【 ဆောင်းပါး 】 ကိုဗစ်-၁၉ အကျပ်အတည်းကို CPPCC ၊ NPC အစည်းအဝေးနှင့် ရုန်းထွက်ခြင်း

【 ဆောင်းပါး 】 ကိုဗစ်-၁၉ အကျပ်အတည်းကို CPPCC ၊ NPC အစည်းအဝေးနှင့် ရုန်းထွက်ခြင်း

ပုံမှန်အားဖြင့် နှစ်စဉ်မတ်လတွင် ကျင်းပလေ့ရှိသည့် အစည်းအဝေးနှစ်ခုကို ၂၀၁၉ ဒီဇင်ဘာမှာ စတင်ဖြစ်ခဲ့ သည့် ကိုရိုနာဗိုင်းရပ်စ် (ကူးစက်မြန် အသက်ရှုလမ်းကြောင်းရောဂါကြောင့်) ရွှေ့ဆိုင်းခဲ့ရပြီး ယခုမေလ စတုတ္ထအပတ်မှ ကျင်းပခဲ့တာဖြစ်ပါတယ်။
 
ဒီအစည်းအဝေးကို နှစ်ပိုင်းကျင်းပလေ့ရှိပြီး တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) တို့ ဖြစ်ပြီး အထူးသဖြင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်တွင် တိုင်းပြည်၏ မူဝါဒရေးရာကို အဓိက ဆွေးနွေးပြီး တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) တွင် လုပ်ငန်းဆောင်တာများကို အဓိကဆွေးနွေးကြတာဖြစ်ပါတယ်။
 
နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အဆိုပါ တူးဆက်ရှင်ညီလာခံခေါ် တရုတ်နိုင်ငံ၏ အရေးပါသည့် အစည်းအဝေးကို ကမ္ဘာ့နိုင်ငံများအနေဖြင့် သိပ်အလေးထားစောင့်ကြည်လေ့မရှိပါဘူး။သို့သော် တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် (၁၉၀၄ - ၁၉၉၇) လက်ထက် တရုတ်နိုင်ငံမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ သတိထားလာရသည့် နိုင်ငံကြီး တစ်ခုဖြစ်လာခဲ့ကာ တရုတ်နိုင်ငံအတွင်း ပြုလုပ်သည့် ပါတီအစည်းအဝေးနှင့် အမျိုးသားကွန်ဂရက်အစည်းအဝေးများက နိုင်ငံတကာစစ်ရေး၊ စီးပွားရေးသို့ သက်ရောက်လာခဲ့တဲ့အတွက် ၂၀၀၀ နောက်ပိုင်း တရုတ်နိုင်ငံရေးအခင်းအကျင်းက ကမ္ဘာနှင့် သက်ဆိုင်လာခဲ့ပါတယ်။အထူးသဖြင့် ဆွေးနွေးပွဲနှစ်ခုမှာ တရုတ်အစိုးရက အဓိကစီးပွားရေးမူဝါဒများနဲ့ နှစ်စဉ်ဂျီဒီပီတိုးတက်မှုရည်မှန်းချက်ကို ကြေငြာတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအဖို့ အမြဲစိတ်ဝင်တစားစောင့်ကြည့်ရတဲ့ အစည်းအဝေးဖြစ်ခဲ့ပါတယ်။
 
ယခုနှစ်ဟာ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး (ခရီးသွားနှင့် ပို့ဆောင်ရေး အပါအဝင် တချို့ကဏ္ဍများရပ်ဆိုင်းသည့်အထိ) ထိခိုက်ခဲ့သည့်အတွက် သေချာသည့်စျေးကွက်ဖြစ်သည့် လူဦးရေ တစ်ဒသမ သုံးဘီလျံရှိသည့် သုံးကမ္ဘာအကြီးမားဆုံး စားသုံးသူစျေးကွက် တရုတ်နိုင်ငံ၏ မူဝါဒမှာ ကို အလေးထားစောင့်ကြည့်ဖို့ လိုလာပါတယ်။
 
မေ ၂၁ ရက်မှာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အစည်းအဝေးကို စတင်ခဲ့ပြီး (CPPCC) အမျိုးသားကော်မတီ၏ အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာနှင့် နိုင်ငံရေးအကြံပေးများ ဆွေးနွေး ထားပြီးသော အဆိုပြုချက်များကို ကြားနာဆွေးနွေးခဲ့ပါတယ်။ မေ ၂၂ ရက်မှာ စတင်ကျင်းပခဲ့တဲ့ တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးမှာတော့ တရုတ်ဝန်ကြီးချုပ် လီခချန် က ထောင်ချီသော ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားခဲ့ပြီး လီ က ၂၀၂၀ ခုနှစ်အတွက် ဂျီဒီပီတိုးတက်မှုရည်မှန်းချက်ကို သတ်မှတ်မည် မဟုတ်ကြောင်း ကြေငြာခဲ့ပါတယ်။
 
