[ တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် ] မြို့မေတ္တာတုံးခဲ့တဲ့ ရန်ကုန် ကွန်တိန်နာကား ပိတ်ဆို့ဆန္ဒပြမှု

[  တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက်  ] မြို့မေတ္တာတုံးခဲ့တဲ့  ရန်ကုန် ကွန်တိန်နာကား ပိတ်ဆို့ဆန္ဒပြမှု

ယခုတစ်ပတ် သတင်းတွေထဲ စစ်တွေထောင်ဆူတဲ့ သတင်း၊ ကွန်တိန်နာကားတွေ ပိတ်ဆို့ဆန္ဒပြတဲ့ သတင်းတွေက လူများစုစိတ်ဝင်စားတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေထဲ ပုပ္ပားတွင် ပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်မှာ ပြောင်းလဲပြုလုပ်မယ့် သတင်း၊ ထိပ်သီးဆွေးနွေးပွဲကို ခေါင်းဆောင်တွေ အကုန်တက်ရောက်ကြမယ့် သတင်း၊ ရွှေဈေးနဲ့ ဒေါ်လာဈေး ပြန်မြင့်တက်လာတဲ့ သတင်း၊ အထက်တန်း မအောင်သူတွေကို ဧည့်လမ်းညွှန်လိုင်စင် ထုတ်ပေးမည့် အစီအစဉ်ကို တရားဝင် ကန့်ကွက်မယ်လို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းက ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ သတင်း၊ ရန်ကုန်မြစ်အတွင်း သောင်တူးရာမှာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၄ သန်း ဝန်းကျင် ကုန်ကျနေတဲ့ သတင်း၊ သီလဝါအထူးစီးပွားရေးဇုန် (အေ) မှာ မြန်မာနိုင်ငံမှ (MAPCO) ၊ ဂျာမနီနိုင်ငံမှ Benn Meyer Agri Care နှင့် ဂျပန်နိုင်ငံမှ Mitsui and Co တို့ ပူးပေါင်းထားတဲ့ Agri First ကုမ္ပဏီ၏  ဓာတ်မြေသြဇာစက်ရုံကို ဖွင့်လှစ်ခဲ့တဲ့ သတင်းကလည်း ဖြစ်ခဲ့တဲ့အတွက် ဒီတစ်ပတ်သတင်းအများစုက စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရဲ့ အောင်မြင်တဲ့ မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး။

    
ယခုတစ်ပတ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ မြန်မာသမ္မတ ဦးဝင်းမြင့် ဘာလီကျွန်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး တက်တဲ့ သတင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာအိုနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်တဲ့ သတင်း၊ ကုလ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာ နေပြည်တော်ကို အောက်တိုဘာ ၁၀ ရက်က ရောက်လာတဲ့ သတင်း၊ စိန့်မာတင်ကျွန်းကို မြန်မာနယ်နိမိတ်အတွင်း ထည့်ထားလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကာ ကန့်ကွက်စာပေးခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။
    

ဒီထဲမှာ အများစုနားစွင့်နေတဲ့ သတင်းက (၁၀) ကြိမ်မြောက် မဲခေါင် - ဂျပန် ထိပ်သီးအစည်းအဝေး တက်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကို ၆ ရက်ကြာ သွားရောက်တဲ့ ခရီးစဉ် သတင်းတွေပါဘဲ။
    

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သီးခြားတွေ့ဆုံပြီး ဆွေးနွေးရာမှာ  ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွက် ဆက်လက်ကူညီ ထောက်ပံ့ပေးမယ်လို့ ပြောခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေကို အဆုံးသတ်အောင် လုပ်ဆောင်ထားမှုတွေနဲ့ ပတ်သက်လို့ ရှင်ဇိုအာဘေး က ချီးကျူးခဲ့ပါတယ်။ဂျပန် စီးပွားရေးလုပ်ငန်းရှင် ၄၀၀ ကျော်နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်တဲ့ တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲမှာ ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
    

