【 ဆောင်းပါး 】အိမ်တွင်းပုန်းရသူတွေအတွက် စိတ်လျှော်စက်

【  ဆောင်းပါး  】အိမ်တွင်းပုန်းရသူတွေအတွက် စိတ်လျှော်စက်

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာစာပေလောကမှာ ရသစာပေမဂ္ဂဇင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ထုတ်ဝေခဲ့ကြပါတယ်။ ၁၉၄၆-၁၉၄၇ ဝန်းကျင်လောက်က စထုတ်ဝေခဲ့တဲ့ ၊ စာပဒေသာ၊ သွေးသောက်နဲ့ ရှုမဝမဂ္ဂဇင်းတွေ အပြင်၊ ပေဖူးလွှာ၊ နဝဒေး၊  မြဝတီ၊ ငွေတာရီ၊ စစ်ပြန်၊ စုံထောက် စတဲ့ မဂ္ဂဇင်းတွေထွက်လာကြပါတယ်။ အဲဒီနောက် မိုးဝေ၊ စန္ဒာ၊ ချယ်ရီ၊ မဟေသီ၊ ဒဂုန် စတဲ့ မဂ္ဂဇင်းတွေထပ်ထွက်လာပြီး မဂ္ဂဇင်းတွေဟာ ကိုယ့်မူနဲ့ကိုယ် ရပ်တည်ရင်း အပြိုင်အဆိုင် ကြိုးပမ်းကြရတဲ့ အချိန်ဖြစ်လာပါတယ်။ မဂ္ဂဇင်းလောကမှာ ထူးခြားမှုတခုအနေနဲ့ ၁၉၈၅ ခုနှစ် ဇန်နဝါရီမှာ အမျိုးသမီးအယ်ဒီတာတွေ ဦးစီးတဲ့ ကလျာ၊ စံပယ်ဖြူနဲ့ လုံမလေး မဂ္ဂဇင်း ၃ စောင် တပြိုင်တည်း စပေါ်ပေါက်လာတာပါ။

၁၉၈၀ - ၁၉၉၀ ဝန်းကျင်က ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ကြတဲ့ ဝတ္ထုတိုတွေဟာ စာပေလောကကို လှုပ်ခတ်စေခဲ့ပါတယ်။ အဲဒီ ဆယ်စုနှစ်တာ ကာလကို စာပေဝေဖန်ရေးသမား တွေက ဝတ္ထုတိုရွှေခေတ်လို့ တင်စားခဲ့ကြပါတယ်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ရသစာပေ မဂ္ဂဇင်းတွေ တဖြည်းဖြည်း တဖြုတ်ဖြုတ်ကြွေကုန်ကြတာ၊ ဒီကနေ့ဆို ရသစာပေမဂ္ဂဇင်းရယ်လို့ ထုတ်ဝေနေတဲ့ မဂ္ဂဇင်းတွေကို လက်ချိုးရေလို့ ရတဲ့ထိ လျော့ပါးသွားပါပြီ။  ဒီလိုကာလမျိုးမှာ ဝတ္ထုတိုရွှေခေတ်တုန်းက တန်းဝင်ကလောင်တချောင်းဖြစ်တဲ့ မြသွေးရည်ရဲ့ ဝတ္ထုတို (၁၆) ပုဒ်ကို စုစည်းပြီး စိတ်ကူးချိုချိုက သတ္တိရှိရှိထုတ်ဝေလိုက်ပါတယ်။ မြသွေးရည်ရဲ့ စိတ်လျှော်စက်နှင့် အခြားဝတ္ထုတိုများ ထွက်လာချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် ကိုဗစ်ကြောင့် လူတွေအိမ်ထဲမှာပဲနေဖို့ သတ်မှတ်ထားတဲ့ ၂၀၂၀ မတ်လဖြစ်နေပါတယ်။

ဝတ္ထုတိုရွှေခေတ် ကာလတုန်းကတည်းက အရေးနည်း အရေးကျဲ ခဲ့ပေမယ့်၊ ရေးသမျှ ရသ မြောက်တဲ့ မြသွေးရည်ရဲ့ ဝတ္ထုတိုလေးတွေကို တစုတစည်းတည်း ပြန်ဖတ်ခွင့်ရတဲ့ အတွက်ရော၊  ရောင်းတန်းစာရင်း ဝင် မဝင် မသေချာ မရေရာတဲ့ ကလောင်ရှင်ရဲ့ စာတွေကို စာပေစိတ်နဲ့ ထုတ်ဝေပေးတဲ့ အတွက်ပါ စိတ်ကူးချိုချို စာအုပ်တိုက်ကို ကျေးဇူးတင်မိပါတယ်။ မြသွေးရည်ရဲ့ ဝတ္ထုတိုလေးတွေအတွက် ဝါရင့် စာရေးဆရာမကြီးတွေဖြစ်တဲ့ ကြူကြူသင်း၊ စမ်းစမ်းနွဲ့( သာယာဝတီ) နဲ့ တင်တင်ဦးတို့က အမှာစာရေးပေးထားကြပါတယ်။

