【 ဆောင်းပါး 】မြင်သာ(သို့မဟုတ်) ဝတုတ်တုတ်

【  ဆောင်းပါး  】မြင်သာ(သို့မဟုတ်) ဝတုတ်တုတ်

နိုင်ငံ့ဝန်ထမ်းများဖြင့် စတင်ခဲ့သော ကျနော်တို့မြင်သာမှာ ယခုအခါမှာတော့ သိန်းနှစ်ထောင်၊သုံးထောင်လောက်မသုံးနိုင်ဘဲ အနားမကပ်နိုင်သည့် တန်ဖိုးမြင့်နေရာဖြစ်လို့နေပြီ။တစ်ချိန်က မြေသားနှင့် ကျောက်ခဲ ရောသမမွှေထားသော လမ်းများမှာ စစ်အစိုးရကာလကတည်းက ကတ္တရာလမ်းများဖြစ်နေခဲ့ပြီ။ ကျနော်တို့ဇင်ယော်လမ်းဆိုလျှင် ၁၉၉၄ ခုနှစ်ဝန်းကျင်ကတည်းက ကတ္တရာလမ်းဖြစ်ခဲ့ပြီးဖြစ်သည်။

ထိုအချိန်က ကိုယ်ထူကိုယ်ထလမ်းများဟုခေါ်သည်။လမ်းထဲနေပြည်သူများက ကတ္တရာလမ်းဖြစ် မြောက်ရေးကော်မတီဖွဲ့။လမ်းကုန်ကျစရိတ်တွက်ချက်ကာ မတတ်နိုင်သူများ အနိမ့်ဆုံးထည့်ဝင်ရမည့်ငွေ သတ်မှတ်။တစ်လုံးတည်းမထည့်နိုင်လည်း ၃ရစ်၊၄ရစ်ခွဲထည့်။တတ်နိုင်သူများက များများပိုထည့်။

တစ်လမ်းပြီးတစ်လမ်း ကတ္တရာလမ်းဖြစ်မြောက်ရေးအတွက် စုကြစပ်ကြ ရုန်းကြကန်ကြဖြင့် စည်ပင်၏တာဝန်ကို ကိုယ့်ငွေဖြင့်ကိုယ်ဝင်ထမ်းကြသည်မှာ ရန်ကုန်တစ်မြို့လုံးဖြစ်သည်။ကျနော်တို့မြင်သာ တွင်လည်း တစ်လမ်းပြီးတစ်လမ်း လမ်းကြိတ်စက်သံများ ဆူဆူညံညံ။

ကတ္တရာလမ်းခင်းနိုင်သည့်ငွေကြေးအင်အားရပြီဆိုလျှင် လမ်းကုမ္ပဏီကိုအပ်။ကုမ္ပဏီကသူ့ဘာသာ သူလုပ်။ကျနော်တို့လမ်းမှာမူ အတင်းပြောသန်သူများရှိသော်လည်း ယေဘုယျအားဖြင့် ညီညီညွတ်ညွတ်ရှိ ကြသဖြင့် ကိုယ်တတ်နိုင်သောအလုပ်ကို ကိုယ်တိုင်ဝင်လုပ်ကြသည်။

လမ်းဖြစ်မြောက်ရေးကော်မတီလူကြီးများက သတ်မှတ်အနက်အတိုင်းမြေသားတူးခြင်းရှိ၊မရှိ သေချာစေ့စေ့စပ်စပ်။ပြီးတော့ အနည်းဆုံးတစ်အိမ်တစ်ယောက်ထွက်၊ ကတ္တရာမလောင်းမီ ကျောက်ကြီး၊ ကျောက်သေးများဖိဖိသိပ်သိပ်ဖြင့် ဖောင်ဒေးရှင်းခိုင်မာစေရန် ကိုယ့်ဘာသာထည့်ကြ။တတ်နိုင်သူများက နေ့ခင်းနေ့လည် အကျွေးအမွေးများဖြင့်တည်ခင်းကြ။လူငယ်များက ညနေခင်းအလုပ်ပြီးလျှင် စုပေါင်းစပ် ပေါင်းရီဝေေ၀။စာ အုပ်များဖြင့်အလုပ်ရှုပ်နေသလိုလို၊ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်နေသော ကျနော်က ကျောက်ခဲ တစ်တုံး စ၊ နှစ်တုံးစ ဝင်ထည့်ပေးသည်ကလွဲ ဘာသိ ဘာသာ။

ကျနော့်စိတ်ထင်ကတ္တရာခင်းခြင်းလုပ်ငန်းမှာ တစ်လဝန်းကျင်ခန့်အကြာတွင်ပြီးသည်။ သို့သော်၊ လမ်းဖွင့်ပွဲပြုလုပ်တာက နောက်တစ်နှစ်ခန့်အကြာမှဖြစ်သည်။ဘာ့ကြောင့် ဒီလောက်ကြာနေရတာလဲဆိုတော့ ကိုယ်ထူကိုယ်ထလမ်းများကို ရန်ကုန်မြို့တော်ဝန်က လိုက်လံဖွင့်လှစ်ပေးနေသဖြင့် သူအားသည့်အချိန်စောင့်ရသောကြောင့်ဖြစ်သည်။

