【 ဆောင်းပါး 】 "စိုးရိမ်မိပါတယ် ဗိုလ်ချုပ်"

【 ဆောင်းပါး 】 "စိုးရိမ်မိပါတယ် ဗိုလ်ချုပ်"

ကမ္ဘာပေါ်မှာ ကံခဏခဏဆိုးတဲ့အဖြစ် ကြုံရတဲ့ နိုင်ငံခေါင်းဆောင် အမျိုးသားခေါင်းဆောင်တွေ ရှိခဲ့ဖူးရင်တောင် မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်း အဖြစ်တွေကိုတော့ မီမယ်မထင်ပါဘူး။ဗိုလ်ချုပ်ခမျာ အသက် ၂၀ ကျော် တက္ကသိုလ်ကျောင်းသား ဘဝကစပြီး အင်္ဂလိပ်လက်အောက်က မြန်မာနိုင်ငံ ပြန်လွတ်လပ်ဖို့သာ သူ့စိတ်ထဲရှိနေခဲ့သူ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို အချိန်ပြည့် တွေးတောစဉ်းစား လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
 

ရန်ကုန်တက္ကသိုလ်မှာ ဘီအေတန်းအောင်ပြီး ဘီအယ်လ် (ဥပဒေ) ပညာ ဆက်သင်နေတာကိုရပ်ပြီး တက္ကသိုလ်ကျောင်းသား ဘဝကို ကျောခိုင်းခဲ့ပါတယ်။မြန်မာ့နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။အဲဒီတုန်းကတည်းက ဗိုလ်ချုပ်မှာ ရန်သူတွေ ဝိုင်းနေခဲ့ပါတယ်။မြန်မာ့နိုင်ငံရေးလောကထဲက ကိုအောင်ဆန်း ထက် အသက်ကြီးသူတချို့နဲ့ အင်္ဂလိပ်အစိုးရဟာ ကိုအောင်ဆန်း ရဲ့ ရန်သူတွေပါပဲ။ကိုအောင်ဆန်း ကတော့ မြန်မာပြည် လွတ်လပ်ရေးပြန်ရဖို့သာ ခေါင်းထဲရှိနေတော့ လူ့ယဉ်ကျေးမှုအရ ဧည့်ဝတ်ပျူငှာမှု သံခင်းတမန်ခင်းဆန်ဆန် စကားအလှပြောမှု ဘာမှမရှိပါဘူး။ဒါကြောင့် ကိုအောင်ဆန်း နဲ့ တက္ကသိုလ်တက်ဖက် ဒဂုန်တာရာ က အောင်ဆန်း (သို့မဟုတ်) အရိုင်းဆိုတဲ့ ရုပ်ပုံလွှာဆောင်းပါးကို တာရာမဂ္ဂဇင်းမှာ ရေးသားခဲ့တာပါ။
ပြည်တွင်းအားသက်သက်နဲ့ လွတ်လပ်ရေးမရနိုင်ဘူး သိလာလို့ နိုင်ငံခြားအကူညီယူဖို့ ကိုအောင်ဆန်း တရုတ်ကို ထွက်ခဲ့ပါတယ်။တရုတ်ကနေ ဂျပန်ကိုရောက်တယ်။သုံးလေးကြိမ် အလီလီအလာလာ ခွဲထွက်လာတဲ့ မြန်မာ့လူငယ်တွေနဲ့ ဟိုင်နန်ကျွန်းမှာတွေ့ကြရတယ်။ဂျပန်ဆီက စစ်ပညာကို ပင်ပန်းကြီးစွာ အားထုတ်သင်ယူခဲ့ရတယ်။ဟိုင်နန်ကျွန်းမှာ ဂျပန်ဆီက စစ်ပညာသင်ခဲ့တဲ့ မြန်မာလူငယ် ၃၀ ဟာ နောင်တချိန်မှာ ရဲဘော်သုံးကျိပ်လို့ အမည်တွင်ခဲ့ပါတယ်။
 

ရဲဘော်သုံးကျိပ်လို့ သမိုင်းတွင်တဲ့ မြန်မာ့လွတ်လပ်ရေး တပ်မတော်ဟာ ယိုးဒယားကတဆင့် တနင်္သာရီဘက်ကနေ မြန်မာပြည်ထဲ ပြန်ဝင်လာပြီး အင်္ဂလိပ်ကို တိုက်ထုတ်ကြတယ်။ဂျပန်က ကတိမတည်ဘဲ မြန်မာပြည်ကို ဖက်ဆစ်စနစ်နဲ့ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့လို့ ဂျပန်ကို ပြန်တော်လှန်ရပြန်ပါတယ်။ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ အင်္ဂလိပ်က မြန်မာကို လွတ်လပ်ရေးပေးကို ပေးမယ်ဆိုတာ ဗိုလ်ချုပ် ကြိုသိနေတယ်။ဒါကြောင့် ၁၉၄၆ လောက်ကတည်းက မြန်မာပညာတော်သင်တွေကို အင်္ဂလန်ကိုလွှတ်ပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားစေခဲ့ပါတယ်။အင်္ဂလိပ်ထွက်တာနဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားထဲက ထွက်သွားမယ့် အင်္ဂလိပ်တွေနေရာကို မြန်မာတွေနဲ့ အစားထိုးဖို့ ပြင်ဆင်ခဲ့ပါတယ်။တဘက်မှာလဲ ဆရာဇော်ဂျီ တို့လို ပညာရှင်တွေကို အဖွဲ့ ဖွဲ့ပေးပြီး နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း၊ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတို့ကို ရေးဆွဲစေပါတယ်။
 

တိုင်းပြည် ပြန်လွတ်လပ်ဖို့ လပိုင်းအလိုမှာ ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရပါတယ်။မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့  ဦးနု က ဆက်ဆောင်ရွက်ခဲ့ရပါတယ်။ ဖဆပလ တခေတ်လုံး ဗိုလ်ချုပ်ကို လေးစားကြည်ညို နေရာပေးခဲ့ပေမဲ့၊ ၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍကို အပြီးဖယ်မပစ်လိုက်ပေမဲ့ ပညာသားပါပါ မှေးမှိန်စေခဲ့ပါတယ်။၁၉၈၈ နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးလောကထဲ ဒေါ်အောင်ဆန်းစုကြည် ဝင်လာတော့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ စာအုပ်ဟောင်းတွေ ပြန်ထုတ်ချင်ရင်တောင် စာပေကင်ပေတိုင်လို့ နာမည်ပေးထားတာခံရတဲ့ စာပေစိစစ်ရေးကို ဖြတ်ကျော်ရပါတယ်။အောင်သန်း ၏ အောင်ဆန်း စာအုပ်ထဲမှာပါတဲ့ “ငါ့သားသမီး ၃ ယောက်ထဲမှာ သမီးလေး စု ကတော့ ချစ်စရာအကောင်းဆုံးနဲ့ အလိမ္မာဆုံးပဲဆိုတဲ့” စာသားတွေကို ဖြုတ်ပေးရပါတယ်။၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီးမှာတော့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ စာအုပ် အဟောင်းအသစ်အားလုံး ထုတ်ဝေခွင့် မရတော့ပါဘူး။ဗိုလ်ချုပ်စာအုပ်တွေကို မိတ္တူကူးပြီး တိတ်တဆိတ် လက်တို့ဝယ်ဖတ်ကြရပါတယ်။
 

