【တစ်ပတ်အတွင်းပြည်တွင်း သတင်းသုံးသပ်ချက် 】နိုင်ငံရေးအကျပ်အတည်းလို့ ပြည်သူတွေ ထင်ရဲ့လား

【တစ်ပတ်အတွင်းပြည်တွင်း သတင်းသုံးသပ်ချက် 】နိုင်ငံရေးအကျပ်အတည်းလို့ ပြည်သူတွေ ထင်ရဲ့လား

ယခုရက်သတ္တပတ်အတွင်း သတိထားစောင့်ကြည့်မိခဲ့တဲ့ ပြည်တွင်းသတင်းတွေထဲမှာ စိတ်ချမ်းသာ စရာ အကောင်းဆုံးက ကိုဗစ် ကာကွယ်ဆေး မကြာခင် ရတော့မယ်ဆိုတဲ့ သတင်းပါဘဲ။ ဇန်နဝါရီ ၂၁ ရက် ညပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရုပ်သံကနေ တစ်ဆင့် နိုင်ငံတော်ကို ကိုဗစ် ဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို ပြည်သူထံ တိုက်ရိုက်တင်ပြခဲ့ရာမှာ အိန္ဒိယ ကနေ လာမယ့် ကာကွယ်ဆေး တစ်သန်းခွဲအကြောင်းကို ပြောခဲ့သလို ဆေးထိုးပေးမယ့် ဦးစားပေး အစီအစဉ် ကိုလဲပြောခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မတ်လနောက်ပိုင်း ကပ်ဘေးကြောင့် တစ်နှစ်ခန့်နီးပါး စိတ်နှလုံးညစ်ညူးခဲ့ရတဲ့ မြန်မာနိုင်ငံသား တွေအတွက် ပထမဆုံးမြင်ရတဲ့ လွတ်မြောက်ခွင့်ရတော့မယ်ဆိုတဲ့ စိတ်ချမ်းသာ စရာသတင်းပါဘဲ။ ဒီသတင်းနဲ့ ပြောင်းပြန် စိတ်ညစ်စရာဖြစ်ခဲ့တဲ့ သတင်းကတော့ ဇန်နဝါရီ ၂၀ ရက်က တပ်မတော်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်တဲ့ စာမျက်နှာ ၄ မျက်နှာပါ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြေညာချက်ပါဘဲ။ ဒီကြေညာချက်သတင်းလိုရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အစိုးရသစ်ဖွဲ့ဖို့ အာဏာရပါတီဘက်က ပြင်ဆင်မှုတွေ လုပ်နေတဲ့ သတင်းတွေ၊ နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်မှုမြင့်လာချိန်မှာ ကျောက်တိုင်လာစိုက်ပွဲလုပ်မယ့် ၀ရမ်းပြေးတစ်ဦး ဦးဆောင်လာမယ်ဆိုတဲ့ လူထုတွေ့ဆုံပွဲ အမည်ခံပွဲ အတွက် နေပြည်တော်လုံခြုံရေးကို တင်းကျပ်နေရတဲ့ သတင်းတွေနဲ့ ယခုရက်သတ္တပတ်က  စိတ်အား တက်စရာ၊အားလျော့စရာတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် --------- ယခုရက်သတ္တပတ်ထဲစောင့်ကြည့်စရာဖြစ်ခဲ့တဲ့ တခြားသတင်း တွေလည်း အနည်းငယ်ရှိခဲ့ပါတယ်။ဒီထဲကနေ အားလုံးစိတ်ဝင်စားမှုအရှိဆုံးဖြစ်ခဲ့တဲ့  ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်အပေါ်အမြင်တွေ ၊သတင်းတွေက ယခုရက်သတ္တ ပတ်ရဲ့ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးအကျပ်အတည်းဆို ဘယ်တော့လဲ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီးဇန်နဝါရီ ၂၁ ရက်အထိ မဲမသမာမှုဖြစ်နိုင်တဲ့ စာရင်း ထုတ်ပြန်မှုစုစုပေါင်း ၂၅ ကြိမ်အထိထုတ်ပြန်ခဲ့တဲ့ တပ်မတော်ဘက်က ဇန်နဝါရီ ၂၀ ရက်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေ လက်ခံနိုင်အောင် လွပ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ရလဒ်ဖြစ်ကြောင်းပြဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာ ၂၀၂၀ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့  ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ မှားယွင်းမှုအားလုံးကို တာဝန်ယူမှုတာဝန်ခံမှု အပြည်နဲ့ ကြီးကြပ်ရန် တာဝန် ရှိတာကို တပ်မတော်ဘက်က အစိုးရကို သတိပေးခဲ့တယ်ဆိုတာကို ဖော်ပြခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲ မဲဆွယ် ကာလမှာ ပါတီတွေရဲ့မူဝါဒသဘောထားတွေကို ပယ်ဖျက်ခဲ့တဲ့တာတွေ၊ လက်ရှိအာဏာရပါတီက မဲဆွယ်စည်းရုံးမှုလွတ်လပ်စွာဆောင်ရွက်နိုင်တာတွေ ဖော်ပြခဲ့သလို တပ်မတော်ရဲ့လူမှုကွန်ရက်စာမျက်နှာ ဖြုတ်ချခံ ရတာတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ဒါအပြင် ရွေးကောက်ပွဲ ကော်မရှင်က COVID-19ကို အကြောင်းပြပြီး ကြိုတင်မဲဆန္ဒပေးရေးမှာ ညွှန်ကြားချက်အမျိုးမျိုး ထုတ်ခဲ့တာကိုလည်း ဖော်ပြခဲ့တာတွေ့ရပါတယ်။

လေးမျက်နှာပါတဲ့ အဆိုပါထုတ်ပြန်ချက်ရဲ့ စာမျက်နှာ ၁နဲ့၂ မှာ ရွေးကောက်ပွဲအတွက် အမေရိကန် အခြေ စိုက် IFESကနေ ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်ကို ကွန်ပျူတာတွေထောက်ပံ့ ခံတာနဲ့ ပတ်သက်ပြီး ပြည်ပ က ဝင်ရောက်စွက်ဖက်နိုင်ခြေရှိတယ်ဆိုပြီး ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ အထူးသဖြင့် ပြည်တွင်းနိုင်ငံရေးသမား တွေ သတိပြုမိခဲ့တာက ထုတ်ပြန်ချက်အပိုဒ် ၁၁ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ကိုရည်ညွှန်းခဲ့ပြီး တပ်မတော်က ပါတီနိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘူးလို့ ဖော်ပြခဲ့ပြီး အပိုဒ် ၁၂ မှာ တော့ တပ်မတော် အပါအဝင်အခြား နိုင်ငံရေးပါတီများအနေဖြင့်  လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသမယ်ဆိုရင် ပြည်သူဆန္ဒနဲ့အညီ လက်ခံသွားမယ် ဆိုပြီး ဖော်ပြခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဒီအပိုဒ် ၁၂ မှာဘဲ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နည်းလမ်းရှာဖြေရှင်းပေးဖို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

ဒီလိုထုတ်ပြန်ချက်ကို တပ်ဘက်က ထုတ်ပြန်ပြီးနောက်မှာ အာဏာရပါတီဘက်ကသာ  တုံပြန်မှုတွေ ရှိခဲ့ပြီး အစိုးရ၊ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်ဘက် ဇန်န၀ါရီ -- ရက်အထိ ဘာတစ်ခုမှ တုံ့ပြန်ခဲ့ တာကို မတွေ့ခဲ့ရပါဘူး။ အာဏာရပါတီနဲ့ အနိုင်ရပါတီဖြစ်တဲ့ ဒီချုပ်ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကတော့ သတင်းဌာနတစ်ခုကို တပ်ဘက်က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြောခဲ့ရာမှာတော့ “စွပ်စွဲ ခံရသူက သက်သေမရှိဘဲနဲ့ စွပ်စွဲတိုင်း ဖြေရှင်းဖို့မလိုပါဘူး။ စွပ်စွဲသူက သက်သေအခိုင်အလုံတင်ပြဖို့ တာဝန်ရှိပါတယ်”လို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ ဒါအပြင် မြန်မာနောင်းကို ဖြေကြားခဲ့တဲ့ အထဲမှာလည်း တပ်ဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေနဲ့ ပတ်သက်ပြီး “ဒီပုဒ်မအားလုံးဟာ စနစ်တကျ ဥပဒေအတိုင်းပဲ လုပ်မယ် ဆိုရင် ဘာမှစိုးရိမ်ပူပန်မှု မရှိပါဘူး။ ဥပဒေနဲ့အညီ အပြည့်အဝ ဖြေရှင်းနိုင်ပါတယ်။ ဒီဟာတွေဟာ တပ်မတော်ကို အာဏာသိမ်းဖို့ အတွက် ခွင့်ပြုထားတဲ့ ပုဒ်မတွေလည်း မဟုတ်ပါဘူး”လို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ 

