【 ဆောင်းပါး 】 "ကိုဗစ်နဲ့ ရွေးကောက်ပွဲ ဘယ်ဟာမြဲမလဲ''

【 ဆောင်းပါး 】 "ကိုဗစ်နဲ့ ရွေးကောက်ပွဲ ဘယ်ဟာမြဲမလဲ''

အရာအားလုံးထဲမှာ ထာဝရမြဲတယ်ဆိုတဲ့အရာ အခုထက်ထိတော့ မတွေ့ဖူးသေးဘူး။ဘယ်အရာမှမမြဲဘူးဆိုတဲ့ တရားသဘောကို အသာထားဦး၊ သိပ္ပံနည်းကျပဲ စဥ်းစားကြည့်ရင်တောင် ဘယ်တော့မှမပျက်တဲ့ပစ္စည်းကို ယနေ့ထိ ဘယ်သူမှမတီထွင်နိုင်ကြပါဘူး။
သက်မဲ့ဖြစ်စေ သက်ရှိဖြစ်စေ တစ်ချိန်မှာပျက်စီးသွားမှာ ဓမ္မတာပဲပေါ့။

အခုနောက်ပိုင်း တချို့ကုန်ပစ္စည်းတွေမှာ တစ်သက်တာအာမခံသဘောမျိုးတွေ ရေးလာကြတာ တွေ့ရပါတယ်။ကိုယ်တိုင်လည်းဝယ်သုံးဖူးပါတယ်။သာမာန်ပစ္စည်းတွေထက်တော့ အကြမ်းခံတာ ပိုတာရှည်ခံတာကို လက်ခံပါတယ်။ဒါပေမယ့် အချိန်တန်ရင်တော့ပျက်စမြဲပဲပေါ့။

ကျေနပ်လောက်တဲ့ အချိန်အတိုင်းအတာတစ်ခုထိတော့ သုံးလိုက်ရတာမို့ အဲဒီလိုကုန်ပစ္စည်းက တစ်သက်တာအာမခံထားတဲ့အတိုင်း ကြာရှည်မခံလည်း သုံးစွဲသူဘယ်သူကမှ ကုန်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီကို complain တက်တာမျိုးလုပ်တယ်လို့ မကြားမိပါဘူး။ဒါက သက်မဲ့ပစ္စည်းတွေ မမြဲတဲ့သဘောကို ပြောတာဖြစ်ပါတယ်။

အဲဒီလိုပဲ သက်ရှိတွေထဲမှာကော ကြည့်ဦးမလား။မသေတဲ့သတ္တဝါဆိုတာ ဘယ်မှာရှိလို့လဲ။ဆင်းရဲသားလည်း သေရတာပါပဲ။သူဌေးလည်းသေရတာပါပဲ။မိုက်ကယ်ဂျက်ဆင်လိုလူလည်း အသက်သိပ်မကြီးခင် လူလတ်ပိုင်းအရွယ်မှာ သေတယ်။ဒိုင်ယာနာလိုလူလည်း ထိုနည်းလည်းကောင်းပဲပေါ့။ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘယ်လောက်ဂုဏ်ရှိန်သြဇာ ပါဝါအာဏာကြီးကြီး သေမင်းကိုတော့ လာဘ်ထိုးလို့မရပါဘူး။သေမင်းလာခေါ်ပြီဆို အားလုံးထားခဲ့ရတာပါပဲ။အာဏာပါဝါကြီးလှပါပြီ အောင်မြင်မှုတွေကြီးလှပါပြီဟဲ့ဆိုသူတွေလည်း အဲဒါတွေမပျက်သွားအောင် ထိန်းသိမ်းထားလို့ ဆုပ်ကိုင်ထားလို့မရပါဘူး၊ ကိုယ့်ရှေ့မှာတင် တစ်နေ့ရွှေတစ်နေ့ငွေ ပြန်ယုတ်လျော့ပျက်စီးသွားတဲ့ အာဏာရှင်တွေ အောင်မြင်ကျော်ကြားသူတွေ အလှဂုဏ် ပညာဂုဏ်မောက်တဲ့သူတွေ ဒီနိုင်ငံမှာတင် တွေ့ခဲ့ကြုံခဲ့ရတာမနည်းပါဘူး။

