【 ဆောင်းပါး 】 "နိုင်ငံအတွက် ဘယ်လိုအစိုးရမျိုးကို လိုအပ်နေသလဲ"

【 ဆောင်းပါး 】 "နိုင်ငံအတွက် ဘယ်လိုအစိုးရမျိုးကို လိုအပ်နေသလဲ"

ကမ္ဘာစစ်ကြီးကို တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့ မိဘနှစ်ပါးဟာ ဘဝကိုခက်ခဲပင်ပန်းစွာ ရုန်းကန်ခဲ့ရသူတွေဖြစ်တယ်။ဆင်းရဲပင်ပန်းဒဏ်ကို မခံနိုင်တဲ့အတွက် အဖေနဲ့ အမေဟာ အခြားသူတွေနဲ့အပြိုင် ကြိုးစားပြီး သူတို့ရဲ့မိသားစုဘဝကို တည်ဆောက်ခဲ့ကြတယ်။သားသမီးတွေမွေးဖွားလာတော့ ကလေးတွေရဲ့နောင်ရေးကို  မျှော်တွေးပြီး အရင်ကထက် နှစ်ဆတိုး စီးပွားရှာဖွေခဲ့ကြတယ်။ဒါကြောင့်လည်း ကျွန်တော်တို့ မောင်နှမတစ်တွေဟာ အချမ်းသာကြီးမဟုတ်တောင် ဘဝကို သက်တောင့်သက်သာနဲ့ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ဒါဟာ သားသမီးတွေရဲ့ ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ဘဝလုံခြုံမှုရရှိရေးကို အလေးထားဆောင်ရွက်ပေးခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးကြောင့်ပဲဖြစ်တယ်။မိဘတွေရဲ့ ကြီးမားတဲ့မေတ္တာတရားနဲ့ သားသမီးတွေရဲ့နောင်ရေးကို မျှော်တွေးပြီး ကြိုးပမ်းအားထုတ်ခဲ့တဲ့ အကျိုးရလဒ်ကို ကျွန်တော်တို့ မောင်နှမတစ်တွေ ရရှိခံစားခဲ့ကြရတာဖြစ်တယ်။

အဲဒီလိုပါပဲ။ဒီနေ့ခေတ်ကာလမှာ ကြီးပွားတိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံတွေက ပြည်သူပြည်သားတွေရဲ့ ဘဝကိုပဲကြည့်။သူတို့ရဲ့ဘဝဟာ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေတဲ့ နိုင်ငံတွေက ပြည်သူပြည်သားတွေရဲ့ ဘဝတွေနဲ့ တော့ များစွာသာလွန်လှပနေတာကို တွေ့ကြရမှာဖြစ်တယ်။တကယ်တော့ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားချမ်း သာနေကြတဲ့ နိုင်ငံတွေရဲ့သမိုင်းကိုကြည့်ရင် အစကတည်းက လှပနေခဲ့ကြတာမဟုတ်ပါဘူး။အခြားမကြည့်နဲ့။တစ်ချိန်က နေမဝင်အင်ပါယာဆိုတဲ့ အင်္ဂလန်နိုင်ငံတောင် ၁၀ ရာစုနှစ် မတိုင်ခင်လောက်က တိုင်းတစ်ပါးသား ရောမတွေရဲ့ စိုးမိုးမှုအောက်မှာ ရှိနေခဲ့တာ ဖြစ်တယ်။ဒီနေ့ခေတ် အင်္ဂလန်ဆိုတဲ့ မြေပေါ်မှာ အင်ဂလိုဆက်ဆွန်တွေ ဝင်ရောက်နေထိုင်ပြီးတဲ့ နောက်မှသာ အင်္ဂလန်ရေမြေ့ရှင်တွေရဲ့ ပိုင်နက်နယ်မြေ (Kingdom) တွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ဥရောပ၊ အာဖရိက၊ အမေရိကနဲ့ အာရှ စတဲ့ နယ်မြေဒေသကြီးတွေရဲ့ သမိုင်းအစကိုကြည့်ရင် နယ်မြေဒေသတစ်ခုနဲ့တစ်ခု ယဉ်ကျေးမှုတိုးတက်ထွန်းကားလာပုံချင်းက ကြီးကြီးမားမားကွာခြားလှခြင်း မရှိပါဘူး။ဆိုရရင် ၉ ရာစုနဲ့ ၁၀ ရာစုအတွင်းမှာ ထွန်းကားလာတဲ့ တရုတ်ဘာသာစကားနဲ့ စာပေအနုပညာ၊ ၁၀ ရာစုနှစ်လောက်ကတည်းက ဖွံ့ဖြိုးစည်ပင်နေတဲ့ ပုဂံပြည်၊ ၁၀ ရာစုမှာ ဖြစ်ထွန်းလာတဲ့ ခမာနိုင်ငံက အန်ကောဝပ်ဘုရားကျောင်းတော်ရဲ့ အနုပညာလက်ရာ ယဉ်ကျေးမှုတွေကိုကြည့်ရင် အနောက်ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်ခဲ့တာကို တွေ့ကြရမှာဖြစ်တယ်။

