【 ဆောင်းပါး 】“ မျက်မှောက်ခေတ် သတင်းမီဒီယာ သတင်းစာဆရာတို့၏ အခန်းကဏ္ဍ”

【 ဆောင်းပါး  】“ မျက်မှောက်ခေတ် သတင်းမီဒီယာ သတင်းစာဆရာတို့၏ အခန်းကဏ္ဍ”

လွန်ခဲ့သည့် နှစ်တစ်ခုလောက်က သတင်းဂျာနယ်လောကထဲဖြတ်သန်းခဲ့ရသည့် အချိန်ကာလများကို ပြန်အမှတ်ရနေမိတတ်သည်။ ထိုစဉ်က သတင်းဂျာနယ်လောကထဲတွင် လူပေါင်း စုံနှင့်လည်း ဆုံစည်းခဲ့ဖူးသည်။ အယ်ဒီတာသတင်းထောက်၊ ဒီဇိုင်နာ၊ စာစီစာပြင်စသည် ဖြင့်။ သတင်းဂျာနယ်လောက တွင် သတင်းဂျာနယ် ယန္တရားကြီး ပုံမှန်လည်ပတ်ရေးတွင် လောင်းလောက်များသည် အဓိကကျသော အစိတ်အပိုင်းနေရာမှ ပါဝင်နေ သည်ဟုဆိုနိုင်သည်။

ကျွန်တော်ဆုံဆည်းခဲ့ရသော သတင်းထောက်အများစုမှာ လူငယ်များဖြစ်သည်။ သွက်လက် သည်။ ဖျတ် လတ်သည်။ ထိုသို့သောလူငယ်များထဲတွင် ပါးရည်နပ်ရည်ရှိပြီး ထက်မြက်သူများလည်း ရှိသည်။ သို့တစေ ကျွန် တော်တို့နိုင်ငံ၏ သတင်းစာဂျာ နယ်လောကတွင် သတင်းဦးသတင်းထူးများ ကို နှိုက်နှိုက်ချွတ်ချွတ်ရှာ ဖွေဖော် ထုတ်နိုင်သော ထူးချွန်ထက်မြက်သည့် သတင်းထောက်ဘယ်နှစ် ယောက်လောက်ထွက်ပေါ်ခဲ့ပြီလဲဟုဆိုလျှင်မူ ချက်ချင်းဆိုနိုင်ရန် ခက်ခဲမည်ဟုထင်သည်။

နိုင်ငံတစ်နိုင်ငံတွင် ပြည်သူတို့၏နားမျက်စိကိုဖွင့်ပေးနိုင်သော သတင်းဆရာများ၊ ပြည်သူတို့ သိသင့်သိ ထိုက်သောသတင်းမှန်များကို ဖော်ထုတ်ပေးနိုင်သောသတင်းသမားများအမှန်ပင်လိုအပ် လှ ပါသည်။ ၁၉၇၂ခုနှစ် တွင် အမေရိကန်ပြည်ထောင်စု၌ နာမည်ကျော် ဝါးတားဂိတ်အရှုပ်တော်ပုံ ကြီးကို မြေရာကောက်ဖော်ထုတ်ခဲ့သော သတင်းသမားနှစ်ဦးကဲ့သို့သော သတင်းသမားများကို အမှန် ကပင်မြင်တွေ့လိုခဲ့သည်။ ဌာနဆိုင်ရာသတင်းပွဲ ၊ သတင်းလောက်သတင်းယူရုံဖြင့် သတင်း လမများအဖြစ်ကျေနပ်ရုံ ဖြင့်မပြီးသေးဟုယူဆမိသည်။