အဆိုပါခရီးစဉ်အတွင်း NHK သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးရာမှာ ရခိုင်မြောက်ပိုင်း ဘင်္ဂါလီ အရေးကိစ္စကြောင့် ဆုတံဆိပ်တွေ ရုပ်သိမ်းခံရတဲ့အပေါ် ဖြေကြားရာမှာ ‘‘ကျွန်မအနေနဲ့ ဒီလိုဂုဏ်ပြုမှုတွေ၊ ဆုတံဆိပ်တွေကို အလေးမထားပါဘူး။မိတ်ဆွေတွေအနေနဲ့ သူတို့ဖြစ်သင့်သလို လေးနက်တည်ငြိမ်မှု မရှိတာကိုတော့ ကျွန်မ စိတ်မကောင်းပါဘူး’’ လို့ ပြောခဲ့ပါတယ်။
    

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်ဟာ ယခုလို နိုင်ငံတကာက ဖိအားပေးချိန်မှာ ဒေသတွင်း စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်တဲ့ ဂျပန်ရဲ့ ထောက်ခံမှုကို ရယူနိုင်ခဲ့သလို့ ၂၀၁၆ ခုနှစ်က ကြေညာခဲ့တဲ့ ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ဂျပန်ယန်း ဘီလျံ ၈၀၀ (ကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလျံ) ကို ပုံမှန်အတိုင်းရရှိဖို့ ကတိကဝတ် ရခဲ့ပါတယ်။
    

ဒီသတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲက စီးပွားရေးကျဆင်းနေတဲ့ သတင်းတွေကြောင့် စိတ်ပျက်နေတဲ့ သတင်းဖတ်သူတွေကို  အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်စေခဲ့တဲ့ သတင်းကောင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

မြို့မေတ္တာတုံးခဲ့တဲ့  ရန်ကုန် ကွန်တိန်နာကား ပိတ်ဆို့ဆန္ဒပြမှု။
    

ယခုတစ်ပတ်အတွင်း သတင်းတွေအနက် အများပြည်သူတွေ စောင့်ကြည်ပြီး သတိထားခဲ့မိတဲ့ သတင်းက ကွန်တိန်နာကားတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် ရန်ကုန်ကမ်းနားလမ်းကနေ ဘုရင့်နောင်လမ်းတစ်လျှောက် ကွန်တိန်နာကားတွေနဲ့ ပိတ်ဆို့ပြီး ဆန္ဒပြလို့ ရန်ကုန်နောက်ခြမ်းက ပြည်သူတွေ အသွားအလာ ဒုက္ခရောက်ခဲ့တဲ့ သတင်းက ယခုတစ်ပတ်အတွင်း သတင်းအတော်များများကို ဖုံးသွားခဲ့ပါတယ်။
    

အောက်တိုဘာလ ၉ ရက်နေ့၌ ည ၉ နာရီမှ နံနက် ၆ နာရီအတွင်း မောင်းနှင်ရန် ပြောင်းလဲသတ်မှတ်ခဲ့ရာကနေ ယင်းအချက်ကို ကွန်တိန်နာယာဉ်မောင်းတွေကို ကြိုတင်အကြောင်းမှု မရှိခဲ့သည့်အတွက် ကွန်တိန်နာယာဉ်မောင်း ၁၂၀ ခန့် အချိန်စောထွက်မိ၍ ဖမ်းဆီး ဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။ဒီကနေ အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီခန့်မှ စတင်ပြီး အလုံ ဟုမ်းလမ်းထိပ်ကနေ ဆန္ဒပြပြီး ကားတွေရပ်နားခဲ့လို့ ကမ်းနားလမ်းတစ်လျှောက် လမ်းပိတ်ဆို့မှုတွေဖြစ်ပြီး အနီးနားရပ်ကွက်က နေသူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
    

အဆိုပါဆန္ဒပြမှုက ရန်ကုန်အနောက်ခြမ်းတစ်လျှောက် နေထိုင်သူတွေ သွားရေးလာရေးခက်ခဲမှုက ဆောင့်တက်လာခဲ့ပါတယ်။အောက်တိုဘာ ၁၀ ရက် ညပိုင်းကနေ စလိုက်တဲ့ ကွန်တိန်နာ ဆန္ဒပြမှုဟာ အောက်တိုဘာ ၁၁ ရက်အထိ မပြီးခဲ့ပါဘူး။ဒီလိုမပြီးခဲ့တဲ့အတွက် အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ရန်ကုန်အနောက်ခြမ်းက နေသူတွေ ရန်ကုန်မြို့ထဲကို တက်လာတဲ့အခါမှာ ဒီကွန်တိန်နာကားတွေ ပိတ်ဆို့ထားတဲ့အတွက် ပြေးဆွဲနေတဲ့ YBS ကားတွေ ရပ်ဆိုင်းခဲ့ရလို့ ပြည်သူအများစု ကျောင်းပျက်၊ အလုပ်အကိုင်ပျက်နဲ့ ဒုက္ခရောက်ခဲ့လို့ ဒီကွန်တိန်နာ ကားသမားတွေရဲ့လုပ်ရပ်က အများပြည်သူတွေအတွက် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။
    