ဒါပေမဲ့ ၁၉ ရာစုမှာ စက်မှုတော်လှန်ရေးကို ဦးဆောင်နိုင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံကတော့ ဥရောပနဲ့ ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ်လွှမ်းမိုးလာနိုင်ခဲ့တဲ့အထိဖြစ်တယ်။ဗြိတိလျှတို့ရဲ့ စက်မှုတော်လှန်ရေးကိုခြုံကြည့်ရင် တီထွင်ဖန်တီးမှုတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာဖြစ်တယ်။ဆိုရရင် ရေနွေးငွေ့သုံးအင်ဂျင်တွေကို ဖန်တီးတယ်။ကုန်ထုတ်လုပ်မှုထွန်းကားရေးကို အထောက်အကူပြုတဲ့ ကိရိယာတန်ဆာပလာတွေကို ဖန်တီးတယ်။စိုက်ပျိုးရေးစနစ်၊ ရထားလမ်းစနစ်တွေကို အစပျိုးဖန်တီးတယ်။ဒါဟာ ကမ္ဘာ့စီးပွားရေးမှာ အသာစီးရလာစေခဲ့တဲ့ ဗြိတိန်တို့လိုပဲ အမေရိကန်၊ ပြင်သစ်နဲ့ ဂျာမနီတို့လို အနောက်ကမ္ဘာက အခြားသောနိုင်ငံတွေဆိုရင်လည်း အစပျိုးမှု၊ တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းတွေနဲ့အတူ ကမ္ဘာ့စီးပွားရေးမှာ ဦးဆောင်နိုင်အောင် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာပါ။

ဒါကြောင့်လည်း အနောက်ကမ္ဘာမှာ ရှေးလူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကနေ ပေါ်ထွက်လာတဲ့ အသီးအ ပွင့်တွေကို နှောင်းလူတို့က အလိုက်သင့်ဆွတ်ခူးစားသုံးနိုင်ခဲ့ကြတာဖြစ်တယ်။သူတို့က ဆန်းသစ်တဲ့ စိတ်ကူး စိတ်သန်းတွေနဲ့အတူ တီထွင်ဖန်တီးမှုတွေကို ပြုခဲ့ကြတယ်။အမြှော်အမြင်ကြီးကြီးနဲ့ ကောင်းမွန်တဲ့စနစ်တွေကို ကြံဆခဲ့ကြတယ်။အဲဒီကောင်းမွန်တဲ့စနစ်တွေနဲ့အတူ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကိုဖော်ဆောင်ပြီး အဘက် ဘက်က တိုးတက်အောင် ကြံဆောင်ခဲ့ကြတယ်။တကယ်တော့ သူတို့ရဲ့ဆောင်ရွက်မှုတွေဟာ နှောင်းလူတွေရဲ့ ဘဝတွေကို အစစအရာရာ သာယာဖြောင့်ဖြူးစေခဲ့သလို အခက်အခဲတွေကြုံခဲ့ရင်တောင်မှ အလွယ်တကူကျော်ဖြတ်နိုင်အောင် အထောက်အကူဖြစ်စေခဲ့တယ်။

သမိုင်းဖြစ်စဉ်တွေထဲမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျတဲ့ နိုင်ငံတွေကို ချိန်ထိုးကြည့်ရင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျတဲ့ နိုင်ငံတွေရဲ့ကုန်ထုတ်လုပ်မှုစွမ်းအား ချိနဲ့နေမယ်။လူတစ်ဦးချင်း ဝင်ငွေနည်းပါးနေမယ်။အလုပ်လက်မဲ့တွေ ပေါများနေတာကို တွေ့ရတတ်တယ်။ဆိုရရင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျတဲ့ နိုင်ငံတွေမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနဲ့ ကျန်းမာရေး စတဲ့ ကဏ္ဍတွေဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေနဲ့ နှိုင်းစာရင် အဘက်ဘက်က မယှဉ်သာအောင် နိမ့်ကျနေတာကို တွေ့ကြရမှာဖြစ်တယ်။နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကကျပါတယ်။နိုင်ငံ‌ရေးလည်းတည်ငြိမ်မယ်။စီးပွားရေးလည်း တိုးတက်နေမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ လူမှုဘဝတိုးတက်လာမှာဖြစ်သလို ပညာရေး၊ ကျန်းမာရေး စတဲ့ အခြားသောကဏ္ဍတွေမှာပါ အလိုအလျောက် ပြောင်းလဲတိုးတက်လာမှာဖြစ်ပါတယ်။အဓိကဆိုလိုချင်တာက ဆင်းရဲချမ်းသာကွာဟမှု အကျိုးအပြစ်ပဲဖြစ်ပါတယ်။ချမ်းသာတဲ့မိသားစုဝင်တွေရဲ့ သားသမီးတွေဟာ စားရေးသောက်ရေး ပညာရေးကအစ မပူမပင်နဲ့ အစစအရာရာ ပြည့်ပြည့်စုံစုံ မတောင့်မတမကြောင့်မကြနေနိုင်ကြပေမဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုဝင်တွေကတော့ လူနေမှုအဆင့်အတန်း နိမ့်ပါးလှသလို ဘဝကိုပူပင်ကြောင့်ကျစွာနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာကို တွေ့ကြရမှာဖြစ်တယ်။

တကယ်တော့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက နိုင်ငံသားတွေ လူနေမှုအဆင့်အတန်းမြင့်မားစွာ နေနိုင် ကြတယ်ဆိုတာ အဲ့ဒီနိုင်ငံတွေကို အစပျိုးထူထောင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အမြှော်အမြင်ကြီးမားမှုအပေါ် မူတည်နေသလို ခေတ်အဆက်ဆက် ပခုံးပြောင်းတာဝန်လွှဲပြောင်းယူခဲ့ကြတဲ့ ခေါင်းဆောင်တွေက နိုင်ငံသားတွေကောင်းကျိုးကို ရည်စူးပြီး အခြေပြုတည်ဆောက်ခဲ့တဲ့ လမ်းစဉ်နဲ့ မူဝါဒတွေကြောင့်ပဲဖြစ်တယ်။နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်ကောင်းနဲ့ အစိုးရကောင်းတစ်ရပ်က ကောင်းမွန်တဲ့စနစ်တစ်ရပ်ကိုဖော်ဆောင်ပြီး သူတို့နိုင်ငံသားတွေအတွက် အကျိုးဖြစ်ထွန်းအောင် စီမံဆောင်ရွက်နေပုံဟာ မိသားစုတစ်ခုမှာ မိဘတွေက သူတို့ရဲ့ သားသမီးတွေအကျိုးကို မျှော်တွေးပြီး လုပ်ဆောင်တဲ့ မေတ္တာစိတ်အရင်းခံနဲ့ ထပ်တူကျတယ်လို့တောင် နှိုင်းဆလို့ရမှာဖြစ်တယ်။