ကတ္တရာလမ်းခင်းခြင်းပြီးစီးသွားလျှင် လမ်းပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သို့တင်ပြ။ မြို့တော်စည်ပင်လူကြီးမင်းများက ပေးမည့်ရက်ချိန်းကိုထပ်စောင့်။ထိုအချိန်က ရန်ကုန်မြို့တော်ဝန်မှာ ဗိုလ်မှူးချုပ်အောင်သိန်းလင်း။သူက မြို့တော်ဝန်ဖြစ်သည်မှာ သိပ်မကြာသေးသဖြင့် တက်ကြွသည့်ကြက်ဖပမာ မနားမနေ ကိုယ်ထူကိုယ်ထလမ်းများကို လျှောက်ဖွင့်နေခြင်းဖြစ်သည်။

ကိုယ့်ငွေဖြင့်ကိုယ်ခင်းထားသောလမ်း ကိုယ့်ဘာသာစုပေါင်းဖွင့်လို့မရဘူးရယ်တော့ မဟုတ်။သို့သော်၊ မြို့တော်ဝန်ကိုမစောင့်ဘဲ လမ်းဖွင့်ပွဲလုပ်ခြင်းသည် စစ်အစိုးရကို ဆန့်ကျင်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်လျှင် ဘဝပျက်သွားနိုင်သဖြင့် မည်သူမျှ ကိုယ့်သဘောနှင့်ကိုယ်မဖွင့်ရဲ။

ထို့ကြောင့် မျက်နှာကြောတင်းတင်းဖြင့် ရောက်လာမည့် မြို့တော်ဝန်ကြီးကိုစောင့်။မြို့တော်ဝန်ကြီးက အဲကွန်းကားပေါ်က ခဏတဖြုတ်ဆင်းလာ၊တို့တာဝန်အရေးသုံးပါးတွေဘာတွေ ခဏတဖြုတ်ရွတ်ပြ။ပြီးတော့ဖဲကြိုးဖြတ်ပြီး ပြန်။လမ်းဖွင့်ပွဲစရိတ်စကအားလုံးကို လမ်းပြည်သူများကကျခံကြရ။ ဘာပဲဖြစ်ဖြစ် MRTV သတင်းထဲ ဖြတ်ခနဲတစ်ချက်၊နှစ်ချက် ကိုယ့်ပုံပါနိုင်သဖြင့် လမ်းထဲကအပျိုဖြန်းများ လမ်းဖွင့်ပွဲတွင်အလှ ကိုယ်စီဖြင့်အလုအယက်။

ထိုအချိန်က လမ်းကြီး၊လမ်းသွယ်အဖြာဖြာတို့သည် ကတ္တရာလမ်းများသာဖြစ်ပြီး ဘာ့ကြောင့် ကွန်ကရစ်လမ်းမခင်းသလဲတော့မသိ။ကျနော်ပထမဆုံးမြင်ဖူးသော ကွန်ကရစ်လမ်းမှာ ကျနော်တို့ဇင်ယော်လမ်းနှင့် ကျေးတမာလမ်းကြား မိုးတွင်းဆို လမ်းသွားရန်ပင်ခက် သော ခြေတစ်ဖဝါးစာလမ်းလေးတွင်ဖြစ်သည်။ထိုလမ်းတွင် နှစ်ထပ်တိုက်ကြီးတစ်လုံးပေါ်လာပြီး တိုက်ကြီးပိုင်ရှင်က သူ့ကားဝင်ထွက်၍ရအောင် ခြေ တစ်ဖဝါးစာလမ်းကို ကားတစ်စီးအလွယ်တကူဝင်ထွက်နိုင်သည့် ကွန်ကရစ်ခင်းလိုက်ခြင်းဖြစ်သည်။ လမ်းပြီးဆုံးသည်နှင့် လမ်းနာမည်ကိုပါ သူ့နာမည်ပေး ဆိုင်းဘုတ်တင်လိုက်သဖြင့် ကျနော်တို့လမ်းသားများ သိပ်မကြည်။သို့သော်၊တိုက်ပိုင်ရှင်ကြီး၏ရာဇဝင်က ဌာနဆိုင်ရာတစ်ခုတွင် နှစ်သီးစားမိုးကျရွှေကိုယ်အရာရှိ ကြီးမို့ မကြည်လည်း အတင်းပြောရဲရုံမျှသာ တတ်နိုင်ကြသည်။ထား။

ထိုနှစ်ထပ်တိုက်ကြီးမှာ ကျနော်တို့ တောင်ဥက္ကလာ၊မြင်သာတွင် သက္ကရာဇ်၂၀၀၀ မပြည့်မီကာလက အထည်ဝါဆုံးတိုက်ကြီးတစ်လုံးဖြစ်သည်။ထို့ကြောင့်ကွန်ကရစ်ခင်းထားသော ထိုလမ်းမှဖြတ်သွားသည့်အခါတိုင်း တိုက်ခြံဝင်းထဲသို့ ကျနော်တို့ငေးကြည့်မိမြဲဖြစ်သည်။ဘာ့ကြောင့်နှစ်ထပ်သာရှိသောတိုက်သည် ခမ်း နား နေ သလဲဆိုတော့ ကျနော်တို့မြင်သာတိုက်များမှာ နှစ်ခန်းတွဲပုပုပြားပြားလေးများသာဖြစ် သောကြောင့် ပင်။