အောက်တိုဘာ ၁၁ ရက် နေ့လည်ပိုင်းက အာဏာပိုင်တွေနဲ့ ညှိုနှိုင်းခဲ့ရာမှာ ကွန်တိန်နာ ကားသမားတွေဘက်က ကွန်တိန်နာယာဉ်များ၂၄ နာရီ ပြေးဆွဲခွင့်ပေးရန်၊ သီရိမင်္ဂလာဈေးနှင့် စံပြငါးဈေးရှေ့တွင် ယာဉ်ကြောပိတ်ဆို့နေသည်ကို အစိုးရက ဖြေရှင်းပေးရန်၊ ကျောက်လမ်းပေါ်တွင် ယာဉ်နှစ်ထပ်ရပ်ခြင်းကို ဖြေရှင်းပေးရန်၊ ယခင်ကဲ့သို့ လမ်းမများပေါ်တွင် ကွန်တိန်နာယာဉ်များ ပြန်လည်သွားလာနိုင်ရန် စီစဉ်ပေးရန်၊ ညဘက်သွားရေးလာရေး ခက်ခဲမှုများနှင့် လုံခြုံမှုမရှိခြင်း စသည့် အချက်တွေကို တောင်းဆိုခဲ့ပေမယ့် ကနဦးသဘောတူချက် နေ့လယ် ၁၁ နာရီမှ ညနေ ၃ နာရီအချိန်အတွင်း လှိုင်သာယာနဲ့ ရွှေပြည်သာဘက် အခြမ်းကို ကွန်တိန်နာတွေ မောင်းနှင်ခွင့်ပေးပြီး ညပိုင်းကို ည ၈ နာရီမှ နံနက် ၆ နာရီအထိ ယခင်သတ်မှတ်ချိန်အတိုင်း မောင်းနှင်ခွင့်ပေးဖို့ ကနဦးသဘောတူညီချက် ရခဲ့တယ် ဆိုပါတယ်။ဒီနောက်မှာ  ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာယာဉ်တွေကို ခဏတာ ပြန်လည်ဖယ်ရှားပေးခဲ့လို့ ယာဉ်အသွားအလာ ပြန်လုပ်နိုင်ပေမယ့် ကမ်းနားလမ်းတစ်လျှောက် ယာဉ်ပိတ်ဆို့မှုတွေက ဆက်ဖြစ်ခဲ့ပါတယ်။
    

အွန်လိုင်းပေါ်မှာတော့ အများပြည်သူတွေရဲ့ မှတ်ချက်ပေးမှုတွေက အများပြည်သူ သွားမှုလာမှုကို ဆိုးရွားထိခိုက်စေတဲ့ ကွန်တိန်နာသမားတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုမှုတွေ၊ ကားသမားတွေကို ဆဲဆိုမှုတွေက များခဲ့ပါတယ်။
ဒီဆန္ဒပြမှုဟာ ကြိုတင်ခွင့်ပြုချက် မယူတဲ့အပြင် အများပြည်သူရဲ့ အကျိုးစီးပွားကို ဆိုးရွားစွာထိခိုက်စေခဲ့ကာ မဆီလျှော်တဲ့ အခွင့်အရေးတွေရဖို့ အဓိကလမ်းမကြီးကို ပိတ်ဆို့ပြီး ကွန်တိန်နာကားတွေအားလုံး ညီညီညွတ်ညွတ် အကြပ်ကိုင်တောင်းဆိုမှုက သတိထားစရာ ဖြစ်လာခဲ့ပါတယ်။

ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာကားတွေ စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုကြောင့်  ဘယ်လိုဆိုးဝါးတဲ့ သေကြေမှုတွေ၊ ယာဉ်တိုက်မှုတွေ ဖြစ်လာခဲ့ရသလဲဆိုတာ ကွန်တိန်နာကားတွေ သွားလာရာ ခရီးစဉ်တစ်လျှောက် လူသေဆုံးတဲ့ ယာဉ်တိုက်မှုတွေကိုကြည့်ရင် မြင်သာနေပါတယ်။ဒီလို အများပြည်သူပိုင်လမ်းကို ပိတ်ဆို့ကာ အစိုးရကို အကြပ်ကိုင် ဆန္ဒပြမှု နောက်ကွယ်မှာ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာ ကွန်တိန်နာကား ပိတ်ဆို့ခဲ့မှုကြောင့် ဒုက္ခရောက်ခဲ့တဲ့ အများပြည်သူတွေက သိချင်ကြပါတယ်။

