【 ဆောင်းပါး 】 ကျယ်ပြန့်လာသည့် တစ်သောင်းတန်ငွေစက္ကူ ပြဿနာ

【 ဆောင်းပါး 】 ကျယ်ပြန့်လာသည့် တစ်သောင်းတန်ငွေစက္ကူ ပြဿနာ

လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် မြန်မာအစိုးရ ပိုင်ဆိုင်တဲ့ ရွှေတန်ဖိုးအရ မြန်မာ့ငွေစက္ကူတွေကို ပြည်တွင်းမှာ ပုံမနှိပ်ဘဲ နိုင်ငံခြားမှာ ပုံနှိပ်ခဲ့တာပါ။ဟိုတုန်းက အင်္ဂလန်မှာ ပုံနှိပ်ခဲ့တဲ့ တစ်ကျပ်တန်၊ ၁၀၀ တန် ငွေစက္ကူတွေပေါ်မှာ စံလင်း၊ မောင်ကောင်း ဆိုတဲ့ လက်မှတ်တွေ ပါရှိခဲ့တာကို လူကြီးပိုင်းအရွယ် ရောက်နေသူတွေ လက်ထဲကိုင်တွယ် သုံးစွဲခဲ့ကြရပါသည်။ဒီကနေ့ခေတ် ကလေးတွေထဲမှာ စာပေဗဟုသုတ လိုက်စားကြတဲ့ လူငယ်ပိုင်းလောက်သာ ဒီငွေစက္ကူတွေ မြန်မာတို့ နေ့စဉ်ကိုင်တွယ် သုံးစွဲခဲ့ကြတယ်လို့ သိကြပါတော့မယ်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးကလည်း ဦးမော့နေချိန်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံဟာ ပေါင်စတာလင် ငွေကြေးအဖွဲ့ဝင် နိုင်ငံဖြစ်လို့ ငွေစက္ကူတွေကို ထင်သလိုပုံနှိပ်လို့မရဘဲ ပေါင်စတာလင် ငွေကြေးရန်ပုံငွေအဖွဲ့မှာ မြန်မာအစိုးရ ပိုင်ဆိုင်တဲ့ ရွှေတန်ဖိုးနဲ့ ချိန်စက် ပုံနှိပ်ထုတ်ဝေရတာဖြစ်လို့ အာမခံချက်ရှိတဲ့ ငွေကြေးဖြစ်ပါတယ်။၁၉၆၂ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် မတိုင်မီက မြန်မာငွေ တစ်ကျပ်ဟာ ထိုင်းထက် တန်ဖိုးမြင့်ခဲ့ပါတယ်။နောက်ပိုင်း မြန်မာငွေ တန်ဖိုးစကျတဲ့ အချိန်မှာတောင် မြန်မာငွေ တစ်ကျပ်ဟာ ထိုင်းငွေ တစ်ကျပ်နဲ့ ညီမျှခဲ့ပါသေးတယ်။နောက်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်ရောက်တော့ ၁၉၇၂ ခုနှစ်ကစပြီး မြန်မာငွေစက္ကူတွေကို ဝါဇီစက်ရုံမှာသာ ရိုက်နှိပ်ပါတော့တယ်။