အဆိုပါရက်ပိုင်းတွေက အများပြည်သူအတွက် တပ်ဘက်က ထူးခြားမှုတွေ၊ အစိုးရဘက်က ထူးခြားမှုတွေ၊ ပြည်ထောင်စုလွှတ်တော်ဘက်က ထူးခြားမှုတွေ၊ အများပြည်သူဘက်က လှုပ်ရှားမှုတွေ ၊ပါတီဘက်က လှုပ်ရှားမှုတွေကို စောင်ကြည့်တဲ့ အခါ အစိုးရဘက်ကလည်း ယခုရက်ပိုင်းမှာ ကိုဗစ် ကာကွယ်ဆေးရဖို့ကိစ္စ နဲ့   တရုတ်ဝန်ကြီးခရီးစဉ်၊ ဂျပန်ဝန်ကြီးချုပ်ဟောင်းခရီးစဉ်တွေနဲ့ ပုံမှန်အတိုင်းဘဲရှိပြီး ပြည်ထောင်စု လွှတ်တော်ဘက်ကလည်း လာမယ့် ဖေဖေါ်ဝါရီ ၁ ရက်မှာ ကျင်းပမယ့် တတိယအကြိမ်လွှတ်တော် အစည်းအဝေး တွေအတွက် ပုံမှန်အတိုင်း စီစဉ်နေတာကိုတွေ့ရပြီး ရွေးကောက်ပွဲကော်မရှင်ဘက်ကိုကြည့်တဲ့အခါမှာ ပါတီတွေဘက်က ကန့်ကွတ်တဲ့ ရွေးကောက်ပွဲကန့်ကွတ်လွှာတွေကို ဖေဖေါ်ဝါရီ ၁ ရက်မှာ စတင်ကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။

ပါတီတွေဘက်ကို ကြည့်တဲ့အခါ အနိုင်ရပါတီဖြစ်တဲ့ NLDက အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတာကို တွေ့ ရသလို တခြားရွေးကောက်ခံရတဲ့ ပါတီငယ်တွေကလည်း တတိယအကြိမ်လွှတ်တော်သက်တမ်းကို တက်ရောက်ဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ထူးထူးခြားခြား ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့်ပြီး ၇၁ နေရာသာ ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က ကော်မရှင်ကို ကန့်ကွက်ဆန္ဒပြပွဲတွေ၊ တပ်ထောက်ခံပွဲတွေကို ပါတီဝင်တွေ ပါတီဝန်းရံသူတွေနဲ့ ဒီရက်ပိုင်း ဆက်တိုက် လုပ်နေသလို ရဲတပ်ဖွဲ့ကလည်း ခွင့်ပြုချက်မယူတဲ့ ပွဲတွေ၊ စည်းကမ်း ချက်ဖောက်ခဲ့တဲ့ ပွဲတွေကို လိုက်ဖမ်းနေတာကိုလည်းတွေ့ရပါတယ်။ ထူးထူးခြားခြား သတိထားမိတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်ထဲမှာ တပ်မတော်ကို ထောက်ခံကြောင်း လူထုအစည်းအဝေးပွဲနဲ့ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်းပွဲလုပ်ဖို့  စီစဉ်နေတဲ့ ဝရမ်းပြေး မိုက်ကယ်ကျော်မြင့်ပါဘဲ။ လက်ရှိမှာ လူမှုကွန်ရက်မှာတင်ထားတဲ့ပုံတွေအရ နေပြည်တော်မှာ ရောက်နေတဲ့ပုံရပြီး သူ အတွင်းရေးမှူးတာဝန်ယူထားတဲ့ အခြေခံလူတန်းစားဘဝတိုးတက် မြင့်မား ရေးပါတီကပြောစကားတွေအရ ဆိုရင်'တပ်မတော်က တိုင်းပြည်ကို ကယ်တင်ရန်'ဆိုတဲ့ လှုပ်ရှားမှုကို ၀ရမ်းပြေးမိုက်ကယ်ကျော်မြင့်က ဦးဆောင်လုပ်မှာဖြစ်သလို ဒီအထိမ်းအမှတ်ကျောက်တိုင်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထဲတိုက်ရိုက်အပ်နှံပြီးမှ အဖမ်းခံမယ်လို့ ဆိုထားတဲ့အတွက် ၀ရမ်းပြေးကျော်မြင့်ကို ရှေ့က ၀ရမ်းပြေး ဦးဝီရသူ၊ဘူးလက် လှဆွေတို့လို့ လာအဖမ်းခံမှ ဖမ်းမိတာမျိုးမဟုတ်ဘဲ ပွဲမဖြစ်ခင် ဖမ်းနိုင်ဖို့ လိုပြီး မဖမ်းနိုင်ရင် လက်ရှိ NLDအစိုးရအတွက် သိက္ခာ ကျစရာပါ။

ဇန်နဝါရီ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ NLDပါတီရဲ့ CECအစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောခဲ့တာတွေရှိပါတယ်။ ဒါက မီဒီယာတွေဘက်က  တပ်ဘက်က ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး မေးခဲ့ရာမှာ တပ်ဘက်က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဥပဒေအတိုင်းသွားနေလို့ ဘာမှ တုံ့ပြန်ဖို့မရှိပါဘူးလို့ ပြောခဲ့သလို လွှတ်တော်ကျင်းပရေးကို ဥပဒေနဲ့ အညီ လုပ်ဆောင်နေတယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။ ဒီရက်ပိုင်းမှာဘဲ တပ်ထောက်ခံပွဲတွေ၊ ကော်မရှင်ကို ကန့်ကွက်ပွဲတွေ မဲရလဒ် နဲ့ ပတ်သက်ပြီး အနိုင်ရပါတီဘက်ကို မဲခိုးမဲလိမ်တယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တွေဘက်က ဆက်တိုက် ဆန္ဒထုတ်ဖော်ခဲ့တာကို တွေ့ရပါတယ်။