ဒီခေတ်မှာ ပန်းခြံရှေ့ တစ်ကိုယ်တော် ဆန္ဒပြတာတောင် ခွင့်ပြုချက်မယူရင် ဖမ်းတဲ့အတွက် ဘာခွင့်ပြုချက်မှ မတင်ဘဲ အစိုးရကို အကြပ်ကိုင်ပြီး တောင်းဆိုတဲ့ ကွန်တိန်နာ ကားသမားတွေရဲ့ လမ်းပိတ်ဆို့ ဆန္ဒပြမှုကို အစိုးရက ဘယ်လိုကိုင်တွယ် အရေးယူမလဲဆိုတာ အများပြည်သူတွေက စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ဖြစ်ခဲ့တဲ့ ထားဝယ်လေယာဉ်ကွင်း ချုံရှင်းလင်းရာမှာ ကျပ် သိန်း ၄,၀၀၀ နဲ့ ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့တဲ့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ဒေသခံတစ်ဦးက တိုင်ကြားထားတဲ့ သတင်း၊ စစ်ရေးလေ့ကျင့်မှာဖြစ်လို့ ကျွန်းစုမြို့နယ် ကျွန်းဆင်းရဲဒေသတစ်ဝိုက် ရေမိုင် ၁၀ မိုင်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုဖို့ သတိပေးထားတဲ့ သတင်း၊ လာမည့် ၂၀၁၉-၂၀ ပညာသင်နှစ်မှာ တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးညွှန်းတမ်း ပြောင်းလဲမယ့် သတင်း၊ ပညာရေး ပြည်ထောင်စုဝန်ကြီးက မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူတွေကို  ဆရာ/ဆရာမ များ၏ လစာမှ ငွေကြေးဖြတ်မယူဖို့ မေတ္တာရပ်ခံတဲ့ သတင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည် ၏ ပုံတူကြေးသွန်းရုပ်တုနှင့် ပန်းချီကားကို လေလံတင်ရောင်းချရာမှာ ဒေါ်လာတစ်သိန်းကျော် ရရှိတဲ့ သတင်းတွေထဲ မြို့မေတ္တာတုံးစေတဲ့ ကွန်တိန်နာ ကားလမ်းပိတ်ဆို့ ဆန္ဒပြမှုက ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

စစ်တွေထောင် ဆူပူမှု။

ယခုတစ်ပတ် မူခင်းနောက်ခံ သတင်းတွေထဲမှာ စစ်တွေထောင် ဆူပူမှု သတင်းက  အများစုစိတ်ဝင်စားစရာ ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ ယခုနှစ်အတွင်း အကျဉ်းထောင်တွေနဲ့ ပတ်သက်ပြီးဖြစ်ခဲ့တဲ့ ဒုတိယမြောက်ဖြစ်ရပ် ဖြစ်ခဲ့ရလို့ ထောင်တွေရဲ့ လုံခြုံရေးနဲ့ လက်ခံနိုင်တဲ့ ဦးရေထက် ပိုမိုလက်ခံထားတဲ့ ထောင်သားနဲ့ အကျဉ်းဝန်ထမ်း အချိုးအစား မညီမျှမှုက ပြန်သုံးသပ်ကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်က  ဘားအံအကျဉ်းထောင်မှ အကျဉ်းသား ၄၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဖြစ်ရပ်အပြီး ရက် ၂၀ မကြာခင်မှာဘဲ စစ်တွေအကျဉ်းထောင် ဆူပူမှုဖြစ်ခဲ့ပါတယ်။သတင်းစာတွေမှာ ဖော်ပြထားတဲ့ ဖြစ်စဉ်မှာတော့ အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီခွဲခန့်က မူးယစ်ဆေးဝါးမှုနှင့် အကျဉ်းကျနေတဲ့ အကျဉ်းသားအချင်းချင်း စကားများတာကို ထောင်ဝန်ထမ်းတွေက ဖျန်ဖြေရာက ထောင်မှူးနဲ့ ထောင်ဝန်ထမ်းတစ်ဦးကို တိုက်ခိုက်ခဲ့ရာနေ ဖြစ်ခဲ့တာပါ။ဒီလိုဖြစ်ပွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ထောင်အပြင်ဘက်မှနေ၍ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားရပြီး မွန်းလွဲ ၃ နာရီခန့်တွင် ပုံမှန်အခြေအနေသို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

