【 ဆောင်းပါး 】“တရားစွဲဆိုခံ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအရေး ကူသူ ကယ်သူတွေ ဘာလဲဘယ်လဲ”

【  ဆောင်းပါး  】“တရားစွဲဆိုခံ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအရေး ကူသူ ကယ်သူတွေ ဘာလဲဘယ်လဲ”

အခြေခံပညာအဆင့်ကျောင်းတွေက ဆရာ၊ ဆရာမတွေ မဲရုံတာဝန်ယူရတာ ဒီချုပ်အစိုးရလက်ထက်မှာမှ မဟုတ်ပါဘူး။ အရင့် အရင်ရွေးကောက်ပွဲတွေတုန်းကလည်း ဆရာ၊ ဆရာမတွေအနေနဲ့ မဲရုံမှူး တွေအဖြစ် တာဝန်ယူခဲ့ကြရပါတယ်။ ဒီလိုရွေးကောက်ပွဲအဆက်ဆက်မှာ မဲရုံတာဝန်ယူခဲ့ကြရတဲ့ ဆရာ၊ ဆရာမတွေဟာ ဘယ်တုန်းကမှ မဲရုံတာဝန်ကြောင့် တရားစွဲမခံခဲ့ကြရပေမဲ့၊ ၂၀၂၀ ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့ကြရတဲ့ ဆရာ၊ ဆရာမတချို့တရားစွဲခံကြရပြီ။

တကယ်တော့ ၁၉၉၃ ခုနှစ်မှာ ပြည်ခိုင်ဖြိုးလူမှုရေးအသင်းကြီး စပေါ်လာကတည်းက ပြည်ခိုင်ဖြိုး အသင်းက ဦးစီးလုပ်ဆောင်တဲ့ပွဲတွေ မှန်သမျှ အခြေခံပညာကဆရာ၊ ဆရာမတွေ ဒိုင်ခံပါဝင် တာဝန်ယူခဲ့ကြရတာပါ။ ဒါကြောင့် ဆရာ၊ ဆရာမတွေထဲမှာ တချို့ကခုထိ ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည် ထောက်ခံကြသူတွေပါ။ ဒီလိုဆိုတာကြောင့် ဆရာ၊ဆရာမအားလုံး ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်ထောက်ခံသူတွေ မဟုတ်ပါဘူး။ ဒီချုပ်ပါတီကို ယုံကြည်ထောက်ခံကြသူတွေ၊ နိုင်ငံရေးအရောင်အသွေးလုံးဝမရှိသူတွေလဲရှိ ကြပါတယ်။ ဆရာ၊ ဆရာမတွေဟာ နအဖအစိုးရလက်ထက်၊ ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းက ပေးအပ်လာတဲ့တာဝန်ကို ထမ်းရွက်ခဲ့ကြပေမဲ့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူတွေ မဟုတ်ကြပါဘူး။ ၂၀၁၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတုန်းက စာရေးသူနဲ့ခင်မင်တဲ့ မူလတန်းကျောင်းအုပ်ဆရာမလေးတစ်ယောက် မဲရုံမှူး တာဝန်ယူခဲ့ရပါတယ်။ ၂၀၁၀ နိုဝင်ဘာ မဲတွေပေးအပြီး သူနဲ့ ပြန်တွေ့တော့ သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ သူက ရန်ကုန်တိုင်းထဲမှာရှိတဲ့ တပ်နယ်တခုရဲ့ မဲရုံမှာ မဲရုံမှူးအဖြစ် တာဝန်ယူရသူပါ။

“ မဲပေးရတဲ့နေ့က ညီမ နောက်တနေ့မနက် ၂ နာရီမှ အိမ်ပြန်ရောက်တယ်မမရေ။ တပ်ထဲမှာ ညီမတို့ မမတို့ ထင်သလိုမဟုတ်ဘူး။ သူတို့ပေးချင်တဲ့ပါတီကို ရဲရဲဝံ့ဝံ့ မဲပေးကြသူတွေပါလာတယ်။ နည်းတော့နည်း တာပေါ့ မမရယ်။ ညီမကတော့ ရွေးကောက်ပွဲကော်မရှင်ရုံးက ပေးတဲ့ သင်တန်းမှာ သင်ခဲ့ရတဲ့အတိုင်း တိတိ ကျကျလုပ်တယ်။ ညီမက ၄ နာရီထိုးခါနီး ရောက်လာသူတွေ အကုန်လုံး မဲပေးပြီးမှ မဲရေဖို့ စလုပ်တယ်။ မဲရေ တော့လဲ ပေးထားတဲ့စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လုပ်တယ်မမ။ အဲဒီတော့ အဲဒီတပ်နယ်မဲရုံမှာ မဲအကုန် လုံးက ပြည်ခိုင်ဖြိုးမဟုတ်ဘူး။ တခြားပါတီတွေလဲ မဲရကြတယ်။ အမေဆိုတာ မနက် ၂ နာရီထိုး ကျွန်မအိမ် ပေါ်ရောက်လာမှ သက်ပြင်းချပြီးအိပ်ရာဝင်နိုင်တော့တယ်”

