【 ဆောင်းပါး 】 ကိုဗစ်နှင့် ရေရှည်လက်တွဲဖော် အကျပ်တွေ့နိုင်သည့် မြန်မာ

【 ဆောင်းပါး 】 ကိုဗစ်နှင့် ရေရှည်လက်တွဲဖော် အကျပ်တွေ့နိုင်သည့် မြန်မာ

ကိုဗစ်-၁၉ သည် တစ်ကမ္ဘာလုံးဆိုင်ရာ စနစ်ကြီးတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနေသည်။ကနဦး ဝူဟန်ဗိုင်းရပ်စ်ဟု ရေးသားပြောဆိုခဲ့ကြသည်။တရုတ်နိုင်ငံ၏ ကန့်ကွက်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်၊ ကိုဗစ်-၁၉ ရောဂါဟု မီဒီယာများက ပြောင်းလဲသုံးနှုန်းကြသည်။တရုတ်နိုင်ငံ၏ ရောဂါပြန့်နှံ့မှုထိန်းချုပ်ရေး အောင်မြင်မှုများရရှိလာသည့်အချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးမှ ၎င်း၏တွစ်(စ်)တာတွင်  ကိုဗစ်-၁၉ သည် အမေရိကန်၏ လျှို့ဝှက်ပူးပေါင်းကြံစည်ရေး သီအိုရီဖြစ်သည်ဟု ရေးသားခဲ့သည်။တစ်ဖန် အမေရိကန်သမ္မတက တရုတ်ဗိုင်းရပ်စ်ဟု သုံးနှုန်းပြီး ပြန်လည်တုံ့ပြန်ခဲ့သည်။ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုမြင့်မားနေသော အီရန်နိုင်ငံကလည်း အမေရိကန်၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီအရဖြစ်သည်။ဇီဝတိုက်ခိုက်မှုခံနေရသည်ဟု ပြောလာပြန်သည်။ထိုစကားစစ်ထိုးမှုများကြောင့် ကိုဗစ်-၁၉ ကို အကြောင်းပြု၍ တရုတ်နှင့် အမေရိကန်၏ ပါဝါပျော့အားပြိုင်မှုမှာ ဖုံးမနိုင်ဖိမရဖြစ်နေသည်။

တရုတ်ပြည်တွင်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အမေရိကန် လျှို့ဝှက်ပူးပေါင်းကြံစည်ရေး သီအိုရီစွပ်စွဲချက်မှာ လူကြိုက်များနေသည်။အလားတူ အမေရိကန်ပြည်သူများအတွင်း ကိုဗစ်ကြောင့် အမေရိကန်၏ အဆင့်နှင့် နေရာကို တရုတ်ကလုယူသွားမည်ဆိုသည့် ခြိမ်းခြောက်ရေးသားမှုများ ခေတ်စားနေသည်။ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု အရှိန်မြင့်တက်လာပြီး နိုင်ငံသား ၅၀ ရာခိုင်နှုန်းခန့် အိမ်တွင်းအောင်းနေရသော အမေရိကန်ပြည်တွင်း၌ တရုတ်ဗိုင်းရပ်စ်ဆိုသည့် တရုတ်အကြောက်တရား ဖန်တီးပြန့်နှံ့စေသည်။အလားတူ တရုတ်ပြည်သူ သန်းပေါင်းများစွာအားလည်း အမေရိကန်တိုက်ခိုက်မှု အကြောက်တရားပျံ့နှံ့စေသည်။ကိုဗစ်ဖြင့် စီးချင်းထိုးနေရသော ကမ္ဘာ့နိုင်ငံအများစုကတော့ ကိုယ့်ပြဿနာနှင့်ကိုယ် နပန်းလုံးရင်း ခပ်မဆိတ်နေနေကြသည်။ဆင်းရဲသောတိုင်းပြည်များအဖို့ ရေတိုအကူအညီ၊ ရေရှည်ဆက်ဆံရေး၊ ကမ္ဘာစနစ်၊ ပြန်လည်ထူထောင်ရေးကိစ္စများ စသဖြင့် မြောက်များစွာသော အကြောင်းတရားများကြောင့် နှစ်နိုင်ငံလုံးနှင့်ပတ်သက်၍ မပြောသာမဆိုသာဖြစ်နေကြသည်။

