မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ( မြို့ပြ အင်ဂျင်နီယာဌာန)ဦးမောင်မောင်သွင်နှင့်တွေ့ဆုံခြင်း။
  မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ( မြို့ပြ အင်ဂျင်နီယာဌာန)ဦးမောင်မောင်သွင်နှင့်တွေ့ဆုံခြင်း။
မူဆယ် -မန္တလေးရထားလမ်းဖောက်လုပ်နိုင်ရေး စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု Feasibility Studyဆောင်ရွက်ရန်အတွက်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန။မြန်မာ့မီးရထားနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Railway Eryuan Engineering Group တို့ MoU   လက်မှတ်ရေးထိုး    ခဲ့ကြသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မူဆယ် မန္တလေးရထားဖောက်လုပ်ရာတွင်ကြုံတွေရမည့် စိန် ခေါ်မှုများ။
အခက်အခဲများနှင့် ရထားလမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက်မည်သို့အထောက်အကူပြုနိုင်ကြောင်းနှင့်အခြားသိလိုသည်များကို မြန်မာ့မီး ရထား အထွေထွေမန်နေဂျာ ( မြို့ပြ အင်ဂျင်နီယာဌာန)ဦးမောင်မောင်သွင်နှင့်တွေ့ဆုံမေးမြန်းမှု ကိုဖော်ပြလိုက်ပါ
သည်။
မေး ။ မူဆယ် မန္တလေးရထားလမ်းဖောက်လုပ်ဖို့ တရုတ်နဲ့ ဖြစ်မြောက်နိုင်ခြေလေ့လာဖို့ MoU ထိုးတဲ့ နေရာ မှာ မြန်မာ့မီးရထားအနေနဲ့ဘယ်လိုပါဝင်ခဲ့ပါသလဲ။
ဖြေ။  အခုလက်မှတ်ရေးထိုးမယ့် MoU ကတရုတ် မြန်မာနယ်စပ် မူဆယ်ကနေပြီးတော့ လားရှိုး- ကျောက်မဲသီပေါကိုဖြတ်ပြီးတော့မန္တလေးထိဆက်သွယ်မယ့်ရထားလမ်းသစ်ဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင် အခု CREC ( China Railway Eryuan Engineering Group )ကုမ္ပဏီက ဒီလမ်းတစ်လျှောက် Feasibility Study ဖြစ်မြောက်နိုင်ခြေလေ့လာဖို့ဆောင်ရွက်ချင်တယ်ဆို ပြီး၂၀၁၇ခုနှစ်မေလမှာတင်ပြ လာတယ်။အဲ့ဒီပေါ်မှာဒီဘက်က Feasibility Study ဆောင်ရွက် ခွင့်ပြုလိုက်တော့ဒီလမ်းကြောင်း တစ်လျှောက်မှာပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်တာတွေ။လူမှုရေးထိခိုက်မှုဆန်းစစ်တာတွေ။လမ်းကြောင်းတစ်လျှောက်ဖြတ် ကျော်ရမယ့်တောင်တန်းတွေ။မြစ် ချောင်း တွေ။ လမ်းကြောင်းတစ်လျှောက်ဖြတ် သန်းသွားသင့်တဲ့မြို့တွေစသဖြင့်လမ်းကြောင်းတစ်လျှောက် ဆောင် ရွက်ရမယ့်ကိစ္စတွေကိုမြန် မာ့မီး ရထား မြို့ပြအင်ဂျင်နီယာဌာနအနေနဲ့တွဲဖက်ပြီးတော့အကူညီပေးပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။  
မေး ။  ဒီရထားလမ်းကို အကောင်အထည်ဖော်တဲ့အခါ အင်ဂျင်နီယာပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုအခက် အခဲတွေ။ စိန်ခေါ်မှုတွေရှိနိုင်မလဲ။
ဖြေ။  ဒီရထားလမ်းကတော့ တရုတ်နဲ့မြန်မာပေါ့လေ။အထူးသဖြင့်မြန်မာ နိုင်ငံရဲ့ အလယ်ပိုင်းစီးပွား ရေး မြို့လည်းဖြစ်။ ယဉ်ကျေးမှုမြို့လည်းဖြစ်တဲ့မန္တလေးနဲ့တရုတ်ကုန် သွယ်မှုက တစ်နှစ်ထက် တစ်နှစ်မြင့်မားလာတယ်။အခုဆိုရင်ကားလမ်းတစ်ခုပဲကုန်သွယ်မှုရှိတယ်။အဲ့ဒီအတွက် ဒီကားလမ်းမှာ ဖြတ်သန်းတဲ့ကားပမာဏနဲ့ကုန်သွယ်မှုပမာဏနဲ့လမ်းကြောင်းကတစ်ခုခုပိတ်ခဲ့တယ်။ခက်ခဲခဲ့တယ်ဆိုရင် အဲ့လမ်းကြောင်းတစ်လျှောက်လုံးကုန်သွယ်မှုကအခက်အခဲဖြစ်စေတယ်။ နောက်တစ်ခုက အခုနှုန်းနဲ့သာကုန်သွယ်မှုတိုးတက်လာတယ်ဆိုရင် ဒီကားလမ်းတစ်ခုတည်းနဲ့ကုန်သွယ်ပို့ဆောင် တာက လုံလောက်မှာ