မိဘဆိုတာ မိသားစုအရေးကို တွေးအပူဆုံးလူသားတွေဖြစ်တယ်။သားသမီးတွေအပေါ်မှာ ကြီးမားတဲ့မေတ္တာစိတ်ထားသူတွေဖြစ်တယ်။သားသမီးတွေ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကအစ ပညာ‌ရေး၊ ကျန်းမာရေးပါမကျန် အစစအရာရာ အစဉ်ချောမွေ့စေရေးအတွက် အမြဲတမ်းကြိုးပမ်းနေတတ်သူ တွေဖြစ် တယ်။ဒါတင်မကသေးပါဘူး။သူတို့သားသမီးတွေရှေ့ဆက်ရမယ့်ခရီးလမ်းမှာ စီးပွားရေးနဲ့ လူမှုရေးကအစ အခက်အခဲ အကြပ်အတည်းတွေနဲ့ မတွေ့ကြုံရအောင် ကြိုတင်ပြင်ဆင်ကာကွယ်ပေးကြသလို ဘဝခရီးလမ်းမှာ အဆင်ပြေချောမွေ့စေရေးအတွက် လမ်းညွှန််ပြသပေးသူတွေလည်းဖြစ်တယ်။ဆိုရရင် သားသမီးတွေနဲ့ပတ်သက်လို့ မိဘတွေလုပ်သမျှဟာ သူတို့သားသမီးတွေ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ ဘေးကင်းရန်ကွာ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးပဲဖြစ်တယ်။ဒါဟာ သားသမီးတွေရဲ့ နောင်ရေးကိုမျှော်တွေးပြီး မိဘတွေက စေတနာအရင်းခံနဲ့ လုပ်ဆောင်ခဲ့ကြတာပဲဖြစ်တယ်။

ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတစ်ရပ်က သူတို့နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် စေတနာ အရင်းခံနဲ့ စီမံဆောင်ရွက်ပေးနေတယ်ဆိုရင် အဲဒီလို အစိုးရမျိုးကို မိဘနဲ့မခြားတဲ့ အစိုးရအဖြစ် အသိအမှတ်ပြုကြမှာဖြစ်တယ်။ပြည်သူလူထုအကျိုးကို လိုလားတဲ့၊ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားတဲ့၊ ပြည်သူလူထု နစ်နာဆုံးရှုံးမှုမရှိအောင် စီမံပေးတဲ့၊ ပြည်သူလူထု စိတ်ချမ်းသာပျော်ရွှင်ရေးကို မျှော်တွေးပြီး ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုပြုတဲ့ အစိုးရတစ်ရပ်က သားသမီးတွေရဲ့အကျိုးကို လိုလားတဲ့ မိဘတွေနဲ့မခြား မေတ္တာထားနိုင်တဲ့ အစိုးရအဖြစ် အသိအမှတ်ပြုကြမှာဖြစ်ပါတယ်။

မိမိတို့နိုင်ငံရဲ့ အတိတ်သမိုင်း စာမျက်နှာတွေကို ပြန်လှန်ကြည့်မယ်ဆိုရင် မိမိတို့နိုင်ငံဟာ၊ ပါလီမန်ခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ စစ်အစိုးရခေတ်ကနေ လက်ရှိ ဒီမိုကရေစီအစိုးရခေတ်အထိ အပန်းတကြီးဖြတ်သန်းလာခဲ့ကြရတယ်။ဒီလိုဖြတ်သန်းလာခဲ့ရတဲ့ ခေတ်ကာလတစ်လျှောက်လုံး မိမိတို့နိုင်ငံရဲ့ သွေးစည်းညီညွတ်ရေးဆိုတာ လွတ်လပ်ရေးမရခင်ကလောက် စုစုစည်းစည်းရှိမနေတော့တဲ့ အနေအထား၊ အယူအဆ သဘောထားကွဲလွဲမှုတွေကနေ လက်နက်ကိုင်ဆန့်ကျင်မှုတွေနဲ့အတူ ပေါ်ပေါက်လာတဲ့ ပဋိပက္ခမီးတောက်က ဒီနေ့အချိန်အခါအထိ ငြိမ်းသတ်နိုင်ခြင်းမရှိသေးဘူး။