အမေရိကန်စစ်ဩဇာကြီး မီဒီယာအများစုက အမေရိကန်ဒယိမ်းဒယိုင်ဖြစ်နေပြီ၊ တရုတ်သည် အမေရိကန်၏ ကမ္ဘာ့ခေါင်းဆောင် အဆင့်နေရာကို လုယူသွားတော့မည်ဟု တွင်တွင်ရေးသားနေကြသည်။ကိုဗစ်သည် လက်ရှိ ကမ္ဘာစနစ်ခိုင်မြဲတည်ရှိမှု ပုံသဏ္ဌာန်ကို ပြောင်းလဲပစ်တော့မည်။
ကမ္ဘာ့စနစ်သစ် (News world order) ကို ပြန်လည်ပုံစံချမည်ဟု ရေးသားကြသည်။ကိုဗစ်အရေးအခင်းနှင့် အမေရိကန်သည် အခြားနိုင်ငံများအား ဦးဆောင်ကူညီရန် ပြင်းပြသည့်ဆန္ဒမရှိသည်ကို မြင်တွေ့နေရသောကြောင့် တရုတ်သည် အဆိုပါကိုဗစ်တိုက်ဖျက်ရေးစစ်ပွဲ ဦးဆောင်သူနေရာကို ဝင်ယူနေသည်။၎င်း၏ ကိုဗစ်ထိန်းချုပ်ရေး အတွေ့အကြုံများအပေါ်မူတည်ပြီး နိုင်ငံတကာအစိုးရများအား စည်းရုံးခြင်း၊ ကိုဗစ်တိုက်ဖျက်ရေး လူသားအရင်းအမြစ်နှင့် ဆေးဝါးကျန်းမာရေး ရုပ်ဝတ္ထုများ အကူအညီပေးခြင်းများ ပြုလုပ်နေသည်။ဤသည်ကို နောက်ပိုင်း ၂၁ ရာစု ကာလများအတွက် အမေရိကန်၏ တစ်ကမ္ဘာလုံးဆိုင်ရာ (ဂလိုဘယ်) ခေါင်းဆောင်မှုကို စိန်ခေါခြင်းဖြစ်သည်ဟု အမေရိကန်မီဒီယာများက ရေးသားနေကြသည်။

အမေရိကန်သည် ယခု ကိုဗစ်-၁၉ ကို 9/11 တိုက်ခိုက်ခံရမှု၊ ၂၀၀၈ ငွေကြေးအကျပ်အတည်းထက် ကြီးမားသောစိန်ခေါ်မှုအဖြစ် ပြည်သူများကိုရှုမြင်စေသည်။ 9/11 တိုက်ခိုက်မှုပြီးသည့်နောက် အမေရိကန်သမ္မတ ဘုရှ် (အငယ်) က တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ခိုက်ရေးစစ်ပွဲတွင် “ငါတို့ဖက်က ပါရင်ပါ၊ မပါရင် သူတို့ဖက်ကလူပဲ” ဟု ပြောဆိုခြိမ်းခြောက်ခဲ့သည်။ကမ္ဘာ့နိုင်ငံများစွာတို့သည် ဘုရှ်၏ ကြိမ်းဝါးစကားကြောင့် ကြောက်အားလန့်အား ပူးပေါင်းဆောင်ရွက်ခဲ့ကြရသည်။ယခု ကိုဗစ်-၁၉ အရေးကို 9/11 ထက် ပြင်းထန်သောအရေးဟု ဖွင့်ဆိုထားသော်လည်း ဘယ်ဖက်ကပါမလဲဆိုသည့်မေးခွန်းထိ မရောက်သေးသည်ကိုတွေ့ရသည်။

“ကိုဗစ်သည် ကမ္ဘာ့အစီအစဉ်၌ ယခင်အားပြုခဲ့သော ပထဝီနိုင်ငံရေးအပြင် ကျန်းမာရေးအပါအဝင် အခြားရေးရာများတွင်ပါ စိန်ခေါ်မှုများဖြစ်လာခဲ့သည်။လက်ရှိအားဖြင့် ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ အိမ်တွင်းအောင်းနေရသည့် အကျိုးဆက်များစွာ ပေါ်ထွက်လာသည်။
လူ့အဖွဲ့အစည်းဝင်များစွာတို့ကို အိမ်တွင်း၌ ထိန်းသိမ်းထားခံလိုက်ရသည်။အစိုးရနှင့် လူ့အဖွဲ့အစည်းဆက်ဆံရေး၊ နိုင်ငံများနှင့်ဆက်ဆံရေး၊ ပြင်ပကမ္ဘာနှင့်ဆက်ဆံရေး စသဖြင့် များစွာသက်ရောက်မှုရှိသွားသည်။ထို့အပြင် ကမ္ဘာ့နေရာအနှံ့ ဖြစ်ပွားနေသည့်အတွက် နိုင်ငံတစ်ခုချင်းစီ၏ အခြေအနေကို မြင်တွေ့ခွင့်ရကြမည်ဖြစ်သည်။နိုင်ငံတစ်ခုချင်းစီ၏  ကမ္ဘာ့အဖွဲ့အစည်းများနှင့်ဆက်ဆံရေး၊ နိုင်ငံတစ်ကာဆက်ဆံရေး၊ အားပြိုင်နေသောနိုင်ငံများနှင့် ဆက်ဆံရေး တည်ရှိဆဲ၊ ကမ္ဘာ့အစီအစဉ် (world order)  ထဲတွင် နေရာချထားမှု စသဖြင့် ကဏ္ဍစုံအကျပ်အတည်းဖြင့် ကြုံတွေ့ရမည်ဖြစ်သည်။