မြသွေးရည်ရဲ့ ဝတ္တုအများစုဟာ လူ့စရိုက်၊ လူ့သဘာဝ၊ သိနားလည်ရခက်တဲ့ လူ့စိတ်အခြေအနေ တွေကို လှစ်ဟပြတဲ့ ဝတ္တုတွေနဲ့ ဘဝသရုပ်ဖော်ဝတ္တုတွေပါ။ ဒီထဲမှာ ထူးထူးခြားခြား စိတ်ကူး ကွန့်မြူးထားတဲ့ ဝတ္တုလေး တပုဒ်လည်းပါဝင်ပါတယ်။ “ တိမ်လွှာပန်းပု ထုဆစ်ခြင်း” ဆိုတဲ့ ဝတ္တုလေးပါ။ လူသားတွေ တနေ့ တနေ့ လှုပ်ရှားရုန်းကန်နေရတာဟာ လူတို့ရဲ့ အခြေခံ လိုအပ်ချက် စား၊ ဝတ်၊ နေရေး ကြောင့်ဖြစ်ပါတယ်။ အဓိကကတော့ သမုဒ္ဒရာ ဝမ်းတထွာ လို့ တင်စားပြောကြတဲ့ စားရေးပါ။ ဘယ်သူမှ မတွေးမယ့် အတွေး၊ ဒါမှ မဟုတ် တွေးမိဖို့ ခက်ခဲမယ် ဖြစ်တဲ့ အတွေးဆန်းကို စာရေးသူက တွေးပြထားပါတယ်။ လူတွေကို အစာအိမ်မဲ့ လူသားတွေ အဖြစ် ပြောင်းလဲပေးနိုင်မယ်ဆိုရင်၊ လူတွေ  ဘဝကို အေးချမ်းပျော်ရွှင်စွာ ရှင်သန် နိုင်ကြမှာပဲ ဆိုတဲ့ အတွေးပါ။ လူတွေရဲ့ အစာအိမ်ကို ဘေးမရှိဘဲ ထုတ်ယူနိုင်တဲ့နည်းကို တီထွင်သူအဖြစ် တကမ္ဘာလုံးက ဂုဏ်ပြုပွဲကျင်းပပေးပုံကို သရော်သံငွေ့‌ငွေ့စွက်ပြီး ရေးဖွဲ့ထားတဲ့ဝတ္ထုတိုလေးပါ။

စိတ်လျှော်စက် ဆိုတဲ့ ဝတ္ထုလေးကတော့ ဗွီဒီယိုကားတွေ ခေတ်စားချိန်တုန်းက၊ ရန်ကုန်မြို့ ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တိုင်းတိုင်း လိုလိုနဲ့ မြို့ရွာအနှံ့မှာ ရှိကြတဲ့ ဗွီဒီယိုရုံတွေမှာ အခြေခံ လက်လုပ် လက်စားလူတန်းစားတွေနဲ့ လူလတ်တန်းစားလို့လည်း မဆိုနိုင်တဲ့ ရုံးဝန်ထမ်း စာရေးစာချီတွေ ဗွီဒီယိုရုံမှာ ရုပ်ရှင်ကြည့်ပြီး စိတ်အပန်းဖြေကြ စိတ်ထွက်ပေါက်ရှာကြပုံကို ဟာသလေးနှောပြီး ရေးဖွဲ့ထားတာပါ။ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရဲ့ စွမ်းပကား ဘယ်လောက်ကြီးမားကြောင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။ ဒီဝတ္ထုတိုလေးထဲက အမျိုးမျိုးသော ဇာတ်ကောင်တွေ ဟာ ရုပ်လုံးကြွပြီး အသက်ဝင်လှပါတယ်။

အလားတူပင် ဆုံမှတ်တခုရဲ့ အတ္ထုပ္ပတ္တိ ဆိုတဲ့ ဝတ္ထုတိုလေးကလည်း ရုပ်ရှင်အနုပညာဟာ လူတွေအပေါ်  လွှမ်းမိုးနိုင်စွမ်း ကြီးမားလှပုံကို သရုပ်ဖော်ထားတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။ တေးဂီတဟာလည်း စွမ်းပကားကြီးမားတဲ့ လူတွေအပေါ် လူတန်းစားမရွေး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အနုပညာတရပ် ဖြစ်ကြောင်းကိုတော့ “ အိပ်မက်ဥယျာဉ်” ဆိုတဲ့ ဝတ္ထုတိုလေးမှာ ရေးသားပြထား ပါတယ်။ ဆင်ခြေဖုံး ရပ်ကွက်လေးတခုမှာ သီချင်းဆိုလို့ရတဲ့ အဖြစ်လုပ်ထားတဲ့ ကာယာအိုကေ ဆိုင်လေး ပေါ်လာတော့ လက်လုပ်လက်စား လူတန်းစားတွေ ညဦးပိုင်းမှာ ကာယာအိုကေကို ရောက်လာကြပုံ၊ ရှိစုမဲ့စု ယူလာတဲ့ ငွေလေးတွေပေးပြီး  သီချင်းဆိုကြပုံကို ရေးဖွဲ့ထားတာ ဖတ်ရင်း စာဖတ်သူ ပါးစပ်မစေ့ရတဲ့ထိ ရယ်မောရစေမယ့် လက်ရာ ကောင်းလေး တပုဒ်ဖြစ်ပါ တယ်။