မြင်သာသည် ၁၉၇၀ပြည့်နှစ်ဝန်းကျင်ကာလက အစိုးရတည်ပေးသောတိုက်များဖြစ်၍ တိုက်အား လုံးသည် နှစ်ခန်းတွဲ လုံးတူဆိုဒ်တူပုံစံတူ ခပ်ကျဉ်းကျဉ်း။နောက်ပိုင်းတွင် တတ်နိုင်သူက တတ်နိုင်သလောက် အရှေ့တစ်ခန်းချဲ့၊အနောက်တစ်ခန်းချဲ့၊ဘေးထပ်ချဲ့။သို့သော်၊အားလုံးသည် သိပ်တတ်နိုင်ကြ သူများမဟုတ်သဖြင့် သိပ်ချဲ့နိုင်ကြခြင်းမရှိ။ထို့ကြောင့် သက္ကရာဇ်၂၀၀၀၀န်းကျင်ရောက်သည့်တိုင် မြင်သာ တွင် နှစ်ထပ်တင်ထားသော တိုက်ပင်မရှိသဖြင့် နှစ်ထပ်တိုက်ကြီးမှာ ခမ်းနားနေခြင်းဖြစ်သည်။

ထိုနှစ်ထပ်တိုက်ကြီး၏ရှေ့တွင် အတန်ငယ်ကျယ်သော မီးတားကွင်းရှိသည်။ထိုမီးတားကွင်းထဲတွင် ကျနော်တို့လမ်းဝန်းကျင်သို့ နေ့စဉ်ရေပေးဝေနေသော အဝီစိတွင်းနှင့် ရေသိုလှောင်ကန်ရှိသည်။မြင်သာရှိ လမ်းတိုင်းတွင်မကျယ်သည့်တိုင် မီးတားကွင်းများရှိမြဲဖြစ်သည်။

ကျနော်တို့လမ်းနှင့်မိုးစွေလမ်းကြားတွင်ဆို မိုးတွင်း စပါးစိုက်၊နွေဆို ကျနော်တို့လူငယ်များဆော့ကစားရာ ဘော်လီဘောကွင်းနှင့်ဘောလုံးကွင်းရှိသည်အထိကျယ်ဝန်းသည်။မိုးစွေလမ်းနှင့်ရွှေပြည်စိုးလမ်းကြား လယ်ကွင်းဆိုလျှင်လည်း မူလတန်းကျောင်း ရှိ သည် ကလွဲ၍ကျယ်ကျယ်ဝန်းဝန်း။ဟင်္သာလမ်းဘေးလယ်ကွင်းဆို အကျယ်ဆုံး။ထို့ကြောင့် ကျနော်တို့ လူ ငယ်ဘ၀ မြင်သာသည် လေကောင်းလေသန့်များဖြင့် လတ်ဆတ်လွန်းလှသည်။

သက္ကရာဇ်၂၀၀၀ပြည့်ပြီးတစ်နှစ်စွန်းခါစ ထိုသို့သောမြင်သာမှ ကျနော်ဆုတ်ခွာခဲ့ရ။နှစ်အတန်ကြာ မြင်သာကို ဖြတ်ခနဲမြင်ရုံ ဖြတ်ခဲ့ရာမှ ပြီးခဲ့သည့်၄-၅နှစ်ခန့်က မြင်သာသို့စေ့စေ့စပ်စပ်ပြန်ရောက်သည့်အခါ မြင်သာသည် ကျနော်တို့မြင်သာမဟုတ်တော့ကြောင်း သဘောပေါက်လိုက်ရသည်။

မြင်သာတွင်ကျနော်တို့ ယခင်က ငေးကြည့်ခဲ့ရသော နှစ်ထပ်တိုက်ကြီးမှာ ယခုတော့ သေးသွားသလို ထင်ရသည်အထိ သူ့နံဘေးပတ်လည် သူ့ထက်ထည်ဝါသောတိုက်ကြီးများ ဟီးဟီးထလို့။ပြီးတော့ မြင်သာတွင် ၅ထပ်၊၆ထပ် ကန်ထရိုက်တိုက်ခန်းများပင် ခပ်ကျဲကျဲနေရာယူလို့။မြင်သာတွင် မူလတိုက်ဟောင်း ပုံစံမပျက်ချဲ့ထားသော တိုက်များပင် ခပ်ရှားရှား။ကျနော်တို့နေခဲ့သောတိုက်ပုလေးများသည် ကိန်းကြီးခန်းကြီးတိုက်ကြီးပင်လယ်ကြား ပုပုပြားပြား ကြည့်ရဆိုးဆိုး မျက်နှာငယ်ငယ်။

 “ငါတို့လိုချဲ့ထားတဲ့တိုက်က မြင်သာမှာအရင်ကတည်းကနေလာတဲ့ ငမွဲတွေနေတာ။ နောက်ပြောင်းလာတဲ့သူဌေးတွေက တစ်တိုက်လုံးကိုဖျက်ပြီး အသစ်ပြန်ဆောက်တာ။ မြေပဲဝယ်တဲ့သဘော။”ဟု မြင်သာတွင် ထီးထီးကြီးကျန်နေသော ကျနော့်ဘော်ဒါကြီးက လက်ရှိမြင်သာကို ခွဲခြမ်းစိတ်ဖြာပြသည်။