ဝါဇီ ဆိုတာ မကွေးတိုင်း ပခုက္ကူမြို့ အနောက်တောင်ဘက်မှာရှိတဲ့ တန့်ကြည်တောင်တန်းရဲ့ တောင်ဘက်အစွန်ဆုံး ပေ ၁၀၀၀ ခန့်မြင့်တဲ့ တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ချောက်က သွားမယ်ဆိုရင် လမ်းရွာကို စက်လှေနဲ့ အရင်သွားရပါတယ်။စက်ရုံမှာ ဝန်ထမ်းမှန်သမျှ တပ်မတော်သားတွေချည်း ဖြစ်ပါတယ်။ အရပ်သားဝန်ထမ်း မရှိပါ။ငွေစက္ကူဒီဇိုင်း ရေးဆွဲပေးသူကိုတော့ အရပ်သား သုံးခဲ့ပါတယ်။ဒါပေမဲ့ သူ့ကို ပညာရှင်အဖြစ် ငွေကြေးပူဇော်ပြီး ဒီဇိုင်းရေးဆွဲစေတာသာ ဖြစ်ပါတယ်။ဝါဇီ ငွေထုတ်စက်ရုံရဲ့ ဝန်ထမ်းမဟုတ်ပါဘူး။မြန်မာမှုပညာရှင် ပန်းချီဆရာကြီး ဦးအေးမြင့် ကို ငွေစက္ကူဒီဇိုင်းအတွက် တာဝန်ပေးခဲ့ဖူးပါတယ်။

ဗဟိုဘဏ်က လိုအပ်တဲ့ငွေကြေး တင်ပြလာပြီဆိုရင် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားရပါတယ်။အဲဒီကမှ အဆင့်ဆင့် ဆက်ညွှန်ကြားချက်အရ ဝါဇီစက်ရုံက ငွေစက္ကူတွေကို ရိုက်နှိပ်ပေးရပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်ကတည်းက မြန်မာဟာ ပေါင်စတာလင် ငွေကြေးအဖွဲ့ထဲက နှုတ်ထွက်ခဲ့ပါတယ်။ဒါကြောင့် အာဏာရှင်အစိုးရ အဆက်ဆက် လက်ထက်မှာ ငွေကြေးကို လိုသလို ရိုက်ထုတ်လာတာကြောင့် တဖြည်းဖြည်း မြန်မာ့ငွေကြေးတန်ဖိုး ကျလာပါတယ်။ဝါဇီစက်ရုံက ထုတ်တဲ့ ငွေစက္ကူတွေထဲက တန်ဖိုးမြင့်တဲ့ ငွေတွေဟာ အမြဲလိုလို အတုပေါ်ပေါက်လာကြပါတယ်။ဒါပေမဲ့ ဒီကနေ့ မြန်မာနိုင်ငံ ကြုံနေရတဲ့ တစ်သောင်းတန်အတုလို နိုင်ငံခြားက ပါဝင်ပတ်သက်မှု မရှိခဲ့ပါဘူး။တစ်သောင်းတန် ငွေစက္ကူကို သမ္မတကြီး ဦးသိန်းစိန် လက်ထက်က စတင်ပုံနှိပ်ခဲ့တာပါ။ဒါပေမဲ့ တစ်သောင်းတန်အတုတွေ ဖောခြင်းသောခြင်း မိလာတာက အင်အယ်လ်ဒီအစိုးရလက်ထက် ဒီကနေ့ဖြစ်နေပါတယ်။

