【 ဆောင်းပါး 】“ ပေါ့ဆမှုက ခေါ်လာမယ့်ဘေး”

【 ဆောင်းပါး 】“ ပေါ့ဆမှုက ခေါ်လာမယ့်ဘေး”

မြန်မာနိုင်ငံမှာ မတ်၂၃ ရက်က စပြီ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူကို တွေခဲ့ရသည်။ ဒီနောက်မှာ တွေ့ရှိမှု တွေ သေဆုံးမှုတွေ တိုးလာသလို ဧပြီ ၁၀ ကစပြီး သင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၁၀ ရက်ကို stay at Home အဖြစ်အစိုးရက သတ်မှတ်ခဲ့ကာ ရန်ကုန်အပါအဝင် မြို့ကြီးတွေကြား မရှိမဖြစ် ကုန်သယ်ယူပို့ဆောင်မှုမှာ တပါး အခြားအသွားအလာတွေကို ပိတ်ဆို့လိုက်တဲ့ အခါ မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးပြကြီးတွေက လမ်းတွေ မှာ လူသူကင်းမဲ့သွားသလို ဗိုင်းရပ်ကူးစက်နေပြီလားဆိုတဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးတွေမှာတောင် သူမယုံ ငါ့မယုံတွေ အထိဖြစ်လာခဲ့သည်။ ဒီကာလကိုကြည့်ရတာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ဖူးတဲ့ ၈၈ ကာလနဲ့ လည်း မတူပါဘူး။ နာဂစ်ကာလနဲ့လည်းမတူပါဘူး။ပြီးတော့ မကြုံခဲ့ရတဲ့ ပြည်တွင်းစစ် ကာလနဲ့ လည်းမတူဘူး လို့ မှီခဲ့သူတွေက ဆိုသည်။

ကျွန်တော် ၈၈ ကာလကို မှီပါသည်။ ကောင်းကောင်းဖြတ်သန်းတယ်လို့ ပြောရအောင် အဲဒီအချိန်က ကျွန်တော် ၁၀ တန်း ရောက်နေပါပြီ။ လူကောင်သေးတဲ့ ကျွန်တော်ကို အားလုံးက ကလေးသာသာဘဲ သဘော ထားတဲ့ အတွက် နဂိုကလည်း ကြောက်တတ်တဲ့ ကျွန်တော် ဘယ်နေရာ ဘယ်ဆန္ဒပြပွဲကိုမှ မလိုက်ခဲ့ပေမယ့် လူတိုင်းကြုံရတဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နောက်ပိုင်း ခပ်ကြမ်းကြမ်း ဖြိုခွဲပြီး အရပ်ဘက်အုပ်ချုပ်ရေးကို စစ်ဘက်အုပ်ချုပ်ရေးနဲ့ အစားထိုးတဲ့ ကာလကိုတော့ ကောင်းကောင်း ဖြတ်သန်း ခဲ့ရသည်။ ဒါ၈၈ မှာ ရှင်သန်ခဲ့တဲ့ မြန်မာပြည်က လူတိုင်း ကြုံရတဲ့ ပြဿနာပင်ဖြစ်သည်။ သို့သော်လူတွေ စိတ်ထဲ အငတ်ဘေးဆိုတာသာရှိသည်။ ဒါ့ကိုသေဘေးလို့မမြင်။၈၈ မှာ ဆန် က ရှားပါတယ်။ ငွေရှိတိုင်း ဝယ်လို့မရပါဘူး။ ဆန်ရောင်းတယ်ဆိုတဲ့ နေရာတိုင်း လိုက်ဝယ်ရတာပါ။ ၁၉၈၉ ခုနှစ်တစ်ခုလုံး အခု စီးပွားရေးလုပ်ဖို့ တောနဲ့အဆက်အသွယ်ရှိသူတွေတောင် ရန်ကုန်ကို ဆန်ပို့ချင်တိုင်းပို့လို့မရပါဘူး။ ဒီကာလမှာ ယခု ဧပြီလထက် ပိုပြီး တင်းကျပ်ပါတယ်။ မာရှယ်လောက ပထမ ည ၆ နာရီ ( အမှတ်မှားနိုင်ပါတယ်)။နောက် ည ၈ နာရီနောက် ည ၁၀ နာရီ။ တစ်လမ်းနဲ့ တစ်လမ်းမပြောနဲ့။ တစ်အိမ်နဲ့တစ်အိမ်တောင် ကူးလို့မလွယ်ပါဘူး။ လမ်းတိုင်း အိမ်တွေ ထုံးသုတ်ရပါတယ်။ လမ်းကြားတွေ ဖြတ်လမ်းတွေ ကို ဝါးကပ်တွေနဲ့ ပိတ်ပေးရပါတယ်။ ဝါးကပ်တွေကို ထုံးသုတ်တဲ့ အတွက် အဝေးက လှမ်းကြည့်ရင် အဖြူပြောင်မှာ လူတွေ သွားလို့ရှိရင် ထင်းနေတယ်အတွက် မာရှယ်လောအချိန် အပြင်ထွက်မိပါက လှမ်းပစ် တာခံရပါတယ်။ အပစ်မခံရပါကလည်း ရပ်ကွက်ရုံးခေါ် ဆိုင်ကယ်စီး၊ဒဏ်ပေး၊ ကတုံးကွက် အချုပ်ပို့နဲ့ တစ်ခုမှ မသက်သာပါဘူး။ လူတိုင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကို ၈၈ ကာလ ၈၉ ကာလမှာ ကောင်းကောင်း ချုပ်ကိုင်ထားခဲ့တာပါ။
အခု ကျန်းမာရေးကပ်ဘေးက ဘယ်သူမှ အတင်းအကြပ်မတားဘူး။ (ကူးစက်ခံရသူနဲ့ ထိတွေ့သူတွေက လွဲလို့ပေါ့။- ဤကားစကားချပ်) ဒါပေမယ် လူတိုင်းမထွက်ရဲ၊ စိတ်ကမရဲ။ ငါ့များကူးမလားဟဲ့ ဆိုတဲ့ စိတ်ကလည်း အချိန်ပြည့်။ လေထဲမှာ ဗိုင်းရပ်က ရှိနေသည်။ နောက်စကားပြောရင်း ၃ ပေ။နောက် ၆ပေ ။နောက် ၉ ပေ။ ဗိုင်းရပ် က သံတွေ ပလပ်စတစ်တွေပေါ် ရှိသည်။တံတားလက်ရမ်းတွေ။ ဟာ ..လူတွေ စိတ်တွေ ရှုပ်ထွေးကုန်သည်။ ဗိုင်းရပ်က လေထက်လေးသည် လည်းဆိုသည်။