တောင်ကြီးမှာ ဇန်နဝါရီ ၂၃ ရက်က လုပ်ခဲ့တဲ့ ပွဲမှာဆိုရင် ပွဲမတိုင်ခင်ရက်က တောင်ကြီးက ဒေသခံ တိုင်းရင်းသားတွေက သူတို့ ဒီပွဲမှာ ပါဝင်မှာမဟုတ်ဘူးဆိုတာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို နောက်ရက် ဇန်နဝါရီ ၂၃ ရက်ပွဲမှာလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ တပ်ထောက်ခံပွဲမှာ လက်ရှိအာဏာရပါတီကိုဝန်းရံသူ ၃ ဦး က NLD အလံကို ကိုင်ပြီး ဆန္ဒထုတ်ဖော်ပွဲထဲ ဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့လို့ ရဲတပ်ဖွဲ့က ဝင်ထိန်းခဲ့ရတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တာရှိခဲ့ပါတယ်။ နောက်ရက် ဇန်နဝါရီ ၂၅ ရက်မှာ NLDဝန်းရံသူတွေက ရန်ကုန်မှာ ရွေးကောက် ပွဲကော်မရှင်ကိုထောက်ခံ ကြောင်းနဲ့ အစိုးရသစ်ကို ထောက် ခံကြောင်းစတဲ့ ဆန္ဒထုတ်ဖော်ပွဲကို လုပ်လာခဲ့ပါတယ်။ဒါဟာ  ပြည်ခိုင်ဖြိုး ရဲ့ရွေးကောက်ပွဲနီးလာလေ ပိုပြီး ပွဲစိပ်လာတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို တန်ပြန်တဲ့ အနေနဲ့ လုပ်တာဖြစ်ပေမယ့် ပါတီဝန်းရံသူချင်း ဆုံတဲ့အခါ သေတဲ့ အထိဖြစ်ခဲ့တာတွေအထိ ဖြစ်ခဲ့တာရှိတာမို့ ဆန္ဒပြပွဲတွေက သတိထားရမယ့် အခင်းအကျင်းတွေ ဖြစ်လာနေပါတယ်။ အာဏာရ ပါတီကို ဝန်းရံသူတွေက ပါတီထောက်ခံသူတွေအနေနဲ့ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ပြီး ထောက်ခံတာထက် မိမိ နေအိမ်ရှေ့မှာ ပါတီအလံကို ထောင်ပြီး အနိုင်ရပါတီကို ထောက်ခံကြောင်း ပြသဖို့ ဆော်ဩခဲ့ကြတာကို တွေ့ရပါတယ်။

လက်ရှိမှာ တတိယအကြိမ်လွှတ်တော်အစည်းအဝေးကို အစောပိုင်းက တက်ရောက်ဖွယ်မရှိဘူးလို့ ယူဆထားတဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ တက်ရောက်ဖို့ဆေးစစ်နေတာတွေ့ရသလို  နေပြည်တော် လုံခြုံရေးကိုလည်း  မိုက်ကယ်ကျော်မြင့်လို ၀ရမ်းပြေးဦးဆောင်တဲ့ ပွဲမဖြစ်လာဖို့ သက်ဆိုင်ရာက လုံခြုံရေး တင်းကျပ်နေတာတွေ့ရတဲ့အတွက် အချို့သောအခြေအနေတွေက သိပ်တင်းမာလာနိုင်တဲ့ အခြေအနေမျိုး မရှိလာနိုင်တာကို တွေ့ရပါတယ်။ ပါတီတွေ အချို့၊ အဖွဲအစည်းအချို့နဲ့ ရလဒ်ကိုလက်မခံချင်သူအချို့က လက်ရှိအခြေအနေကို  နိုင်ငံရေးအကျပ်အတည်းလို့ မြင်ကြ ပေမယ့် အာဏာရှင်တွေ ဗိုလ်ကျအနိုင်ကျင့်မှုကို ရာစုနှစ်ဝက်ကျော် ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေအတွက် ကတော့ လက်ရှိအခြေအနေကို နိုင်ငံရေးအကျပ်အတည်းလို့လည်းမမြင်ပါဘူး။ ပြည်သူဘက်က ထာ၀စဉ်ရပ်တည်တဲ့ ပြည်သူပါတီအနိုင်ရလို့ အောင်ပွဲအဖြစ် ပျော်တောင် ပျော်နေကြတာပါ။

ဒါပေမယ့် လူရွှင်တော်တွေ ပြောသလို “ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး”ဆိုတဲ့ စကားလို့ နုနယ်သေးတဲ့ ဒီမိုကရေစီက ဘာမဆိုဖြစ်သွားနိုင်တဲ့အတွက် သတိ၊၀ီရိယထားဖို့လိုသလို ရွှေသမင်ဘယ်ကထွက်ထွက် မင်း ကြီးတာကနေ ထွက်လေ့ရှိနေတဲ့ မြန်မာနိုင်ငံရေးမှာ လွှတ်တော်အစည်းအဝေးတွေစမယ့် နောက်ရက်သတ္တပတ်အတွင်း ဘာတွေ ဖြစ်လာနိုင်ဦးမလဲဆိုတာ သတိနဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 

 

ကိုဗစ်အလွန်ကာလကိုမျှော်နိုင်ပြီလား

 

ဆန္ဒပြပွဲများ၊ ထုတ်ပြန်မှုများနဲ့ လိုအင်ရမ္မက်ပေါ် အခြေတည်ပြီး မလှုပ်တဲ့ အခြေအနေတစ်ခုကို အတင်းဆွဲလှုပ်နေတဲ့ ယခုရက်သတ္တပတ်အတွင်းမှာ စိတ်ချမ်းသာစရာ သတင်းက မြန်မာနိုင်ငံကို ကိုဗစ် ကာကွယ်ဆေးတွေ မထင်မှတ်တဲ့ အချိန်မှာရောက်လာခဲ့တဲ့ သတင်းပါဘဲ။အစောပိုင်း လဆန်းကတည်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာ တရုတ်ကနေ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၃ သိန်းလှူဖို့ သတင်းတွေ ထွက်လာခဲ့ အပြီးမှာ ကမ္ဘာနိုင်ငံအတော်များများ လိုချင်နေတဲ့ Oxford University နှင့် AstraZeneca တို့ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံရှိ Serum Institute of India (SII) က မူပိုင်ခွင့်ယူပြီး ထုတ်လုပ်တဲ့ Covishield အမည်ရ ကာကွယ်ဆေးကို မထင်မှတ်ထားဘဲ ရခဲ့တာပါ။ ဒီဆေးကိုမထင်မှတ်ထားဘဲ ရခဲ့တယ်ဆိုတာက နှစ်နိုင်ငံအာဏာပိုင်တွေ ဆွေးနွေးနေမှုကို ပြည်သူက မသိခဲ့ရတာလည်းပါသလို အစောပိုင်းက ဒီဆေးနဲ့ ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက နိုင်ငံအတွင်းမှာ ကူးစက်မှုအခြေအနေ ဆိုးနေတာတွေကြောင့် ပြည်ပကို တင်ပို့ခွင့်မပြုဘူးလို့ သတင်းတွေထွက်ခဲ့တာကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ ဒီဆေးကို အစောပိုင်းမှာ ရနိုင်ဖွယ်မရှိနိုင်ဘူးလို့ အတော်များများက ထင်မြင်ထား ခဲ့တာပါ။

ဒါပေမယ့် အစိုးရရဲ့ကျန်းမာရေးထိပ်တန်းအာဏာပိုင်တွေနဲ့ အိန္ဒိယဘက်က ကျန်းမာရေးအာဏာ ပိုင်တွေ၊ နှစ်နိုင်ငံသံတမန်တွေ တွေ့ဆုံကြိုးစားခဲ့မှုတွေကြောင့် ဇန်နဝါရီ ၂၂ ရက်မှာ Serum Institute of India (SII)က ထုတ်လုပ်တဲ့ Covishield အမည်ရ ကိုဗစ်ကာကွယ်ဆေးတစ်သန်းခွဲမြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။ ဒီဆေးမရောက်ခင် ဇန်နဝါရီ ၂၁ ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပုံမှန်ပြုလုပ်နေကြ ပြည်သူများသို့ အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့်စပ်လျဉ်းတဲ့ မိန့်ခွန်းမှာ ဆေးရရှိမယ့်အကြောင်းနဲ့ ဆေးကို ဘယ်သူတွေကို ဦးစားပေးထိုးနှံပေးမယ်ဆိုတဲ့ အစီအစဉ်ကို အများပြည်သူကို ချပြအသိပေးခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းကာကွယ်ဆေးကို အလုအယက် လိုက်နေရတဲ့အချိန်မှာ မြန်မာနိုင်ငံလို နိုင်ငံတစ်နိုင်ငံအနေနဲ့ကာကွယ်ဆေးကို ဆောလျင်စွာရတဲ့ အတော်လေး အခြေအနေကောင်းသွားခဲ့ပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံတွေထဲမှာ တတိယမြောက် ကာကွယ်ဆေးရတဲ့ နိုင်ငံဖြစ်သလို ဆက်တိုက်ဆို သလို ကာကွယ်ဆေးတွေ ရလာဖို့ရှိတဲ့ အတွက် ယခုနှစ်တစ်နှစ်တာလုံးက ကာကွယ်ဆေးတွေနဲ့ ဘယ်သူမှ နားရမယ့်နှစ်တစ်နှစ်တော့ ဖြစ်ဟန်မတူပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းအရ ကာကွယ်ဆေးကို ဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးမှာဖြစ်ပြီး သူနောက်မှာ ရောဂါ ရရှိမှု လွယ်တဲ့အုပ်စု၊ ရောဂါအခံအားနည်းတဲ့အုပ်စုဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ရောဂါသည်တွေ၊ရောဂါပြန့်ပွားမှုကို များစေနိုင်တဲ့ အုပ်စုစသဖြင့် ဦးစားပေးအစဉ်လိုက်ခွဲခြားခဲ့တာကိုတွေ့ရပါတယ်။

