【 ဆောင်းပါး 】“ ရုရှား-ယူကရိန်းစစ်ပွဲ - အကောင်း၊ အဆိုးနှင့် အကျည်းတန်မှုများ”

【 ဆောင်းပါး 】“ ရုရှား-ယူကရိန်းစစ်ပွဲ - အကောင်း၊ အဆိုးနှင့် အကျည်းတန်မှုများ”

ဗလာဒီမာတင်၏ ကျူးကျော်စစ်သည် ပိုမိုရက်စက်ကြမ်းကြုတ်လာသည်နှင့်အမျှ ယူကရိန်းခုခံမှု၏ စိတ်အားတက်ကြွဖွယ် မြင်ကွင်းများနောက်ကွယ်တွင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မေးခွန်းများရှိနေသည်။
ယူကရိန်းသည် ထုတ်ဖေါ်ပြသချက်တစ်ခု
ယူကရိန်း၏ အပြာနှင့်အဝါရောင်အလံကို ဘုရားကျောင်းမျှော်စင်များမှသည် ဆိုင်ပြတင်းပေါက်များ၊ အားကစား ပွဲများအထိ နေရာတိုင်းတွင်တွေ့နေရသည်။
ယူကရိန်း သမ္မတသည် ခေတ်သစ်သူရဲကောင်းဖြစ်ပြီး ယူကရိန်းစစ်တပ်သည် မှတ်သားဖွယ်ရာ စွမ်းရည် သတ္တိ ပြသကာ ဒုက္ခသည်များသည် ဂုဏ်သိက္ခာဖြစ်သည်။ ဗြိတိန်မှ ရွာသိမ်ရွာငယ်များကပင် အဝတ်အထည်၊ အစားအသောက်နှင့် ဆေးဝါးများကို ကားအစီးပြည့် ပေးလှူကြသည်။
မည်သည့်အရာကိုမျှ ပြတ်ပြတ်သာသားဆုံးဖြတ်ရန်ခက်ခဲ့သော ခေတ်တွင် သူရဲကောင်းနှင့် ပီသသော လူကြမ်းကို ခွဲခြားနိုင်ခြင်းသည် အံ့သြစရာဖြစ်သည်။
ပူတင်သည် ဟစ်တလာအသစ်ဖြစ်သည်။ စိတ္တဇဆန်ပြီး လူ့အသက်ကိုလေးစားမှုမရှိသူဖြစ်သည်။
တစ်ဘက်တွင်မူ ယူကရိန်းသည် ဗြိတိန်နိုင်ငံ တစ်နိုင်ငံတည်း ရပ်တည်ခဲ့ရသည့် ဒုတိယကမ္ဘာစစ်အတွင်း မိမိတို့၏ မိဘဘိုးဘွားများနှင့် ၎င်းတို့၏ ရဲရင့်ပြတ်သားမှုကို ပြသနေသည်။
သို့သော် လက်တွေ့တွင် မည်သည့်အရာမျှ ထိုလောက်မရိုးရှင်းပေ။ ထို့ကြောင့် စစ်ပွဲ၏ ယခုအဆင့်တွင် အကောင်း၊ အဆိုးနှင့် အကျည်းတန်မှုများကို မည်သို့ ချိန်ညှိမည်နည်း။
အကောင်
====================
ယူကရိန်းစစ်တပ်၏ စွမ်းဆောင်ရည်ဖြစ်သည်။ ယူကရိန်းသည် အပြင်းအထန်တိုက်ခိုက်မည်ဟု သုတေသီအချို့ မျှော်လင့်ကောင်း မျှော်လင့်သော်လည်း ကိယက်ဗ် မြောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သကဲ့သို့ ရုရှားစစ်တပ်ကို လက်တွေ့ချေမှုန်းမည်ဟု မည်သူမျှ မထင်ထားပေ။
သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော တပ်များကို ကျွမ်းကျင်စွာပေါင်းစပ်ခြင်းမှာ ၂၀၁၄ ခုနှစ်မှ စတင်သော ဗြိတိန်၏ လေ့ကျင့်ပေးမှုများကြောင့် တစ်စုံတစ်ရာပါဝင်ပြီး ယခုထိုးစစ်သည် မိမိတို့၏ အနာဂတ် စစ်ရေး အတွေးအခေါ်များတွက် သင်ခန်းစာများစွာကို ပေးနိုင်သည်။
နေတိုးညီညွတ်မှု။
နေတိုးသည် ဦးနှောက်သေနေကြောင်း ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ၂၀၁၉ ခုနှစ်ကပင် ပြောကြားခဲ့ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နေတိုး၏ ညီညွတ်မှုကို အဆက်မပြတ် အင်းအားချိနဲ့စေခဲ့သည်။