 

လမ်းပေါ်မှာ ကျတယ်ဆိုသည်။ ဗိုင်းရပ်တွေက လမ်းမှာပဲ လျှောက်သွားနေကြသလား။ ဒီလိုနှင့် လူတွေက အပြင်တောင်မထွက်ရဲ။ အပြင်ကလာသူကိုလည်း ဝင်လာတာနှင့် ကလိုရင်း တွေ ပိုးသတ်ဆေးပါတာတွေ ဖြန်းနှင့် ။ ဘယ်သူမှ မသက်သာ။ လမ်းထဲ ဆေးဖြန်းကားတွေလာရင် စိတ်ထဲ ပေါ့သွားသလို ၊မလာရင် လမ်းဘယ်နေရာမှာ ဗိုင်းရပ်များကပ်ခိုနေလဲ ငါဖြတ်သွားမှ ပြေးကပ်လိုက်မလားဆိုတဲ့ စိတ္တဇကလည်း တဖုံ။အမျိုးမျိုးအဖုံဖုံ စိတ်ဒုက္ခရောက်ရတဲ့ အချိန်တွေ။ မြန်မာနိုင်ငံက ဘယ်အိမ်တွေမှာပဲဖြစ်ဖြစ် အသက်ကြီးရင့်သူ အဘိုးသော်လည်းကောင်း အဘွားသော် လည်းကောင်း ၊အဖေအမေသော်လည်းကောင်း အသက်ကြီးသူတစ်ဦးဦးရှိတတ်ကြပါတယ်။ ဒီလိုရှိတဲ့ အတွက် ယခုဗိုင်းရပ်က အသက်အရွယ်ကြီးရင့်သူတွေကို ပိုထိခိုက်တယ် ပိုသေကြေတယ်ဆိုတဲ့အခါ မိဘတွေက အပြင်ကို မထွက်ခိုင်းသလို မိသားစုဝင်တွေကလည်း ကိုယ့်မိဘဘိုးဘွား မိမိကြောင့် ကူးစက်မှာ၊ သေဆုံးမှာ စိုးတဲ့ အတွက် တော်ရုံတန်ရုံကိစ္စရှိတာတောင် အပြင် မထွက်ကြတော့ ။ဒီတော့ လမ်းတွေမှာ အကြောက်တရားနဲ့ ပြည့်ကာ လမ်း တွေရှင်းလူတွေရှင်းနဲ့ တစ်ခါမှ မမြင်ဘူးတဲ့ မြင်ကွင်းတွေ ကို မြင်ရတော့ပါတယ်။

 

လမ်းတွေလည်း မပိတ်ထား၊ ထုံးတွေလည်းမသုတ်ထား။လူတွေကြည့်ရတာ လမ်းအကျယ်ကြီးပေါ်မှာ တစ်ယောက်စ နှစ်ယောက်စ။ မြင်ရတာလည်း အထိတ်ထိတ်အလန့်လန့်။ ကိစ္စရှိသဖြင့် အပြင်သွားသည့်သူတောင် ပြစ်မှုကြီး တစ်ခု ကျူးလွန်တဲ့ သူလို။ တစ်ကယ်ကို အလွန်အကျွံကို တစ်တိုင်းတစ်ပြည်လုံးကြောက်ပြကြ။ ဒီထဲက ကျွန်တော်က စဉ်းစားမိတာရှိသည်။ ဒါကတခြားတော့မဟုတ်။ ၈၈-၈၉ တစ်ကယ်ကို လုံခြုံရေး က စစ်အုပ်ချုပ်ရေးကာလ။ညဘက် ၆ နာရီကျော်ရင် ပြဿနာတက်ပြီ။ ညဘက်ဆို ဧည့်စာရင်းကလည်း တရစပ် စစ်ကာ မိသမျှ ပေါ်တာ( အထမ်းထဲဆွဲ) ထည့်နေသည့် အချိန်အခါတွင် အစောပိုင်းက ဘယ်သူမှ တုပ်တုပ်မလှုပ်။ နောက် တစ်လလောက်ရှိတော့ တစ်ယောက်စနှစ်ယောက်စ၊ နောက်တော့ စစ်ကားတွေ ကင်းလှည့်ချိန်နားကပ်တဲ့ အထိ  လဘက်ရည်ဆိုင်ထိုင်ကြတဲ့ သူတွေရှိလာသည်။ စစ်ကားသံကြားတာနှင့် ဆိုင်ကို ဗြောင်းကနဲ့ပိတ်၊ ဆိုင်ထဲကနေ ထပြေးကျ။ဒီလိုတွေ ဖြစ်လာသည်။နောက်တော့ သိပ်မလေးစားတော့သလို စစ်ကားတွေ လုံခြုံရေးတွေ လာရင် အိမ်ထဲမှာနေ၊ သွားတာနဲ့ ပြန်ထွက်။ အဲဒီခေတ် အဲဒီအခါက ဒီလိုချိုးဖောက်တာက အသက်နဲ့ရင်းရတာပါ။ ဒါပေမယ့် လူတွေက ရအောင်ချိုးဖောက်ကြတာပါ။ အကြာပြီး မလိုက်နာကြ။ ဒါလူ့သဘောပါ။

