【 ဆောင်းပါး 】“အာဇာနည် စိတ်ဓာတ်ဦးညွှတ်ပါ”

【  ဆောင်းပါး  】“အာဇာနည် စိတ်ဓာတ်ဦးညွှတ်ပါ”

အာဇာနည်ဆိုသည်မှာ အဘယ်နည်း။စာသင်သည့်အခါတိုင်း “ အာဇာနည်”ဆိုသည့် အဓိပ္ပါယ်ကို တပည့် တွေကို နှစ်တိုင်း အာဇာနည်နေ့ရောက်သည့်အခါတိုင်း ဘယ်သူမှ တာဝန်မပေးဘဲ တကူးတက ကျောင်းသား တွေ ကို ကျွန်တော် ရှင်းပြလေ့ရှိသည်။ ယခုနှစ်တွင် ဇူလိုင် ၁၉ ဆိုသည့် အာဇာနည်နေ့မှာ ကိုဗက်-၁၉ ဟုခေါ်သည့် ကိုရိုနာဗိုင်းရပ်ကြောင့်  ကျောင်းတွေ ပိတ်၊ ကျူရှင်တွေ ပိတ်ထားရပြီး လူစု လူဝေး လုပ်ခွင့်ပါ တားမြစ်ထား သောကြောင့် ကျောင်းသားများကို  ရှင်းပြနိုင်သည့်အခွင့်အရေးမရှိခဲ့။

ဘယ်သူမှ တာဝန်မပေးဘဲ အလွတ်သင် ကျူရှင်ဆရာဖြစ်သည့် ကျွန်တော်က ဒီလိုနှစ်တိုင်းရှင်းပြရ သည့် အကြောင်းအရင်းကလည်း ကျွန်တော်တွင် ခိုင်ခိုင်လုံလုံရှိသည်။ ဒီခေတ်လို့ လက်နက်ကိုင်အုပ်စုများသည့်ကာလ ၊လက်နက်နှင့် အာဏာရှိလျှင်  ဘာလုပ်လုပ် တင့်တယ်သည့်ခေတ်၊ လက်နက်ကိုင်ထားသည့် ဘယ်-သူကိုမဆို ဘုရားထူးနေရ၊ ပါးရိုက် နားရိုက်လုပ်နေလျှင်တောင် မတားရဲဘဲ မသတ်သွားတာဘဲ ကျေးဇူးတင်နေရသည့် အချိန်၊ မုဒိမ်းကျင့်ခံရလျှင်တောင် တစ်ခါဘဲလုပ်လို့ ကျေးဇူးတင်နေရမည့် အချိန်တွင် ခေတ်ကာလ၊ အစိုးရမင်းများ ဩဇာ အာဏာနည်းပြီး လက်နက်ကိုင် များဩဇာအာဏာထက်နေသည့်အချိန်အခါတွင် နှမ်းတစ်ပွင့်နှင့် ဆီမဖြစ်သော် လည်း တစ်ပွင့်မှ တစ်ပင်၊တစ်ပင်မှ တစ်တော၊တစ်တောမှ တစ်တိုင်းတစ်ဒေသတစ်ခုလုံးသို့  ကောင်းမွန်စေလို သည့် စိတ်ဓာတ်အမွေကို ကိုယ်တပည့်တွေမှာ မွေးမြူစေလို၍ ကိုယ်သင်သည့်ဘာသာနှင့် မဆိုင်ဘဲ ပြောဟော လေ့ရှိသည်မှာ ဆရာတွေ၏ စိတ်အရင်းခံဘဲဖြစ်သည့်။

ဘာကြောင့် တပည်တွေကို အာဇာနည် စိတ်ဓာတ်ဖြစ်ထွန်းစေချင်နေသနည်း။ ယနေ့ခေတ်လို့ မတရား သည့်သူတွေက အာဏာကို ဖြတ်လမ်းနည်းဖြင့် ယူကာ ကိုယ်ကျိုး၊ မိသားစုကောင်းစားရေးအတွက် ယုတ်မာသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံအာဏာရယူချင်ကြသည့် အချိန်၊ အာဏာအတွက်  ငွေနှင့် လုပ်ပိုင်ခွင့်ကို ပုံအောသုံး ကာ တရားသည် မတရားသည် ပြည်သူလက်ခံသည် မလက်ခံသည်ကို မကြည့်ဘဲ ၊မရှက်ဘဲ ဇွတ်တိုး အရှက်မရှိ လက် ရဲဇက်ရဲလုပ်ရဲနေကြသည့်အချိန်အခါတွင် ငယ်ရွယ်သည့် တိုင်းပြည်၏ အနာဂတ်ကလေးငယ်တွေစိတ်ထဲ ဘာလုပ် ရင် ရှက်ရတယ်ဆိုတာကို သိရန်၊ ဘာလုပ်ရင် လူတွေ့ ကြည်ညိုလေးစားအားကိုးကြသည်ကိုသိရန် ၊ တိုင်းပြည် အတွက် ကိုယ်ကျိုး စွန့်ခဲ့သည့်  ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ဘာသာမတူ၊လူမျိုးမတူ၊ ဒေသမတူသော် လည်း တူညီသည့် နိုင်ငံ ချစ်စိတ်ဖြင့် အမြင်ကျယ်စွာ လုပ်ဆောင်ခဲ့ရင်း အသက်စွန့်ခဲ့ရသည့် အာဇာနည် ၉ ဦး၏စိတ်ဓာတ်ကို အားကျကြည်ညိုအောင် ပြောပြ၊သင်ပြ ခြင်းပင်ဖြစ်သည်။

မြန်မာသမိုင်းတွင် ဗိုလ်ချုပ်တို့ မတိုင်ခင်ကတည်းက အာဇာနည်လို့ သတ်မှတ်ပြီး အထိမ်း အမှတ်ပြုခဲ့တာ ရှိသည်။ အစောဆုံး အာဇာနည်နေ့အဖြစ် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးသည့် ၂ နှစ်ပြည့်ချိန် ၁၉၄ဝ ဒီဇင်ဘာ ၂ဝ ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ လွှတ်တော်က  အာဇာနည်နေ့အဖြစ် သတ် မှတ်ခဲ့သည်။ မန္တလေး-စစ်ကိုင်းကားလမ်းပေါ်က တမ္ပဝတီရပ် သူကြွယ်ကုန်းတွင်လည်း  ၁၃ဝဝ ပြည့် အရေးတော် ပုံအတွင်း ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်က မန္တလေး၌ ပစ်ခတ်သတ်ဖြတ်ခံရသည့်  ကျောင်းသား၊ ရဟန်းနဲ့ အရပ်သား ၁၇ ယောက်ကို  အာဇာနည် ဗိမာန်နှင့်  သင်္ဂြိုဟ်ခဲ့ကာ ထိုအာဇာနည် ၁၇ ဦးကျဆုံးခဲ့သည့်  မန္တလေး ၂၆ ဘီလမ်းကို အာဇာနည်လမ်းအဖြစ် ထိုစဉ်က သတ်မှတ်ခေါ်ဝေါ်ခဲ့သည်။