အိန္ဒိယကနေ မှာထားတာ လူဦးရေ ၁၅ သန်းစာ ဖြစ်တဲ့ ဆေးအလုံးရေ သန်း ၃၀ကိုမှာယူထားတာ ဖြစ်လို့ ဒီကုမ္ပဏီက စတင်ဖြန့်ဖြူးတဲ ဦးစားပေး နိုင်ငံ  ၆ နိုင်ငံထဲ ပါလို့ စောစောစီးစီးရခဲ့တာပါ။ ယခု ရောက်တဲ့ ကာကွယ်ဆေးတစ်သန်းခွဲက အိန္ဒိယအစိုးရက လှူတဲ့ဆေးဖြစ်ပြီး ဝယ်တဲ့ဆေးက ယခုရက်သတ္တပတ် အတွင်းဆက်လက်ရောက်လာမယ့်အပြင်  ဒီကဆေးအပြင် တရုတ်က ကာကွယ်ဆေး၊ WHO အစီအစဉ်နဲ့ ရလာမယ့် ကာကွယ်ဆေးကလည်း အစီအစဉ်အတိုင်းဆိုရင် ယခုလကုန်ပိုင်းမှာရဖို့ရှိတဲ့အတွက် ကာကွယ်ဆေးရဖို့ ပြိုင်ပွဲထဲကနေ မြန်မာနိုင်ငံ လွတ်မြောက်နိုင်ဖွယ်ရှိနေပါတယ်။

ဇန်နဝါရီ ၂၇ ရက်က စပြီး ကာကွယ်ဆေးထိုးဖို့ စတင်မှာ ဖြစ်တဲ့ အတွက် ထိရောက်မှု ရာခိုင်နူန်း ၆၀ ကျော်ကနေ ၉၀ ကျော်အထိ ရှိတဲ့ Covishield ဆေးရဲ့ အာနိသင်ကို စောင့်ကြည့်ရပါဦးမယ်။ လက်ရှိမှာ ကာကွယ်ဆေးအပေါ် မျှော်လင့်ချက်အရမ်းမြင့်မားနေလို့ ကျန်းမာရေးအရ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ ကို ဖယ်ရှားနေထိုင်တာ၊ပေါ့ဆနေထိုင်တာတွေ လုပ်လာမှာ စိုးရိမ်လို့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကျန်းမာရေး ပညာရှင်တွေ၊ ဆေးပညာရှင်တွေက သတိပေးနေတာကိုလည်းတွေ့ရပါတယ်။

ကာကွယ်ဆေးနဲ့ အတူ ကိုဗစ် -၁၉ မျိုးကွဲ ဗီဇပြောင်းပိုးကလည်းအရှိန်ကောင်းလာနေတဲ့ အတွက် လောလောဆယ်မှာ ကာကွယ်ဆေးထက် သတ်မှတ်ထားတဲ့ ကိုဗစ် စည်းကမ်းနဲ့အညီနေဖို့ကို အဓိက တိုက်တွန်းနေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ကိုဗစ်တွေ့ရှိမှုနူန်းက ကျဆင်းလာနေတာကိုတွေ့ရတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ပြန်စလာတာကို တွေ့ရသလို အတော်များများလည်း ကျန်းမာရေးအသိနဲ့ယှဉ်ပြီး အလုပ်တွေ လုပ်ကိုင်လာပြီဖြစ်တဲ့ အတွက် ကိုဗစ်ကာကွယ်ဆေးသာ အလုပ်ဖြစ်ခဲ့မယ်ဆိုရင် ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်ဆွဲတင်နိုင်ဖို့ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ အခြေအနေကောင်းကို မြင်တွေ့ခွင့်ရဖို့ ရှိနေပါတယ်။ ဒီအတွက် ကာကွယ်ဆေး ပြည်ပြည့်စုံစုံမရခင် တတိယလှိုင်းနဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ကို မြန်မာနိုင်ငံအနေနဲ့ ကာကွယ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တဲ့ အကြောင်း တင်ပြရင်း ယခုရက်သတ္တပတ်ပြည်တွင်း သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

ခက်ထန်စိုး

 

(  Zawgyi  )

 

 ယခုရက္သတၱပတ္အတြင္း သတိထားေစာင့္ၾကည့္မိခဲ့တဲ့ ျပည္တြင္းသတင္းေတြထဲမွာ စိတ္ခ်မ္းသာ စရာ အေကာင္းဆုံးက ကိုဗစ္ ကာကြယ္ေဆး မၾကာခင္ ရေတာ့မယ္ဆိုတဲ့ သတင္းပါဘဲ။ ဇန္နဝါရီ ၂၁ ရက္ ညပိုင္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ႐ုပ္သံကေန တစ္ဆင့္ ႏိုင္ငံေတာ္ကို ကိုဗစ္ ျဖစ္ပြားမႈအေျခအေနနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးအေျခအေနေတြကို ျပည္သူထံ တိုက္႐ိုက္တင္ျပခဲ့ရာမွာ အိႏၵိယ ကေန လာမယ့္ ကာကြယ္ေဆး တစ္သန္းခြဲအေၾကာင္းကို ေျပာခဲ့သလို ေဆးထိုးေပးမယ့္ ဦးစားေပး အစီအစဥ္ ကိုလဲေျပာခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ မတ္လေနာက္ပိုင္း ကပ္ေဘးေၾကာင့္ တစ္ႏွစ္ခန႔္နီးပါး စိတ္ႏွလုံးညစ္ညဴးခဲ့ရတဲ့ ျမန္မာႏိုင္ငံသား ေတြအတြက္ ပထမဆုံးျမင္ရတဲ့ လြတ္ေျမာက္ခြင့္ရေတာ့မယ္ဆိုတဲ့ စိတ္ခ်မ္းသာ စရာသတင္းပါဘဲ။ ဒီသတင္းနဲ႔ ေျပာင္းျပန္ စိတ္ညစ္စရာျဖစ္ခဲ့တဲ့ သတင္းကေတာ့ ဇန္နဝါရီ ၂၀ ရက္က တပ္မေတာ္သတင္းမွန္ျပန္ၾကား ေရးက ထုတ္ျပန္တဲ့ စာမ်က္ႏွာ ၄ မ်က္ႏွာပါ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ေၾကညာခ်က္ပါဘဲ။ ဒီေၾကညာခ်က္သတင္းလိုေ႐ြးေကာက္ပြဲနဲ႔ ဆက္စပ္တဲ့ အစိုးရသစ္ဖြဲ႕ဖို႔ အာဏာရပါတီဘက္က ျပင္ဆင္မႈေတြ လုပ္ေနတဲ့ သတင္းေတြ၊ ေနျပည္ေတာ္မွာ ကို႐ိုနာဗိုင္းရပ္ကူးစက္မႈျမင့္လာခ်ိန္မွာ ေက်ာက္တိုင္လာစိုက္ပြဲလုပ္မယ့္ ၀ရမ္းေျပးတစ္ဦး ဦးေဆာင္လာမယ္ဆိုတဲ့ လူထုေတြ႕ဆုံပြဲ အမည္ခံပြဲ အတြက္ ေနျပည္ေတာ္လုံၿခဳံေရးကို တင္းက်ပ္ေနရတဲ့ သတင္းေတြနဲ႔ ယခုရက္သတၱပတ္က  စိတ္အား တက္စရာ၊အားေလ်ာ့စရာေတြနဲ႔ ျပည့္ေနခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ --------- ယခုရက္သတၱပတ္ထဲေစာင့္ၾကည့္စရာျဖစ္ခဲ့တဲ့ တျခားသတင္း ေတြလည္း အနည္းငယ္ရွိခဲ့ပါတယ္။ဒီထဲကေန အားလုံးစိတ္ဝင္စားမႈအရွိဆုံးျဖစ္ခဲ့တဲ့  ေ႐ြးေကာက္ပြဲနဲ႔ ပတ္ သက္ၿပီး တပ္မေတာ္ဘက္က ထုတ္ျပန္ခဲ့တဲ့ေၾကညာခ်က္အေပၚအျမင္ေတြ ၊သတင္းေတြက ယခုရက္သတၱ ပတ္ရဲ႕ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