အုပ်ချုပ်တဲ့ သက်တမ်း ၃ နှစ်ထဲ ဝင်လာတဲ့ထိ အင်အယ်လ်ဒီအစိုးရဘက်က အားနည်းနေတာက ပွင့်လင်းမြင်သာ သတင်းထုတ်ပြန်မှုနဲ့ အချိန်မတိုင်မီ သတင်းကို ပြောကြားမှု ဖြစ်ပါတယ်။စင်္ကာပူမှာ အလုပ် လုပ်ပြီး မြန်မာကိုပြန်လာတဲ့ အမျိုးသမီးလေးတစ်ဦး လုပ်အားခအဖြစ် ရလာတဲ့ မြန်မာငွေ တစ်သောင်းတန်တွေထဲမှာ အတုတွေပါလာပါတယ်။အမျိုးသမီးလေးက သူရလာတဲ့ငွေကို အတုမှန်း သိသွားတဲ့အချိန်မှာ ရဲတပ်ဖွဲ့ကို ငွေတွေသွားအပ်ခဲ့ပါတယ်။ဒီမိန်းကလေးကို ရဲက ဖမ်းချုပ်လို့ ဆူညံပူညံတွေ ထွက်လာပါတယ်။အခုတော့ ဒီမိန်းကလေးကို အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။စင်္ကာပူကတော့ သူတို့ဆီက ငွေလဲကောင်တာတွေကို ချက်ခြင်းစစ်ဆေးတာ၊ ဒီမိန်းကလေးဘက်က ရပ်တည်ပေးမယ်ပြောတာ စတာတွေကို ချက်ခြင်းလုပ်ဆောင်ပါတယ်။တကယ်တော့ မြန်မာတို့ အတုယူရမှာ စင်္ကာပူက လမ်းတွေ တိုက်တာတွေ သွားလာပုံ စနစ်ကောင်းတာတွေ မဟုတ်ဘဲ အပြစ်မရှိတဲ့သူကို ကာကွယ်ပေးတာ၊ အမှုကိစ္စတစ်ခုကို ချက်ခြင်း ပြတ်ပြတ်သားသား ဆောင်ရွက်တဲ့ အလေ့အကျင့်ကို ယူကြရမှာပါ။

အဲဒီအချိန်မှာပဲ ဟိုမှာ တစ်သောင်းတန် အတုမိလိုက်၊ ဒီမှာ တစ်သောင်းတန် အတုမိလိုက် ဖြစ်လာတော့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက တစ်သောင်းတန်အတု လုပ်သူတွေကို သိရှိထားကြောင်း သတင်းစာရှင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ဒီလိုပြောခဲ့တာ ရက်အတန်ကြာခဲ့ပါပြီ။ဒါပေမဲ့ ဖမ်းဆီးပြမှုလည်းမရှိ၊ အရေးယူမှုလည်းမရှိပေမဲ့ မောင်တောလို ရခိုင်ပြည်နယ်ဆီအထိ တစ်သောင်းတန်အတုက ခြေဆန့်ခဲ့ပါပြီ။ဒီရက်ပိုင်းအတွင်း မောင်တောက ကမ္ဘောဇဘဏ်မှာ လာသွင်းတဲ့ တစ်သောင်းတန် ငွေစက္ကူ ၄၀၁ ရွက်ဟာ အတုဖြစ်နေလို့ လာရောက်ငွေသွင်းသူကို ဖမ်းဆီးလိုက်ရပါတယ်။ငွေလာသွင်းသူက တခြားတစ်ယောက်က ကားရောင်းရငွေတွေအဖြစ် သွင်းခိုင်းတာလို့ ထွက်ဆိုထားပါတယ်။

တရုတ်နယ်စပ်မှာ နွားသွားရောင်းတဲ့ နွားပွဲစားတစ်ယောက် ရလာတဲ့ ငွေတွေထဲမှာ တစ်သောင်းတန် တစ်ရွက်သာ အစစ်ဖြစ်ပြီး ကျန်တဲ့ငွေအားလုံးက အတုဖြစ်နေပါသတဲ့။တစ်သောင်းတန်အတု ပြဿနာဟာ ပြည်တွင်း နေရာအနှံ့နဲ့ ပြည်ပနေရာတွေဆီပါ ရောက်ရှိပျံ့နှံ့နေပြီ ဖြစ်ပါတယ်။သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ငွေစက္ကူအတု လုပ်သူတွေကို သိရှိကြောင်း ပြောခဲ့ပေမဲ့ တစ်သောင်းတန်အတု ခပ်စိပ်စိပ် ထပ်ထွက်လာချိန်မှာတော့ နှုတ်ဆိတ်နေပါတယ်။အရင်အစိုးရတွေ လက်ထက်က ငွေစက္ကူကို ၁၉၇၂ တုန်းက ငွေစက္ကူရိုက်နှိပ်ချင်ရင် ဖြတ်သန်းရတဲ့ အဆင့်ဆင့် ခရီးစဉ်အတိုင်း ငွေကိုပုံနှိပ်တယ်လို့ ယူဆရပါတယ်။အင်အယ်လ်ဒီအစိုးရ လက်ထက်မှာ ဘယ်လိုအဆင့်တွေကို ဖြတ်ကျော်ပြီး ငွေစက္ကူ ထုတ်လုပ်နေတယ်ဆိုတာ ပြည်သူမသိတော့ပါဘူး။

