【 ဆောင်းပါး 】‘‘ ငါ့ကြောင့်မဟုတ်တဲ့ ပြစ်တင်မှုတွေနောက်မှာ’’

【  ဆောင်းပါး  】‘‘ ငါ့ကြောင့်မဟုတ်တဲ့ ပြစ်တင်မှုတွေနောက်မှာ’’

အရေးကြီးတဲ့ အပြောင်းအလဲကာလတစ်ခုကိုဖော်ဆောင်ဖို့ လူအများစုက တာဝန်ကျေခဲ့ပါပြီ။ အပြန်အလှန် ငြင်းခုန်မှုတွေ ဝေဖန်မှုတွေ အပြစ်တင်မှုတွေက အွန်လိုင်းပေါ်မှာရော ပြင်ပက စကားဝိုင်းတွေမှာရော ဝင်လာ မဆဲ တသဲသဲပေါ့။အမှန်တရားတွက် ရပ်တည်သူတွေ၊ အမှားများတဲ့ဘက် တက်ညီသူတွေ၊ကျပ်မမီ ကျပ်မပြည့်သူတွေရဲ့ ခပ်တည်တည်နဲ့ဆရာကြီးလုပ် ပြောဆိုမှုတွေ၊အဲဒီလို တွေပေါင်းတစ်ရာ တွေပေါင်းတစ်သောင်းမက အွန်လိုင်းပေါ်မှာကလည်း ပလူတွေပျံ။

 

ဪ….စဉ်းစားမိတာတစ်ခုရှိပါတယ်။ မအောင်မြင်မှုကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရပြီဆို လူတချို့က တစ်ဦးပေါ် တစ်ဦးအပြစ်မြင် အပြစ်တင်တတ်ကြပါတယ်။ ဟိုလူ့ကြောင့်ဒီလူ့ကြောင့် သူ့ကြောင့် မင်းကြောင့်  စသဖြင့် တစ်ယောက်နဲ့တစ်ယောက် ပြစ်တင်ဝေဖန်တတ် ကြပါတယ်။အဲဒီလို အပြစ်တွေ အပြန်အလှန်တင်ကြတဲ့ထဲမှာ ငါ့ကြောင့်ဆိုတာကတော့ မပါကြတာ မဟုတ်ကြတာ များပါတယ်။ငါ့ကြောင့်ဆိုတဲ့ အသုံးအနှုန်းက အောင်မြင်မှုတွေကိုပဲ အရောင်တင်ဖို့ အတွင်တွင်သုံးတတ်ကြပေမယ့် ကျရှုံးမှုတွေကို အဖြေရှာတဲ့ နေရာမှာတော့ အဲဒီငါ့ကြောင့်ဆိုတဲ့ အသုံးအနှုန်းက မှေးမှိန်ပျောက်ကွယ်နေတတ်ပါတယ်။

 

‘‘ငါ့ကြောင့်’’ ဆိုတဲ့အသုံးအနှုန်းက အောင်မြင်မှု ကျရှုံးမှုဆိုတဲ့ ဘက်နှစ်ဘက်ကြားမှာ ချိန်ခွင်လျှာတစ်ဖက် လိုက်နေသမျှတော့ ဘယ်လုပ်ငန်း ဘယ်အဖွဲ့အစည်းမှာမဆို တာဝန်ခံမှု တာဝန်ယူမှု အားနည်းပျောက်ဆုံး နေမှာပါပဲ။တာဝန်ခံမှု တာဝန်ယူမှု အားနည်း ပျောက်ဆုံးနေသရွေ့ ဘယ်လုပ်ငန်းဘယ်အဖွဲ့အစည်းမှ ရေရှည် မအောင်မြင်နိုင်တဲ့အပြင် လူမြင်သူမြင်ကောင်းအောင်တောင်မဟုတ်ဘဲ ဖရိုဖရဲနဲ့ကို ပရမ်းပတာကျရှုံးသွား နိုင်ပါတယ်။

 