ရဲဘော်ကြင်မောင်၏ ပြည်ချစ်ဝါဒစာတန်းအရ ခေတ်သစ်ကမ္ဘာအစီအစဉ် ၂-ရပ် ပေါ်ထွက်ခဲ့ဖူးသည်။ပထမကမ္ဘာစစ်အပြီး ပေါ်ထွက်ခဲ့သော နိုင်ငံပေါင်းချုပ်အသင်း (LN) နှင့် ဒုတိယကမ္ဘာစစ်အပြီး ပေါ်ထွက်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် (UN) စနစ်တို့ ဖြစ်ကြသည်။ (LN) ရော (UN) ပါ စစ်နိုင်သည့်နိုင်ငံများမှ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ UN စနစ်ထဲတွင် ကြီးငါးကြီး (ဗီလိရှင်) နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (S.C) စနစ် ပါခဲ့သည်။ကြီးငါးကြီးတွင် တရုတ်ကို ထည့်သွင်းထားခဲ့ခြင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်သန်းပေါင်းများစွာ မဟာမိတ်များဖက်မှ အသေခံ၍ တိုက်ခိုက်ပေးခဲ့ကြောင်းဟု ဆိုသည်။တရုတ်သည် စူပါပါဝါစိတ်ကူးယဉ်မှုမျိုးမရှိကြောင်း စာတန်းတွင်ဆိုထားသည်။တရုတ်စီးပွားရေး တစ်ဟုန်ထိုးတိုးတက်လာမှုနှင့် စားသုံးသူဝါဒစေ့ဆော်မှုကြောင့် တရုတ်သည် ဈေးကွက်၊ ကုန်ကြမ်း၊ လောင်စာ၊ ရိက္ခာလိုအပ်ချက် ကြီးမားလာခဲ့သည်။

ဤတွင် တရုတ်အနေဖြင့် ကမ္ဘာ့ရေးရာများတွင် မလွဲမရှောင်သာ ရှေ့တန်းထွက်ကစားလာရပြီး အရင်းအမြစ် ရှာတော်ပုံဖွင့်လာခဲ့ရသည်။ဤသည်ကို အမေရိကန်မှ ၎င်း၏နေရာအား ခြိမ်းခြောက်မှု့အဖြစ် ပုံဖော် လာခဲ့သည်။ကမ္ဘာ့စနစ်ဟောင်း (UN) ထဲတွင် လက်အောက်ခံအဖွဲ့အစည်းမျိုးစုံရှိနေသည်။စစ်နိုင်သူများ ရေးဆွဲခဲ့ခြင်းကြောင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များသည် စစ်နိုင်သူတို့၏ လွှမ်းမိုးမှုမှာ မငြင်းသာသည့်အချက်ဖြစ်သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကဲ့သို့ အဖွဲ့အစည်းကြီးများသည်လည်း ကမ္ဘာ့စနစ်ဟောင်းလည်ပတ်မှုထဲမှ ပင်နီယံကြီးများပင်ဖြစ်သည်။နိုင်ငံတိုင်းသည် ကမ္ဘာ့စနစ်လည်ပတ်မှုအတွင်း ပါဝင်စေရန် အဆိုပါအဖွဲ့များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရသည်။ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော ဆင်းရဲသည့်တိုင်းပြည်များအဖို့ ကျန်းမာရေးကိစ္စတွင် WHO ကို မလွန်ဆန်နိုင်သလို ရိက္ခာများတွင်လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ချုပ် (WFP) (FAO) စသဖြင့် အဖွဲ့များနှင့် လက်တွဲမဖြုတ်ဝံ့ကြသည်ကို တွေ့ရသည်။

