။

ပါတီချင်း မည်သို့မျှမယှဉ်သာသော ပါတီတချို့က လူပုဂ္ဂိုလ်ကောင်းခြင်းကိုသာကြည့်၍ မဲပေးရန် လှုံ့ဆော်ကြသည်။သူတို့၏ လှုံ့ဆော်သံဆိုလိုရင်းမှာ သူတို့အမတ်လောင်းများ အရည်အသွေးတောက်ပြောင်နေသကဲ့သို့ပင်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျနော်သိသော အမတ်လောင်းတစ်ဦးဆိုလျှင် အများအမြင်တွင် လေးစားအားကျစရာကောင်းလောက်အောင်ပင် ဘွဲ့ဒီဂရီအထပ်လိုက် ပိုင်ဆိုင်ထားသူဖြစ်သည်။နောက်ထပ် သူပိုင်ဆိုင်သောအထပ်လိုက်မှာ အကြွေးများဖြစ်ပြီး သူမက်မက်စက်စက်ဖြစ်နေသော အရသာမှာ ငွေနှင့် မိန်းမသာလျှင် ဖြစ်သည်။သို့သော်၊ သာမန်ပြည်သူတိုင်းသည် သူ့အတွင်းရေးကို သေချာမသိနိုင်။သာမန်ပြည်သူတိုင်းသည် အမတ်လောင်းတို့ ထုတ်ပြသောအပိုင်းကိုသာ အဓိကမြင်ရပြီး သူတို့မထုတ်ပြသော အပိုင်းကို သေချာမြင်နိုင်ရန်မလွယ်။ထို့ကြောင့် ကျနော်သိသော အဆိုပါအမတ်လောင်းအပေါ် ပြည်သူတို့မြင်ရသည်မှာ ဘွဲ့ဒီဂရီအထပ်လိုက်နှင့် စာတတ်ပေတတ် ပညာတတ်ကြီးသာလျှင်ဖြစ်သည်။ဒါကို နောက်တစ်နည်းပြောရသော် လူကိုအပေါ်ယံကြည့်ပြီး ရွေးမည်ဆိုလျှင် သိပ်မျက်စိကျစရာကောင်းသည့် ပုဂ္ဂိုလ်မျိုးဖြစ်သည်။ထို့ကြောင့် ထိုပုဂ္ဂိုလ်များ ရွေးချယ်ခံရမည်လားဟု ဘုရားတတတဖြင့် ကျနော်စောင့်ကြည့်ခဲ့သည်။သို့သော်၊ ပြည်သူတို့က ပါတီကိုသာကြည့်ပြီး မဲပေးခဲ့သဖြင့် ကျနော့်ဆုတောင်း ပြည့်ခဲ့သည်။

ဆိုတော့၊ အမတ်လောင်း အရည်အသွေးကို မည်သို့အကဲဖြတ်မည်နည်း။အမတ်လောင်းတို့၏ နိုင်ငံရေးဖြတ်သန်းမှုကိုကြည့်ပြီး အကဲဖြတ်မည်လား။ပညာအရည်အချင်းကို ကြည့်ရမည်လား။ကြွယ်ဝချမ်းသာမှုကို ကြည့်ရမည်လား၊ ဥပဓိကောင်းခြင်းကို ကြည့်ရမည်လား။အမတ်လောင်း ခဏတဖြုတ်ပြောသော မဲဆွယ်စည်းရုံးစကားအပေါ် အကဲဖြတ်ရမည်လား။
အထက်ပါ အစုစုတို့ကို ပေါင်းစုကြည့် အကဲဖြတ်လျှင်ရော ရာခိုင်နှုန်းမည်မျှ မှန်ကန်မည်နည်း။

ကျနော်မြင်မိသော ရွေးကောက်ပွဲနှစ်ဆက် အတွေ့အကြုံများအရ ပြောရမည်ဆိုပါက အထက်ပါ အကဲဖြတ်ချက်များမှာ အပေါ်ယံကျပြီး မသေချာသော အကဲဖြတ်ချက်များသာလျှင် ဖြစ်သည်။ကျိန်းသေပေါက် သေချာတာက ရေထဲပစ်ချပြီးကြည့်သည့် နည်းသာဖြစ်သည်။ဆိုလိုတာက အမတ်လောင်းတစ်ယောက်အမတ် ဖြစ်သွားပြီးနောက် အမတ်ဘဝ သူ့စွမ်းဆောင်ရည်ကိုကြည့်ခြင်းက မိမိရွေးချယ်လိုက်သောအမတ် မည်မျှစွမ်းဆောင်ရည်ရှိကြောင်း သိသာထင်ရှားပေလိမ့်မည်။