လတ်တလောမှာ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူတွေ့ရှိတဲ့ ကာလက နှစ်လကျော် ရှိလာတဲ့အခါကူးစက် ခံရသူတွေရှိမှု နည်းလာသလို သေဆုံးသူနူန်းကလည်း ကနဦး ၆ ဦးထက် မပိုတဲ့အခါ အစွန်းရောက်အကြောက်တရားနဲ့ ရှေ့ပိုင်းကာလမှာ လမ်းပေါ်က ပျောက်နေတဲ့ သူတွေ လမ်းပေါ်မှာ ပြန်ထွက်လာကြာပါတယ်။ သတ်မှတ်ရက်ပြည့်တာနဲ့ စီးပွားရေးတွေ ပြန်စဖို့အတွက် လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပြန်ဖွင့်လာတဲ့ အခါ  လူတွေ ပြန်တွေ့လာရပြီး အရင်ကထက်တော့နည်းသွားပါတယ်။ ဒါပေမယ့် ဆိုင်ထိုင်တဲ့သူတွေမှာ စည်းကမ်း သတ်မှတ်ချက်ထားတဲ့ မျက်နှာဖုံးပါမှ ဆိုတာကို အဖြစ်သဘောမျိုးတပ်လာကြတာကိုတွေ့ရပါတယ်။ ကားတွေ ရထားတွေ မှာ လူတွေ ပြန်တွေ့လာရပါတယ်။ ဆိုင်တွေမှာလည်း လူတွေ ပြန်ဝင်လာပါပြီ။ ကူးစက်တတ်တဲ့ ရောဂါဆိုတာကိုလည်း မေ့လျော့စပြုလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေအကွာ မပြောနဲ့ တစ်ပေတောင်မကွာတော့ပါဘူး။ တချို့နေရာတွေမှာ တိုးတိုးကြိတ်ကြိတ် ဘီယာဆိုင်တွေ၊ ကေတီဗွီဖွင့်သံတွေ ဖမ်းမိတာတွေ ကြားလာရပါတယ်။ ရောဂါခြေချုပ်ထားတာကို  ပေါ့ဆသူတွေရှိလာပါတယ်။ လမ်းထဲ မျက်နှာဖုံးမတပ်သူတွေ ပေါလာပါတယ်။တစ်ကယ်ကို အခုမှ ကျွန်တော်စိုးရိမ်လာပါတယ်။ ကျွန်တော်တို့ နေမှုထိုင်မှုပေါ့ဆမှုက အခုမှ ကပ်ရောဂါကို ဆိုက်ရောက်လာဖို့ လမ်းခင်းပေးနေပါလားဆိုတာကိုပါ။

မတ်လ ၂၃ နောက်ပိုင်းမှာတုန်းက ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဒီရောဂါကူးစက်ခံရမှာ ကျွန်တော်မကြောက်သေးပါဘူး။ ဘာကြောင့်လဲဆို အဲဒီတုန်းက သင်္ကြန်ကာလတိုင်းပြန်လာနေကြ ထိုင်းပြန် မလေးရှား ပြန်တွေက သူတို့လာရာနိုင်ငံက လေဆိပ်တွေ နယ်စပ်ဂိတ်တွေ ပိတ်ထားသလို အဲဒီကာလမှာ နိုင်ငံတိုင်းက အဝင်အထွက် ပိတ်ကြ၊ မြန်မာနိုင်ငံသားအများအပြား သွားရောက်လုပ်ကိုင်ပြီး ကိုရိုနာဗိုင်းရပ်လည်း ဖြစ်နေတဲ့ တရုတ်နိုင်ငံက နယ်စပ်ကို ပိတ်ထားတဲ့ အတွက် ပြည်တွင်းမှာ ရှိနေနိုင်တာက နည်းပါးနိုင်နေသလို ပြည်တွင်းမှာ လည်းတွေ့ရှိသမျှကို လိုက်စစ်ပြီး စောင့်ကြည့်ထဲ ထည့်ထားတဲ့အတွက် အဲဒီကာလမှာ ကူးစက်ခံရနူန်း ယခု လောက်မများသေးပါဘူး။ အခုက ပြည်တွင်းကို ဝင်လာရမယ့် သူတွေ အကုန်မဟုတ်ရင်တောင် အတော်များ များ ဝင်နေပါပြီ။ မြန်မာနဲ့အိမ်နီးချင်းလို့ ဆိုနိုင်တဲ့ တရုတ်၊ထိုင်းစတဲ့ နိုင်ငံတွေ အာဆီယံနိုင်ငံတွေက ပြည်ပနိုင်ငံသားတွေကို ထွက်ခွင့်ပေးလို့ ပြန်ရောက်လာတာတဖွဲ့ဖွဲ့နဲ့ တချို့လည်း နယ်စပ်ကနေ ဖြစ်တဲ့ နည်းနဲ့ဒီဘက်ကို ဝင်လာသူတွေလည်း ရှိနေပြီး ဘယ်ကိုမှာ ၂၁ ရက်မဝင်ဘဲရောက်နေတာတွေလည်း ရှိနေနိုင်ပါတယ်။ ဘယ်လောက်ကြောက်စရာကောင်းတဲ့ အခြေအနေလဲ။ တစ်ချက်လောက် လွတ်ထွက်သွားရင် တစ်ချက်ဆို တစ်ချက်ဆိုသလောက် ကြောက်စရာ လန့်စရာ ကူးစက်နိုင်ဖို့ အခွင့်အလမ်းများတဲ့ အခြေအနေ။