လောကမှာ အဆန်းပြားဆုံး၊ အသိရအခက်ဆုံးအရာဟာ လူ့စိတ်ပါ။ လူ့စိတ်ဟာ လေ့လာလို့ မကုန်ခန်း နိုင်တဲ့ အရာတခုလည်းဖြစ်ပါတယ်။ မိဘတွေကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ မိန်းကလေး တယောက်ရဲ့ ဖြစ်စဉ်ကို “ ဧဒင်သို့ အပြန်” ဆိုတဲ့ ဝတ္ထုတိုလေးအဖြစ် သီဖွဲ့ပြထားပါတယ်။ သမီးလေး ငယ်စဉ်၊ သမီးလေးရှေ့မှာ ရန်ဖြစ်လေ့ရှိတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရင်း စိတ်ဒဏ်ရာရလာတဲ့ မိန်းကလေး ခမျာ ဒီစိတ်ဒဏ်ရာထဲက ခဲရာခဲဆစ်ပြန်ရုန်းထွက်ရပုံကို လှလှပပ ရေးသားပြ ထားပါတယ်။ မနာလိုဝန်တိုစိတ်ကနေ ချစ်စိတ်ဘက် ပြောင်းသွားတဲ့ သမီး ယောက္ခမ နှစ်ယောက်ရဲ့ အဖြစ်ကိုတော့၊ “ သမုဒယသံစဉ်” ဆိုတဲ့ ဝတ္ထုတိုလေးမှာ ဖတ်ရှုနိုင်ပါတယ်။

အမေတခု သားတခုသာရှိတဲ့ မိသားစုက သားဖြစ်သူနဲ့ မိဘမဲ့ မိန်းမပျိုလေး တယောက် အိမ်ထောင်ကျတဲ့ အခါ၊ အမေက သားကို ရထားသူ ချွေးမအပေါ် အကောင်းမမြင်နိုင်တဲ့ မနာလို ဝန်တိုစိတ်၊ မိန်းမပျိုဘက်ကလည်း သူ့ယောကျာ်းကို လွှမ်းမိုး နေဆဲ ယောက္ခမဖြစ်သူအပေါ် မကျေနပ် စိတ်နဲ့ အဆင်မပြေကြတဲ့သမီးယောက္ခမ နှစ်ယောက်ဟာ သူတို့ရဲ့သားဖြစ်သူ၊ လင်ဖြစ်သူ ဗြုန်းစားကြီးသေဆုံးသွားပြီးနောက် သားကိုသိပ်ချစ်တဲ့ မိခင်နဲ့ လင်ကို သိပ်ချစ်တဲ့ မိန်းမ ၂ ယောက်ဟာ ကွယ်လွန် သွားသူအပေါ် ထားရှိတဲ့ မပျက်ပြယ်နိုင်တဲ့သူတို့ရဲ့ အချစ်ကို အရင်းခံပြီး သားအမိသဖွယ် တွယ်တာချစ်ခင်သွားကြပုံကို လှလှပပ ခြယ်မှုန်းရေးသားထားပါတယ်။

“ ရွှေလက်ကမ်းတုံ လမ်းမဆုံခဲ့”၊ “ တစ်ခါက ငွေလဝန်း” ဆိုတဲ့  ဝတ္ထုလေးတွေဟာ သာမန်အချစ် ဝတ္ထုလေးတွေ ဖြစ်ပေမဲ့  ဖတ်ရှုသူတွေရဲ့ စိတ်ကို ဖမ်းစားပြီး ရသခံစားမှုကို ပေးနိုင်စွမ်း ရှိကြပါ တယ်။ ငယ်စဉ်ဘဝ ကျောင်းစာသင်ခန်းထဲမှာ တွေ့ကြုံကြရင်း ဖြစ်ပေါ်လာတဲ့ သမီးရည်းစား အချစ်၊ သူငယ်ချင်းအချစ်တွေကိုတော့ “ ချစ်သူ လူရွှင်တော်” နဲ့ “ သူငယ်ချင်း” ဆိုတဲ့ ဝတ္ထုတိုလေးမှာ တွေ့မြင်နိုင်ပါတယ်။