ထင်သာ​မြင်သာရှိတဲ့ နောက်တစ်ခုရှိသေးတယ်။ခန္ဓာကိုယ်အလှမပျက်အောင် အမျိုးမျိုးထိန်းသိမ်းနေကြသူတွေ တစ်သက်လုံးထိန်းလို့မရပါဘူး။ရမရဆိုတာ ကာလအပိုင်းအခြားတစ်ခုရောက်လာရင် အဲဒီလိုထိန်းသိမ်းနေပါတယ်ဆိုတဲ့သူတွေ သူတို့ကိုယ်သူတို့ အသိဆုံးပဲဖြစ်ပါလိမ့်မယ်။အိုချိန်တန်ရင် အိုကုန်ကြတာပါပဲ။တစ်နေ့ တစ်နေ့ မှန်ပဲထိုင်ကြည့်နေဦး မနေ့ကရုပ်နဲ့ ဒီနေ့ရုပ် မတူတော့ပါဘူး။ပိုရင့်လာမယ် ပိုအိုလာမယ် သဘာဝတရားရဲ့ ပြယုဂ်ပေါ့။

မမြဲတာတွေ ပျက်ချိန်တန်ပျက်တာတွေ မကျန်းမာတဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေအပါအဝင် ဒုက္ခအမျိုးမျိုးက ဖြစ်ချိန်ပျက်ချိန်တန်လာပြီဆိုရင် ဖြစ်မယ်ပျက်မယ်ဆိုတာကို အကောင်းဆုံးသက်သေပြနေတဲ့ သံဝေဂရစရာ အဖြစ်အပျက်ကြီးက တစ်ကမ္ဘာလုံးအခုဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါကြီးပဲပေါ့။ကိုဗစ်က လူတွေကို အကောင်းဆုံးတရားပြနေတာပါပဲ။ကိုဗစ်က ဆင်းရဲချမ်းသာ ကြီးကြီးငယ်ငယ် မရွေးပါဘူး။အကုန်ကူးတယ် အကုန်သေနိုင်ပါတယ်။ရာခိုင်နှုန်းအနည်းအများပဲ ကွာတာပါ။

လမ်းဘေးစျေးသည်ကအစ အမေရိကန်သမ္မတထိတောင် ကူးပါတယ်။ကိုဗစ်ကြောင့် သူဌေးလည်းသေ ဆင်းရဲသားလည်းသေပြီးပြီ။တရားကျစရာကောင်းတာက ပိုက်ဆံရှိလှပါပြီဆိုတဲ့သူတွေ ခုချိန်ကိုဗစ်ကူးရင် ငါကတတ်နိုင်တယ် ကုန်ချင်သလောက်ကုန်ပါလေ့စေ နိုင်ငံခြားသွားကုမယ်ဆိုလည်း ကုလို့မရပါဘူး။သူများနည်းတူ သိပ်မကွာတဲ့ ကျန်းမာရေးဝန်ဆောင်မှုပဲရမှာပါ။ပိုက်ဆံဘယ်လောက်ရှိရှိ အာဏာဘယ်လောက်ရှိရှိ ကိုဗစ်ကူးလို့ကတော့ ရွေးချယ်စရာအခွင့်ထူးခံခွင့်​တွေ များများစားစားမရှိမှာတော့ အသေအချာပါပဲ။