ဒီအချိန်ကာလမှာ ရောဂါကူးစက်ခံရမှာကို ကာကွယ်ဖို့ သတိထားဖို့ နေနေသာသာ သေချင်လဲသေ၊ ကူးရင်လဲ ကူးဆို၊ ငတ်လို့ အသေမခံနိုင်ဘူးဆိုတဲ့ သူတွေရယ်၊ အိမ်ထဲချည်းမနေနိုင်ဘူးဆိုတဲ့ သူတွေကြောင့် အာဏာပိုင်တွေ ထိန်းရသိမ်းရခက်လာ နေပါပြီ။  ရပ်ကွက်ထဲ mask မတပ်ရင် ဒဏ်ငွေ ဆောင်ရမယ် ၊ ဘယ် နှစ်ရက် အချုပ်ကြမယ်၊ ညဘက် ၁၂ နာရီကျော် အပြင်ထွက်ရင် အဖမ်းခံမယ် စသဖြင့် ပြောနေကြပေမယ့် လိုက်နာတဲ့ ဘက်က အတော်လေးအားနည်းနေသလို လူစုံတဲ့ စျေးထဲမှာ ဆိုရင်လည်း Maskကို လည်ပင်း၊ နဖူးပေါ်စွပ်ပြီး သွားကြလာကြတာတွေ အတော်လေးကိုများလာတာ ကိုတွေ့လာရပါတယ်။ ကြာလေ ပေါ့ဆလေ ကြာလေပေါ့ဆလေဖြစ်နေတဲ့ အတွက်  တစ်စုံတစ်ယောက်က ကူးစက်ခံရပြီး ကူးစက်ခံရတဲ့ လက္ခဏ မပြခဲ့လို့ စျေးထဲမှာ သွားလာခဲ့ရင် အစုလိုက်အပြုံလိုက် ကူးစက်နိုင်တဲ့ ကြောက်စရာ အခြေအနေပါ။ ဒါပေမဲ့ လူတွေ က မကြောက်ကြတော့ပါဘူး။ အန္တရာယ်ကို ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီး လျော့တွက်နေကြတာပါ။လက်ရှိမှာ မြန်မာနိုင်ငံက ဆရာဝန်တွေ ပညာရှင်တွေမပြောနဲ့ ကမ္ဘာအတော်ဆုံး ဆေးပညာရှင်တွေတောင် ဒီဗိုင်းရပ်နဲ့ပတ်သက်ပြီး ရောဂါလက္ခဏကို လေ့လာနေရဆဲ ၊ရှာဖွေဖော်ထုတ်နေရဆဲပါ။ ဒါကြောင့်လဲ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ရက်ဆက် ထုတ်ပြန်သတိပေးနေတာပါ။
ဒီ ထုတ်ပြန်သတိပေးချက်မှာ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး ပေါ့ဆအလေးမထားစရာ အချက်အလက် တစ်ခုမှ တောင်မပါပါဘူး။

 

မေလ (၂၂) ရက် ထုတ်ပြန်သတိပေးချက်မှာဆိုရင် ကိုရိုနာဗိုင်းရပ်စ်အား အပေါ်ယံ အဆီမျက်နှာပြင်အလွှာနဲ့ ဖုံးအုပ်ထားတယ်။ဆပ်ပြာနဲ့ ရေကိုအသုံးပြုပြီး အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျ လက်ဆေးခြင်းဖြင့် ဆပ်ပြာမော်လီကျူးဟာ အဲ့ဒီအဆီမျက်နှာပြင်ကို ပျက်စီးစေပြီး စက္ကန့် (၂၀) ခန့်အကြာမှာ ကိုရိုနာဗိုင်းရပ်စ်ကို အပိုင်းပိုင်းဖြစ်သွားစေလို့  မကြာခဏဆပ်ပြာနဲ့ လက်ဆေးဖို့တောင် ညွှန်ကြားထားရတဲ့ အသက်ပြင်းပြီး နေရာစုံအခြေအနေစုံ၊ ရာသီဥတုအစုံမှာ ရှင်သန်မျိုးပွားတဲ့ ဗိုင်းရပ်ပါ။ဒါ့ကို ပေါ့ပေါ့ဆဆနေကြတာ ဘာကို လက်ယပ်ခေါ်နေသလို ဖြစ်နေသလဲ စဉ်းစားကြည့်ပါ။ သူများ ကြောက်တိုင်းလိုက်ကြောက်ကြ၊ သူများမကြောက်တိုင်း လိုက်မကြောက်ကြတာ ကိုယ်ပိုင်အသိဉာဏ်နုံနဲလို့ပါ ကြောက်စရာရှိပါက ကြောက်ရပါမည်။ ရောဂါကူးမှာကို ကြောက်တာရှက်စရာမဟုတ်။ ။Mask တပ်ဖို့ပြောပေမယ့် မတပ်ဘဲ သွားကြလာကြတဲ့ သူတွေ ၊တပ်တယ်ဆိုရုံ ဝိနည်းလွတ်တပ်သူတွေ ပြောစရာ ရှိပါသည် ။သတိပေးစရာရှိပါသည်။ သေမင်း တမန်ဗိုင်းရပ်က အနားရှိသည်ဆိုသည်ပင်။

မောင်ဦးလွင်

(  Zawgyi  )

 ျမန္မာႏိုင္ငံမွာ မတ္၂၃ ရက္က စၿပီ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံရသူကို ေတြခဲ့ရသည္။ ဒီေနာက္မွာ ေတြ႕ရွိမႈ ေတြ ေသဆုံးမႈေတြ တိုးလာသလို ဧၿပီ ၁၀ ကစၿပီး သၾကၤန္႐ုံးပိတ္ရက္အပါအဝင္ ၁၀ ရက္ကို stay at Home အျဖစ္အစိုးရက သတ္မွတ္ခဲ့ကာ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးေတြၾကား မရွိမျဖစ္ ကုန္သယ္ယူပို႔ေဆာင္မႈမွာ တပါး အျခားအသြားအလာေတြကို ပိတ္ဆို႔လိုက္တဲ့ အခါ ျမန္မာႏိုင္ငံတစ္ဝန္း ၿမိဳ႕ႀကီးျပႀကီးေတြက လမ္းေတြ မွာ လူသူကင္းမဲ့သြားသလို ဗိုင္းရပ္ကူးစက္ေနၿပီလားဆိုတဲ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ဆက္ဆံေရးေတြမွာေတာင္ သူမယုံ ငါ့မယုံေတြ အထိျဖစ္လာခဲ့သည္။ ဒီကာလကိုၾကည့္ရတာ ကြၽန္ေတာ္တို႔ ျဖတ္သန္းခဲ့ဖူးတဲ့ ၈၈ ကာလနဲ႔ လည္း မတူပါဘူး။ နာဂစ္ကာလနဲ႔လည္းမတူပါဘူး။ၿပီးေတာ့ မႀကဳံခဲ့ရတဲ့ ျပည္တြင္းစစ္ ကာလနဲ႔ လည္းမတူဘူး လို႔ မွီခဲ့သူေတြက ဆိုသည္။