လူတွေဟာ အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြပုံ၊ ဒါပေမဲ့ လူ့သဘော လူ့မနောတွေဟာ အပေါ်ယံ ရုပ်ဝတ္ထုပေါ်  မူတည်ဆုံးဖြတ်လို့ မရကြောင်း၊ ရုန်းကန်နေရတဲ့ ဘဝပိုင်ရှင်တွေထဲမှာ လေးစားဖွယ် ကိုယ်ကျင့်တရားတွေနဲ့ ရပ်တည်နေသူတွေ ရှိကြောင်းကိုတော့ “ သီချင်း အတူဆို ရအောင်” နဲ့ “ စိန်သားနှစ်လိပ်ပြာ” ဆိုတဲ့ ဝတ္ထုလေးတွေမှာ ရေးဖွဲ့ပြထားပါတယ်။ စာပေလောက ထဲ ဝင်ဖို့ ကြိုးစားကြတဲ့ ကလောင်သစ်တိုင်းတွေ့ရတဲ့ စာပေလောကဓံကို “ ကန္တာလမ်းကြမ်း ပါစေ” ဆိုတဲ့ ဝတ္ထုလေးမှာ ဖတ်ရှုနိုင်ကြပါတယ်။ အထူးသဖြင့် ငွေပေါလို့ စာရူးရူးသူ မဟုတ်ဘဲ၊ သူလို ကိုယ်လို ဘဝနဲ့ စာရူးပေရူးတွေသူ ဘယ်လောက်ကြမ်းတမ်းတဲ့လမ်းကို လျှောက်ခဲ့ရတယ် ဆိုတာ ဒီဝတ္ထုလေးက ပြသပေးပါတယ်။

လောက အလယ်မှာ မိဘမရှိ၊ ခင်ပွန်းမရှိ တယောက်တည်းရုန်းကန်ရတဲ့ မိန်းကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဇွဲမာန်ကို “ ရွှေရောင်တောင်ပံများ” မှာ ရေးသားထားပါတယ်။ မိဘမေတ္တာကို ဖော်ကြူးပြတဲ့ ဝတ္ထုလေးကတော့ “ အနက်ရှိုင်းဆုံး ညီမျှခြင်း” ပါ။ မြသွေးရည် ရဲ့ စိတ်လျှော်စက် ဝတ္ထုတိုပေါင်းချုပ် ထဲက ဝတ္ထုတိုလေးဟာ ရေးဖွဲ့ပုံ ပေါ့ပါး သွက်လက်ပေမဲ့ ဝတ္ထု အပုဒ်တိုင်းက ခံစားမှုရသမျိုးစုံကို ပေးကြပါတယ်။ အခြေခံလူတန်းစားတွေရဲ့ ဘဝကို ပူးဝင် ခံစားနိုင်တဲ့ စာရေးသူရဲ့ စာနာစိတ်ကို ဒီစာအုပ်ထဲက ဝတ္ထုတိုတချို့မှာ ထင်ထင်ရှားရှား မြင်တွေ့ရ ပါတယ်။

နောက်တချက်က စာရေးသူရဲ့ ဟာသဉာဏ်နဲ့ ဘဝအ‌ပေါ် ရှုမြင်နိုင်စွမ်းတွေကိုလည်း သူ့ဝတ္ထုက တဆင့် စာဖတ်သူတို့ တွေ့မြင်ခံစားကြရမှာပါ။မြသွေးရည် ဆိုတာ လျှမ်းလျှမ်းတောက် လူသိ များတဲ့ ကလောင်တချောင်းမဟုတ်ပေမဲ့၊ ရသစာပေကို အစဉ်တစိုက် ဖတ်ရှုခဲ့ကြတဲ့ စာဖတ် ပရိသတ် ရင်းနှီးကျွမ်းဝင်ပြီးသား ကလောင်တချောင်းဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြောင့် လူအများစု အိမ်တွင်းအောင်းနေချိန်မှာ ဖတ်ရှုစရာ ရသလက်ရာကောင်း ဝတ္ထုလေးတွေကို ပြန်ဖတ်ရှုရတဲ့ အတွက် စာရေးသူ မြသွေးရည်ကိုရော အရှုံးအမြတ်မတွက် ထုတ်ဝေပေးတဲ့ စိတ်ကူး ချိုချိုကိုပါ ကျေးဇူးတင်စကား ထပ်မံပြောကြားပါရစေ။
                                                                                                   
                                                                                  ခင်နှင်းဦး

(  Zawgyi )

 ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီး ေနာက္ပိုင္း ျမန္မာစာေပေလာကမွာ ရသစာေပမဂၢဇင္းေတြကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ထုတ္ေဝခဲ့ၾကပါတယ္။ ၁၉၄၆-၁၉၄၇ ဝန္းက်င္ေလာက္က စထုတ္ေဝခဲ့တဲ့ ၊ စာပေဒသာ၊ ေသြးေသာက္နဲ႔ ရႈမဝမဂၢဇင္းေတြ အျပင္၊ ေပဖူးလႊာ၊ နဝေဒး၊  ျမဝတီ၊ ေငြတာရီ၊ စစ္ျပန္၊ စုံေထာက္ စတဲ့ မဂၢဇင္းေတြထြက္လာၾကပါတယ္။ အဲဒီေနာက္ မိုးေဝ၊ စႏၵာ၊ ခ်ယ္ရီ၊ မေဟသီ၊ ဒဂုန္ စတဲ့ မဂၢဇင္းေတြထပ္ထြက္လာၿပီး မဂၢဇင္းေတြဟာ ကိုယ့္မူနဲ႔ကိုယ္ ရပ္တည္ရင္း အၿပိဳင္အဆိုင္ ႀကိဳးပမ္းၾကရတဲ့ အခ်ိန္ျဖစ္လာပါတယ္။ မဂၢဇင္းေလာကမွာ ထူးျခားမႈတခုအေနနဲ႔ ၁၉၈၅ ခုႏွစ္ ဇန္နဝါရီမွာ အမ်ိဳးသမီးအယ္ဒီတာေတြ ဦးစီးတဲ့ ကလ်ာ၊ စံပယ္ျဖဴနဲ႔ လုံမေလး မဂၢဇင္း ၃ ေစာင္ တၿပိဳင္တည္း စေပၚေပါက္လာတာပါ။