အခု ပြည်သူအ​ချို့ကစိုးရိမ်နေ​ကြတယ်။ကိုဗစ်က ဘယ်တော့မှအပြီးအပြတ်ပျောက်အောင် မတိုက်ထုတ်နိုင်တဲ့အခြေအနေ ဖြစ်တော့မှာလားတဲ့။တကယ်တော့ ပြည်သူအချို့စိုးရိမ်သလို ကိုဗစ်လည်းအမြဲမရှိပါဘူး။အခြားကပ်ရောဂါတွေအခုချိန်မှာ ပြန်ပျောက်သွားသလိုပေါ့။ကိုဗစ်လည်း ကာကွယ်ဆေးတွေပေါ်ပြီး နောက်ပိုင်းကာလတွေမှာ တဖြည်းဖြည်းနဲ့ ပြန်ပျောက်ကွယ်သွားဦးမှာပါပဲ။အဲဒီအချိန်ကျရင် တခြားကပ်ရောဂါတွေ ထပ်မဖြစ်နိုင်ဘူးလို့လည်း ဘယ်ပညာရှင်မှ အာမခံလို့မရပါဘူး။
ဒါကြောင့်ပြောတာပေါ့ အခုချိန်မှာ ဘာမှအစိုးမရပါဘူး။အစိုးမရတဲ့သဘောက ကိုဗစ်ဖြစ်နေချိန်မှမဟုတ်ပါဘူး ဘယ်အချိန်မဆိုပါ။နောက်တစ်ခုက ကိုဗစ်ကိုစိုးရိမ်ကြတာရဲ့ နောက်ဆက်တွဲ ရွေးကောက်ပွဲကိုပါ သက်ရောက်မှုရှိလာပါတယ်။

ရွေးကောက်ပွဲကို ရွှေ့မှကောင်းမယ်၊ မရွှေ့မှကောင်းတယ်။ရွှေ့ခွင့်ရှိတယ်၊ ရွှေ့ခွင့်မရှိဘူး စသဖြင့် အမြင်အမျိုးမျိုး သုံးသပ်မှုအမျိုးမျိုးလည်း ထွက်ပေါ်လာပါတယ်။ရွေးကောက်ပွဲက အခုမလုပ်လည်း နောက်လုပ်ရမှာပဲဖြစ်တာမို့ ရွေးကောက်ပွဲကို နဂိုကသတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက်နေ့အတိုင်း နောက်မဆုတ်ဘဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့တယ်လို့ ထင်မြင်ယူဆမိပါတယ်။ကိုဗစ်က အစိုးမရတာ​ကြောင့် ဘယ်တော့ပြီးမှန်းမသိနိုင်တာမို့ ကိုဗစ်ပျောက်တဲ့ထိ စောင့်လို့မရတဲ့ ရွေးကောက်ပွဲက လုပ်ဖြစ်အောင်တော့ လုပ်ရမယ့်သဘောရှိပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ကို သမ္မတတောင် ဝင်စွက်ဖက်လို့မရပါဘူး။ကော်မရှင်မှာပဲ လုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်။ကော်မရှင်က လုပ်မယ်ဆုံးဖြတ်ပြီးရင် အားလုံးကလုပ်ရမှာပါပဲ။ဥပဒေကလည်း အတိအလင်းပြဌာန်းထားပါတယ်။

ရွေးကောက်ပွဲမှာ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်နဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပ​ဒေမှာ​ ပြဋ္ဌာန်းထားပါတယ်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေမှာလည်း ထိုနည်းလည်းကောင်းပေါ့။ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပ​ဒေပုဒ်မ ၅၀ (က) (ခ) (ဂ) မှာ ဒီလိုဆိုပါတယ်။ကော်မရှင်သည် -

(က) သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သော မဲဆန္ဒနယ်များတွင် ယင်းဘေးအန္တရာယ်ကင်းရှင်းပြီးသည်အထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်။

(ခ) မဲဆန္ဒနယ်တစ်နယ်၌ ရွေးကောက်ပွဲကျင်းပရေးအတွက် မဲစာရင်းပြုစုရန်သော်လည်းကောင်း၊ ဆန္ဒမဲပေးရန်သော်လည်းကောင်း လုံခြုံမှုအခြေအနေမရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်။

