【 ဆောင်းပါး 】၂၅ နှစ်ကြာပြီးနောက် ဟောင်ကောင်၏ ပိုမိုကောင်းမွန်သော ပေါင်းစည်းခြင်း

【 ဆောင်းပါး 】၂၅ နှစ်ကြာပြီးနောက်  ဟောင်ကောင်၏ ပိုမိုကောင်းမွန်သော ပေါင်းစည်းခြင်း

၁၉၉၇ ခုနှစ်တွင် တရုတ်ဟာ ဟောင်ကောင်နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအတွက် အချုပ်အချာအာဏာကို စတင်တည်ဆောက်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး ဟောင်ကောင်ဟာ တရုတ်နိုင်ငံ၏ ကြီးမားသော ပြန်လည်နုပျိုလာခြင်းအတွက် အောင်မြင်သော ခရီးတွင် ပါဝင်လာခဲ့ပါတယ်။

“ဟောင်ကောင်နှင့် မကာအို၏ ဖွံ့ဖြိုးတိုးတက်မှုများဟာ တရုတ်ပြည်မနဲ့ အလွန်နီးကပ်နေပါတယ်” ဟု သမ္မတရှီကျင့်ဖျင်က ၂၀၁၇ တွင် ကျင်းပခဲ့သော ၁၉ ကြိမ်မြောက် CPC ဗဟိုကောင်မတီအစီရင်ခံစာတင်ပြရာတွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ဟောင်ကောင်နှင့် မကာအိုကိုဆက်လက်ထောက်ပံ့မည်ဖြစ်ပြီး သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို တစ်နိုင်ငံ၏ အထွေထွေဖွံ့ဖြိုးတိုးတက်မှုနဲ့ ပေါင်းစည်းစေမည်ဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က ပြောပါတယ်။

ကန်တုံ-ဟောင်ကောင်-မကာအို GBA လို့ခေါ်တဲ့ Greater Bay Area တွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခြင်းဟာ ရှီကျင့်ဖျင်၏ HKSAR အတွင်း ရည်မှန်းချက်ဖြစ်ပါတယ်။ GBA တည်ဆောက်ခြင်းဟာ ဟောင် ကောင်အတွက် ပြည်မနဲ့ ပိုမိုကောင်းမွန်သော ပေါင်းစည်းရေးအတွက် အကောင်းဆုံးသော ဝင်ပေါက်ဖြစ်ပြီး တရုတ်၏ အထွေထွေဖွံ့ဖြိုးတိုးတက်မှုလည်းဖြစ်ကြောင်း GBA တွင် ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မရှင်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ယွမ်မန်ချုံးက ရှင်ဟွာသတင်းဌာနကို ပြောပါတယ်။

GBA ဟာ အစိုးရအုပ်ချုပ်ခွင့်ရဒေသနှစ်ခုဖြစ်တဲ့ ဟောင်ကောင်နှင့် မကာအိုတို့ဖြင့် ဖွဲ့စည်းထားပြီး ထိုထဲတွင် ကန်တုံပြည်နယ်က မြို့ပေါင်း ၉ မြို့လည်း ပါဝင်ပါတယ်။ ပျမ်းမျှဧရိယာအကျယ်အဝန်းဟာ ၅၆၀၀၀ စတုရန်းကီလိုမီတာရှိကာ တရုတ်နိုင်ငံ၏ လူဦးရေ ၆ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

“GBA ဟာ တစ်နိုင်ငံတွင်းရှိသော သုံးနေရာဖြစ်ပြီး လူမှုစနစ် ၂ ခုအောက်တွင် လည်ပတ်နေကာ ငွေစက္ကူ ၃ မျိုးအသုံးပြုထားပါတယ်။ ဒါဟာ မမျှော်လင့်ထားတဲ့ ကမ္ဘာဖြစ်တယ်” ဟု တရုတ်သမ္မတက ပြောပါတယ်။

၂၀၁၇ ဇူလိုင်လတွင် ရှီကျင့်ဖျင်ဟာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင်အကြား သဘောတူညီချက်လက်မှတ်ရေးထိုးမှုကို သက်သေအဖြစ် မြင်ခဲ့ရပြီး ဒါကို နိုင်ငံ၏ ထိပ်တန်းစီးပွားရေး စီမံချက်ရေးဆွဲသူ၊ ကွမ်တုံအစိုးရ၊ ဟောင်ကောင်နှင့် မကာအိုအကြား ကွမ်တုံ-ဟောင်ကောင်-မကာအိုပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုသောရည်ရွယ်ချက်ဖြင့် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

နောက်တစ်နှစ်အကြာတွင် ရှီကျင့်ဖျင်ဟာ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားစီမံကိန်းကို ကြေညာခဲ့ပြီး ဒါဟာ ပင်လယ်ဖြတ်ကျော်စီမံကိန်းဖြစ်ပြီး ကွမ်တုံ၊ ဟောင်ကောင် နှင့် မကာအိုတို့ကို ဆက်သွယ်သော တံတားကြီးဖြစ်ပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ တရုတ်၏ GBA ရည်မှန်းချက်များဖြစ်ပါတယ်။