မြန်မာလွတ်လပ်ရေးက နယ်ချဲ့တွေက ပြည်သူတွေလိုချင်တယ်ဆိုပြီး “ရော့..အင့် ”ဆိုပြီး ပေးခဲ့တာ မဟုတ်။  ပြည်သူများထဲမှထိုးထွက်လာသည့် အာဇာနည်စိတ်ဓာတ်ရှိသူတို့က ဦးဆောင်အနစ်နာခံကာ အာဇာနည် စိတ်ဓာတ်ရှိသူ အဆက် ဆက်ဆင့်ကဲ လက်ဆင့်ကမ်း သက်စွန့်ကြိုးပမ်းဆောင်ရွက်လာခဲ့ကြသဖြင့် ယနေ့မြင် နေရသည့် တိုင်းပြည်လွတ်လပ်ရေးရသည်အခြေအနေအထိဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်အတွက်  နိုင်ငံအတွက် အရေးကြီးသည့် ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်သည့် နိုင်ငံချစ်စိတ်၊ အာဇာနည်စိတ်ဓာတ်ဆိုတာကို သေသေချာချာ နှစ်စဉ်ရှင်း ပြရခြင်း ဖြစ်သည်။                     

အာဇာနည်ဆိုသည်မှာ ပါဠိဝေါဟာရ "အာဇာနေယျ" မှ ဆင်းသက် လာခြင်းဖြစ်ပြီး မြန်မာလူမျိုးများက အာဇာနည်ဟု မြန်မာမှုပြု၍ ခေါ်ဆို ခဲ့ကြသည်။ အာဇာနည်ဟူသည့် ဝေါဟာရနှင့်ပတ်သက်၍ မြန်မာအဘိဓာန် တွင် “အကြောင်းဟုတ်မဟုတ်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံး ရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများ အကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အာဇာနည်၏ အနှစ်သာရ သည် ကိုယ်ကျင့်သိက္ခာ၊ သီလ၊ သမာဓိ အစရှိသဖြင့် လူ့ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်များကို သူမတူအောင် ကျင့်ကြံအား ထုတ် ကြိုးပမ်းလုပ်ဆောင် နိုင်ပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးစီးပွားကို နောက်ဆုံးထွက်သက်အထိ အသက်ကို မငဲ့ ကွက်ဘဲ ပြုလုပ်စွမ်းဆောင်နိုင်သည့် စွမ်းအား၊ လုံ့လ၊ ဝီရိယ၊ ဇွဲသတ္တိတို့နှင့် ပြည့်စုံသူဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ လုပ်ကြံခံရသူ  ၉ ဦးကို ဘာ‌ကြောင့် မြန်မာပြည်သူတွေက အာဇာနည် အဖြစ် သတ်မှတ်ခဲ့ကြရသနည်း။ လွန်ခဲ့တဲ့ (၇၃) နှစ်၊ တိတိကျကျပြောရရင် ၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်မှာ  ဖြစ်တဲ့ လုပ်ကြံမှုတစ်ခုတည်းသက်သက်ကနေ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတာတစ်ခုတည်းကို အကြောင်းပြုပြီး အာဇာနည်နေ့ဆိုတာ ဖြစ်ခဲ့ခြင်းမဟုတ်ပေ။ တစ်ကယ်က အာဏာ ရလိုမှု တစ်ခုတည်းနဲ့ ကိုယ်ကျိုးရှာကြတဲ့ သူတွေ၊ နောက်ကွယ်က မနာလိုမရှုစိမ့်တဲ့သူတွေက ဗိုလ်ချုပ် အောင် ဆန်း တို့လို တိုင်းပြည်အတွက် လိုအပ်နေတဲ့ ဦးဆောင်ဦးရွက်ပြုနေတဲ့သူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အတွက် ၊တိုင်းပြည်အကျိုးအတွက်အသက်ပေးခဲ့ရတဲ့အတွက် တိုင်းပြည်က ပြန်လည်အသိအမှတ်ပြုခဲ့တာပါ။ ဗိုလ်ချုပ်တို့ က သူတို့အကျိုး သူတို့လုပ်နေရင်း အသက်စွန့်ခဲ့ရတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း တိုင်းပြည်က မြန်မာလွတ် လပ်ရေးအတွက် ဦးဆောင်ရင်း ကျဆုံးခဲ့တဲ့ရသူတွေကို တိုင်းပြည်က နေရာပေးခဲ့တာပါ။

ယနေ့ခေတ်မှာတော့ ကိုယ်ကိုယ်ကို တိုင်းပြည်က ချစ်တယ်လို့ ထင်မှတ်ထားသူတွေ၊ အမျိုးဘာသာ မှ အမျိုးဘာသာဆိုသည့် ပုဂ္ဂိုလ်ထီး၊မ ၊ကြီးငယ်မရွေးတွေ၊ ငါမှ ငါဆိုသည့်သူတွေက ကိုယ်လုပ်ရပ် ကိုယ်ပြန်မကြည့်  ၊ကိုယ်သမိုင်းပြန်မကြည့်ဘဲ  တိုင်းပြည်အတွက် အသက်ပေးခဲ့ရသည့် အာဇာနည်တွေကို ခြေရာခြင်းတိုင်း၊ သေသူ အုတ်ဂူပေါ် တံတွေးထွေးပြီး ကျေးဇူးကန်းတဲ့ စကားတွေ ပြောကြ ဆိုကြ စော်ကားကြသည့် လုပ်ရပ်တွေ မြင်တွေ့ ရ၊ လုပ်လာနေကြတာကို တွေ့နေရသည်။ ထိုသူတွေမှာ ဗိုလ်ချုပ်တို့လို တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ကိုယ်ကျိုးစွန့် ဖို့ နေနေသာသာ သူတို့ရာထူးအာဏာလုပ်ပိုင်ခွင့်ရခဲ့စဉ်က  ကိုယ်ကျင့်တရား ဘေးချိတ်ကာ အရှက် သိက္ခာမရှိ တိုင်းပြည်ဘဏ္ဍာခိုးဝှက်လုယက် အလွဲသုံးစားလုပ်ကာ ရရှိထားသည့် ဥစ္စာဓန များကိုတောင် တိုင်းပြည် အတွက် အနည်းငယ်မှ မစွန့်လွှတ်နိုင်ဘဲ  ပြည်သူတွေ ချစ်ကြလေးစားကြသည့် “အာဇာနည်”နေရာကို ဝင်ယူလို၊ ရယူလိုနေကြသည်မှာ ရှက်ဖွယ်လိလိဖြစ်သည်။  ဒီလူတွေ ဘာကြောင့်များ ဒီလောက်ထိ အရှက်မဲ့ရသလဲ ၊ ဘာကြောင့် များ အရှက်တရားကင်းမဲ့ရလောက်အောင်အထိ အသိတရားကင်းမဲ့ရသလဲဟု တွေးမိတိုင်း အဖြေမရ။