အင်အယ်လ်ဒီအစိုးရလက်ထက် တစ်သောင်းတန် ငွေအတုတွေ တပုံတပင် ထွက်လာတဲ့အပေါ် အစိုးရအနေနဲ့ သတင်းဆက်တိုက် ထုတ်ပြန်ပေးတာ၊ ငွေစက္ကူ အတုအစစ် ခွဲခြားသိရှိနည်း ပြည်သူကို ပညာပေးတာ လုပ်ဆောင်ပြီး သိရှိထားပြီဖြစ်တဲ့ ငွေအတုလုပ်သူကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဘာမှမကြားရသေးတဲ့အတွက် ပြည်သူကြား မေးလာကြပါပြီ။၂၀၁၉ နှစ်စမှာ အစိုးရအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ ငွေစက္ကူတွေ ပုံနှိပ်မယ်ဆိုတဲ့ ကောလာဟလထွက်ခဲ့ဖူးပါတယ်။အဲဒီကောလာဟလ ထွက်လာပြီးနောက်ပိုင်း တစ်သောင်းတန် ငွေအတုထွက်လာတာ များပြားလာပါတယ်။

တစ်သောင်းတန် ငွေအတုတွေ လှိုင်လှိုင်ထွက်လာတာ၊ နေရာအနှံ့ထွက်လာတာတွေကို အစိုးရအနေနဲ့ လက်ဦးမှုရှိရှိ အရေးယူ ကိုင်တွယ်သင့်ပါပြီ။တစ်သောင်းတန် ငွေစက္ကူအတု ပြဿနာဟာ အစိုးရကို တိုက်စစ်ဆင်မှုတစ်ခု ဖြစ်နေတဲ့အပြင် ပြည်သူတွေ နေ့စဉ်လည်ပတ်နေတဲ့ ငွေပေးငွေယူ လုပ်ငန်းအားလုံးနဲ့ ဆက်စပ်နေတဲ့ ပြဿနာဖြစ်ပါတယ်။အစိုးရအနေနဲ့ စင်္ကာပူအစိုးရထုံး နှလုံးမူပြီး အချိန်နဲ့တပြေးညီ တားဆီးကာကွယ်ပေးနိုင်သမျှ ကာကွယ်ပေးပြီး သိရှိထားပြီဆိုတဲ့ ငွေအတုလုပ်သူတွေကို အရေးယူဖော်ထုတ်ပေးချိန် တန်ပါပြီ။

ခင်နှင်းဦး
ဇန်နဝါရီ - ၉

( Zawgyi )

လြတ္လပ္ေရးရၿပီး ဖဆပလ အစိုးရလက္ထက္ ျမန္မာအစိုးရ ပိုင္ဆိုင္တဲ့ ေ႐ႊတန္ဖိုးအရ ျမန္မာ့ေငြစကၠဴေတြကို ျပည္တြင္းမွာ ပုံမႏွိပ္ဘဲ ႏိုင္ငံျခားမွာ ပုံႏွိပ္ခဲ့တာပါ။ဟိုတုန္းက အဂၤလန္မွာ ပုံႏွိပ္ခဲ့တဲ့ တစ္က်ပ္တန္၊ ၁၀၀ တန္ ေငြစကၠဴေတြေပၚမွာ စံလင္း၊ ေမာင္ေကာင္း ဆိုတဲ့ လက္မွတ္ေတြ ပါရွိခဲ့တာကို လူႀကီးပိုင္းအ႐ြယ္ ေရာက္ေနသူေတြ လက္ထဲကိုင္တြယ္ သုံးစြဲခဲ့ၾကရပါသည္။ဒီကေန႔ေခတ္ ကေလးေတြထဲမွာ စာေပဗဟုသုတ လိုက္စားၾကတဲ့ လူငယ္ပိုင္းေလာက္သာ ဒီေငြစကၠဴေတြ ျမန္မာတို႔ ေန႔စဥ္ကိုင္တြယ္ သုံးစြဲခဲ့ၾကတယ္လို႔ သိၾကပါေတာ့မယ္။