ကြၽန္ေတာ္ ၈၈ ကာလကို မွီပါသည္။ ေကာင္းေကာင္းျဖတ္သန္းတယ္လို႔ ေျပာရေအာင္ အဲဒီအခ်ိန္က ကြၽန္ေတာ္ ၁၀ တန္း ေရာက္ေနပါၿပီ။ လူေကာင္ေသးတဲ့ ကြၽန္ေတာ္ကို အားလုံးက ကေလးသာသာဘဲ သေဘာ ထားတဲ့ အတြက္ နဂိုကလည္း ေၾကာက္တတ္တဲ့ ကြၽန္ေတာ္ ဘယ္ေနရာ ဘယ္ဆႏၵျပပြဲကိုမွ မလိုက္ခဲ့ေပမယ့္ လူတိုင္းႀကဳံရတဲ့ စစ္တပ္က အာဏာသိမ္းတဲ့ ၁၉၈၈ စက္တင္ဘာ ၁၈ ရက္ေနာက္ပိုင္း ခပ္ၾကမ္းၾကမ္း ၿဖိဳခြဲၿပီး အရပ္ဘက္အုပ္ခ်ဳပ္ေရးကို စစ္ဘက္အုပ္ခ်ဳပ္ေရးနဲ႔ အစားထိုးတဲ့ ကာလကိုေတာ့ ေကာင္းေကာင္း ျဖတ္သန္း ခဲ့ရသည္။ ဒါ၈၈ မွာ ရွင္သန္ခဲ့တဲ့ ျမန္မာျပည္က လူတိုင္း ႀကဳံရတဲ့ ျပႆနာပင္ျဖစ္သည္။ သို႔ေသာ္လူေတြ စိတ္ထဲ အငတ္ေဘးဆိုတာသာရွိသည္။ ဒါ့ကိုေသေဘးလို႔မျမင္။၈၈ မွာ ဆန္ က ရွားပါတယ္။ ေငြရွိတိုင္း ဝယ္လို႔မရပါဘူး။ ဆန္ေရာင္းတယ္ဆိုတဲ့ ေနရာတိုင္း လိုက္ဝယ္ရတာပါ။ ၁၉၈၉ ခုႏွစ္တစ္ခုလုံး အခု စီးပြားေရးလုပ္ဖို႔ ေတာနဲ႔အဆက္အသြယ္ရွိသူေတြေတာင္ ရန္ကုန္ကို ဆန္ပို႔ခ်င္တိုင္းပို႔လို႔မရပါဘူး။ ဒီကာလမွာ ယခု ဧၿပီလထက္ ပိုၿပီး တင္းက်ပ္ပါတယ္။ မာရွယ္ေလာက ပထမ ည ၆ နာရီ ( အမွတ္မွားႏိုင္ပါတယ္)။ေနာက္ ည ၈ နာရီေနာက္ ည ၁၀ နာရီ။ တစ္လမ္းနဲ႔ တစ္လမ္းမေျပာနဲ႔။ တစ္အိမ္နဲ႔တစ္အိမ္ေတာင္ ကူးလို႔မလြယ္ပါဘူး။ လမ္းတိုင္း အိမ္ေတြ ထုံးသုတ္ရပါတယ္။ လမ္းၾကားေတြ ျဖတ္လမ္းေတြ ကို ဝါးကပ္ေတြနဲ႔ ပိတ္ေပးရပါတယ္။ ဝါးကပ္ေတြကို ထုံးသုတ္တဲ့ အတြက္ အေဝးက လွမ္းၾကည့္ရင္ အျဖဴေျပာင္မွာ လူေတြ သြားလို႔ရွိရင္ ထင္းေနတယ္အတြက္ မာရွယ္ေလာအခ်ိန္ အျပင္ထြက္မိပါက လွမ္းပစ္ တာခံရပါတယ္။ အပစ္မခံရပါကလည္း ရပ္ကြက္႐ုံးေခၚ ဆိုင္ကယ္စီး၊ဒဏ္ေပး၊ ကတုံးကြက္ အခ်ဳပ္ပို႔နဲ႔ တစ္ခုမွ မသက္သာပါဘူး။ လူတိုင္းရဲ႕ ႐ုပ္ပိုင္းဆိုင္ရာကို ၈၈ ကာလ ၈၉ ကာလမွာ ေကာင္းေကာင္း ခ်ဳပ္ကိုင္ထားခဲ့တာပါ။
အခု က်န္းမာေရးကပ္ေဘးက ဘယ္သူမွ အတင္းအၾကပ္မတားဘူး။ (ကူးစက္ခံရသူနဲ႔ ထိေတြ႕သူေတြက လြဲလို႔ေပါ့။- ဤကားစကားခ်ပ္) ဒါေပမယ္ လူတိုင္းမထြက္ရဲ၊ စိတ္ကမရဲ။ ငါ့မ်ားကူးမလားဟဲ့ ဆိုတဲ့ စိတ္ကလည္း အခ်ိန္ျပည့္။ ေလထဲမွာ ဗိုင္းရပ္က ရွိေနသည္။ ေနာက္စကားေျပာရင္း ၃ ေပ။ေနာက္ ၆ေပ ။ေနာက္ ၉ ေပ။ ဗိုင္းရပ္ က သံေတြ ပလပ္စတစ္ေတြေပၚ ရွိသည္။တံတားလက္ရမ္းေတြ။ ဟာ ..လူေတြ စိတ္ေတြ ရႈပ္ေထြးကုန္သည္။ ဗိုင္းရပ္က ေလထက္ေလးသည္ လည္းဆိုသည္။