ဒီမူလတန်းကျောင်းအုပ်ဆရာမလေးက နိုင်ငံရေးဝါသနာမပါပါ။ ဒေါ်အောင်ဆန်းစုကြည် ခရေဇီ မဟုတ်သလို၊ နအဖအစိုးရနဲ့ ပြည်ခိုင်ဖြိုးကို မုန်းတီးသူလည်း မဟုတ်ပါ။ သူက မဲပေးခွင့်ရှိသူတွေ မဲပေးခွင့် မဆုံးရှုံးဖို့နဲ့ ကော်မရှင်က ပေးထားတဲ့ မဲရုံမှူးသင်တန်းမှာ သင်ခဲ့ရတဲ့ ချမှတ်ထားတဲ့ စည်းကမ်းနဲ့ အညီ သူ့တာဝန်ကို ထမ်းဆောင်ခဲ့တာသာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက စာရေးသူတို့က ရပ်ကွက်ထဲမှာရှိတဲ့ အလယ်တန်း ကျောင်းတကျောင်း မှာ မဲပေးရပါတယ်။ ဒါပေမဲ့ မဲရေတွက်တော့ စာရေးသူတို့ရပ်ကွက်ထဲက အထက်တန်းကျောင်းတကျောင်းမှာ ရေတွက်ပါတယ်။ စာရေးသူတို့ မျက်စေ့ရှေ့တင် ပြည်ခိုင်ဖြိုးပွဲမှန်သမျှ အဲဒီကျောင်းက ဆရာ၊ ဆရာမတွေ ပါဝင်ကြတာမြင်ထားရတော့၊ ဆရာ၊ဆရာမတွေကို အပြည့်အဝမယုံကြည်ပါဘူး။ တဘက်မှာတော့ ဦးသိန်းစိန်အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲရက်မတိုင်မီ ကတည်းက မဲရေတွက်ချိန် စောင့်ကြည့်ကြမယ့် ရပ်မိရပ်ဖ တဦးအဖြစ် စာရေးသူက စာရင်းပေးထားပါတယ်။ မဲရုံကို ၄ နာရီကတည်းက ပိတ်လိုက်ပေမဲ့ မဲရုံထဲရောက်နေသူတွေ မကုန်မခြင်း မဲပေးနေလို့ ညနေ ၅ နာရီကျော်မှ မဲတွေကို စရေတွက်ကြရပါတယ်။

မဲရေတွက်တဲ့ ဆရာ၊ ဆရာမတွေက စင်ပေါ်မှာ။ စာရေးသူအပါအဝင် ရွေးကောက်ပွဲဝင်ကြတဲ့ ပါတီတွေက ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စား မဲရေတွက်တာကို လာစောင့်ကြည့်သူတွေနဲ့ တခြားတာဝန်ရှိ သူတွေ စုံစုံလင်လင်ပါပဲ။ မဲစာရွက်တရွက်ထွက်လာတိုင်း ပရိသတ်ဘက် အရင်ပြပါတယ်။ ပြီးမှ ဘယ်ပါတီကို မဲပေးထားတယ်ဆိုတာ ဆက်ပြောပါတယ်။ မဲစာရွက်ဖွင့်သူဆရာက ပြောတဲ့ မဲကို သက်ဆိုင်ရာပါတီ အောက် မှာ ဆရာမတယောက်က တာလီချိုးပေးပါတယ်။ ပယ်မဲဖြစ်နေတဲ့ မဲစာရွက်ဆို အချိန်နည်းနည်းပိုပြီး ပရိသတ်ဘက်ကို စာရွက်ထောင်ပြပါတယ်။ ကြိုတင်မဲအားလုံးရေတွက်ပြီးသွားချိန်မှာ ပြည်ခိုင်ဖြိုးက ဒီချုပ် ကို မဲတစ်ထောင်ကျော်ဖြတ်ထားပါတယ်။ ဒါပေမဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ပေးတဲ့ မဲပုံးတွေ တပုံးပြီးတပုံး ဖေါက်ရေတော့ ထွက်လာသမျှ မဲအားလုံးနီးပါးက ဒီချုပ်မဲတွေဖြစ်နေပါတယ်။ မဲစာရွက်ဖတ်တဲ့ ဆရာ အသံ တွေဝင်လာပြီး ‘ဒီ’လို့ တလုံးတည်းပဲအော်နိုင်တော့တာကို ခုထိ မှတ်မိနေပါတယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အတွက် ကိုယ်စားလာသူတွေက အပြုံးမပျက်ကြလို့ စာရေးသူတို့ စိတ်သက်သာရာရခဲ့ကြပါတယ်။

၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေဟာ ဘယ်ပါတီကမှ အရေးယူ တာမခံခဲ့ကြရပါဘူး။ ဆရာ၊ဆရာမတွေ ဘယ်ပါတီဘက် ပင်းတယ်လို့လည်း စွပ်စွဲမခံကြရပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲကျမှ ဆရာ၊ ဆရာမတွေခမျာ ဒီချုပ်ပါတီဘက် မျက်နှာလိုက်တယ်စွပ်စွဲခံကြရ၊ မမှန်မကန်လုပ်ဆောင်တယ်ဆိုပြီး တဘက်ပါတီက တရားစွဲတာခံကြရ ကြုံကြရပါပြီ။ တကယ်တော့ မဲရုံတာဝန်ရှိသူတွေ ဟာ ဆရာ၊ ဆရာမပဲဖြစ်ဖြစ် တခြားသူပဲဖြစ်ဖြစ် မဲစာရွက်တွေကို သက်သေအားလုံးရှေ့မှာ ဖြန့်ပြရ ရေတွက်ပြကြရတာပါ။ ရွေးကောက်ပွဲဝင်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲရေတွက်ချိန်မှာ မသမာတာ တွေ့တာနဲ့ချက်ခြင်းထ ကန့်ကွက်လို့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ ပေါ်ထွက်လာတဲ့ မဲရလဒ်တွေနဲ့ပတ်သက်ပြီး၊ မကျေနပ်လို့ ပြည်ခိုင်ဖြိုးပါတီက အကြိမ်ကြိမ်သတင်းစာရှင်းပွဲတွေ လုပ်ခဲ့ပါတယ်။ သတင်းစာရှင်းပွဲတခုမှာ ပြည်ခိုင်ဖြိုး တာဝန်ရှိသူတဦးက မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတချို့ဟာ ဒီချုပ်ပါတီလက်ကို မျက်နှာသာ ပေးတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ ဆရာ၊ ဆရာမ ၁၃ ယောက်အမှုဖွင့် တိုင်ကြားခံခဲ့ရပါတယ်။ ၁၁ မှုက ညှိနှိုင်းကျေအေးသွားပြီး၊ လက်ရှိမှာ အမှု ၂ မှုကို တရားစွဲခံကြရတဲ့ ဆရာမ တွေ ရင်ဆိုင်နေကြရပါတယ်။