သို့သော်မျှော်မှန်းထားသည်များနှင့်ဆန့်ကျင်ဘက်ဖြစ်နေပြီး နေတိုးနှင့်ပိုမိုကျယ်ပြန့်သော အနောက်တိုင်း မဟာမိတ်များသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် မည်သည့်အခါကမျှ ယခုလောက်ညီညွတ်ခြင်းမရှိပေ။
ဂျာမဏီနိုင်ငံ အသစ်တဖန်ပြန်လည်တောင့်တင်းလာခြင်းသည် အကြီးမားဆုံးသက်သေပြချက်ဖြစ်ပြီး ဆွီဒင်နှင့် ဖင်လန်သည် မကြာမီ နေတိုးအဖွဲ့သို့ ဝင်ရောက်မည်ဟု မျှော်လင့်ရသည်။
လက်နက်သစ်မျာ
လက်နက်သစ်များသည် စစ်မြေပြင်ကို ပြောင်းလဲသွားစေသည်။အမေရိကန် Stinger နှင့် ဗြိတိန် Starstreak လေယာဉ်ပစ်ဒုံးကျည်များသည် ရုရှားလေယာဉ်မှူး ယူကရိန်း လေပိုင်နက်အတွင်း ဝင်ရောက်ရရန် စိတ်အားထက်သန်မှု ကင်းမဲ့စေသည်။
Javelin တင့်ကားဖျက်ဒုံးကျည်မျာဖြင့်လည်း အင်ဂလိုဆွီဒင်လုပ်ငန်း NLAW က ဖြည့်ဆည်းပေးသည်။
ထို့အပြင် ယခုအခါ လူသိများလာသော တူရကီလုပ် Bayraktar TB-2 မောင်းသူမဲ့လေယာဉ်များကလည်း ရုရှား သံချပ်ကာယာဉ်များနှင့် ထောက်ပံ့ရေးစစ်ကြောင်းများကို ဖျက်ဆီးလိုက်သည်။
ရုရှား၏ အရည်အချင်းမပြည့်မီမှု
မိမိတို့အံ့သြသွားစေသည့် ကိစ္စမှာ ပူတင်အစိုးရသည် စွမ်းဆောင်ရည်ကင်းမဲ့ကြောင်း တွေ့ရခြင်းဖြစ်သည်။
ပြည်ပထောက်လှမ်းရေးအကြီးအကဲကို လူသိရှင်ကြား ရုပ်သံတွင် သိက္ခာချခြင်းကြောင့် ပူတင်၏ စစ်ရေး နှင့် ထောက်လှမ်းရေးအကြီးအကဲများသည် ကြောက်ရွံ့မှုဖြင့် နေထိုင်နေရကြောင်း၊ သူကြားချင်သည်ကိုသာ ပြောနေရကြောင်း စောစီးစွာ ပြသနေသည်။
ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ
အရေးယူပိတ်ဆို့မှုများအားလုံးသည် ပူတင်မျှော်မှန်းထားသည်ထက် ပိုမိုပြင်းထန်ကျယ်ပြန့်သည်။ ထို့အပြင် ရုရှား၏ နိုင်ငံခြားအရန်ငွေများကို ထိန်းသိမ်းထားလိုက်ခြင်း ( ပူတင်ကထိုငွေများကို ထိုမျှအထိ စုဆောင်းထား ခြင်းသည် ထိုကံကြမ္မာကိုဖြစ်စေသည်) သည် သူ့အတွက် ရွေးချယ်စရာနည်းသွားစေသည်။
ဘောလ်တစ်နိုင်ငံများ
ပူတင်က ယူကရိန်းကို ကျူးကျော်လိုက်သောကြောင့် လတ်ဗီးယား၊ လစ်သူအေးနီးယားနှင့် အက်စတိုးနီးယားတို့ ပိုမိုလုံခြုံသွားသည်။
ရုရှားသည် စစ်ရေးအရနှင့် စီးပွာရေးအရ လာမည့်ဆယ်စုနှစ်တစ်ခုမက အင်အားချိနဲ့သွားမည်ဖြစ်သည်။ ထို့အပြင်နေတိုးက ထို ၃ နိုင်ငံလုံးတွင် စစ်အင်အားထားရှိမှုကို ကျားကန်လိုက်သည်။
အဆိုး
=====================
ရုရှား၏ခံနိုင်ရည်
ရုရှားသည် ၎င်း၏စစ်တပ်နှင့် ပြည်သူများကို ကြောက်စရာကောင်းသည့် အခက်အခဲများအကြားတွင် ကာလကြာမြင့်စွာကျရောက်အောင် လုပ်သည့် အစဉ်အလာရှိသည်။