တစ်ကယ်က အာဏာရှင်တွေခေတ်တစ်လျှောက်လုံး အာဇာနည်တွေလို့ ကိုယ်ကျိုးစီးပွားမစွန့်နိုင်တဲ့အခါ ၊ မလုပ်နိုင်တဲ့အခါ ‘ဆင်ဖြူ မျက်နှာ ဆင်မည်းမကြည့်ဝံ့’ ဆိုသလို မနာလိုစိတ်နဲ့ အာဇာနည်နေ့ကို မှေးမှိန်အောင် လုပ်ခဲ့ကြခြင်း၏ အကျိုး ဆက်ပင်ဖြစ်သည်။ တစ်ကယ်စဉ်းစား ကြည့်မည်ဆိုလျှင်  ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လွတ်လပ်ရေးအတွက် အသက်သွေးချွေးခန္ဓာဆပ်ခဲ့ကြတဲ့ သူတွေကို တိုင်းပြည်က သတိရဂုဏ်ပြုတဲ့နေ့မှာ တိုင်း ပြည်ကနေရသမျှ ခြစ်ခြုတ်ယူပြီး ကိုယ်ကျိုးစီးပွားရှာအခွင့်ထူးခံနေကြတဲ့ အာဏာရှင်တွေ ၊သူတို့အသိုင်းအဝိုင်းနဲ့ မိသားစုတွေအတွက် ရှက်ဖွယ် လိလိနေ့ ဖြစ်နေတဲ့ သဘောပင်ဖြစ်သည်။

တစ်ကယ်တော့ အာဇာနည်စိတ်ကို သူတို့ မမွေးနိုင်၊ရင်မဆိုင်ဝံတာလည်း အပြစ်တော့မဆိုသာ ။ဘာ ကြောင့် ဆို အာဇာနည်စိတ်ရှိသည့် ဗိုလ်ချုပ်၏ မိန့်ခွန်းတစ်ခုကို ကြည့်မည်ဆိုလျှင် ဗိုလ်ချုပ်၏ အာဏာကို အသုံးမချသည့် စိတ်၊ ပြည်သူအကျိုးစီးပွား ကို ကြည့်သောစိတ်၊  ပြည်သူ ကိုညှာသော စိတ်ကို မြင်နိုင် မည်ဖြစ် သည်။ သာဓက အားဖြင့်  ဗိုလ်တာရာရေးသည့် “ ဗိုလ်ချုပ်ဒေါသ ထွက်သောနေ့” ဆောင်းပါးတွင် ဖော်ပြထား သည့် ဗိုလ်ချုပ်၏ ရဲရဲတောက်မိန့်ခွန်း တစ်ခုကြည့်လျှင် ဗိုလ်ချုပ်၏ အတွင်းသဘောကို မြင်ရမည်ဖြစ်သည်။

'' မင်းတို့မှတ်ထား၊ ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ သားသမီးဆိုတာ။ ကြည့်လိုက်စမ်း။ တို့ပြည်သူ လူထု တွေဟာ စစ်ဘေးစစ်ဒဏ် သင့်ပြီး တစ်ဖက်က ငပုတွေက တွေ့ကရာဆွဲယူ အနိုင်ကျင့်ချင်တိုင်း အကျင့်ခံနေ ရတဲ့ဘဝမှာ မင်းတို့လိုအကောင်တွေက ဇိမ်ခံချင်နေတယ်။ ကားသစ် ကြီးတွေ စီးချင်တယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူ လူထုထက် အခွင့်အရေး ပိုယူချင်ကြတယ်။ အစားကောင်းတွေ ဖိစားချင်တယ်။ လူထုက ဝတ်စရာ ပုဆိုးအင်္ကျီမရှိတဲ့ဘဝမှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့ အကောင်မိုက်တွေက စစ်ဝတ်စုံအ ကောင်းတွေ ဝတ်ချင်ကြတယ်။ မှတ်ထား။ ဒီလိုစိတ်မျိုး အမြင်မျိုးအကျင့်မျိုးတွေရှိသမျှ ငါမျှော်မှန်းလာတဲ့ ပြည်သူ့တပ်မ တော်နဲ့ တော့ ဝေးပါသေးတယ်ကွာ။ ရှက်စရာ သိပ်ကောင်းတယ်။ မင်းတို့ ပြည်သူလူထုအတွက် စစ်တိုက်နေတယ် ဆိုတာ အလကားပဲ။ လုံးဝ အဓိပ္ပာယ်မရှိတော့ဘူး။ မှတ်ထား။ ငါ့တပ်ထဲမှာ အခွင့်အရေး ယူချင် တဲ့အကောင် တစ်ယောက်မှ မရှိရဘူး။ မပါစေရဘူးကွ။ လူထုငတ်ရင် တို့အားလုံး ငတ်ရမယ်။ လူထုဆင်းရဲရင် တို့ရဲဘော် တွေအားလုံး ဆင်းရဲရမယ်။ ငါလည်း ဆင်းရဲ ရမယ်။ ငါတို့တစ်တွေ တည်ဆောက်ခဲ့တဲ့ တပ်မတော်ကြီး ဟာ ဒီဝါဒ၊ ဒီလိုအမိန့်နဲ့ ချီတက်ဖို့ အရေးကြီးတယ်'' ဟု ပြောခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဤသို့ စိတ်ထားမြင့်မြတ်သူတွေ ၊တိုင်းပြည်အပေါ် စေတနာထားသူတွေ၊ တိုင်းပြည်ကို တပါးကျွန်ဘ၀မှ လွတ်အောင် ဦးဆောင်သူတွေကို ကိုယ်ကျိုးစီးပွားအတွက် မျိုးချစ်ပါတီခေါင်း ဆောင် နန်းရင်းဝန်ဟောင်း ဂဋ္ဌုန်ဦးစောနှင့် အပေါင်းအပါတို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် အနာဂတ်မြန်မာ အစိုးရဖွဲ့ဖြစ်လာမယ်သူတွေကို သတ်ဖြတ်ကာ မြန်မာပြည်၏ အနာဂတ်ကို ဖျက်ဆီးခဲ့သည်။ ဒီလုပ်ကြံမှုက  တိုင်းပြည်အတွက် ဘယ်လောက်တောင် ထိခိုက်မှုရှိသလဲဆိုတာ  နောက်ပိုင်းတိုင်းပြည်ကို ဂျုံးဂျုံးကျအောင် ဖြစ်လာစေတဲ့ အာဏာရှင်တွေကြီးစိုးလာတာကို ကြည့်ရင် သိမယ်ထင်သည်။ နောက်ပိုင်းအုပ်စိုးခဲ့သည့် အာဏာ ရှင်တွေကတော့ ဂဋ္ဌုန်ဦးစောထက်ပင် ဆိုးလေသည်ဟု ဆိုရမလား။သူတို့ ကြီးစိုးခဲ့သည့်  နှစ် ၅၀ ကျော် အတွင်း တိုင်းပြည်အတွင်း “လက်နက်ရှိသူ  ဗိုလ်လုပ် ” ဆိုသည့် လောကပါလတရားကို ပျက်စေသည့် အဓမ္မတရား ထွန်း ကားအောင်၊ လူငယ်တွေကို မကောင်းသည့် စိတ်ဓာတ် ရိုက်သွင်းခဲ့သည်။ ထိုစိတ်ဓာတ်က ယခုဖြစ်နေသည့် “ကိုယ်လုပ်နေတာ လူတစ်ယောက်လုပ်သင့်သည့်အလုပ်ဟုတ်ရဲ့လား “ဆိုသည်ကိုပင်မတွေးတောနိုင်သည့်အထိ စိတ်ဓာတ်တွေ အောက်တန်းကျသည်အထိဖြစ်ရသည့် အခင်းအကျင်းတွေကိုကြည့်လျှင် မြင်ရမည်ဖြစ်သည်။