ကျွန်တော်တို့ရသစာပေမဂ္ဂဇင်းလောကတွင် ကျင်လည်နေချိန်က မိတ်ဆွေတစ်ဦး၏ ကောင်းမှုဖြင့် အမေရိကန်ပြန်ကြားရေးဌာနတွင် ဝါးတားဂိတ်အရှုပ်တော်ပုံအကြောင်းကို ဇာတ်လမ်း ဆင်ရိုက်ကူး ထားသည့် ရုပ်ရှင်ကားကို ကြည့်ရှုခွင့်ရခဲ့သည်။ ရုပ်ရှင်ဇတ်ကားထဲတွင် အဓိကဇာတ်ကောင်များမှာ သတင်းသမားများဖြစ် သည်။ ဝါရှင်တန်ပို့စ်သတင်းစာကြီးမှသတင်းသမားနှစ်ဦး ဖြစ်သည့် ဘေဝုဒ်ဝပ်နှင့် ကလ်ဘန်စတိန်းတို့က သမ္မတနစ်ဆင်လက်ထက်က အမေရိကန်ပြည်ထောင်စု သမိုင်းတွင် အလွန်အရုပ်ဆိုးအကျည်းတန်ခဲ့ရသည့် နိုင်ငံရေးအပုပ်နံ့သတင်းကို ရှာဖွေဖော် ထုတ်ပုံ ဇာတ်လမ်းဖြစ်သည်။

စင်စစ် ဘော့ပုဒ်ဝပ်နှင့် ကာလ်ဘန်စတိန်းတို့က သာမန်သတင်းထောက်များမဟုတ်၊ သတင်း စုံထောက် ( Investigative Reporter )များဖြစ်သည်။ သတင်းစုံထောက်ဆိုသည်မှာ ဝန်ကြီးဌာနများ ပွဲများတွင် သတင်းလိုက် ယူသတင်း ရေးသော သတင်းသမား များနှင့်မတူ။ သတင်းတစ်ပုဒ်အနံ့ရခဲ့ လျှင်ရရှိသော သတင်းအစအနက လူအများစိတ်ဝင်စားမည့် သတင်းကြီး ( big story ) ဖြစ်လာနိုင်ခြေ ရှိမည်ဆိုပါက ထိုသတင်းဇစ်မြစ် ကို စုံထောက်တစ်ဦးကဲ့သို့ လိုက်လံစုံစမ်းဖော်ထုတ် က သတင်းစာမျက်နှာပေါ်တွင် အကျယ်တဝင့်ရေး သား နိုင်လောက်သော သတင်းသမားမျိုးဖြစ် သည်။

နာမည်ကျော် Life မဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးဖြစ်သည့် ဟင်နရီရော်ဘင်ဆန်လုစ်က “သတင်းစာအ လုပ် ဆိုတာ လူတွေနဲ့ လူတွေရဲ့ ဘဝကို စိတ်ဝင်စားတဲ့အလုပ်ပါပဲ” ဟူ၍ ဆိုခဲ့သည်။ လုစ်သည် ခုနှစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့်စိတ်ဝင်စားဖွယ်ရာသတင်းများကို ကဏ္ဍခွဲကာ Life ဟူ သော အပတ်စဉ် မဂ္ဂဇင်းတစ်စောင်ကို ဆန်းသစ် စွာ တင်ဆက်ခဲ့ရာ အလွန်လူကြိုက်များသော အပတ်စဉ် မဂ္ဂဇင်းတစ်စောင်အဖြစ်ထင်ရှားခဲ့သည်။ လုစ်သည် Lifeကိုသာမက Time နှင့် Fortune တို့ကို ဖန်တီးခဲ့သည့်လူးချွန် ထက်မြက် သောသတင်း စာဆရာတစ်ဦးဖြစ်သည်။

သတင်းတစ်ပုဒ်၏အမည်ရေရောက်မှု အတိုင်းအတာပမာဏမှာ အလွန်ကြီးမားလှပါသည်။ သတင်း တစ်ပုဒ် ၏ သြဇာအရှိန်အဝါကြီးမားမှုသည် ဒီမိုကရေစီထွန်းကားသော အမေရိကန်ပြည်ထောင်စု လိုနိုင်ငံမျိုး တွင် သမ္မတတစ်ဦးကိုပင် ရာထူးမှ နှုတ်ထွ က်စေလောက်အောင် အထိရိုက်ခတ်မှု ကြီးမားခဲ့ပါသည်။ ဆိုရလျှင် လူအ များ က သတင်းဆိုလျှင်စိတ်ဝင်စားကြသည်။ လူတို့၏ပင်ကိုယ် သဘာဝကပင်စပ်စုလိုစိတ်ရှိသူများဖြစ်သည်။