၁၉၈၀ - ၁၉၉၀ ဝန္းက်င္က ထုတ္ေဝတဲ့ မဂၢဇင္းေတြမွာ ေဖာ္ျပခဲ့ၾကတဲ့ ဝတၳဳတိုေတြဟာ စာေပေလာကကို လႈပ္ခတ္ေစခဲ့ပါတယ္။ အဲဒီ ဆယ္စုႏွစ္တာ ကာလကို စာေပေဝဖန္ေရးသမား ေတြက ဝတၳဳတိုေ႐ႊေခတ္လို႔ တင္စားခဲ့ၾကပါတယ္။ ၁၉၉၀ ျပည့္ႏွစ္ ေနာက္ပိုင္း ရသစာေပ မဂၢဇင္းေတြ တျဖည္းျဖည္း တျဖဳတ္ျဖဳတ္ေႂကြကုန္ၾကတာ၊ ဒီကေန႔ဆို ရသစာေပမဂၢဇင္းရယ္လို႔ ထုတ္ေဝေနတဲ့ မဂၢဇင္းေတြကို လက္ခ်ိဳးေရလို႔ ရတဲ့ထိ ေလ်ာ့ပါးသြားပါၿပီ။  ဒီလိုကာလမ်ိဳးမွာ ဝတၳဳတိုေ႐ႊေခတ္တုန္းက တန္းဝင္ကေလာင္တေခ်ာင္းျဖစ္တဲ့ ျမေသြးရည္ရဲ႕ ဝတၳဳတို (၁၆) ပုဒ္ကို စုစည္းၿပီး စိတ္ကူးခ်ိဳခ်ိဳက သတၱိရွိရွိထုတ္ေဝလိုက္ပါတယ္။ ျမေသြးရည္ရဲ႕ စိတ္ေလွ်ာ္စက္ႏွင့္ အျခားဝတၳဳတိုမ်ား ထြက္လာခ်ိန္ဟာ တိုက္တိုက္ဆိုင္ဆိုင္ ကိုဗစ္ေၾကာင့္ လူေတြအိမ္ထဲမွာပဲေနဖို႔ သတ္မွတ္ထားတဲ့ ၂၀၂၀ မတ္လျဖစ္ေနပါတယ္။

ဝတၳဳတိုေ႐ႊေခတ္ ကာလတုန္းကတည္းက အေရးနည္း အေရးက်ဲ ခဲ့ေပမယ့္၊ ေရးသမွ် ရသ ေျမာက္တဲ့ ျမေသြးရည္ရဲ႕ ဝတၳဳတိုေလးေတြကို တစုတစည္းတည္း ျပန္ဖတ္ခြင့္ရတဲ့ အတြက္ေရာ၊  ေရာင္းတန္းစာရင္း ဝင္ မဝင္ မေသခ်ာ မေရရာတဲ့ ကေလာင္ရွင္ရဲ႕ စာေတြကို စာေပစိတ္နဲ႔ ထုတ္ေဝေပးတဲ့ အတြက္ပါ စိတ္ကူးခ်ိဳခ်ိဳ စာအုပ္တိုက္ကို ေက်းဇူးတင္မိပါတယ္။ ျမေသြးရည္ရဲ႕ ဝတၳဳတိုေလးေတြအတြက္ ဝါရင့္ စာေရးဆရာမႀကီးေတြျဖစ္တဲ့ ၾကဴၾကဴသင္း၊ စမ္းစမ္းႏြဲ႕( သာယာဝတီ) နဲ႔ တင္တင္ဦးတို႔က အမွာစာေရးေပးထားၾကပါတယ္။