ဒါကြောင့်လည်း ဆရာဇော်ဂျီက ၁၉၆၄ ခုနှစ်မှာ ဗိုလ်ချုပ်တို့ လုပ်ကြံသတ်ဖြတ်ခံရတာကို ရည်ညွှန်းပြီး ခံပြင်းစွာနဲ့ နောက်လူတွေ အတွက် ကဗျာတစ်ပုဒ်ကို ရေးခဲ့ပါတယ်။ ဒီကဗျာက “ပြောလိုက်ပါဘိ၊ ဟောပါဘိ” ဆိုတဲ့ ကဗျာပင်။

“ ပြောလိုက်ပါဘိ ဟောပါဘိ”

====================================

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊

မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊

သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊

အူယားဖါးယား၊

ကစားရာမှ၊ နွားရုပ်ချ၍၊

နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊

ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊

ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးကစိုစို၊ ကျီးအုပ်ပြို၍၊

ထိုမှဤမှ၊ တို့လမ်းမတွင်၊

ပျံကြဝဲကြ၊ ငရဲကသို့၊

အုံြွကမြည်အာ၊ မသာယာကို၊

ငါကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊

သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊

ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊

မြေခသတင်း၊ မိုးကြိုးခွင်းသို့၊

အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊

မချင်မရဲ၊ ဝမ်းနဲခံခက်၊

မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊

ရွာဦးပိုင်းမှ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊

သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊

မြတ်စေချင်၏၊ မင်းမြင်ငါကြား၊

စကားဥဒါန်း၊ ဆန်း၏သတ္တိ၊

ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊

ဆန်းမှာဆုံပေါင်း၊ ယောကျာ်းကောင်းတို့၊

ခေါင်းဆောင်သဘော၊ မင့်သားချောကို၊

ပြောလိုက်ပါဘိ ဟောပါဘိ။ ။

ဒီကဗျာကို ကျွန်တော်တို့သင်ရသည့်အခါ ဆရာက တစ်ကြောင်းချင်း တစ်ပုဒ်ချင်း အနက်အဓိပ္ပါယ် ဖွင့် ဆိုပြခဲ့သဖြင့် အာဇာနည်ဆိုတာကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဖြစ်စေသလို ဗိုလ်ချုပ်အပါအဝင် လွတ်လပ် ရေးအတွက် အသက်ပေးခဲ့သည့် သူတွေကို လေးစားအားကျစိတ်လည်း ထိုကဗျာက ဖြစ်ထွန်းစေခဲ့ပါတယ်။ ကဗျာကြောင့် ဗိုလ်ချုပ်လို စိတ်ဓာတ်နဲ့ သတ္တိ၊ ဗျတ္တိရှိ သူတွေကို မြတ်နိုးသည့်စိတ်ဖြစ်စေသလို ရာထူး၊အာဏာ အတွက် မည်သူ့ကိုမဆို ဖယ်ရှားသုတ်သင်တတ်သည့် အာဏာမက်သူတွေကို မုန်းတီးစိတ်ဖြစ်စေခဲ့သည့်အထိ ထိုကဗျာက တာသွားခဲ့သည်။

အခု ဒီလို ကဗျာကို သင်ပေးနိုင်တဲ့ သူတွေစာသင်ကျောင်းတွေမှာ မရှိတော့လို့ ဒီလိုဖြစ်နေတာလား၊ အခုကော ဒီလို အာဇာနည်နေ့ကို တန်ဖိုးထားလေးစားတဲ့ သူကောရှိသေးရဲ့လားဆိုတာ ကျွန်တော် အခါခါစဉ်းစား မိသည်။ ဒီခေတ်က ကိုယ်ကျိုးစွန့်တဲ့ သူကို လှောင်ပြောင်ကျတဲ့ ခေတ် ၊အများမိုးခါး ရေ သောက်တိုင်း မသောက် တဲ့ သူကို လှောင်ပြောင်ကဲ့ရယ်ကြတဲ့ခေတ် ၊အာဇာနည်ဆိုတာ အဆိုတော် နာမည်လို့ သိကြသူ ပေါများတဲ့ ခေတ်မှာ  ကျေးဇူးတရားဆိုတာ လူစိတ်ရှိတဲ့ သူတွေမှ သိတတ်ပါလား၊ မွေးမြူတတ်ကြပါလားဆိုတာ ကျွန်တော် ဖြည့်တွေးနေမိတော့သည်။

 

                                                       ဖြိုးဝေလှ

  (   Zawgyi  )

 

  အာဇာနည္ဆိုသည္မွာ အဘယ္နည္း။စာသင္သည့္အခါတိုင္း “ အာဇာနည္”ဆိုသည့္ အဓိပၸါယ္ကို တပည့္ ေတြကို ႏွစ္တိုင္း အာဇာနည္ေန႔ေရာက္သည့္အခါတိုင္း ဘယ္သူမွ တာဝန္မေပးဘဲ တကူးတက ေက်ာင္းသား ေတြ ကို ကြၽန္ေတာ္ ရွင္းျပေလ့ရွိသည္။ ယခုႏွစ္တြင္ ဇူလိုင္ ၁၉ ဆိုသည့္ အာဇာနည္ေန႔မွာ ကိုဗက္-၁၉ ဟုေခၚသည့္ ကို႐ိုနာဗိုင္းရပ္ေၾကာင့္  ေက်ာင္းေတြ ပိတ္၊ က်ဴရွင္ေတြ ပိတ္ထားရၿပီး လူစု လူေဝး လုပ္ခြင့္ပါ တားျမစ္ထား ေသာေၾကာင့္ ေက်ာင္းသားမ်ားကို  ရွင္းျပႏိုင္သည့္အခြင့္အေရးမရွိခဲ့။

ဘယ္သူမွ တာဝန္မေပးဘဲ အလြတ္သင္ က်ဴရွင္ဆရာျဖစ္သည့္ ကြၽန္ေတာ္က ဒီလိုႏွစ္တိုင္းရွင္းျပရ သည့္ အေၾကာင္းအရင္းကလည္း ကြၽန္ေတာ္တြင္ ခိုင္ခိုင္လုံလုံရွိသည္။ ဒီေခတ္လို႔ လက္နက္ကိုင္အုပ္စုမ်ားသည့္ကာလ ၊လက္နက္ႏွင့္ အာဏာရွိလွ်င္  ဘာလုပ္လုပ္ တင့္တယ္သည့္ေခတ္၊ လက္နက္ကိုင္ထားသည့္ ဘယ္-သူကိုမဆို ဘုရားထူးေနရ၊ ပါး႐ိုက္ နား႐ိုက္လုပ္ေနလွ်င္ေတာင္ မတားရဲဘဲ မသတ္သြားတာဘဲ ေက်းဇူးတင္ေနရသည့္ အခ်ိန္၊ မုဒိမ္းက်င့္ခံရလွ်င္ေတာင္ တစ္ခါဘဲလုပ္လို႔ ေက်းဇူးတင္ေနရမည့္ အခ်ိန္တြင္ ေခတ္ကာလ၊ အစိုးရမင္းမ်ား ဩဇာ အာဏာနည္းၿပီး လက္နက္ကိုင္ မ်ားဩဇာအာဏာထက္ေနသည့္အခ်ိန္အခါတြင္ ႏွမ္းတစ္ပြင့္ႏွင့္ ဆီမျဖစ္ေသာ္ လည္း တစ္ပြင့္မွ တစ္ပင္၊တစ္ပင္မွ တစ္ေတာ၊တစ္ေတာမွ တစ္တိုင္းတစ္ေဒသတစ္ခုလုံးသို႔  ေကာင္းမြန္ေစလို သည့္ စိတ္ဓာတ္အေမြကို ကိုယ္တပည့္ေတြမွာ ေမြးျမဴေစလို၍ ကိုယ္သင္သည့္ဘာသာႏွင့္ မဆိုင္ဘဲ ေျပာေဟာ ေလ့ရွိသည္မွာ ဆရာေတြ၏ စိတ္အရင္းခံဘဲျဖစ္သည့္။