မဟုတ်တော့ဘူး။ရေရှည်ဖွံ့ဖြိုးဖို့အတွက် ကုန်သွယ်မှုပမာဏပိုပြီးမြင့် တက်ဖို့ ဆိုရင် ရထားနဲ့ပါသယ်ယူမှပိုပြီးထိရောက်မှာဖြစ်ပါတယ်။ပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ ဒီရထား လမ်းကြီးကိုဖောက်ဖို့အတွက်
ကနဦးအရင်ဆုံး Feasibility Study စတင်ဆောင်ရွက ်တာ ဖြစ်ပါတယ်။ ဒီလမ်းကြီးကတရုတ် မြန်မာနယ်စပ်ပေါ့လေ။ မူဆယ်ကနေပြီးတော့မှ အနီးဆုံးပေါ့ ကွတ်ခိုင်တို့ သိန္နီတို့ လားရှိုးတို့။ နောက်ဒီဖက်ကျရင်လည်း
ကျောက်မဲ သီပေါ မေမြို့ စသည်ဖြင့် ဖြတ်သန်းရမယ်။ဖြတ်သန်းတဲ့အခါမှာ လမ်းကြောင်းတစ်လျှောက်တောတောင်ကလည်းထူထပ်တယ်။
ပြီးတော့မြစ်ချောင်းတွေ။လျှိုတွေကလည်းများတယ်။ဒါကြောင့်ဒီအပိုင်းတွေကိုဖြတ်သန်းဖောက်လုပ်မယ်ဆိုရင်အကြမ်းဖျင်းလေ့လာချက်အရဆိုရင် ဥမင်လိုဏ်ခေါင်းတွေမလွဲမသွေထည့်ပြီးဖောက်ရမှာ ဖြစ်တယ်။နောက်တစ်ခုကမြစ်ကူး။ချောင်းကူး ကျယ်ပြန်တဲ့လျှိုမြှောင်ကြီးတွေဖြတ်သန်းတဲ့ တံတား တွေထည့်ပြီးဆောက်ရမှာဖြစ်တယ်။ နောက်တစ်ခုကလည်းကုန်းမြေအနိမ့်အမြင့်ကလည်းများတဲ့ အတွက်ဒီပေါ်မှာဖြတ်သွားဖို့ဆို ရင်မြေ သားလို လမ်းမျိုုးဟာလည်းသေချာလုပ်ရမှာဖြစ်တယ်။ ဒါကြောင့်မို့ ဒီလမ်းသည် Engineer Point of View အရဆိုရင်လည်းအတော်ကိုခက်ခက်ခဲခဲလုပ် ရမှာဖြစ်တယ်။နောက်တစ်ခုကကုန်ကျစရိတ်ဆိုရင်လည်းဒီ လမ်းသည်ဥမင်လိုဏ်ခေါင်းတွေ ထည့်ရ မယ်။
နောက်တစ်ခုကမြစ်ကူးချောင်းကူးနဲ့လျှိုမြောင်ကြီးတွေဖြတ်တဲ့တံတားကြီးတွေ ထည့်ရမယ်။ နောက်တစ်ခုကမြေသားပမာဏဆောင်ရွက်ရမယ့်ပမာဏလည်းများတယ်။ဒီလမ်းကြောင်းရဲ့မြေပုံပေါ်ကအသေးစိတ်အကွာအဝေးအရ၄၃၁ ကီလိုလောက်ဝေးတယ်။ မိုင်အနေနဲ့ ဆို ၂၇၀လောက်ဝေး တယ်။ဒါကြောင့်မို့ လမ်း ပမာဏရှည်လျားတဲ့အတွက်ကူန်ကျစရိတ်လည်း အထိုက်အလျောက်များမှာ ဖြစ်တယ်။ဒါကြောင့်ဒီအပေါ်မှာEngineer Point of Viewအရဆိုလည်း အခက်အခဲတွေကျော်ဖြတ်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်။နောက်တစ်ခါလည်းကုန်ကျစရိတ်အပိုင်းဆိုလည်းသေချာဆန်းစစ်ပြီးဆောင်ရွက်ရမှာဖြစ်တယ်။ဒီ့အ ပြင်အစောကပြောတဲ့ပတ်ဝန်းကျင်တစ်လျောက် သည်တောတောင်တွေဖြတ် မယ်။ သစ်တောတွေဖြတ် မယ်။ဒါကြောင့်ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်းဆန်း စစ်သွားရမှာဖြစ်တယ်။ ဒီ့အပြင်တည်ဆောက်တဲ့အ ချိန်မှာလည်း International Projectဖြစ် တဲ့အတွက်တည်ဆောက် တဲ့အချိန်မှာ လူမှု ရေး ထိခိုက်မှုတွေကိုလည်းဆန်းစစ်ဆောင်ရွက်ရမှာဖြစ်တယ်။ ဒါကြောင့်မို့ဒီလမ်း သည် အလျား ရှည်ြ့ပီး ခက်ခဲတာနဲ့အမျှစိန်ခေါ်မှုတွေကိုကျော်ဖြတ် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ 
PWA
(  Zawgyi  )
PWA