【 ဆောင်းပါး 】 ကြားဖြတ်သင်ခန်းစာ…

【 ဆောင်းပါး 】 ကြားဖြတ်သင်ခန်းစာ…

ဒီချုပ်အစိုးရလက်ထက် သုံးနှစ်တာကာလအတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ပထမအကြိမ်က အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး တစ်နှစ်ခွဲခန့်အကြာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တာပါ။

၁၉၈၈ ခုနှစ်ကစပြီး စစ်အစိုးရကာလတစ်လျှောက် အတိုက်အခံအဖြစ် ရပ်တည်လာခဲ့တဲ့ ဒီချုပ်ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲက စပြီး မြန်မာ့နိုင်ငံရေးလောကထဲကို ပုံစံပြောင်း ချဉ်းနင်းဝင်ရောက်လာခဲ့ပါတယ်။တစ်နည်းဆိုရရင် စစ်အစိုးရ ဦးစီးဦးကိုင်ပြု ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခံခြင်းဆိုတဲ့ လမ်းကို ရွေးခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရကာလတစ်လျှောက် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို ဆက်တိုက်ရယူထားနိုင်ခဲ့တဲ့ ဒီချုပ်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြည်သူရဲ့ တစ်ခဲနက်အားပေးခြင်း၊ ထောက်ခံခြင်းကို ရရှိခဲ့ပါတယ်။အဲဒီကြားဖြတ်မှာ အခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူက မဲပေးပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက်ခဲ့ကြပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကတော့ ဒီချုပ်ရဲ့ သောင်ပြိုကမ်းပြို အောင်ပွဲအခင်းအကျင်း ဖြစ်ခဲ့ပါတယ်။အဲဒီမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၈၀ နီးပါး အနိုင်ရ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။အဓိကပြိုင်ဘက်ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက ၈ ရာခိုင်နှုန်းလောက်သာ အနိုင်ရရှိခဲ့ပြီး မဲရလဒ် အပြတ်အသတ် ကွာဟသွားခဲ့ပါတယ်။အဲဒီကာလ အစိုးရဖွဲ့နိုင်ရေးကိုလည်း ပြည်သူလူထုတစ်ရပ်လုံးက စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ရတဲ့ ကာလဖြစ်ပါတယ်။အစိုးရဖွဲ့နိုင်ခဲ့တဲ့ ရလဒ်ထွက်တာကို သိရပြီးနောက်ပိုင်းမှာလည်း ပြည်သူလူထုအများစုဟာ အတိုင်းထက်အလွန် ဝမ်းသာကြည်နူးဖြစ်ခဲ့ကြပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီး တစ်နှစ်ခွဲခန့် (တစ်နှစ်နဲ့ ငါးလ) အကြာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ စတင်ပြီး ဒီချုပ်အတွက် ရင်လေးစရာ နေ့ရက်တွေ ပေါ်ထွက်ခဲ့တယ်လို့ ဆိုရပါမယ်။အဲဒီကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ ရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကိုးနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ခြောက်နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နှစ်နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ကယားပြည်နယ် (ANDP-Kayar State) တို့က တစ်နေရာစီ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။နောက်ပိုင်း အယူခံ အမှုတက်ရာမှာတော့ ဒီချုပ်က ပြည်ခိုင်ဖြိုးကို အနိုင်ရရှိခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော် တစ်နေရာကို ထပ်မံအနိုင်ရရှိခဲ့ပါတယ်။

အဲဒီ ၂၀၁၇ ကြားဖြတ်မှာ ဒီချုပ်က လစ်လစ်မဲဆန္ဒနယ် ၁၉ နေရာအနက် ၁၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၁၀ နေရာ အနိုင်ရရှိကာ အနိုင်ရရှိမှု ၅၅ ရာခိုင်နှုန်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီကြားဖြတ်ဟာလည်း ဒီချုပ်အတွက် သင်ခန်းစာတွေပေးခဲ့တဲ့ ရွေးကောက်ပွဲ၊ သတိပြုစရာတွေရှိခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရပါတယ်။