ႏိုင္ငံေရးအက်ပ္အတည္းဆို ဘယ္ေတာ့လဲ

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိတယ္ဆိုၿပီးဇန္နဝါရီ ၂၁ ရက္အထိ မဲမသမာမႈျဖစ္ႏိုင္တဲ့ စာရင္း ထုတ္ျပန္မႈစုစုေပါင္း ၂၅ ႀကိမ္အထိထုတ္ျပန္ခဲ့တဲ့ တပ္မေတာ္ဘက္က ဇန္နဝါရီ ၂၀ ရက္မွာ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ႏိုင္ငံေရးပါတီေတြ လက္ခံႏိုင္ေအာင္ လြပ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ရလဒ္ျဖစ္ေၾကာင္းျပဖို႔ ထုတ္ျပန္ခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္မွာ ၂၀၂၀ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး အစိုးရအေနနဲ႔  ေ႐ြးေကာက္ပြဲေကာ္မရွင္အဆင့္ဆင့္ရဲ႕ မွားယြင္းမႈအားလုံးကို တာဝန္ယူမႈတာဝန္ခံမႈ အျပည္နဲ႔ ႀကီးၾကပ္ရန္ တာဝန္ ရွိတာကို တပ္မေတာ္ဘက္က အစိုးရကို သတိေပးခဲ့တယ္ဆိုတာကို ေဖာ္ျပခဲ့ၿပီး ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲ မဲဆြယ္ ကာလမွာ ပါတီေတြရဲ႕မူဝါဒသေဘာထားေတြကို ပယ္ဖ်က္ခဲ့တဲ့တာေတြ၊ လက္ရွိအာဏာရပါတီက မဲဆြယ္စည္း႐ုံးမႈလြတ္လပ္စြာေဆာင္႐ြက္ႏိုင္တာေတြ ေဖာ္ျပခဲ့သလို တပ္မေတာ္ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာ ျဖဳတ္ခ်ခံ ရတာေတြကိုလည္း ေဖာ္ျပခဲ့ပါတယ္။ဒါအျပင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က COVID-19ကို အေၾကာင္းျပၿပီး ႀကိဳတင္မဲဆႏၵေပးေရးမွာ ၫႊန္ၾကားခ်က္အမ်ိဳးမ်ိဳး ထုတ္ခဲ့တာကိုလည္း ေဖာ္ျပခဲ့တာေတြ႕ရပါတယ္။

ေလးမ်က္ႏွာပါတဲ့ အဆိုပါထုတ္ျပန္ခ်က္ရဲ႕ စာမ်က္ႏွာ ၁နဲ႔၂ မွာ ေ႐ြးေကာက္ပြဲအတြက္ အေမရိကန္ အေျခ စိုက္ IFESကေန ျပည္ေထာင္စုေ႐ြေကာက္ပြဲေကာ္မရွင္ကို ကြန္ပ်ဴတာေတြေထာက္ပံ့ ခံတာနဲ႔ ပတ္သက္ၿပီး ျပည္ပ က ဝင္ေရာက္စြက္ဖက္ႏိုင္ေျခရွိတယ္ဆိုၿပီး ေဖာ္ျပခဲ့တာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ ျပည္တြင္းႏိုင္ငံေရးသမား ေတြ သတိျပဳမိခဲ့တာက ထုတ္ျပန္ခ်က္အပိုဒ္ ၁၁ မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒေတြ ကိုရည္ၫႊန္းခဲ့ၿပီး တပ္မေတာ္က ပါတီႏိုင္ငံေရးမွာ ပါဝင္ပတ္သက္ခဲ့ျခင္းမရွိဘူးလို႔ ေဖာ္ျပခဲ့ၿပီး အပိုဒ္ ၁၂ မွာ ေတာ့ တပ္မေတာ္ အပါအဝင္အျခား ႏိုင္ငံေရးပါတီမ်ားအေနျဖင့္  လြတ္လပ္၍တရားမွ်တၿပီး ပြင့္လင္းျမင္သာတဲ့ ေ႐ြးေကာက္ပြဲ ရလဒ္ျဖစ္ေၾကာင္း ထုတ္ေဖာ္ျပသမယ္ဆိုရင္ ျပည္သူဆႏၵနဲ႔အညီ လက္ခံသြားမယ္ ဆိုၿပီး ေဖာ္ျပခဲ့တာကိုေတြ႕ခဲ့ရပါတယ္။ ဒီအပိုဒ္ ၁၂ မွာဘဲ ႏိုင္ငံေရးအက်ပ္အတည္းကို ေက်ာ္လႊားဖို႔ ျပည္ေထာင္စုလႊတ္ေတာ္၊ ႏိုင္ငံေတာ္အစိုးရ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က နည္းလမ္းရွာေျဖရွင္းေပးဖို႔ ေဖာ္ျပထားတာကိုေတြ႕ရပါတယ္။

ဒီလိုထုတ္ျပန္ခ်က္ကို တပ္ဘက္က ထုတ္ျပန္ၿပီးေနာက္မွာ အာဏာရပါတီဘက္ကသာ  တုံျပန္မႈေတြ ရွိခဲ့ၿပီး အစိုးရ၊ေ႐ြးေကာက္ပြဲေကာ္မရွင္၊ ျပည္ေထာင္စုလႊတ္ေတာ္ဘက္ ဇန္န၀ါရီ -- ရက္အထိ ဘာတစ္ခုမွ တုံ႔ျပန္ခဲ့ တာကို မေတြ႕ခဲ့ရပါဘူး။ အာဏာရပါတီနဲ႔ အႏိုင္ရပါတီျဖစ္တဲ့ ဒီခ်ဳပ္ပါတီဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ သတင္းဌာနတစ္ခုကို တပ္ဘက္က ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ေျပာခဲ့ရာမွာေတာ့ “စြပ္စြဲ ခံရသူက သက္ေသမရွိဘဲနဲ႔ စြပ္စြဲတိုင္း ေျဖရွင္းဖို႔မလိုပါဘူး။ စြပ္စြဲသူက သက္ေသအခိုင္အလုံတင္ျပဖို႔ တာဝန္ရွိပါတယ္”လို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။ ဒါအျပင္ ျမန္မာေနာင္းကို ေျဖၾကားခဲ့တဲ့ အထဲမွာလည္း တပ္ဘက္က ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ပုဒ္မေတြနဲ႔ ပတ္သက္ၿပီး “ဒီပုဒ္မအားလုံးဟာ စနစ္တက် ဥပေဒအတိုင္းပဲ လုပ္မယ္ ဆိုရင္ ဘာမွစိုးရိမ္ပူပန္မႈ မရွိပါဘူး။ ဥပေဒနဲ႔အညီ အျပည့္အဝ ေျဖရွင္းႏိုင္ပါတယ္။ ဒီဟာေတြဟာ တပ္မေတာ္ကို အာဏာသိမ္းဖို႔ အတြက္ ခြင့္ျပဳထားတဲ့ ပုဒ္မေတြလည္း မဟုတ္ပါဘူး”လို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။