ျမေသြးရည္ရဲ႕ ဝတၱဳအမ်ားစုဟာ လူ႔စ႐ိုက္၊ လူ႔သဘာဝ၊ သိနားလည္ရခက္တဲ့ လူ႔စိတ္အေျခအေန ေတြကို လွစ္ဟျပတဲ့ ဝတၱဳေတြနဲ႔ ဘဝသ႐ုပ္ေဖာ္ဝတၱဳေတြပါ။ ဒီထဲမွာ ထူးထူးျခားျခား စိတ္ကူး ကြန႔္ျမဴးထားတဲ့ ဝတၱဳေလး တပုဒ္လည္းပါဝင္ပါတယ္။ “ တိမ္လႊာပန္းပု ထုဆစ္ျခင္း” ဆိုတဲ့ ဝတၱဳေလးပါ။ လူသားေတြ တေန႔ တေန႔ လႈပ္ရွား႐ုန္းကန္ေနရတာဟာ လူတို႔ရဲ႕ အေျခခံ လိုအပ္ခ်က္ စား၊ ဝတ္၊ ေနေရး ေၾကာင့္ျဖစ္ပါတယ္။ အဓိကကေတာ့ သမုဒၵရာ ဝမ္းတထြာ လို႔ တင္စားေျပာၾကတဲ့ စားေရးပါ။ ဘယ္သူမွ မေတြးမယ့္ အေတြး၊ ဒါမွ မဟုတ္ ေတြးမိဖို႔ ခက္ခဲမယ္ ျဖစ္တဲ့ အေတြးဆန္းကို စာေရးသူက ေတြးျပထားပါတယ္။ လူေတြကို အစာအိမ္မဲ့ လူသားေတြ အျဖစ္ ေျပာင္းလဲေပးႏိုင္မယ္ဆိုရင္၊ လူေတြ  ဘဝကို ေအးခ်မ္းေပ်ာ္႐ႊင္စြာ ရွင္သန္ ႏိုင္ၾကမွာပဲ ဆိုတဲ့ အေတြးပါ။ လူေတြရဲ႕ အစာအိမ္ကို ေဘးမရွိဘဲ ထုတ္ယူႏိုင္တဲ့နည္းကို တီထြင္သူအျဖစ္ တကမာၻလုံးက ဂုဏ္ျပဳပြဲက်င္းပေပးပုံကို သေရာ္သံေငြ႕‌ေငြ႕စြက္ၿပီး ေရးဖြဲ႕ထားတဲ့ဝတၳဳတိုေလးပါ။

စိတ္ေလွ်ာ္စက္ ဆိုတဲ့ ဝတၳဳေလးကေတာ့ ဗြီဒီယိုကားေတြ ေခတ္စားခ်ိန္တုန္းက၊ ရန္ကုန္ၿမိဳ႕ ရဲ႕ ဆင္ေျခဖုံး ရပ္ကြက္တိုင္းတိုင္း လိုလိုနဲ႔ ၿမိဳ႕႐ြာအႏွံ႔မွာ ရွိၾကတဲ့ ဗြီဒီယို႐ုံေတြမွာ အေျခခံ လက္လုပ္ လက္စားလူတန္းစားေတြနဲ႔ လူလတ္တန္းစားလို႔လည္း မဆိုႏိုင္တဲ့ ႐ုံးဝန္ထမ္း စာေရးစာခ်ီေတြ ဗြီဒီယို႐ုံမွာ ႐ုပ္ရွင္ၾကည့္ၿပီး စိတ္အပန္းေျဖၾက စိတ္ထြက္ေပါက္ရွာၾကပုံကို ဟာသေလးေႏွာၿပီး ေရးဖြဲ႕ထားတာပါ။ တနည္းအားျဖင့္ ႐ုပ္ရွင္အႏုပညာရဲ႕ စြမ္းပကား ဘယ္ေလာက္ႀကီးမားေၾကာင္း ေရးဖြဲ႕ထားတဲ့ ဝတၳဳတိုေလးျဖစ္ပါတယ္။ ဒီဝတၳဳတိုေလးထဲက အမ်ိဳးမ်ိဳးေသာ ဇာတ္ေကာင္ေတြ ဟာ ႐ုပ္လုံးႂကြၿပီး အသက္ဝင္လွပါတယ္။

အလားတူပင္ ဆုံမွတ္တခုရဲ႕ အတၳဳပၸတၱိ ဆိုတဲ့ ဝတၳဳတိုေလးကလည္း ႐ုပ္ရွင္အႏုပညာဟာ လူေတြအေပၚ  လႊမ္းမိုးႏိုင္စြမ္း ႀကီးမားလွပုံကို သ႐ုပ္ေဖာ္ထားတဲ့ ဝတၳဳတိုေလးျဖစ္ပါတယ္။ ေတးဂီတဟာလည္း စြမ္းပကားႀကီးမားတဲ့ လူေတြအေပၚ လူတန္းစားမေ႐ြး လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ အႏုပညာတရပ္ ျဖစ္ေၾကာင္းကိုေတာ့ “ အိပ္မက္ဥယ်ာဥ္” ဆိုတဲ့ ဝတၳဳတိုေလးမွာ ေရးသားျပထား ပါတယ္။ ဆင္ေျခဖုံး ရပ္ကြက္ေလးတခုမွာ သီခ်င္းဆိုလို႔ရတဲ့ အျဖစ္လုပ္ထားတဲ့ ကာယာအိုေက ဆိုင္ေလး ေပၚလာေတာ့ လက္လုပ္လက္စား လူတန္းစားေတြ ညဦးပိုင္းမွာ ကာယာအိုေကကို ေရာက္လာၾကပုံ၊ ရွိစုမဲ့စု ယူလာတဲ့ ေငြေလးေတြေပးၿပီး  သီခ်င္းဆိုၾကပုံကို ေရးဖြဲ႕ထားတာ ဖတ္ရင္း စာဖတ္သူ ပါးစပ္မေစ့ရတဲ့ထိ ရယ္ေမာရေစမယ့္ လက္ရာ ေကာင္းေလး တပုဒ္ျဖစ္ပါ တယ္။