လြတ္လပ္ေရးရၿပီး ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးကလည္း ဦးေမာ့ေနခ်ိန္ျဖစ္တဲ့အျပင္ ျမန္မာႏိုင္ငံဟာ ေပါင္စတာလင္ ေငြေၾကးအဖြဲ႕ဝင္ ႏိုင္ငံျဖစ္လို႔ ေငြစကၠဴေတြကို ထင္သလိုပုံႏွိပ္လို႔မရဘဲ ေပါင္စတာလင္ ေငြေၾကးရန္ပုံေငြအဖြဲ႕မွာ ျမန္မာအစိုးရ ပိုင္ဆိုင္တဲ့ ေ႐ႊတန္ဖိုးနဲ႔ ခ်ိန္စက္ ပုံႏွိပ္ထုတ္ေဝရတာျဖစ္လို႔ အာမခံခ်က္ရွိတဲ့ ေငြေၾကးျဖစ္ပါတယ္။၁၉၆၂ ေတာ္လွန္ေရးေကာင္စီ အစိုးရလက္ထက္ မတိုင္မီက ျမန္မာေငြ တစ္က်ပ္ဟာ ထိုင္းထက္ တန္ဖိုးျမင့္ခဲ့ပါတယ္။ေနာက္ပိုင္း ျမန္မာေငြ တန္ဖိုးစက်တဲ့ အခ်ိန္မွာေတာင္ ျမန္မာေငြ တစ္က်ပ္ဟာ ထိုင္းေငြ တစ္က်ပ္နဲ႔ ညီမွ်ခဲ့ပါေသးတယ္။ေနာက္ပိုင္းမွာ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ အစိုးရလက္ထက္ေရာက္ေတာ့ ၁၉၇၂ ခုႏွစ္ကစၿပီး ျမန္မာေငြစကၠဴေတြကို ဝါဇီစက္႐ုံမွာသာ ႐ိုက္ႏွိပ္ပါေတာ့တယ္။

ဝါဇီ ဆိုတာ မေကြးတိုင္း ပခုကၠဴၿမိဳ႕ အေနာက္ေတာင္ဘက္မွာရွိတဲ့ တန႔္ၾကည္ေတာင္တန္းရဲ႕ ေတာင္ဘက္အစြန္ဆုံး ေပ ၁၀၀၀ ခန႔္ျမင့္တဲ့ ေတာင္ကုန္းေပၚမွာ တည္ရွိပါတယ္။ေခ်ာက္က သြားမယ္ဆိုရင္ လမ္း႐ြာကို စက္ေလွနဲ႔ အရင္သြားရပါတယ္။စက္႐ုံမွာ ဝန္ထမ္းမွန္သမွ် တပ္မေတာ္သားေတြခ်ည္း ျဖစ္ပါတယ္။ အရပ္သားဝန္ထမ္း မရွိပါ။ေငြစကၠဴဒီဇိုင္း ေရးဆြဲေပးသူကိုေတာ့ အရပ္သား သုံးခဲ့ပါတယ္။ဒါေပမဲ့ သူ႔ကို ပညာရွင္အျဖစ္ ေငြေၾကးပူေဇာ္ၿပီး ဒီဇိုင္းေရးဆြဲေစတာသာ ျဖစ္ပါတယ္။ဝါဇီ ေငြထုတ္စက္႐ုံရဲ႕ ဝန္ထမ္းမဟုတ္ပါဘူး။ျမန္မာမႈပညာရွင္ ပန္းခ်ီဆရာႀကီး ဦးေအးျမင့္ ကို ေငြစကၠဴဒီဇိုင္းအတြက္ တာဝန္ေပးခဲ့ဖူးပါတယ္။