၂၀၁၁ မှာ ဦးသိန်းစိန် အစိုးရတက်လာပြီး စာပေစိစစ်ရေးကို တဆင့်ပြီးတဆင့် ဖြေလျှော့ပေးခဲ့ပါတယ်။၂၀၁၂ သြဂုတ်လထဲမှာ ဦးသိန်းစိန် အစိုးရက စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေးခဲ့ပါတယ်။၂၀၁၁ - ၂၀၁၂ ဝန်းကျင်မှာပဲ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့လိုက်ကြောင်း စာရေးသူကို စာကြည့်တိုက်မှူး တစ်ဦးအနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ ရှာပေးဖို့ ထည့်ထားကြောင်း၊ ဘယ်နေ့ ဘယ်နေရာ ဘယ်အချိန်မှာ အစည်းအဝေးလာတက်ပါဆိုတဲ့ စာရောက်လာပါတယ်။မြေနီကုန်း ဝိဇယရုပ်ရှင်ရုံနဲ့ မျက်စောင်းထိုးနေရာရဲ့ နောက်ကျော အတွင်းဘက်မှာရှိတဲ့ ရုပ်ရှင်နဲ့ဆိုင်တဲ့ အဆောက်အအုံတစ်ခုမှာ အစည်းအဝေး သွားတက်ရပါတယ်။ဒီပွဲမှာ မှတ်မိသလောက် ဘကြီးမိုး (ဒါရိုက်တာမောင်မိုးသူ)၊ ဆရာချစ်ဦးညို၊ ဆွေဇင်ထိုက်၊ ဇာဂနာ စတဲ့သူတွေ အပါအဝင် စာပေ၊ ဒီချုပ်ပါတီ၊ ရုပ်ရှင်လောကက ထိပ်သီးတွေကို စုံစုံညီညီတွေ့ရလို့ အတော်အားတက်သွားပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်တာ မဟုတ်ပါဘူး။ဇာဂနာ နဲ့ အဖွဲ့လို့ ထင်ပါတယ်။

အစည်းအဝေး ၂ ခါ ၃ ခါလောက် တက်ပြီးတဲ့အခါ ကျွန်မတို့လက်ထဲကို ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းမူကြမ်း ရောက်လာပါတယ်။ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေးအတွက် သမိုင်းဆိုင်ရာ အချက်အလက်ထောက်ပြဖို့ သမိုင်းပညာရှင်တွေဖြစ်ကြတဲ့ ဦးသိန်းနိုင်၊ ဦးမြဟန်၊ ဒေါက်တာခင်လှဟန် တို့ ပါဝင်ကြပါတယ်။ဇာတ်ညွှန်းမူကြမ်းက အမှားတွေပါနေလို့ မေးကြည့်တော့ ဆရာချစ်ဦးညို ရေးပေးတဲ့ ဇာတ်ညွှန်းက ရုပ်ရှင်တကားစာ ၂ နာရီထက် ပိုနေတယ်။ဒါကြောင့် တည်းဖြတ်ပြင်ဆင်ထားတာလို့ ပြောပေမဲ့၊ ဘယ်သူတည်းဖြတ်တယ် မပြောပါဘူး။

တက္ကသိုလ်ကျောင်းသားဘဝ စာသင်ခန်းထဲက ကိုအောင်ဆန်း ကျောင်းသားတသိုက်ကို သရုပ်ဖော်ထားတဲ့ ဇာတ်ဝင်ခန်းဟာ ကျွန်မတို့ကြည့်နေကျ မြန်မာ့ရုပ်ရှင်ထဲက တက္ကသိုလ်ကျောင်းသားတွေ ပေါတောတော ပြောင်ပျက်ပျက် ပြောကြပြုမူကြပုံမျိုးကို ဇာတ်ညွှန်းရဲ့ အခန်းတစ်ခန်းအဖြစ် ဖတ်ရှုရပါတယ်။ဒေါက်တာခင်လှဟန် က အင်္ဂလိပ်ခေတ်တက္ကသိုလ် ကျောင်းသားတွေဟာ တက္ကသိုလ်ထဲမှာ အဲဒီလိုပြောင်ပျက်ပျက် အပြောတွေအပြုအမူတွေ မလုပ်ကြကြောင်း စပြောပါတယ်။

ဆရာဦးမြဟန် နဲ့ ဆရာဦးသိန်းနိုင် တို့ကလည်း တွေ့တဲ့ အလွဲတွေကို ထောက်ပြကြပါတယ်။ကျွန်မကတော့ ဗိုလ်ချုပ် ထမင်းစားတဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ပြောပါတယ်။ဇာတ်ဝင်ခန်းမှာ ဗိုလ်ချုပ် က စားပွဲပေါ်က ဘဲဥဟင်းပန်းကန်ကို ကြည့်ပြီး လက်နဲ့တွန်းပစ်ရင်း ငါဘယ်တုန်းက ဒီလိုဟင်းမျိုးစားလို့လဲဆိုတဲ့ စကားပြော (ဒိုင်ယာလော့) ပါပါတယ်။ကျွန်မက ဗိုလ်ချုပ်ဟာ အစားအသောက် ဇီဇာမကြောင်ကြောင်း၊ ထမင်းသိုးဟင်းသိုးကိုတောင် သိုးမှန်းမသိဘဲ စားသူဖြစ်ကြောင်း ပြင်ပေးပါလို့ ပြောပါတယ်။နောက်တစ်ခုက ကျွန်မနဲ့ ခင်မင်တဲ့ ရန်ကုန်တက္ကသိုလ်က အငြိမ်းစားပါမောက္ခ တစ်ယောက်မှာတဲ့ စကားပါ။သူက ပင်စင်ယူပြီးချိန်မှာ ဗိုလ်ချုပ်ကို ဘယ်လောက်လေးစားကြောင်း ပြမယ်ဆိုပြီး ရန်ကုန်က အိမ်မှာ သားသမီးတွေ ထားခဲ့ပါတယ်။ပြင်ဦးလွင်မှာ ခြံဝယ် အိမ်ဆောက်ပြီး စာရေးတာတစ်ခုပဲ လုပ်ပါတော့တယ်။ဒီပါမောက္ခက ငွေကြေးချမ်းသာလို့လဲ လုပ်နိုင်တာပါ။အငြိမ်းစား ပါမောက္ခက ကျွန်မကို အမှာပါးပါတယ်။

“ညည်းက ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ဝင်ဆိုတော့ ပြောပြစမ်းပါအေ။အိန္ဒိယက ဂန္ဒီရုပ်ရှင်ရိုက်တော့ ဂန္ဒီအဖြစ် သရုပ်ဆောင်မယ့် မင်းသားက ဂန္ဒီ ဒိုတီအဖြူလေးဝတ်ပြီး ဒူးတစ်ဘက်လှဲ တစ်ဘက်ထောင် ထိုင်တဲ့ပုံရဖို့ ၂ လကျင့်ရတာအေ့။ဗိုလ်ချုပ်ရုပ်ရှင် ပေါက်ကရထွက်လာမှာ စိတ်ပူလိုက်တာအေတဲ့။”