တရားစွဲခံထားရတဲ့ ဆရာမတွေကို ပညာရေးဝန်ကြီးဌာနက ကူညီဖြေရှင်းပေးမယ်ဆိုတဲ့ သတင်းတွေ ကို တချို့သတင်းမီဒီယာတွေကဖော်ပြခဲ့လို့ တရားစွဲခံဆရာမတွေအတွက် လူထုက စိတ်အေးနေကြပါတယ်။ ဒါပေမဲ့ ၂၁.၁.၂၀၂၁ ရက်နေ့မှာ မင်းထွန်းဆိုတဲ့ အမည်နဲ့ဖေ့စ်ဘုတ်သုံးနေသူက“ တာဝန်ရှိသူများခင်ဗျားလို့ အစချီပြီး၊ ကျွန်တော်တို့ပျော်ဘွယ်မြို့နယ်မှာ ပေါက်အင်းမဲရုံမှူးဆရာမကြီး ရွေးကော်ပုဒ်မ ၆၁(က)နဲ့ တရားရင်ဆိုင်နေရတာ ရုံးချိန်း ၅ ကြိမ်ရှိသွားပါပြီ။ ဘယ်ဌာန၊ဘယ်လူကြီးကမှ အကူအညီမပေးပါဘူး။ ကျွန်တော်တို့ MTF ( မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမအသင်း) က၊ ဥပဒေပညာရှင်နဲ့ချိတ်ဆက်ကူညီပေးနေပါတယ်။ ဝန်ကြီးနဲ့ NESP phase 2, Zoom meeting ( ပညာရေးဝန်ကြီးနဲ့ ပြု လုပ်ခဲ့တဲ့ နည်းပညာသုံး အစည်းအဝေး) မှာ ကျွန်တော်ပြောခဲ့ဖူးပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒီရေးသားမှုအောက်မှာပဲ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန( နေပြည်တော်) က၊ ထုတ်ပြန်ထားတဲ့စာကိုပါ ပြန်ဖော်ပြပေးထားပါတယ်။ အခြေခံပညာဦးစီးဌာနကထုတ်ပြန်ထားတဲ့စာကို အချုပ် ဖော်ပြရမယ်ဆိုရင်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ယူခဲ့ရတဲ့ ဆရာ၊ ဆရာမတွေထဲက တရားစွဲခံရတဲ့ ဆရာ၊ ဆရာမတွေကို သက်ဆိုင်ရာပညာရေးမှူးတွေက ဥပဒေကြောင်းအရ အကူအညီပေးကြဖို့၊ အကြောင်းကြားထားပြီးဖြစ်တယ်။ တရားစွဲခံကြရတဲ့ ဆရာမတွေက ဆက်သွယ်ရမယ့် ပညာရေးအရာရှိအမည်၊ ရာထူးနဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြပေးထားတဲ့စာဖြစ်ပါတယ်။

၂၂.၁.၂၀၂၁ ရက်နေ့မှာ ပုဂ္ဂလိက ရုပ်သံတခုက တရားစွဲခံရတဲ့ ဆရာမတွေနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင် တခုကိုထုတ်လွှင့်ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ခံဆရာ၊ ဆရာမတချို့ တရားစွဲခံရတဲ့အပေါ် သက်ဆိုင်ရာဌာနတွေက ကူညီဖြေရှင်းပေးမယ်ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ လက်တွေ့ မြေပြင် အနေအထားအရ တရားစွဲခံရတဲ့ ဆရာမတွေကို ကူညီပေးမှုဘာမှ မရှိဘူးလို့ ထုတ်လွှင့်သွားပါတယ်။ ရွေးကောက်ပွဲဥပဒေ ၅၉(ဇ) နဲ့ အမှုရင်ဆိုင်နေရတဲ့ ဆရာမတဦးကလဲ ဒီလိုတရားစွဲခံရတာကို ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးမယ်လို့ထင်ခဲ့တာ၊ လက်တွေ့မှာတော့၊ အမှုရင်ဆိုင်နေရတဲ့ အပေါ် ရွေးကော်ဘက် က တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူးလို့ ကာယကံရှင်ဆရာမကိုယ်တိုင်က ပြောကြားသွားပါတယ်။ အခြေခံ ပညာဆရာအသင်းက အလုပ်အမှုဆောင် ဆရာတဦးကလည်း“ ဆရာ၊ ဆရာမတွေကို တရားစွဲခွင့်ပြုလိုက်တယ်ဆိုတဲ့ စာထွက်လာတာကိုက မဟုတ် သေးဘူး။ ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့ရတဲ့ ဆရာ၊ ဆရာမတွေကို ဘယ်လိုမှတရားစွဲစရာအကြောင်းမရှိဘူး။ ပုသိမ်မှာ အမှုရင်ဆိုင်နေရာတဲ့ဆရာမကို ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ အနေနဲ့ ဆက်သွယ်မေးမြန်းတာ၊ ကူညီ တာမရှိဘူး။ အခုလိုဖြစ်လာတော့ ဆရာ၊ ဆရာမတွေကို တာဝန်ရှိသူတွေက ကူညီပေးနေပါတယ်ဆိုတာ ဘယ်နေရာ မှာ ဘယ်လိုကူညီနေတာလဲလို့ မေးခွန်းပြန်ထုတ်ချင်တယ်” လို့ ပြောဆိုသွားပါတယ်။

အဲဒီ ရုပ်သံမှာပဲ အခြေခံပညာဦးစီးဌာနက တာဝန်ရှိသူတဦးက “ အမှုကျူးလွန်ထားတဲ့ ဆရာ၊ ဆရာမ တွေကို ယူအီးစီက တရားစွဲထားတယ်ဆိုတာ၊ သူတို့ အပြစ်ကျူးလွန်ရင် သူတို့ခံရမှာပေါ့။ တယောက်မကျန် ဘယ်သူ့ကို မကူညီဘူးဆိုတာ မဟုတ်ဘူး။ ဖွနေတာ “ စသဖြင့်ပြောဆိုသွားပါတယ်။ ယူအီးစီက တရားစွဲတာ ခံရတဲ့ ဆရာမ ၂ ဦးကို လူထုက သိပါတယ်။ ဆရာမတဦးတည်းက ၂ နေရာကြိုတင်မဲ ထည့်လို့ တရားစွဲခံရသူ တယောက်၊ ကြိုတင်မဲလာထည့်သူက ပေးခိုင်းတဲ့ပါတီကို မဲမပေးဘဲ၊ သူပေးစေချင်တဲ့ပါတီကို တံဆိပ်တုံး ထု ပေးလို့ တရားစွဲခံရတဲ့ ဆရာမက တယောက်ဆိုတာ အားလုံးသိကြပါတယ်။ အခု ရုပ်သံဌာနက လွှင့်သွားတဲ့ တရားစွဲခံရတဲ့ ဆရာမတွေဆိုတာ ယူအီးစီက စွဲတာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေက စွဲကြတာပါ။