(ဂ) လွှတ်တော်မဲဆန္ဒနယ် တစ်နယ်တွင် ပါဝင်သော အချို့ဒေသများ၌ ရွေးကောက်ပွဲများကျင်းပရန် အခြေအနေရှိပြီး အချို့ဒေသများ၌ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိလျှင် ရွေးကောက်ပွဲကျင်းပရန် အခြေအနေရှိသော ဒေသများ၌ ရွေးကောက်ပွဲကျင်းပရန်သော်လည်း‌ကောင်း၊ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသောဒေသများ၌ ရွေးကောက်ပွဲကျင်းပခြင်းမပြုရန်သော်လည်းကောင်း၊ မဲရုံများကို လုံခြုံမှုရှိသောနေရာများသို့ ပြောင်းရွှေ့ကျင်းပရန်သော်လည်းကောင်း ဆုံးဖြတ်နိုင်သည်။

သို့ရာတွင် မဲစာရင်းအရ မဲဆန္ဒရှင်အားလုံး၏ ၅၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးပြီးဖြစ်လျှင် ထမြောက်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်သည်။လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန်မဖြစ်နိုင်ဟု ကော်မရှင်က ယူဆလျှင် ယင်းမဲဆန္ဒနယ်တစ်နယ်လုံး၏ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်။အစရှိသဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပ​ဒေမှာ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်တွေကို ပြဌာန်းထားတာဖြစ်ပါတယ်။အဲဒီတော့ ပြောလိုတာက မဲဆန္ဒရှင်ပြည်သူတွေက မဲပေးခွင့်ရှိ​ပြီး မဲမပေးပဲနေခွင့်လည်း ရှိသလိုပေါ့။ကော်မရှင်က ရွေးကောက်ပွဲကို ရွှေ့ချင်လည်းရတယ်။မရွှေ့ချင်လည်းရတယ်။သူ့လုပ်ပိုင်ခွင့်ပါ။သူသင့်တော်သလို စီမံပိုင်ခွင့်ရှိပါတယ်။

အထက်​မှာပြောခဲ့သလိုပဲ ကိုဗစ်ကမမြဲဘူးဆိုပေမယ့် ဘယ်အချိန်ပြီးမလဲဆိုတာလည်း ဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။အဲဒီလိုပဲ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကလည်း ဥပဒေအရ အပြောင်းအလဲလုပ်ခွင့်ရှိနေတာမို့ ရွေးကောက်ပွဲရက်က မဖြစ်မနေမြဲရမှာလားလို့မေးရင် မြဲချင်လည်းရတယ် မမြဲချင်လည်းရတယ် ကော်မရှင်သဘောပါလို့ပဲ ပြောလိုက်ပါရစေ။

သာဓက
အောက်တိုဘာ - ၁၀

( Zawgyi )

အရာအားလုံးထဲမွာ ထာဝရၿမဲတယ္ဆိုတဲ့အရာ အခုထက္ထိေတာ့ မေတြ႕ဖူးေသးဘူး။ဘယ္အရာမွမၿမဲဘူးဆိုတဲ့ တရားသေဘာကို အသာထားဦး၊ သိပၸံနည္းက်ပဲ စဥ္းစားၾကည့္ရင္ေတာင္ ဘယ္ေတာ့မွမပ်က္တဲ့ပစၥည္းကို ယေန႔ထိ ဘယ္သူမွမတီထြင္ႏိုင္ၾကပါဘူး။
သက္မဲ့ျဖစ္ေစ သက္ရွိျဖစ္ေစ တစ္ခ်ိန္မွာပ်က္စီးသြားမွာ ဓမၼတာပဲေပါ့။

အခုေနာက္ပိုင္း တခ်ိဳ႕ကုန္ပစၥည္းေတြမွာ တစ္သက္တာအာမခံသေဘာမ်ိဳးေတြ ေရးလာၾကတာ ေတြ႕ရပါတယ္။ကိုယ္တိုင္လည္းဝယ္သုံးဖူးပါတယ္။သာမာန္ပစၥည္းေတြထက္ေတာ့ အၾကမ္းခံတာ ပိုတာရွည္ခံတာကို လက္ခံပါတယ္။ဒါေပမယ့္ အခ်ိန္တန္ရင္ေတာ့ပ်က္စၿမဲပဲေပါ့။