ရွေးကောက်ပွဲက ပြီးလို့မှ မကြာသေးဘူး သတင်းမီဒီယာနယ်ပယ်ကလူတချို့ အဝေဖန်ခံရတယ်။ပရော်ဖက်ရှင်နယ် မဆန်ဘူး သတင်းပညာတကယ်မတတ်ဘူး။သင်တန်းလေး ဘာလေးပြန်တက်ကြဦး ဆိုတဲ့သဘော ဝေဖန်နေကြတာတွေ ရှိပါတယ်။အဲဒီလိုဝေဖန်ခံရတာ သတင်းမီဒီယာနယ်ပယ်မှမဟုတ်ပါဘူး။ သတင်း မီဒီယာနယ်ပယ်ကို ဝေဖန်တဲ့သူတွေရဲ့ သူတို့ပရော်ဖက်ရှင်နယ် နယ်ပယ်ကိုတောင် တခြားပရော်ဖက်ရှင်နယ် နယ်ပယ်ကလူတွေက ဝေဖန်တာခံရပါတယ်။တကယ်တော့ စာရေးသူရဲ့ တစ်သီးပုဂ္ဂလိကအမြင်အရ လွတ် လပ်စွာ သဘောထားကွဲလွဲကြည့်မယ်ဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံက ပရော်ဖက်ရှင်နယ် နယ်ပယ်အချို့မှာတောင် ပညာရှင်တချို့ အမှားတွေလုပ်မိလို့ လျော်ကြေးပေးရတာ တောင်းပန်ရတာတွေ ရှိပါတယ်။မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ ပညာရေးစနစ်နိမ့်ကျတဲ့နိုင်ငံတွေမှာဆို ပိုဆိုးပါတယ်။ပရော်ဖက်ရှင်နယ် ဘယ်နယ်ပယ်မှာမဆို ပါဝင်လုပ်ကိုင်နေတဲ့သူ ပညာရှင်အားလုံးက ကျွမ်းကျင်ပါတယ် အမှားမရှိပါဘူး ပြည့်စုံပါတယ်ဆိုတဲ့ သူတွေ ချည်း နဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး။

 

ဆရာဝန်လည်း ဆရာဝန်အလျောက်၊အင်ဂျင်နီယာလည်း အင်ဂျင်နီယာအလျောက်၊အနုပညာရှင်တွေလည်း အနုပညာရှင်တွေအလျောက်၊ မီဒီယာသမား၊ရှေ့နေ စသဖြင့်ဘယ်ပရော်ဖက်ရှင်နယ် နယ်ပယ်မှာမဆို လိုအပ်ချက်တွေ အားနည်းချက်တွေရှိနေဆဲပဲ ဖြစ်ပါ တယ်။ဒါကြောင့် နယ်ပယ်တစ်ခုခုမှာ တစ်စုံတစ်ခု မှားယွင်းချွတ်ချော်တာ မအောင်မြင်တာတွေ ကြုံရချိန်မှာ ငါ့ကြောင့် ဆိုတာကိုပြောပြီး တာဝန်ခံမယ့်သူတွေများ နေမယ်ဆိုရင်တော့ အမှားကိုအမြန်ပြင်ပြီး ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်လို့ ရနိုင်မှာဖြစ်ပါတယ်။

 

တာဝန်ခံမှုအကြောင်းကို ပြောတော့ မကြာခင်ကမှ ပူပူနွေးနွေးနဲ့ပြီးထားတဲ့ရွေးကောက်ပွဲနဲ့ဆက်နွှယ်ပြီး အတွေးစတချို့ပေါ်လာပါတယ်။ ရွေးကောက်ပွဲကော်မရှင်အကြောင်းပါ။စာရေးသူအမြင်ကတော့ ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထိုက်အလျောက်တော့ သူဟာ သူတာဝန်ခံမှုရှိတယ်လို့မြင်ပါတယ်။ဘယ်သူ့ဘယ်သူကိုမှ ကြီးကြီးမားမားအပြစ်လိုက်တင်နေတာလည်း မတွေ့ရပါဘူး ။ဒီနေရာမှာ ဆိုလိုတာက တာဝန်ခံမှုရှိတယ်ဆိုတာက လုပ်ဆောင်မှုအားလုံးကို ပြီးပြည့်စုံအောင် ဟာကွက်မရှိ အားနည်းချက်မရှိ လုပ်ဆောင်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့လုပ်တာကိုသူတို့က ကောင်းတာ ဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် တာဝန်ယူတာဝန်ခံတဲ့သဘောလေး သွားတွေ့ရတာကို ဆိုလိုတာဖြစ်ပါတယ်။ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင်တဲ့သူတွေထဲမှာတော့ တချို့ကိုယ်တိုင်က တာဝန်ယူမှု တာဝန်ခံမှု အားနည်းတာတွေ့ရပါတယ်။