ဒါဟာ နှစ်စဉ်ပြုလုပ်နေကျ ပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး အကြိမ် နှစ်အလိုက်စီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်းချက်ကို မသတ်မှတ်ခဲ့တာပါ။ကပ်ရောဂါကြောင့် ယခုနှစ် ပထမသုံးလပတ်စီးပွားရေးက ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ၆.၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပါတယ်။
 
အဖွင့်မိန့်ခွန်းမှာ လီ က ကူးစက်ရောဂါကပ်ဘေးကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ အလုပ်အကိုင်နှင့် လူနေမှု အဆင့်အတန်း တည်ငြိမ်စေရေးကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာ ပြောခဲ့တဲ့အပြင် ကပ်ရောဂါက မပြီးသေး တဲ့ အတွက် ဧရာမတာဝန်တွေကို ထမ်းဆောင်ရဦးမှာဆိုပြီး ကူးစက်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းပါး အောင် နှစ်ဆတိုးကြိုးပမ်းရမယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် အခြေခံအဆောက်အအုံများအတွက် သုံးစွဲမှုကို တိုးမြှင့်နိုင်ဖို့ အစိုးရ၏ အထူးငွေချေးစာချုပ်များအဖြစ် ယခုနှစ်အတွင်း နောက်ထပ် ယွမ် ၃.၇၅ ထရီလျံဖိုး ရောင်းချသွားမယ် လို့လည်း ပြောခဲ့ပါတယ်။ဒါ့အပြင် ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ထည့်သွင်း ပံ့ပိုးရန်အတွက် သုံးစွဲခြင်းနှင့် ထောက်ပံ့ခြင်းတို့ကို တိုးမြှင့်သွားမည်လို့ ကတိပြုခဲ့တာကိုလည်းတွေ့ရပါတယ်။
 
ဒါဟာ ကပ်ရောဂါကြောင့် တရုတ်မှာ လူသန်းနှင့်ချီ အလုပ်အကိုင်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို အစိုးရက အဓိကအာရုံစိုက်ဖြေရှင်းဖို့ ကြိုးစားခဲ့တာဖြစ်ပြီး တရုတ်ခေါင်းဆောင်တွေက အထိနာနေတဲ့ စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် လိုအပ်တာတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတာပါ။ကမ္ဘာ့စီးပွားရေး နိုင်ငံတွေအားလုံး ကိုဗစ်-၁၉ အလွန်မှာ စီးပွားရေးလှုံ့ဆော်နိူးဖို့ ထည့်ဝင်ရာမှာ တရုတ်က ၃.၆ ထရီလျံနီးပါး (အမေရိကန်ဒေါ်လာ ၅၀၆ ဘီလျံ) သုံးစွဲဖို့ရှိတဲ့အတွက် အများဆုံးပါဘဲ။ဒီအတွက် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ တံတားများနှင့် မြန်နှုန်းမြှင့်ရထားလမ်းများကဲ့သို့အစဉ်အလာ အခြေခံအဆောက်အအုံများအစား အစိုးရ အနေနဲ့ 5G ကွန်ရက်များ နှင့် စွမ်းအင်သုံးမော်တော်ယာဉ်များ (NEV) အားသွင်းသည့်စခန်းများကဲ့သို့သော “အခြေခံအဆောက်အအုံအသစ်”မှာ ရင်းနှီးမြှုပ်နှံဖို့ ပစ်မှတ်ထားလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေကိုလည်း တွေ့ရပါတယ်။
 