ဆိုရရင် မိမိတို့နိုင်ငံဟာ နှစ်ပေါင်း၆၀ ကျော်လောက်နိုင်ငံရေးမတည်ငြိမ်မှုကာလတွေကို ဖြတ်သန်းနေခဲ့ရတယ်။နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ စီးပွားရေးတိုးတက်မှုပါ ဆိတ်သုန်းလာခဲ့တယ်။ဒီလိုအနေအထားတွေဟာ နိုင်ငံရဲ့ ပြည်သူလူထုအပေါ် ရိုက်ခတ်မှုကြီးမားခဲ့တယ်။မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးရှုပ်ထွေးမှု ယန္တရားအတွင်းမှာပိတ်မိရင်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပြည်သူလူထုက ၂၀၁၅ ရွေးကောက်မှာ နိုင်ငံအတွက် အပြောင်းအလဲကိုဖော်ဆောင်နိုင်မယ့် အစိုးရတစ်ရပ်ကို ရွေးကောက်ပြီး မျှော်လင့်ချက်တွေကို ရှင်သန်စေခဲ့တယ်။ဒါပေမဲ့ အခုအချိန်အထိ မိမိတို့နိုင်ငံ အကောင်းဘက်ကိုဦးတည်စေနိုင်မယ့် မျှော်လင့်ချက်တွေ မှေးမှိန်နေဆဲရှိတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ တတိယမြောက်သမ္မတ သောမတ်ဂျက်ဖာဆန်ကတော့ “ပြည်သူပြည်သားတွေနဲ့ပတ်သက်လို့ ပျက်စီးရာပျက်စီးကြောင်းမဟုတ်ဘဲ ပြည်သူတွေရဲ့ဘဝနဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ဦးစားပေးရည်မှန်းဆောင်ရွက်တဲ့ အစိုးရသည်သာ အစိုးရကောင်းဖြစ်ပါတယ်” လို့ ဆိုခဲ့ဖူးပါတယ်။ဂျက်ဖာဆန်ဟာ သမ္မတသက်တမ်း နှစ်ကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံရသူဖြစ်သလို အမေရိကန်ပြည်ထေင်စုရဲ့ ထိပ်တန်းသမ္မတ ၁၀ ဦးထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုဝင်ဘာလ ၈ ရက်နေ့ကျရင် မိမိတို့နိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံအကျိုးကိုသယ်ပိုးမယ့် အစိုးရတစ်ရပ်ပေါ်ထွက်လာရေးအတွက် နိုင်ငံရေးပါတီတွေက ပါဝင်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါ တယ်။ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေအနေနဲ့ တကယ်ပဲ နိုင်ငံနဲ့ အများပြည်သူအကျိုးကို သယ်ပိုးလိုတဲ့ စိတ်အရင်းခံနဲ့ ပါဝင်ယဉ်ပြိုင်ကြမှာလား၊ ဒါမှမဟုတ် အာဏာလက်ဝယ်ရရှိရေးအတွက် သက်သက်လားဆိုတာ ပြန်လည်ဆန်းစစ်သင့်ကြရမယ့်အချိန်ညရောက်နေပါပြီ။အလားတူဆိုသလိုပါပဲ မဲဆန္ဒရှင် ပြည်သူလူထုအနေနဲ့လည်း ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းအတွေ့အကြုံတွေအရ မိမိတို့ကို ရင်ဝယ်သားနဲ့မခြား သဘောထားပြီး နိုင်ငံနဲ့ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းတိုးတက်ရေးကို စိတ်ရင်းစေတနာမှန်နဲ့ သယ်ပိုးနိုင်မယ့် အစိုးရတစ်ရပ်ကို ဘယ်လိုဆုံးဖြတ်ရွေးချယ်ကြရမယ်ဆိုတာ တွေးဆဆင်ခြင်နိုင်ကြမယ်လို့ ယူဆရပါတယ်။

မြင့်နောင်မိုး
စက်တင်ဘာ - ၁၉

( Zawgyi )

ကမာၻစစ္ႀကီးကို ေတြ႕ႀကဳံျဖတ္သန္းခဲ့ရတဲ့ ကြၽန္ေတာ္တို႔ မိဘႏွစ္ပါးဟာ ဘဝကိုခက္ခဲပင္ပန္းစြာ ႐ုန္းကန္ခဲ့ရသူေတြျဖစ္တယ္။ဆင္းရဲပင္ပန္းဒဏ္ကို မခံႏိုင္တဲ့အတြက္ အေဖနဲ႔ အေမဟာ အျခားသူေတြနဲ႔အၿပိဳင္ ႀကိဳးစားၿပီး သူတို႔ရဲ႕မိသားစုဘဝကို တည္ေဆာက္ခဲ့ၾကတယ္။သားသမီးေတြေမြးဖြားလာေတာ့ ကေလးေတြရဲ႕ေနာင္ေရးကို  ေမွ်ာ္ေတြးၿပီး အရင္ကထက္ ႏွစ္ဆတိုး စီးပြားရွာေဖြခဲ့ၾကတယ္။ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔ ေမာင္ႏွမတစ္ေတြဟာ အခ်မ္းသာႀကီးမဟုတ္ေတာင္ ဘဝကို သက္ေတာင့္သက္သာနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကတယ္။ဒါဟာ သားသမီးေတြရဲ႕ ေပ်ာ္႐ႊင္ခ်မ္းေျမ့မႈနဲ႔ ဘဝလုံၿခဳံမႈရရွိေရးကို အေလးထားေဆာင္႐ြက္ေပးခဲ့တဲ့ မိဘေတြရဲ႕ ေက်းဇူးေၾကာင့္ပဲျဖစ္တယ္။မိဘေတြရဲ႕ ႀကီးမားတဲ့ေမတၱာတရားနဲ႔ သားသမီးေတြရဲ႕ေနာင္ေရးကို ေမွ်ာ္ေတြးၿပီး ႀကိဳးပမ္းအားထုတ္ခဲ့တဲ့ အက်ိဳးရလဒ္ကို ကြၽန္ေတာ္တို႔ ေမာင္ႏွမတစ္ေတြ ရရွိခံစားခဲ့ၾကရတာျဖစ္တယ္။