ယခုလက်ရှိ ရင်ဆိုင်နေရသော ကိုဗစ်-၁၉ တိုက်ပွဲတွင် တရုတ်သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထိန်းချုပ်ဆောင်ရွက်မှု့နှင့် နည်းနာ၊ ပစ္စည်းများကို ဖြန့်ဝေလိုသည်။ဆင်းရဲသောနိုင်ငံများအဖို့တွင်လည်း ကိုဗစ်တိုက်ဖျက်ရေးပြီးပါက နောက်ဆက်တွဲ စားနပ်ရိက္ခာပြဿနာ၊ စီးပွားရေးပြဿနာ စသဖြင့် နောက်ဆက်တွဲပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ရင်ဆိုင်ရဖို့လည်းရှိနေသည်။ဤတွင် ကမ္ဘာ့စနစ်ဟောင်း၏ လက်ဝေခံ (WHO) ကဲ့သို့ အဖွဲ့များနှင့် ပူးပေါင်းမှုအားနည်းပါက ကျန်ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ ဥပမာ - (WFP) (FP) (World Bank) (IMF) နှင့် ရေရှည်ဆက်ဆံရေး အဖုအထစ်ဖြစ်နိုင်သည်။

ဤတွင် ကျန်းမာရေးနှင့် သံတမန်ရေးဆိုင်ရာ အကျပ်အတည်းဖြင့် ရင်ဆိုင်ရတော့မည့် အခြေအနေဖြစ်နေသည်။မြန်မာနိုင်ငံအနေဖြင့် လတ်တလော ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် (WHO) နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေပုံရသော်လည်း အိမ်နီးချင်း တရုတ်၏ အကူအညီမှာ သံတမန်ရေး၊ ပြည်တွင်းနိုင်ငံရေးပြဿနာ ဖြစ်နေသည်။တရုတ်နှင့်နီးစပ်သည့် မြန်မာစစ်တပ်၏ အခန်းကဏ္ဍကို အသုံးပြုရမည်။တရုတ်သည် ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုအောက်တွင် တရုတ်စစ်တပ်ရှိသော်လည်း မြန်မာစစ်တပ်သည် အရပ်သားထိန်းချုပ်မှုအောက်မရှိသည့် ပြဿနာရှိနေသည်။ဤတွင် မြန်မာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးသည် ပထဝီဝင်နိုင်ငံရေးအကျပ်အတည်းကဲ့သို့ပင် အကျပ်ဆိုက်လာမည့် အခြေအနေရှိနေသည်။ကိုဗစ်-၁၉ တိုက်ဖျက်ရေးအပြီး ပြန်လည်ထူထောင်မှုအတွက် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ သုံးစွဲမည်ဟု အမေရိကန်သမ္မတက ကြေငြာခဲ့အပြီး အမေရိကန်ရှယ်ယာ အညွှန်းကိန်းများ မြင့်တက်ကုန်သည်။ကိုဗစ်အပြီး ပြန်လည်ထူထောင်ရေး ကမ္ဘာ့အခင်းအကျင်း၊ ကမ္ဘာ့အစီအစဉ်နှင့် ပြည်တွင်းရေးလွန်ဆွဲမှုများအကြား မြန်မာအနေဖြင့် ရေရှည်လက်တွဲဖော် ရှာရတော့မည်ဖြစ်သည်။

မင်းနိုင်စိုး
ဧပြီ - ၂

ကိုးကား  - On China,COVID-19,and Conspiracy The ories (The DIPLOMAT)
- The Coronavirus Could Reshape Global Order (Foreign Affairs )
- Coronavirus will Change the world Permanently Here’s How
- ပြည်ချစ်ဝါဒ - ရဲဘော်ကြင်မောင်ဆောင်းပါးများ

( Zawgyi )

ကိုဗစ္-၁၉ သည္ တစ္ကမာၻလုံးဆိုင္ရာ စနစ္ႀကီးတစ္ခုလုံးအေပၚ သက္ေရာက္မႈရွိေနသည္။ကနဦး ဝူဟန္ဗိုင္းရပ္စ္ဟု ေရးသားေျပာဆိုခဲ့ၾကသည္။တ႐ုတ္ႏိုင္ငံ၏ ကန႔္ကြက္မႈေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္၊ ကိုဗစ္-၁၉ ေရာဂါဟု မီဒီယာမ်ားက ေျပာင္းလဲသုံးႏႈန္းၾကသည္။တ႐ုတ္ႏိုင္ငံ၏ ေရာဂါျပန႔္ႏွံ႔မႈထိန္းခ်ဳပ္ေရး ေအာင္ျမင္မႈမ်ားရရွိလာသည့္အခ်ိန္တြင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးမွ ၎၏တြစ္(စ္)တာတြင္  ကိုဗစ္-၁၉ သည္ အေမရိကန္၏ လွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္ေရး သီအိုရီျဖစ္သည္ဟု ေရးသားခဲ့သည္။တစ္ဖန္ အေမရိကန္သမၼတက တ႐ုတ္ဗိုင္းရပ္စ္ဟု သုံးႏႈန္းၿပီး ျပန္လည္တုံ႔ျပန္ခဲ့သည္။ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးမႈျမင့္မားေနေသာ အီရန္ႏိုင္ငံကလည္း အေမရိကန္၏ လွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္မႈ သီအိုရီအရျဖစ္သည္။ဇီဝတိုက္ခိုက္မႈခံေနရသည္ဟု ေျပာလာျပန္သည္။ထိုစကားစစ္ထိုးမႈမ်ားေၾကာင့္ ကိုဗစ္-၁၉ ကို အေၾကာင္းျပဳ၍ တ႐ုတ္ႏွင့္ အေမရိကန္၏ ပါဝါေပ်ာ့အားၿပိဳင္မႈမွာ ဖုံးမႏိုင္ဖိမရျဖစ္ေနသည္။