ထိုမှတစ်ဖန် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကတော့ ဒီချုပ်အစိုးရလက်ထက် ဒုတိယအကြိမ်ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး ဒီရွေးကောက်ပွဲကနေ ဒီချုပ်အတွက် ယူစရာ သင်ခန်းစာများစွာကို ပေးခဲ့သလို သတိပြုရမယ့် အချက်တွေအပေါ် သံချောင်းတွေ ဆက်တိုက်ခေါက်ပေးခဲ့ပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲက လစ်လပ် ၁၃ နေရာအတွက် ကျင်းပတာ ဖြစ်ပါတယ်။ဒီချုပ်က ခုနစ်နေရာ နိုင်ပြီး ခြောက်နေရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းသာသာပဲ ရှိပါတယ်။အဲဒီရှုံးနိမ့်ခဲ့တဲ့ ခြောက်နေရာထဲမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့ နေရာ လေးနေရာ ပါဝင်ခဲ့တာဟာလည်း ဒီချုပ်အတွက် သတိပေးချက် ဖြစ်ပါတယ်။

ဒီလိုရလဒ်ထွက်လာတာနဲ့ ပတ်သက်ပြီး ဒီချုပ်ပါတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် က “သင်ခန်းစာရသွားတာပေါ့” ဆိုတဲ့ အပြောဟာလည်း ပြည်သူလူထုကြား ထိုးဖောက်ရောက်ရှိခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။၂၀၂၀ အတွက် ပြင်ဆင်ချိန် ရသွားကြောင်း၊ ပြင်ဆင်သွားရမှာဖြစ်ကြောင်းကိုလည်း ဒေါက်တာဇော်မြင့်မောင် က ဖြည့်စွက်ပြောဆိုပါတယ်။

ဒီကြားဖြတ်မှာ ဒီချုပ်ရှုံးနိမ့်ခဲ့တဲ့ ခြောက်နေရာကို ကြည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာနဲ့ ပြည်နယ်လွှတ်တော် နှစ်နေရာပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ ပြည်သူ့လွှတ်တော် တစ်နေရာက ရှမ်းပြည်နယ် လဲချားဖြစ်ပြီး အဲဒီမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ရှုံးနိမ်ခဲ့တဲ့ အမျိုးသားလွှတ်တော် တစ်နေရာက ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ဒီအမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက်ကတော့ ကြိုတင်မဲပေးမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

ရှုံးနိမ့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာကို ကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းထဲက တမူး (၂) နဲ့ ရန်ကုန်တိုင်းထဲက ဆိပ်ကမ်း (၂) မဲဆန္ဒနယ်တို့ဖြစ်ပြီး အဲဒီမဲဆန္ဒနယ် နှစ်ခုစလုံးမှာ ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ရှုံးနိမ့် ပြည်နယ်လွှတ်တော် နှစ်နေရာကတော့ ချင်းနဲ့ ရခိုင်တို့မှာ ဖြစ်ပါတယ်။အဲဒီမှာတော့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့က အနိုင်ရရှိခဲ့တာပါ။အနိုင်ရခဲ့တဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်က ဒေါက်တာအေးမောင် ရဲ့ သားဖြစ်ပါတယ်။

အခု ဒီချုပ်ရှုံးနိမ့်မှုမှာ သင်ခန်းစာယူစရာတွေထဲက တစ်ခုကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလတုန်းက အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီက အခုကြားဖြတ်မှာ နိုင်ခြေပမာဏ ပြန်လည်မြင့်တက်လာတဲ့ အချက်လည်း ပါဝင်ပါတယ်။ဒီကြားဖြတ်မှာ ပြည်ခိုင်ဖြိုးရဲ့ အနိုင်ရရှိမှုက ၂၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ထို့အတူပဲ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့သဘောထားတွေ၊ ပြိုင်ဘက်ပါတီတွေရဲ့ ဖြစ်တည်မှု၊ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်းရဲ့ ရပ်တည်မှုတွေအပေါ် မှန်ကန်တဲ့ ရှုမြင်ချက်တွေနဲ့အတူ မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့လိုမှာ ဖြစ်ပါတယ်။ပြည်သူ့ကြားက ပြည်သူ့အသံ စစ်စစ်မှန်မှန်တွေကို နားထောင်နိုင်၊ ကြားနိုင်ဖို့လည်း လိုပါတယ်။အသံတုတွေရဲ့ကြားမှာ ပျော်ဝင်နစ်မွန်းနေတာမျိုးတွေကို ရှောင်ရှားသွားဖို့လိုမှာ ဖြစ်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဒီချုပ်အတွက် သတိပေးချက်များစွာ ထွက်ပေါ်စေခဲ့ပါတယ်။၂၀၂၀ မှာကျင်းပလာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ဒီချုပ်အပေါ် ထိုးနှက်လိုက်တဲ့ ခေါင်းလောင်းသံတွေလည်း ဖြစ်ပါတယ်။ဒီခေါင်းလောင်းသံတွေအပေါ် သတိမူပြီး ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့လိုမှာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့ သောင်ပြိုကမ်းပြိုဆိုတဲ့ ဂုဏ်၊ သောင်ပြိုကမ်းပြိုဆိုတဲ့ ရလဒ်မျိုး ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီချုပ် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင်တော့ ကြားဖြတ်ကပေးတဲ့ သင်ခန်းစာတွေအပေါ် ကောင်းကောင်းသတိချပ်ဖို့လိုမှာ ဖြစ်ကြောင်းပါ။