ေလာကမွာ အဆန္းျပားဆုံး၊ အသိရအခက္ဆုံးအရာဟာ လူ႔စိတ္ပါ။ လူ႔စိတ္ဟာ ေလ့လာလို႔ မကုန္ခန္း ႏိုင္တဲ့ အရာတခုလည္းျဖစ္ပါတယ္။ မိဘေတြေၾကာင့္ စိတ္ဒဏ္ရာရခဲ့တဲ့ မိန္းကေလး တေယာက္ရဲ႕ ျဖစ္စဥ္ကို “ ဧဒင္သို႔ အျပန္” ဆိုတဲ့ ဝတၳဳတိုေလးအျဖစ္ သီဖြဲ႕ျပထားပါတယ္။ သမီးေလး ငယ္စဥ္၊ သမီးေလးေရွ႕မွာ ရန္ျဖစ္ေလ့ရွိတဲ့ မိဘေတြၾကားမွာ ႀကီးျပင္းလာရင္း စိတ္ဒဏ္ရာရလာတဲ့ မိန္းကေလး ခမ်ာ ဒီစိတ္ဒဏ္ရာထဲက ခဲရာခဲဆစ္ျပန္႐ုန္းထြက္ရပုံကို လွလွပပ ေရးသားျပ ထားပါတယ္။ မနာလိုဝန္တိုစိတ္ကေန ခ်စ္စိတ္ဘက္ ေျပာင္းသြားတဲ့ သမီး ေယာကၡမ ႏွစ္ေယာက္ရဲ႕ အျဖစ္ကိုေတာ့၊ “ သမုဒယသံစဥ္” ဆိုတဲ့ ဝတၳဳတိုေလးမွာ ဖတ္ရႈႏိုင္ပါတယ္။

အေမတခု သားတခုသာရွိတဲ့ မိသားစုက သားျဖစ္သူနဲ႔ မိဘမဲ့ မိန္းမပ်ိဳေလး တေယာက္ အိမ္ေထာင္က်တဲ့ အခါ၊ အေမက သားကို ရထားသူ ေခြၽးမအေပၚ အေကာင္းမျမင္ႏိုင္တဲ့ မနာလို ဝန္တိုစိတ္၊ မိန္းမပ်ိဳဘက္ကလည္း သူ႔ေယာက်ာ္းကို လႊမ္းမိုး ေနဆဲ ေယာကၡမျဖစ္သူအေပၚ မေက်နပ္ စိတ္နဲ႔ အဆင္မေျပၾကတဲ့သမီးေယာကၡမ ႏွစ္ေယာက္ဟာ သူတို႔ရဲ႕သားျဖစ္သူ၊ လင္ျဖစ္သူ ျဗဳန္းစားႀကီးေသဆုံးသြားၿပီးေနာက္ သားကိုသိပ္ခ်စ္တဲ့ မိခင္နဲ႔ လင္ကို သိပ္ခ်စ္တဲ့ မိန္းမ ၂ ေယာက္ဟာ ကြယ္လြန္ သြားသူအေပၚ ထားရွိတဲ့ မပ်က္ျပယ္ႏိုင္တဲ့သူတို႔ရဲ႕ အခ်စ္ကို အရင္းခံၿပီး သားအမိသဖြယ္ တြယ္တာခ်စ္ခင္သြားၾကပုံကို လွလွပပ ျခယ္မႈန္းေရးသားထားပါတယ္။

“ ေ႐ႊလက္ကမ္းတုံ လမ္းမဆုံခဲ့”၊ “ တစ္ခါက ေငြလဝန္း” ဆိုတဲ့  ဝတၳဳေလးေတြဟာ သာမန္အခ်စ္ ဝတၳဳေလးေတြ ျဖစ္ေပမဲ့  ဖတ္ရႈသူေတြရဲ႕ စိတ္ကို ဖမ္းစားၿပီး ရသခံစားမႈကို ေပးႏိုင္စြမ္း ရွိၾကပါ တယ္။ ငယ္စဥ္ဘဝ ေက်ာင္းစာသင္ခန္းထဲမွာ ေတြ႕ႀကဳံၾကရင္း ျဖစ္ေပၚလာတဲ့ သမီးရည္းစား အခ်စ္၊ သူငယ္ခ်င္းအခ်စ္ေတြကိုေတာ့ “ ခ်စ္သူ လူ႐ႊင္ေတာ္” နဲ႔ “ သူငယ္ခ်င္း” ဆိုတဲ့ ဝတၳဳတိုေလးမွာ ေတြ႕ျမင္ႏိုင္ပါတယ္။