မြင်သာမြေကြီးသည် ရွှေထက်ပင် ဈေးကြီးနေလေပြီ။ထို့ကြောင့် တစ်ချိန်က ကျနော်တို့လေ ကောင်းလေသန့်ရခဲ့သော လယ်ကွင်းများအားလုံးတွင် တိုက်ကြီးတာကြီးများက နေရပ်လပ်မကျန် နေရာယူ ထားလေပြီ။ယခင်က ကျယ်ကျယ်ဝန်းဝန်းမီးတားကွင်းများကို ကြည့်ဦးမလား။လုံးဝမရှိတော့။

 “သက္ကရာဇ်၂၀၀၀အကျော် ၄-၅နှစ်အတွင်း မြင်သာလယ်ကွင်းတွေ အကုန်ကုန်တာပဲ။သိန်းထောင်ချီတန်တဲ့ မြေကြီးဆိုတော့ စည်ပင်က ဘယ်လိုတွေ ရိုက်စားလုပ်သွားသလဲ မသိလိုက်ဘူး။”ဟုကျနော့်ဘော်ဒါ ကပြောသည်။

ထို့ကြောင့်ထင်၏။ဇီဝစိုးလမ်းဓမ္မာရုံနောက်ကျောရှိ ကျနော်တို့ချာတိတ်ဘဝက ပိုက်ကျော်ခြင်းကွင်း နေရာမှာ ပြီးခဲ့သည့်၂နှစ်ကျော်က ပိုင်ရှင်ပေါ်လာသဖြင့် ရပ်ကွက်နှင့်ပြဿနာတက်နေကြောင်းသိရသည်။

“အဲဒီနေရာက ဦးသိန်းစိန်အစိုးရလက်ထက်မှာ စည်ပင်လူကြီးတစ်ယောက်က သူ့မိန်းမနာမည် အမည်ပေါက်လုပ်လိုက်တယ်လို့ကြားတယ်။နောက်သတင်းတစ်ခုက စည်ပင်လူကြီးက နာမည်ပေါက်လုပ်ပြီး တစ်ခြားတစ်ယောက်ကို ရောင်းစားလိုက်တယ်လို့လည်း ကြားတယ်။ကိုယ်တွေအစိုးရလက်ထက်ကျမှ အမျိုးသမီးကြီးတစ်ဦးက အဲဒီခြင်းကွင်းကို ခြံလာခတ်လို့ ကန့်ကွက်ကြတာ။”ဟု မြင်သာနှင့်နီးနီးလေးတွင်နေနေသည့် ကျနော်တို့အစ်ကိုသဖွယ်ဒေါက်တာရဲသွင် (ဘိုင်အိုကျူရှင်ဆရာ)က ပြောပြသည်။

ယခုတော့ ထိုခြင်းကွင်းအခြေအနေ မည်သို့ရှိသလဲ သူလည်းမသိ။ မြင်သာသည် ထိုသို့ အဂတိ လိုက်စားမှုနှင့်အာဏာဖြင့်သိုက်တူးသူတို့ ခြေချင်းလိမ်ခဲ့သောနေရာ။တစ်ချိန်က စိတ်ကူးတွေရွက်လွှင့်လို့ ကောင်းခဲ့သောမြင်သာသည် ယခုအခါ ကျဉ်းကျဉ်းကြပ်ကြပ်၊ပြွတ်ပြွတ်သိပ်သိပ်၊အဆင့်အတန်းမြင့်မြင့်၊တန် ဖိုးကြီးအိမ်၊တန်ဖိုးကြီးကားများဖြင့် ကမ္ဘာ။

မြင်သာမှ လွင့်ထွက်မသွားအောင် ကျစ်ကျစ်ပါဆုပ်ထားနိုင်သေးသော ကျနော့်သူငယ်ချင်း နည်းနည်းပါးပါးက သူတို့လက်ရှိနေနေသောမြင်သာကို မည်သို့ ခံစားမိသလဲ ကျနော်မမေးမိ။ ကျနော့်အတွက်တော့ မြင်သာမှ ပြန်အထွက် မြင်သာသည် ပျော်စရာမကောင်းတော့ဟု တိုးတိုးလေးရေရွတ်မိသည်။

                                                                                   

လင်းဆက်ငြိမ်းချမ်း

 (  Zawgyi )

 ႏိုင္ငံ့ဝန္ထမ္းမ်ားျဖင့္ စတင္ခဲ့ေသာ က်ေနာ္တို႔ျမင္သာမွာ ယခုအခါမွာေတာ့ သိန္းႏွစ္ေထာင္၊သုံးေထာင္ေလာက္မသုံးႏိုင္ဘဲ အနားမကပ္ႏိုင္သည့္ တန္ဖိုးျမင့္ေနရာျဖစ္လို႔ေနၿပီ။တစ္ခ်ိန္က ေျမသားႏွင့္ ေက်ာက္ခဲ ေရာသမေမထားေသာ လမ္းမ်ားမွာ စစ္အစိုးရကာလကတည္းက ကတၱရာလမ္းမ်ားျဖစ္ေနခဲ့ၿပီ။ က်ေနာ္တို႔ဇင္ေယာ္လမ္းဆိုလွ်င္ ၁၉၉၄ ခုႏွစ္ဝန္းက်င္ကတည္းက ကတၱရာလမ္းျဖစ္ခဲ့ၿပီးျဖစ္သည္။
 