 မိမိတို့ပတ်ဝန်းကျင်အကြောင်း၊ ပတ်ဝန်းကျင်မှ လူများ အကြောင်းကို စိတ်ဝင်စားတတ်ကြသည်။ ခွေးနှစ်ကောင် ကိုက်လျှင်ပင်ဝိုင်းကြည့်တတ်သော လူတို့၏စရိုက်သဘာဝအရ သတင်းငတ်မွတ်နေသော လူတို့ကို သတင်းစာ ဂျာနယ် တို့က ဖြည့်ဆည်း နေကြခြင်းဖြစ်သည်။

စင်စစ်သတင်းဆိုသည်မှာ လူအများ စိတ်ဝင်စားသောက်သည့် သတင်းမျိုးဖြစ်ဖို့လည်း လိုအပ် လှပါ သည်။ သတင်းဦး သတင်းထူးဖြစ်ဖို့လည်းလိုပါသည်။ သို့တစေ သတင်းဦးသတင်းထူးက မှန်ကန်ဖို့ လည်း လိုသည်။ နိုင်ငံ တစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းဂျာနယ်တို့ အနေနှင့် စာဖတ် ပရိသတ် အမှန်တကယ်အားထားရသော သတင်းစာဂျာနယ်များဖြစ်လာရေးမှာ များစွာ အရေး ပါလှပါသည်။

ယနေ့ခေတ်မှာသတင်းခေတ်ဖြစ်သည်နှင့်အညီ သတင်းခေတ်လူသားများကလည်း နေ့စဉ်ဖြစ်ပျက် နေ သော သတင်းဖြစ်ရပ်များကို စိတ်ဝင်တစားသိလိုစိတ်ပြင်းပြလျက်ရှိသည်။ သတင်းစာများတွင် ဖော်ပြသောနိုင်ငံ ရေး၊ စီးပွားရေးမှ အစပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဖြစ် ရပ်မှန်သမျှ ထိုစာဖတ်ပရိသတ်တို့က စိတ်ဝင်တ စား ဖတ်ရှုကြသည်။ သတင်းစာဖတ်ပရိတ်သတ်များ ထဲတွင် နိုင်ငံရေးသမားများ၊ ရဟန်းသံဃာများမှ အစ သာမန်အရပ်သူအရပ်သားများအထိပါဝင် ပါ သည်။

မျက်မှောက်ခေတ်တွင် သတင်းစာဂျာနယ်များသာမက အွန်လိုင်းသတင်းမီဒီယာများမှာ လည်း စာဖတ်ပရိတ်သတ်တို့၏ သတင်းအာသီသကို အကောင်း ဆုံးဖြည့် ဆည်းပေးနေကြပြီဖြစ် သည်။ ကမ္ဘာပေါ်ရှိ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များအားလုံးနီးပါး လောက်က ကမ္ဘာတွင် ဖြစ်ပျက် နေသော သတင်းဖြစ်ရပ်များကို ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာတို့ ထုတ်လုပ်ဖြန့်ဖြူးနေသော သတင်းများကို တန်ဖိုးထားဖတ်ရှုနေကြခြင်းဖြစ်သည်။

သတင်းဟူသည် အတင်းအဖျင်းသွားပုပ်လေလွင့်သတင်းများထက် အချက် အလက်ခိုင်မာတိကျ၍ မှန်ကန်သောသတင်းများဖြစ်ရန် သတင်းမီဒီယာအသီးသီးကြိုးပမ်း အားထုတ် ကြမှ သာ သတင်း တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင် ကြသူများဖြစ်လာမည်ဖြစ်သည်။ ပုံနှိပ်သတင်း မီဒီယာဖြစ်စေ၊ အွန်လိုင်းသတင်းမီဒီယာဖြစ်စေ ဘက် လိုက်ခြင်းကင်းသော သတင်းမီဒီယာ ကောင်းအင်္ဂါရပ်နှင့် အညီရပ်တည်သင့်လှသည်။ အလားတူပင် သတင်းမီဒီယာကောင်းအင်္ဂါရပ်ကို ပေါ်လွင်စေရေး တွင် အရည်အချင်းပြည့်ဝ၍ ထူးချွန်ထက်မြက် သောသတင်းသမားများပေါ်ထွက်လာရေးကလည်းအရေးပါ လှပါသည်။