 

ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်သူရှိသလို မကျေနပ်သူလည်းရှိပါတယ်။ဒါပေမယ့် လမ်းမှာတွေ့တဲ့ ဘယ် ပြည်သူကိုမဆို ဘယ်သူ့မဲပေးလည်းမေးလိုက်ရင် အများစုရဲ့အဖြေပေါ်လိုက်ပြီး ရွေးကောက်ပွဲရလဒ်ကို ပြည်သူအများစုကလက်ခံတာလား အနည်းစုကပဲ လက်ခံတာလားဆိုတာ အလွယ်တကူ သိမြင်နိုင်မှာ ဖြစ်ပါတယ်။

 

"ဘာမှတုံ့ပြန်ပြောစရာမရှိဘူးပေါ့။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခုနကပြောတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကျူးလွန်သလား။ပြဌာန်းထားတယ်၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု တွေရှိလား။ အခန်းစဉ် တွေပြဋ္ဌာန်းထားတယ်၊ ဥပဒေကပြဌာန်းပြီးသား။ ဥပဒေကြောင်းအတိုင်း အကာအကွယ်ယူသွားဖို့ဘဲရှိတယ်" လို့ စသဖြင့် ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြတ်ပြတ်သားသား ပြောခဲ့ပါ တယ်။ သူပြောတာကို ခြုံငုံကြည့်မယ်ဆိုရင် ကော်မရှင်က သူလုပ်စရာရှိတာကို ဥပဒေနဲ့အညီ တာဝန်ယူတာဝန်ခံပြီး ဆက်လုပ်သွားမယ်လို့ ယူဆလို့ရနိုင်ပါတယ်။

 

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေအရတော့ ရွေးကောက်ပွဲကိစ္စအတွက် ကော်မရှင်အဖွဲ့ခွဲအသီးသီး ရဲ့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်တွေနဲ့ စပ်လျဉ်းပြီး ကော်မရှင်က သူ့ဆန္ဒအလျောက် သက်ဆိုင်ရာ အမှုတွဲ၊ စာရွက်စာတမ်းတွေကို တောင်းယူကြည့်ရှုလို့ရပါတယ်။အဲဒီလိုတောင်းယူကြည့်ရှုပြီး လိုအပ်သလို ဆုံးဖြတ်နိုင်တဲ့အပြင် အဲဒီဆုံးဖြတ်ချက်က အပြီးအပြတ် ဖြစ်စေရမှာပဲဖြစ်ပါတယ်။

 

ဒါ့ပြင် ရွေးကောက်တင်မြှောက်ခံရတာနဲ့ စပ်လျဉ်းပြီး ကန့်ကွက်ချက်တွေကို အဆုံးအဖြတ်ပေးတဲ့နေရာမှာ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်တယ်လို့ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေက ဆိုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေမှာ အပြစ်အကြီးဆုံးက လိမ်လည်စွပ်စွဲတိုင်တန်းတာပဲဖြစ်ပါတယ်။ လိမ်လည်စွပ်စွဲတိုင်တန်းတယ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ထိချလို့ရပြီး လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာပါတဲ့ ပြစ်ဒဏ်တွေထဲမှာ ထောင်ဒဏ်အများဆုံးဖြစ်ပါတယ်။ ဒီအချက်ကလည်း ရွေးကောက်တင်မြှောက်ခံရတာနဲ့ စပ်လျဉ်းပြီး ကန့်ကွက်ချင်သူတွေ သတိပြုရမယ့် အချက်ဖြစ်ပါတယ်။ဘာလို့ သတိပြုရမှာလဲဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ တရားဝင် ကန့် ကွက်တဲ့အချိန်မှာ အချက်အလက်မခိုင်မာရင် လိမ်လည်စွပ်စွဲတိုင်တန်းရာရောက်မယ်ဆိုရင် ကိုယ့်ရှူး ကိုယ်ပတ်နိုင်လို့ပဲ ဖြစ်ပါတယ်။