ထိုအခ်ိန္က ကိုယ္ထူကိုယ္ထလမ္းမ်ားဟုေခၚသည္။လမ္းထဲေနျပည္သူမ်ားက ကတၱရာလမ္းျဖစ္ ေျမာက္ေရးေကာ္မတီဖြဲ႕။လမ္းကုန္က်စရိတ္တြက္ခ်က္ကာ မတတ္ႏိုင္သူမ်ား အနိမ့္ဆုံးထည့္ဝင္ရမည့္ေငြ သတ္မွတ္။တစ္လုံးတည္းမ ည့္ႏို င္လည္း ၃ရစ္၊၄ရစ္ခြဲထည့္။တတ္ႏိုင္သူမ်ားက မ်ားမ်ားပိုထည့္။
 
တစ္လမ္းၿပီးတစ္လမ္း ကတၱရာလမ္းျဖစ္ေျမာက္ေရးအတြက္ စုၾကစပ္ၾက ႐ုန္းၾကကန္ၾကျဖင့္ စည္ပင္၏တာဝန္ကို ကိုယ့္ေငြျဖင့္ကိုယ္ဝင္ထမ္းၾကသည္မွာ ရန္ကုန္တစ္ၿမိဳ႕လုံးျဖစ္သည္။က်ေနာ္တို႔ျမင္သာ တြင္လည္း တစ္လမ္းၿပီးတစ္လ မ္း လမ္းႀကိ တ္စက္သံမ်ား ဆူဆူညံညံ။
 
ကတၱရာလမ္းခင္းႏိုင္သည့္ေငြေၾကးအင္အားရၿပီဆိုလွ်င္ လမ္းကုမၸဏီကိုအပ္။ကုမၸဏီကသူ႔ဘာသာ သူလုပ္။က်ေနာ္တို႔လမ္းမွာမူ အတင္းေျပာသန္သူမ်ားရွိေသာ္လည္း ေယဘုယ်အားျဖင့္ ညီညီၫြတ္ၫြတ္ရွိ ၾကသျဖင့္ ကိုယ္တတ္ႏိုင္ေသာအလုပ္ကို ကိုယ္တိုင္ဝင္လုပ္ၾကသည္။
 
လမ္းျဖစ္ေျမာက္ေရးေကာ္မတီလူႀကီးမ်ားက သတ္မွတ္အနက္အတိုင္းေျမသားတူးျခင္းရွိ၊မရွိ ေသခ်ာေစ့ေစ့စပ္စပ္။ၿပီးေတာ့ အနည္းဆုံးတစ္အိမ္တစ္ေယာက္ထြက္၊ ကတၱရာမေလာင္းမီ ေက်ာက္ႀကီး၊ ေက်ာက္ေသးမ်ားဖိဖိသိပ္သိပ္ျဖင့္ ေဖာင္ေဒးရွင္းခိုင္မာေစရန္ ကိုယ့္ဘာသာထည့္ၾက။တတ္ႏိုင္သူမ်ားက ေန႔ခင္းေန႔လည္ အေကြၽးအေမြးမ်ားျဖင့္တည္ခင္းၾက။လူငယ္မ်ားက ညေနခင္းအလုပ္ၿပီးလွ်င္ စုေပါင္းစပ္ ေပါင္းရီေဝေ၀။စာ အုပ္မ်ားျဖင့္အလုပ္ရႈပ္ေနသလိုလို၊ကိုယ့္ကိုယ္ကိုယ္ဟုတ္လွၿပီထင္ေနေသာ က်ေနာ္က ေက်ာက္ခဲ တစ္တုံး စ၊ ႏွစ္တုံးစ ဝင္ထည့္ေပးသည္ကလြဲ ဘာသိ ဘာသာ။
 
က်ေနာ့္စိတ္ထင္ကတၱရာခင္းျခင္းလုပ္ငန္းမွာ တစ္လဝန္းက်င္ခန႔္အၾကာတြင္ၿပီးသည္။ သို႔ေသာ္၊ လမ္းဖြင့္ပြဲျပဳလုပ္တာက ေနာက္တစ္ႏွစ္ခန႔္အၾကာမွျဖစ္သည္။ဘာ့ေၾကာင့္ ဒီေလာက္ၾကာေနရတာလဲဆိုေတာ့ ကိုယ္ထူကိုယ္ထလမ္းမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္ဝန္က လိုက္လံဖြင့္လွစ္ေပးေနသျဖင့္ သူအားသည့္အခ်ိန္ေစာင့္ရေသာေၾကာင့္ျဖစ္သည္။
 
ကတၱရာလမ္းခင္းျခင္းၿပီးစီးသြားလွ်င္ လမ္းၿပီးစီးၿပီျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သို႔တင္ျပ။ ၿမိဳ႕ေတာ္စည္ပင္လူႀကီးမင္းမ်ားက ေပးမည့္ရက္ခ်ိန္းကိုထပ္ေစာင့္။ထိုအခ်ိန္က ရန္ကုန္ၿမိဳ႕ေတာ္ဝန္မွာ ဗိုလ္မႉးခ်ဳပ္ေအာင္သိန္းလင္း။ သူက ၿမိဳ႕ေတာ္ဝန္ျဖစ္သည္မွာ သိပ္မၾကာေသးသျဖင့္ တက္ႂကြသည့္ၾကက္ဖပမာ မနားမေန ကိုယ္ထူကိုယ္ထလမ္းမ်ားကို ေလွ်ာက္ဖြင့္ေနျခင္းျဖစ္သည္။
 