အဲဒီလိုပါပဲ။ဒီေန႔ေခတ္ကာလမွာ ႀကီးပြားတိုးတက္ေနပါတယ္ဆိုတဲ့ ႏိုင္ငံေတြက ျပည္သူျပည္သားေတြရဲ႕ ဘဝကိုပဲၾကည့္။သူတို႔ရဲ႕ဘဝဟာ ဖြံ႕ၿဖိဳးတိုးတက္မႈနိမ့္က်ေနတဲ့ ႏိုင္ငံေတြက ျပည္သူျပည္သားေတြရဲ႕ ဘဝေတြနဲ႔ ေတာ့ မ်ားစြာသာလြန္လွပေနတာကို ေတြ႕ၾကရမွာျဖစ္တယ္။တကယ္ေတာ့ ဖြံ႕ၿဖိဳးတိုးတက္ၿပီး ႀကီးပြားခ်မ္း သာေနၾကတဲ့ ႏိုင္ငံေတြရဲ႕သမိုင္းကိုၾကည့္ရင္ အစကတည္းက လွပေနခဲ့ၾကတာမဟုတ္ပါဘူး။အျခားမၾကည့္နဲ႔။တစ္ခ်ိန္က ေနမဝင္အင္ပါယာဆိုတဲ့ အဂၤလန္ႏိုင္ငံေတာင္ ၁၀ ရာစုႏွစ္ မတိုင္ခင္ေလာက္က တိုင္းတစ္ပါးသား ေရာမေတြရဲ႕ စိုးမိုးမႈေအာက္မွာ ရွိေနခဲ့တာ ျဖစ္တယ္။ဒီေန႔ေခတ္ အဂၤလန္ဆိုတဲ့ ေျမေပၚမွာ အင္ဂလိုဆက္ဆြန္ေတြ ဝင္ေရာက္ေနထိုင္ၿပီးတဲ့ ေနာက္မွသာ အဂၤလန္ေရေျမ့ရွင္ေတြရဲ႕ ပိုင္နက္နယ္ေျမ (Kingdom) ေတြ ေပၚေပါက္လာခဲ့တာျဖစ္တယ္။ဥေရာပ၊ အာဖရိက၊ အေမရိကနဲ႔ အာရွ စတဲ့ နယ္ေျမေဒသႀကီးေတြရဲ႕ သမိုင္းအစကိုၾကည့္ရင္ နယ္ေျမေဒသတစ္ခုနဲ႔တစ္ခု ယဥ္ေက်းမႈတိုးတက္ထြန္းကားလာပုံခ်င္းက ႀကီးႀကီးမားမားကြာျခားလွျခင္း မရွိပါဘူး။ဆိုရရင္ ၉ ရာစုနဲ႔ ၁၀ ရာစုအတြင္းမွာ ထြန္းကားလာတဲ့ တ႐ုတ္ဘာသာစကားနဲ႔ စာေပအႏုပညာ၊ ၁၀ ရာစုႏွစ္ေလာက္ကတည္းက ဖြံ႕ၿဖိဳးစည္ပင္ေနတဲ့ ပုဂံျပည္၊ ၁၀ ရာစုမွာ ျဖစ္ထြန္းလာတဲ့ ခမာႏိုင္ငံက အန္ေကာဝပ္ဘုရားေက်ာင္းေတာ္ရဲ႕ အႏုပညာလက္ရာ ယဥ္ေက်းမႈေတြကိုၾကည့္ရင္ အေနာက္ကမာၻနဲ႔ ရင္ေပါင္တန္းႏိုင္ခဲ့တာကို ေတြ႕ၾကရမွာျဖစ္တယ္။

ဒါေပမဲ့ ၁၉ ရာစုမွာ စက္မႈေတာ္လွန္ေရးကို ဦးေဆာင္ႏိုင္ခဲ့တဲ့ အဂၤလန္ႏိုင္ငံကေတာ့ ဥေရာပနဲ႔ ကမာၻ႔စီးပြားေရးကို အႀကီးအက်ယ္လႊမ္းမိုးလာႏိုင္ခဲ့တဲ့အထိျဖစ္တယ္။ၿဗိတိလွ်တို႔ရဲ႕ စက္မႈေတာ္လွန္ေရးကိုၿခဳံၾကည့္ရင္ တီထြင္ဖန္တီးမႈေတြနဲ႔ ျပည့္ႏွက္ေနတာကို ေတြ႕ရမွာျဖစ္တယ္။ဆိုရရင္ ေရေႏြးေငြ႕သုံးအင္ဂ်င္ေတြကို ဖန္တီးတယ္။ကုန္ထုတ္လုပ္မႈထြန္းကားေရးကို အေထာက္အကူျပဳတဲ့ ကိရိယာတန္ဆာပလာေတြကို ဖန္တီးတယ္။စိုက္ပ်ိဳးေရးစနစ္၊ ရထားလမ္းစနစ္ေတြကို အစပ်ိဳးဖန္တီးတယ္။ဒါဟာ ကမာၻ႔စီးပြားေရးမွာ အသာစီးရလာေစခဲ့တဲ့ ၿဗိတိန္တို႔လိုပဲ အေမရိကန္၊ ျပင္သစ္နဲ႔ ဂ်ာမနီတို႔လို အေနာက္ကမာၻက အျခားေသာႏိုင္ငံေတြဆိုရင္လည္း အစပ်ိဳးမႈ၊ တီထြင္ဖန္တီးမႈ စိတ္ကူးစိတ္သန္းေတြနဲ႔အတူ ကမာၻ႔စီးပြားေရးမွာ ဦးေဆာင္ႏိုင္ေအာင္ အၿပိဳင္အဆိုင္ ႀကိဳးပမ္းခဲ့ၾကတာပါ။