သို့သော်၊ မိမိရွေးချယ်လိုက်သောအမတ် မည်မျှစွမ်းဆောင်ရည်ကောင်းသည်ဖြစ်စေ၊ တစ်ဦးတည်း စွမ်းဆောင်ရည်ကို ကန့်သတ်ထားမှုကများစွာရှိသည်။ဥပမာ - လွှတ်တော်တွင်း မိမိ၏အဆိုသည် မည်မျှကောင်းနေသည်ဖြစ်စေ၊ အတည် ပြု၊ မပြု ဆိုသည်မှာ လွှတ်တော်ကို လွှမ်းမိုးထားသော အင်အားစု၏ သဘောထားသာလျှင်ဖြစ်သည်။ထို့ပြင် မိမိ၏ဆောင်ရွက်ချက်များသည် မိမိပါတီ၏ နိုင်ငံရေးရပ်တည်ချက်အပေါ် အခြေခံရခြင်းကလည်း မည်သူမျှငြင်းမရသောတရားဖြစ်သည်။

ထိုသို့ဆို၍ အမတ်လောင်းတို့၏ အရည်အချင်းကို ပြည်သူတို့ ဆန်းစစ်စရာမလို၊ ပါတီပုံရိပ်ကိုသာကြည့်ပြီး မဲပေးကြရမည်လားဆိုတော့ မဟုတ်ပြန်။မည်သို့သောပုံရိပ်ကောင်းသည့် ပါတီမဆို မိမိအမတ်လောင်းတို့၏ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းမှုကို အထူးဂရုပြုရပေမည်။ယင်းမှသာ မိမိပါတီ၏ ပုံရိပ်မှာ ဆက်လက်အားကောင်းလာမည်ဖြစ်သလို ပြည်သူ့ထောက်ခံမှုလည်း ဆက်တက်လာမည်ဖြစ်၍ လူကောင်းများမွေးမြူခြင်းနှင့် လူကောင်းများကို ပွဲထုတ်နိုင်ခြင်းသည် ပါတီတိုင်း၏ မလွဲမသွေကိစ္စဖြစ်သည်။

သို့သော်၊ ယနေ့ထိတိုင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင်လျှင် ပါတီတစ်ရပ်ရပ်ကို ထောက်ခံခြင်းအရ (သို့မဟုတ်) ပါတီကိုကြည့် မဲပေးခြင်းသည် ဆက်လက်အားကောင်းနေဆဲဖြစ်သည်။ချွင်းချက်အနေနှင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ စွမ်းဆောင်ရည်ကောင်းမှုကို အသေအချာသိသဖြင့် ရွေးချယ်မှုများရှိသော်လည်း အဓိကရွေးချယ်မှုမှာ ပါတီကိုသာကြည့်ခြင်းဖြစ်သည်။

ဘာ့ကြောင့် ပါတီကိုသာကြည့်ပြီး မဲပေးကြသနည်း။တိုင်းပြည်၏ အရွေ့တစ်ခုကို ပါတီတစ်ရပ်၏ မူဝါဒလမ်းစဉ်ကသာ ဖန်တီးနိုင်သောကြောင့်ဖြစ်သည်။ထို့ပြင် နိုင်ငံရေးဆိုသည်မှာ အစုအဖွဲ့အင်အားဖြင့်သာ တံခါးအချပ်ချပ်ကို တွန်းဖွင့်ရခြင်းနှင့် ပါတီတစ်ရပ်၏ မျိုးရင်းဗီဇ ကောင်း၊ မကောင်းသည် တစ်ဦးချင်းစွမ်းဆောင်ရည်ထက် များစွာအရေးပါသောကြောင့်လည်းဖြစ်သည်။

ဘယ်ပါတီက ဒီမိုကရေစီလဲ၊ ဘယ်ပါတီက ခါတော်မှီဒီမိုကရေစီနေသလဲ။ပြည်သူတို့၏ ဒီမိုကရေစီအိပ်မက်ကို မည်သို့သောပါတီကသာ ဆောင်ကြဉ်းနိုင်မည်လဲ။ကျွန်ုပ်တို့၏ အကဲဖြတ်ဖော်ဆောင်နိုင်စွမ်းသည် ကျွန်ုပ်တို့၏ အနာဂတ်လည်းဖြစ်သည်။