 

ဒါကြောင့်မို့ မအောင်မြင်မှုတွေရဲ့နောက်မှာ သူများကိုသာအပြစ်တင်မှု၊အဲဒီပြစ်တင်မှုတွေနောက်မှာ ငါ ကြောင့် လည်းပါတယ်ဆိုတာကို ထည့်မတွေးတတ်သေးလေသမျှတော့ တာဝန်ခံလိုမှုက တဖြည်းဖြည်း မှေးမှိန်လာမှာပါပဲ။တာဝန်မခံလိုမှုတွေ အားကောင်းနေ သမျှတော့ အများယုံကြည်မှုရအောင် သွေးဆောင် ဖို့ဆိုတာ……။

 

စာရေးသူ - သာဓက

 

(  Zawgyi  )

 

 အေရးႀကီးတဲ့ အေျပာင္းအလဲကာလတစ္ခုကိုေဖာ္ေဆာင္ဖို႔ လူအမ်ားစုက တာဝန္ေက်ခဲ့ပါၿပီ။ အျပန္အလွန္ ျငင္းခုန္မႈေတြ ေဝဖန္မႈေတြ အျပစ္တင္မႈေတြက အြန္လိုင္းေပၚမွာေရာ ျပင္ပက စကားဝိုင္းေတြမွာေရာ ဝင္လာ မဆဲ တသဲသဲေပါ့။အမွန္တရားတြက္ ရပ္တည္သူေတြ၊ အမွားမ်ားတဲ့ဘက္ တက္ညီသူေတြ၊က်ပ္မမီ က်ပ္မျပည့္သူေတြရဲ႕ ခပ္တည္တည္နဲ႔ဆရာႀကီးလုပ္ ေျပာဆိုမႈေတြ၊အဲဒီလို ေတြေပါင္းတစ္ရာ ေတြေပါင္းတစ္ေသာင္းမက အြန္လိုင္းေပၚမွာကလည္း ပလူေတြပ်ံ။

ဪ….စဥ္းစားမိတာတစ္ခုရွိပါတယ္။ မေအာင္ျမင္မႈက်ရႈံးမႈေတြနဲ႔ ရင္ဆိုင္ရၿပီဆို လူတခ်ိဳ႕က တစ္ဦးေပၚ တစ္ဦးအျပစ္ျမင္ အျပစ္တင္တတ္ၾကပါတယ္။ ဟိုလူ႔ေၾကာင့္ဒီလူ႔ေၾကာင့္ သူ႔ေၾကာင့္ မင္းေၾကာင့္  စသျဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ျပစ္တင္ေဝဖန္တတ္ ၾကပါတယ္။အဲဒီလို အျပစ္ေတြ အျပန္အလွန္တင္ၾကတဲ့ထဲမွာ ငါ့ေၾကာင့္ဆိုတာကေတာ့ မပါၾကတာ မဟုတ္ၾကတာ မ်ားပါတယ္။ငါ့ေၾကာင့္ဆိုတဲ့ အသုံးအႏႈန္းက ေအာင္ျမင္မႈေတြကိုပဲ အေရာင္တင္ဖို႔ အတြင္တြင္သုံးတတ္ၾကေပမယ့္ က်ရႈံးမႈေတြကို အေျဖရွာတဲ့ ေနရာမွာေတာ့ အဲဒီငါ့ေၾကာင့္ဆိုတဲ့ အသုံးအႏႈန္းက ေမွးမွိန္ေပ်ာက္ကြယ္ေနတတ္ပါတယ္။