တ႐ုတ္ျပည္တြင္း၌ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး၏ အေမရိကန္ လွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္ေရး သီအိုရီစြပ္စြဲခ်က္မွာ လူႀကိဳက္မ်ားေနသည္။အလားတူ အေမရိကန္ျပည္သူမ်ားအတြင္း ကိုဗစ္ေၾကာင့္ အေမရိကန္၏ အဆင့္ႏွင့္ ေနရာကို တ႐ုတ္ကလုယူသြားမည္ဆိုသည့္ ၿခိမ္းေျခာက္ေရးသားမႈမ်ား ေခတ္စားေနသည္။ကိုဗစ္-၁၉ ေရာဂါပ်ံ႕ႏွံ႔မႈ အရွိန္ျမင့္တက္လာၿပီး ႏိုင္ငံသား ၅၀ ရာခိုင္ႏႈန္းခန႔္ အိမ္တြင္းေအာင္းေနရေသာ အေမရိကန္ျပည္တြင္း၌ တ႐ုတ္ဗိုင္းရပ္စ္ဆိုသည့္ တ႐ုတ္အေၾကာက္တရား ဖန္တီးျပန႔္ႏွံ႔ေစသည္။အလားတူ တ႐ုတ္ျပည္သူ သန္းေပါင္းမ်ားစြာအားလည္း အေမရိကန္တိုက္ခိုက္မႈ အေၾကာက္တရားပ်ံ႕ႏွံ႔ေစသည္။ကိုဗစ္ျဖင့္ စီးခ်င္းထိုးေနရေသာ ကမာၻ႔ႏိုင္ငံအမ်ားစုကေတာ့ ကိုယ့္ျပႆနာႏွင့္ကိုယ္ နပန္းလုံးရင္း ခပ္မဆိတ္ေနေနၾကသည္။ဆင္းရဲေသာတိုင္းျပည္မ်ားအဖို႔ ေရတိုအကူအညီ၊ ေရရွည္ဆက္ဆံေရး၊ ကမာၻစနစ္၊ ျပန္လည္ထူေထာင္ေရးကိစၥမ်ား စသျဖင့္ ေျမာက္မ်ားစြာေသာ အေၾကာင္းတရားမ်ားေၾကာင့္ ႏွစ္ႏိုင္ငံလုံးႏွင့္ပတ္သက္၍ မေျပာသာမဆိုသာျဖစ္ေနၾကသည္။

အေမရိကန္စစ္ဩဇာႀကီး မီဒီယာအမ်ားစုက အေမရိကန္ဒယိမ္းဒယိုင္ျဖစ္ေနၿပီ၊ တ႐ုတ္သည္ အေမရိကန္၏ ကမာၻ႔ေခါင္းေဆာင္ အဆင့္ေနရာကို လုယူသြားေတာ့မည္ဟု တြင္တြင္ေရးသားေနၾကသည္။ကိုဗစ္သည္ လက္ရွိ ကမာၻစနစ္ခိုင္ၿမဲတည္ရွိမႈ ပုံသဏၭာန္ကို ေျပာင္းလဲပစ္ေတာ့မည္။
ကမာၻ႔စနစ္သစ္ (News world order) ကို ျပန္လည္ပုံစံခ်မည္ဟု ေရးသားၾကသည္။ကိုဗစ္အေရးအခင္းႏွင့္ အေမရိကန္သည္ အျခားႏိုင္ငံမ်ားအား ဦးေဆာင္ကူညီရန္ ျပင္းျပသည့္ဆႏၵမရွိသည္ကို ျမင္ေတြ႕ေနရေသာေၾကာင့္ တ႐ုတ္သည္ အဆိုပါကိုဗစ္တိုက္ဖ်က္ေရးစစ္ပြဲ ဦးေဆာင္သူေနရာကို ဝင္ယူေနသည္။၎၏ ကိုဗစ္ထိန္းခ်ဳပ္ေရး အေတြ႕အႀကဳံမ်ားအေပၚမူတည္ၿပီး ႏိုင္ငံတကာအစိုးရမ်ားအား စည္း႐ုံးျခင္း၊ ကိုဗစ္တိုက္ဖ်က္ေရး လူသားအရင္းအျမစ္ႏွင့္ ေဆးဝါးက်န္းမာေရး ႐ုပ္ဝတၳဳမ်ား အကူအညီေပးျခင္းမ်ား ျပဳလုပ္ေနသည္။ဤသည္ကို ေနာက္ပိုင္း ၂၁ ရာစု ကာလမ်ားအတြက္ အေမရိကန္၏ တစ္ကမာၻလုံးဆိုင္ရာ (ဂလိုဘယ္) ေခါင္းေဆာင္မႈကို စိန္ေခါျခင္းျဖစ္သည္ဟု အေမရိကန္မီဒီယာမ်ားက ေရးသားေနၾကသည္။