လင်းဆက်ငြိမ်းချမ်း
နို၀င်ဘာ - ၂၃

( Zawgyi )

ရွစ္ေလးလုံးအေရးေတာ္ႀကီး၏ ရလဒ္တစ္ခုအျဖစ္ ၁၉၉၀ ျပည့္ႏွစ္ ေမလတြင္ ေ႐ြးေကာက္ပြဲက်င္းပခဲ့သည္။၁၉၆၀ ျပည့္ႏွစ္ေနာက္ပိုင္း ႏွစ္ေပါင္း ၃၀ အတြင္း ပါတီစုံပါဝင္ေသာ ပထမဆုံးအႀကိမ္ အေထြေထြေ႐ြးေကာက္ပြဲျဖစ္သည္။ရွစ္ေလးလုံးအရွိန္ႀကီးကလည္း ဆက္လက္တည္ရွိေနဆဲအခ်ိန္မို႔ တစ္ႏိုင္ငံလုံး အုံးအုံးထ ျပည္သူ႔ဆႏၵကို ျပခဲ့ၾကသည္။

ထိုအခ်ိန္တြင္ က်ေနာ္က ၁၆ ႏွစ္ျပည့္႐ုံသာမို႔ မဲေပးခြင့္မရ။ထို႔ျပင္ေ႐ြးေကာက္ပြဲက်င္းပသည့္အခ်ိန္တြင္ မုံ႐ြာေထာင္ထဲ အက်ဥ္းက်ေနသည့္အတြက္ ၁၉၉၀ ေ႐ြးေကာက္ပြဲအၾကာင္း ဘာမွမသိလိုက္။ေ႐ြးေကာက္ပြဲအၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပတ္သားစြာအႏိုင္ရရွိေၾကာင္း သိလိုက္ခ်ိန္တြင္ မုံ႐ြာေထာင္ထဲ လက္သီးလက္ေမာင္းတန္းခဲ့သည္။ထို႔ျပင္ တက္လာေတာ့မည့္ ျပည္သူ႔အစိုးရအေၾကာင္း အိပ္မက္ေတြ ဘာေတြမက္၊ မနက္ျဖန္ပဲ လြတ္ေတာ့မွာလိုလို စိတ္ကူးေတြအျပတ္ယဥ္လို႔။ေထာင္အာဏာပိုင္မ်ားက ႏိုင္ငံေရးအက်ဥ္းသားမ်ားအေပၚ  ဆက္ဆံေရးခ်ိဳျမလာသည္ကိုလည္း မွတ္မိေသးသည္။

ေနာက္ထပ္ ၁၈ ႏွစ္ၾကာခဲ့သည္။၁၈ ႏွစ္ ဆိုသည္မွာ အာဏာရွင္တို႔၏ လူမဆန္ဆုံး ၁၈ ႏွစ္မို႔ ခက္ခက္ခဲခဲျဖတ္ခဲ့ရသည့္ ၁၈ ႏွစ္ျဖစ္သည္။၂၀၀၈ ခုႏွစ္တြင္ မဲေပးခြင့္ႏွင့္ ေနာက္တစ္ႀကိမ္ႀကဳံရသည္။ေ႐ြးေကာက္ပြဲေတာ့မဟုတ္၊ ၂၀၀၈ အေျခခံဥပေဒ ဆႏၵခံယူပြဲ။လူသိန္းႏွင့္ခ်ီ ေသဆုံးသြားျခင္းႏွင့္ ဘဝေပါင္းအလီလီ ဘ၀ပ်က္ခဲ့ျခင္းမ်ားကို မ်က္ကြယ္ျပဳကာ ျပဳလုပ္ခဲ့ေသာ ဆႏၵခံယူပြဲလည္းျဖစ္သည္။က်ေနာ့္ဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ေပးခြင့္ရေသာ မဲလည္းျဖစ္သည္။မနက္ေစာေစာထ မဲ႐ုံသို႔သြားကာ ျပတ္သားစြာ ၾကက္ေျခခတ္ခဲ့ေသာ အသည္းၾကားက မဲတစ္ျပားျဖစ္သည္။