‘‘ငါ့ေၾကာင့္’’ ဆိုတဲ့အသုံးအႏႈန္းက ေအာင္ျမင္မႈ က်ရႈံးမႈဆိုတဲ့ ဘက္ႏွစ္ဘက္ၾကားမွာ ခ်ိန္ခြင္လွ်ာတစ္ဖက္ လိုက္ေနသမွ်ေတာ့ ဘယ္လုပ္ငန္း ဘယ္အဖြဲ႕အစည္းမွာမဆို တာဝန္ခံမႈ တာဝန္ယူမႈ အားနည္းေပ်ာက္ဆုံး ေနမွာပါပဲ။တာဝန္ခံမႈ တာဝန္ယူမႈ အားနည္း ေပ်ာက္ဆုံးေနသေ႐ြ႕ ဘယ္လုပ္ငန္းဘယ္အဖြဲ႕အစည္းမွ ေရရွည္ မေအာင္ျမင္ႏိုင္တဲ့အျပင္ လူျမင္သူျမင္ေကာင္းေအာင္ေတာင္မဟုတ္ဘဲ ဖ႐ိုဖရဲနဲ႔ကို ပရမ္းပတာက်ရႈံးသြား ႏိုင္ပါတယ္။

ေ႐ြးေကာက္ပြဲက ၿပီးလို႔မွ မၾကာေသးဘူး သတင္းမီဒီယာနယ္ပယ္ကလူတခ်ိဳ႕ အေဝဖန္ခံရတယ္။ပေရာ္ဖက္ရွင္နယ္ မဆန္ဘူး သတင္းပညာတကယ္မတတ္ဘူး။သင္တန္းေလး ဘာေလးျပန္တက္ၾကဦး ဆိုတဲ့သေဘာ ေဝဖန္ေနၾကတာေတြ ရွိပါတယ္။အဲဒီလိုေဝဖန္ခံရတာ သတင္းမီဒီယာနယ္ပယ္မွမဟုတ္ပါဘူး။ သတင္း မီဒီယာနယ္ပယ္ကို ေဝဖန္တဲ့သူေတြရဲ႕ သူတို႔ပေရာ္ဖက္ရွင္နယ္ နယ္ပယ္ကိုေတာင္ တျခားပေရာ္ဖက္ရွင္နယ္ နယ္ပယ္ကလူေတြက ေဝဖန္တာခံရပါတယ္။တကယ္ေတာ့ စာေရးသူရဲ႕ တစ္သီးပုဂၢလိကအျမင္အရ လြတ္ လပ္စြာ သေဘာထားကြဲလြဲၾကည့္မယ္ဆိုရင္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံက ပေရာ္ဖက္ရွင္နယ္ နယ္ပယ္အခ်ိဳ႕မွာေတာင္ ပညာရွင္တခ်ိဳ႕ အမွားေတြလုပ္မိလို႔ ေလ်ာ္ေၾကးေပးရတာ ေတာင္းပန္ရတာေတြ ရွိပါတယ္။ျမန္မာႏိုင္ငံလို ဖြံ႕ၿဖိဳးဆဲႏိုင္ငံ ပညာေရးစနစ္နိမ့္က်တဲ့ႏိုင္ငံေတြမွာဆို ပိုဆိုးပါတယ္။ပေရာ္ဖက္ရွင္နယ္ ဘယ္နယ္ပယ္မွာမဆို ပါဝင္လုပ္ကိုင္ေနတဲ့သူ ပညာရွင္အားလုံးက ကြၽမ္းက်င္ပါတယ္ အမွားမရွိပါဘူး ျပည့္စုံပါတယ္ဆိုတဲ့ သူေတြ ခ်ည္း နဲ႔တည္ေဆာက္ထားတာမဟုတ္ပါဘူး။

ဆရာဝန္လည္း ဆရာဝန္အေလ်ာက္၊အင္ဂ်င္နီယာလည္း အင္ဂ်င္နီယာအေလ်ာက္၊အႏုပညာရွင္ေတြလည္း အႏုပညာရွင္ေတြအေလ်ာက္၊ မီဒီယာသမား၊ေရွ႕ေန စသျဖင့္ဘယ္ပေရာ္ဖက္ရွင္နယ္ နယ္ပယ္မွာမဆို လိုအပ္ခ်က္ေတြ အားနည္းခ်က္ေတြရွိေနဆဲပဲ ျဖစ္ပါ တယ္။ဒါေၾကာင့္ နယ္ပယ္တစ္ခုခုမွာ တစ္စုံတစ္ခု မွားယြင္းခြၽတ္ေခ်ာ္တာ မေအာင္ျမင္တာေတြ ႀကဳံရခ်ိန္မွာ ငါ့ေၾကာင့္ ဆိုတာကိုေျပာၿပီး တာဝန္ခံမယ့္သူေတြမ်ား ေနမယ္ဆိုရင္ေတာ့ အမွားကိုအျမန္ျပင္ၿပီး ညီညီၫြတ္ၫြတ္နဲ႔ ေရွ႕ဆက္လို႔ ရႏိုင္မွာျဖစ္ပါတယ္။