အေမရိကန္သည္ ယခု ကိုဗစ္-၁၉ ကို 9/11 တိုက္ခိုက္ခံရမႈ၊ ၂၀၀၈ ေငြေၾကးအက်ပ္အတည္းထက္ ႀကီးမားေသာစိန္ေခၚမႈအျဖစ္ ျပည္သူမ်ားကိုရႈျမင္ေစသည္။ 9/11 တိုက္ခိုက္မႈၿပီးသည့္ေနာက္ အေမရိကန္သမၼတ ဘုရွ္ (အငယ္) က တစ္ကမာၻလုံးဆိုင္ရာ အၾကမ္းဖက္မႈတိုက္ခိုက္ေရးစစ္ပြဲတြင္ “ငါတို႔ဖက္က ပါရင္ပါ၊ မပါရင္ သူတို႔ဖက္ကလူပဲ” ဟု ေျပာဆိုၿခိမ္းေျခာက္ခဲ့သည္။ကမာၻ႔ႏိုင္ငံမ်ားစြာတို႔သည္ ဘုရွ္၏ ႀကိမ္းဝါးစကားေၾကာင့္ ေၾကာက္အားလန႔္အား ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကရသည္။ယခု ကိုဗစ္-၁၉ အေရးကို 9/11 ထက္ ျပင္းထန္ေသာအေရးဟု ဖြင့္ဆိုထားေသာ္လည္း ဘယ္ဖက္ကပါမလဲဆိုသည့္ေမးခြန္းထိ မေရာက္ေသးသည္ကိုေတြ႕ရသည္။

“ကိုဗစ္သည္ ကမာၻ႔အစီအစဥ္၌ ယခင္အားျပဳခဲ့ေသာ ပထဝီႏိုင္ငံေရးအျပင္ က်န္းမာေရးအပါအဝင္ အျခားေရးရာမ်ားတြင္ပါ စိန္ေခၚမႈမ်ားျဖစ္လာခဲ့သည္။လက္ရွိအားျဖင့္ ကမာၻ႔လူဦးေရ သန္းေပါင္းမ်ားစြာ အိမ္တြင္းေအာင္းေနရသည့္ အက်ိဳးဆက္မ်ားစြာ ေပၚထြက္လာသည္။
လူ႔အဖြဲ႕အစည္းဝင္မ်ားစြာတို႔ကို အိမ္တြင္း၌ ထိန္းသိမ္းထားခံလိုက္ရသည္။အစိုးရႏွင့္ လူ႔အဖြဲ႕အစည္းဆက္ဆံေရး၊ ႏိုင္ငံမ်ားႏွင့္ဆက္ဆံေရး၊ ျပင္ပကမာၻႏွင့္ဆက္ဆံေရး စသျဖင့္ မ်ားစြာသက္ေရာက္မႈရွိသြားသည္။ထို႔အျပင္ ကမာၻ႔ေနရာအႏွံ႔ ျဖစ္ပြားေနသည့္အတြက္ ႏိုင္ငံတစ္ခုခ်င္းစီ၏ အေျခအေနကို ျမင္ေတြ႕ခြင့္ရၾကမည္ျဖစ္သည္။ႏိုင္ငံတစ္ခုခ်င္းစီ၏  ကမာၻ႔အဖြဲ႕အစည္းမ်ားႏွင့္ဆက္ဆံေရး၊ ႏိုင္ငံတစ္ကာဆက္ဆံေရး၊ အားၿပိဳင္ေနေသာႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး တည္ရွိဆဲ၊ ကမာၻ႔အစီအစဥ္ (world order)  ထဲတြင္ ေနရာခ်ထားမႈ စသျဖင့္ က႑စုံအက်ပ္အတည္းျဖင့္ ႀကဳံေတြ႕ရမည္ျဖစ္သည္။