အဆိုပါရက္ပိုင္းေတြက အမ်ားျပည္သူအတြက္ တပ္ဘက္က ထူးျခားမႈေတြ၊ အစိုးရဘက္က ထူးျခားမႈေတြ၊ ျပည္ေထာင္စုလႊတ္ေတာ္ဘက္က ထူးျခားမႈေတြ၊ အမ်ားျပည္သူဘက္က လႈပ္ရွားမႈေတြ ၊ပါတီဘက္က လႈပ္ရွားမႈေတြကို ေစာင္ၾကည့္တဲ့ အခါ အစိုးရဘက္ကလည္း ယခုရက္ပိုင္းမွာ ကိုဗစ္ ကာကြယ္ေဆးရဖို႔ကိစၥ နဲ႔   တ႐ုတ္ဝန္ႀကီးခရီးစဥ္၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္းခရီးစဥ္ေတြနဲ႔ ပုံမွန္အတိုင္းဘဲရွိၿပီး ျပည္ေထာင္စု လႊတ္ေတာ္ဘက္ကလည္း လာမယ့္ ေဖေဖၚဝါရီ ၁ ရက္မွာ က်င္းပမယ့္ တတိယအႀကိမ္လႊတ္ေတာ္ အစည္းအေဝး ေတြအတြက္ ပုံမွန္အတိုင္း စီစဥ္ေနတာကိုေတြ႕ရၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ကိုၾကည့္တဲ့အခါမွာ ပါတီေတြဘက္က ကန႔္ကြတ္တဲ့ ေ႐ြးေကာက္ပြဲကန႔္ကြတ္လႊာေတြကို ေဖေဖၚဝါရီ ၁ ရက္မွာ စတင္ၾကားနာဖို႔ ျပင္ဆင္ေနတာကို ေတြ႕ရပါတယ္။

ပါတီေတြဘက္ကို ၾကည့္တဲ့အခါ အႏိုင္ရပါတီျဖစ္တဲ့ NLDက အစိုးရဖြဲ႕ဖို႔ ျပင္ဆင္ေနတာကို ေတြ႕ ရသလို တျခားေ႐ြးေကာက္ခံရတဲ့ ပါတီငယ္ေတြကလည္း တတိယအႀကိမ္လႊတ္ေတာ္သက္တမ္းကို တက္ေရာက္ဖို႔ ျပင္ဆင္ေနတာကို ေတြ႕ရပါတယ္။ ထူးထူးျခားျခား ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္ရႈံးနိမ့္ၿပီး ၇၁ ေနရာသာ ရခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က ေကာ္မရွင္ကို ကန႔္ကြက္ဆႏၵျပပြဲေတြ၊ တပ္ေထာက္ခံပြဲေတြကို ပါတီဝင္ေတြ ပါတီဝန္းရံသူေတြနဲ႔ ဒီရက္ပိုင္း ဆက္တိုက္ လုပ္ေနသလို ရဲတပ္ဖြဲ႕ကလည္း ခြင့္ျပဳခ်က္မယူတဲ့ ပြဲေတြ၊ စည္းကမ္း ခ်က္ေဖာက္ခဲ့တဲ့ ပြဲေတြကို လိုက္ဖမ္းေနတာကိုလည္းေတြ႕ရပါတယ္။ ထူးထူးျခားျခား သတိထားမိတာကေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးစိုက္ရာ ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ထဲမွာ တပ္မေတာ္ကို ေထာက္ခံေၾကာင္း လူထုအစည္းအေဝးပြဲနဲ႔ အထိမ္းအမွတ္ေက်ာက္တိုင္ စိုက္ထူျခင္းပြဲလုပ္ဖို႔  စီစဥ္ေနတဲ့ ဝရမ္းေျပး မိုက္ကယ္ေက်ာ္ျမင့္ပါဘဲ။ လက္ရွိမွာ လူမႈကြန္ရက္မွာတင္ထားတဲ့ပုံေတြအရ ေနျပည္ေတာ္မွာ ေရာက္ေနတဲ့ပုံရၿပီး သူ အတြင္းေရးမႉးတာဝန္ယူထားတဲ့ အေျခခံလူတန္းစားဘဝတိုးတက္ ျမင့္မား ေရးပါတီကေျပာစကားေတြအရ ဆိုရင္'တပ္မေတာ္က တိုင္းျပည္ကို ကယ္တင္ရန္'ဆိုတဲ့ လႈပ္ရွားမႈကို ၀ရမ္းေျပးမိုက္ကယ္ေက်ာ္ျမင့္က ဦးေဆာင္လုပ္မွာျဖစ္သလို ဒီအထိမ္းအမွတ္ေက်ာက္တိုင္ကို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ လက္ထဲတိုက္႐ိုက္အပ္ႏွံၿပီးမွ အဖမ္းခံမယ္လို႔ ဆိုထားတဲ့အတြက္ ၀ရမ္းေျပးေက်ာ္ျမင့္ကို ေရွ႕က ၀ရမ္းေျပး ဦးဝီရသူ၊ဘူးလက္ လွေဆြတို႔လို႔ လာအဖမ္းခံမွ ဖမ္းမိတာမ်ိဳးမဟုတ္ဘဲ ပြဲမျဖစ္ခင္ ဖမ္းႏိုင္ဖို႔ လိုၿပီး မဖမ္းႏိုင္ရင္ လက္ရွိ NLDအစိုးရအတြက္ သိကၡာ က်စရာပါ။

ဇန္နဝါရီ ၂၄ ရက္မွာ ျပဳလုပ္ခဲ့တဲ့ NLDပါတီရဲ႕ CECအစည္းအေဝးအၿပီးမွာ သတင္းမီဒီယာေတြကို NLD ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာခဲ့တာေတြရွိပါတယ္။ ဒါက မီဒီယာေတြဘက္က  တပ္ဘက္က ထုတ္ျပန္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေမးခဲ့ရာမွာ တပ္ဘက္က ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ဥပေဒအတိုင္းသြားေနလို႔ ဘာမွ တုံ႔ျပန္ဖို႔မရွိပါဘူးလို႔ ေျပာခဲ့သလို လႊတ္ေတာ္က်င္းပေရးကို ဥပေဒနဲ႔ အညီ လုပ္ေဆာင္ေနတယ္ဆိုၿပီး ေျပာခဲ့တာကိုေတြ႕ရပါတယ္။ ဒီရက္ပိုင္းမွာဘဲ တပ္ေထာက္ခံပြဲေတြ၊ ေကာ္မရွင္ကို ကန႔္ကြက္ပြဲေတြ မဲရလဒ္ နဲ႔ ပတ္သက္ၿပီး အႏိုင္ရပါတီဘက္ကို မဲခိုးမဲလိမ္တယ္ဆိုတဲ့ ျပည္ခိုင္ၿဖိဳးပါတီဝင္ ေတြဘက္က ဆက္တိုက္ ဆႏၵထုတ္ေဖာ္ခဲ့တာကို ေတြ႕ရပါတယ္။