ဘာေၾကာင့္ တပည္ေတြကို အာဇာနည္ စိတ္ဓာတ္ျဖစ္ထြန္းေစခ်င္ေနသနည္း။ ယေန႔ေခတ္လို႔ မတရား သည့္သူေတြက အာဏာကို ျဖတ္လမ္းနည္းျဖင့္ ယူကာ ကိုယ္က်ိဳး၊ မိသားစုေကာင္းစားေရးအတြက္ ယုတ္မာသည့္ ရည္႐ြယ္ခ်က္ျဖင့္ ႏိုင္ငံအာဏာရယူခ်င္ၾကသည့္ အခ်ိန္၊ အာဏာအတြက္  ေငြႏွင့္ လုပ္ပိုင္ခြင့္ကို ပုံေအာသုံး ကာ တရားသည္ မတရားသည္ ျပည္သူလက္ခံသည္ မလက္ခံသည္ကို မၾကည့္ဘဲ ၊မရွက္ဘဲ ဇြတ္တိုး အရွက္မရွိ လက္ ရဲဇက္ရဲလုပ္ရဲေနၾကသည့္အခ်ိန္အခါတြင္ ငယ္႐ြယ္သည့္ တိုင္းျပည္၏ အနာဂတ္ကေလးငယ္ေတြစိတ္ထဲ ဘာလုပ္ ရင္ ရွက္ရတယ္ဆိုတာကို သိရန္၊ ဘာလုပ္ရင္ လူေတြ႕ ၾကည္ညိဳေလးစားအားကိုးၾကသည္ကိုသိရန္ ၊ တိုင္းျပည္ အတြက္ ကိုယ္က်ိဳး စြန႔္ခဲ့သည့္  ဗိုလ္ခ်ဳပ္ေအာင္ဆန္းအမႉးျပဳသည့္ ဘာသာမတူ၊လူမ်ိဳးမတူ၊ ေဒသမတူေသာ္ လည္း တူညီသည့္ ႏိုင္ငံ ခ်စ္စိတ္ျဖင့္ အျမင္က်ယ္စြာ လုပ္ေဆာင္ခဲ့ရင္း အသက္စြန႔္ခဲ့ရသည့္ အာဇာနည္ ၉ ဦး၏စိတ္ဓာတ္ကို အားက်ၾကည္ညိဳေအာင္ ေျပာျပ၊သင္ျပ ျခင္းပင္ျဖစ္သည္။

ျမန္မာသမိုင္းတြင္ ဗိုလ္ခ်ဳပ္တို႔ မတိုင္ခင္ကတည္းက အာဇာနည္လို႔ သတ္မွတ္ၿပီး အထိမ္း အမွတ္ျပဳခဲ့တာ ရွိသည္။ အေစာဆုံး အာဇာနည္ေန႔အျဖစ္ ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္က်ဆုံးသည့္ ၂ ႏွစ္ျပည့္ခ်ိန္ ၁၉၄ဝ ဒီဇင္ဘာ ၂ဝ ကို ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားသမဂၢ လႊတ္ေတာ္က  အာဇာနည္ေန႔အျဖစ္ သတ္ မွတ္ခဲ့သည္။ မႏၲေလး-စစ္ကိုင္းကားလမ္းေပၚက တမၸဝတီရပ္ သူႂကြယ္ကုန္းတြင္လည္း  ၁၃ဝဝ ျပည့္ အေရးေတာ္ ပုံအတြင္း ၁၉၃၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ဝ ရက္က မႏၲေလး၌ ပစ္ခတ္သတ္ျဖတ္ခံရသည့္  ေက်ာင္းသား၊ ရဟန္းနဲ႔ အရပ္သား ၁၇ ေယာက္ကို  အာဇာနည္ ဗိမာန္ႏွင့္  သၿဂႋဳဟ္ခဲ့ကာ ထိုအာဇာနည္ ၁၇ ဦးက်ဆုံးခဲ့သည့္  မႏၲေလး ၂၆ ဘီလမ္းကို အာဇာနည္လမ္းအျဖစ္ ထိုစဥ္က သတ္မွတ္ေခၚေဝၚခဲ့သည္။

ျမန္မာလြတ္လပ္ေရးက နယ္ခ်ဲ႕ေတြက ျပည္သူေတြလိုခ်င္တယ္ဆိုၿပီး “ေရာ့..အင့္ ”ဆိုၿပီး ေပးခဲ့တာ မဟုတ္။  ျပည္သူမ်ားထဲမွထိုးထြက္လာသည့္ အာဇာနည္စိတ္ဓာတ္ရွိသူတို႔က ဦးေဆာင္အနစ္နာခံကာ အာဇာနည္ စိတ္ဓာတ္ရွိသူ အဆက္ ဆက္ဆင့္ကဲ လက္ဆင့္ကမ္း သက္စြန႔္ႀကိဳးပမ္းေဆာင္႐ြက္လာခဲ့ၾကသျဖင့္ ယေန႔ျမင္ ေနရသည့္ တိုင္းျပည္လြတ္လပ္ေရးရသည္အေျခအေနအထိျဖစ္လာခဲ့ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ တိုင္းျပည္အတြက္  ႏိုင္ငံအတြက္ အေရးႀကီးသည့္ ကိုယ္က်ိဳးစီးပြားကို စြန႔္လႊတ္သည့္ ႏိုင္ငံခ်စ္စိတ္၊ အာဇာနည္စိတ္ဓာတ္ဆိုတာကို ေသေသခ်ာခ်ာ ႏွစ္စဥ္ရွင္း ျပရျခင္း ျဖစ္သည္။                     