ဖုန်းလေးဆက်၊ ပွဲတက်၊ ဌာနဆိုင်ရာ သတင်းလောက်လိုက်ရုံဖြင့် သတင်းသမားတစ်ဦး၏ တာဝန်ကျေ ပြီ ဟူသော အသိမျိုးဖြင့် အလုပ်မဖြစ်တော့။ သတင်းသမားဟူသည်မှာ သတင်းကို ရူးသွပ်နေတတ်သူ၊ သတင်းအနံ့ခံ နေတတ် သူ၊ အနံ့ခံမိသောသတင်းတစ်ခုက အများပြည်သူ သိသင့် သိထိုက်သော သတင်းကြီးတစ်ပုဒ်အဖြစ် အာရုံ ခံစားမိသည်ဆိုပါက ရရှိသော သတင်း အစ အန မှ သတင်းဇာစ်မြစ်အထိ လိုက်လံစုံစမ်းဖော်ထုတ် နိုင်စွမ်းရှိသည့် သတင်းစုံထောက်များဖြစ်လာရန် လိုအပ်လှပါသည်။

သတင်းစာဆရာတို့၏ အခန်းကဏ္ဍမှာ ထိုမျှလောက်နှင့် မပြီး။ သတင်းများကို တည်းဖြတ်ရသော အယ်ဒီ တာတို့၏အခန်းကဏ္ဍကလည်းမသေးလှ။ ရီးဒါးဒိုင်ဂျက်ကို ပုံဖော်ဖန်တီးခဲ့သူ ဒီဝစ်ဝါးလေ့က “ကမ္ဘာပေါ်မှာ ဖြစ် ပျက် နေသမျှအကြော င်းကိစ္စမှန်သမျှ အယ်ဒီတာတို့နှင့် သက်ဆိုင်နေသည်” ဟူ၍ ဆိုခဲ့ဖူးသည်။ မစ္စတာဝါးလေ့ အဆိုအရ နေ့စဉ်နေ့တိုင်းအယ်ဒီတာစားပွဲ ပေါ်ရောက်ရှိလာသော သတင်းဖြစ်ရပ်စုံများကို ထိတွေ့ဆက်ဆံ နေရသော အယ်ဒီတာတို့အနေနှင့် အများပြည်သူတို့ တို့ သိသင့်သိထိုက်သော သတင်းများကို ပြည်သူတို့ရှေ့ မှောက်ရောက်သည်အထိ ပြင်ဆင်တည်းဖြတ် သည့်တာဝန်ကို ယူကြရပါသည်။

ယင်းသည်ပင်မျက်မှောက်ခေတ်သတင်း မီဒီယာနှင့် သတင်းစာဆရာတို့၏အရေးပါလှသည့် အခန်းကဏ္ဍ နှင့်  ပတ်သက်၍ ရှုမြင်မိသလောက် ပုံဖော်ရေးသားမိခြင်းဖြစ်ပါသည်။

                                                          မြင့်နောင်မိုး

(  Zawgyi  )

 လြန္ခဲ့သည့္ ႏွစ္တစ္ခုေလာက္က သတင္းဂ်ာနယ္ေလာကထဲျဖတ္သန္းခဲ့ရသည့္ အခ်ိန္ကာလမ်ားကို ျပန္အမွတ္ရေနမိတတ္သည္။ ထိုစဥ္က သတင္းဂ်ာနယ္ေလာကထဲတြင္ လူေပါင္း စုံႏွင့္လည္း ဆုံစည္းခဲ့ဖူးသည္။ အယ္ဒီတာသတင္းေထာက္၊ ဒီဇိုင္နာ၊ စာစီစာျပင္စသည္ ျဖင့္။ သတင္းဂ်ာနယ္ေလာက တြင္ သတင္းဂ်ာနယ္ ယႏၲရားႀကီး ပုံမွန္လည္ပတ္ေရးတြင္ ေလာင္းေလာက္မ်ားသည္ အဓိကက်ေသာ အစိတ္အပိုင္းေနရာမွ ပါဝင္ေန သည္ဟုဆိုႏိုင္သည္။