သတိထားမိစရာက တရုတ်က စစ်ရေးအသုံးစရိတ် ကို ၆.၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့တာပါ။ဒါဟာ ပြီးခဲ့တဲ့နှစ်က သုံးစွဲမှု ၇.၅ ရာခိုင်နှုန်းထက် နည်းပါးခဲ့ပါတယ်။တရုတ်နဲ့ နောက်ပိုင်း ပြိုင်ဘက်ဖြစ်လာတဲ့ အမေရိကန်က ယခုနှစ် စစ်ရေးအသုံးစရိတ် ဒေါ်လာ ၇၃၈ ဘီလျံရှိချိန်မှာ တရုတ်ဘက်က ယွမ် ၁.၂၆၈ ထရီလျံ (ဒေါ်လာ ၁၇၈ ဘီလျံ) သာ သုံးစွဲမှာဖြစ်လို့ တရုတ်အနေနဲ့ တောင်တရုတ်ပင်လယ်အပါအဝင် ဟောင်ကောင်၊ ထိုင်ဝမ် စတဲ့ ပြဿနာတွေမှာ အမေရိကန်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရချိန်မှာ စီးပွားရေးဘက်ကို ဇောင်းပေးခဲ့တာက တရုတ်နိုင်ငံ ရဲ့ ပြတ်သားတဲ့ မူဝါဒတစ်ခုပါဘဲ။
 
ယခုလို တစ်ကမ္ဘာလုံးကပ်ရောဂါကြောင့် စီးပွားရေးကပ်ဆိုက်လုနီးပါးအချိန်မှာ လူဦးရေ ၁ ဒသမ ၃ ဘီလျံရှိတဲ့ တိုင်းပြည်အတွက် စီးပွားရေးက စစ်ရေးထက် ပိုအရေးပါနေပါတယ်။ဒါ့အပြင် လွန်ခဲ့သော ၁၀ နှစ်က ပါတီအနေနဲ့ ၂၀၁၀ ပြည့်နှစ် တစ်ဦးချင်းဝင်ငွေကို ၂၀၂၀ တွင် နှစ်ဆတိုးမည်ဟု ကြေငြာခဲ့တာရှိခဲ့သလို ယခုနှစ်မှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရေးကို ဦးစားပေးဆောင်ရွက်ဖို့ သမ္မတ ရှီကျင့်ဖိန် က ပြောခဲ့တာ လည်းရှိပါတယ်။ဒီအတွက် တရုတ်အစိုးရအတွက် လက်တစ်ကမ်းသာလိုတော့တဲ့ ဆင်းရဲနွမ်းပါးမှုပပျောက်ပြီး အတန်အသင့်ပြည့်စုံတဲ့ လူနေမှုစနစ်ရောက်ဖို့ စစ်ရေးတည်ဆောက်မှုပြိုင်ပွဲကို လက်ရှောင်ပြီး ပြည်တွင်းလူနေမှုဘ၀တည်ငြိမ်ဖို့နဲ့ စီးပွားရေးကို အရှိန်မပျက်သွားနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတာ မှန်ကန်တဲ့ မူဝါဒပါဘဲ။ဒါ့အပြင် ယခုပြင်ဆင်နေတဲ့ အခင်းအကျင်းအရ တရုတ်အစိုးရအနေနဲ့ တိုင်းပြည်စီးပွားရေးတိုးတက်မှု လျော့ကျလာတာကိုလည်း လက်ခံရန် အဆင့်သင့်ဖြစ်နေတာကိုလည်း ပြသနေတဲ့သဘောပါဘဲ။
 
ဒီအစည်းအဝေးမှာ အံအားသင့်စရာကောင်းသည်က ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ တရုတ်ကိုယ်စားလှယ်တွေက တင်သွင်းခဲ့တာပါ။တစ်နိုင်ငံ စနစ်နှစ်မျိုးမှုအရ ဟောင်ကောင်နဲ့ မကာအိုက သီးခြားပုံစံတစ်မျိုးဆိုပေမယ့် နှစ်ခုစလုံးက တစ်ခုနဲ့တစ်ခု မတူပါဘူး။မကာအိုက ပေါ်တူဂီနောက်ခံ ဖြစ်ပြီး နဂိုကတည်းက လောင်းကစားနဲ့ ရှင်သန်ဖွံ့ဖြိုးခဲ့တာပါ။ဟောင်ကောင်ကတော့ ဗြိတိန်လောင်းရိပ်အောက်ကဖြစ်သလို နိုင်ငံရေးအပိုင်းမှာ အနောက်နိုင်ငံတွေပုံစံကို တိုက်ရိုက်ကျင့်သုံးလာခဲ့ပြီး မကြာခင်ဆယ်စုနှစ် ၁၉၉၉ ခုနှစ်က မှ တရုတ်အုပ်ချုပ်မှုအောက် ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။
 