ဂျေငြိမ်း
နိုဝင်ဘာ - ၁၇
( Zawgyi )
ဒီခ်ဳပ္အစုိးရလက္ထက္ သံုးႏွစ္တာကာလအတြင္းမွာ ၾကားျဖတ္ေရြးေကာက္ပြဲ ႏွစ္ႀကိမ္က်င္းပခဲ့ၿပီး ျဖစ္ပါတယ္။ပထမအႀကိမ္က အေထြေထြေရြးေကာက္ပြဲ က်င္းပၿပီး တစ္ႏွစ္ခြဲခန္႔အၾကာ ၂၀၁၇ ခုႏွစ္ ဧၿပီ ၁ ရက္က က်င္းပခဲ့ၿပီး ဒုတိယအႀကိမ္ကေတာ့ ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၃ ရက္ေန႔က က်င္းပခဲ့တာပါ။

၁၉၈၈ ခုႏွစ္ကစၿပီး စစ္အစုိးရကာလတစ္ေလွ်ာက္ အတုိက္အခံအျဖစ္ ရပ္တည္လာခဲ့တဲ့ ဒီခ်ဳပ္ဟာ ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲက စၿပီး ျမန္မာ့ႏုိင္ငံေရးေလာကထဲကုိ ပံုစံေျပာင္း ခ်ဥ္းနင္း၀င္ေရာက္လာခဲ့ပါတယ္။တစ္နည္းဆုိရရင္ စစ္အစုိးရ ဦးစီးဦးကုိင္ျပဳ ေရးဆြဲျပ႒ာန္းခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ေဘာင္ထဲကေန ျပည္သူလူထုရဲ႕ ေရြးခ်ယ္တင္ေျမႇာက္ခံျခင္းဆုိတဲ့ လမ္းကုိ ေရြးခဲ့တာျဖစ္ပါတယ္။

စစ္အစုိးရကာလတစ္ေလွ်ာက္ ျပည္သူလူထုရဲ႕ အားေပးေထာက္ခံမႈကုိ ဆက္တုိက္ရယူထားႏိုင္ခဲ့တဲ့ ဒီခ်ဳပ္ဟာ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲမွာလည္း ျပည္သူရဲ႕ တစ္ခဲနက္အားေပးျခင္း၊ ေထာက္ခံျခင္းကုိ ရရွိခဲ့ပါတယ္။အဲဒီၾကားျဖတ္မွာ အခု ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ကုိ ျပည္သူက မဲေပးၿပီး လႊတ္ေတာ္ကုိယ္စားလွယ္တစ္ဦးအျဖစ္ ေရြးေကာက္ခဲ့ၾကပါတယ္။