ကြၽန္ေတာ္ဆုံဆည္းခဲ့ရေသာ သတင္းေထာက္အမ်ားစုမွာ လူငယ္မ်ားျဖစ္သည္။ သြက္လက္ သည္။ ဖ်တ္ လတ္သည္။ ထိုသို႔ေသာလူငယ္မ်ားထဲတြင္ ပါးရည္နပ္ရည္ရွိၿပီး ထက္ျမက္သူမ်ားလည္း ရွိသည္။ သို႔တေစ ကြၽန္ ေတာ္တို႔ႏိုင္ငံ၏ သတင္းစာဂ်ာ နယ္ေလာကတြင္ သတင္းဦးသတင္းထူးမ်ား ကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ရွာ ေဖြေဖာ္ ထုတ္ႏိုင္ေသာ ထူးခြၽန္ထက္ျမက္သည့္ သတင္းေထာက္ဘယ္ႏွစ္ ေယာက္ေလာက္ထြက္ေပၚခဲ့ၿပီလဲဟုဆိုလွ်င္မူ ခ်က္ခ်င္းဆိုႏိုင္ရန္ ခက္ခဲမည္ဟုထင္သည္။

ႏိုင္ငံတစ္ႏိုင္ငံတြင္ ျပည္သူတို႔၏နားမ်က္စိကိုဖြင့္ေပးႏိုင္ေသာ သတင္းဆရာမ်ား၊ ျပည္သူတို႔ သိသင့္သိ ထိုက္ေသာသတင္းမွန္မ်ားကို ေဖာ္ထုတ္ေပးႏိုင္ေသာသတင္းသမားမ်ားအမွန္ပင္လိုအပ္ လွ ပါသည္။ ၁၉၇၂ခုႏွစ္ တြင္ အေမရိကန္ျပည္ေထာင္စု၌ နာမည္ေက်ာ္ ဝါးတားဂိတ္အရႈပ္ေတာ္ပုံ ႀကီးကို ေျမရာေကာက္ေဖာ္ထုတ္ခဲ့ေသာ သတင္းသမားႏွစ္ဦးကဲ့သို႔ေသာ သတင္းသမားမ်ားကို အမွန္ ကပင္ျမင္ေတြ႕လိုခဲ့သည္။ ဌာနဆိုင္ရာသတင္းပြဲ ၊ သတင္းေလာက္သတင္းယူ႐ုံျဖင့္ သတင္း လမမ်ားအျဖစ္ေက်နပ္႐ုံ ျဖင့္မၿပီးေသးဟုယူဆမိသည္။

ကြၽန္ေတာ္တို႔ရသစာေပမဂၢဇင္းေလာကတြင္ က်င္လည္ေနခ်ိန္က မိတ္ေဆြတစ္ဦး၏ ေကာင္းမႈျဖင့္ အေမရိကန္ျပန္ၾကားေရးဌာနတြင္ ဝါးတားဂိတ္အရႈပ္ေတာ္ပုံအေၾကာင္းကို ဇာတ္လမ္း ဆင္႐ိုက္ကူး ထားသည့္ ႐ုပ္ရွင္ကားကို ၾကည့္ရႈခြင့္ရခဲ့သည္။ ႐ုပ္ရွင္ဇတ္ကားထဲတြင္ အဓိကဇာတ္ေကာင္မ်ားမွာ သတင္းသမားမ်ားျဖစ္ သည္။ ဝါရွင္တန္ပို႔စ္သတင္းစာႀကီးမွသတင္းသမားႏွစ္ဦး ျဖစ္သည့္ ေဘဝုဒ္ဝပ္ႏွင့္ ကလ္ဘန္စတိန္းတို႔က သမၼတနစ္ဆင္လက္ထက္က အေမရိကန္ျပည္ေထာင္စု သမိုင္းတြင္ အလြန္အ႐ုပ္ဆိုးအက်ည္းတန္ခဲ့ရသည့္ ႏိုင္ငံေရးအပုပ္နံ႔သတင္းကို ရွာေဖြေဖာ္ ထုတ္ပုံ ဇာတ္လမ္းျဖစ္သည္။