ေတာင္ႀကီးမွာ ဇန္နဝါရီ ၂၃ ရက္က လုပ္ခဲ့တဲ့ ပြဲမွာဆိုရင္ ပြဲမတိုင္ခင္ရက္က ေတာင္ႀကီးက ေဒသခံ တိုင္းရင္းသားေတြက သူတို႔ ဒီပြဲမွာ ပါဝင္မွာမဟုတ္ဘူးဆိုတာ သတင္းစာရွင္းလင္းပြဲလုပ္ခဲ့သလို ေနာက္ရက္ ဇန္နဝါရီ ၂၃ ရက္ပြဲမွာလုပ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ တပ္ေထာက္ခံပြဲမွာ လက္ရွိအာဏာရပါတီကိုဝန္းရံသူ ၃ ဦး က NLD အလံကို ကိုင္ၿပီး ဆႏၵထုတ္ေဖာ္ပြဲထဲ ဝင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့လို႔ ရဲတပ္ဖြဲ႕က ဝင္ထိန္းခဲ့ရတဲ့ ျဖစ္ရပ္ျဖစ္ခဲ့တာရွိခဲ့ပါတယ္။ ေနာက္ရက္ ဇန္နဝါရီ ၂၅ ရက္မွာ NLDဝန္းရံသူေတြက ရန္ကုန္မွာ ေ႐ြးေကာက္ ပြဲေကာ္မရွင္ကိုေထာက္ခံ ေၾကာင္းနဲ႔ အစိုးရသစ္ကို ေထာက္ ခံေၾကာင္းစတဲ့ ဆႏၵထုတ္ေဖာ္ပြဲကို လုပ္လာခဲ့ပါတယ္။ဒါဟာ  ျပည္ခိုင္ၿဖိဳး ရဲ႕ေ႐ြးေကာက္ပြဲနီးလာေလ ပိုၿပီး ပြဲစိပ္လာတဲ့ ဆႏၵထုတ္ေဖာ္ပြဲေတြကို တန္ျပန္တဲ့ အေနနဲ႔ လုပ္တာျဖစ္ေပမယ့္ ပါတီဝန္းရံသူခ်င္း ဆုံတဲ့အခါ ေသတဲ့ အထိျဖစ္ခဲ့တာေတြအထိ ျဖစ္ခဲ့တာရွိတာမို႔ ဆႏၵျပပြဲေတြက သတိထားရမယ့္ အခင္းအက်င္းေတြ ျဖစ္လာေနပါတယ္။ အာဏာရ ပါတီကို ဝန္းရံသူေတြက ပါတီေထာက္ခံသူေတြအေနနဲ႔ လမ္းေပၚတက္ ဆႏၵထုတ္ေဖာ္ၿပီး ေထာက္ခံတာထက္ မိမိ ေနအိမ္ေရွ႕မွာ ပါတီအလံကို ေထာင္ၿပီး အႏိုင္ရပါတီကို ေထာက္ခံေၾကာင္း ျပသဖို႔ ေဆာ္ဩခဲ့ၾကတာကို ေတြ႕ရပါတယ္။

လက္ရွိမွာ တတိယအႀကိမ္လႊတ္ေတာ္အစည္းအေဝးကို အေစာပိုင္းက တက္ေရာက္ဖြယ္မရွိဘူးလို႔ ယူဆထားတဲ့ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ေတြ တက္ေရာက္ဖို႔ေဆးစစ္ေနတာေတြ႕ရသလို  ေနျပည္ေတာ္ လုံၿခဳံေရးကိုလည္း  မိုက္ကယ္ေက်ာ္ျမင့္လို ၀ရမ္းေျပးဦးေဆာင္တဲ့ ပြဲမျဖစ္လာဖို႔ သက္ဆိုင္ရာက လုံၿခဳံေရး တင္းက်ပ္ေနတာေတြ႕ရတဲ့အတြက္ အခ်ိဳ႕ေသာအေျခအေနေတြက သိပ္တင္းမာလာႏိုင္တဲ့ အေျခအေနမ်ိဳး မရွိလာႏိုင္တာကို ေတြ႕ရပါတယ္။ ပါတီေတြ အခ်ိဳ႕၊ အဖြဲအစည္းအခ်ိဳ႕နဲ႔ ရလဒ္ကိုလက္မခံခ်င္သူအခ်ိဳ႕က လက္ရွိအေျခအေနကို  ႏိုင္ငံေရးအက်ပ္အတည္းလို႔ ျမင္ၾက ေပမယ့္ အာဏာရွင္ေတြ ဗိုလ္က်အႏိုင္က်င့္မႈကို ရာစုႏွစ္ဝက္ေက်ာ္ ခါးစည္းခံခဲ့ရတဲ့ ျပည္သူေတြအတြက္ ကေတာ့ လက္ရွိအေျခအေနကို ႏိုင္ငံေရးအက်ပ္အတည္းလို႔လည္းမျမင္ပါဘူး။ ျပည္သူဘက္က ထာ၀စဥ္ရပ္တည္တဲ့ ျပည္သူပါတီအႏိုင္ရလို႔ ေအာင္ပြဲအျဖစ္ ေပ်ာ္ေတာင္ ေပ်ာ္ေနၾကတာပါ။

ဒါေပမယ့္ လူ႐ႊင္ေတာ္ေတြ ေျပာသလို “ဘာမွမျဖစ္ရင္ ဘာမွမျဖစ္ဘူး”ဆိုတဲ့ စကားလို႔ ႏုနယ္ေသးတဲ့ ဒီမိုကေရစီက ဘာမဆိုျဖစ္သြားႏိုင္တဲ့အတြက္ သတိ၊၀ီရိယထားဖို႔လိုသလို ေ႐ႊသမင္ဘယ္ကထြက္ထြက္ မင္း ႀကီးတာကေန ထြက္ေလ့ရွိေနတဲ့ ျမန္မာႏိုင္ငံေရးမွာ လႊတ္ေတာ္အစည္းအေဝးေတြစမယ့္ ေနာက္ရက္သတၱပတ္အတြင္း ဘာေတြ ျဖစ္လာႏိုင္ဦးမလဲဆိုတာ သတိနဲ႔ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ကိုဗစ္အလြန္ကာလကိုေမွ်ာ္ႏိုင္ၿပီလား

ဆႏၵျပပြဲမ်ား၊ ထုတ္ျပန္မႈမ်ားနဲ႔ လိုအင္ရမၼက္ေပၚ အေျခတည္ၿပီး မလႈပ္တဲ့ အေျခအေနတစ္ခုကို အတင္းဆြဲလႈပ္ေနတဲ့ ယခုရက္သတၱပတ္အတြင္းမွာ စိတ္ခ်မ္းသာစရာ သတင္းက ျမန္မာႏိုင္ငံကို ကိုဗစ္ ကာကြယ္ေဆးေတြ မထင္မွတ္တဲ့ အခ်ိန္မွာေရာက္လာခဲ့တဲ့ သတင္းပါဘဲ။အေစာပိုင္း လဆန္းကတည္းက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ခရီးစဥ္မွာ တ႐ုတ္ကေန ျမန္မာႏိုင္ငံကို ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၃ သိန္းလႉဖို႔ သတင္းေတြ ထြက္လာခဲ့ အၿပီးမွာ ကမာၻႏိုင္ငံအေတာ္မ်ားမ်ား လိုခ်င္ေနတဲ့ Oxford University ႏွင့္ AstraZeneca တို႔ပူးေပါင္းထုတ္လုပ္တဲ့ ကာကြယ္ေဆးကို အိႏၵိယႏိုင္ငံရွိ Serum Institute of India (SII) က မူပိုင္ခြင့္ယူၿပီး ထုတ္လုပ္တဲ့ Covishield အမည္ရ ကာကြယ္ေဆးကို မထင္မွတ္ထားဘဲ ရခဲ့တာပါ။ ဒီေဆးကိုမထင္မွတ္ထားဘဲ ရခဲ့တယ္ဆိုတာက ႏွစ္ႏိုင္ငံအာဏာပိုင္ေတြ ေဆြးေႏြးေနမႈကို ျပည္သူက မသိခဲ့ရတာလည္းပါသလို အေစာပိုင္းက ဒီေဆးနဲ႔ ပတ္သက္ၿပီး အိႏၵိယအာဏာပိုင္ေတြက ႏိုင္ငံအတြင္းမွာ ကူးစက္မႈအေျခအေန ဆိုးေနတာေတြေၾကာင့္ ျပည္ပကို တင္ပို႔ခြင့္မျပဳဘူးလို႔ သတင္းေတြထြက္ခဲ့တာေၾကာင့္လည္း ျမန္မာႏိုင္ငံအေနနဲ႔ ဒီေဆးကို အေစာပိုင္းမွာ ရႏိုင္ဖြယ္မရွိႏိုင္ဘူးလို႔ အေတာ္မ်ားမ်ားက ထင္ျမင္ထား ခဲ့တာပါ။