၂၀၁၅ အေထြေထြေရြးေကာက္ပြဲႀကီးကေတာ့ ဒီခ်ဳပ္ရဲ႕ ေသာင္ၿပိဳကမ္းၿပိဳ ေအာင္ပဲြအခင္းအက်င္း ျဖစ္ခဲ့ပါတယ္။အဲဒီမွာ ေရြးေကာက္ခံ လႊတ္ေတာ္ကုိယ္စားလွယ္ ရာခုိင္ႏႈန္း ၈၀ နီးပါး အႏုိင္ရ ေအာင္ပြဲခံခဲ့တာ ျဖစ္ပါတယ္။အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီက ၈ ရာခုိင္ႏႈန္းေလာက္သာ အႏုိင္ရရွိခဲ့ၿပီး မဲရလဒ္ အျပတ္အသတ္ ကြာဟသြားခဲ့ပါတယ္။အဲဒီကာလ အစုိးရဖြဲ႕ႏုိင္ေရးကုိလည္း ျပည္သူလူထုတစ္ရပ္လံုးက စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ခဲ့ရတဲ့ ကာလျဖစ္ပါတယ္။အစုိးရဖြဲ႕ႏုိင္ခဲ့တဲ့ ရလဒ္ထြက္တာကုိ သိရၿပီးေနာက္ပုိင္းမွာလည္း ျပည္သူလူထုအမ်ားစုဟာ အတိုင္းထက္အလြန္ ၀မ္းသာၾကည္ႏူးျဖစ္ခဲ့ၾကပါတယ္။

၂၀၁၅ အေထြေထြေရြးေကာက္ပြဲၿပီး တစ္ႏွစ္ခြဲခန္႔ (တစ္ႏွစ္နဲ႔ ငါးလ) အၾကာ ၂၀၁၇ ခုႏွစ္ ဧၿပီ ၁ ရက္မွာ က်င္းပတဲ့ ၾကားျဖတ္ေရြးေကာက္ပြဲကေန စတင္ၿပီး ဒီခ်ဳပ္အတြက္ ရင္ေလးစရာ ေန႔ရက္ေတြ ေပၚထြက္ခဲ့တယ္လုိ႔ ဆုိရပါမယ္။အဲဒီၾကားျဖတ္ေရြးေကာက္ပြဲမွာ လစ္လပ္မဲဆႏၵနယ္ ၁၉ ေနရာ ရွိခဲ့ၿပီး အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ (NLD) က ကိုးေနရာ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) က ေျခာက္ေနရာ၊ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) က ႏွစ္ေနရာ၊ ရခိုင္အမ်ိဳးသားပါတီ (ANP) နဲ႔ လူမ်ိဳးေပါင္းစံု ဒီမုိကေရစီပါတီ ကယားျပည္နယ္ (ANDP-Kayar State) တို႔က တစ္ေနရာစီ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ေနာက္ပုိင္း အယူခံ အမႈတက္ရာမွာေတာ့ ဒီခ်ဳပ္က ျပည္ခုိင္ၿဖိဳးကုိ အႏုိင္ရရွိခဲ့တဲ့အတြက္ ျပည္နယ္လႊတ္ေတာ္ တစ္ေနရာကုိ ထပ္မံအႏိုင္ရရွိခဲ့ပါတယ္။

အဲဒီ ၂၀၁၇ ၾကားျဖတ္မွာ ဒီခ်ဳပ္က လစ္လစ္မဲဆႏၵနယ္ ၁၉ ေနရာအနက္ ၁၈ ေနရာမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ၁၀ ေနရာ အႏုိင္ရရွိကာ အႏုိင္ရရွိမႈ ၅၅ ရာခုိင္ႏႈန္းနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

ဒီၾကားျဖတ္ဟာလည္း ဒီခ်ဳပ္အတြက္ သင္ခန္းစာေတြေပးခဲ့တဲ့ ေရြးေကာက္ပြဲ၊ သတိျပဳစရာေတြရွိခဲ့တဲ့ ေရြးေကာက္ပြဲ ျဖစ္ခဲ့ရပါတယ္။

ထုိမွတစ္ဖန္ ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၃ ရက္က က်င္းပတဲ့ ၾကားျဖတ္ေရြးေကာက္ပြဲကေတာ့ ဒီခ်ဳပ္အစုိးရလက္ထက္ ဒုတိယအႀကိမ္က်င္းပတဲ့ ၾကားျဖတ္ေရြးေကာက္ပြဲျဖစ္ၿပီး ဒီေရြးေကာက္ပြဲကေန ဒီခ်ဳပ္အတြက္ ယူစရာ သင္ခန္းစာမ်ားစြာကုိ ေပးခဲ့သလုိ သတိျပဳရမယ့္ အခ်က္ေတြအေပၚ သံေခ်ာင္းေတြ ဆက္တုိက္ေခါက္ေပးခဲ့ပါတယ္။