အငြိမ်းစား ပါမောက္ခ မှာတာတွေရော ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး တွေ့ရတဲ့ အမှားတွေကို စာရွက်တစ်ရွက်မှာ ရေးချပြီး အဲဒီအဖွဲ့လက်ထဲ ထည့်ခဲ့ရပါတယ်။အဲဒါ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်လို့ ကျွန်မနောက်ဆုံးတက်ရတဲ့ အစည်းအဝေးဖြစ်ပါတယ်။ကျွန်မတို့ကို ဘယ်အစည်းအဝေးမှ မဖိတ်တော့ပါဘူး။ဗိုလ်ချုပ်ရုပ်ရှင်ဆိုတဲ့ အသံလဲ တိတ်သွားပါတယ်။အဲဒီနေ့က အစည်းအဝေးမှာ ရုပ်ရှင်ဘက်က ဇာဂနာ၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင် တို့ လာကြပါတယ်။ပထမဆုံးအစည်းဝေးနေ့က တွေ့ရသူ အတော်အများများကို မမြင်ရတော့ပါဘူး။ကျွန်မစိတ်ထဲမှာ မြန်မာရုပ်ရှင် ဒါရိုက်တာတွေကို အထင်သေးတဲ့ စိတ်အခံနေရှိတော့၊ ဒီကားကို တာဝန်ယူရိုက်မယ့် ဒါရိုက်တာဟာ ဆရာကြည်စိုးထွန်း၊ မောင်တင်ဦး စတဲ့သူတွေဆိုရင် နည်းနည်းစိတ်အေးမှာဖြစ်ပေမဲ့၊ ဒီအစည်းအဝေးကို လာတက်တဲ့ ဒါရိုက်တာတွေကို အထင်မကြီးတာ သူတို့ ရိုက်ရင် ပျက်တော့မှာပဲဆိုတဲ့ မကောင်းမြင်စိတ် လွှမ်းမိုးတာကို စိတ်ထဲက ဖယ်ထုတ်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ ဗိုလ်ချုပ်ရုပ်ရှင်အကြောင်း စုန်းစုန်းမြုပ် သတင်းထွက်မလာတော့ မရိုက်ဖြစ်တော့ဘူး ထင်ပါရဲ့ တွေးရင်းမေ့နေပါပြီ။ဒီနှစ် (၂၀၁၈) မှာ ဗိုလ်ချုပ်ရုပ်ရှင်ကို သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူရိုက်မယ်လို့ သတင်းတွေ ပါလာပြန်ပါတယ်။ရိုးသားစွာဝန်ခံရရင် ဗိုလ်ချုပ်ကားတော့ ပျက်တော့မှာပဲဆိုတဲ့ မကောင်းမြင်စိတ်က ကြီးစိုးနေပါတယ်။မြန်မာ့ရုပ်ရှင်တွေရဲ့ ဒဏ်ကိုအခံရဆုံးအချိန်က အဝေးပြေးကားတွေနဲ့ ခရီးသွားချိန်ပါ။ဆူညံသံနဲ့ ပတ်သက်ပြီး တိကျတဲ့ ဥပဒေမရှိတဲ့ မြန်မာနိုင်ငံမှာ ကားမောင်းသမားတွေက အိပ်ငိုက်ပြေဖို့ ပေါကားတွေကို ကားပေါ်မှာ အသံကျယ်ကြီးတွေနဲ့ ဖွင့်ကြပါတယ်။သူတို့ဖွင့်တဲ့ ပေါကားတွေထဲက ရွာသားတွေဟာ ဘယ်ြင်္ဂ ိုလ်ပေါ်က ဆင်းလာမှန်းမသိတဲ့ ဖက်ရှင်တွေဝတ်ပြီး ပေါတောတောစကားတွေ (အထူးသဖြင့် ချက်အောက်က ခြင်ထောင်ခန်းတွေနဲ့ ပတ်သက်တာတွေကို မြိန်ရေယှက်ရေ ပြောကြတာတွေကို မကြားဝံ့မနာသာ တလမ်းလုံးကြားရပါတယ်။ဘေးထိုင်ခုံတွေမှာ ဘုန်းကြီး သက်ကြီးရွယ်အိုတွေ ပါလာရင် မျက်နှာဘယ်ထားရမှန်း မသိတဲ့ ကားတွေကို ဘယ်အချိန်ခရီးသွားသွား ကြည့်ကြရပါတယ်။

အကယ်ဒမီရတယ်ဆိုတဲ့ ကားတွေက သရုပ်ဆောင်ကွက်တွေကို ကြည့်ရရင်တောင် ပြူးပြပြဲပြတဲ့ အခန်းတွေ သဘာဝနဲ့ ကင်းကွာလှတဲ့ သရုပ်ဆောင်ပုံတွေကို ကြည့်ကြရပါတယ်။စကားမပြောဘဲ ဒါမှမဟုတ် လိုသလောက် တခွန်းစ နှစ်ခွန်းစ ပြောပြီး စိတ်ရဲ့ ပြူတင်းပေါက်ဖြစ်တဲ့ မျက်လုံးက စိတ်ခံစားမှုကိုပြတဲ့ သရုပ်ဆောင်ကွက် မျက်နှာပေးအမူအယာနဲ့ပဲ ခံစားမှုကိုပြတဲ့ ပြကွက်မျိုး နောက်ပိုင်းရုပ်ရှင်တွေမှာ မတွေ့ရသလောက် ဖြစ်သွားပါပြီ။အဖွဲ့နဲ့ မူနဲ့ ရွေးတယ်ဆိုတဲ့ အကယ်ဒမီဆုရ ကားတွေမှာတောင် အကြီးအကျယ်ငိုပြတာတွေ အော်ပြတာတွေ တွေ့ရပါတယ်။ဒီလို လက်ရှိရုပ်ရှင်လောကရဲ့ အရည်အသွေးအပေါ် သောကရောက်နေတုန်း ဗိုလ်ချုပ်ရုပ်ရှင် ရိုက်မယ့် ဒါရိုက်တာ ပြောင်းသွားပြန်ပါပြီတဲ့။မင်းထင်ကိုကိုကြီး မဟုတ်တော့ဘူးတဲ့။

မင်းထင်ကိုကိုကြီး အစား တာဝန်ယူရမယ့် ဒါရိုက်တာ ဘယ်သူဘယ်ဝါဆိုတာ သိလိုက်ရတော့ အော် - ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်လို့ စိတ်ပူရပါဘိတော့တယ်။မြန်မာဝန်ကြီးတွေဟာ ကိုယ့်နိုင်ငံရဲ့ စာပေနဲ့ အနုပညာ အခြေအနေတွေ မသိနားမလည်ကြတာကလဲ ဘွားဘွားကြီးပေါ်လာပါတယ်။ဘယ်ဒါရိုက်တာလက်ဟာ ဘယ်လောက်ပဲရှိတယ်။ဘယ်ဒါရိုက်တာဟာ ဗိုလ်ချုပ်ရုပ်ရှင်လို တာဝန်ကြီးမားတဲ့ သမိုင်းနောက်ခံ မှတ်တမ်းရုပ်ရှင် ပီပီပြင်ပြင်ရိုက်ကူးနိုင်တဲ့ ပညာလက်မရှိဘူး စတာတွေ ဘာမှမသိပါလားလို့ ဝမ်းနည်းကြေကွဲရပါတယ်။