အာဇာနည္ဆိုသည္မွာ ပါဠိေဝါဟာရ "အာဇာေနယ်" မွ ဆင္းသက္ လာျခင္းျဖစ္ၿပီး ျမန္မာလူမ်ိဳးမ်ားက အာဇာနည္ဟု ျမန္မာမႈျပဳ၍ ေခၚဆို ခဲ့ၾကသည္။ အာဇာနည္ဟူသည့္ ေဝါဟာရႏွင့္ပတ္သက္၍ ျမန္မာအဘိဓာန္ တြင္ “အေၾကာင္းဟုတ္မဟုတ္ကို ေကာင္းစြာသိသူ၊ သာမန္ထက္ လက္႐ုံး ရည္၊ ႏွလုံးရည္ ထူးကဲသာလြန္၍ အမ်ား အက်ိဳးအတြက္ သက္စြန္႔ႀကိဳးပမ္း ေဆာင္႐ြက္သူ” ဟု အဓိပၸာယ္ဖြင့္ဆိုထားသည္။ အာဇာနည္၏ အႏွစ္သာရ သည္ ကိုယ္က်င့္သိကၡာ၊ သီလ၊ သမာဓိ အစရွိသျဖင့္ လူ႔ဂုဏ္သိကၡာႏွင့္ က်င့္ဝတ္မ်ားကို သူမတူေအာင္ က်င့္ႀကံအား ထုတ္ ႀကိဳးပမ္းလုပ္ေဆာင္ ႏိုင္ၿပီး တိုင္းျပည္ႏွင့္ လူမ်ိဳးအက်ိဳးစီးပြားကို ေနာက္ဆုံးထြက္သက္အထိ အသက္ကို မငဲ့ ကြက္ဘဲ ျပဳလုပ္စြမ္းေဆာင္ႏိုင္သည့္ စြမ္းအား၊ လုံ႔လ၊ ဝီရိယ၊ ဇြဲသတၱိတို႔ႏွင့္ ျပည့္စုံသူျဖစ္ပါသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းအမႉးျပဳတဲ့ လုပ္ႀကံခံရသူ  ၉ ဦးကို ဘာ‌ေၾကာင့္ ျမန္မာျပည္သူေတြက အာဇာနည္ အျဖစ္ သတ္မွတ္ခဲ့ၾကရသနည္း။ လြန္ခဲ့တဲ့ (၇၃) ႏွစ္၊ တိတိက်က်ေျပာရရင္ ၁၉၄၇-ခုႏွစ္ ဇူလိုင္လ (၁၉) ရက္၊ နံနက္ (၁၀) နာရီ (၃၇) မိနစ္အခ်ိန္မွာ  ျဖစ္တဲ့ လုပ္ႀကံမႈတစ္ခုတည္းသက္သက္ကေန ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ က်ဆုံးတာတစ္ခုတည္းကို အေၾကာင္းျပဳၿပီး အာဇာနည္ေန႔ဆိုတာ ျဖစ္ခဲ့ျခင္းမဟုတ္ေပ။ တစ္ကယ္က အာဏာ ရလိုမႈ တစ္ခုတည္းနဲ႔ ကိုယ္က်ိဳးရွာၾကတဲ့ သူေတြ၊ ေနာက္ကြယ္က မနာလိုမရႈစိမ့္တဲ့သူေတြက ဗိုလ္ခ်ဳပ္ ေအာင္ ဆန္း တို႔လို တိုင္းျပည္အတြက္ လိုအပ္ေနတဲ့ ဦးေဆာင္ဦး႐ြက္ျပဳေနတဲ့သူေတြကို လုပ္ႀကံသတ္ျဖတ္ခဲ့တဲ့အတြက္ ၊တိုင္းျပည္အက်ိဳးအတြက္အသက္ေပးခဲ့ရတဲ့အတြက္ တိုင္းျပည္က ျပန္လည္အသိအမွတ္ျပဳခဲ့တာပါ။ ဗိုလ္ခ်ဳပ္တို႔ က သူတို႔အက်ိဳး သူတို႔လုပ္ေနရင္း အသက္စြန႔္ခဲ့ရတာ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း တိုင္းျပည္က ျမန္မာလြတ္ လပ္ေရးအတြက္ ဦးေဆာင္ရင္း က်ဆုံးခဲ့တဲ့ရသူေတြကို တိုင္းျပည္က ေနရာေပးခဲ့တာပါ။

ယေန႔ေခတ္မွာေတာ့ ကိုယ္ကိုယ္ကို တိုင္းျပည္က ခ်စ္တယ္လို႔ ထင္မွတ္ထားသူေတြ၊ အမ်ိဳးဘာသာ မွ အမ်ိဳးဘာသာဆိုသည့္ ပုဂၢိဳလ္ထီး၊မ ၊ႀကီးငယ္မေ႐ြးေတြ၊ ငါမွ ငါဆိုသည့္သူေတြက ကိုယ္လုပ္ရပ္ ကိုယ္ျပန္မၾကည့္  ၊ကိုယ္သမိုင္းျပန္မၾကည့္ဘဲ  တိုင္းျပည္အတြက္ အသက္ေပးခဲ့ရသည့္ အာဇာနည္ေတြကို ေျခရာျခင္းတိုင္း၊ ေသသူ အုတ္ဂူေပၚ တံေတြးေထြးၿပီး ေက်းဇူးကန္းတဲ့ စကားေတြ ေျပာၾက ဆိုၾက ေစာ္ကားၾကသည့္ လုပ္ရပ္ေတြ ျမင္ေတြ႕ ရ၊ လုပ္လာေနၾကတာကို ေတြ႕ေနရသည္။ ထိုသူေတြမွာ ဗိုလ္ခ်ဳပ္တို႔လို တိုင္းျပည္နဲ႔ လူမ်ိဳးအတြက္ အသက္စြန႔္ ကိုယ္က်ိဳးစြန႔္ ဖို႔ ေနေနသာသာ သူတို႔ရာထူးအာဏာလုပ္ပိုင္ခြင့္ရခဲ့စဥ္က  ကိုယ္က်င့္တရား ေဘးခ်ိတ္ကာ အရွက္ သိကၡာမရွိ တိုင္းျပည္ဘ႑ာခိုးဝွက္လုယက္ အလြဲသုံးစားလုပ္ကာ ရရွိထားသည့္ ဥစၥာဓန မ်ားကိုေတာင္ တိုင္းျပည္ အတြက္ အနည္းငယ္မွ မစြန႔္လႊတ္ႏိုင္ဘဲ  ျပည္သူေတြ ခ်စ္ၾကေလးစားၾကသည့္ “အာဇာနည္”ေနရာကို ဝင္ယူလို၊ ရယူလိုေနၾကသည္မွာ ရွက္ဖြယ္လိလိျဖစ္သည္။  ဒီလူေတြ ဘာေၾကာင့္မ်ား ဒီေလာက္ထိ အရွက္မဲ့ရသလဲ ၊ ဘာေၾကာင့္ မ်ား အရွက္တရားကင္းမဲ့ရေလာက္ေအာင္အထိ အသိတရားကင္းမဲ့ရသလဲဟု ေတြးမိတိုင္း အေျဖမရ။