စင္စစ္ ေဘာ့ပုဒ္ဝပ္ႏွင့္ ကာလ္ဘန္စတိန္းတို႔က သာမန္သတင္းေထာက္မ်ားမဟုတ္၊ သတင္း စုံေထာက္ ( Investigative Reporter )မ်ားျဖစ္သည္။ သတင္းစုံေထာက္ဆိုသည္မွာ ဝန္ႀကီးဌာနမ်ား ပြဲမ်ားတြင္ သတင္းလိုက္ ယူသတင္း ေရးေသာ သတင္းသမား မ်ားႏွင့္မတူ။ သတင္းတစ္ပုဒ္အနံ႔ရခဲ့ လွ်င္ရရွိေသာ သတင္းအစအနက လူအမ်ားစိတ္ဝင္စားမည့္ သတင္းႀကီး ( big story ) ျဖစ္လာႏိုင္ေျခ ရွိမည္ဆိုပါက ထိုသတင္းဇစ္ျမစ္ ကို စုံေထာက္တစ္ဦးကဲ့သို႔ လိုက္လံစုံစမ္းေဖာ္ထုတ္ က သတင္းစာမ်က္ႏွာေပၚတြင္ အက်ယ္တဝင့္ေရး သား ႏိုင္ေလာက္ေသာ သတင္းသမားမ်ိဳးျဖစ္ သည္။

နာမည္ေက်ာ္ Life မဂၢဇင္း၏ အယ္ဒီတာတစ္ဦးျဖစ္သည့္ ဟင္နရီေရာ္ဘင္ဆန္လုစ္က “သတင္းစာအ လုပ္ ဆိုတာ လူေတြနဲ႔ လူေတြရဲ႕ ဘဝကို စိတ္ဝင္စားတဲ့အလုပ္ပါပဲ” ဟူ၍ ဆိုခဲ့သည္။ လုစ္သည္ ခုႏွစ္ရက္အတြင္း ျဖစ္ပြားခဲ့သည့္စိတ္ဝင္စားဖြယ္ရာသတင္းမ်ားကို က႑ခြဲကာ Life ဟူ ေသာ အပတ္စဥ္ မဂၢဇင္းတစ္ေစာင္ကို ဆန္းသစ္ စြာ တင္ဆက္ခဲ့ရာ အလြန္လူႀကိဳက္မ်ားေသာ အပတ္စဥ္ မဂၢဇင္းတစ္ေစာင္အျဖစ္ထင္ရွားခဲ့သည္။ လုစ္သည္ Lifeကိုသာမက Time ႏွင့္ Fortune တို႔ကို ဖန္တီးခဲ့သည့္လူးခြၽန္ ထက္ျမက္ ေသာသတင္း စာဆရာတစ္ဦးျဖစ္သည္။

သတင္းတစ္ပုဒ္၏အမည္ေရေရာက္မႈ အတိုင္းအတာပမာဏမွာ အလြန္ႀကီးမားလွပါသည္။ သတင္း တစ္ပုဒ္ ၏ ၾသဇာအရွိန္အဝါႀကီးမားမႈသည္ ဒီမိုကေရစီထြန္းကားေသာ အေမရိကန္ျပည္ေထာင္စု လိုႏိုင္ငံမ်ိဳး တြင္ သမၼတတစ္ဦးကိုပင္ ရာထူးမွ ႏႈတ္ထြ က္ေစေလာက္ေအာင္ အထိ႐ိုက္ခတ္မႈ ႀကီးမားခဲ့ပါသည္။ ဆိုရလွ်င္ လူအ မ်ား က သတင္းဆိုလွ်င္စိတ္ဝင္စားၾကသည္။ လူတို႔၏ပင္ကိုယ္ သဘာဝကပင္စပ္စုလိုစိတ္ရွိသူမ်ားျဖစ္သည္။