ဆရာ၊ ဆရာမတွေ တရားစွဲခံရပြီဆိုကတည်းက ပညာရေးဝန်ကြီးဌာနနဲ့ ရွေးကောက်ပွဲကော် မရှင်ခွဲ တွေက  လက်တွဲပြီး မေးမြန်းကူညီဖြေရှင်းပေးသင့်တာပါ။ တရားစွဲခံကြရတာက ၂၀၂၀ နိုဝင်ဘာ၊ ဒီဇင်ဘာ ကတည်းကပါ။ ပညာရေးဝန်ကြီးဌာန၊ အခြေခံဦးစီးဌာနက ထုတ်ပြန်တဲ့ တရားစွဲခံ ဆရာတွေနဲ့ ပတ်သက်တဲ့ စာမှာ ရက်စွဲမပါပါဘူး။ ဖေ့စ်ဘုတ်ပေါ်ကို ဒီစာ ၂၁.၁.၂၀၂၁ နေ့ကမှ တက်လာပါ။ ပျော်ဘွယ်မှာ အမှုရင် ဆိုင်နေရတဲ့ ဆရာမကို ရှေ့နေကြီးဦးသိန်းသန်းဦးက အခကြေးငွေမယူဘဲ မေတ္တာနဲ့ အမှုလိုက်ပေးနေ ပါ တယ်။ ဒါပေမဲ့ အမှုချိန်းရှိတဲ့ရက်မှာ ရှေ့နေကြီးဦးသိန်းသန်းဦးဟာ သူ့ကားနဲ့သူ မန္တလေးကနေ ပျော်ဘွယ် ကိုလာရတာပါ။ ဒီတော့ ရှေ့နေကြီးငြင်းဆန်နေတဲ့ကြားက မြန်မာနိုင်ငံဆရာ ဆရာမများအသင်းက အသင်းငွေနဲ့ ကားဓာတ်ဆီဖြည့်ပေးနေကြတာပါ။

ပညာရေးဝန်ကြီးဌာနနဲ့ တရားစွဲခံ ဆရာမတွေကြားမှာ ဘယ်လို လစ်ဟာမှု နဲ့ အချိတ်အဆက်ပြတ် မှုတွေကြောင့် ဒီလိုအသံတွေထွက်လာတယ် ဆိုတာ မသိရပေမဲ့၊ ဆရာမတွေ ကူညီသူမဲ့ဖြစ်ရတာ ဆိုးဝါးလှ ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ တာဝန်ကျဆရာ၊ ဆရာမတွေ တရားစွဲခံကြရတာ၊ ပါတီတဖွဲ့ကို ဘက်လိုက် ဆောင်ရွက်ပေးကြတယ်လို့ စွပ်စွဲခံရတာတွေဟာ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ဆရာ၊ ဆရာမတွေရဲ့ တာဝန်ယူလိုစိတ်ကို အဟန့်အတားဖြစ်စေပါလိမ့်မယ်။ တကယ်တော့ အခြခံပညာဆရာ၊ ဆရာမတွေမှာ ငွေအင်အားနဲ့ လုပ်ပိုင်ခွင့် ဘာမှ ရှိကြသူတွေ မဟုတ်ပါဘူး။ ရွေးကောက်ပွဲတာဝန်ကို ဆောင်ရွက်ပေး ကြရ တာကြောင့် နိုင်ငံရေးပါတီတွေက တရားစွဲတာခံရတယ်ဆိုတာ ၂၀၁၀ ရွေးကောက်ပွဲက စလို့ ဒါပထမဆုံးဖြစ် ပါတယ်။ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တွေက တာဝန်ပေးလို့ ပေးတဲ့ တာဝန်ကို ဆောင်ရွက်ရတဲ့ ဆရာ၊ ဆရာမတွေရဲ့အမှု အမြန်ပြီးပြတ်ရေး ဆောင်ရွက်ပေးဖို့ ရွေးကော်နဲ့ ပညာရေးဝန်ကြီးဌာနမှာ တာဝန် အပြည့်အဝရှိကြောင်း သိစေအပ်ပါတယ်။

 

ခင်နှင်းဦး

 

(  Zawgyi  )

 

 အေျခခံပညာအဆင့္ေက်ာင္းေတြက ဆရာ၊ ဆရာမေတြ မဲ႐ုံတာဝန္ယူရတာ ဒီခ်ဳပ္အစိုးရလက္ထက္မွာမွ မဟုတ္ပါဘူး။ အရင့္ အရင္ေ႐ြးေကာက္ပြဲေတြတုန္းကလည္း ဆရာ၊ ဆရာမေတြအေနနဲ႔ မဲ႐ုံမႉး ေတြအျဖစ္ တာဝန္ယူခဲ့ၾကရပါတယ္။ ဒီလိုေ႐ြးေကာက္ပြဲအဆက္ဆက္မွာ မဲ႐ုံတာဝန္ယူခဲ့ၾကရတဲ့ ဆရာ၊ ဆရာမေတြဟာ ဘယ္တုန္းကမွ မဲ႐ုံတာဝန္ေၾကာင့္ တရားစြဲမခံခဲ့ၾကရေပမဲ့၊ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တာဝန္ယူခဲ့ၾကရတဲ့ ဆရာ၊ ဆရာမတခ်ိဳ႕တရားစြဲခံၾကရၿပီ။