အခုၾကားျဖတ္ေရြးေကာက္ပြဲက လစ္လပ္ ၁၃ ေနရာအတြက္ က်င္းပတာ ျဖစ္ပါတယ္။ဒီခ်ဳပ္က ခုနစ္ေနရာ ႏုိင္ၿပီး ေျခာက္ေနရာမွာ ႐ံႈးနိမ့္ခဲ့ပါတယ္။ရာခုိင္ႏႈန္းနဲ႔ တြက္မယ္ဆုိရင္ ၅၀ ရာခုိင္ႏႈန္းသာသာပဲ ရွိပါတယ္။အဲဒီ႐ံႈးနိမ့္ခဲ့တဲ့ ေျခာက္ေနရာထဲမွာ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတုန္းက အႏုိင္ရရွိခဲ့တဲ့ ေနရာ ေလးေနရာ ပါ၀င္ခဲ့တာဟာလည္း ဒီခ်ဳပ္အတြက္ သတိေပးခ်က္ ျဖစ္ပါတယ္။

ဒီလုိရလဒ္ထြက္လာတာနဲ႔ ပတ္သက္ၿပီး ဒီခ်ဳပ္ပါတီ ဒုတိယဥကၠ႒လည္းျဖစ္၊ မႏၱေလးတုိင္း၀န္ႀကီးခ်ဳပ္လည္းျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ က “သင္ခန္းစာရသြားတာေပါ့” ဆုိတဲ့ အေျပာဟာလည္း ျပည္သူလူထုၾကား ထုိးေဖာက္ေရာက္ရွိခဲ့တဲ့အထိ ျဖစ္ခဲ့ရပါတယ္။၂၀၂၀ အတြက္ ျပင္ဆင္ခ်ိန္ ရသြားေၾကာင္း၊ ျပင္ဆင္သြားရမွာျဖစ္ေၾကာင္းကိုလည္း ေဒါက္တာေဇာ္ျမင့္ေမာင္ က ျဖည့္စြက္ေျပာဆုိပါတယ္။

ဒီၾကားျဖတ္မွာ ဒီခ်ဳပ္႐ံႈးနိမ့္ခဲ့တဲ့ ေျခာက္ေနရာကုိ ၾကည့္မယ္ဆုိရင္ ျပည္သူ႕လႊတ္ေတာ္ တစ္ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္ တစ္ေနရာ၊ တုိင္းေဒသႀကီးလႊတ္ေတာ္ ႏွစ္ေနရာနဲ႔ ျပည္နယ္လႊတ္ေတာ္ ႏွစ္ေနရာပါ၀င္ခဲ့တာကုိ ေတြ႕ရပါတယ္။

႐ံႈးနိမ့္ခဲ့တဲ့ ျပည္သူ႕လႊတ္ေတာ္ တစ္ေနရာက ရွမ္းျပည္နယ္ လဲခ်ားျဖစ္ၿပီး အဲဒီမွာ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD) က အႏုိင္ရရွိခဲ့တာ ျဖစ္ပါတယ္။႐ံႈးနိမ္ခဲ့တဲ့ အမ်ဳိးသားလႊတ္ေတာ္ တစ္ေနရာက ကခ်င္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၂) ျဖစ္ၿပီး ျပည္ေထာင္စုၾကံ့ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက အႏုိင္ရရွိခဲ့တာ ျဖစ္ပါတယ္။ဒီအမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵနယ္အတြက္ကေတာ့ ႀကိဳတင္မဲေပးမႈနဲ႔ ပတ္သက္ၿပီး ကန္႔ကြက္မႈေတြ ရွိခဲ့ပါတယ္။

႐ံႈးနိမ့္ တုိင္းေဒသႀကီးလႊတ္ေတာ္ ႏွစ္ေနရာကုိ ၾကည့္မယ္ဆုိရင္ စစ္ကုိင္းတုိင္းထဲက တမူး (၂) နဲ႔ ရန္ကုန္တုိင္းထဲက ဆိပ္ကမ္း (၂) မဲဆႏၵနယ္တုိ႔ျဖစ္ၿပီး အဲဒီမဲဆႏၵနယ္ ႏွစ္ခုစလံုးမွာ ျပည္ခုိင္ၿဖိဳးပါတီကုိ ႐ံႈးနိမ့္ခဲ့တာ ျဖစ္ပါတယ္။႐ံႈးနိမ့္ ျပည္နယ္လႊတ္ေတာ္ ႏွစ္ေနရာကေတာ့ ခ်င္းနဲ႔ ရခိုင္တုိ႔မွာ ျဖစ္ပါတယ္။အဲဒီမွာေတာ့ ခ်င္းဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီနဲ႔ တစ္သီးပုဂၢလကုိယ္စားလွယ္တုိ႔က အႏုိင္ရရွိခဲ့တာပါ။အႏုိင္ရခဲ့တဲ့ တစ္သီးပုဂၢလကုိယ္စားလွယ္က ေဒါက္တာေအးေမာင္ ရဲ႕ သားျဖစ္ပါတယ္။