တစ္ကယ္က အာဏာရွင္ေတြေခတ္တစ္ေလွ်ာက္လုံး အာဇာနည္ေတြလို႔ ကိုယ္က်ိဳးစီးပြားမစြန႔္ႏိုင္တဲ့အခါ ၊ မလုပ္ႏိုင္တဲ့အခါ ‘ဆင္ျဖဴ မ်က္ႏွာ ဆင္မည္းမၾကည့္ဝံ့’ ဆိုသလို မနာလိုစိတ္နဲ႔ အာဇာနည္ေန႔ကို ေမွးမွိန္ေအာင္ လုပ္ခဲ့ၾကျခင္း၏ အက်ိဳး ဆက္ပင္ျဖစ္သည္။ တစ္ကယ္စဥ္းစား ၾကည့္မည္ဆိုလွ်င္  ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ လြတ္လပ္ေရးအတြက္ အသက္ေသြးေခြၽးခႏၶာဆပ္ခဲ့ၾကတဲ့ သူေတြကို တိုင္းျပည္က သတိရဂုဏ္ျပဳတဲ့ေန႔မွာ တိုင္း ျပည္ကေနရသမွ် ျခစ္ျခဳတ္ယူၿပီး ကိုယ္က်ိဳးစီးပြားရွာအခြင့္ထူးခံေနၾကတဲ့ အာဏာရွင္ေတြ ၊သူတို႔အသိုင္းအဝိုင္းနဲ႔ မိသားစုေတြအတြက္ ရွက္ဖြယ္ လိလိေန႔ ျဖစ္ေနတဲ့ သေဘာပင္ျဖစ္သည္။

တစ္ကယ္ေတာ့ အာဇာနည္စိတ္ကို သူတို႔ မေမြးႏိုင္၊ရင္မဆိုင္ဝံတာလည္း အျပစ္ေတာ့မဆိုသာ ။ဘာ ေၾကာင့္ ဆို အာဇာနည္စိတ္ရွိသည့္ ဗိုလ္ခ်ဳပ္၏ မိန႔္ခြန္းတစ္ခုကို ၾကည့္မည္ဆိုလွ်င္ ဗိုလ္ခ်ဳပ္၏ အာဏာကို အသုံးမခ်သည့္ စိတ္၊ ျပည္သူအက်ိဳးစီးပြား ကို ၾကည့္ေသာစိတ္၊  ျပည္သူ ကိုညႇာေသာ စိတ္ကို ျမင္ႏိုင္ မည္ျဖစ္ သည္။ သာဓက အားျဖင့္  ဗိုလ္တာရာေရးသည့္ “ ဗိုလ္ခ်ဳပ္ေဒါသ ထြက္ေသာေန႔” ေဆာင္းပါးတြင္ ေဖာ္ျပထား သည့္ ဗိုလ္ခ်ဳပ္၏ ရဲရဲေတာက္မိန႔္ခြန္း တစ္ခုၾကည့္လွ်င္ ဗိုလ္ခ်ဳပ္၏ အတြင္းသေဘာကို ျမင္ရမည္ျဖစ္သည္။

'' မင္းတို႔မွတ္ထား၊ ငါတို႔တပ္မေတာ္ဟာ ျပည္သူလူထုရဲ႕ သားသမီးဆိုတာ။ ၾကည့္လိုက္စမ္း။ တို႔ျပည္သူ လူထု ေတြဟာ စစ္ေဘးစစ္ဒဏ္ သင့္ၿပီး တစ္ဖက္က ငပုေတြက ေတြ႕ကရာဆြဲယူ အႏိုင္က်င့္ခ်င္တိုင္း အက်င့္ခံေန ရတဲ့ဘဝမွာ မင္းတို႔လိုအေကာင္ေတြက ဇိမ္ခံခ်င္ေနတယ္။ ကားသစ္ ႀကီးေတြ စီးခ်င္တယ္။ ဒုကၡေရာက္ေနတဲ့ ျပည္သူ လူထုထက္ အခြင့္အေရး ပိုယူခ်င္ၾကတယ္။ အစားေကာင္းေတြ ဖိစားခ်င္တယ္။ လူထုက ဝတ္စရာ ပုဆိုးအက်ႌမရွိတဲ့ဘဝမွာ မင္းတို႔လို အလိုက္ကန္းဆိုးမသိတဲ့ အေကာင္မိုက္ေတြက စစ္ဝတ္စုံအ ေကာင္းေတြ ဝတ္ခ်င္ၾကတယ္။ မွတ္ထား။ ဒီလိုစိတ္မ်ိဳး အျမင္မ်ိဳးအက်င့္မ်ိဳးေတြရွိသမွ် ငါေမွ်ာ္မွန္းလာတဲ့ ျပည္သူ႔တပ္မ ေတာ္နဲ႔ ေတာ့ ေဝးပါေသးတယ္ကြာ။ ရွက္စရာ သိပ္ေကာင္းတယ္။ မင္းတို႔ ျပည္သူလူထုအတြက္ စစ္တိုက္ေနတယ္ ဆိုတာ အလကားပဲ။ လုံးဝ အဓိပၸာယ္မရွိေတာ့ဘူး။ မွတ္ထား။ ငါ့တပ္ထဲမွာ အခြင့္အေရး ယူခ်င္ တဲ့အေကာင္ တစ္ေယာက္မွ မရွိရဘူး။ မပါေစရဘူးကြ။ လူထုငတ္ရင္ တို႔အားလုံး ငတ္ရမယ္။ လူထုဆင္းရဲရင္ တို႔ရဲေဘာ္ ေတြအားလုံး ဆင္းရဲရမယ္။ ငါလည္း ဆင္းရဲ ရမယ္။ ငါတို႔တစ္ေတြ တည္ေဆာက္ခဲ့တဲ့ တပ္မေတာ္ႀကီး ဟာ ဒီဝါဒ၊ ဒီလိုအမိန႔္နဲ႔ ခ်ီတက္ဖို႔ အေရးႀကီးတယ္'' ဟု ေျပာခဲ့သည္။

၁၉၄၇ ခုႏွစ္ ဇူလိုင္ ၁၉ ရက္တြင္ ဤသို႔ စိတ္ထားျမင့္ျမတ္သူေတြ ၊တိုင္းျပည္အေပၚ ေစတနာထားသူေတြ၊ တိုင္းျပည္ကို တပါးကြၽန္ဘ၀မွ လြတ္ေအာင္ ဦးေဆာင္သူေတြကို ကိုယ္က်ိဳးစီးပြားအတြက္ မ်ိဳးခ်စ္ပါတီေခါင္း ေဆာင္ နန္းရင္းဝန္ေဟာင္း ဂ႒ဳန္ဦးေစာႏွင့္ အေပါင္းအပါတို႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အနာဂတ္ျမန္မာ အစိုးရဖြဲ႕ျဖစ္လာမယ္သူေတြကို သတ္ျဖတ္ကာ ျမန္မာျပည္၏ အနာဂတ္ကို ဖ်က္ဆီးခဲ့သည္။ ဒီလုပ္ႀကံမႈက  တိုင္းျပည္အတြက္ ဘယ္ေလာက္ေတာင္ ထိခိုက္မႈရွိသလဲဆိုတာ  ေနာက္ပိုင္းတိုင္းျပည္ကို ဂ်ဳံးဂ်ဳံးက်ေအာင္ ျဖစ္လာေစတဲ့ အာဏာရွင္ေတြႀကီးစိုးလာတာကို ၾကည့္ရင္ သိမယ္ထင္သည္။ ေနာက္ပိုင္းအုပ္စိုးခဲ့သည့္ အာဏာ ရွင္ေတြကေတာ့ ဂ႒ဳန္ဦးေစာထက္ပင္ ဆိုးေလသည္ဟု ဆိုရမလား။သူတို႔ ႀကီးစိုးခဲ့သည့္  ႏွစ္ ၅၀ ေက်ာ္ အတြင္း တိုင္းျပည္အတြင္း “လက္နက္ရွိသူ  ဗိုလ္လုပ္ ” ဆိုသည့္ ေလာကပါလတရားကို ပ်က္ေစသည့္ အဓမၼတရား ထြန္း ကားေအာင္၊ လူငယ္ေတြကို မေကာင္းသည့္ စိတ္ဓာတ္ ႐ိုက္သြင္းခဲ့သည္။ ထိုစိတ္ဓာတ္က ယခုျဖစ္ေနသည့္ “ကိုယ္လုပ္ေနတာ လူတစ္ေယာက္လုပ္သင့္သည့္အလုပ္ဟုတ္ရဲ႕လား “ဆိုသည္ကိုပင္မေတြးေတာႏိုင္သည့္အထိ စိတ္ဓာတ္ေတြ ေအာက္တန္းက်သည္အထိျဖစ္ရသည့္ အခင္းအက်င္းေတြကိုၾကည့္လွ်င္ ျမင္ရမည္ျဖစ္သည္။