 မိမိတို႔ပတ္ဝန္းက်င္အေၾကာင္း၊ ပတ္ဝန္းက်င္မွ လူမ်ား အေၾကာင္းကို စိတ္ဝင္စားတတ္ၾကသည္။ ေခြးႏွစ္ေကာင္ ကိုက္လွ်င္ပင္ဝိုင္းၾကည့္တတ္ေသာ လူတို႔၏စ႐ိုက္သဘာဝအရ သတင္းငတ္မြတ္ေနေသာ လူတို႔ကို သတင္းစာ ဂ်ာနယ္ တို႔က ျဖည့္ဆည္း ေနၾကျခင္းျဖစ္သည္။

စင္စစ္သတင္းဆိုသည္မွာ လူအမ်ား စိတ္ဝင္စားေသာက္သည့္ သတင္းမ်ိဳးျဖစ္ဖို႔လည္း လိုအပ္ လွပါ သည္။ သတင္းဦး သတင္းထူးျဖစ္ဖို႔လည္းလိုပါသည္။ သို႔တေစ သတင္းဦးသတင္းထူးက မွန္ကန္ဖို႔ လည္း လိုသည္။ ႏိုင္ငံ တစ္ႏိုင္ငံ၏ စတုတၳမ႑ိဳင္ျဖစ္သည့္ သတင္းဂ်ာနယ္တို႔ အေနႏွင့္ စာဖတ္ ပရိသတ္ အမွန္တကယ္အားထားရေသာ သတင္းစာဂ်ာနယ္မ်ားျဖစ္လာေရးမွာ မ်ားစြာ အေရး ပါလွပါသည္။

ယေန႔ေခတ္မွာသတင္းေခတ္ျဖစ္သည္ႏွင့္အညီ သတင္းေခတ္လူသားမ်ားကလည္း ေန႔စဥ္ျဖစ္ပ်က္ ေန ေသာ သတင္းျဖစ္ရပ္မ်ားကို စိတ္ဝင္တစားသိလိုစိတ္ျပင္းျပလ်က္ရွိသည္။ သတင္းစာမ်ားတြင္ ေဖာ္ျပေသာႏိုင္ငံ ေရး၊ စီးပြားေရးမွ အစပညာေရး၊ က်န္းမာေရးႏွင့္ လူမႈေရး ျဖစ္ ရပ္မွန္သမွ် ထိုစာဖတ္ပရိသတ္တို႔က စိတ္ဝင္တ စား ဖတ္ရႈၾကသည္။ သတင္းစာဖတ္ပရိတ္သတ္မ်ား ထဲတြင္ ႏိုင္ငံေရးသမားမ်ား၊ ရဟန္းသံဃာမ်ားမွ အစ သာမန္အရပ္သူအရပ္သားမ်ားအထိပါဝင္ ပါ သည္။

မ်က္ေမွာက္ေခတ္တြင္ သတင္းစာဂ်ာနယ္မ်ားသာမက အြန္လိုင္းသတင္းမီဒီယာမ်ားမွာ လည္း စာဖတ္ပရိတ္သတ္တို႔၏ သတင္းအာသီသကို အေကာင္း ဆုံးျဖည့္ ဆည္းေပးေနၾကၿပီျဖစ္ သည္။ ကမာၻေပၚရွိ ကမာၻ႔ႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ားအားလုံးနီးပါး ေလာက္က ကမာၻတြင္ ျဖစ္ပ်က္ ေနေသာ သတင္းျဖစ္ရပ္မ်ားကို ပုံႏွိပ္မီဒီယာႏွင့္ အြန္လိုင္းမီဒီယာတို႔ ထုတ္လုပ္ျဖန႔္ျဖဴးေနေသာ သတင္းမ်ားကို တန္ဖိုးထားဖတ္ရႈေနၾကျခင္းျဖစ္သည္။