ေက်နပ္ေလာက္တဲ့ အခ်ိန္အတိုင္းအတာတစ္ခုထိေတာ့ သုံးလိုက္ရတာမို႔ အဲဒီလိုကုန္ပစၥည္းက တစ္သက္တာအာမခံထားတဲ့အတိုင္း ၾကာရွည္မခံလည္း သုံးစြဲသူဘယ္သူကမွ ကုန္ပစၥည္းထုတ္လုပ္တဲ့ကုမၸဏီကို complain တက္တာမ်ိဳးလုပ္တယ္လို႔ မၾကားမိပါဘူး။ဒါက သက္မဲ့ပစၥည္းေတြ မၿမဲတဲ့သေဘာကို ေျပာတာျဖစ္ပါတယ္။

အဲဒီလိုပဲ သက္ရွိေတြထဲမွာေကာ ၾကည့္ဦးမလား။မေသတဲ့သတၱဝါဆိုတာ ဘယ္မွာရွိလို႔လဲ။ဆင္းရဲသားလည္း ေသရတာပါပဲ။သူေဌးလည္းေသရတာပါပဲ။မိုက္ကယ္ဂ်က္ဆင္လိုလူလည္း အသက္သိပ္မႀကီးခင္ လူလတ္ပိုင္းအ႐ြယ္မွာ ေသတယ္။ဒိုင္ယာနာလိုလူလည္း ထိုနည္းလည္းေကာင္းပဲေပါ့။ဘယ္ေလာက္ခ်မ္းသာခ်မ္းသာ၊ ဘယ္ေလာက္ဂုဏ္ရွိန္ၾသဇာ ပါဝါအာဏာႀကီးႀကီး ေသမင္းကိုေတာ့ လာဘ္ထိုးလို႔မရပါဘူး။ေသမင္းလာေခၚၿပီဆို အားလုံးထားခဲ့ရတာပါပဲ။အာဏာပါဝါႀကီးလွပါၿပီ ေအာင္ျမင္မႈေတြႀကီးလွပါၿပီဟဲ့ဆိုသူေတြလည္း အဲဒါေတြမပ်က္သြားေအာင္ ထိန္းသိမ္းထားလို႔ ဆုပ္ကိုင္ထားလို႔မရပါဘူး၊ ကိုယ့္ေရွ႕မွာတင္ တစ္ေန႔ေ႐ႊတစ္ေန႔ေငြ ျပန္ယုတ္ေလ်ာ့ပ်က္စီးသြားတဲ့ အာဏာရွင္ေတြ ေအာင္ျမင္ေက်ာ္ၾကားသူေတြ အလွဂုဏ္ ပညာဂုဏ္ေမာက္တဲ့သူေတြ ဒီႏိုင္ငံမွာတင္ ေတြ႕ခဲ့ႀကဳံခဲ့ရတာမနည္းပါဘူး။

ထင္သာ​ျမင္သာရွိတဲ့ ေနာက္တစ္ခုရွိေသးတယ္။ခႏၶာကိုယ္အလွမပ်က္ေအာင္ အမ်ိဳးမ်ိဳးထိန္းသိမ္းေနၾကသူေတြ တစ္သက္လုံးထိန္းလို႔မရပါဘူး။ရမရဆိုတာ ကာလအပိုင္းအျခားတစ္ခုေရာက္လာရင္ အဲဒီလိုထိန္းသိမ္းေနပါတယ္ဆိုတဲ့သူေတြ သူတို႔ကိုယ္သူတို႔ အသိဆုံးပဲျဖစ္ပါလိမ့္မယ္။အိုခ်ိန္တန္ရင္ အိုကုန္ၾကတာပါပဲ။တစ္ေန႔ တစ္ေန႔ မွန္ပဲထိုင္ၾကည့္ေနဦး မေန႔က႐ုပ္နဲ႔ ဒီေန႔႐ုပ္ မတူေတာ့ပါဘူး။ပိုရင့္လာမယ္ ပိုအိုလာမယ္ သဘာဝတရားရဲ႕ ျပယုဂ္ေပါ့။