လမ္းေပၚမွာ က်တယ္ဆိုသည္။ ဗိုင္းရပ္ေတြက လမ္းမွာပဲ ေလွ်ာက္သြားေနၾကသလား။ ဒီလိုႏွင့္ လူေတြက အျပင္ေတာင္မထြက္ရဲ။ အျပင္ကလာသူကိုလည္း ဝင္လာတာႏွင့္ ကလိုရင္း ေတြ ပိုးသတ္ေဆးပါတာေတြ ျဖန္းႏွင့္ ။ ဘယ္သူမွ မသက္သာ။ လမ္းထဲ ေဆးျဖန္းကားေတြလာရင္ စိတ္ထဲ ေပါ့သြားသလို ၊မလာရင္ လမ္းဘယ္ေနရာမွာ ဗိုင္းရပ္မ်ားကပ္ခိုေနလဲ ငါျဖတ္သြားမွ ေျပးကပ္လိုက္မလားဆိုတဲ့ စိတၱဇကလည္း တဖုံ။အမ်ိဳးမ်ိဳးအဖုံဖုံ စိတ္ဒုကၡေရာက္ရတဲ့ အခ်ိန္ေတြ။ ျမန္မာႏိုင္ငံက ဘယ္အိမ္ေတြမွာပဲျဖစ္ျဖစ္ အသက္ႀကီးရင့္သူ အဘိုးေသာ္လည္းေကာင္း အဘြားေသာ္ လည္းေကာင္း ၊အေဖအေမေသာ္လည္းေကာင္း အသက္ႀကီးသူတစ္ဦးဦးရွိတတ္ၾကပါတယ္။ ဒီလိုရွိတဲ့ အတြက္ ယခုဗိုင္းရပ္က အသက္အ႐ြယ္ႀကီးရင့္သူေတြကို ပိုထိခိုက္တယ္ ပိုေသေၾကတယ္ဆိုတဲ့အခါ မိဘေတြက အျပင္ကို မထြက္ခိုင္းသလို မိသားစုဝင္ေတြကလည္း ကိုယ့္မိဘဘိုးဘြား မိမိေၾကာင့္ ကူးစက္မွာ၊ ေသဆုံးမွာ စိုးတဲ့ အတြက္ ေတာ္႐ုံတန္႐ုံကိစၥရွိတာေတာင္ အျပင္ မထြက္ၾကေတာ့ ။ဒီေတာ့ လမ္းေတြမွာ အေၾကာက္တရားနဲ႔ ျပည့္ကာ လမ္း ေတြရွင္းလူေတြရွင္းနဲ႔ တစ္ခါမွ မျမင္ဘူးတဲ့ ျမင္ကြင္းေတြ ကို ျမင္ရေတာ့ပါတယ္။

လမ္းေတြလည္း မပိတ္ထား၊ ထုံးေတြလည္းမသုတ္ထား။လူေတြၾကည့္ရတာ လမ္းအက်ယ္ႀကီးေပၚမွာ တစ္ေယာက္စ ႏွစ္ေယာက္စ။ ျမင္ရတာလည္း အထိတ္ထိတ္အလန႔္လန႔္။ ကိစၥရွိသျဖင့္ အျပင္သြားသည့္သူေတာင္ ျပစ္မႈႀကီး တစ္ခု က်ဴးလြန္တဲ့ သူလို။ တစ္ကယ္ကို အလြန္အကြၽံကို တစ္တိုင္းတစ္ျပည္လုံးေၾကာက္ျပၾက။ ဒီထဲက ကြၽန္ေတာ္က စဥ္းစားမိတာရွိသည္။ ဒါကတျခားေတာ့မဟုတ္။ ၈၈-၈၉ တစ္ကယ္ကို လုံၿခဳံေရး က စစ္အုပ္ခ်ဳပ္ေရးကာလ။ညဘက္ ၆ နာရီေက်ာ္ရင္ ျပႆနာတက္ၿပီ။ ညဘက္ဆို ဧည့္စာရင္းကလည္း တရစပ္ စစ္ကာ မိသမွ် ေပၚတာ( အထမ္းထဲဆြဲ) ထည့္ေနသည့္ အခ်ိန္အခါတြင္ အေစာပိုင္းက ဘယ္သူမွ တုပ္တုပ္မလႈပ္။ ေနာက္ တစ္လေလာက္ရွိေတာ့ တစ္ေယာက္စႏွစ္ေယာက္စ၊ ေနာက္ေတာ့ စစ္ကားေတြ ကင္းလွည့္ခ်ိန္နားကပ္တဲ့ အထိ  လဘက္ရည္ဆိုင္ထိုင္ၾကတဲ့ သူေတြရွိလာသည္။ စစ္ကားသံၾကားတာႏွင့္ ဆိုင္ကို ေျဗာင္းကနဲ႔ပိတ္၊ ဆိုင္ထဲကေန ထေျပးက်။ဒီလိုေတြ ျဖစ္လာသည္။ေနာက္ေတာ့ သိပ္မေလးစားေတာ့သလို စစ္ကားေတြ လုံၿခဳံေရးေတြ လာရင္ အိမ္ထဲမွာေန၊ သြားတာနဲ႔ ျပန္ထြက္။ အဲဒီေခတ္ အဲဒီအခါက ဒီလိုခ်ိဳးေဖာက္တာက အသက္နဲ႔ရင္းရတာပါ။ ဒါေပမယ့္ လူေတြက ရေအာင္ခ်ိဳးေဖာက္ၾကတာပါ။ အၾကာၿပီး မလိုက္နာၾက။ ဒါလူ႔သေဘာပါ။