အခု ဒီခ်ဳပ္႐ံႈးနိမ့္မႈမွာ သင္ခန္းစာယူစရာေတြထဲက တစ္ခုကေတာ့ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲကာလတုန္းက အျပတ္အသတ္ အႏုိင္ရခဲ့တဲ့ ျပည္ခုိင္ၿဖိဳးပါတီက အခုၾကားျဖတ္မွာ ႏုိင္ေျခပမာဏ ျပန္လည္ျမင့္တက္လာတဲ့ အခ်က္လည္း ပါ၀င္ပါတယ္။ဒီၾကားျဖတ္မွာ ျပည္ခုိင္ၿဖိဳးရဲ႕ အႏိုင္ရရွိမႈက ၂၃ ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။

ထုိ႔အတူပဲ တုိင္းရင္းသားေဒသေတြမွာရွိတဲ့ မဲဆႏၵရွင္ျပည္သူေတြရဲ႕သေဘာထားေတြ၊ ၿပိဳင္ဘက္ပါတီေတြရဲ႕ ျဖစ္တည္မႈ၊ ကုိယ့္ပါတီ၊ ကုိယ့္အဖြဲ႕အစည္းရဲ႕ ရပ္တည္မႈေတြအေပၚ မွန္ကန္တဲ့ ႐ႈျမင္ခ်က္ေတြနဲ႔အတူ မွန္ကန္တဲ့ ေဆာင္ရြက္ခ်က္ေတြကုိ အေကာင္အထည္ေဖာ္ဖုိ႔လုိမွာ ျဖစ္ပါတယ္။ျပည္သူ႕ၾကားက ျပည္သူ႕အသံ စစ္စစ္မွန္မွန္ေတြကုိ နားေထာင္ႏုိင္၊ ၾကားႏုိင္ဖုိ႔လည္း လုိပါတယ္။အသံတုေတြရဲ႕ၾကားမွာ ေပ်ာ္၀င္နစ္မြန္းေနတာမ်ဳိးေတြကုိ ေရွာင္ရွားသြားဖုိ႔လုိမွာ ျဖစ္ပါတယ္။

ဒီၾကားျဖတ္ေရြးေကာက္ပြဲဟာ ဒီခ်ဳပ္အတြက္ သတိေပးခ်က္မ်ားစြာ ထြက္ေပၚေစခဲ့ပါတယ္။၂၀၂၀ မွာက်င္းပလာမယ့္ အေထြေထြေရြးေကာက္ပြဲအတြက္ ဒီခ်ဳပ္အေပၚ ထိုးႏွက္လုိက္တဲ့ ေခါင္းေလာင္းသံေတြလည္း ျဖစ္ပါတယ္။ဒီေခါင္းေလာင္းသံေတြအေပၚ သတိမူၿပီး ျပင္ဆင္မႈေတြ ျပဳလုပ္သြားဖုိ႔လုိမွာ ျဖစ္ပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲတုန္းက ရရွိခဲ့တဲ့ ေသာင္ၿပိဳကမ္းၿပိဳဆုိတဲ့ ဂုဏ္၊ ေသာင္ၿပိဳကမ္းၿပိဳဆုိတဲ့ ရလဒ္မ်ဳိး ၂၀၂၀ ေရြးေကာက္ပြဲမွာ ဒီခ်ဳပ္ ဆက္လက္ထိန္းသိမ္းထားႏုိင္ဖုိ႔ဆုိရင္ေတာ့ ၾကားျဖတ္ကေပးတဲ့ သင္ခန္းစာေတြအေပၚ ေကာင္းေကာင္းသတိခ်ပ္ဖုိ႔လုိမွာ ျဖစ္ေၾကာင္းပါ။

ေဂ်ၿငိမ္း
ႏိုဝင္ဘာ - ၁၇