မၿမဲတာေတြ ပ်က္ခ်ိန္တန္ပ်က္တာေတြ မက်န္းမာတဲ့ ႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာေတြအပါအဝင္ ဒုကၡအမ်ိဳးမ်ိဳးက ျဖစ္ခ်ိန္ပ်က္ခ်ိန္တန္လာၿပီဆိုရင္ ျဖစ္မယ္ပ်က္မယ္ဆိုတာကို အေကာင္းဆုံးသက္ေသျပေနတဲ့ သံေဝဂရစရာ အျဖစ္အပ်က္ႀကီးက တစ္ကမာၻလုံးအခုျဖစ္ေနတဲ့ ကိုဗစ္ကပ္ေရာဂါႀကီးပဲေပါ့။ကိုဗစ္က လူေတြကို အေကာင္းဆုံးတရားျပေနတာပါပဲ။ကိုဗစ္က ဆင္းရဲခ်မ္းသာ ႀကီးႀကီးငယ္ငယ္ မေ႐ြးပါဘူး။အကုန္ကူးတယ္ အကုန္ေသႏိုင္ပါတယ္။ရာခိုင္ႏႈန္းအနည္းအမ်ားပဲ ကြာတာပါ။

လမ္းေဘးေစ်းသည္ကအစ အေမရိကန္သမၼတထိေတာင္ ကူးပါတယ္။ကိုဗစ္ေၾကာင့္ သူေဌးလည္းေသ ဆင္းရဲသားလည္းေသၿပီးၿပီ။တရားက်စရာေကာင္းတာက ပိုက္ဆံရွိလွပါၿပီဆိုတဲ့သူေတြ ခုခ်ိန္ကိုဗစ္ကူးရင္ ငါကတတ္ႏိုင္တယ္ ကုန္ခ်င္သေလာက္ကုန္ပါေလ့ေစ ႏိုင္ငံျခားသြားကုမယ္ဆိုလည္း ကုလို႔မရပါဘူး။သူမ်ားနည္းတူ သိပ္မကြာတဲ့ က်န္းမာေရးဝန္ေဆာင္မႈပဲရမွာပါ။ပိုက္ဆံဘယ္ေလာက္ရွိရွိ အာဏာဘယ္ေလာက္ရွိရွိ ကိုဗစ္ကူးလို႔ကေတာ့ ေ႐ြးခ်ယ္စရာအခြင့္ထူးခံခြင့္​ေတြ မ်ားမ်ားစားစားမရွိမွာေတာ့ အေသအခ်ာပါပဲ။

အခု ျပည္သူအ​ခ်ိဳ႕ကစိုးရိမ္ေန​ၾကတယ္။ကိုဗစ္က ဘယ္ေတာ့မွအၿပီးအျပတ္ေပ်ာက္ေအာင္ မတိုက္ထုတ္ႏိုင္တဲ့အေျခအေန ျဖစ္ေတာ့မွာလားတဲ့။တကယ္ေတာ့ ျပည္သူအခ်ိဳ႕စိုးရိမ္သလို ကိုဗစ္လည္းအၿမဲမရွိပါဘူး။အျခားကပ္ေရာဂါေတြအခုခ်ိန္မွာ ျပန္ေပ်ာက္သြားသလိုေပါ့။ကိုဗစ္လည္း ကာကြယ္ေဆးေတြေပၚၿပီး ေနာက္ပိုင္းကာလေတြမွာ တျဖည္းျဖည္းနဲ႔ ျပန္ေပ်ာက္ကြယ္သြားဦးမွာပါပဲ။အဲဒီအခ်ိန္က်ရင္ တျခားကပ္ေရာဂါေတြ ထပ္မျဖစ္ႏိုင္ဘူးလို႔လည္း ဘယ္ပညာရွင္မွ အာမခံလို႔မရပါဘူး။
ဒါေၾကာင့္ေျပာတာေပါ့ အခုခ်ိန္မွာ ဘာမွအစိုးမရပါဘူး။အစိုးမရတဲ့သေဘာက ကိုဗစ္ျဖစ္ေနခ်ိန္မွမဟုတ္ပါဘူး ဘယ္အခ်ိန္မဆိုပါ။ေနာက္တစ္ခုက ကိုဗစ္ကိုစိုးရိမ္ၾကတာရဲ႕ ေနာက္ဆက္တြဲ ေ႐ြးေကာက္ပြဲကိုပါ သက္ေရာက္မႈရွိလာပါတယ္။