ပြီးခဲ့သည့်နှစ်များအတွင်းဖြစ်ခဲ့သည့် ဆန္ဒပြပွဲများကြောင့်ဟောင်ကောင်၏ တည်ငြိမ်မှုမှာ ပျက်သွားခဲ့တဲ့ အတွက် ဟောင်ကောင်ကို အောက်ခြေလူတန်းစားတွေအတွက် တည်ငြိမ်စေဖို့ ဒီဥပဒေကြမ်းကို မဖြစ်မနေပြဋ္ဌာန်းဖို့ ရှိနေပါတယ်။ဒီအတွက်လည်း ဟောင်ကောင်နဲ့ အနောက်အုပ်စုဆီက ဆန့်ကျင်ဘက်အင်အားစုတွေဆီကလာတဲ့ တုံ့ပြန်မှုကို မဖြစ်မနေရင်ဆိုင်ရဖို့ရှိတယ်လို့ တရုတ်အာဏာပိုင်တွေဘက် ပြင်ဆင်ထားပုံရပါတယ်။
 
ဒီအစည်းအဝေးမှာ ကိုဗစ်-၁၉ ရောဂါ ဗဟိုချက်ဖြစ်ခဲ့တဲ့ ဟူဘေမှ ကိုယ်စားလှယ်တွေကို တရုတ်သမ္မတ ရှီ က မိန့်ခွန်းပြောခဲ့ရာမှာ ပြည်သူ့ကျန်းမာရေးတိုးတက်ခြင်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တစ်ခုလို့ ပြောခဲ့ပါ သေးတယ်။ဒီအတွက် တရုတ်ကျန်းမာရေးကဏ္ဍကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် လာရောက်ဖို့ မီးစိမ်းပြတဲ့သဘောလို့ ယူဆစရာလည်းဖြစ်ပါတယ်။
 
ယခုအစည်းအဝေးက တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ အလွန် စီးပွားရေးကို ဘယ်လိုသွားမယ်၊ ဘယ်ကဏ္ဍတွေ ဦးစားပေးမယ်၊ ဘယ်လိုပမာဏသုံးစွဲဖို့ ဘယ်လိုစီမံကိန်းတွေ စတာတွေကို ပြတ်ပြတ်သားသား မူဝါဒချခဲ့တာ တွေ့ရသလို ယခု ၂၀၂၀ ခုနှစ်က လက်ရှိ ငါးနှစ်စီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်နေတဲ့အတွက် စီမံကိန်းသတ်မှတ်ချက်တွေကိုမလျော့ဖို့ တရုတ်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုတွေက လက်ရှိအကျပ်အတည်းကို ကျော်လွန်အောင် ဘယ်လောက်ထိ ဆွဲဆောင်ခေါ်သွားနိုင်မလဲဆိုတာ တွေ့ရတော့မှာ ဖြစ်ပါတယ်။
တင်ဇော်မိုး
မေ - ၂၆
( Zawgyi )
 ပုံမွန္အားျဖင့္ ႏွစ္စဥ္မတ္လတြင္ က်င္းပေလ့ရွိသည့္ အစည္းအေဝးႏွစ္ခုကို ၂၀၁၉ ဒီဇင္ဘာမွာ စတင္ျဖစ္ခဲ့ သည့္ ကို႐ိုနာဗိုင္းရပ္စ္ (ကူးစက္ျမန္ အသက္ရႈလမ္းေၾကာင္းေရာဂါေၾကာင့္) ေ႐ႊ႕ဆိုင္းခဲ့ရၿပီး ယခုေမလ စတုတၳအပတ္မွ က်င္းပခဲ့တာျဖစ္ပါတယ္။

ဒီအစည္းအေဝးကို ႏွစ္ပိုင္းက်င္းပေလ့ရွိၿပီး တ႐ုတ္ျပည္လုံးဆိုင္ရာ ျပည္သူ႔ကြန္ဂရက္ (NPC) ႏွင့္ တ႐ုတ္ျပည္သူ႔ႏိုင္ငံေရးအတိုင္ပင္ခံကြန္ဖရင့္ (CPPCC) တို႔ ျဖစ္ၿပီး အထူးသျဖင့္ တ႐ုတ္ျပည္သူ႔ႏိုင္ငံေရး အတိုင္ပင္ခံ ကြန္ဖရင့္တြင္ တိုင္းျပည္၏ မူဝါဒေရးရာကို အဓိက ေဆြးေႏြးၿပီး တ႐ုတ္ျပည္လုံးဆိုင္ရာ ျပည္သူ႔ကြန္ဂရက္ (NPC) တြင္ လုပ္ငန္းေဆာင္တာမ်ားကို အဓိကေဆြးေႏြးၾကတာျဖစ္ပါတယ္။

ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ အဆိုပါ တူးဆက္ရွင္ညီလာခံေခၚ တ႐ုတ္ႏိုင္ငံ၏ အေရးပါသည့္ အစည္းအေဝးကို ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္ သိပ္အေလးထားေစာင့္ၾကည္ေလ့မရွိပါဘူး။သို႔ေသာ္ တ႐ုတ္ေခါင္းေဆာင္ တိန႔္ေရွာင္ဖိန္ (၁၉၀၄ - ၁၉၉၇) လက္ထက္ တ႐ုတ္ႏိုင္ငံမွာ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ား သတိထားလာရသည့္ ႏိုင္ငံႀကီး တစ္ခုျဖစ္လာခဲ့ကာ တ႐ုတ္ႏိုင္ငံအတြင္း ျပဳလုပ္သည့္ ပါတီအစည္းအေဝးႏွင့္ အမ်ိဳးသားကြန္ဂရက္အစည္းအေဝးမ်ားက ႏိုင္ငံတကာစစ္ေရး၊ စီးပြားေရးသို႔ သက္ေရာက္လာခဲ့တဲ့အတြက္ ၂၀၀၀ ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံေရးအခင္းအက်င္းက ကမာၻႏွင့္ သက္ဆိုင္လာခဲ့ပါတယ္။အထူးသျဖင့္ ေဆြးေႏြးပြဲႏွစ္ခုမွာ တ႐ုတ္အစိုးရက အဓိကစီးပြားေရးမူဝါဒမ်ားနဲ႔ ႏွစ္စဥ္ဂ်ီဒီပီတိုးတက္မႈရည္မွန္းခ်က္ကို ေၾကျငာတဲ့အတြက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားအဖို႔ အၿမဲစိတ္ဝင္တစားေစာင့္ၾကည့္ရတဲ့ အစည္းအေဝးျဖစ္ခဲ့ပါတယ္။

ယခုႏွစ္ဟာ တစ္ကမာၻလုံး ကိုဗစ္-၁၉ ကူးစက္ကပ္ေရာဂါေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ရပ္ဆိုင္းလုနီးပါး (ခရီးသြားႏွင့္ ပို႔ေဆာင္ေရး အပါအဝင္ တခ်ိဳ႕က႑မ်ားရပ္ဆိုင္းသည့္အထိ) ထိခိုက္ခဲ့သည့္အတြက္ ေသခ်ာသည့္ေစ်းကြက္ျဖစ္သည့္ လူဦးေရ တစ္ဒသမ သုံးဘီလ်ံရွိသည့္ သုံးကမာၻအႀကီးမားဆုံး စားသုံးသူေစ်းကြက္ တ႐ုတ္ႏိုင္ငံ၏ မူဝါဒမွာ ကို အေလးထားေစာင့္ၾကည့္ဖို႔ လိုလာပါတယ္။

ေမ ၂၁ ရက္မွာ တ႐ုတ္ျပည္သူ႔ႏိုင္ငံေရးအတိုင္ပင္ခံကြန္ဖရင့္ (CPPCC) အစည္းအေဝးကို စတင္ခဲ့ၿပီး (CPPCC) အမ်ိဳးသားေကာ္မတီ၏ အၿမဲတမ္းေကာ္မတီ လုပ္ငန္းအစီရင္ခံစာႏွင့္ ႏိုင္ငံေရးအႀကံေပးမ်ား ေဆြးေႏြး ထားၿပီးေသာ အဆိုျပဳခ်က္မ်ားကို ၾကားနာေဆြးေႏြးခဲ့ပါတယ္။ ေမ ၂၂ ရက္မွာ စတင္က်င္းပခဲ့တဲ့ တ႐ုတ္ျပည္လုံး ဆိုင္ရာ ျပည္သူ႔ကြန္ဂရက္ (NPC) အစည္းအေဝးမွာေတာ့ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခခ်န္ က ေထာင္ခ်ီေသာ ကိုယ္စားလွယ္မ်ားကို မိန္႔ခြန္းေျပာၾကားခဲ့ၿပီး လီ က ၂၀၂၀ ခုႏွစ္အတြက္ ဂ်ီဒီပီတိုးတက္မႈရည္မွန္းခ်က္ကို သတ္မွတ္မည္ မဟုတ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