တကယ္ေတာ့ ၁၉၉၃ ခုႏွစ္မွာ ျပည္ခိုင္ၿဖိဳးလူမႈေရးအသင္းႀကီး စေပၚလာကတည္းက ျပည္ခိုင္ၿဖိဳး အသင္းက ဦးစီးလုပ္ေဆာင္တဲ့ပြဲေတြ မွန္သမွ် အေျခခံပညာကဆရာ၊ ဆရာမေတြ ဒိုင္ခံပါဝင္ တာဝန္ယူခဲ့ၾကရတာပါ။ ဒါေၾကာင့္ ဆရာ၊ ဆရာမေတြထဲမွာ တခ်ိဳ႕ကခုထိ ျပည္ခိုင္ၿဖိဳးပါတီကို ယုံယုံၾကည္ၾကည္ ေထာက္ခံၾကသူေတြပါ။ ဒီလိုဆိုတာေၾကာင့္ ဆရာ၊ဆရာမအားလုံး ျပည္ခိုင္ၿဖိဳးပါတီကို ယုံၾကည္ေထာက္ခံသူေတြ မဟုတ္ပါဘူး။ ဒီခ်ဳပ္ပါတီကို ယုံၾကည္ေထာက္ခံၾကသူေတြ၊ ႏိုင္ငံေရးအေရာင္အေသြးလုံးဝမရွိသူေတြလဲရွိ ၾကပါတယ္။ ဆရာ၊ ဆရာမေတြဟာ နအဖအစိုးရလက္ထက္၊ ဦးသိန္းစိန္ အစိုးရ လက္ထက္တုန္းက ေပးအပ္လာတဲ့တာဝန္ကို ထမ္း႐ြက္ခဲ့ၾကေပမဲ့ ျပည္ခိုင္ၿဖိဳးပါတီကို ေထာက္ခံသူေတြ မဟုတ္ၾကပါဘူး။ ၂၀၁၀ ျပည့္ႏွစ္ ပါတီစုံေ႐ြးေကာက္ပြဲတုန္းက စာေရးသူနဲ႔ခင္မင္တဲ့ မူလတန္းေက်ာင္းအုပ္ဆရာမေလးတစ္ေယာက္ မဲ႐ုံမႉး တာဝန္ယူခဲ့ရပါတယ္။ ၂၀၁၀ ႏိုဝင္ဘာ မဲေတြေပးအၿပီး သူနဲ႔ ျပန္ေတြ႕ေတာ့ သူ႔အေတြ႕အႀကဳံကို ျပန္ေျပာျပပါတယ္။ သူက ရန္ကုန္တိုင္းထဲမွာရွိတဲ့ တပ္နယ္တခုရဲ႕ မဲ႐ုံမွာ မဲ႐ုံမႉးအျဖစ္ တာဝန္ယူရသူပါ။

“ မဲေပးရတဲ့ေန႔က ညီမ ေနာက္တေန႔မနက္ ၂ နာရီမွ အိမ္ျပန္ေရာက္တယ္မမေရ။ တပ္ထဲမွာ ညီမတို႔ မမတို႔ ထင္သလိုမဟုတ္ဘူး။ သူတို႔ေပးခ်င္တဲ့ပါတီကို ရဲရဲဝံ့ဝံ့ မဲေပးၾကသူေတြပါလာတယ္။ နည္းေတာ့နည္း တာေပါ့ မမရယ္။ ညီမကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးက ေပးတဲ့ သင္တန္းမွာ သင္ခဲ့ရတဲ့အတိုင္း တိတိ က်က်လုပ္တယ္။ ညီမက ၄ နာရီထိုးခါနီး ေရာက္လာသူေတြ အကုန္လုံး မဲေပးၿပီးမွ မဲေရဖို႔ စလုပ္တယ္။ မဲေရ ေတာ့လဲ ေပးထားတဲ့စည္းမ်ဥ္းစည္းကမ္းအတိုင္းပဲ လုပ္တယ္မမ။ အဲဒီေတာ့ အဲဒီတပ္နယ္မဲ႐ုံမွာ မဲအကုန္ လုံးက ျပည္ခိုင္ၿဖိဳးမဟုတ္ဘူး။ တျခားပါတီေတြလဲ မဲရၾကတယ္။ အေမဆိုတာ မနက္ ၂ နာရီထိုး ကြၽန္မအိမ္ ေပၚေရာက္လာမွ သက္ျပင္းခ်ၿပီးအိပ္ရာဝင္ႏိုင္ေတာ့တယ္”

ဒီမူလတန္းေက်ာင္းအုပ္ဆရာမေလးက ႏိုင္ငံေရးဝါသနာမပါပါ။ ေဒၚေအာင္ဆန္းစုၾကည္ ခေရဇီ မဟုတ္သလို၊ နအဖအစိုးရနဲ႔ ျပည္ခိုင္ၿဖိဳးကို မုန္းတီးသူလည္း မဟုတ္ပါ။ သူက မဲေပးခြင့္ရွိသူေတြ မဲေပးခြင့္ မဆုံးရႈံးဖို႔နဲ႔ ေကာ္မရွင္က ေပးထားတဲ့ မဲ႐ုံမႉးသင္တန္းမွာ သင္ခဲ့ရတဲ့ ခ်မွတ္ထားတဲ့ စည္းကမ္းနဲ႔ အညီ သူ႔တာဝန္ကို ထမ္းေဆာင္ခဲ့တာသာျဖစ္ပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက စာေရးသူတို႔က ရပ္ကြက္ထဲမွာရွိတဲ့ အလယ္တန္း ေက်ာင္းတေက်ာင္း မွာ မဲေပးရပါတယ္။ ဒါေပမဲ့ မဲေရတြက္ေတာ့ စာေရးသူတို႔ရပ္ကြက္ထဲက အထက္တန္းေက်ာင္းတေက်ာင္းမွာ ေရတြက္ပါတယ္။ စာေရးသူတို႔ မ်က္ေစ့ေရွ႕တင္ ျပည္ခိုင္ၿဖိဳးပြဲမွန္သမွ် အဲဒီေက်ာင္းက ဆရာ၊ ဆရာမေတြ ပါဝင္ၾကတာျမင္ထားရေတာ့၊ ဆရာ၊ဆရာမေတြကို အျပည့္အဝမယုံၾကည္ပါဘူး။ တဘက္မွာေတာ့ ဦးသိန္းစိန္အစိုးရနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို မယုံၾကည္ပါဘူး။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲရက္မတိုင္မီ ကတည္းက မဲေရတြက္ခ်ိန္ ေစာင့္ၾကည့္ၾကမယ့္ ရပ္မိရပ္ဖ တဦးအျဖစ္ စာေရးသူက စာရင္းေပးထားပါတယ္။ မဲ႐ုံကို ၄ နာရီကတည္းက ပိတ္လိုက္ေပမဲ့ မဲ႐ုံထဲေရာက္ေနသူေတြ မကုန္မျခင္း မဲေပးေနလို႔ ညေန ၅ နာရီေက်ာ္မွ မဲေတြကို စေရတြက္ၾကရပါတယ္။