ရဲေဘာ္ၾကင္ေမာင္၏ ျပည္ခ်စ္ဝါဒစာတန္းအရ ေခတ္သစ္ကမာၻအစီအစဥ္ ၂-ရပ္ ေပၚထြက္ခဲ့ဖူးသည္။ပထမကမာၻစစ္အၿပီး ေပၚထြက္ခဲ့ေသာ ႏိုင္ငံေပါင္းခ်ဳပ္အသင္း (LN) ႏွင့္ ဒုတိယကမာၻစစ္အၿပီး ေပၚထြက္ခဲ့ေသာ ကမာၻ႔ကုလသမဂၢအဖြဲ႕ခ်ဳပ္ (UN) စနစ္တို႔ ျဖစ္ၾကသည္။ (LN) ေရာ (UN) ပါ စစ္ႏိုင္သည့္ႏိုင္ငံမ်ားမွ ေရးဆြဲခဲ့ျခင္းျဖစ္သည္။ UN စနစ္ထဲတြင္ ႀကီးငါးႀကီး (ဗီလိရွင္) ႏွင့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ (S.C) စနစ္ ပါခဲ့သည္။ႀကီးငါးႀကီးတြင္ တ႐ုတ္ကို ထည့္သြင္းထားခဲ့ျခင္းမွာ ဒုတိယကမာၻစစ္အတြင္း တ႐ုတ္သန္းေပါင္းမ်ားစြာ မဟာမိတ္မ်ားဖက္မွ အေသခံ၍ တိုက္ခိုက္ေပးခဲ့ေၾကာင္းဟု ဆိုသည္။တ႐ုတ္သည္ စူပါပါဝါစိတ္ကူးယဥ္မႈမ်ိဳးမရွိေၾကာင္း စာတန္းတြင္ဆိုထားသည္။တ႐ုတ္စီးပြားေရး တစ္ဟုန္ထိုးတိုးတက္လာမႈႏွင့္ စားသုံးသူဝါဒေစ့ေဆာ္မႈေၾကာင့္ တ႐ုတ္သည္ ေဈးကြက္၊ ကုန္ၾကမ္း၊ ေလာင္စာ၊ ရိကၡာလိုအပ္ခ်က္ ႀကီးမားလာခဲ့သည္။

ဤတြင္ တ႐ုတ္အေနျဖင့္ ကမာၻ႔ေရးရာမ်ားတြင္ မလြဲမေရွာင္သာ ေရွ႕တန္းထြက္ကစားလာရၿပီး အရင္းအျမစ္ ရွာေတာ္ပုံဖြင့္လာခဲ့ရသည္။ဤသည္ကို အေမရိကန္မွ ၎၏ေနရာအား ၿခိမ္းေျခာက္မႈ႕အျဖစ္ ပုံေဖာ္ လာခဲ့သည္။ကမာၻ႔စနစ္ေဟာင္း (UN) ထဲတြင္ လက္ေအာက္ခံအဖြဲ႕အစည္းမ်ိဳးစုံရွိေနသည္။စစ္ႏိုင္သူမ်ား ေရးဆြဲခဲ့ျခင္းေၾကာင့္ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕မ်ားသည္ စစ္ႏိုင္သူတို႔၏ လႊမ္းမိုးမႈမွာ မျငင္းသာသည့္အခ်က္ျဖစ္သည္။ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ (WHO) ကဲ့သို႔ အဖြဲ႕အစည္းႀကီးမ်ားသည္လည္း ကမာၻ႔စနစ္ေဟာင္းလည္ပတ္မႈထဲမွ ပင္နီယံႀကီးမ်ားပင္ျဖစ္သည္။ႏိုင္ငံတိုင္းသည္ ကမာၻ႔စနစ္လည္ပတ္မႈအတြင္း ပါဝင္ေစရန္ အဆိုပါအဖြဲ႕မ်ားႏွင့္ လက္တြဲပူးေပါင္းေဆာင္႐ြက္ၾကရသည္။ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်ေသာ ဆင္းရဲသည့္တိုင္းျပည္မ်ားအဖို႔ က်န္းမာေရးကိစၥတြင္ WHO ကို မလြန္ဆန္ႏိုင္သလို ရိကၡာမ်ားတြင္လည္း ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ခ်ဳပ္ (WFP) (FAO) စသျဖင့္ အဖြဲ႕မ်ားႏွင့္ လက္တြဲမျဖဳတ္ဝံ့ၾကသည္ကို ေတြ႕ရသည္။