တာဝန္ခံမႈအေၾကာင္းကို ေျပာေတာ့ မၾကာခင္ကမွ ပူပူေႏြးေႏြးနဲ႔ၿပီးထားတဲ့ေ႐ြးေကာက္ပြဲနဲ႔ဆက္ႏႊယ္ၿပီး အေတြးစတခ်ိဳ႕ေပၚလာပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္အေၾကာင္းပါ။စာေရးသူအျမင္ကေတာ့ ဒီေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အထိုက္အေလ်ာက္ေတာ့ သူဟာ သူတာဝန္ခံမႈရွိတယ္လို႔ျမင္ပါတယ္။ဘယ္သူ႔ဘယ္သူကိုမွ ႀကီးႀကီးမားမားအျပစ္လိုက္တင္ေနတာလည္း မေတြ႕ရပါဘူး ။ဒီေနရာမွာ ဆိုလိုတာက တာဝန္ခံမႈရွိတယ္ဆိုတာက လုပ္ေဆာင္မႈအားလုံးကို ၿပီးျပည့္စုံေအာင္ ဟာကြက္မရွိ အားနည္းခ်က္မရွိ လုပ္ေဆာင္ႏိုင္တယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ သူတို႔လုပ္တာကိုသူတို႔က ေကာင္းတာ ျဖစ္ျဖစ္ ဆိုးတာျဖစ္ျဖစ္ တာဝန္ယူတာဝန္ခံတဲ့သေဘာေလး သြားေတြ႕ရတာကို ဆိုလိုတာျဖစ္ပါတယ္။ဒါေပမယ့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို အျပစ္တင္တဲ့သူေတြထဲမွာေတာ့ တခ်ိဳ႕ကိုယ္တိုင္က တာဝန္ယူမႈ တာဝန္ခံမႈ အားနည္းတာေတြ႕ရပါတယ္။

ေ႐ြးေကာက္ပြဲရလဒ္အေပၚ ေက်နပ္သူရွိသလို မေက်နပ္သူလည္းရွိပါတယ္။ဒါေပမယ့္ လမ္းမွာေတြ႕တဲ့ ဘယ္ ျပည္သူကိုမဆို ဘယ္သူ႔မဲေပးလည္းေမးလိုက္ရင္ အမ်ားစုရဲ႕အေျဖေပၚလိုက္ၿပီး ေ႐ြးေကာက္ပြဲရလဒ္ကို ျပည္သူအမ်ားစုကလက္ခံတာလား အနည္းစုကပဲ လက္ခံတာလားဆိုတာ အလြယ္တကူ သိျမင္ႏိုင္မွာ ျဖစ္ပါတယ္။

"ဘာမွတုံ႔ျပန္ေျပာစရာမရွိဘူးေပါ့။ ဒီေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ အခုနကေျပာတဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပစ္မႈေတြက်ဴးလြန္သလား။ျပဌာန္းထားတယ္၊ ေ႐ြးေကာက္ပြဲ တရားမဲ့ျပဳက်င့္မႈ ေတြရွိလား။ အခန္းစဥ္ ေတြျပ႒ာန္းထားတယ္၊ ဥပေဒကျပဌာန္းၿပီးသား။ ဥပေဒေၾကာင္းအတိုင္း အကာအကြယ္ယူသြားဖို႔ဘဲရွိတယ္" လို႔ စသျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ျပတ္ျပတ္သားသား ေျပာခဲ့ပါ တယ္။ သူေျပာတာကို ၿခဳံငုံၾကည့္မယ္ဆိုရင္ ေကာ္မရွင္က သူလုပ္စရာရွိတာကို ဥပေဒနဲ႔အညီ တာဝန္ယူတာဝန္ခံၿပီး ဆက္လုပ္သြားမယ္လို႔ ယူဆလို႔ရႏိုင္ပါတယ္။