လတ္တေလာမွာ ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူေတြ႕ရွိတဲ့ ကာလက ႏွစ္လေက်ာ္ ရွိလာတဲ့အခါကူးစက္ ခံရသူေတြရွိမႈ နည္းလာသလို ေသဆုံးသူႏူန္းကလည္း ကနဦး ၆ ဦးထက္ မပိုတဲ့အခါ အစြန္းေရာက္အေၾကာက္တရားနဲ႔ ေရွ႕ပိုင္းကာလမွာ လမ္းေပၚက ေပ်ာက္ေနတဲ့ သူေတြ လမ္းေပၚမွာ ျပန္ထြက္လာၾကာပါတယ္။ သတ္မွတ္ရက္ျပည့္တာနဲ႔ စီးပြားေရးေတြ ျပန္စဖို႔အတြက္ လဘက္ရည္ဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြ ျပန္ဖြင့္လာတဲ့ အခါ  လူေတြ ျပန္ေတြ႕လာရၿပီး အရင္ကထက္ေတာ့နည္းသြားပါတယ္။ ဒါေပမယ့္ ဆိုင္ထိုင္တဲ့သူေတြမွာ စည္းကမ္း သတ္မွတ္ခ်က္ထားတဲ့ မ်က္ႏွာဖုံးပါမွ ဆိုတာကို အျဖစ္သေဘာမ်ိဳးတပ္လာၾကတာကိုေတြ႕ရပါတယ္။ ကားေတြ ရထားေတြ မွာ လူေတြ ျပန္ေတြ႕လာရပါတယ္။ ဆိုင္ေတြမွာလည္း လူေတြ ျပန္ဝင္လာပါၿပီ။ ကူးစက္တတ္တဲ့ ေရာဂါဆိုတာကိုလည္း ေမ့ေလ်ာ့စျပဳလာပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ၆ ေပအကြာ မေျပာနဲ႔ တစ္ေပေတာင္မကြာေတာ့ပါဘူး။ တခ်ိဳ႕ေနရာေတြမွာ တိုးတိုးႀကိတ္ႀကိတ္ ဘီယာဆိုင္ေတြ၊ ေကတီဗြီဖြင့္သံေတြ ဖမ္းမိတာေတြ ၾကားလာရပါတယ္။ ေရာဂါေျခခ်ဳပ္ထားတာကို  ေပါ့ဆသူေတြရွိလာပါတယ္။ လမ္းထဲ မ်က္ႏွာဖုံးမတပ္သူေတြ ေပါလာပါတယ္။တစ္ကယ္ကို အခုမွ ကြၽန္ေတာ္စိုးရိမ္လာပါတယ္။ ကြၽန္ေတာ္တို႔ ေနမႈထိုင္မႈေပါ့ဆမႈက အခုမွ ကပ္ေရာဂါကို ဆိုက္ေရာက္လာဖို႔ လမ္းခင္းေပးေနပါလားဆိုတာကိုပါ။

မတ္လ ၂၃ ေနာက္ပိုင္းမွာတုန္းက ကို႐ိုနာဗိုင္းရပ္စ္လို႔ေခၚတဲ့ ဒီေရာဂါကူးစက္ခံရမွာ ကြၽန္ေတာ္မေၾကာက္ေသးပါဘူး။ ဘာေၾကာင့္လဲဆို အဲဒီတုန္းက သၾကၤန္ကာလတိုင္းျပန္လာေနၾက ထိုင္းျပန္ မေလးရွား ျပန္ေတြက သူတို႔လာရာႏိုင္ငံက ေလဆိပ္ေတြ နယ္စပ္ဂိတ္ေတြ ပိတ္ထားသလို အဲဒီကာလမွာ ႏိုင္ငံတိုင္းက အဝင္အထြက္ ပိတ္ၾက၊ ျမန္မာႏိုင္ငံသားအမ်ားအျပား သြားေရာက္လုပ္ကိုင္ၿပီး ကို႐ိုနာဗိုင္းရပ္လည္း ျဖစ္ေနတဲ့ တ႐ုတ္ႏိုင္ငံက နယ္စပ္ကို ပိတ္ထားတဲ့ အတြက္ ျပည္တြင္းမွာ ရွိေနႏိုင္တာက နည္းပါးႏိုင္ေနသလို ျပည္တြင္းမွာ လည္းေတြ႕ရွိသမွ်ကို လိုက္စစ္ၿပီး ေစာင့္ၾကည့္ထဲ ထည့္ထားတဲ့အတြက္ အဲဒီကာလမွာ ကူးစက္ခံရႏူန္း ယခု ေလာက္မမ်ားေသးပါဘူး။ အခုက ျပည္တြင္းကို ဝင္လာရမယ့္ သူေတြ အကုန္မဟုတ္ရင္ေတာင္ အေတာ္မ်ား မ်ား ဝင္ေနပါၿပီ။ ျမန္မာနဲ႔အိမ္နီးခ်င္းလို႔ ဆိုႏိုင္တဲ့ တ႐ုတ္၊ထိုင္းစတဲ့ ႏိုင္ငံေတြ အာဆီယံႏိုင္ငံေတြက ျပည္ပႏိုင္ငံသားေတြကို ထြက္ခြင့္ေပးလို႔ ျပန္ေရာက္လာတာတဖြဲ႕ဖြဲ႕နဲ႔ တခ်ိဳ႕လည္း နယ္စပ္ကေန ျဖစ္တဲ့ နည္းနဲ႔ဒီဘက္ကို ဝင္လာသူေတြလည္း ရွိေနၿပီး ဘယ္ကိုမွာ ၂၁ ရက္မဝင္ဘဲေရာက္ေနတာေတြလည္း ရွိေနႏိုင္ပါတယ္။ ဘယ္ေလာက္ေၾကာက္စရာေကာင္းတဲ့ အေျခအေနလဲ။ တစ္ခ်က္ေလာက္ လြတ္ထြက္သြားရင္ တစ္ခ်က္ဆို တစ္ခ်က္ဆိုသေလာက္ ေၾကာက္စရာ လန႔္စရာ ကူးစက္ႏိုင္ဖို႔ အခြင့္အလမ္းမ်ားတဲ့ အေျခအေန။