ဗဟိုဘဏ္က လိုအပ္တဲ့ေငြေၾကး တင္ျပလာၿပီဆိုရင္ စီမံကိန္းနဲ႔ ဘ႑ာေရး ဝန္ႀကီးဌာနကတစ္ဆင့္ ကာကြယ္ေရးဝန္ႀကီးဌာနကို အေၾကာင္းၾကားရပါတယ္။အဲဒီကမွ အဆင့္ဆင့္ ဆက္ၫႊန္ၾကားခ်က္အရ ဝါဇီစက္႐ုံက ေငြစကၠဴေတြကို ႐ိုက္ႏွိပ္ေပးရပါတယ္။ဗိုလ္ခ်ဳပ္ႀကီးေနဝင္း လက္ထက္ ေတာ္လွန္ေရးေကာင္စီအစိုးရ လက္ထက္ကတည္းက ျမန္မာဟာ ေပါင္စတာလင္ ေငြေၾကးအဖြဲ႕ထဲက ႏႈတ္ထြက္ခဲ့ပါတယ္။ဒါေၾကာင့္ အာဏာရွင္အစိုးရ အဆက္ဆက္ လက္ထက္မွာ ေငြေၾကးကို လိုသလို ႐ိုက္ထုတ္လာတာေၾကာင့္ တျဖည္းျဖည္း ျမန္မာ့ေငြေၾကးတန္ဖိုး က်လာပါတယ္။ဝါဇီစက္႐ုံက ထုတ္တဲ့ ေငြစကၠဴေတြထဲက တန္ဖိုးျမင့္တဲ့ ေငြေတြဟာ အၿမဲလိုလို အတုေပၚေပါက္လာၾကပါတယ္။ဒါေပမဲ့ ဒီကေန႔ ျမန္မာႏိုင္ငံ ႀကဳံေနရတဲ့ တစ္ေသာင္းတန္အတုလို ႏိုင္ငံျခားက ပါဝင္ပတ္သက္မႈ မရွိခဲ့ပါဘူး။တစ္ေသာင္းတန္ ေငြစကၠဴကို သမၼတႀကီး ဦးသိန္းစိန္ လက္ထက္က စတင္ပုံႏွိပ္ခဲ့တာပါ။ဒါေပမဲ့ တစ္ေသာင္းတန္အတုေတြ ေဖာျခင္းေသာျခင္း မိလာတာက အင္အယ္လ္ဒီအစိုးရလက္ထက္ ဒီကေန႔ျဖစ္ေနပါတယ္။