ဒါေၾကာင့္လည္း အေနာက္ကမာၻမွာ ေရွးလူတို႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈကေန ေပၚထြက္လာတဲ့ အသီးအ ပြင့္ေတြကို ေႏွာင္းလူတို႔က အလိုက္သင့္ဆြတ္ခူးစားသုံးႏိုင္ခဲ့ၾကတာျဖစ္တယ္။သူတို႔က ဆန္းသစ္တဲ့ စိတ္ကူး စိတ္သန္းေတြနဲ႔အတူ တီထြင္ဖန္တီးမႈေတြကို ျပဳခဲ့ၾကတယ္။အေျမႇာ္အျမင္ႀကီးႀကီးနဲ႔ ေကာင္းမြန္တဲ့စနစ္ေတြကို ႀကံဆခဲ့ၾကတယ္။အဲဒီေကာင္းမြန္တဲ့စနစ္ေတြနဲ႔အတူ ေကာင္းမြန္တဲ့ စီမံခန႔္ခြဲမႈေတြကိုေဖာ္ေဆာင္ၿပီး အဘက္ ဘက္က တိုးတက္ေအာင္ ႀကံေဆာင္ခဲ့ၾကတယ္။တကယ္ေတာ့ သူတို႔ရဲ႕ေဆာင္႐ြက္မႈေတြဟာ ေႏွာင္းလူေတြရဲ႕ ဘဝေတြကို အစစအရာရာ သာယာေျဖာင့္ျဖဴးေစခဲ့သလို အခက္အခဲေတြႀကဳံခဲ့ရင္ေတာင္မွ အလြယ္တကူေက်ာ္ျဖတ္ႏိုင္ေအာင္ အေထာက္အကူျဖစ္ေစခဲ့တယ္။

သမိုင္းျဖစ္စဥ္ေတြထဲမွာ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတြနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈနိမ့္က်တဲ့ ႏိုင္ငံေတြကို ခ်ိန္ထိုးၾကည့္ရင္ ဖြံ႕ၿဖိဳးတိုးတက္မႈနိမ့္က်တဲ့ ႏိုင္ငံေတြရဲ႕ကုန္ထုတ္လုပ္မႈစြမ္းအား ခ်ိနဲ႔ေနမယ္။လူတစ္ဦးခ်င္း ဝင္ေငြနည္းပါးေနမယ္။အလုပ္လက္မဲ့ေတြ ေပါမ်ားေနတာကို ေတြ႕ရတတ္တယ္။ဆိုရရင္ ဖြံ႕ၿဖိဳးတိုးတက္မႈနိမ့္က်တဲ့ ႏိုင္ငံေတြမွာ စီးပြားေရး၊ ပညာေရး၊ လူမႈေရးနဲ႔ က်န္းမာေရး စတဲ့ က႑ေတြဟာ ဖြံ႕ၿဖိဳးတိုးတက္တဲ့ႏိုင္ငံေတြနဲ႔ ႏႈိင္းစာရင္ အဘက္ဘက္က မယွဥ္သာေအာင္ နိမ့္က်ေနတာကို ေတြ႕ၾကရမွာျဖစ္တယ္။ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈမွာ အဓိကက်ပါတယ္။ႏိုင္ငံ‌ေရးလည္းတည္ၿငိမ္မယ္။စီးပြားေရးလည္း တိုးတက္ေနမယ္ဆိုရင္ အဲဒီႏိုင္ငံရဲ႕ လူမႈဘဝတိုးတက္လာမွာျဖစ္သလို ပညာေရး၊ က်န္းမာေရး စတဲ့ အျခားေသာက႑ေတြမွာပါ အလိုအေလ်ာက္ ေျပာင္းလဲတိုးတက္လာမွာျဖစ္ပါတယ္။အဓိကဆိုလိုခ်င္တာက ဆင္းရဲခ်မ္းသာကြာဟမႈ အက်ိဳးအျပစ္ပဲျဖစ္ပါတယ္။ခ်မ္းသာတဲ့မိသားစုဝင္ေတြရဲ႕ သားသမီးေတြဟာ စားေရးေသာက္ေရး ပညာေရးကအစ မပူမပင္နဲ႔ အစစအရာရာ ျပည့္ျပည့္စုံစုံ မေတာင့္မတမေၾကာင့္မၾကေနႏိုင္ၾကေပမဲ့ ဆင္းရဲႏြမ္းပါးတဲ့ မိသားစုဝင္ေတြကေတာ့ လူေနမႈအဆင့္အတန္း နိမ့္ပါးလွသလို ဘဝကိုပူပင္ေၾကာင့္က်စြာနဲ႔ ခက္ခက္ခဲခဲ ႐ုန္းကန္ေနၾကရတာကို ေတြ႕ၾကရမွာျဖစ္တယ္။