ဒီအခ်ိန္ကာလမွာ ေရာဂါကူးစက္ခံရမွာကို ကာကြယ္ဖို႔ သတိထားဖို႔ ေနေနသာသာ ေသခ်င္လဲေသ၊ ကူးရင္လဲ ကူးဆို၊ ငတ္လို႔ အေသမခံႏိုင္ဘူးဆိုတဲ့ သူေတြရယ္၊ အိမ္ထဲခ်ည္းမေနႏိုင္ဘူးဆိုတဲ့ သူေတြေၾကာင့္ အာဏာပိုင္ေတြ ထိန္းရသိမ္းရခက္လာ ေနပါၿပီ။  ရပ္ကြက္ထဲ mask မတပ္ရင္ ဒဏ္ေငြ ေဆာင္ရမယ္ ၊ ဘယ္ ႏွစ္ရက္ အခ်ဳပ္ၾကမယ္၊ ညဘက္ ၁၂ နာရီေက်ာ္ အျပင္ထြက္ရင္ အဖမ္းခံမယ္ စသျဖင့္ ေျပာေနၾကေပမယ့္ လိုက္နာတဲ့ ဘက္က အေတာ္ေလးအားနည္းေနသလို လူစုံတဲ့ ေစ်းထဲမွာ ဆိုရင္လည္း Maskကို လည္ပင္း၊ နဖူးေပၚစြပ္ၿပီး သြားၾကလာၾကတာေတြ အေတာ္ေလးကိုမ်ားလာတာ ကိုေတြ႕လာရပါတယ္။ ၾကာေလ ေပါ့ဆေလ ၾကာေလေပါ့ဆေလျဖစ္ေနတဲ့ အတြက္  တစ္စုံတစ္ေယာက္က ကူးစက္ခံရၿပီး ကူးစက္ခံရတဲ့ လကၡဏ မျပခဲ့လို႔ ေစ်းထဲမွာ သြားလာခဲ့ရင္ အစုလိုက္အၿပဳံလိုက္ ကူးစက္ႏိုင္တဲ့ ေၾကာက္စရာ အေျခအေနပါ။ ဒါေပမဲ့ လူေတြ က မေၾကာက္ၾကေတာ့ပါဘူး။ အႏၲရာယ္ကို ထိပ္ပုတ္ေခါင္းပုတ္လုပ္ၿပီး ေလ်ာ့တြက္ေနၾကတာပါ။လက္ရွိမွာ ျမန္မာႏိုင္ငံက ဆရာဝန္ေတြ ပညာရွင္ေတြမေျပာနဲ႔ ကမာၻအေတာ္ဆုံး ေဆးပညာရွင္ေတြေတာင္ ဒီဗိုင္းရပ္နဲ႔ပတ္သက္ၿပီး ေရာဂါလကၡဏကို ေလ့လာေနရဆဲ ၊ရွာေဖြေဖာ္ထုတ္ေနရဆဲပါ။ ဒါေၾကာင့္လဲ က်န္းမာေရးဝန္ႀကီးဌာနက ေန႔စဥ္ရက္ဆက္ ထုတ္ျပန္သတိေပးေနတာပါ။
ဒီ ထုတ္ျပန္သတိေပးခ်က္မွာ ကို႐ိုနာဗိုင္းရပ္နဲ႔ ပတ္သက္ၿပီး ေပါ့ဆအေလးမထားစရာ အခ်က္အလက္ တစ္ခုမွ ေတာင္မပါပါဘူး။

ေမလ (၂၂) ရက္ ထုတ္ျပန္သတိေပးခ်က္မွာဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္အား အေပၚယံ အဆီမ်က္ႏွာျပင္အလႊာနဲ႔ ဖုံးအုပ္ထားတယ္။ဆပ္ျပာနဲ႔ ေရကိုအသုံးျပဳၿပီး အနည္းဆုံးစကၠန႔္ (၂၀) ၾကာေအာင္ စနစ္တက် လက္ေဆးျခင္းျဖင့္ ဆပ္ျပာေမာ္လီက်ဴးဟာ အဲ့ဒီအဆီမ်က္ႏွာျပင္ကို ပ်က္စီးေစၿပီး စကၠန႔္ (၂၀) ခန႔္အၾကာမွာ ကို႐ိုနာဗိုင္းရပ္စ္ကို အပိုင္းပိုင္းျဖစ္သြားေစလို႔  မၾကာခဏဆပ္ျပာနဲ႔ လက္ေဆးဖို႔ေတာင္ ၫႊန္ၾကားထားရတဲ့ အသက္ျပင္းၿပီး ေနရာစုံအေျခအေနစုံ၊ ရာသီဥတုအစုံမွာ ရွင္သန္မ်ိဳးပြားတဲ့ ဗိုင္းရပ္ပါ။ဒါ့ကို ေပါ့ေပါ့ဆဆေနၾကတာ ဘာကို လက္ယပ္ေခၚေနသလို ျဖစ္ေနသလဲ စဥ္းစားၾကည့္ပါ။ သူမ်ား ေၾကာက္တိုင္းလိုက္ေၾကာက္ၾက၊ သူမ်ားမေၾကာက္တိုင္း လိုက္မေၾကာက္ၾကတာ ကိုယ္ပိုင္အသိဉာဏ္ႏုံနဲလို႔ပါ ေၾကာက္စရာရွိပါက ေၾကာက္ရပါမည္။ ေရာဂါကူးမွာကို ေၾကာက္တာရွက္စရာမဟုတ္။ ။Mask တပ္ဖို႔ေျပာေပမယ့္ မတပ္ဘဲ သြားၾကလာၾကတဲ့ သူေတြ ၊တပ္တယ္ဆို႐ုံ ဝိနည္းလြတ္တပ္သူေတြ ေျပာစရာ ရွိပါသည္ ။သတိေပးစရာရွိပါသည္။ ေသမင္း တမန္ဗိုင္းရပ္က အနားရွိသည္ဆိုသည္ပင္။

ေမာင္ဦးလြင္