သတင္းဟူသည္ အတင္းအဖ်င္းသြားပုပ္ေလလြင့္သတင္းမ်ားထက္ အခ်က္ အလက္ခိုင္မာတိက်၍ မွန္ကန္ေသာသတင္းမ်ားျဖစ္ရန္ သတင္းမီဒီယာအသီးသီးႀကိဳးပမ္း အားထုတ္ ၾကမွ သာ သတင္း တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ႏိုင္ ၾကသူမ်ားျဖစ္လာမည္ျဖစ္သည္။ ပုံႏွိပ္သတင္း မီဒီယာျဖစ္ေစ၊ အြန္လိုင္းသတင္းမီဒီယာျဖစ္ေစ ဘက္ လိုက္ျခင္းကင္းေသာ သတင္းမီဒီယာ ေကာင္းအဂၤါရပ္ႏွင့္ အညီရပ္တည္သင့္လွသည္။ အလားတူပင္ သတင္းမီဒီယာေကာင္းအဂၤါရပ္ကို ေပၚလြင္ေစေရး တြင္ အရည္အခ်င္းျပည့္ဝ၍ ထူးခြၽန္ထက္ျမက္ ေသာသတင္းသမားမ်ားေပၚထြက္လာေရးကလည္းအေရးပါ လွပါသည္။

ဖုန္းေလးဆက္၊ ပြဲတက္၊ ဌာနဆိုင္ရာ သတင္းေလာက္လိုက္႐ုံျဖင့္ သတင္းသမားတစ္ဦး၏ တာဝန္ေက် ၿပီ ဟူေသာ အသိမ်ိဳးျဖင့္ အလုပ္မျဖစ္ေတာ့။ သတင္းသမားဟူသည္မွာ သတင္းကို ႐ူးသြပ္ေနတတ္သူ၊ သတင္းအနံ႔ခံ ေနတတ္ သူ၊ အနံ႔ခံမိေသာသတင္းတစ္ခုက အမ်ားျပည္သူ သိသင့္ သိထိုက္ေသာ သတင္းႀကီးတစ္ပုဒ္အျဖစ္ အာ႐ုံ ခံစားမိသည္ဆိုပါက ရရွိေသာ သတင္း အစ အန မွ သတင္းဇာစ္ျမစ္အထိ လိုက္လံစုံစမ္းေဖာ္ထုတ္ ႏိုင္စြမ္းရွိသည့္ သတင္းစုံေထာက္မ်ားျဖစ္လာရန္ လိုအပ္လွပါသည္။

သတင္းစာဆရာတို႔၏ အခန္းက႑မွာ ထိုမွ်ေလာက္ႏွင့္ မၿပီး။ သတင္းမ်ားကို တည္းျဖတ္ရေသာ အယ္ဒီ တာတို႔၏အခန္းက႑ကလည္းမေသးလွ။ ရီးဒါးဒိုင္ဂ်က္ကို ပုံေဖာ္ဖန္တီးခဲ့သူ ဒီဝစ္ဝါးေလ့က “ကမာၻေပၚမွာ ျဖစ္ ပ်က္ ေနသမွ်အေၾကာ င္းကိစၥမွန္သမွ် အယ္ဒီတာတို႔ႏွင့္ သက္ဆိုင္ေနသည္” ဟူ၍ ဆိုခဲ့ဖူးသည္။ မစၥတာဝါးေလ့ အဆိုအရ ေန႔စဥ္ေန႔တိုင္းအယ္ဒီတာစားပြဲ ေပၚေရာက္ရွိလာေသာ သတင္းျဖစ္ရပ္စုံမ်ားကို ထိေတြ႕ဆက္ဆံ ေနရေသာ အယ္ဒီတာတို႔အေနႏွင့္ အမ်ားျပည္သူတို႔ တို႔ သိသင့္သိထိုက္ေသာ သတင္းမ်ားကို ျပည္သူတို႔ေရွ႕ ေမွာက္ေရာက္သည္အထိ ျပင္ဆင္တည္းျဖတ္ သည့္တာဝန္ကို ယူၾကရပါသည္။

ယင္းသည္ပင္မ်က္ေမွာက္ေခတ္သတင္း မီဒီယာႏွင့္ သတင္းစာဆရာတို႔၏အေရးပါလွသည့္ အခန္းက႑ ႏွင့္  ပတ္သက္၍ ရႈျမင္မိသေလာက္ ပုံေဖာ္ေရးသားမိျခင္းျဖစ္ပါသည္။

                                                          ျမင့္ေနာင္မိုး