ဒါေပမယ့္ အစိုးရရဲ႕က်န္းမာေရးထိပ္တန္းအာဏာပိုင္ေတြနဲ႔ အိႏၵိယဘက္က က်န္းမာေရးအာဏာ ပိုင္ေတြ၊ ႏွစ္ႏိုင္ငံသံတမန္ေတြ ေတြ႕ဆုံႀကိဳးစားခဲ့မႈေတြေၾကာင့္ ဇန္နဝါရီ ၂၂ ရက္မွာ Serum Institute of India (SII)က ထုတ္လုပ္တဲ့ Covishield အမည္ရ ကိုဗစ္ကာကြယ္ေဆးတစ္သန္းခြဲျမန္မာႏိုင္ငံကို ေရာက္လာခဲ့ပါတယ္။ ဒီေဆးမေရာက္ခင္ ဇန္နဝါရီ ၂၁ ရက္မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္က ပုံမွန္ျပဳလုပ္ေနၾက ျပည္သူမ်ားသို႔ အစီရင္ခံတင္ျပေသာ COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံး အေျခအေနႏွင့္စပ္လ်ဥ္းတဲ့ မိန႔္ခြန္းမွာ ေဆးရရွိမယ့္အေၾကာင္းနဲ႔ ေဆးကို ဘယ္သူေတြကို ဦးစားေပးထိုးႏွံေပးမယ္ဆိုတဲ့ အစီအစဥ္ကို အမ်ားျပည္သူကို ခ်ျပအသိေပးခဲ့ပါတယ္။

ကမာၻတစ္ဝန္းကာကြယ္ေဆးကို အလုအယက္ လိုက္ေနရတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံလို ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ကာကြယ္ေဆးကို ေဆာလ်င္စြာရတဲ့ အေတာ္ေလး အေျခအေနေကာင္းသြားခဲ့ပါတယ္။ အထူးသျဖင့္ အာဆီယံႏိုင္ငံေတြထဲမွာ တတိယေျမာက္ ကာကြယ္ေဆးရတဲ့ ႏိုင္ငံျဖစ္သလို ဆက္တိုက္ဆို သလို ကာကြယ္ေဆးေတြ ရလာဖို႔ရွိတဲ့ အတြက္ ယခုႏွစ္တစ္ႏွစ္တာလုံးက ကာကြယ္ေဆးေတြနဲ႔ ဘယ္သူမွ နားရမယ့္ႏွစ္တစ္ႏွစ္ေတာ့ ျဖစ္ဟန္မတူပါဘူး။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္မိန႔္ခြန္းအရ ကာကြယ္ေဆးကို ဦးစားေပးအျဖစ္ က်န္းမာေရးဝန္ထမ္းေတြကို ထိုးေပးမွာျဖစ္ၿပီး သူေနာက္မွာ ေရာဂါ ရရွိမႈ လြယ္တဲ့အုပ္စု၊ ေရာဂါအခံအားနည္းတဲ့အုပ္စုျဖစ္တဲ့ သက္ႀကီး႐ြယ္အိုေတြ၊ ေရာဂါသည္ေတြ၊ေရာဂါျပန႔္ပြားမႈကို မ်ားေစႏိုင္တဲ့ အုပ္စုစသျဖင့္ ဦးစားေပးအစဥ္လိုက္ခြဲျခားခဲ့တာကိုေတြ႕ရပါတယ္။

အိႏၵိယကေန မွာထားတာ လူဦးေရ ၁၅ သန္းစာ ျဖစ္တဲ့ ေဆးအလုံးေရ သန္း ၃၀ကိုမွာယူထားတာ ျဖစ္လို႔ ဒီကုမၸဏီက စတင္ျဖန႔္ျဖဴးတဲ ဦးစားေပး ႏိုင္ငံ  ၆ ႏိုင္ငံထဲ ပါလို႔ ေစာေစာစီးစီးရခဲ့တာပါ။ ယခု ေရာက္တဲ့ ကာကြယ္ေဆးတစ္သန္းခြဲက အိႏၵိယအစိုးရက လႉတဲ့ေဆးျဖစ္ၿပီး ဝယ္တဲ့ေဆးက ယခုရက္သတၱပတ္ အတြင္းဆက္လက္ေရာက္လာမယ့္အျပင္  ဒီကေဆးအျပင္ တ႐ုတ္က ကာကြယ္ေဆး၊ WHO အစီအစဥ္နဲ႔ ရလာမယ့္ ကာကြယ္ေဆးကလည္း အစီအစဥ္အတိုင္းဆိုရင္ ယခုလကုန္ပိုင္းမွာရဖို႔ရွိတဲ့အတြက္ ကာကြယ္ေဆးရဖို႔ ၿပိဳင္ပြဲထဲကေန ျမန္မာႏိုင္ငံ လြတ္ေျမာက္ႏိုင္ဖြယ္ရွိေနပါတယ္။

ဇန္နဝါရီ ၂၇ ရက္က စၿပီး ကာကြယ္ေဆးထိုးဖို႔ စတင္မွာ ျဖစ္တဲ့ အတြက္ ထိေရာက္မႈ ရာခိုင္ႏူန္း ၆၀ ေက်ာ္ကေန ၉၀ ေက်ာ္အထိ ရွိတဲ့ Covishield ေဆးရဲ႕ အာနိသင္ကို ေစာင့္ၾကည့္ရပါဦးမယ္။ လက္ရွိမွာ ကာကြယ္ေဆးအေပၚ ေမွ်ာ္လင့္ခ်က္အရမ္းျမင့္မားေနလို႔ က်န္းမာေရးအရ ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြ ကို ဖယ္ရွားေနထိုင္တာ၊ေပါ့ဆေနထိုင္တာေတြ လုပ္လာမွာ စိုးရိမ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ က်န္းမာေရး ပညာရွင္ေတြ၊ ေဆးပညာရွင္ေတြက သတိေပးေနတာကိုလည္းေတြ႕ရပါတယ္။

ကာကြယ္ေဆးနဲ႔ အတူ ကိုဗစ္ -၁၉ မ်ိဳးကြဲ ဗီဇေျပာင္းပိုးကလည္းအရွိန္ေကာင္းလာေနတဲ့ အတြက္ ေလာေလာဆယ္မွာ ကာကြယ္ေဆးထက္ သတ္မွတ္ထားတဲ့ ကိုဗစ္ စည္းကမ္းနဲ႔အညီေနဖို႔ကို အဓိက တိုက္တြန္းေနတာကို ေတြ႕ရပါတယ္။ လက္ရွိမွာ ကိုဗစ္ေတြ႕ရွိမႈႏူန္းက က်ဆင္းလာေနတာကိုေတြ႕ရတဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြ ျပန္စလာတာကို ေတြ႕ရသလို အေတာ္မ်ားမ်ားလည္း က်န္းမာေရးအသိနဲ႔ယွဥ္ၿပီး အလုပ္ေတြ လုပ္ကိုင္လာၿပီျဖစ္တဲ့ အတြက္ ကိုဗစ္ကာကြယ္ေဆးသာ အလုပ္ျဖစ္ခဲ့မယ္ဆိုရင္ က်ဆင္းေနတဲ့ စီးပြားေရးကို ျပန္ဆြဲတင္ႏိုင္ဖို႔ လုပ္ငန္းေတြ ျပန္စႏိုင္ဖို႔ အေျခအေနေကာင္းကို ျမင္ေတြ႕ခြင့္ရဖို႔ ရွိေနပါတယ္။ ဒီအတြက္ ကာကြယ္ေဆး ျပည္ျပည့္စုံစုံမရခင္ တတိယလႈိင္းနဲ႔ ဗီဇေျပာင္းဗိုင္းရပ္စ္ကို ျမန္မာႏိုင္ငံအေနနဲ႔ ကာကြယ္ႏိုင္ပါ့မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္တဲ့ အေၾကာင္း တင္ျပရင္း ယခုရက္သတၱပတ္ျပည္တြင္း သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

ခက္ထန္စိုး