ပူတင်သည် ယူကရိန်းအရှေ့ပိုင်းကို သိမ်းယူရန်မျှော်လင့်ထားဆဲဖြစ်ပြီးး တောင်ပိုင်းကိုလည်း သိမ်းရန် မျှော်လင့်ကောင်း မျှော်လင့်မည်ဖြစ်သည်။
အနောက်နိုင်ငံများ၏ မပြတ်သားမှု။ ယခုအရှုပ်အထွေးသို့ ယူကရိန်း ကျရောက်သွားအောင်လုပ်သည်မှာ အနောက်နိုင်ငံများ၏ မပြတ်သားမှုနှင့် မကျွမ်းကျင်မှုဖြစ်သည်။
ယူကရိန်းသည် နေတိုးသို့ဝင်ရောက်မည်ဖြစ်ကြောင်း ၂၀၀၈ ခုနှစ်က ဘူချာရက်တွင်ကြေညာခြင်းနှင့် ထိုနောက်တွင် အဖွဲ့ဝင်ဖြစ်ခွင့်မပေးခြင်းတို့ကြောင့် ယူကရိန်းပြည်သူများသည် ကမ္ဘာအဆက်ဆက် အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရပြီး ပူတင်အန္တရာယ်ကို ပိုမိုရင်ဆိုင်ရကာ နေတိုးကထောက်ခံရန် အပိုဒ် ၅ အထောက်အကူ မရတော့ပေ။
အာမခံချက်များကို လေးစားလိုက်နာခြင်းမရှိ
ယူကရိန်း အချုပ်အခြာအာဏာကို ကာကွယ်ရန် အပြစ်အနာအဆာမကင်းသည့် ၁၉၉၄ ခုနှစ် ဘူချာရက် သဘောတူညီချက် ၎င်းတို့၏ အာမခံချက်များကို အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့က သစ္စာဖေါက်ကြသည်။
ထို့အပြင် စစ်ပွဲအစတွင် ဘိုင်ဒင်က စစ်ရေးအရဝင်ရောက်စွက်ဖက်ရန် ငြင်းဆန်သောအခါမှသာ နေတိုး အဖွဲ့အတွင်း ညီညွတ်မှုရခြင်းဖြစ်သည်။
ထိုဆုံးဖြတ်ချက်သည် ပိုမိုကျယ်ပြန့်သောစစ်ကိုတားဆီးရန် ကောင်းသော ဆုံးဖြတ်ချက်ဖြစ်နိုင်သော်လည်း ယူကရိန်းကို ပူတင်စိတ်တိုင်းကျလုပ်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ကမ္ဘာထောက်ခံမှု ဟာကွက်များ
ပူတင်ကျူးကျော်မှုကို ကုလသမဂ္ဂတွင် ဆန့်ကျင်မဲပေးရာတွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံကို ချီးကျူးရမည် ဖြစ်သော်လည်း အရေးပါသော နိုင်ငံအများအပြားက အနောက်နိုင်ငံများ၏နည်းလမ်းကို ထောက်ခံရန် စိတ်အားထက်သန်မှု မရှိခြင်းဖြစ်သည်။
တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ပါကစ္စတန်ပေါင်းလိုက်ပါက ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ရှိသည်။
ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများနိုင်ငံတို့သည် ကမ္ဘာ့စွမ်းအင်ကဏ္ဍအတွက် အရေးပါသော နိုင်ငံများဖြစ်သော်လည်း အနောက်နိုင်ငံများက အီရန်ကိုဆက်လက် ဆွဲဆောင်နေသောကြောင့် မကြာသေးမီ နှစ်များအတွင် အပစ်ပယ်ခံထားရသည်။
စွမ်းအင်မှီခိုမှု
၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို နယ်ချဲ့သည့် ထင်ရှားလှသည့် သတိပေးချက်ရှိသော်လည်း ရုရှားရေနံနှင့် ဓါတ်ငွေ့အပေါ်မှီခိုခြင်းကို ဥရောပက ခွင့်ပြုထားသည့် နည်လမ်းသည် ပူးပေါင်းကြံစည်သည့် သဘောသက်ရောက်နေသည်။