လႊတ္ေတာ္ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒေတြအရေတာ့ ေ႐ြးေကာက္ပြဲကိစၥအတြက္ ေကာ္မရွင္အဖြဲ႕ခြဲအသီးသီး ရဲ႕ေ႐ြးေကာက္ပြဲနဲ႔ဆိုင္တဲ့ ေဆာင္႐ြက္ခ်က္၊ ဆုံးျဖတ္ခ်က္ေတြနဲ႔ စပ္လ်ဥ္းၿပီး ေကာ္မရွင္က သူ႔ဆႏၵအေလ်ာက္ သက္ဆိုင္ရာ အမႈတြဲ၊ စာ႐ြက္စာတမ္းေတြကို ေတာင္းယူၾကည့္ရႈလို႔ရပါတယ္။အဲဒီလိုေတာင္းယူၾကည့္ရႈၿပီး လိုအပ္သလို ဆုံးျဖတ္ႏိုင္တဲ့အျပင္ အဲဒီဆုံးျဖတ္ခ်က္က အၿပီးအျပတ္ ျဖစ္ေစရမွာပဲျဖစ္ပါတယ္။

ဒါ့ျပင္ ေ႐ြးေကာက္တင္ေျမႇာက္ခံရတာနဲ႔ စပ္လ်ဥ္းၿပီး ကန္႔ကြက္ခ်က္ေတြကို အဆုံးအျဖတ္ေပးတဲ့ေနရာမွာ ေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္က အၿပီးအျပတ္ျဖစ္တယ္လို႔ လႊတ္ေတာ္ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒေတြက ဆိုပါတယ္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ျပစ္မႈေတြမွာ အျပစ္အႀကီးဆုံးက လိမ္လည္စြပ္စြဲတိုင္တန္းတာပဲျဖစ္ပါတယ္။ လိမ္လည္စြပ္စြဲတိုင္တန္းတယ္လို႔ ျပစ္မႈထင္ရွားစီရင္ခံရရင္ သုံးႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ထိခ်လို႔ရၿပီး လႊတ္ေတာ္ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒေတြထဲမွာပါတဲ့ ျပစ္ဒဏ္ေတြထဲမွာ ေထာင္ဒဏ္အမ်ားဆုံးျဖစ္ပါတယ္။ ဒီအခ်က္ကလည္း ေ႐ြးေကာက္တင္ေျမႇာက္ခံရတာနဲ႔ စပ္လ်ဥ္းၿပီး ကန္႔ကြက္ခ်င္သူေတြ သတိျပဳရမယ့္ အခ်က္ျဖစ္ပါတယ္။ဘာလို႔ သတိျပဳရမွာလဲဆိုေတာ့ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္လို႔ တရားဝင္ ကန္႔ ကြက္တဲ့အခ်ိန္မွာ အခ်က္အလက္မခိုင္မာရင္ လိမ္လည္စြပ္စြဲတိုင္တန္းရာေရာက္မယ္ဆိုရင္ ကိုယ့္ရႉး ကိုယ္ပတ္ႏိုင္လို႔ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ မေအာင္ျမင္မႈေတြရဲ႕ေနာက္မွာ သူမ်ားကိုသာအျပစ္တင္မႈ၊အဲဒီျပစ္တင္မႈေတြေနာက္မွာ ငါ ေၾကာင့္ လည္းပါတယ္ဆိုတာကို ထည့္မေတြးတတ္ေသးေလသမွ်ေတာ့ တာဝန္ခံလိုမႈက တျဖည္းျဖည္း ေမွးမွိန္လာမွာပါပဲ။တာဝန္မခံလိုမႈေတြ အားေကာင္းေန သမွ်ေတာ့ အမ်ားယုံၾကည္မႈရေအာင္ ေသြးေဆာင္ ဖို႔ဆိုတာ……။

စာေရးသူ - သာဓက