သတင်းတွေထဲမှာတော့ ထောင်ထဲဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို တိတိကျကျမသိရဘဲ တာဝန်ရှိသူတွေ ပြောကြားချက်အရဆိုရင် ထိခိုက်ဒဏ်ရာရသူတောင် မရှိတဲ့ အခြေအနေပါဘဲ။အကျဉ်းထောင်အတွင်း ဆူပူသူများကို အရေးယူနိုင်ရေး အကျဉ်းဦးစီးဌာနက ဆက်လက်ဆောင်ရွက်မည်လို့ တာဝန်ရှိသူတွေက ဆိုသလို ထောင်ဆူပူမှုဖြစ်ပြီး နောက်တစ်ရက် အောက်တိုဘာ ၇ ရက်မှာ စစ်တွေထောင်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်လာပြီး စစ်ဆေးရေးဝင်ခဲ့ပါတယ်။နှစ်ရက်ကြာ စစ်ဆေးပြီးနောက်မှာ စစ်တွေအကျဉ်းထောင်ရဲ့ ထောင်ပိုင်နဲ့ ထောင်မှူးကို နေပြည်တော်ကိုခေါ်ပြီး သူတို့နေရာမှာ အခြားနှစ်ဦးကို အစားထိုး နေရာအပြောင်းအရွှေ့ လုပ်ခဲ့ပါတယ်။

ဘားအံထောင်မှာဖြစ်ခဲ့တဲ့ ထောင်ဖောက်ပြေးမှုဖြစ်ပြီး မကြာခင်မှာ ဖြစ်ခဲ့တဲ့ စစ်တွေထောင် ဆူပူမှုဟာ သတိထားစရာဖြစ်ခဲ့သလို ထောင်တွေမှာထားတဲ့ လုံခြုံရေးနဲ့ ဝန်ထမ်းအင်အား အချိုးအစား ကွာဟာမှုက အဓိကလား ဘာအကြောင်းရင်းခံတွေ ရှိသလဲဆိုတာ အမျာပြည်သူက သိချင်နေခဲ့ပါတယ်။ထောင်တွေရှိရာ အရပ်ဒေသတွေက ပြည်သူတွေအဖို့ ထောင်ဆူတာ၊ ထောင်ဖောက်ပြေးတဲ့ သတင်းတွေက သူတို့အတွက် စိတ်မဖြောင့်စေတဲ့ စိုးရိမ်စရာ သတင်းစကားတွေဖြစ်လို့ အိပ်မရတဲ့ ညတွေဖြစ်စေမှာ အမှန်ပါဘဲ။ထောင်တွေရဲ့ လုံခြုံရေးနဲ့ ဘာတွေချို့ယွင်းချက်တွေ ရှိနေသလဲဆိုတာ ပြန်စစ်ဆေးကြည့်ဖို့ ဒီဖြစ်ရပ်တွေက သတိပေးခဲ့တဲ့အတွက် ယခုတစ်ပတ် စစ်တွေထောင် ဆူပူမှု သတင်းက အများပြည်သူအတွက် ထိတ်လန့်စရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ဘားအံမြို့နယ်မှာ ဇာတ်တိုက်နေစဉ် ခေါင်းဆောင် မင်းသမီးတစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးတဲ့ သတင်း၊ ပြည်မှာ ဝယ်သူထံက ထွက်ပြေးပြီး တွေ့သမျှ ရန်ပြုနေတဲ့ ကျွဲတစ်ကောင်ကို စစ်တပ်က သေနတ်နဲ့ ပစ်ဖမ်းခဲ့ရတဲ့ သတင်း၊ တစ်သောင်းတန်အတုကိစ္စ အွန်လိုင်းပေါ်တင်တဲ့ ဘီးလင်းက အမျိုးသမီးကို သထုံမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲက ပုဒ်မ ၆၆ (ဃ) နဲ့ ထပ်မံအမှုဖွင့်ခဲ့တဲ့ သတင်း၊ ကျောက်ဖြူမြို့နယ် လောင်းချောင်းမြစ်ပေါက်မှာ ခုံးကောင်တွေ အစုလိုက်အပြုံလိုက် သေဆုံးတာကို လူမှုကွန်ရက်မှာ တင်ခဲ့တဲ့သူကို ပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်ခဲ့တဲ့ သတင်း၊ ထောင်သူရဲဘအုပ် အကောင့်ကို အစိုးရနဲ့ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်မှာ စွပ်စွဲရေးသားလို့ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့တဲ့ သတင်း၊ မြန်မာလုပ်သား တစ်ရာကျော်ကို အလုပ်ထုတ်ခဲ့တဲ့ ဒိုလီ ထိုင်းသစ်သီးစက်ရုံကို အမည်ပျက်စာရင်း ထည့်သွင်းပြီး ထိုင်းမှာ အမှုဖွင့်ခဲ့တဲ့ သတင်း၊ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ သတင်း၊ အမရပူရမြို့နယ်ရှိ မီးရထားဝန်ထမ်း လိုင်းခန်းထဲ ညောင်ပင်လဲကျလို့ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ အသက် (၁၂) နှစ်အရွယ် မိန်းကလေးကို ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့တဲ့ (၂၈) နှစ်အရွယ် အမျိုးသားကို ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့တဲ့ သတင်း၊ တောင်သူများထံမှ ငွေကြေးလိမ်လည် ရယူတဲ့ ကုမ္ပဏီလေးခု စာရင်းကို ထုတ်ပြန်လိုက်တဲ့ သတင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ လူမျိုးတစ်စုနှင့် တစ်စု ပဋိပက္ခဖြစ်စေအောင် တမင်လှုံ့ဆော်မှုတို့နဲ့ စာရေးဆရာ မောင်သွေးချွန် ကို အလုပ်နဲ့ ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်တဲ့ သတင်း၊ မီးသွေးတင်ကားကို ရဲတပ်ဖွဲ့က တားဆီးရာကနေ ယာဉ်မောင်း သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့လို့ ဒုရဲအုပ်ကို စတင်စစ်ဆေးနေတဲ့ သတင်း စတဲ့ သတင်းတွေထက် လူတွေကို ပိုသတိထားမိစေခဲ့ပါတယ်။