တကယ္ေတာ့ ခ်မ္းသာႂကြယ္ဝတဲ့ ႏိုင္ငံေတြက ႏိုင္ငံသားေတြ လူေနမႈအဆင့္အတန္းျမင့္မားစြာ ေနႏိုင္ ၾကတယ္ဆိုတာ အဲ့ဒီႏိုင္ငံေတြကို အစပ်ိဳးထူေထာင္ခဲ့ၾကတဲ့ ေခါင္းေဆာင္ေတြရဲ႕ လုပ္ရည္ကိုင္ရည္နဲ႔ အေျမႇာ္အျမင္ႀကီးမားမႈအေပၚ မူတည္ေနသလို ေခတ္အဆက္ဆက္ ပခုံးေျပာင္းတာဝန္လႊဲေျပာင္းယူခဲ့ၾကတဲ့ ေခါင္းေဆာင္ေတြက ႏိုင္ငံသားေတြေကာင္းက်ိဳးကို ရည္စူးၿပီး အေျချပဳတည္ေဆာက္ခဲ့တဲ့ လမ္းစဥ္နဲ႔ မူဝါဒေတြေၾကာင့္ပဲျဖစ္တယ္။ႏိုင္ငံတစ္ႏိုင္ငံမွာ ေခါင္းေဆာင္ေကာင္းနဲ႔ အစိုးရေကာင္းတစ္ရပ္က ေကာင္းမြန္တဲ့စနစ္တစ္ရပ္ကိုေဖာ္ေဆာင္ၿပီး သူတို႔ႏိုင္ငံသားေတြအတြက္ အက်ိဳးျဖစ္ထြန္းေအာင္ စီမံေဆာင္႐ြက္ေနပုံဟာ မိသားစုတစ္ခုမွာ မိဘေတြက သူတို႔ရဲ႕ သားသမီးေတြအက်ိဳးကို ေမွ်ာ္ေတြးၿပီး လုပ္ေဆာင္တဲ့ ေမတၱာစိတ္အရင္းခံနဲ႔ ထပ္တူက်တယ္လို႔ေတာင္ ႏႈိင္းဆလို႔ရမွာျဖစ္တယ္။

မိဘဆိုတာ မိသားစုအေရးကို ေတြးအပူဆုံးလူသားေတြျဖစ္တယ္။သားသမီးေတြအေပၚမွာ ႀကီးမားတဲ့ေမတၱာစိတ္ထားသူေတြျဖစ္တယ္။သားသမီးေတြ ေနေရးထိုင္ေရး၊ စားေရးေသာက္ေရးကအစ ပညာ‌ေရး၊ က်န္းမာေရးပါမက်န္ အစစအရာရာ အစဥ္ေခ်ာေမြ႕ေစေရးအတြက္ အၿမဲတမ္းႀကိဳးပမ္းေနတတ္သူ ေတြျဖစ္ တယ္။ဒါတင္မကေသးပါဘူး။သူတို႔သားသမီးေတြေရွ႕ဆက္ရမယ့္ခရီးလမ္းမွာ စီးပြားေရးနဲ႔ လူမႈေရးကအစ အခက္အခဲ အၾကပ္အတည္းေတြနဲ႔ မေတြ႕ႀကဳံရေအာင္ ႀကိဳတင္ျပင္ဆင္ကာကြယ္ေပးၾကသလို ဘဝခရီးလမ္းမွာ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ လမ္းၫႊန္္ျပသေပးသူေတြလည္းျဖစ္တယ္။ဆိုရရင္ သားသမီးေတြနဲ႔ပတ္သက္လို႔ မိဘေတြလုပ္သမွ်ဟာ သူတို႔သားသမီးေတြ ခ်မ္းခ်မ္းသာသာ ျပည့္ျပည့္စုံစုံနဲ႔ ေဘးကင္းရန္ကြာ လုံၿခဳံေအးခ်မ္းစြာ ေနထိုင္ႏိုင္ေရးပဲျဖစ္တယ္။ဒါဟာ သားသမီးေတြရဲ႕ ေနာင္ေရးကိုေမွ်ာ္ေတြးၿပီး မိဘေတြက ေစတနာအရင္းခံနဲ႔ လုပ္ေဆာင္ခဲ့ၾကတာပဲျဖစ္တယ္။

ဒီလိုပါပဲ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အစိုးရတစ္ရပ္က သူတို႔ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြားအတြက္ ေစတနာ အရင္းခံနဲ႔ စီမံေဆာင္႐ြက္ေပးေနတယ္ဆိုရင္ အဲဒီလို အစိုးရမ်ိဳးကို မိဘနဲ႔မျခားတဲ့ အစိုးရအျဖစ္ အသိအမွတ္ျပဳၾကမွာျဖစ္တယ္။ျပည္သူလူထုအက်ိဳးကို လိုလားတဲ့၊ ျပည္သူေတြရဲ႕ဆႏၵကို အေလးထားတဲ့၊ ျပည္သူလူထု နစ္နာဆုံးရႈံးမႈမရွိေအာင္ စီမံေပးတဲ့၊ ျပည္သူလူထု စိတ္ခ်မ္းသာေပ်ာ္႐ႊင္ေရးကို ေမွ်ာ္ေတြးၿပီး ေကာင္းမြန္တဲ့စီမံအုပ္ခ်ဳပ္မႈျပဳတဲ့ အစိုးရတစ္ရပ္က သားသမီးေတြရဲ႕အက်ိဳးကို လိုလားတဲ့ မိဘေတြနဲ႔မျခား ေမတၱာထားႏိုင္တဲ့ အစိုးရအျဖစ္ အသိအမွတ္ျပဳၾကမွာျဖစ္ပါတယ္။

မိမိတို႔ႏိုင္ငံရဲ႕ အတိတ္သမိုင္း စာမ်က္ႏွာေတြကို ျပန္လွန္ၾကည့္မယ္ဆိုရင္ မိမိတို႔ႏိုင္ငံဟာ၊ ပါလီမန္ေခတ္၊ အိမ္ေစာင့္အစိုးရေခတ္၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္၊ စစ္အစိုးရေခတ္ကေန လက္ရွိ ဒီမိုကေရစီအစိုးရေခတ္အထိ အပန္းတႀကီးျဖတ္သန္းလာခဲ့ၾကရတယ္။ဒီလိုျဖတ္သန္းလာခဲ့ရတဲ့ ေခတ္ကာလတစ္ေလွ်ာက္လုံး မိမိတို႔ႏိုင္ငံရဲ႕ ေသြးစည္းညီၫြတ္ေရးဆိုတာ လြတ္လပ္ေရးမရခင္ကေလာက္ စုစုစည္းစည္းရွိမေနေတာ့တဲ့ အေနအထား၊ အယူအဆ သေဘာထားကြဲလြဲမႈေတြကေန လက္နက္ကိုင္ဆန႔္က်င္မႈေတြနဲ႔အတူ ေပၚေပါက္လာတဲ့ ပဋိပကၡမီးေတာက္က ဒီေန႔အခ်ိန္အခါအထိ ၿငိမ္းသတ္ႏိုင္ျခင္းမရွိေသးဘူး။