လူေတြဟာ အေပၚယံကိုၾကည့္ၿပီး ဆုံးျဖတ္တတ္ၾကပုံ၊ ဒါေပမဲ့ လူ႔သေဘာ လူ႔မေနာေတြဟာ အေပၚယံ ႐ုပ္ဝတၳဳေပၚ  မူတည္ဆုံးျဖတ္လို႔ မရေၾကာင္း၊ ႐ုန္းကန္ေနရတဲ့ ဘဝပိုင္ရွင္ေတြထဲမွာ ေလးစားဖြယ္ ကိုယ္က်င့္တရားေတြနဲ႔ ရပ္တည္ေနသူေတြ ရွိေၾကာင္းကိုေတာ့ “ သီခ်င္း အတူဆို ရေအာင္” နဲ႔ “ စိန္သားႏွစ္လိပ္ျပာ” ဆိုတဲ့ ဝတၳဳေလးေတြမွာ ေရးဖြဲ႕ျပထားပါတယ္။ စာေပေလာက ထဲ ဝင္ဖို႔ ႀကိဳးစားၾကတဲ့ ကေလာင္သစ္တိုင္းေတြ႕ရတဲ့ စာေပေလာကဓံကို “ ကႏၲာလမ္းၾကမ္း ပါေစ” ဆိုတဲ့ ဝတၳဳေလးမွာ ဖတ္ရႈႏိုင္ၾကပါတယ္။ အထူးသျဖင့္ ေငြေပါလို႔ စာ႐ူး႐ူးသူ မဟုတ္ဘဲ၊ သူလို ကိုယ္လို ဘဝနဲ႔ စာ႐ူးေပ႐ူးေတြသူ ဘယ္ေလာက္ၾကမ္းတမ္းတဲ့လမ္းကို ေလွ်ာက္ခဲ့ရတယ္ ဆိုတာ ဒီဝတၳဳေလးက ျပသေပးပါတယ္။

ေလာက အလယ္မွာ မိဘမရွိ၊ ခင္ပြန္းမရွိ တေယာက္တည္း႐ုန္းကန္ရတဲ့ မိန္းကေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ဇြဲမာန္ကို “ ေ႐ႊေရာင္ေတာင္ပံမ်ား” မွာ ေရးသားထားပါတယ္။ မိဘေမတၱာကို ေဖာ္ၾကဴးျပတဲ့ ဝတၳဳေလးကေတာ့ “ အနက္ရႈိင္းဆုံး ညီမွ်ျခင္း” ပါ။ ျမေသြးရည္ ရဲ႕ စိတ္ေလွ်ာ္စက္ ဝတၳဳတိုေပါင္းခ်ဳပ္ ထဲက ဝတၳဳတိုေလးဟာ ေရးဖြဲ႕ပုံ ေပါ့ပါး သြက္လက္ေပမဲ့ ဝတၳဳ အပုဒ္တိုင္းက ခံစားမႈရသမ်ိဳးစုံကို ေပးၾကပါတယ္။ အေျခခံလူတန္းစားေတြရဲ႕ ဘဝကို ပူးဝင္ ခံစားႏိုင္တဲ့ စာေရးသူရဲ႕ စာနာစိတ္ကို ဒီစာအုပ္ထဲက ဝတၳဳတိုတခ်ိဳ႕မွာ ထင္ထင္ရွားရွား ျမင္ေတြ႕ရ ပါတယ္။

ေနာက္တခ်က္က စာေရးသူရဲ႕ ဟာသဉာဏ္နဲ႔ ဘဝအ‌ေပၚ ရႈျမင္ႏိုင္စြမ္းေတြကိုလည္း သူ႔ဝတၳဳက တဆင့္ စာဖတ္သူတို႔ ေတြ႕ျမင္ခံစားၾကရမွာပါ။ျမေသြးရည္ ဆိုတာ လွ်မ္းလွ်မ္းေတာက္ လူသိ မ်ားတဲ့ ကေလာင္တေခ်ာင္းမဟုတ္ေပမဲ့၊ ရသစာေပကို အစဥ္တစိုက္ ဖတ္ရႈခဲ့ၾကတဲ့ စာဖတ္ ပရိသတ္ ရင္းႏွီးကြၽမ္းဝင္ၿပီးသား ကေလာင္တေခ်ာင္းျဖစ္ပါတယ္။ ကိုဗစ္ေရာဂါေၾကာင့္ လူအမ်ားစု အိမ္တြင္းေအာင္းေနခ်ိန္မွာ ဖတ္ရႈစရာ ရသလက္ရာေကာင္း ဝတၳဳေလးေတြကို ျပန္ဖတ္ရႈရတဲ့ အတြက္ စာေရးသူ ျမေသြးရည္ကိုေရာ အရႈံးအျမတ္မတြက္ ထုတ္ေဝေပးတဲ့ စိတ္ကူး ခ်ိဳခ်ိဳကိုပါ ေက်းဇူးတင္စကား ထပ္မံေျပာၾကားပါရေစ။
                                                                                                   
                                                                                  ခင္ႏွင္းဦး