ေ႐ြးေကာက္ပြဲကို ေ႐ႊ႕မွေကာင္းမယ္၊ မေ႐ႊ႕မွေကာင္းတယ္။ေ႐ႊ႕ခြင့္ရွိတယ္၊ ေ႐ႊ႕ခြင့္မရွိဘူး စသျဖင့္ အျမင္အမ်ိဳးမ်ိဳး သုံးသပ္မႈအမ်ိဳးမ်ိဳးလည္း ထြက္ေပၚလာပါတယ္။ေ႐ြးေကာက္ပြဲက အခုမလုပ္လည္း ေနာက္လုပ္ရမွာပဲျဖစ္တာမို႔ ေ႐ြးေကာက္ပြဲကို နဂိုကသတ္မွတ္ထားတဲ့ ႏိုဝင္ဘာ ၈ ရက္ေန႔အတိုင္း ေနာက္မဆုတ္ဘဲက်င္းပဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဆုံးျဖတ္ခဲ့တယ္လို႔ ထင္ျမင္ယူဆမိပါတယ္။ကိုဗစ္က အစိုးမရတာ​ေၾကာင့္ ဘယ္ေတာ့ၿပီးမွန္းမသိႏိုင္တာမို႔ ကိုဗစ္ေပ်ာက္တဲ့ထိ ေစာင့္လို႔မရတဲ့ ေ႐ြးေကာက္ပြဲက လုပ္ျဖစ္ေအာင္ေတာ့ လုပ္ရမယ့္သေဘာရွိပါတယ္။ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ရင္ ေကာ္မရွင္ရဲ႕ဆုံးျဖတ္ခ်က္ကို သမၼတေတာင္ ဝင္စြက္ဖက္လို႔မရပါဘူး။ေကာ္မရွင္မွာပဲ လုပ္ပိုင္ခြင့္အျပည့္ရွိပါတယ္။ေကာ္မရွင္က လုပ္မယ္ဆုံးျဖတ္ၿပီးရင္ အားလုံးကလုပ္ရမွာပါပဲ။ဥပေဒကလည္း အတိအလင္းျပဌာန္းထားပါတယ္။

ေ႐ြးေကာက္ပြဲမွာ ေကာ္မရွင္ရဲ႕လုပ္ပိုင္ခြင့္နဲ႔ပတ္သက္လို႔ ျပည္သူ႔လႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပ​ေဒမွာ​ ျပ႒ာန္းထားပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒမွာလည္း ထိုနည္းလည္းေကာင္းေပါ့။ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပ​ေဒပုဒ္မ ၅၀ (က) (ခ) (ဂ) မွာ ဒီလိုဆိုပါတယ္။ေကာ္မရွင္သည္ -

(က) သဘာဝေဘးအႏၲရာယ္တစ္ခုခုေၾကာင့္ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ေသာ မဲဆႏၵနယ္မ်ားတြင္ ယင္းေဘးအႏၲရာယ္ကင္းရွင္းၿပီးသည္အထိ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းႏိုင္သည္။