တကယ်တော့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ သမိုင်းနောက်ခံ မှတ်တမ်းတင်ကား အမျျိုးအစားထဲမှာ ပါပါတယ်။ဗိုလ်ချုပ်ရုပ်ရှင်ဟာ သမိုင်းအချက်အလက် မှန်ကန်တိကျဖို့၊ သရုပ်ဆောင်တွေ မကြွားဝါဘဲ ဗိုလ်ချုပ်ဇာတ်ရုပ်၊ အဲဒီခေတ်က နိုင်ငံရေးသမားတွေ၊ တခြားဆက်စပ်နေသူတွေရဲ့ ဇာတ်ရုပ်ပီပြင်ဖို့သာ အရေးကြီးပါတယ်။ဗိုလ်ချုပ်ကား ရိုက်ဖို့ စတင်ခဲ့သူက ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပေမဲ့ ပထမဆုံးအစည်းဝေးနေ့က တွေ့ရသူတွေကို နောက်ပိုင်းအစည်းအဝေးတွေမှာ မတွေ့ရတော့ပါဘူး။

၂၀၁၆ အင်အယ်လ်ဒီ အစိုးရ တက်လာပြီးနောက်ပိုင်း အင်အယ်လ်ဒီ ပါတီဝင် အတော်များများက ဗိုလ်ချုပ်ရုပ်တု ထုလုပ်ထားရှိရေးတွေကို အားသွန်လုပ်ခဲ့ကြပါတယ်။မထော်မနန်း ဗိုလ်ချုပ်ရုပ်တုတွေ မြင်ရလို့ မီဒီယာက ဘယ်လိုပဲထောက်ပြပါစေ၊ ဗိုလ်ချုပ်ရုပ်တု ထုပြီးထားရှိရေး ပြိုင်ပွဲကြီးကို အင်အယ်လ်ဒီတွေ အပြိုင်အဆိုင် လုပ်ဆောင်ခဲ့ကြပါတယ်။ဒီတော့ ဗိုလ်ချုပ်ပါလို့ ဘုရားစူးမိုးကြိုးပစ် ကျိန်တွယ်ပြောရလောက်တဲ့ ဗိုလ်ချုပ်ရုပ်တုတွေ၊ အသက် ၈၀ ကျော်အရွယ် အိုမင်းရွတ်တွနေတဲ့ ဗိုလ်ချုပ်ရုပ်တုတွေ၊ တပေကုလားအရွယ် ကလေးမသာ ရုပ်လေးနဲ့ ရုပ်ပျက်ဆင်းပျက် ဗိုလ်ချုပ်ရုပ်တုတွေ ပေါ်ထွက်လာကြပါတယ်။ဒီရောဂါဟာ ကယားပြည်နယ်မှာ ဒေသခံလူထုနဲ့ အင်အယ်လ်ဒီ ကယားဝန်ကြီးချုပ် ထိပ်တိုက်တွေ့တဲ့ ပွဲတွေကြောင့် ရပ်တန့်သွားပါတယ်။

အာဏာရှင်တွေက ဗိုလ်ချုပ်ကို လူထုကြားမှာ မှေးမှိန်စေချင်ကြတယ်။ဒီလိုဖြစ်ဖို့ အရှက်မရှိ မလုပ်သင့်တာတွေ လုပ်ခဲ့ကြ တားမြစ်ခဲ့ကြတယ်။အင်အယ်လ်ဒီ အာဏာရလာတော့ ဗိုလ်ချုပ်ကို ဗန်းပြကြပြန်ပါတယ်။အင်အယ်လ်ဒီခေတ် ဗိုလ်ချုပ်ရုပ်တု ထုသူတွေကတော့ သူတို့သမိုင်း သူတို့ရေးသွားကြပါပြီ။ရုပ်ရှင်ဆိုတာက ရုပ်တုထက် အဆပေါင်းများစွာ တာဝန်ကြီးတဲ့ လုပ်ငန်းပါ။ပြည်သူ့ဆန္ဒ ခံယူမှုမရှိတဲ့ ဗိုလ်ချုပ်ရုပ်ရှင် အရည်အသွေးကောင်းကောင်း ထွက်လာပါစေ။ဒေါ်ခင်ကြည် ကို ပိုးတဲ့အခန်းရိုက်ရင် ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ရတဲ့ မင်းသားခမျာ သူတို့ လက်စွမ်းအပြနိုင်ဆုံးဖြစ်တဲ့ ပေါတောတော ပေါက်ပေါက် စကားတွေရွတ်ပြီး မျက်နှာရူး ဗိုလ်ချုပ်အဖြစ် ထွက်မလာပါစေနဲ့ ဆုတောင်းရုံမှအပ ဘာမှမတတ်နိုင်သူရယ်ပါ။

ခင်နှင်းဦး
နိုဝင်ဘာ - ၃
( Zawgyi )
ကမာၻေပၚမွာ ကံခဏခဏဆိုးတဲ့အျဖစ္ ႀကဳံရတဲ့ ႏိုင္ငံေခါင္းေဆာင္ အမ်ိဳးသားေခါင္းေဆာင္ေတြ ရွိခဲ့ဖူးရင္ေတာင္ ျမန္မာျပည္က ဗိုလ္ခ်ဳပ္ေအာင္ဆန္း အျဖစ္ေတြကိုေတာ့ မီမယ္မထင္ပါဘူး။ဗိုလ္ခ်ဳပ္ခမ်ာ အသက္ ၂၀ ေက်ာ္ တကၠသိုလ္ေက်ာင္းသား ဘဝကစၿပီး အဂၤလိပ္လက္ေအာက္က ျမန္မာႏိုင္ငံ ျပန္လြတ္လပ္ဖို႔သာ သူ႔စိတ္ထဲရွိေနခဲ့သူ၊ ျမန္မာႏိုင္ငံ လြတ္လပ္ေရးအတြက္ ဘယ္လိုလုပ္ရမယ္ဆိုတာကို အခ်ိန္ျပည့္ ေတြးေတာစဥ္းစား လုပ္ကိုင္ခဲ့သူ ျဖစ္ပါတယ္။
 