အုပ္ခ်ဳပ္တဲ့ သက္တမ္း ၃ ႏွစ္ထဲ ဝင္လာတဲ့ထိ အင္အယ္လ္ဒီအစိုးရဘက္က အားနည္းေနတာက ပြင့္လင္းျမင္သာ သတင္းထုတ္ျပန္မႈနဲ႔ အခ်ိန္မတိုင္မီ သတင္းကို ေျပာၾကားမႈ ျဖစ္ပါတယ္။စကၤာပူမွာ အလုပ္ လုပ္ၿပီး ျမန္မာကိုျပန္လာတဲ့ အမ်ိဳးသမီးေလးတစ္ဦး လုပ္အားခအျဖစ္ ရလာတဲ့ ျမန္မာေငြ တစ္ေသာင္းတန္ေတြထဲမွာ အတုေတြပါလာပါတယ္။အမ်ိဳးသမီးေလးက သူရလာတဲ့ေငြကို အတုမွန္း သိသြားတဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႕ကို ေငြေတြသြားအပ္ခဲ့ပါတယ္။ဒီမိန္းကေလးကို ရဲက ဖမ္းခ်ဳပ္လို႔ ဆူညံပူညံေတြ ထြက္လာပါတယ္။အခုေတာ့ ဒီမိန္းကေလးကို အာမခံနဲ႔ ျပန္လႊတ္ေပးထားပါတယ္။စကၤာပူကေတာ့ သူတို႔ဆီက ေငြလဲေကာင္တာေတြကို ခ်က္ျခင္းစစ္ေဆးတာ၊ ဒီမိန္းကေလးဘက္က ရပ္တည္ေပးမယ္ေျပာတာ စတာေတြကို ခ်က္ျခင္းလုပ္ေဆာင္ပါတယ္။တကယ္ေတာ့ ျမန္မာတို႔ အတုယူရမွာ စကၤာပူက လမ္းေတြ တိုက္တာေတြ သြားလာပုံ စနစ္ေကာင္းတာေတြ မဟုတ္ဘဲ အျပစ္မရွိတဲ့သူကို ကာကြယ္ေပးတာ၊ အမႈကိစၥတစ္ခုကို ခ်က္ျခင္း ျပတ္ျပတ္သားသား ေဆာင္႐ြက္တဲ့ အေလ့အက်င့္ကို ယူၾကရမွာပါ။

အဲဒီအခ်ိန္မွာပဲ ဟိုမွာ တစ္ေသာင္းတန္ အတုမိလိုက္၊ ဒီမွာ တစ္ေသာင္းတန္ အတုမိလိုက္ ျဖစ္လာေတာ့ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူက တစ္ေသာင္းတန္အတု လုပ္သူေတြကို သိရွိထားေၾကာင္း သတင္းစာရွင္းပြဲတစ္ခုမွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ဒီလိုေျပာခဲ့တာ ရက္အတန္ၾကာခဲ့ပါၿပီ။ဒါေပမဲ့ ဖမ္းဆီးျပမႈလည္းမရွိ၊ အေရးယူမႈလည္းမရွိေပမဲ့ ေမာင္ေတာလို ရခိုင္ျပည္နယ္ဆီအထိ တစ္ေသာင္းတန္အတုက ေျခဆန႔္ခဲ့ပါၿပီ။ဒီရက္ပိုင္းအတြင္း ေမာင္ေတာက ကေမာၻဇဘဏ္မွာ လာသြင္းတဲ့ တစ္ေသာင္းတန္ ေငြစကၠဴ ၄၀၁ ႐ြက္ဟာ အတုျဖစ္ေနလို႔ လာေရာက္ေငြသြင္းသူကို ဖမ္းဆီးလိုက္ရပါတယ္။ေငြလာသြင္းသူက တျခားတစ္ေယာက္က ကားေရာင္းရေငြေတြအျဖစ္ သြင္းခိုင္းတာလို႔ ထြက္ဆိုထားပါတယ္။

