【နိုင်ငံတကာဆောင်းပါး】ရှီကျင့်ဖျင်ရဲ့ သံတမန်အရေးအတွေးအခေါ် ဘယ်လို ရုပ်လုံးပေါ်လာသလဲ

【နိုင်ငံတကာဆောင်းပါး】ရှီကျင့်ဖျင်ရဲ့ သံတမန်အရေးအတွေးအခေါ် ဘယ်လို ရုပ်လုံးပေါ်လာသလဲ

“Xi Jinping Thought on Diplomacy” ဆိုတဲ့ ရှီကျင့်ဖျင်ရဲ့ သံတမန်အရေးအတွေးအခေါ်တွင် တရုတ်နိုင်ငံဟာ နိုင်ငံတကာ ဆက်ဆံရေးနှင့် ၎င်းရဲ့ အနာဂတ်ခေါင်းဆောင်ဖြစ်လာရေးဟာ ပိုမို ခိုင်မာလာတာကို မြင်ရပါတယ်။ တရုတ်နိုင်ငံ၏ နိုင်ငံပေါင်းစုံပါဝင်ပြီး တည်ငြိမ်သော ကမ္ဘာကြီးအိပ်မက်ဟာ ကြီးစိုးမှုနှင့် မတည်ငြိမ်မှုနဲ့ ဆန့်ကျင်နေပြီး ဒါဟာလည်း တဖြည်းဖြည်းနဲ့ အမြစ်တွယ်လာနေပြီဖြစ်ပါတယ်။ ဥပမာအဖြစ် အပြန်အလှန် အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံကြွယ်၀ချမ်းသာမှုဟာ ဆင်းရဲမှုများနှင့် စစ်ပွဲများ ဖြစ်ပွားနေသော နေရာများတွင် ကောင်းကျိုးများကို ယူဆောင်လာပေးပါတယ်။ ဒါဟာ ကမ္ဘာကြီးလိုလားနေသောအရာဖြစ်သောကြောင့် BRI စီမံကိန်းအတွက်လည်း လက်မှတ်ရေးထိုးလာခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း ရှီကျင့်ဖျင်ရဲ့ သံတမန်အရေးအပေါ် အတွေးအခေါ်ဟာ တရုတ်ပုံစံ ဆိုရှယ်လစ်ဝါဒရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး မက်စ်ဝါဒကို တရုတ်နိုင်ငံရဲ့ အခြေအနေများနဲ့ ကိုက်ညီအောင် ကျင့်သုံးနေတာလည်း ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း တရုတ်နိုင်ငံရဲ့ ရိုးရာပညာရှိစကားနှင့် ၎င်းရဲ့ တန်ဖိုးဟာ ဒီနည်းဗျူဟာတွင်လည်း အကျိုးပြုနေပါတယ်။ ဥပမာအားဖြင့် တရုတ်ရဲ့ ဆိုရှယ်လစ်ဝါဒ ခံယူချက်ဟာ ကွန်ဖြူးရှပ်ရဲ့ “ချောင်ကန်း လူမှုအသိုင်းအဝိုင်း” ဆိုတဲ့ အသုံးအနှုန်းက ကြီးမားစွာ ကန့်သတ်ထားပြီး ထိုစကားကို “အသင့်အသင့် ကြွယ်၀ချမ်းသာမှုရှိသော အသိုင်းအဝိုင်း” ဟု ဆိုလိုပါတယ်။ သံတမန်အရေးနဲ့  ပတ်သက်လာပါက အကြမ်းဖက်မှုကို အသုံးပြုခြင်းဟာ ပိုမိုများပြားလာပါတယ်။ အရင်းအမြစ်များကို အလဟဿဖြစ်စေပြီး မတည်ငြိမ်မှုဖြစ်လာစေပြီး ရေရှည်တည်ငြိမ်မှုကို ရယူနိုင်မှာ မဟုတ်ပါဘူး။ ရှေးခေတ် တရုတ်စာပေဖြစ်တဲ့ “The Art of War” တွင်လည်း အကြမ်းဖက်မှုကို ဗိုလ်ချုပ်များရဲ့ ရန်သူကို အနိုင်ယူရန် အသုံးချသော နည်းလမ်းဟု ခိုင်းနှိုင်းထားပါတယ်။

ရှီကျင့်ဖျင်ဟာ တရုတ်ရဲ့ အင်အားကြီးမားလာမှုကို နိုင်ငံတကာ စနစ်နဲ့ ခြားနားနေသော စနစ်ဟု မထင်ပါဘူး၊ အားလုံးဟာ ကောင်းကင်ပြာကြီးတစ်ခုအောက်တွင်သာ ရှိနေပြီး လူသားများရဲ့ ကံကြမ္မာဟာ အတူတူ လက်တွဲ အလုပ်လုပ်ကြရန် ဖြစ်ပါတယ်။ ဒီလို ခံယူချက်များနဲ့အတူတူ လူသားများဟာ နိုင်ငံပေါင်းစုံပါဝင်သော စနစ်အောက်တွင် အတူတူ နေထိုင်ရမှာဖြစ်ပြီး ကြီးစိုးမှုဟာ အခြားသူများကို ဆန့်ကျင်သော အရာဖြစ်သော ကြောင့် ဖိနပ်အောက်တွင် ချနင်းရမည့် အရာဖြစ်ပါတယ်။