မီဒီယာနဲ့ ၅၀၅ (ခ)
    

ယခုတစ်ပတ်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အလဲဗင်းမီဒီယာက အယ်ဒီတာ ၃ ဦးကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲတဲ့ သတင်းက ထိပ်ဆုံးက ပါခဲ့ပါတယ်။
    

အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ပါတဲ့ ဖြိုးဝေ ကလောင်အမည်ဖြင့် ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ’ သတင်းဆောင်းပါးရဲ့ ရေးသားဖော်ပြမှုမှာ ဆောင်းပါးပါ အချက်အလက်တစ်ချို့ မှားယွင်းနေတဲ့အတွက် တရားစွဲဆို ဖမ်းဆီးခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
    

ဒီဆောင်းပါးထဲမှာ ‘သက်တမ်းငါးနှစ်ပဲရှိသည့် အစိုးရတစ်ရပ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဆိုတဲ့ ရာထူးအောက်မှာ ပြည်သူ့ဘဏ္ဍာ ရှယ်ယာတွေကိုမထားဘဲ ဦးမြင့်သောင်း ဆိုတဲ့ နာမည်အောက်မှာ ပြည်သူ့ရှယ်ယာတွေ ထားနေတာက လုပ်ထုံးလုပ်နည်းအရ လွဲမှားမှုတွေ ဖြစ်နေတယ်’’ ဟု ရေးသားခဲ့ပြီး တရားခွင်အတွင်း တာမွေမြို့နယ် တရားသူကြီးက ‘‘ဦးမြင့်သောင်း ဆိုသော အမည်အောက်တွင် ပြည်သူ့ဘဏ္ဍာ ရှယ်ယာထည့်ဝင်ထားခြင်း မဟုတ်ကြောင်း ယင်းကဲ့သို့ ရေးသားဖော်ပြမှုကြောင့် မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ တာဝန်ရှိသူများ၊ ရှယ်ယာဝင်များ စိတ်တွင် ထိတ်လန့်ခြင်း၊ ကြောက်ခြင်း၊ ထူထောင်ထားသော ကုမ္ပဏီကို အများပြည်သူ အယုံအကြည် ပျက်စေခြင်းတို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခြင်းဖြစ်သည်ဆိုကာ တရားစွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ် ဆိုပါတယ်။
    