ဒါေၾကာင့္လည္း ဆရာေဇာ္ဂ်ီက ၁၉၆၄ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္တို႔ လုပ္ႀကံသတ္ျဖတ္ခံရတာကို ရည္ၫႊန္းၿပီး ခံျပင္းစြာနဲ႔ ေနာက္လူေတြ အတြက္ ကဗ်ာတစ္ပုဒ္ကို ေရးခဲ့ပါတယ္။ ဒီကဗ်ာက “ေျပာလိုက္ပါဘိ၊ ေဟာပါဘိ” ဆိုတဲ့ ကဗ်ာပင္။

“ ေျပာလိုက္ပါဘိ ေဟာပါဘိ”

====================================

ငါ့ညီေျပာင္ဝင္း၊ ေမာင္သစ္ဆင္း၊

မင္း၏သက္လွယ္၊ မင္း သားငယ္သည္၊

သက္ႏွစ္ဆယ္ပင္ျပည့္ခဲ့ၿပီ။

သူသုံးႏွစ္သား၊ ေဖၚခ်င္းမ်ားႏွင့္၊

အူယားဖါးယား၊

ကစားရာမွ၊ ႏြား႐ုပ္ခ်၍၊

နတ္က်သည့္သြင္၊ မင့္ရင္ခြင္သို႔၊

ေျပးဝင္ပုန္းလာ၊ သူ႔မူရာကို၊

ငါျမင္ခဲ့၏ မွတ္မိ၏။

မိုးကစိုစို၊ က်ီးအုပ္ၿပိဳ၍၊

ထိုမွဤမွ၊ တို႔လမ္းမတြင္၊

ပ်ံၾကဝဲၾက၊ ငရဲကသို႔၊

အုံျြကျမည္အာ၊ မသာယာကို၊

ငါၾကားခဲ့၏ မွတ္မိ၏။

ထိုေန႔၌ပင္၊ ထိုခ်ိန္ထင္၏၊

သခင္ေအာင္ဆန္း၊ ျပည္သူ႔ပန္းသည္၊

ပြင့္လန္းခါစ၊ ေႂကြလိုက္ရ၏၊

ေျမခသတင္း၊ မိုးႀကိဳးခြင္းသို႔၊

အိမ္တြင္းအိမ္ျပင္၊ တို႔လမ္းခြင္၌၊

မခ်င္မရဲ၊ ဝမ္းနဲခံခက္၊

မ်က္စိမ်က္ႏွာ၊ ညႇိဳးၾကရွာသည္၊

႐ြာဦးပိုင္းမွ သခ်ႋဳင္းထိ။

ငါ့ညီေျပာင္ဝင္း၊ ေမာင္သစ္ဆင္း

မင္း၏သားငယ္၊ ႏွစ္ဆယ္သက္စစ္၊

သူတို႔ေခတ္၌၊ တိုင္းခ်စ္ျပည္ခင္၊

ျမတ္ေစခ်င္၏၊ မင္းျမင္ငါၾကား၊

စကားဥဒါန္း၊ ဆန္း၏သတၱိ၊

ဆန္း၏သမာဓိ၊ ဆန္း၏ပညာ၊

ဆန္းမွာဆုံေပါင္း၊ ေယာက်ာ္းေကာင္းတို႔၊

ေခါင္းေဆာင္သေဘာ၊ မင့္သားေခ်ာကို၊

ေျပာလိုက္ပါဘိ ေဟာပါဘိ။ ။

ဒီကဗ်ာကို ကြၽန္ေတာ္တို႔သင္ရသည့္အခါ ဆရာက တစ္ေၾကာင္းခ်င္း တစ္ပုဒ္ခ်င္း အနက္အဓိပၸါယ္ ဖြင့္ ဆိုျပခဲ့သျဖင့္ အာဇာနည္ဆိုတာကို ျမတ္ႏိုးတန္ဖိုးထားသည့္ စိတ္ျဖစ္ေစသလို ဗိုလ္ခ်ဳပ္အပါအဝင္ လြတ္လပ္ ေရးအတြက္ အသက္ေပးခဲ့သည့္ သူေတြကို ေလးစားအားက်စိတ္လည္း ထိုကဗ်ာက ျဖစ္ထြန္းေစခဲ့ပါတယ္။ ကဗ်ာေၾကာင့္ ဗိုလ္ခ်ဳပ္လို စိတ္ဓာတ္နဲ႔ သတၱိ၊ ဗ်တၱိရွိ သူေတြကို ျမတ္ႏိုးသည့္စိတ္ျဖစ္ေစသလို ရာထူး၊အာဏာ အတြက္ မည္သူ႔ကိုမဆို ဖယ္ရွားသုတ္သင္တတ္သည့္ အာဏာမက္သူေတြကို မုန္းတီးစိတ္ျဖစ္ေစခဲ့သည့္အထိ ထိုကဗ်ာက တာသြားခဲ့သည္။

အခု ဒီလို ကဗ်ာကို သင္ေပးႏိုင္တဲ့ သူေတြစာသင္ေက်ာင္းေတြမွာ မရွိေတာ့လို႔ ဒီလိုျဖစ္ေနတာလား၊ အခုေကာ ဒီလို အာဇာနည္ေန႔ကို တန္ဖိုးထားေလးစားတဲ့ သူေကာရွိေသးရဲ႕လားဆိုတာ ကြၽန္ေတာ္ အခါခါစဥ္းစား မိသည္။ ဒီေခတ္က ကိုယ္က်ိဳးစြန႔္တဲ့ သူကို ေလွာင္ေျပာင္က်တဲ့ ေခတ္ ၊အမ်ားမိုးခါး ေရ ေသာက္တိုင္း မေသာက္ တဲ့ သူကို ေလွာင္ေျပာင္ကဲ့ရယ္ၾကတဲ့ေခတ္ ၊အာဇာနည္ဆိုတာ အဆိုေတာ္ နာမည္လို႔ သိၾကသူ ေပါမ်ားတဲ့ ေခတ္မွာ  ေက်းဇူးတရားဆိုတာ လူစိတ္ရွိတဲ့ သူေတြမွ သိတတ္ပါလား၊ ေမြးျမဴတတ္ၾကပါလားဆိုတာ ကြၽန္ေတာ္ ျဖည့္ေတြးေနမိေတာ့သည္။

                                                       ၿဖိဳးေဝလွ