မဲေရတြက္တဲ့ ဆရာ၊ ဆရာမေတြက စင္ေပၚမွာ။ စာေရးသူအပါအဝင္ ေ႐ြးေကာက္ပြဲဝင္ၾကတဲ့ ပါတီေတြက ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ကိုယ္စား မဲေရတြက္တာကို လာေစာင့္ၾကည့္သူေတြနဲ႔ တျခားတာဝန္ရွိ သူေတြ စုံစုံလင္လင္ပါပဲ။ မဲစာ႐ြက္တ႐ြက္ထြက္လာတိုင္း ပရိသတ္ဘက္ အရင္ျပပါတယ္။ ၿပီးမွ ဘယ္ပါတီကို မဲေပးထားတယ္ဆိုတာ ဆက္ေျပာပါတယ္။ မဲစာ႐ြက္ဖြင့္သူဆရာက ေျပာတဲ့ မဲကို သက္ဆိုင္ရာပါတီ ေအာက္ မွာ ဆရာမတေယာက္က တာလီခ်ိဳးေပးပါတယ္။ ပယ္မဲျဖစ္ေနတဲ့ မဲစာ႐ြက္ဆို အခ်ိန္နည္းနည္းပိုၿပီး ပရိသတ္ဘက္ကို စာ႐ြက္ေထာင္ျပပါတယ္။ ႀကိဳတင္မဲအားလုံးေရတြက္ၿပီးသြားခ်ိန္မွာ ျပည္ခိုင္ၿဖိဳးက ဒီခ်ဳပ္ ကို မဲတစ္ေထာင္ေက်ာ္ျဖတ္ထားပါတယ္။ ဒါေပမဲ့ ၂၀၁၅ ႏိုဝင္ဘာ ၈ ရက္ေန႔ေပးတဲ့ မဲပုံးေတြ တပုံးၿပီးတပုံး ေဖါက္ေရေတာ့ ထြက္လာသမွ် မဲအားလုံးနီးပါးက ဒီခ်ဳပ္မဲေတြျဖစ္ေနပါတယ္။ မဲစာ႐ြက္ဖတ္တဲ့ ဆရာ အသံ ေတြဝင္လာၿပီး ‘ဒီ’လို႔ တလုံးတည္းပဲေအာ္ႏိုင္ေတာ့တာကို ခုထိ မွတ္မိေနပါတယ္။ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ အတြက္ ကိုယ္စားလာသူေတြက အၿပဳံးမပ်က္ၾကလို႔ စာေရးသူတို႔ စိတ္သက္သာရာရခဲ့ၾကပါတယ္။

၂၀၁၀၊ ၂၀၁၅ ေ႐ြးေကာက္ပြဲေတြမွာ မဲ႐ုံတာဝန္က် ဆရာ၊ ဆရာမေတြဟာ ဘယ္ပါတီကမွ အေရးယူ တာမခံခဲ့ၾကရပါဘူး။ ဆရာ၊ဆရာမေတြ ဘယ္ပါတီဘက္ ပင္းတယ္လို႔လည္း စြပ္စြဲမခံၾကရပါဘူး။ ၂၀၂၀ ေ႐ြးေကာက္ပြဲက်မွ ဆရာ၊ ဆရာမေတြခမ်ာ ဒီခ်ဳပ္ပါတီဘက္ မ်က္ႏွာလိုက္တယ္စြပ္စြဲခံၾကရ၊ မမွန္မကန္လုပ္ေဆာင္တယ္ဆိုၿပီး တဘက္ပါတီက တရားစြဲတာခံၾကရ ႀကဳံၾကရပါၿပီ။ တကယ္ေတာ့ မဲ႐ုံတာဝန္ရွိသူေတြ ဟာ ဆရာ၊ ဆရာမပဲျဖစ္ျဖစ္ တျခားသူပဲျဖစ္ျဖစ္ မဲစာ႐ြက္ေတြကို သက္ေသအားလုံးေရွ႕မွာ ျဖန႔္ျပရ ေရတြက္ျပၾကရတာပါ။ ေ႐ြးေကာက္ပြဲဝင္တဲ့ ပါတီကိုယ္စားလွယ္ေလာင္းေတြဟာ မဲေရတြက္ခ်ိန္မွာ မသမာတာ ေတြ႕တာနဲ႔ခ်က္ျခင္းထ ကန႔္ကြက္လို႔ရပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ေပၚထြက္လာတဲ့ မဲရလဒ္ေတြနဲ႔ပတ္သက္ၿပီး၊ မေက်နပ္လို႔ ျပည္ခိုင္ၿဖိဳးပါတီက အႀကိမ္ႀကိမ္သတင္းစာရွင္းပြဲေတြ လုပ္ခဲ့ပါတယ္။ သတင္းစာရွင္းပြဲတခုမွာ ျပည္ခိုင္ၿဖိဳး တာဝန္ရွိသူတဦးက မဲ႐ုံတာဝန္က် ဆရာ၊ ဆရာမတခ်ိဳ႕ဟာ ဒီခ်ဳပ္ပါတီလက္ကို မ်က္ႏွာသာ ေပးတယ္လို႔ စြပ္စြဲခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲမွာ ပါဝင္ေဆာင္႐ြက္ေပးခဲ့တဲ့ ဆရာ၊ ဆရာမ ၁၃ ေယာက္အမႈဖြင့္ တိုင္ၾကားခံခဲ့ရပါတယ္။ ၁၁ မႈက ညႇိႏႈိင္းေက်ေအးသြားၿပီး၊ လက္ရွိမွာ အမႈ ၂ မႈကို တရားစြဲခံၾကရတဲ့ ဆရာမ ေတြ ရင္ဆိုင္ေနၾကရပါတယ္။