ကိုယ့္ေငြျဖင့္ကိုယ္ခင္းထားေသာလမ္း ကိုယ့္ဘာသာစုေပါင္းဖြင့္လို႔မရဘူးရယ္ေတာ့ မဟုတ္။သို႔ေသာ္၊ ၿမိဳ႕ေတာ္ဝန္ကိုမေစာင့္ဘဲ လမ္းဖြင့္ပြဲလုပ္ျခင္းသည္ စစ္အစိုးရကို ဆန႔္က်င္သည္ဟု အဓိပၸါယ္ဖြင့္ဆိုလိုက္လွ်င္ ဘဝပ်က္သြားႏိုင္သျဖင့္  မည္သူမွ် ကိုယ့္သေဘာႏွင့္ကိုယ္မဖြင့္ရဲ။
 
ထို႔ေၾကာင့္ မ်က္ႏွာေၾကာတင္းတင္းျဖင့္ ေရာက္လာမည့္ ၿမိဳ႕ေတာ္ဝန္ႀကီးကိုေစာင့္။ၿမိဳ႕ေတာ္ဝန္ႀကီးက အဲကြန္းကားေပၚက ခဏတျဖဳတ္ဆင္းလာ၊တို႔တာဝန္အေရးသုံးပါးေတြဘာေတြ ခဏတျဖဳတ္႐ြတ္ျပ။ၿပီးေတာ့ဖဲႀကိဳးျဖတ္ၿပီး ျပန္။လမ္းဖြင့္ပြဲစရိတ္စကအားလုံးကို လမ္းျပည္သူမ်ားကက်ခံၾကရ။ ဘာပဲျဖစ္ျဖစ္ MRTV သတင္းထဲ ျဖတ္ခနဲတစ္ခ်က္၊ႏွစ္ခ်က္ ကိုယ့္ပုံပါႏိုင္သျဖင့္ လမ္းထဲကအပ်ိဳျဖန္းမ်ား လမ္းဖြင့္ပြဲတြင္အလွ ကိုယ္စီျဖင့္အလုအယက္။
 
ထိုအခ်ိန္က လမ္းႀကီး၊လမ္းသြယ္အျဖာျဖာတို႔သည္ ကတၱရာလမ္းမ်ားသာျဖစ္ၿပီး ဘာ့ေၾကာင့္ ကြန္ကရစ္လမ္းမခင္းသလဲေတာ့မသိ။က်ေနာ္ပထမဆုံးျမင္ဖူးေသာ ကြန္ကရစ္လမ္းမွာ က်ေနာ္တို႔ဇင္ေယာ္လမ္းႏွင့္ ေက်းတမာလမ္းၾကား မိုးတြင္းဆို လမ္းသြားရန္ပင္ခက္ ေသာ ေျခတစ္ဖဝါးစာလမ္းေလးတြင္ျဖစ္သည္။ထိုလမ္းတြင္ ႏွစ္ထပ္တိုက္ႀကီးတစ္လုံးေပၚလာၿပီး တိုက္ႀကီးပိုင္ရွင္က သူ႔ကားဝင္ထြက္၍ရေအာင္ ေျခ တစ္ဖဝါးစာလမ္းကို ကားတစ္စီးအလြယ္တကူဝင္ထြက္ႏိုင္သည့္ ကြန္ကရစ္ခင္းလိုက္ျခင္းျဖစ္သည္။ လမ္းၿပီးဆုံးသည္ႏွင့္ လမ္းနာမည္ကိုပါ သူ႔နာမည္ေပး ဆိုင္းဘုတ္တင္လိုက္သျဖင့္ က်ေနာ္တို႔လမ္းသားမ်ား သိပ္မၾကည္။သို႔ေသာ္၊တိုက္ပိုင္ရွင္ႀကီး၏ရာဇဝင္က ဌာနဆိုင္ရာတစ္ခုတြင္ ႏွစ္သီးစား မိုးက်ေ႐ႊကိုယ္အရာရွိ ႀကီးမို႔ မၾကည္လည္း အတင္းေျပာရဲ႐ုံမွ်သာ တတ္ႏိုင္ၾကသည္။ထား။
 
ထိုႏွစ္ထပ္တိုက္ႀကီးမွာ က်ေနာ္တို႔ ေတာင္ဥကၠလာ၊ျမင္သာတြင္ သကၠရာဇ္၂၀၀၀ မျပည့္မီကာလက အထည္ဝါဆုံးတိုက္ႀကီးတစ္လုံးျဖစ္သည္။ထို႔ေၾကာင့္ကြန္ကရစ္ခင္းထားေသာ ထိုလမ္းမွျဖတ္သြားသည့္အခါတိုင္း တိုက္ၿခံဝင္းထဲသို႔ က်ေနာ္တို႔ေငးၾကည့္မိၿမဲျဖစ္သည္။ဘာ့ေၾကာင့္ႏွစ္ထပ္သာရွိေသာတိုက္သည္ ခမ္း နား ေန သလဲဆိုေတာ့ က်ေနာ္တို႔ျမင္သာတိုက္မ်ားမွာ ႏွစ္ခန္းတြဲပုပုျပားျပားေလးမ်ားသာျဖစ္ ေသာေၾကာင့္ ပင္။
 