(ခ) မဲဆႏၵနယ္တစ္နယ္၌ ေ႐ြးေကာက္ပြဲက်င္းပေရးအတြက္ မဲစာရင္းျပဳစုရန္ေသာ္လည္းေကာင္း၊ ဆႏၵမဲေပးရန္ေသာ္လည္းေကာင္း လုံၿခဳံမႈအေျခအေနမရွိလွ်င္ ယင္းမဲဆႏၵနယ္အတြက္ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းႏိုင္သည္။

(ဂ) လႊတ္ေတာ္မဲဆႏၵနယ္ တစ္နယ္တြင္ ပါဝင္ေသာ အခ်ိဳ႕ေဒသမ်ား၌ ေ႐ြးေကာက္ပြဲမ်ားက်င္းပရန္ အေျခအေနရွိၿပီး အခ်ိဳ႕ေဒသမ်ား၌ ေ႐ြးေကာက္ပြဲက်င္းပရန္ အေျခအေနမရွိလွ်င္ ေ႐ြးေကာက္ပြဲက်င္းပရန္ အေျခအေနရွိေသာ ေဒသမ်ား၌ ေ႐ြးေကာက္ပြဲက်င္းပရန္ေသာ္လည္း‌ေကာင္း၊ ေ႐ြးေကာက္ပြဲက်င္းပရန္ အေျခအေနမရွိေသာေဒသမ်ား၌ ေ႐ြးေကာက္ပြဲက်င္းပျခင္းမျပဳရန္ေသာ္လည္းေကာင္း၊ မဲ႐ုံမ်ားကို လုံၿခဳံမႈရွိေသာေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕က်င္းပရန္ေသာ္လည္းေကာင္း ဆုံးျဖတ္ႏိုင္သည္။

သို႔ရာတြင္ မဲစာရင္းအရ မဲဆႏၵရွင္အားလုံး၏ ၅၁ ရာခိုင္ႏႈန္းက ဆႏၵမဲေပးၿပီးျဖစ္လွ်င္ ထေျမာက္ေသာ ေ႐ြးေကာက္ပြဲအျဖစ္ သတ္မွတ္ႏိုင္သည္။လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲက်င္းပရန္မျဖစ္ႏိုင္ဟု ေကာ္မရွင္က ယူဆလွ်င္ ယင္းမဲဆႏၵနယ္တစ္နယ္လုံး၏ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းႏိုင္သည္။အစရွိသျဖင့္ ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပ​ေဒမွာ ေကာ္မရွင္ရဲ႕လုပ္ပိုင္ခြင့္ေတြကို ျပဌာန္းထားတာျဖစ္ပါတယ္။အဲဒီေတာ့ ေျပာလိုတာက မဲဆႏၵရွင္ျပည္သူေတြက မဲေပးခြင့္ရွိ​ၿပီး မဲမေပးပဲေနခြင့္လည္း ရွိသလိုေပါ့။ေကာ္မရွင္က ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ခ်င္လည္းရတယ္။မေ႐ႊ႕ခ်င္လည္းရတယ္။သူ႔လုပ္ပိုင္ခြင့္ပါ။သူသင့္ေတာ္သလို စီမံပိုင္ခြင့္ရွိပါတယ္။

အထက္​မွာေျပာခဲ့သလိုပဲ ကိုဗစ္ကမၿမဲဘူးဆိုေပမယ့္ ဘယ္အခ်ိန္ၿပီးမလဲဆိုတာလည္း ဘယ္သူမွအတိအက်မေျပာႏိုင္ပါဘူး။အဲဒီလိုပဲ ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္ကလည္း ဥပေဒအရ အေျပာင္းအလဲလုပ္ခြင့္ရွိေနတာမို႔ ေ႐ြးေကာက္ပြဲရက္က မျဖစ္မေနၿမဲရမွာလားလို႔ေမးရင္ ၿမဲခ်င္လည္းရတယ္ မၿမဲခ်င္လည္းရတယ္ ေကာ္မရွင္သေဘာပါလို႔ပဲ ေျပာလိုက္ပါရေစ။

သာဓက
ေအာက္တိုဘာ - ၁၀