ဒါဟာ ႏွစ္စဥ္ျပဳလုပ္ေနက် ျပည္သူ႔ကြန္ဂရက္ (NPC) အစည္းအေဝးမွာ ၁၉၉၀ ျပည့္ႏွစ္ေနာက္ပိုင္း ပထမဆုံး အႀကိမ္ ႏွစ္အလိုက္စီးပြားေရးတိုးတက္မႈႏႈန္းခန႔္မွန္းခ်က္ကို မသတ္မွတ္ခဲ့တာပါ။ကပ္ေရာဂါေၾကာင့္ ယခုႏွစ္ ပထမသုံးလပတ္စီးပြားေရးက ဆယ္စုႏွစ္မ်ားအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၆.၈ ရာခိုင္ႏႈန္း က်ဳံ႕သြားခဲ့ပါတယ္။

အဖြင့္မိန႔္ခြန္းမွာ လီ က ကူးစက္ေရာဂါကပ္ေဘးေၾကာင့္ မတည္မၿငိမ္ျဖစ္ေနတဲ့ အလုပ္အကိုင္ႏွင့္ လူေနမႈ အဆင့္အတန္း တည္ၿငိမ္ေစေရးကို ဦးစားေပးေဆာင္႐ြက္သြားမယ္ဆိုတာ ေျပာခဲ့တဲ့အျပင္ ကပ္ေရာဂါက မၿပီးေသး တဲ့ အတြက္ ဧရာမတာဝန္ေတြကို ထမ္းေဆာင္ရဦးမွာဆိုၿပီး ကူးစက္ေရာဂါေၾကာင့္ ထိခိုက္ဆုံးရႈံးမႈနည္းပါး ေအာင္ ႏွစ္ဆတိုးႀကိဳးပမ္းရမယ္လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ အေျခခံအေဆာက္အအုံမ်ားအတြက္ သုံးစြဲမႈကို တိုးျမႇင့္ႏိုင္ဖို႔ အစိုးရ၏ အထူးေငြေခ်းစာခ်ဳပ္မ်ားအျဖစ္ ယခုႏွစ္အတြင္း ေနာက္ထပ္ ယြမ္ ၃.၇၅ ထရီလ်ံဖိုး ေရာင္းခ်သြားမယ္ လို႔လည္း ေျပာခဲ့ပါတယ္။ဒါ့အျပင္ ကပ္ေရာဂါေၾကာင့္ ထိခိုက္ေနတဲ့ စီးပြားေရးကို ထည့္သြင္း ပံ့ပိုးရန္အတြက္ သုံးစြဲျခင္းႏွင့္ ေထာက္ပံ့ျခင္းတို႔ကို တိုးျမႇင့္သြားမည္လို႔ ကတိျပဳခဲ့တာကိုလည္းေတြ႕ရပါတယ္။

ဒါဟာ ကပ္ေရာဂါေၾကာင့္ တ႐ုတ္မွာ လူသန္းႏွင့္ခ်ီ အလုပ္အကိုင္ဆုံးရႈံးႏိုင္တယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြကို အစိုးရက အဓိကအာ႐ုံစိုက္ေျဖရွင္းဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး တ႐ုတ္ေခါင္းေဆာင္ေတြက အထိနာေနတဲ့ စီးပြားေရးကို အရွိန္အဟုန္ျမႇင့္တင္ရန္အတြက္ လိုအပ္တာေတြလုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတာပါ။ကမာၻ႔စီးပြားေရး ႏိုင္ငံေတြအားလုံး ကိုဗစ္-၁၉ အလြန္မွာ စီးပြားေရးလႈံ႕ေဆာ္ႏိူးဖို႔ ထည့္ဝင္ရာမွာ တ႐ုတ္က ၃.၆ ထရီလ်ံနီးပါး (အေမရိကန္ေဒၚလာ ၅၀၆ ဘီလ်ံ) သုံးစြဲဖို႔ရွိတဲ့အတြက္ အမ်ားဆုံးပါဘဲ။ဒီအတြက္ အေျခခံအေဆာက္အအုံေတြျဖစ္တဲ့ တံတားမ်ားႏွင့္ ျမန္ႏႈန္းျမႇင့္ရထားလမ္းမ်ားကဲ့သို႔အစဥ္အလာ အေျခခံအေဆာက္အအုံမ်ားအစား အစိုးရ အေနနဲ႔ 5G ကြန္ရက္မ်ား ႏွင့္ စြမ္းအင္သုံးေမာ္ေတာ္ယာဥ္မ်ား (NEV) အားသြင္းသည့္စခန္းမ်ားကဲ့သို႔ေသာ “အေျခခံအေဆာက္အအုံအသစ္”မွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ပစ္မွတ္ထားလိမ့္မယ္ဆိုတဲ့ ခန႔္မွန္းမႈေတြကိုလည္း ေတြ႕ရပါတယ္။