ျမင္သာသည္ ၁၉၇၀ျပည့္ႏွစ္ဝန္းက်င္ကာလက အစိုးရတည္ေပးေသာတိုက္မ်ားျဖစ္၍ တိုက္အား လုံးသည္ ႏွစ္ခန္းတြဲ လုံးတူဆိုဒ္တူပုံစံတူ ခပ္က်ဥ္းက်ဥ္း။ေနာက္ပိုင္းတြင္ တတ္ႏိုင္သူက တတ္ႏိုင္သေလာက္ အေရွ႕တစ္ခန္းခ်ဲ႕၊အေနာက္တစ္ခန္းခ်ဲ႕၊ေဘးထပ္ခ်ဲ႕။သို႔ေသာ္၊အားလုံးသည္ သိပ္တတ္ႏိုင္ၾက သူမ်ားမဟုတ္သျဖင့္ သိပ္ခ်ဲ႕ႏိုင္ၾကျခင္းမရွိ။ထို႔ေၾကာင့္ သကၠရာဇ္၂၀၀၀၀န္းက်င္ေရာက္သည့္တိုင္ ျမင္သာ တြင္ ႏွစ္ထပ္တင္ထားေသာ တိုက္ပင္မရွိသျဖင့္ ႏွစ္ထပ္တိုက္ႀကီးမွာ ခမ္းနားေနျခင္းျဖစ္သည္။
 
ထိုႏွစ္ထပ္တိုက္ႀကီး၏ေရွ႕တြင္ အတန္ငယ္က်ယ္ေသာ မီးတားကြင္းရွိသည္။ထိုမီးတားကြင္းထဲတြင္ က်ေနာ္တို႔လမ္းဝန္းက်င္သို႔ ေန႔စဥ္ေရေပးေဝေနေသာ အဝီစိတြင္းႏွင့္ ေရသိုေလွာင္ကန္ရွိသည္။ျမင္သာရွိ လမ္းတိုင္းတြင္မက်ယ္သည့္တိုင္ မီးတားကြင္းမ်ားရွိၿမဲျဖစ္သည္။
 
က်ေနာ္တို႔လမ္းႏွင့္မိုးေစြလမ္းၾကားတြင္ဆို မိုးတြင္း စပါးစိုက္၊ေႏြဆို က်ေနာ္တို႔လူငယ္မ်ားေဆာ့ကစားရာ ေဘာ္လီေဘာကြင္းႏွင့္ေဘာလုံးကြင္းရွိသည္အထိက်ယ္ဝန္းသည္။မိုးေစြလမ္းႏွင့္ေ႐ႊျပည္စိုးလမ္းၾကား လယ္ကြင္းဆိုလွ်င္လည္း မူလတန္းေက်ာင္း ရွိ သည္ ကလြဲ၍က်ယ္က်ယ္ဝန္းဝန္း။ဟသၤာလမ္းေဘးလယ္ကြင္းဆို အက်ယ္ဆုံး။ထို႔ေၾကာင့္ က်ေနာ္တို႔ လူ ငယ္ဘ၀ ျမင္သာသည္ ေလေကာင္းေလသန႔္မ်ားျဖင့္ လတ္ဆတ္လြန္းလွသည္။
 
သကၠရာဇ္၂၀၀၀ျပည့္ၿပီးတစ္ႏွစ္စြန္းခါစ ထိုသို႔ေသာျမင္သာမွ က်ေနာ္ဆုတ္ခြာခဲ့ရ။ႏွစ္အတန္ၾကာ ျမင္သာကို ျဖတ္ခနဲျမင္႐ုံ ျဖတ္ခဲ့ရာမွ ၿပီးခဲ့သည့္၄-၅ႏွစ္ခန႔္က ျမင္သာသို႔ေစ့ေစ့စပ္စပ္ျပန္ေရာက္သည့္အခါ ျမင္သာသည္ က်ေနာ္တို႔ျမင္သာမဟုတ္ေတာ့ေၾကာင္း သေဘာေပါက္လိုက္ရသည္။
 
ျမင္သာတြင္က်ေနာ္တို႔ ယခင္က ေငးၾကည့္ခဲ့ရေသာ ႏွစ္ထပ္တိုက္ႀကီးမွာ ယခုေတာ့ ေသးသြားသလို ထင္ရသည္အထိ သူ႔နံေဘးပတ္လည္ သူ႔ထက္ထည္ဝါေသာတိုက္ႀကီးမ်ား ဟီးဟီးထလို႔။ၿပီးေတာ့ ျမင္သာတြင္ ၅ထပ္၊၆ထပ္ ကန္ထ႐ိုက္တိုက္ခန္းမ်ားပင္ ခပ္က်ဲက်ဲေနရာယူလို႔။ျမင္သာတြင္ မူလတိုက္ေဟာင္း ပုံစံမပ်က္ခ်ဲ႕ထားေသာ တိုက္မ်ားပင္ ခပ္ရွားရွား။က်ေနာ္တို႔ေနခဲ့ေသာတိုက္ပုေလးမ်ားသည္ ကိန္းႀကီးခန္းႀကီးတိုက္ႀကီးပင္လယ္ၾကား ပုပုျပားျပား ၾကည့္ရဆိုးဆိုး မ်က္ႏွာငယ္ငယ္။
 