မိတ္ေဆြတခ်ိဳ႕က လုံးဝမဲသြားမေပး။သူတို႔က သူတို႔၏မဲမွာ လက္ေတြ႕က်စြာျဖင့္ အမွန္အတိုင္း အထေျမာက္မည္ဟု မယုံၾကည္သျဖင့္ မေပးျခင္းဟုဆိုသည္။က်ေနာ့္အျမင္က သူတို႔ႏွင့္မတူ။က်ေနာ့္ကိုယ္က်ေနာ္ လိပ္ျပာသန႔္ခ်င္သူမို႔ မိမိ၏ ယုံၾကည္ခ်က္အတိုင္း ၾကက္ေျခသြားခတ္ျခင္းျဖစ္သည္။ဘာပဲျဖစ္ျဖစ္ ကိုယ့္ၾကက္ေျခခတ္အတြက္ ကိုယ့္ဘာသာ စိတ္ေက်နပ္ခဲ့သည္မွာ ယေန႔တိုင္ျဖစ္သည္။

ေနာက္ထပ္သိပ္မၾကာ၊ ၂၀၁၀ ျပည့္ႏွစ္ေရာက္ေတာ့ မဲေပးခြင့္ ထပ္ရျပန္သည္။ဒီတစ္ခါကေတာ့ ဒီမိုကေရစီဟု ေခါင္းစဥ္တပ္ထားေသာ အေထြေထြေ႐ြးေကာက္ပြဲ။ခ်ည္ၿပီးတုပ္ၿပီးသား၊ အေသအခ်ာ အကြက္ခ်ထားၿပီးသား၊ ေ႐ြးေကာက္ပြဲ မက်င္းပခင္ကတည္းက ေ႐ြးေကာက္ၿပီးသားေသာ ေ႐ြးေကာက္ပြဲ။။ထို႔ေၾကာင့္ က်ေနာ္ မဲမေပး။သို႔ေသာ္၊ က်ေနာ္က သတင္းအယ္ဒီတာမို႔ ေ႐ြးေကာက္ပြဲ သတင္းရယူရန္ ကြင္းဆင္းရသည္။ဒီမိုကေရစီဟုဆိုေသာ ေ႐ြးေကာက္ပြဲႀကီးက မဲ႐ုံဓာတ္ပုံကိုေတာင္ ခိုးေၾကာင္ခိုးဝွက္႐ိုက္ရ။ျပည္သူမ်ားႏွင့္ ေတြ႕ဆုံခန္းကို ဝင္ေရာက္ဟန႔္တားခံရ။တစ္ေနကုန္ ႀကိဳးစားပမ္းစား သတင္းရယူထားသမွ် စာေပကင္ေပတိုင္စခန္းက ေ႐ြးေကာက္ပြဲအၾကာင္း က်န္တယ္ဆို႐ုံေလး က်န္ေအာင္ အတုံးလိုက္အတစ္လိုက္ ခုတ္ထစ္ခံရ၊ ႀကိဳတင္မဲဆိုတာႀကီးက ျမန္မာအႏွံ႔ ကမာၻအႏွံ႔ေက်ာ္ၾကားခဲ့ေသာ္လည္း က်ေနာ္တို႔၏ ဂ်ာနယ္စာမ်က္ႏွာထက္ ေဖာ္ျပခြင့္မရခဲ့သည္အထိ လြတ္လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္သည္။

သို႔ေသာ္၊ က်ေနာ္ မဲမေပးခဲ့ေသာ ၂၀၁၀ ေ႐ြးေကာက္ပြဲမွသည္ စိတ္ေက်နပ္မႈတစ္ခုရခဲ့သည္။ယင္းမွာ က်ေနာ့္ဇာတိေျမ ဘီလူးကြၽန္း (ေခ်ာင္းဆုံ) တြင္ မြန္ပါတီ ေအာင္ပြဲခံခဲ့ျခင္းျဖစ္သည္။ထိုအခ်ိန္က ေ႐ြးေကာက္ပြဲဝင္ခဲ့ေသာ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီမွ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္နယ္လႊတ္ေတာ္ တစ္ေနရာ စုစုေပါင္း ၃ ေနရာ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။တစ္ႏိုင္ငံလုံးအႏွံ႔ ျပည္ခိုင္ၿဖိဳးသာ ေသာက္ေသာက္လဲႏိုင္ေနသည့္အခ်ိန္တြင္ မြန္တိုင္းရင္းသားပါတီက ၃ ေနရာ အႏိုင္ရျခင္းသည္ က်ေနာ့္အတြက္ ကိုယ့္ဇာတိေျမကိုယ္ အထင္တႀကီးျဖစ္ခဲ့ရသည္။