သတိထားမိစရာက တ႐ုတ္က စစ္ေရးအသုံးစရိတ္ ကို ၆.၆ ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်ခဲ့တာပါ။ဒါဟာ ၿပီးခဲ့တဲ့ႏွစ္က သုံးစြဲမႈ ၇.၅ ရာခိုင္ႏႈန္းထက္ နည္းပါးခဲ့ပါတယ္။တ႐ုတ္နဲ႔ ေနာက္ပိုင္း ၿပိဳင္ဘက္ျဖစ္လာတဲ့ အေမရိကန္က ယခုႏွစ္ စစ္ေရးအသုံးစရိတ္ ေဒၚလာ ၇၃၈ ဘီလ်ံရွိခ်ိန္မွာ တ႐ုတ္ဘက္က ယြမ္ ၁.၂၆၈ ထရီလ်ံ (ေဒၚလာ ၁၇၈ ဘီလ်ံ) သာ သုံးစြဲမွာျဖစ္လို႔ တ႐ုတ္အေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္အပါအဝင္ ေဟာင္ေကာင္၊ ထိုင္ဝမ္ စတဲ့ ျပႆနာေတြမွာ အေမရိကန္နဲ႔ ထိပ္တိုက္ရင္ဆိုင္ေနရခ်ိန္မွာ စီးပြားေရးဘက္ကို ေဇာင္းေပးခဲ့တာက တ႐ုတ္ႏိုင္ငံ ရဲ႕ ျပတ္သားတဲ့ မူဝါဒတစ္ခုပါဘဲ။

ယခုလို တစ္ကမာၻလုံးကပ္ေရာဂါေၾကာင့္ စီးပြားေရးကပ္ဆိုက္လုနီးပါးအခ်ိန္မွာ လူဦးေရ ၁ ဒသမ ၃ ဘီလ်ံရွိတဲ့ တိုင္းျပည္အတြက္ စီးပြားေရးက စစ္ေရးထက္ ပိုအေရးပါေနပါတယ္။ဒါ့အျပင္ လြန္ခဲ့ေသာ ၁၀ ႏွစ္က ပါတီအေနနဲ႔ ၂၀၁၀ ျပည့္ႏွစ္ တစ္ဦးခ်င္းဝင္ေငြကို ၂၀၂၀ တြင္ ႏွစ္ဆတိုးမည္ဟု ေၾကျငာခဲ့တာရွိခဲ့သလို ယခုႏွစ္မွာ ေက်းလက္ေဒသ ဆင္းရဲႏြမ္းပါးမႈ အဆုံးသတ္ေရးကို ဦးစားေပးေဆာင္႐ြက္ဖို႔ သမၼတ ရွီက်င့္ဖိန္ က ေျပာခဲ့တာ လည္းရွိပါတယ္။ဒီအတြက္ တ႐ုတ္အစိုးရအတြက္ လက္တစ္ကမ္းသာလိုေတာ့တဲ့ ဆင္းရဲႏြမ္းပါးမႈပေပ်ာက္ၿပီး အတန္အသင့္ျပည့္စုံတဲ့ လူေနမႈစနစ္ေရာက္ဖို႔ စစ္ေရးတည္ေဆာက္မႈၿပိဳင္ပြဲကို လက္ေရွာင္ၿပီး ျပည္တြင္းလူေနမႈဘ၀တည္ၿငိမ္ဖို႔နဲ႔ စီးပြားေရးကို အရွိန္မပ်က္သြားႏိုင္ဖို႔ စိတ္ပိုင္းျဖတ္ထားတာ မွန္ကန္တဲ့ မူဝါဒပါဘဲ။ဒါ့အျပင္ ယခုျပင္ဆင္ေနတဲ့ အခင္းအက်င္းအရ တ႐ုတ္အစိုးရအေနနဲ႔ တိုင္းျပည္စီးပြားေရးတိုးတက္မႈ ေလ်ာ့က်လာတာကိုလည္း လက္ခံရန္ အဆင့္သင့္ျဖစ္ေနတာကိုလည္း ျပသေနတဲ့သေဘာပါဘဲ။