တ႐ုတ္နယ္စပ္မွာ ႏြားသြားေရာင္းတဲ့ ႏြားပြဲစားတစ္ေယာက္ ရလာတဲ့ ေငြေတြထဲမွာ တစ္ေသာင္းတန္ တစ္႐ြက္သာ အစစ္ျဖစ္ၿပီး က်န္တဲ့ေငြအားလုံးက အတုျဖစ္ေနပါသတဲ့။တစ္ေသာင္းတန္အတု ျပႆနာဟာ ျပည္တြင္း ေနရာအႏွံ႔နဲ႔ ျပည္ပေနရာေတြဆီပါ ေရာက္ရွိပ်ံ႕ႏွံ႔ေနၿပီ ျဖစ္ပါတယ္။သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူက ေငြစကၠဴအတု လုပ္သူေတြကို သိရွိေၾကာင္း ေျပာခဲ့ေပမဲ့ တစ္ေသာင္းတန္အတု ခပ္စိပ္စိပ္ ထပ္ထြက္လာခ်ိန္မွာေတာ့ ႏႈတ္ဆိတ္ေနပါတယ္။အရင္အစိုးရေတြ လက္ထက္က ေငြစကၠဴကို ၁၉၇၂ တုန္းက ေငြစကၠဴ႐ိုက္ႏွိပ္ခ်င္ရင္ ျဖတ္သန္းရတဲ့ အဆင့္ဆင့္ ခရီးစဥ္အတိုင္း ေငြကိုပုံႏွိပ္တယ္လို႔ ယူဆရပါတယ္။အင္အယ္လ္ဒီအစိုးရ လက္ထက္မွာ ဘယ္လိုအဆင့္ေတြကို ျဖတ္ေက်ာ္ၿပီး ေငြစကၠဴ ထုတ္လုပ္ေနတယ္ဆိုတာ ျပည္သူမသိေတာ့ပါဘူး။

အင္အယ္လ္ဒီအစိုးရလက္ထက္ တစ္ေသာင္းတန္ ေငြအတုေတြ တပုံတပင္ ထြက္လာတဲ့အေပၚ အစိုးရအေနနဲ႔ သတင္းဆက္တိုက္ ထုတ္ျပန္ေပးတာ၊ ေငြစကၠဴ အတုအစစ္ ခြဲျခားသိရွိနည္း ျပည္သူကို ပညာေပးတာ လုပ္ေဆာင္ၿပီး သိရွိထားၿပီျဖစ္တဲ့ ေငြအတုလုပ္သူကို ဖမ္းဆီးမႈႏွင့္ ပတ္သက္ၿပီး ဘာမွမၾကားရေသးတဲ့အတြက္ ျပည္သူၾကား ေမးလာၾကပါၿပီ။၂၀၁၉ ႏွစ္စမွာ အစိုးရအေနနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပုံနဲ႔ ေငြစကၠဴေတြ ပုံႏွိပ္မယ္ဆိုတဲ့ ေကာလာဟလထြက္ခဲ့ဖူးပါတယ္။အဲဒီေကာလာဟလ ထြက္လာၿပီးေနာက္ပိုင္း တစ္ေသာင္းတန္ ေငြအတုထြက္လာတာ မ်ားျပားလာပါတယ္။

တစ္ေသာင္းတန္ ေငြအတုေတြ လႈိင္လႈိင္ထြက္လာတာ၊ ေနရာအႏွံ႔ထြက္လာတာေတြကို အစိုးရအေနနဲ႔ လက္ဦးမႈရွိရွိ အေရးယူ ကိုင္တြယ္သင့္ပါၿပီ။တစ္ေသာင္းတန္ ေငြစကၠဴအတု ျပႆနာဟာ အစိုးရကို တိုက္စစ္ဆင္မႈတစ္ခု ျဖစ္ေနတဲ့အျပင္ ျပည္သူေတြ ေန႔စဥ္လည္ပတ္ေနတဲ့ ေငြေပးေငြယူ လုပ္ငန္းအားလုံးနဲ႔ ဆက္စပ္ေနတဲ့ ျပႆနာျဖစ္ပါတယ္။အစိုးရအေနနဲ႔ စကၤာပူအစိုးရထုံး ႏွလုံးမူၿပီး အခ်ိန္နဲ႔တေျပးညီ တားဆီးကာကြယ္ေပးႏိုင္သမွ် ကာကြယ္ေပးၿပီး သိရွိထားၿပီဆိုတဲ့ ေငြအတုလုပ္သူေတြကို အေရးယူေဖာ္ထုတ္ေပးခ်ိန္ တန္ပါၿပီ။

ခင္ႏွင္းဦး
ဇန္နဝါရီ - ၉