GBA ၏ ဂျီဒီပီဟာ ပြီးခဲ့တဲ့နှစ်တွင် ကန်ဒေါ်လာ ၁.၉၇ ထရီလီယံအထိရှိလာခဲ့ပြီး ၂၀၁၇ တွင်ရှိခဲ့သော ဂျီဒီပီထက် ယွမ် ၂.၄ ထရီလီယံပိုများခဲ့တာဖြစ်ပါတယ်။ နိုင်ငံ၏ မြေနေရာ ၁ ရာခိုင်နှုန်းအောက်သာရှိသော်လည်း GBA ဟာ နိုင်ငံ၏ ဂျီဒီပီ ၁၂ ရာခိုင်နှုန်းကို ဖန်တီးပေးပါတယ်။ ဟောင်ကောင်ရှိ ရှင်းဟိုင်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုကလည်း ၂၀၂၁ တွင် နှစ်စဉ်တိုးတက်မှု ၁၅၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။ ရှင်းဟိုင်အတွင်း ပြီးခဲ့တဲ့ နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတွင် ၉၃.၈ ရာခိုင်နှုန်းကျော်ဟာ ဟောင်ကောင်က ဖြစ်ပါတယ်။

“ဗဟိုအစိုးရအောက်တွင် တိုက်ရိုက်အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သောကြောင့်  ဟောင်ကောင်ဟာ ပြန်လည်အပ်နှံခြင်းနှစ်ကစပြီး တရုတ်အမျိုးသားအုပ်ချုပ်မှုစနစ်အောက်သို့ ပေါင်းစည်းသွားပြီဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က ဟောင်ကောင်နှင့် မကာအိုကိုယ်စားလှယ်များနဲ့ ၄၀ နှစ်ပြည့် ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်မူဝါဒ စတင်ခြင်းနှစ်ပတ်လည်အစည်းအဝေးတွင်ပြောကြားခဲ့ပါတယ်။

HKSAR တွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသော သူများဟာ အုပ်ချုပ်မှုပိုင်းတွင်လည်း SAR နှင့် နိုင်ငံ မှာလည်း ဥပဒေအရ တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။ ဟောင်ကောင်ဟာ ပြန်လည်အပ်နှံခြင်းပြီးနောက် NPC တွင် ၁၉၉၈ ခုနှစ်ကစပြီး ပါဝင်ခဲ့ကာ ပြည်သူများ၏ ဘဝကို အကျိုးဖြစ်စေသော အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြဿနာများအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဟောင်ကောင်က ကိုယ်စားလှယ်ပေါင်း ၅၆၀၀ ခန့်ဟာ CPPCC တွင်လည်း အဆင့်ပေါင်းစုံတွင် တာဝန်ထမ်းဆောင်နေကြကာ CPPCC ၏ အမျိုးသားအဆင့်တွင်လည်း ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် ပါဝင်ပါတယ်။

ရှီကျင့်ဖျင်ဟာ နှစ်အတန်ကြာ ပိုပွင့်လင်းသော၊ အားလုံပါဝင်သော၊ တန်းတူညီမျှမှုရှိကာ အားလုံးအတွက် အကျိုးဖြစ်ထွန်းသော စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းပြုရေးကို တိုက်တွန်းလာခဲ့ပြီဖြစ်ပါတယ်။ ဟောင်ကောင် ဟာ နိုင်ငံတကာငွေကြေး၊ ကုန်သွယ်ရေး ၊ ရေကြောင်းနှင့် ကုန်စည်ပို့ဆောင်ရေးတွင် နေရာကောင်းတွင်ရှိသောကြောင့် ရှီကျင့်ဖျင်၏ အတွေးအခေါ်များနှင့် နိုင်ငံတကာအုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍကနေ ဟောင်ကောင်ဟာ ပါဝင်ပေးနိုင်မည်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွင် ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ထုတ်ပြန်ချက်တွင် တရုတ်ဟာ နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လာမယ့် ၅ နှစ်အတွက် စီမံချက်များကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဟောင်ကောင်စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာ ထိုစီမံချက်တွင်လည်းပါဝင်နေပြီး၊ ဗဟိုအစိုးရ၏ HKSAR အတွက် ထောက်ပံ့မှုကို ထင်ဟပ်ပြသနေပါတယ်။

၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းဟာ ဟောင်ကောင်၏ နိုင်ငံတကာငွေကြေးဆိုင်ရာစင်တာ၊ ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးစင်တာအဖြစ် ဆက်လက်ရပ်တည်ရန် ကြိုးပမ်းနေမှုကို ထောက်ပံ့ပေးမည်ဖြစ်ပြီး နိုင်ငံတကာ တွင် RMB အသုံးပြုမှု တွင်ကျယ်ရေးအတွက် ပံ့ပိုးပေးမည်ဖြစ်ကာနိုင်ငံတကာ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးစင်တာနှင့် အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးစင်တာအဖြစ်လည်း ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ပါတယ်။

GBA ၏ အရည်အသွေးမြင့်သော ဖွံ့ဖြိုးတိုးတက်မှုများဟာ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းတွင် ဖော်ပြထားသည့်အတိုင်း ဟောင်ကောင်၏ ငွေကြေးစျေးကွက်နှင့်ပြည်မအကြား ပိုမိုနက်ရှိုင်းသော ဆက်နွယ်မှုရှိလာရေး နှင့် ဟောင်ကောင်နှင့် ပြည်မအကြား နှီးနှောဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ကဏ္ဍပေါင်းစုံတွင် ခိုင်မာစေရေး၊ GBA အကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် Shenzhen-Hong Kong Loop ကလည်း ပထမဆုံးအကြိမ်ဖြစ် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပါဝင်လာပါတယ်။

Naing

Ref:CMG|Hong Kong 25 years on: Better integrating into national development