ရန္ကုန္တကၠသိုလ္မွာ ဘီေအတန္းေအာင္ၿပီး ဘီအယ္လ္ (ဥပေဒ) ပညာ ဆက္သင္ေနတာကိုရပ္ၿပီး တကၠသိုလ္ေက်ာင္းသား ဘဝကို ေက်ာခိုင္းခဲ့ပါတယ္။ျမန္မာ့ႏိုင္ငံေရးေလာကထဲ ေျခစုံပစ္ဝင္ခဲ့ပါတယ္။အဲဒီတုန္းကတည္းက ဗိုလ္ခ်ဳပ္မွာ ရန္သူေတြ ဝိုင္းေနခဲ့ပါတယ္။ျမန္မာ့ႏိုင္ငံေရးေလာကထဲက ကိုေအာင္ဆန္း ထက္ အသက္ႀကီးသူတခ်ိဳ႕နဲ႔ အဂၤလိပ္အစိုးရဟာ ကိုေအာင္ဆန္း ရဲ႕ ရန္သူေတြပါပဲ။ကိုေအာင္ဆန္း ကေတာ့ ျမန္မာျပည္ လြတ္လပ္ေရးျပန္ရဖို႔သာ ေခါင္းထဲရွိေနေတာ့ လူ႔ယဥ္ေက်းမႈအရ ဧည့္ဝတ္ပ်ဴငွာမႈ သံခင္းတမန္ခင္းဆန္ဆန္ စကားအလွေျပာမႈ ဘာမွမရွိပါဘူး။ဒါေၾကာင့္ ကိုေအာင္ဆန္း နဲ႔ တကၠသိုလ္တက္ဖက္ ဒဂုန္တာရာ က ေအာင္ဆန္း (သို႔မဟုတ္) အ႐ိုင္းဆိုတဲ့ ႐ုပ္ပုံလႊာေဆာင္းပါးကို တာရာမဂၢဇင္းမွာ ေရးသားခဲ့တာပါ။
ျပည္တြင္းအားသက္သက္နဲ႔ လြတ္လပ္ေရးမရႏိုင္ဘူး သိလာလို႔ ႏိုင္ငံျခားအကူညီယူဖို႔ ကိုေအာင္ဆန္း တ႐ုတ္ကို ထြက္ခဲ့ပါတယ္။တ႐ုတ္ကေန ဂ်ပန္ကိုေရာက္တယ္။သုံးေလးႀကိမ္ အလီလီအလာလာ ခြဲထြက္လာတဲ့ ျမန္မာ့လူငယ္ေတြနဲ႔ ဟိုင္နန္ကြၽန္းမွာေတြ႕ၾကရတယ္။ဂ်ပန္ဆီက စစ္ပညာကို ပင္ပန္းႀကီးစြာ အားထုတ္သင္ယူခဲ့ရတယ္။ဟိုင္နန္ကြၽန္းမွာ ဂ်ပန္ဆီက စစ္ပညာသင္ခဲ့တဲ့ ျမန္မာလူငယ္ ၃၀ ဟာ ေနာင္တခ်ိန္မွာ ရဲေဘာ္သုံးက်ိပ္လို႔ အမည္တြင္ခဲ့ပါတယ္။
 

ရဲေဘာ္သုံးက်ိပ္လို႔ သမိုင္းတြင္တဲ့ ျမန္မာ့လြတ္လပ္ေရး တပ္မေတာ္ဟာ ယိုးဒယားကတဆင့္ တနသၤာရီဘက္ကေန ျမန္မာျပည္ထဲ ျပန္ဝင္လာၿပီး အဂၤလိပ္ကို တိုက္ထုတ္ၾကတယ္။ဂ်ပန္က ကတိမတည္ဘဲ ျမန္မာျပည္ကို ဖက္ဆစ္စနစ္နဲ႔ ရက္ရက္စက္စက္ အုပ္ခ်ဳပ္ခဲ့လို႔ ဂ်ပန္ကို ျပန္ေတာ္လွန္ရျပန္ပါတယ္။ ကမာၻ႔ႏိုင္ငံေရး အေျခအေနအရ အဂၤလိပ္က ျမန္မာကို လြတ္လပ္ေရးေပးကို ေပးမယ္ဆိုတာ ဗိုလ္ခ်ဳပ္ ႀကိဳသိေနတယ္။ဒါေၾကာင့္ ၁၉၄၆ ေလာက္ကတည္းက ျမန္မာပညာေတာ္သင္ေတြကို အဂၤလန္ကိုလႊတ္ၿပီး ပညာရပ္အမ်ိဳးမ်ိဳးကို သင္ၾကားေစခဲ့ပါတယ္။အဂၤလိပ္ထြက္တာနဲ႔ ျမန္မာႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရားထဲက ထြက္သြားမယ့္ အဂၤလိပ္ေတြေနရာကို ျမန္မာေတြနဲ႔ အစားထိုးဖို႔ ျပင္ဆင္ခဲ့ပါတယ္။တဘက္မွာလဲ ဆရာေဇာ္ဂ်ီ တို႔လို ပညာရွင္ေတြကို အဖြဲ႕ ဖြဲ႕ေပးၿပီး ႏိုင္ငံေတာ္အလံ၊ ႏိုင္ငံေတာ္သီခ်င္း၊ အေျခခံဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ ဥပေဒတို႔ကို ေရးဆြဲေစပါတယ္။
 

တိုင္းျပည္ ျပန္လြတ္လပ္ဖို႔ လပိုင္းအလိုမွာ ဗိုလ္ခ်ဳပ္ လုပ္ႀကံခံခဲ့ရပါတယ္။ျမန္မာႏိုင္ငံ လြတ္လပ္ေရးရဖို႔  ဦးႏု က ဆက္ေဆာင္႐ြက္ခဲ့ရပါတယ္။ ဖဆပလ တေခတ္လုံး ဗိုလ္ခ်ဳပ္ကို ေလးစားၾကည္ညိဳ ေနရာေပးခဲ့ေပမဲ့၊ ၁၉၆၂ ေနာက္ပိုင္း ဗိုလ္ခ်ဳပ္ရဲ႕ အခန္းက႑ကို အၿပီးဖယ္မပစ္လိုက္ေပမဲ့ ပညာသားပါပါ ေမွးမွိန္ေစခဲ့ပါတယ္။၁၉၈၈ ေနာက္ပိုင္းမွာ ျမန္မာ့ႏိုင္ငံေရးေလာကထဲ ေဒၚေအာင္ဆန္းစုၾကည္ ဝင္လာေတာ့ ဗိုလ္ခ်ဳပ္နဲ႔ ပတ္သက္တဲ့ စာအုပ္ေဟာင္းေတြ ျပန္ထုတ္ခ်င္ရင္ေတာင္ စာေပကင္ေပတိုင္လို႔ နာမည္ေပးထားတာခံရတဲ့ စာေပစိစစ္ေရးကို ျဖတ္ေက်ာ္ရပါတယ္။ေအာင္သန္း ၏ ေအာင္ဆန္း စာအုပ္ထဲမွာပါတဲ့ “ငါ့သားသမီး ၃ ေယာက္ထဲမွာ သမီးေလး စု ကေတာ့ ခ်စ္စရာအေကာင္းဆုံးနဲ႔ အလိမၼာဆုံးပဲဆိုတဲ့” စာသားေတြကို ျဖဳတ္ေပးရပါတယ္။၂၀၀၇ ေ႐ႊဝါေရာင္ေတာ္လွန္ေရး အၿပီးမွာေတာ့ ဗိုလ္ခ်ဳပ္နဲ႔ ပတ္သက္တဲ့ စာအုပ္ အေဟာင္းအသစ္အားလုံး ထုတ္ေဝခြင့္ မရေတာ့ပါဘူး။ဗိုလ္ခ်ဳပ္စာအုပ္ေတြကို မိတၱဴကူးၿပီး တိတ္တဆိတ္ လက္တို႔ဝယ္ဖတ္ၾကရပါတယ္။
 