ဒီအစည္းအေဝးမွာ အံအားသင့္စရာေကာင္းသည္က ေဟာင္ေကာင္အတြက္ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ျပ႒ာန္းႏိုင္ဖို႔ တ႐ုတ္ကိုယ္စားလွယ္ေတြက တင္သြင္းခဲ့တာပါ။တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳးမႈအရ ေဟာင္ေကာင္နဲ႔ မကာအိုက သီးျခားပုံစံတစ္မ်ိဳးဆိုေပမယ့္ ႏွစ္ခုစလုံးက တစ္ခုနဲ႔တစ္ခု မတူပါဘူး။မကာအိုက ေပၚတူဂီေနာက္ခံ ျဖစ္ၿပီး နဂိုကတည္းက ေလာင္းကစားနဲ႔ ရွင္သန္ဖြံ႕ၿဖိဳးခဲ့တာပါ။ေဟာင္ေကာင္ကေတာ့ ၿဗိတိန္ေလာင္းရိပ္ေအာက္ကျဖစ္သလို ႏိုင္ငံေရးအပိုင္းမွာ အေနာက္ႏိုင္ငံေတြပုံစံကို တိုက္႐ိုက္က်င့္သုံးလာခဲ့ၿပီး မၾကာခင္ဆယ္စုႏွစ္ ၁၉၉၉ ခုႏွစ္က မွ တ႐ုတ္အုပ္ခ်ဳပ္မႈေအာက္ ျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္းျဖစ္ခဲ့သည့္ ဆႏၵျပပြဲမ်ားေၾကာင့္ေဟာင္ေကာင္၏ တည္ၿငိမ္မႈမွာ ပ်က္သြားခဲ့တဲ့ အတြက္ ေဟာင္ေကာင္ကို ေအာက္ေျခလူတန္းစားေတြအတြက္ တည္ၿငိမ္ေစဖို႔ ဒီဥပေဒၾကမ္းကို မျဖစ္မေနျပ႒ာန္းဖို႔ ရွိေနပါတယ္။ဒီအတြက္လည္း ေဟာင္ေကာင္နဲ႔ အေနာက္အုပ္စုဆီက ဆန္႔က်င္ဘက္အင္အားစုေတြဆီကလာတဲ့ တုံ႔ျပန္မႈကို မျဖစ္မေနရင္ဆိုင္ရဖို႔ရွိတယ္လို႔ တ႐ုတ္အာဏာပိုင္ေတြဘက္ ျပင္ဆင္ထားပုံရပါတယ္။

ဒီအစည္းအေဝးမွာ ကိုဗစ္-၁၉ ေရာဂါ ဗဟိုခ်က္ျဖစ္ခဲ့တဲ့ ဟူေဘမွ ကိုယ္စားလွယ္ေတြကို တ႐ုတ္သမၼတ ရွီ က မိန႔္ခြန္းေျပာခဲ့ရာမွာ ျပည္သူ႔က်န္းမာေရးတိုးတက္ျခင္းကို အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ ကိစၥရပ္တစ္ခုလို႔ ေျပာခဲ့ပါ ေသးတယ္။ဒီအတြက္ တ႐ုတ္က်န္းမာေရးက႑ကို ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈအတြက္ လာေရာက္ဖို႔ မီးစိမ္းျပတဲ့သေဘာလို႔ ယူဆစရာလည္းျဖစ္ပါတယ္။

ယခုအစည္းအေဝးက တ႐ုတ္ႏိုင္ငံရဲ႕ ကိုဗစ္-၁၉ အလြန္ စီးပြားေရးကို ဘယ္လိုသြားမယ္၊ ဘယ္က႑ေတြ ဦးစားေပးမယ္၊ ဘယ္လိုပမာဏသုံးစြဲဖို႔ ဘယ္လိုစီမံကိန္းေတြ စတာေတြကို ျပတ္ျပတ္သားသား မူဝါဒခ်ခဲ့တာ ေတြ႕ရသလို ယခု ၂၀၂၀ ခုႏွစ္က လက္ရွိ ငါးႏွစ္စီမံကိန္း၏ ေနာက္ဆုံးႏွစ္ျဖစ္ေနတဲ့အတြက္ စီမံကိန္းသတ္မွတ္ခ်က္ေတြကိုမေလ်ာ့ဖို႔ တ႐ုတ္ေခါင္းေဆာင္ေတြရဲ႕ ဦးေဆာင္မႈေတြက လက္ရွိအက်ပ္အတည္းကို ေက်ာ္လြန္ေအာင္ ဘယ္ေလာက္ထိ ဆြဲေဆာင္ေခၚသြားႏိုင္မလဲဆိုတာ ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

တင္ေဇာ္မိုး

ေမ - ၂၆