ရုရှားမှ ဓါတ်ငွေ့များ ဆက်လက်စီးဆင်းနေသောကြောင့် ပူတင်သည် စစ်ကို ဆက်လက်တိုက်နိုင်သည်။
စီးပွားရေးကျပ်တည်းမှု။
ကိုဗစ်ကပ်ရောဂါအပြီးတွင် ယခုစစ်ပွဲဖြစ်လာသောကြောင့် ဆယ်စုနှစ်နှင့်ချီကြာသည့် စီးပွားရေးအကျပ်အတည်းကို ဖြစ်စေနိုင်သည်။
ကုန်စည်ဈေးနှုန်များ အကြီးအကျယ်တက်သွားခြင်း၊ အထူးသဖြင့် စွမ်းအင်နှင့် ဂျုံဈေးနှုန်းတက်ခြင်းသည် ကမ္ဘာဝှမ်းတွင် နိုင်ငံရေး မတည်ငြိမ်မှုကိုဖြစ်စေပြီး လူပိန်းကြိုက်ပြီး မူဝါဒညံ့ဖျင်းသောခေါင်းဆောင်များနှင့် ပိုမိုများပြားသော စစ်ပွဲများကိုဖြစ်စေနိုင်သည်။
အကျည်းတန်မှု
====================
ပူတင်ပြဿနာ။ ဘိုင်ဒင် ဝါဆောတွင်ပြောကြားခဲ့သည့် ပူတင်ကိုဆက်လက်အာဏာမရနိုင်တော့ ဆိုသည့် စကားသည် ပရိယာယ်မဲ့ရာရောက်သော်လည်း မှန်သည်။
ပူတင်ဆက်လက်အာဏာရနေချိန်တွင် ချုပ်ဆိုသည့် မည်သည့် ငြိမ်းချမ်းရေး သဘောတူစာချုပ်မဆိုသည် ပူတင်အင်းအားပြည့်ရန် မဖြည့်တင်းမီ ခဏအနားယူခြင်းသာဖြစ်သည်။
၂၀၁၄ ခုနှစ်ကတစ်ကြိမ်၊ ၂၀၂၂ ခုနှစ်ကနောက်တစ်ကြိမ် ပျက်ကွက်သော အာမခံချက်ဖြစ်သည့် ယူကရိန်း လွတ်လပ်ရေးကို မည်သည့် အင်အားကြီးနိုင်ငံက အာမခံနိုင်သနည်း။
စစ်ရာဇဝတ်မှုများ
အတင်းအကျပ်စုဆောင်းထားသော စစ်သားများဖြင့် ဖွဲ့စည်းထားပြီး ထိပ်လန့်တုန်လှုပ်ကာ ၎င်းတို့တိုက်နေသော စစ်ကို၎င်းတို့ နားမလည်သည့် စစ်တပ်လောက် အန္တရာယ်ကြီးမားသောအရာ မရှိပေ။
ရုရှားအရာရှိများကို ၎င်းတို့စစ်သားများက မကြခဏ ပစ်သတ်နေပြီး စည်းကမ်းကျိုးပျက်နေပုံရသည်။
ချေချင်းများအပြင် ဆီးရီးယားများနှင့် Wagner Group ကြေးစားစစ်သားအုပ်စုသည်လည်း အထောက်အကူ မပြုနိုင်ပေ။ ၎င်းတို့တွေ့မြင်ခဲ့ရသည့် ဆိုးရွားလှသော မြင်ကွင်းများအတွက် ယူကရိန်း၏ တုံ့ပြန်မှုကို ထိန်းချုပ်ရန် ခက်ခဲလှသည်။
အစုလိုက်အပြုံလိုက်သေစေသော လက်နက်များ
ထိုစွမ်းရည်ရှိနေသမျှကာလပတ်လုံး ပူတင်သည် ထိုလက်နက်များကို အသုံးပြုရန် ရွေးချယ်နိုင်သည်။သူသည် ယူကရိန်းမြို့ကြီးများကို ကလိုရင်းဓါတ်ငွေ့ဖြင့် တိုက်နိုင်သည်။ယူကရိန်းတွင် စစ်မြေပြင် နျူကလီးယား လက်နက်သုံးခြင်းသည်ပင် ကမ္ဘာတစ်ဝှမ်း အကြီးအကျယ်ရိုက်ခတ်ပြီး ကမ္ဘာကြီးမျိုးတုန်းပျောက်ကွယ်မည့် စစ်အေးခေတ် အိပ်မက်ဆိုးကို ပြန်လည်မွေးဖွားပေးမည်ဖြစ်သည်။
 
Ref: scotsman:Ukraine Russia war: The good, the bad and the ugly of the conflict so far – Professor Tim Willasey-Wilsey
 
Linko