၂၀၁၁ မွာ ဦးသိန္းစိန္ အစိုးရတက္လာၿပီး စာေပစိစစ္ေရးကို တဆင့္ၿပီးတဆင့္ ေျဖေလွ်ာ့ေပးခဲ့ပါတယ္။၂၀၁၂ ၾသဂုတ္လထဲမွာ ဦးသိန္းစိန္ အစိုးရက စာေပစိစစ္ေရးအဖြဲ႕ကို ဖ်က္သိမ္းေပးခဲ့ပါတယ္။၂၀၁၁ - ၂၀၁၂ ဝန္းက်င္မွာပဲ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ျဖစ္ေျမာက္ေရး ေကာ္မတီ ဖြဲ႕လိုက္ေၾကာင္း စာေရးသူကို စာၾကည့္တိုက္မႉး တစ္ဦးအေနနဲ႔ လိုအပ္တဲ့ အခ်က္အလက္ေတြ ရွာေပးဖို႔ ထည့္ထားေၾကာင္း၊ ဘယ္ေန႔ ဘယ္ေနရာ ဘယ္အခ်ိန္မွာ အစည္းအေဝးလာတက္ပါဆိုတဲ့ စာေရာက္လာပါတယ္။ေျမနီကုန္း ဝိဇယ႐ုပ္ရွင္႐ုံနဲ႔ မ်က္ေစာင္းထိုးေနရာရဲ႕ ေနာက္ေက်ာ အတြင္းဘက္မွာရွိတဲ့ ႐ုပ္ရွင္နဲ႔ဆိုင္တဲ့ အေဆာက္အအုံတစ္ခုမွာ အစည္းအေဝး သြားတက္ရပါတယ္။ဒီပြဲမွာ မွတ္မိသေလာက္ ဘႀကီးမိုး (ဒါ႐ိုက္တာေမာင္မိုးသူ)၊ ဆရာခ်စ္ဦးညိဳ၊ ေဆြဇင္ထိုက္၊ ဇာဂနာ စတဲ့သူေတြ အပါအဝင္ စာေပ၊ ဒီခ်ဳပ္ပါတီ၊ ႐ုပ္ရွင္ေလာကက ထိပ္သီးေတြကို စုံစုံညီညီေတြ႕ရလို႔ အေတာ္အားတက္သြားပါတယ္။
ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ိုက္ကူးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ စီစဥ္တာ မဟုတ္ပါဘူး။ဇာဂနာ နဲ႔ အဖြဲ႕လို႔ ထင္ပါတယ္။

အစည္းအေဝး ၂ ခါ ၃ ခါေလာက္ တက္ၿပီးတဲ့အခါ ကြၽန္မတို႔လက္ထဲကို ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ဇာတ္ၫႊန္းမူၾကမ္း ေရာက္လာပါတယ္။ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ိုက္ကူးေရးအတြက္ သမိုင္းဆိုင္ရာ အခ်က္အလက္ေထာက္ျပဖို႔ သမိုင္းပညာရွင္ေတြျဖစ္ၾကတဲ့ ဦးသိန္းႏိုင္၊ ဦးျမဟန္၊ ေဒါက္တာခင္လွဟန္ တို႔ ပါဝင္ၾကပါတယ္။ဇာတ္ၫႊန္းမူၾကမ္းက အမွားေတြပါေနလို႔ ေမးၾကည့္ေတာ့ ဆရာခ်စ္ဦးညိဳ ေရးေပးတဲ့ ဇာတ္ၫႊန္းက ႐ုပ္ရွင္တကားစာ ၂ နာရီထက္ ပိုေနတယ္။ဒါေၾကာင့္ တည္းျဖတ္ျပင္ဆင္ထားတာလို႔ ေျပာေပမဲ့၊ ဘယ္သူတည္းျဖတ္တယ္ မေျပာပါဘူး။

တကၠသိုလ္ေက်ာင္းသားဘဝ စာသင္ခန္းထဲက ကိုေအာင္ဆန္း ေက်ာင္းသားတသိုက္ကို သ႐ုပ္ေဖာ္ထားတဲ့ ဇာတ္ဝင္ခန္းဟာ ကြၽန္မတို႔ၾကည့္ေနက် ျမန္မာ့႐ုပ္ရွင္ထဲက တကၠသိုလ္ေက်ာင္းသားေတြ ေပါေတာေတာ ေျပာင္ပ်က္ပ်က္ ေျပာၾကျပဳမူၾကပုံမ်ိဳးကို ဇာတ္ၫႊန္းရဲ႕ အခန္းတစ္ခန္းအျဖစ္ ဖတ္ရႈရပါတယ္။ေဒါက္တာခင္လွဟန္ က အဂၤလိပ္ေခတ္တကၠသိုလ္ ေက်ာင္းသားေတြဟာ တကၠသိုလ္ထဲမွာ အဲဒီလိုေျပာင္ပ်က္ပ်က္ အေျပာေတြအျပဳအမူေတြ မလုပ္ၾကေၾကာင္း စေျပာပါတယ္။

ဆရာဦးျမဟန္ နဲ႔ ဆရာဦးသိန္းႏိုင္ တို႔ကလည္း ေတြ႕တဲ့ အလြဲေတြကို ေထာက္ျပၾကပါတယ္။ကြၽန္မကေတာ့ ဗိုလ္ခ်ဳပ္ ထမင္းစားတဲ့ ဇာတ္ဝင္ခန္းနဲ႔ ပတ္သက္ၿပီး ေျပာပါတယ္။ဇာတ္ဝင္ခန္းမွာ ဗိုလ္ခ်ဳပ္ က စားပြဲေပၚက ဘဲဥဟင္းပန္းကန္ကို ၾကည့္ၿပီး လက္နဲ႔တြန္းပစ္ရင္း ငါဘယ္တုန္းက ဒီလိုဟင္းမ်ိဳးစားလို႔လဲဆိုတဲ့ စကားေျပာ (ဒိုင္ယာေလာ့) ပါပါတယ္။ကြၽန္မက ဗိုလ္ခ်ဳပ္ဟာ အစားအေသာက္ ဇီဇာမေၾကာင္ေၾကာင္း၊ ထမင္းသိုးဟင္းသိုးကိုေတာင္ သိုးမွန္းမသိဘဲ စားသူျဖစ္ေၾကာင္း ျပင္ေပးပါလို႔ ေျပာပါတယ္။ေနာက္တစ္ခုက ကြၽန္မနဲ႔ ခင္မင္တဲ့ ရန္ကုန္တကၠသိုလ္က အၿငိမ္းစားပါေမာကၡ တစ္ေယာက္မွာတဲ့ စကားပါ။သူက ပင္စင္ယူၿပီးခ်ိန္မွာ ဗိုလ္ခ်ဳပ္ကို ဘယ္ေလာက္ေလးစားေၾကာင္း ျပမယ္ဆိုၿပီး ရန္ကုန္က အိမ္မွာ သားသမီးေတြ ထားခဲ့ပါတယ္။ျပင္ဦးလြင္မွာ ၿခံဝယ္ အိမ္ေဆာက္ၿပီး စာေရးတာတစ္ခုပဲ လုပ္ပါေတာ့တယ္။ဒီပါေမာကၡက ေငြေၾကးခ်မ္းသာလို႔လဲ လုပ္ႏိုင္တာပါ။အၿငိမ္းစား ပါေမာကၡက ကြၽန္မကို အမွာပါးပါတယ္။