တရားစြဲခံထားရတဲ့ ဆရာမေတြကို ပညာေရးဝန္ႀကီးဌာနက ကူညီေျဖရွင္းေပးမယ္ဆိုတဲ့ သတင္းေတြ ကို တခ်ိဳ႕သတင္းမီဒီယာေတြကေဖာ္ျပခဲ့လို႔ တရားစြဲခံဆရာမေတြအတြက္ လူထုက စိတ္ေအးေနၾကပါတယ္။ ဒါေပမဲ့ ၂၁.၁.၂၀၂၁ ရက္ေန႔မွာ မင္းထြန္းဆိုတဲ့ အမည္နဲ႔ေဖ့စ္ဘုတ္သုံးေနသူက“ တာဝန္ရွိသူမ်ားခင္ဗ်ားလို႔ အစခ်ီၿပီး၊ ကြၽန္ေတာ္တို႔ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွာ ေပါက္အင္းမဲ႐ုံမႉးဆရာမႀကီး ေ႐ြးေကာ္ပုဒ္မ ၆၁(က)နဲ႔ တရားရင္ဆိုင္ေနရတာ ႐ုံးခ်ိန္း ၅ ႀကိမ္ရွိသြားပါၿပီ။ ဘယ္ဌာန၊ဘယ္လူႀကီးကမွ အကူအညီမေပးပါဘူး။ ကြၽန္ေတာ္တို႔ MTF ( ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမအသင္း) က၊ ဥပေဒပညာရွင္နဲ႔ခ်ိတ္ဆက္ကူညီေပးေနပါတယ္။ ဝန္ႀကီးနဲ႔ NESP phase 2, Zoom meeting ( ပညာေရးဝန္ႀကီးနဲ႔ ျပဳ လုပ္ခဲ့တဲ့ နည္းပညာသုံး အစည္းအေဝး) မွာ ကြၽန္ေတာ္ေျပာခဲ့ဖူးပါတယ္” လို႔ ေရးသားခဲ့ပါတယ္။

ဒီေရးသားမႈေအာက္မွာပဲ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန( ေနျပည္ေတာ္) က၊ ထုတ္ျပန္ထားတဲ့စာကိုပါ ျပန္ေဖာ္ျပေပးထားပါတယ္။ အေျခခံပညာဦးစီးဌာနကထုတ္ျပန္ထားတဲ့စာကို အခ်ဳပ္ ေဖာ္ျပရမယ္ဆိုရင္၊ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲ႐ုံတာဝန္ယူခဲ့ရတဲ့ ဆရာ၊ ဆရာမေတြထဲက တရားစြဲခံရတဲ့ ဆရာ၊ ဆရာမေတြကို သက္ဆိုင္ရာပညာေရးမႉးေတြက ဥပေဒေၾကာင္းအရ အကူအညီေပးၾကဖို႔၊ အေၾကာင္းၾကားထားၿပီးျဖစ္တယ္။ တရားစြဲခံၾကရတဲ့ ဆရာမေတြက ဆက္သြယ္ရမယ့္ ပညာေရးအရာရွိအမည္၊ ရာထူးနဲ႔ သူတို႔ရဲ႕ ဖုန္းနံပါတ္ေတြကို ေဖာ္ျပေပးထားတဲ့စာျဖစ္ပါတယ္။

၂၂.၁.၂၀၂၁ ရက္ေန႔မွာ ပုဂၢလိက ႐ုပ္သံတခုက တရားစြဲခံရတဲ့ ဆရာမေတြနဲ႔ပတ္သက္တဲ့ ႐ုပ္သံဖိုင္ တခုကိုထုတ္လႊင့္ေပးခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲမွာ မဲ႐ုံတာဝန္ခံဆရာ၊ ဆရာမတခ်ိဳ႕ တရားစြဲခံရတဲ့အေပၚ သက္ဆိုင္ရာဌာနေတြက ကူညီေျဖရွင္းေပးမယ္ဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ လက္ေတြ႕ ေျမျပင္ အေနအထားအရ တရားစြဲခံရတဲ့ ဆရာမေတြကို ကူညီေပးမႈဘာမွ မရွိဘူးလို႔ ထုတ္လႊင့္သြားပါတယ္။ ေ႐ြးေကာက္ပြဲဥပေဒ ၅၉(ဇ) နဲ႔ အမႈရင္ဆိုင္ေနရတဲ့ ဆရာမတဦးကလဲ ဒီလိုတရားစြဲခံရတာကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျဖရွင္းေပးမယ္လို႔ထင္ခဲ့တာ၊ လက္ေတြ႕မွာေတာ့၊ အမႈရင္ဆိုင္ေနရတဲ့ အေပၚ ေ႐ြးေကာ္ဘက္ က တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိဘူးလို႔ ကာယကံရွင္ဆရာမကိုယ္တိုင္က ေျပာၾကားသြားပါတယ္။ အေျခခံ ပညာဆရာအသင္းက အလုပ္အမႈေဆာင္ ဆရာတဦးကလည္း“ ဆရာ၊ ဆရာမေတြကို တရားစြဲခြင့္ျပဳလိုက္တယ္ဆိုတဲ့ စာထြက္လာတာကိုက မဟုတ္ ေသးဘူး။ ေ႐ြးေကာက္ပြဲမွာ တာဝန္ယူခဲ့ရတဲ့ ဆရာ၊ ဆရာမေတြကို ဘယ္လိုမွတရားစြဲစရာအေၾကာင္းမရွိဘူး။ ပုသိမ္မွာ အမႈရင္ဆိုင္ေနရာတဲ့ဆရာမကို ပညာေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြ အေနနဲ႔ ဆက္သြယ္ေမးျမန္းတာ၊ ကူညီ တာမရွိဘူး။ အခုလိုျဖစ္လာေတာ့ ဆရာ၊ ဆရာမေတြကို တာဝန္ရွိသူေတြက ကူညီေပးေနပါတယ္ဆိုတာ ဘယ္ေနရာ မွာ ဘယ္လိုကူညီေနတာလဲလို႔ ေမးခြန္းျပန္ထုတ္ခ်င္တယ္” လို႔ ေျပာဆိုသြားပါတယ္။