ဆိုရရင္ မိမိတို႔ႏိုင္ငံဟာ ႏွစ္ေပါင္း၆၀ ေက်ာ္ေလာက္ႏိုင္ငံေရးမတည္ၿငိမ္မႈကာလေတြကို ျဖတ္သန္းေနခဲ့ရတယ္။ႏိုင္ငံေရးမတည္ၿငိမ္မႈနဲ႔အတူ စီးပြားေရးတိုးတက္မႈပါ ဆိတ္သုန္းလာခဲ့တယ္။ဒီလိုအေနအထားေတြဟာ ႏိုင္ငံရဲ႕ ျပည္သူလူထုအေပၚ ႐ိုက္ခတ္မႈႀကီးမားခဲ့တယ္။မိမိတို႔ႏိုင္ငံရဲ႕ ႏိုင္ငံေရးရႈပ္ေထြးမႈ ယႏၲရားအတြင္းမွာပိတ္မိရင္း စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ ျပည္သူလူထုက ၂၀၁၅ ေ႐ြးေကာက္မွာ ႏိုင္ငံအတြက္ အေျပာင္းအလဲကိုေဖာ္ေဆာင္ႏိုင္မယ့္ အစိုးရတစ္ရပ္ကို ေ႐ြးေကာက္ၿပီး ေမွ်ာ္လင့္ခ်က္ေတြကို ရွင္သန္ေစခဲ့တယ္။ဒါေပမဲ့ အခုအခ်ိန္အထိ မိမိတို႔ႏိုင္ငံ အေကာင္းဘက္ကိုဦးတည္ေစႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္ေတြ ေမွးမွိန္ေနဆဲရွိတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ တတိယေျမာက္သမၼတ ေသာမတ္ဂ်က္ဖာဆန္ကေတာ့ “ျပည္သူျပည္သားေတြနဲ႔ပတ္သက္လို႔ ပ်က္စီးရာပ်က္စီးေၾကာင္းမဟုတ္ဘဲ ျပည္သူေတြရဲ႕ဘဝနဲ႔ ေပ်ာ္႐ႊင္ခ်မ္းေျမ့မႈကို ဦးစားေပးရည္မွန္းေဆာင္႐ြက္တဲ့ အစိုးရသည္သာ အစိုးရေကာင္းျဖစ္ပါတယ္” လို႔ ဆိုခဲ့ဖူးပါတယ္။ဂ်က္ဖာဆန္ဟာ သမၼတသက္တမ္း ႏွစ္ႀကိမ္ဆက္တိုက္ ေ႐ြးေကာက္တင္ေျမႇာက္ခံရသူျဖစ္သလို အေမရိကန္ျပည္ေထင္စုရဲ႕ ထိပ္တန္းသမၼတ ၁၀ ဦးထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံရသူလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔က်ရင္ မိမိတို႔ႏိုင္ငံမွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံအက်ိဳးကိုသယ္ပိုးမယ့္ အစိုးရတစ္ရပ္ေပၚထြက္လာေရးအတြက္ ႏိုင္ငံေရးပါတီေတြက ပါဝင္ယွဥ္ၿပိဳင္ၾကေတာ့မွာျဖစ္ပါ တယ္။ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ပါတီေတြအေနနဲ႔ တကယ္ပဲ ႏိုင္ငံနဲ႔ အမ်ားျပည္သူအက်ိဳးကို သယ္ပိုးလိုတဲ့ စိတ္အရင္းခံနဲ႔ ပါဝင္ယဥ္ၿပိဳင္ၾကမွာလား၊ ဒါမွမဟုတ္ အာဏာလက္ဝယ္ရရွိေရးအတြက္ သက္သက္လားဆိုတာ ျပန္လည္ဆန္းစစ္သင့္ၾကရမယ့္အခ်ိန္ညေရာက္ေနပါၿပီ။အလားတူဆိုသလိုပါပဲ မဲဆႏၵရွင္ ျပည္သူလူထုအေနနဲ႔လည္း ျဖတ္သန္းခဲ့ရတဲ့ အတိတ္သမိုင္းအေတြ႕အႀကဳံေတြအရ မိမိတို႔ကို ရင္ဝယ္သားနဲ႔မျခား သေဘာထားၿပီး ႏိုင္ငံနဲ႔ အမ်ိဳးသားအက်ိဳးစီးပြားျဖစ္ထြန္းတိုးတက္ေရးကို စိတ္ရင္းေစတနာမွန္နဲ႔ သယ္ပိုးႏိုင္မယ့္ အစိုးရတစ္ရပ္ကို ဘယ္လိုဆုံးျဖတ္ေ႐ြးခ်ယ္ၾကရမယ္ဆိုတာ ေတြးဆဆင္ျခင္ႏိုင္ၾကမယ္လို႔ ယူဆရပါတယ္။

ျမင့္ေနာင္မိုး
စက္တင္ဘာ - ၁၉