“ညည္းက ဗိုလ္ခ်ဳပ္႐ုပ္ရွင္ အဖြဲ႕ဝင္ဆိုေတာ့ ေျပာျပစမ္းပါေအ။အိႏၵိယက ဂႏၵီ႐ုပ္ရွင္႐ိုက္ေတာ့ ဂႏၵီအျဖစ္ သ႐ုပ္ေဆာင္မယ့္ မင္းသားက ဂႏၵီ ဒိုတီအျဖဴေလးဝတ္ၿပီး ဒူးတစ္ဘက္လွဲ တစ္ဘက္ေထာင္ ထိုင္တဲ့ပုံရဖို႔ ၂ လက်င့္ရတာေအ့။ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ေပါက္ကရထြက္လာမွာ စိတ္ပူလိုက္တာေအတဲ့။”

အၿငိမ္းစား ပါေမာကၡ မွာတာေတြေရာ ဗိုလ္ခ်ဳပ္နဲ႔ ပတ္သက္ၿပီး ေတြ႕ရတဲ့ အမွားေတြကို စာ႐ြက္တစ္႐ြက္မွာ ေရးခ်ၿပီး အဲဒီအဖြဲ႕လက္ထဲ ထည့္ခဲ့ရပါတယ္။အဲဒါ ဗိုလ္ခ်ဳပ္႐ုပ္ရွင္နဲ႔ ပတ္သက္လို႔ ကြၽန္မေနာက္ဆုံးတက္ရတဲ့ အစည္းအေဝးျဖစ္ပါတယ္။ကြၽန္မတို႔ကို ဘယ္အစည္းအေဝးမွ မဖိတ္ေတာ့ပါဘူး။ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဆိုတဲ့ အသံလဲ တိတ္သြားပါတယ္။အဲဒီေန႔က အစည္းအေဝးမွာ ႐ုပ္ရွင္ဘက္က ဇာဂနာ၊ မင္းထင္ကိုကိုႀကီး၊ ၾကည္ျဖဴသွ်င္ တို႔ လာၾကပါတယ္။ပထမဆုံးအစည္းေဝးေန႔က ေတြ႕ရသူ အေတာ္အမ်ားမ်ားကို မျမင္ရေတာ့ပါဘူး။ကြၽန္မစိတ္ထဲမွာ ျမန္မာ႐ုပ္ရွင္ ဒါ႐ိုက္တာေတြကို အထင္ေသးတဲ့ စိတ္အခံေနရွိေတာ့၊ ဒီကားကို တာဝန္ယူ႐ိုက္မယ့္ ဒါ႐ိုက္တာဟာ ဆရာၾကည္စိုးထြန္း၊ ေမာင္တင္ဦး စတဲ့သူေတြဆိုရင္ နည္းနည္းစိတ္ေအးမွာျဖစ္ေပမဲ့၊ ဒီအစည္းအေဝးကို လာတက္တဲ့ ဒါ႐ိုက္တာေတြကို အထင္မႀကီးတာ သူတို႔ ႐ိုက္ရင္ ပ်က္ေတာ့မွာပဲဆိုတဲ့ မေကာင္းျမင္စိတ္ လႊမ္းမိုးတာကို စိတ္ထဲက ဖယ္ထုတ္လို႔ မရခဲ့ပါဘူး။

ဒါေပမဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အေၾကာင္း စုန္းစုန္းျမဳပ္ သတင္းထြက္မလာေတာ့ မ႐ိုက္ျဖစ္ေတာ့ဘူး ထင္ပါရဲ႕ ေတြးရင္းေမ့ေနပါၿပီ။ဒီႏွစ္ (၂၀၁၈) မွာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို သာသနာေရးနဲ႔ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက တာဝန္ယူ႐ိုက္မယ္လို႔ သတင္းေတြ ပါလာျပန္ပါတယ္။႐ိုးသားစြာဝန္ခံရရင္ ဗိုလ္ခ်ဳပ္ကားေတာ့ ပ်က္ေတာ့မွာပဲဆိုတဲ့ မေကာင္းျမင္စိတ္က ႀကီးစိုးေနပါတယ္။ျမန္မာ့႐ုပ္ရွင္ေတြရဲ႕ ဒဏ္ကိုအခံရဆုံးအခ်ိန္က အေဝးေျပးကားေတြနဲ႔ ခရီးသြားခ်ိန္ပါ။ဆူညံသံနဲ႔ ပတ္သက္ၿပီး တိက်တဲ့ ဥပေဒမရွိတဲ့ ျမန္မာႏိုင္ငံမွာ ကားေမာင္းသမားေတြက အိပ္ငိုက္ေျပဖို႔ ေပါကားေတြကို ကားေပၚမွာ အသံက်ယ္ႀကီးေတြနဲ႔ ဖြင့္ၾကပါတယ္။သူတို႔ဖြင့္တဲ့ ေပါကားေတြထဲက ႐ြာသားေတြဟာ ဘယ္ျဂၤ ိုလ္ေပၚက ဆင္းလာမွန္းမသိတဲ့ ဖက္ရွင္ေတြဝတ္ၿပီး ေပါေတာေတာစကားေတြ (အထူးသျဖင့္ ခ်က္ေအာက္က ျခင္ေထာင္ခန္းေတြနဲ႔ ပတ္သက္တာေတြကို ၿမိန္ေရယွက္ေရ ေျပာၾကတာေတြကို မၾကားဝံ့မနာသာ တလမ္းလုံးၾကားရပါတယ္။ေဘးထိုင္ခုံေတြမွာ ဘုန္းႀကီး သက္ႀကီး႐ြယ္အိုေတြ ပါလာရင္ မ်က္ႏွာဘယ္ထားရမွန္း မသိတဲ့ ကားေတြကို ဘယ္အခ်ိန္ခရီးသြားသြား ၾကည့္ၾကရပါတယ္။

အကယ္ဒမီရတယ္ဆိုတဲ့ ကားေတြက သ႐ုပ္ေဆာင္ကြက္ေတြကို ၾကည့္ရရင္ေတာင္ ျပဴးျပၿပဲျပတဲ့ အခန္းေတြ သဘာဝနဲ႔ ကင္းကြာလွတဲ့ သ႐ုပ္ေဆာင္ပုံေတြကို ၾကည့္ၾကရပါတယ္။စကားမေျပာဘဲ ဒါမွမဟုတ္ လိုသေလာက္ တခြန္းစ ႏွစ္ခြန္းစ ေျပာၿပီး စိတ္ရဲ႕ ျပဴတင္းေပါက္ျဖစ္တဲ့ မ်က္လုံးက စိတ္ခံစားမႈကိုျပတဲ့ သ႐ုပ္ေဆာင္ကြက္ မ်က္ႏွာေပးအမူအယာနဲ႔ပဲ ခံစားမႈကိုျပတဲ့ ျပကြက္မ်ိဳး ေနာက္ပိုင္း႐ုပ္ရွင္ေတြမွာ မေတြ႕ရသေလာက္ ျဖစ္သြားပါၿပီ။အဖြဲ႕နဲ႔ မူနဲ႔ ေ႐ြးတယ္ဆိုတဲ့ အကယ္ဒမီဆုရ ကားေတြမွာေတာင္ အႀကီးအက်ယ္ငိုျပတာေတြ ေအာ္ျပတာေတြ ေတြ႕ရပါတယ္။ဒီလို လက္ရွိ႐ုပ္ရွင္ေလာကရဲ႕ အရည္အေသြးအေပၚ ေသာကေရာက္ေနတုန္း ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ိုက္မယ့္ ဒါ႐ိုက္တာ ေျပာင္းသြားျပန္ပါၿပီတဲ့။မင္းထင္ကိုကိုႀကီး မဟုတ္ေတာ့ဘူးတဲ့။