ဒီလိုဖော်ပြမှုကြောင့် ဆောင်းပါးရေးသူ ဖြိုးေ၀ နဲ့ အယ်ဒီတာချုပ် ကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ နရီမင်း တို့ကို ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့တာပါ။

ဒီလို တရားစွဲဆိုမှုကြောင့် ဝေဖန်မှုတွေ ပြင်ပမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။မီဒီယာကောင်စီကို တိုင်ကြားခြင်းမရှိဘဲ တရားစွဲဆိုတဲ့အတွက် အပြစ်တင်မှုတွေရှိသလို တရားစွဲခံထားရတဲ့ တချို့လူမှုစာမျက်နှာတွေမှာ နရီမင်း ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ စတေးတပ်စ်တွေကို ဖော်ပြပြီး ခံရတာနည်းသေးတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ မဆိုင်တဲ့ ဝေဖန်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အလဲဗင်း သတင်းသမားများကို အချက်အလက် မှားယွင်းဖော်ပြမှုကြောင့် ဖမ်းဆီးခဲ့ရတာလို့ သတင်းထုတ်ပြန် ကြေညာပြီး မုံရွာ ဦးအောင်ရှင် ကတော့ သူတစ်ဦးတစ်ယောက်တည်း သဘောအရဆိုရင် တရားစွဲဆို ဖမ်းဆီးမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။
    

ဒီလိုဖမ်းဆီးတဲ့အပေါ်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့တဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သလို သတင်းသမား ၃ ဦးကို ချက်ချင်းလွှတ်ပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းနဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီတို့က တောင်းဆိုထားခဲ့ပါတယ်။
    

ဒီသတင်းသမား ၃ ဦးကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) မှာ ကျူးလွန်ကြောင်း ထင်ရှားရင်  ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြခဲ့တဲ့အတွက် လာမည့် အောက်တိုဘာ ၁၇ ရက် ရုံးချိန်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

    
ဒီသတင်းက ဒီတစ်ပတ်မှာ အများအာရုံစိုက်မိတဲ့ သတင်းဖြစ်ခဲ့သလို ဆက်စောင့်ကြည့်ရမယ့် သတင်းဖြစ်တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
အောက်တိုဘာ - ၁၂

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲ စစ္ေတြေထာင္ဆူတဲ့ သတင္း၊ ကြန္တိန္နာကားေတြ ပိတ္ဆို႔ဆႏၵျပတဲ့ သတင္းေတြက လူမ်ားစုစိတ္ဝင္စားတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြထဲ ပုပၸားတြင္ ျပဳလုပ္မည့္ အစိုးရ၊ တပ္မေတာ္ႏွင့္ အပစ္ရပ္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ထိပ္သီးေဆြးေႏြးပြဲကို ေနျပည္ေတာ္မွာ ေျပာင္းလဲျပဳလုပ္မယ့္ သတင္း၊ ထိပ္သီးေဆြးေႏြးပြဲကို ေခါင္းေဆာင္ေတြ အကုန္တက္ေရာက္ၾကမယ့္ သတင္း၊ ေ႐ႊေဈးနဲ႔ ေဒၚလာေဈး ျပန္ျမင့္တက္လာတဲ့ သတင္း၊ အထက္တန္း မေအာင္သူေတြကို ဧည့္လမ္းၫႊန္လိုင္စင္ ထုတ္ေပးမည့္ အစီအစဥ္ကို တရားဝင္ ကန႔္ကြက္မယ္လို႔ ျမန္မာႏိုင္ငံ ဧည့္လမ္းၫႊန္မ်ားအသင္းက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တဲ့ သတင္း၊ ရန္ကုန္ျမစ္အတြင္း ေသာင္တူးရာမွာ တစ္ႏွစ္ကို အေမရိကန္ ေဒၚလာ ၄ သန္း ဝန္းက်င္ ကုန္က်ေနတဲ့ သတင္း၊ သီလဝါအထူးစီးပြားေရးဇုန္ (ေအ) မွာ ျမန္မာႏိုင္ငံမွ (MAPCO) ၊ ဂ်ာမနီႏိုင္ငံမွ Benn Meyer Agri Care ႏွင့္ ဂ်ပန္ႏိုင္ငံမွ Mitsui and Co တို႔ ပူးေပါင္းထားတဲ့ Agri First ကုမၸဏီ၏  ဓာတ္ေျမၾသဇာစက္႐ုံကို ဖြင့္လွစ္ခဲ့တဲ့ သတင္းကလည္း ျဖစ္ခဲ့တဲ့အတြက္ ဒီတစ္ပတ္သတင္းအမ်ားစုက စိတ္ဝင္စားစရာ ေကာင္းခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ေအာင္ျမင္တဲ့ မဲေခါင္-ဂ်ပန္ ထိပ္သီးအစည္းအေဝး။