 “ငါတို႔လိုခ်ဲ႕ထားတဲ့တိုက္က ျမင္သာမွာအရင္ကတည္းကေနလာတဲ့ ငမြဲေတြေနတာ။ ေနာက္ေျပာင္းလာတဲ့သူေဌးေတြက တစ္တိုက္လုံးကိုဖ်က္ၿပီး အသစ္ျပန္ေဆာက္တာ။ ေျမပဲဝယ္တဲ့သေဘာ။”ဟု ျမင္သာတြင္ ထီးထီးႀကီးက်န္ေနေသာ က်ေနာ့္ေဘာ္ဒါႀကီးက လက္ရွိျမင္သာကို ခြဲျခမ္းစိတ္ျဖာျပသည္။
 
ျမင္သာေျမႀကီးသည္ ေ႐ႊထက္ပင္ ေဈးႀကီးေနေလၿပီ။ထို႔ေၾကာင့္ တစ္ခ်ိန္က က်ေနာ္တို႔ေလ ေကာင္းေလသန႔္ရခဲ့ေသာ လယ္ကြင္းမ်ားအားလုံးတြင္ တိုက္ႀကီးတာႀကီးမ်ားက ေနရပ္လပ္မက်န္ ေနရာယူ ထားေလၿပီ။ယခင္က က်ယ္က်ယ္ဝန္းဝန္းမီးတားကြင္းမ်ားကို ၾကည့္ဦးမလား။လုံးဝမရွိေတာ့။
 
 “သကၠရာဇ္၂၀၀၀အေက်ာ္ ၄-၅ႏွစ္အတြင္း ျမင္သာလယ္ကြင္းေတြ အကုန္ကုန္တာပဲ။သိန္းေထာင္ခ်ီတန္တဲ့ ေျမႀကီးဆိုေတာ့ စည္ပင္က ဘယ္လိုေတြ ႐ိုက္စားလုပ္သြားသလဲ မသိလိုက္ဘူး။”ဟုက်ေနာ့္ေဘာ္ဒါ ကေျပာသည္။
 
ထို႔ေၾကာင့္ထင္၏။ဇီဝစိုးလမ္းဓမၼာ႐ုံေနာက္ေက်ာရွိ က်ေနာ္တို႔ခ်ာတိတ္ဘဝက ပိုက္ေက်ာ္ျခင္းကြင္း ေနရာမွာ ၿပီးခဲ့သည့္၂ႏွစ္ေက်ာ္က ပိုင္ရွင္ေပၚလာသျဖင့္ ရပ္ကြက္ႏွင့္ျပႆနာတက္ေနေၾကာင္းသိရသည္။
 
“အဲဒီေနရာက ဦးသိန္းစိန္အစိုးရလက္ထက္မွာ စည္ပင္လူႀကီးတစ္ေယာက္က သူ႔မိန္းမနာမည္ အမည္ေပါက္လုပ္လိုက္တယ္လို႔ၾကားတယ္။ေနာက္သတင္းတစ္ခုက စည္ပင္လူႀကီးက နာမည္ေပါက္လုပ္ၿပီး တစ္ျခားတစ္ေယာက္ကို ေရာင္းစားလိုက္တယ္လို႔လည္း ၾကားတယ္။ကိုယ္ေတြအစိုးရလက္ထက္က်မွ အမ်ိဳးသမီးႀကီးတစ္ဦးက အဲဒီျခင္းကြင္းကို ၿခံလာခတ္လို႔ ကန႔္ကြက္ၾကတာ။”ဟု ျမင္သာႏွင့္နီးနီးေလးတြင္ေနေနသည့္ က်ေနာ္တို႔အစ္ကိုသဖြယ္ေဒါက္တာရဲသြင္ (ဘိုင္အိုက်ဴရွင္ဆရာ)က ေျပာျပသည္။
 
ယခုေတာ့ ထိုျခင္းကြင္းအေျခအေန မည္သို႔ရွိသလဲ သူလည္းမသိ။ ျမင္သာသည္ ထိုသို႔ အဂတိ လိုက္စားမႈႏွင့္အာဏာျဖင့္သိုက္တူးသူတို႔ ေျခခ်င္းလိမ္ခဲ့ေသာေနရာ။တစ္ခ်ိန္က စိတ္ကူးေတြ႐ြက္လႊင့္လို႔ ေကာင္းခဲ့ေသာျမင္သာသည္ ယခုအခါ က်ဥ္းက်ဥ္းၾကပ္ၾကပ္၊ႁပြတ္ႁပြတ္သိပ္သိပ္၊အဆင့္အတန္းျမင့္ျမင့္၊တန္ ဖိုးႀကီးအိမ္၊တန္ဖိုးႀကီးကားမ်ားျဖင့္ ကမာၻ။
 
ျမင္သာမွ လြင့္ထြက္မသြားေအာင္ က်စ္က်စ္ပါဆုပ္ထားႏိုင္ေသးေသာ က်ေနာ့္သူငယ္ခ်င္း နည္းနည္းပါးပါးက သူတို႔လက္ရွိေနေနေသာျမင္သာကို မည္သို႔ ခံစားမိသလဲ က်ေနာ္မေမးမိ။ က်ေနာ့္အတြက္ေတာ့ ျမင္သာမွ ျပန္အထြက္ ျမင္သာသည္ ေပ်ာ္စရာမေကာင္းေတာ့ဟု တိုးတိုးေလးေရ႐ြတ္မိသည္။
 
                                                                                    
 
လင္းဆက္ၿငိမ္းခ်မ္း