မင္းထင္ကိုကိုႀကီး အစား တာဝန္ယူရမယ့္ ဒါ႐ိုက္တာ ဘယ္သူဘယ္ဝါဆိုတာ သိလိုက္ရေတာ့ ေအာ္ - ဗိုလ္ခ်ဳပ္႐ုပ္ရွင္နဲ႔ ပတ္သက္လို႔ စိတ္ပူရပါဘိေတာ့တယ္။ျမန္မာဝန္ႀကီးေတြဟာ ကိုယ့္ႏိုင္ငံရဲ႕ စာေပနဲ႔ အႏုပညာ အေျခအေနေတြ မသိနားမလည္ၾကတာကလဲ ဘြားဘြားႀကီးေပၚလာပါတယ္။ဘယ္ဒါ႐ိုက္တာလက္ဟာ ဘယ္ေလာက္ပဲရွိတယ္။ဘယ္ဒါ႐ိုက္တာဟာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္လို တာဝန္ႀကီးမားတဲ့ သမိုင္းေနာက္ခံ မွတ္တမ္း႐ုပ္ရွင္ ပီပီျပင္ျပင္႐ိုက္ကူးႏိုင္တဲ့ ပညာလက္မရွိဘူး စတာေတြ ဘာမွမသိပါလားလို႔ ဝမ္းနည္းေၾကကြဲရပါတယ္။

တကယ္ေတာ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဟာ သမိုင္းေနာက္ခံ မွတ္တမ္းတင္ကား အမ််ိဳးအစားထဲမွာ ပါပါတယ္။ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဟာ သမိုင္းအခ်က္အလက္ မွန္ကန္တိက်ဖို႔၊ သ႐ုပ္ေဆာင္ေတြ မႂကြားဝါဘဲ ဗိုလ္ခ်ဳပ္ဇာတ္႐ုပ္၊ အဲဒီေခတ္က ႏိုင္ငံေရးသမားေတြ၊ တျခားဆက္စပ္ေနသူေတြရဲ႕ ဇာတ္႐ုပ္ပီျပင္ဖို႔သာ အေရးႀကီးပါတယ္။ဗိုလ္ခ်ဳပ္ကား ႐ိုက္ဖို႔ စတင္ခဲ့သူက ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္ေပမဲ့ ပထမဆုံးအစည္းေဝးေန႔က ေတြ႕ရသူေတြကို ေနာက္ပိုင္းအစည္းအေဝးေတြမွာ မေတြ႕ရေတာ့ပါဘူး။

၂၀၁၆ အင္အယ္လ္ဒီ အစိုးရ တက္လာၿပီးေနာက္ပိုင္း အင္အယ္လ္ဒီ ပါတီဝင္ အေတာ္မ်ားမ်ားက ဗိုလ္ခ်ဳပ္႐ုပ္တု ထုလုပ္ထားရွိေရးေတြကို အားသြန္လုပ္ခဲ့ၾကပါတယ္။မေထာ္မနန္း ဗိုလ္ခ်ဳပ္႐ုပ္တုေတြ ျမင္ရလို႔ မီဒီယာက ဘယ္လိုပဲေထာက္ျပပါေစ၊ ဗိုလ္ခ်ဳပ္႐ုပ္တု ထုၿပီးထားရွိေရး ၿပိဳင္ပြဲႀကီးကို အင္အယ္လ္ဒီေတြ အၿပိဳင္အဆိုင္ လုပ္ေဆာင္ခဲ့ၾကပါတယ္။ဒီေတာ့ ဗိုလ္ခ်ဳပ္ပါလို႔ ဘုရားစူးမိုးႀကိဳးပစ္ က်ိန္တြယ္ေျပာရေလာက္တဲ့ ဗိုလ္ခ်ဳပ္႐ုပ္တုေတြ၊ အသက္ ၈၀ ေက်ာ္အ႐ြယ္ အိုမင္း႐ြတ္တြေနတဲ့ ဗိုလ္ခ်ဳပ္႐ုပ္တုေတြ၊ တေပကုလားအ႐ြယ္ ကေလးမသာ ႐ုပ္ေလးနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ ဗိုလ္ခ်ဳပ္႐ုပ္တုေတြ ေပၚထြက္လာၾကပါတယ္။ဒီေရာဂါဟာ ကယားျပည္နယ္မွာ ေဒသခံလူထုနဲ႔ အင္အယ္လ္ဒီ ကယားဝန္ႀကီးခ်ဳပ္ ထိပ္တိုက္ေတြ႕တဲ့ ပြဲေတြေၾကာင့္ ရပ္တန႔္သြားပါတယ္။

အာဏာရွင္ေတြက ဗိုလ္ခ်ဳပ္ကို လူထုၾကားမွာ ေမွးမွိန္ေစခ်င္ၾကတယ္။ဒီလိုျဖစ္ဖို႔ အရွက္မရွိ မလုပ္သင့္တာေတြ လုပ္ခဲ့ၾက တားျမစ္ခဲ့ၾကတယ္။အင္အယ္လ္ဒီ အာဏာရလာေတာ့ ဗိုလ္ခ်ဳပ္ကို ဗန္းျပၾကျပန္ပါတယ္။အင္အယ္လ္ဒီေခတ္ ဗိုလ္ခ်ဳပ္႐ုပ္တု ထုသူေတြကေတာ့ သူတို႔သမိုင္း သူတို႔ေရးသြားၾကပါၿပီ။႐ုပ္ရွင္ဆိုတာက ႐ုပ္တုထက္ အဆေပါင္းမ်ားစြာ တာဝန္ႀကီးတဲ့ လုပ္ငန္းပါ။ျပည္သူ႔ဆႏၵ ခံယူမႈမရွိတဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ အရည္အေသြးေကာင္းေကာင္း ထြက္လာပါေစ။ေဒၚခင္ၾကည္ ကို ပိုးတဲ့အခန္း႐ိုက္ရင္ ဗိုလ္ခ်ဳပ္အျဖစ္ သ႐ုပ္ေဆာင္ရတဲ့ မင္းသားခမ်ာ သူတို႔ လက္စြမ္းအျပႏိုင္ဆုံးျဖစ္တဲ့ ေပါေတာေတာ ေပါက္ေပါက္ စကားေတြ႐ြတ္ၿပီး မ်က္ႏွာ႐ူး ဗိုလ္ခ်ဳပ္အျဖစ္ ထြက္မလာပါေစနဲ႔ ဆုေတာင္း႐ုံမွအပ ဘာမွမတတ္ႏိုင္သူရယ္ပါ။

ခင္ႏွင္းဦး
ႏိုဝင္ဘာ - ၃