ယခုလက္ရွိ ရင္ဆိုင္ေနရေသာ ကိုဗစ္-၁၉ တိုက္ပြဲတြင္ တ႐ုတ္သည္ ကိုယ့္နည္းကိုယ့္ဟန္ျဖင့္ ထိန္းခ်ဳပ္ေဆာင္႐ြက္မႈ႕ႏွင့္ နည္းနာ၊ ပစၥည္းမ်ားကို ျဖန႔္ေဝလိုသည္။ဆင္းရဲေသာႏိုင္ငံမ်ားအဖို႔တြင္လည္း ကိုဗစ္တိုက္ဖ်က္ေရးၿပီးပါက ေနာက္ဆက္တြဲ စားနပ္ရိကၡာျပႆနာ၊ စီးပြားေရးျပႆနာ စသျဖင့္ ေနာက္ဆက္တြဲျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ျဖင့္ ရင္ဆိုင္ရဖို႔လည္းရွိေနသည္။ဤတြင္ ကမာၻ႔စနစ္ေဟာင္း၏ လက္ေဝခံ (WHO) ကဲ့သို႔ အဖြဲ႕မ်ားႏွင့္ ပူးေပါင္းမႈအားနည္းပါက က်န္ကမာၻ႔ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းမ်ား ဥပမာ - (WFP) (FP) (World Bank) (IMF) ႏွင့္ ေရရွည္ဆက္ဆံေရး အဖုအထစ္ျဖစ္ႏိုင္သည္။

ဤတြင္ က်န္းမာေရးႏွင့္ သံတမန္ေရးဆိုင္ရာ အက်ပ္အတည္းျဖင့္ ရင္ဆိုင္ရေတာ့မည့္ အေျခအေနျဖစ္ေနသည္။ျမန္မာႏိုင္ငံအေနျဖင့္ လတ္တေလာ ကိုဗစ္-၁၉ တိုက္ဖ်က္ေရးတြင္ (WHO) ႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္ေနပုံရေသာ္လည္း အိမ္နီးခ်င္း တ႐ုတ္၏ အကူအညီမွာ သံတမန္ေရး၊ ျပည္တြင္းႏိုင္ငံေရးျပႆနာ ျဖစ္ေနသည္။တ႐ုတ္ႏွင့္နီးစပ္သည့္ ျမန္မာစစ္တပ္၏ အခန္းက႑ကို အသုံးျပဳရမည္။တ႐ုတ္သည္ ကြန္ျမဴနစ္ပါတီ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ တ႐ုတ္စစ္တပ္ရွိေသာ္လည္း ျမန္မာစစ္တပ္သည္ အရပ္သားထိန္းခ်ဳပ္မႈေအာက္မရွိသည့္ ျပႆနာရွိေနသည္။ဤတြင္ ျမန္မာ ကိုဗစ္-၁၉ တိုက္ဖ်က္ေရးသည္ ပထဝီဝင္ႏိုင္ငံေရးအက်ပ္အတည္းကဲ့သို႔ပင္ အက်ပ္ဆိုက္လာမည့္ အေျခအေနရွိေနသည္။ကိုဗစ္-၁၉ တိုက္ဖ်က္ေရးအၿပီး ျပန္လည္ထူေထာင္မႈအတြက္ အေမရိကန္ေဒၚလာ ၂ ထရီလီယံ သုံးစြဲမည္ဟု အေမရိကန္သမၼတက ေၾကျငာခဲ့အၿပီး အေမရိကန္ရွယ္ယာ အၫႊန္းကိန္းမ်ား ျမင့္တက္ကုန္သည္။ကိုဗစ္အၿပီး ျပန္လည္ထူေထာင္ေရး ကမာၻ႔အခင္းအက်င္း၊ ကမာၻ႔အစီအစဥ္ႏွင့္ ျပည္တြင္းေရးလြန္ဆြဲမႈမ်ားအၾကား ျမန္မာအေနျဖင့္ ေရရွည္လက္တြဲေဖာ္ ရွာရေတာ့မည္ျဖစ္သည္။

မင္းႏိုင္စိုး
ဧၿပီ - ၂

ကိုးကား  - On China,COVID-19,and Conspiracy The ories (The DIPLOMAT)
- The Coronavirus Could Reshape Global Order (Foreign Affairs )
- Coronavirus will Change the world Permanently Here’s How
- ျပည္ခ်စ္ဝါဒ - ရဲေဘာ္ၾကင္ေမာင္ေဆာင္းပါးမ်ား