၂၀၁၀ ေ႐ြးေကာက္ပြဲမွသည္ ျပည္သူေရွ႕ မတ္မတ္ရပ္ခဲ့ေသာ လႊတ္ေတာ္အမတ္အနည္းငယ္ကို ေတြ႕ခဲ့ရသည္။ဥပမာ - က်ေနာ္တို႔ဇာတိေျမတြင္ဆို မြန္အမတ္ ေဒါက္တာေအာင္ႏိုင္ဦး။၂၀၁၀ အလြန္ကာလ၊ အားလုံး၏အျမင္တြင္ အခ်ိန္မေ႐ြးတစ္ခုခုျဖစ္သြားႏိုင္ေသးသည္ဟုမွတ္ကာ သတိရွိေနေသးသည့္အခ်ိန္၌ သူ႐ြံ႕႐ြံ႕ခြၽန္ကာ ျပည္သူအတြက္ သူခံတိုက္ခဲ့သည္။

တကယ္ေတာ့ ေဒါက္တာေအာင္ႏိုင္ဦးသည္ အမ်ားထက္ ပိုထူးကဲေသာ ႏိုင္ငံေရးျဖတ္သန္းမႈမရွိ။အမ်ားက်ေလာက္ေအာင္ ေျပာႏိုင္ေဟာႏိုင္ေသာ စြမ္းရည္မရွိ၊ အမ်ားထက္ အနည္းငယ္႐ုပ္ျပေကာင္းသည္မွာ တိေမြးကု ေဒါက္တာဘြဲ႕ရ ဆိုသည္သာ။ေျပာခ်င္တာက ျပည္သူတို႔၏ ၎အေပၚ ေ႐ြးခ်ယ္မႈမွာ သူ႔တစ္ဦးခ်င္း စြမ္းရည္အေပၚ ယုံၾကည္ျခင္းထက္ ‘ငါတို႔မြန္ပါတီ ငါတို႔မဲေပးရမည္’ ဆိုသည့္ အသိေၾကာင့္သာျဖစ္သည္။ထား။

၂၀၁၀ မွသည္ ၂၀၁၅ ေ႐ြးေကာက္ပြဲသို႔ ေရာက္သည္။ျပည္သူအမ်ားစုမွာ ျပတ္ျပတ္သားသား ဒီခ်ဳပ္ကို ပုံေအာခဲ့သည္။က်ေနာ့္အတြက္ ပထမဆုံးအႀကိမ္ မဲေပးခဲ့ေသာ ေ႐ြးေကာက္ပြဲျဖစ္သလို အမ်ားနည္းတူ ပါတီကိုသာၾကည့္ကာ ကိုယ့္ၿမိဳ႕နယ္မွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အမတ္အမည္မ်ားကို သိသည္ဆို႐ုံမွ်ျဖင့္ မဲေပးခဲ့ျခင္းျဖစ္သည္။

ပါတီခ်င္း မည္သို႔မွ်မယွဥ္သာေသာ ပါတီတခ်ိဳ႕က လူပုဂၢိဳလ္ေကာင္းျခင္းကိုသာၾကည့္၍ မဲေပးရန္ လႈံ႕ေဆာ္ၾကသည္။သူတို႔၏ လႈံ႕ေဆာ္သံဆိုလိုရင္းမွာ သူတို႔အမတ္ေလာင္းမ်ား အရည္အေသြးေတာက္ေျပာင္ေနသကဲ့သို႔ပင္။

၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက က်ေနာ္သိေသာ အမတ္ေလာင္းတစ္ဦးဆိုလွ်င္ အမ်ားအျမင္တြင္ ေလးစားအားက်စရာေကာင္းေလာက္ေအာင္ပင္ ဘြဲ႕ဒီဂရီအထပ္လိုက္ ပိုင္ဆိုင္ထားသူျဖစ္သည္။ေနာက္ထပ္ သူပိုင္ဆိုင္ေသာအထပ္လိုက္မွာ အေႂကြးမ်ားျဖစ္ၿပီး သူမက္မက္စက္စက္ျဖစ္ေနေသာ အရသာမွာ ေငြႏွင့္ မိန္းမသာလွ်င္ ျဖစ္သည္။သို႔ေသာ္၊ သာမန္ျပည္သူတိုင္းသည္ သူ႔အတြင္းေရးကို ေသခ်ာမသိႏိုင္။သာမန္ျပည္သူတိုင္းသည္ အမတ္ေလာင္းတို႔ ထုတ္ျပေသာအပိုင္းကိုသာ အဓိကျမင္ရၿပီး သူတို႔မထုတ္ျပေသာ အပိုင္းကို ေသခ်ာျမင္ႏိုင္ရန္မလြယ္။ထို႔ေၾကာင့္ က်ေနာ္သိေသာ အဆိုပါအမတ္ေလာင္းအေပၚ ျပည္သူတို႔ျမင္ရသည္မွာ ဘြဲ႕ဒီဂရီအထပ္လိုက္ႏွင့္ စာတတ္ေပတတ္ ပညာတတ္ႀကီးသာလွ်င္ျဖစ္သည္။ဒါကို ေနာက္တစ္နည္းေျပာရေသာ္ လူကိုအေပၚယံၾကည့္ၿပီး ေ႐ြးမည္ဆိုလွ်င္ သိပ္မ်က္စိက်စရာေကာင္းသည့္ ပုဂၢိဳလ္မ်ိဳးျဖစ္သည္။ထို႔ေၾကာင့္ ထိုပုဂၢိဳလ္မ်ား ေ႐ြးခ်ယ္ခံရမည္လားဟု ဘုရားတတတျဖင့္ က်ေနာ္ေစာင့္ၾကည့္ခဲ့သည္။သို႔ေသာ္၊ ျပည္သူတို႔က ပါတီကိုသာၾကည့္ၿပီး မဲေပးခဲ့သျဖင့္ က်ေနာ့္ဆုေတာင္း ျပည့္ခဲ့သည္။

ဆိုေတာ့၊ အမတ္ေလာင္း အရည္အေသြးကို မည္သို႔အကဲျဖတ္မည္နည္း။အမတ္ေလာင္းတို႔၏ ႏိုင္ငံေရးျဖတ္သန္းမႈကိုၾကည့္ၿပီး အကဲျဖတ္မည္လား။ပညာအရည္အခ်င္းကို ၾကည့္ရမည္လား။ႂကြယ္ဝခ်မ္းသာမႈကို ၾကည့္ရမည္လား၊ ဥပဓိေကာင္းျခင္းကို ၾကည့္ရမည္လား။အမတ္ေလာင္း ခဏတျဖဳတ္ေျပာေသာ မဲဆြယ္စည္း႐ုံးစကားအေပၚ အကဲျဖတ္ရမည္လား။
အထက္ပါ အစုစုတို႔ကို ေပါင္းစုၾကည့္ အကဲျဖတ္လွ်င္ေရာ ရာခိုင္ႏႈန္းမည္မွ် မွန္ကန္မည္နည္း။

က်ေနာ္ျမင္မိေသာ ေ႐ြးေကာက္ပြဲႏွစ္ဆက္ အေတြ႕အႀကဳံမ်ားအရ ေျပာရမည္ဆိုပါက အထက္ပါ အကဲျဖတ္ခ်က္မ်ားမွာ အေပၚယံက်ၿပီး မေသခ်ာေသာ အကဲျဖတ္ခ်က္မ်ားသာလွ်င္ ျဖစ္သည္။က်ိန္းေသေပါက္ ေသခ်ာတာက ေရထဲပစ္ခ်ၿပီးၾကည့္သည့္ နည္းသာျဖစ္သည္။ဆိုလိုတာက အမတ္ေလာင္းတစ္ေယာက္အမတ္ ျဖစ္သြားၿပီးေနာက္ အမတ္ဘဝ သူ႔စြမ္းေဆာင္ရည္ကိုၾကည့္ျခင္းက မိမိေ႐ြးခ်ယ္လိုက္ေသာအမတ္ မည္မွ်စြမ္းေဆာင္ရည္ရွိေၾကာင္း သိသာထင္ရွားေပလိမ့္မည္။