တရုတ်ဟာ ကုလသမဂ္ဂကို အရေးပါသောအဖွဲ့အစည်းအဖြစ် အမြဲတမ်း အလေးထားလာခဲ့ပြီး နိုင်ငံတကာ အုပ်ချုပ်မှုစနစ်အတွက် အာဏာရှိသော အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားပါတယ်။ BRICS ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ၏ စီမံကိန်းများအောက် တွင် တောင်-တောင်ပူးပေါင်းဆောင်ရွက်မှုများဟာ တိုးချဲ့လာမည်ဖြစ်ပြီး အားလုံးပါဝင်သော အသိုင်းအဝိုင်းကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။

တရုတ်၏ အင်အားကြီးမားလာမှုဟာ လူသားတိုင်းအတွက် တစ်မိုးအောက် စနစ်ကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်၊ ထို့နောက် တည်ငြိမ်မှုနှင့် ရေရှည်ကြွယ်၀ချမ်းသာမှုဟာ လူသားများအားလုံး လိုအပ်နေသော အရာနဲ့ ဆန့်ကျင်မှု ဖြစ်စရာ အကြောင်းမရှိပါဘူး။ တရုတ်၏ သံတမန်ရေးဟာ နိုင်ငံတကာသံတမန်အရေးတွင် မှန်ကန်သော ပြုပြင်ပြောင်းလဲနေမှုကို ကျော်လွှားရန် နည်းလမ်းရှာဖွေနေပြီး အနိုင်နှင့် အရှုံး နှင့် စစ်ပွဲများနဲ့ ပြည့်နှက်နေသော နိုင်ငံတကာဆက်ဆံရေးကို ကျော်လွှားရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒီကနေ့အထိ တရုတ်နိုင်ငံဟာ တည်ငြိမ်သော သံတမန်ဆက်ဆံရေးများစွာကို စတင်လာခဲ့ပြီး အိန္ဒိယနဲ့ နယ်စပ်အငြင်းပွားမှုဟာ ဆက်လက်ပြီး ကြီးထွားလာခြင်းမရှိပါဘူး။ မကြာသေးခင်က မတည်ငြိမ်မှုများ ရှိခဲ့သော်လည်း တရုတ်-အိန္ဒိယနယ်စပ်ဟာ သေနတ်ကိုင်ဆောင်ထားခြင်းမရှိသော နယ်ခြားစောင့် တပ်သားများက ကာကွယ်နေပါတယ်။

တရုတ်ဟာ RCEP ရဲ့ အဖွဲ့ဝင်ဖြစ်သောကြောင့် ဒီအဖွဲ့တွင် အင်အားကြီးစိုးဝါဒကို စွဲကိုင်သောနိုင်ငံများကိုလည်း အသိအမှတ်ပြုထားပြီး အားလုံးအတွက် ကြွယ်၀ချမ်းသာမှုကို ယူဆောင်လာပေးမယ့် ကမ္ဘာကြီးကို တည်ဆောက်ရန် တရုတ်ဟာ အားလုံးနဲ့ အတူတူ အလုပ်လုပ်ရန် အသင့်ရှိကြောင်းကို ဖော်ပြနေခြင်းလည်း ဖြစ်ပါတယ်။

BRI စီမံကိန်းကို လေ့လာခြင်းအားဖြင့် တရုတ်ဟာ အပြောထက် အလုပ်ပိုလုပ်နေကြောင်းကို သက်သေပြနေပါတယ်။ ဒါဟာ စစ်ပွဲအတွက် စင်မြင့်မဟုတ်ပါဘူး၊ ဒါပေမယ့်  ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စင်ဖြစ်ပါတယ်။ တရုတ်ဟာ အခြေခံအဆောက်အဦးများနှင့် ၎င်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများကို မျှဝေရန် ကုမ္ပဏီများကို စေလွှတ်နေပါတယ်။ တရုတ်ရဲ့ ရှေးခေတ်ပိုးလမ်းလည်း အပါအဝင်ဖြစ်ပြီး တရုတ်ရဲ့ ကြီးမားသော ကုန်သွယ်ရေးနဲ့လည်း ဆက်နွယ်နေပါတယ်၊ ဒီလို ကြီးမားသော ကုန်သွယ်မှုအတွက် လူမျိုးပေါင်းစုံနှင့် အတွေးအခေါ်ပေါင်းစုံတို့က ပူးပေါင်းပါဝင်ပေးထားပါတယ်။

Naing

Ref:CMG|How does guiding 'Xi Jinping Thought on Diplomacy' manifest?