အဲဒီ ႐ုပ္သံမွာပဲ အေျခခံပညာဦးစီးဌာနက တာဝန္ရွိသူတဦးက “ အမႈက်ဴးလြန္ထားတဲ့ ဆရာ၊ ဆရာမ ေတြကို ယူအီးစီက တရားစြဲထားတယ္ဆိုတာ၊ သူတို႔ အျပစ္က်ဴးလြန္ရင္ သူတို႔ခံရမွာေပါ့။ တေယာက္မက်န္ ဘယ္သူ႔ကို မကူညီဘူးဆိုတာ မဟုတ္ဘူး။ ဖြေနတာ “ စသျဖင့္ေျပာဆိုသြားပါတယ္။ ယူအီးစီက တရားစြဲတာ ခံရတဲ့ ဆရာမ ၂ ဦးကို လူထုက သိပါတယ္။ ဆရာမတဦးတည္းက ၂ ေနရာႀကိဳတင္မဲ ထည့္လို႔ တရားစြဲခံရသူ တေယာက္၊ ႀကိဳတင္မဲလာထည့္သူက ေပးခိုင္းတဲ့ပါတီကို မဲမေပးဘဲ၊ သူေပးေစခ်င္တဲ့ပါတီကို တံဆိပ္တုံး ထု ေပးလို႔ တရားစြဲခံရတဲ့ ဆရာမက တေယာက္ဆိုတာ အားလုံးသိၾကပါတယ္။ အခု ႐ုပ္သံဌာနက လႊင့္သြားတဲ့ တရားစြဲခံရတဲ့ ဆရာမေတြဆိုတာ ယူအီးစီက စြဲတာမဟုတ္ပါဘူး။ ႏိုင္ငံေရးပါတီေတြက စြဲၾကတာပါ။

ဆရာ၊ ဆရာမေတြ တရားစြဲခံရၿပီဆိုကတည္းက ပညာေရးဝန္ႀကီးဌာနနဲ႔ ေ႐ြးေကာက္ပြဲေကာ္ မရွင္ခြဲ ေတြက  လက္တြဲၿပီး ေမးျမန္းကူညီေျဖရွင္းေပးသင့္တာပါ။ တရားစြဲခံၾကရတာက ၂၀၂၀ ႏိုဝင္ဘာ၊ ဒီဇင္ဘာ ကတည္းကပါ။ ပညာေရးဝန္ႀကီးဌာန၊ အေျခခံဦးစီးဌာနက ထုတ္ျပန္တဲ့ တရားစြဲခံ ဆရာေတြနဲ႔ ပတ္သက္တဲ့ စာမွာ ရက္စြဲမပါပါဘူး။ ေဖ့စ္ဘုတ္ေပၚကို ဒီစာ ၂၁.၁.၂၀၂၁ ေန႔ကမွ တက္လာပါ။ ေပ်ာ္ဘြယ္မွာ အမႈရင္ ဆိုင္ေနရတဲ့ ဆရာမကို ေရွ႕ေနႀကီးဦးသိန္းသန္းဦးက အခေၾကးေငြမယူဘဲ ေမတၱာနဲ႔ အမႈလိုက္ေပးေန ပါ တယ္။ ဒါေပမဲ့ အမႈခ်ိန္းရွိတဲ့ရက္မွာ ေရွ႕ေနႀကီးဦးသိန္းသန္းဦးဟာ သူ႔ကားနဲ႔သူ မႏၲေလးကေန ေပ်ာ္ဘြယ္ ကိုလာရတာပါ။ ဒီေတာ့ ေရွ႕ေနႀကီးျငင္းဆန္ေနတဲ့ၾကားက ျမန္မာႏိုင္ငံဆရာ ဆရာမမ်ားအသင္းက အသင္းေငြနဲ႔ ကားဓာတ္ဆီျဖည့္ေပးေနၾကတာပါ။

ပညာေရးဝန္ႀကီးဌာနနဲ႔ တရားစြဲခံ ဆရာမေတြၾကားမွာ ဘယ္လို လစ္ဟာမႈ နဲ႔ အခ်ိတ္အဆက္ျပတ္ မႈေတြေၾကာင့္ ဒီလိုအသံေတြထြက္လာတယ္ ဆိုတာ မသိရေပမဲ့၊ ဆရာမေတြ ကူညီသူမဲ့ျဖစ္ရတာ ဆိုးဝါးလွ ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တာဝန္က်ဆရာ၊ ဆရာမေတြ တရားစြဲခံၾကရတာ၊ ပါတီတဖြဲ႕ကို ဘက္လိုက္ ေဆာင္႐ြက္ေပးၾကတယ္လို႔ စြပ္စြဲခံရတာေတြဟာ ေနာင္လာမယ့္ေ႐ြးေကာက္ပြဲေတြမွာ ဆရာ၊ ဆရာမေတြရဲ႕ တာဝန္ယူလိုစိတ္ကို အဟန႔္အတားျဖစ္ေစပါလိမ့္မယ္။ တကယ္ေတာ့ အျခခံပညာဆရာ၊ ဆရာမေတြမွာ ေငြအင္အားနဲ႔ လုပ္ပိုင္ခြင့္ ဘာမွ ရွိၾကသူေတြ မဟုတ္ပါဘူး။ ေ႐ြးေကာက္ပြဲတာဝန္ကို ေဆာင္႐ြက္ေပး ၾကရ တာေၾကာင့္ ႏိုင္ငံေရးပါတီေတြက တရားစြဲတာခံရတယ္ဆိုတာ ၂၀၁၀ ေ႐ြးေကာက္ပြဲက စလို႔ ဒါပထမဆုံးျဖစ္ ပါတယ္။ သက္ဆိုင္ရာေ႐ြးေကာက္ပြဲေကာ္မရွင္ေတြက တာဝန္ေပးလို႔ ေပးတဲ့ တာဝန္ကို ေဆာင္႐ြက္ရတဲ့ ဆရာ၊ ဆရာမေတြရဲ႕အမႈ အျမန္ၿပီးျပတ္ေရး ေဆာင္႐ြက္ေပးဖို႔ ေ႐ြးေကာ္နဲ႔ ပညာေရးဝန္ႀကီးဌာနမွာ တာဝန္ အျပည့္အဝရွိေၾကာင္း သိေစအပ္ပါတယ္။

ခင္ႏွင္းဦး