သို႔ေသာ္၊ မိမိေ႐ြးခ်ယ္လိုက္ေသာအမတ္ မည္မွ်စြမ္းေဆာင္ရည္ေကာင္းသည္ျဖစ္ေစ၊ တစ္ဦးတည္း စြမ္းေဆာင္ရည္ကို ကန႔္သတ္ထားမႈကမ်ားစြာရွိသည္။ဥပမာ - လႊတ္ေတာ္တြင္း မိမိ၏အဆိုသည္ မည္မွ်ေကာင္းေနသည္ျဖစ္ေစ၊ အတည္ ျပဳ၊ မျပဳ ဆိုသည္မွာ လႊတ္ေတာ္ကို လႊမ္းမိုးထားေသာ အင္အားစု၏ သေဘာထားသာလွ်င္ျဖစ္သည္။ထို႔ျပင္ မိမိ၏ေဆာင္႐ြက္ခ်က္မ်ားသည္ မိမိပါတီ၏ ႏိုင္ငံေရးရပ္တည္ခ်က္အေပၚ အေျခခံရျခင္းကလည္း မည္သူမွ်ျငင္းမရေသာတရားျဖစ္သည္။

ထိုသို႔ဆို၍ အမတ္ေလာင္းတို႔၏ အရည္အခ်င္းကို ျပည္သူတို႔ ဆန္းစစ္စရာမလို၊ ပါတီပုံရိပ္ကိုသာၾကည့္ၿပီး မဲေပးၾကရမည္လားဆိုေတာ့ မဟုတ္ျပန္။မည္သို႔ေသာပုံရိပ္ေကာင္းသည့္ ပါတီမဆို မိမိအမတ္ေလာင္းတို႔၏ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေကာင္းမႈကို အထူးဂ႐ုျပဳရေပမည္။ယင္းမွသာ မိမိပါတီ၏ ပုံရိပ္မွာ ဆက္လက္အားေကာင္းလာမည္ျဖစ္သလို ျပည္သူ႔ေထာက္ခံမႈလည္း ဆက္တက္လာမည္ျဖစ္၍ လူေကာင္းမ်ားေမြးျမဴျခင္းႏွင့္ လူေကာင္းမ်ားကို ပြဲထုတ္ႏိုင္ျခင္းသည္ ပါတီတိုင္း၏ မလြဲမေသြကိစၥျဖစ္သည္။

သို႔ေသာ္၊ ယေန႔ထိတိုင္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားတြင္ပင္လွ်င္ ပါတီတစ္ရပ္ရပ္ကို ေထာက္ခံျခင္းအရ (သို႔မဟုတ္) ပါတီကိုၾကည့္ မဲေပးျခင္းသည္ ဆက္လက္အားေကာင္းေနဆဲျဖစ္သည္။ခြၽင္းခ်က္အေနႏွင့္ လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္၏ စြမ္းေဆာင္ရည္ေကာင္းမႈကို အေသအခ်ာသိသျဖင့္ ေ႐ြးခ်ယ္မႈမ်ားရွိေသာ္လည္း အဓိကေ႐ြးခ်ယ္မႈမွာ ပါတီကိုသာၾကည့္ျခင္းျဖစ္သည္။

ဘာ့ေၾကာင့္ ပါတီကိုသာၾကည့္ၿပီး မဲေပးၾကသနည္း။တိုင္းျပည္၏ အေ႐ြ႕တစ္ခုကို ပါတီတစ္ရပ္၏ မူဝါဒလမ္းစဥ္ကသာ ဖန္တီးႏိုင္ေသာေၾကာင့္ျဖစ္သည္။ထို႔ျပင္ ႏိုင္ငံေရးဆိုသည္မွာ အစုအဖြဲ႕အင္အားျဖင့္သာ တံခါးအခ်ပ္ခ်ပ္ကို တြန္းဖြင့္ရျခင္းႏွင့္ ပါတီတစ္ရပ္၏ မ်ိဳးရင္းဗီဇ ေကာင္း၊ မေကာင္းသည္ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ထက္ မ်ားစြာအေရးပါေသာေၾကာင့္လည္းျဖစ္သည္။

ဘယ္ပါတီက ဒီမိုကေရစီလဲ၊ ဘယ္ပါတီက ခါေတာ္မွီဒီမိုကေရစီေနသလဲ။ျပည္သူတို႔၏ ဒီမိုကေရစီအိပ္မက္ကို မည္သို႔ေသာပါတီကသာ ေဆာင္ၾကဥ္းႏိုင္မည္လဲ။ကြၽႏ္ုပ္တို႔၏ အကဲျဖတ္ေဖာ္ေဆာင္ႏိုင္စြမ္းသည္ ကြၽႏ္ုပ္တို႔၏ အနာဂတ္လည္းျဖစ္သည္။

လင္းဆက္ၿငိမ္းခ်မ္း
ႏို၀င္ဘာ - ၂၃