    
ယခုတစ္ပတ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ပတ္သက္တဲ့ အစည္းအေဝးမွာ ျမန္မာသမၼတ ဦးဝင္းျမင့္ ဘာလီကြၽန္းမွာ က်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝး တက္တဲ့ သတင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ လာအိုႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးစဥ္ သြားေရာက္တဲ့ သတင္း၊ ကုလ အထူးကိုယ္စားလွယ္ မစၥစ္ခရစၥတင္းရွယန္နာဘာဂီနာ ေနျပည္ေတာ္ကို ေအာက္တိုဘာ ၁၀ ရက္က ေရာက္လာတဲ့ သတင္း၊ စိန႔္မာတင္ကြၽန္းကို ျမန္မာနယ္နိမိတ္အတြင္း ထည့္ထားလို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျမန္မာသံအမတ္ႀကီးကို ဆင့္ေခၚကာ ကန႔္ကြက္စာေပးခဲ့တဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။
    

ဒီထဲမွာ အမ်ားစုနားစြင့္ေနတဲ့ သတင္းက (၁၀) ႀကိမ္ေျမာက္ မဲေခါင္ - ဂ်ပန္ ထိပ္သီးအစည္းအေဝး တက္ဖို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဂ်ပန္ကို ၆ ရက္ၾကာ သြားေရာက္တဲ့ ခရီးစဥ္ သတင္းေတြပါဘဲ။
    

ဒီခရီးစဥ္မွာ ေဒၚေအာင္ဆန္းစုၾကည္ က ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး ႏွင့္ သီးျခားေတြ႕ဆုံၿပီး ေဆြးေႏြးရာမွာ  ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး က ျမန္မာႏိုင္ငံ ဒီမိုကေရစီအေျပာင္းအလဲအတြက္ ဆက္လက္ကူညီ ေထာက္ပံ့ေပးမယ္လို႔ ေျပာခဲ့သလို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ စီးပြားေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြ၊ လူမ်ိဳးေရးပဋိပကၡေတြကို အဆုံးသတ္ေအာင္ လုပ္ေဆာင္ထားမႈေတြနဲ႔ ပတ္သက္လို႔ ရွင္ဇိုအာေဘး က ခ်ီးက်ဴးခဲ့ပါတယ္။ဂ်ပန္ စီးပြားေရးလုပ္ငန္းရွင္ ၄၀၀ ေက်ာ္ႏွင့္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္တဲ့ တိုက်ိဳမွာ ျပဳလုပ္တဲ့ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေဆြးေႏြးပြဲမွာ ဂ်ပန္ စီးပြားေရးလုပ္ငန္းရွင္မ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဖိတ္ေခၚခဲ့ပါတယ္။
    

အဆိုပါခရီးစဥ္အတြင္း NHK သတင္းဌာနနဲ႔ သီးသန႔္အင္တာဗ်ဴးရာမွာ ရခိုင္ေျမာက္ပိုင္း ဘဂၤါလီ အေရးကိစၥေၾကာင့္ ဆုတံဆိပ္ေတြ ႐ုပ္သိမ္းခံရတဲ့အေပၚ ေျဖၾကားရာမွာ ‘‘ကြၽန္မအေနနဲ႔ ဒီလိုဂုဏ္ျပဳမႈေတြ၊ ဆုတံဆိပ္ေတြကို အေလးမထားပါဘူး။မိတ္ေဆြေတြအေနနဲ႔ သူတို႔ျဖစ္သင့္သလို ေလးနက္တည္ၿငိမ္မႈ မရွိတာကိုေတာ့ ကြၽန္မ စိတ္မေကာင္းပါဘူး’’ လို႔ ေျပာခဲ့ပါတယ္။
    

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ခရီးစဥ္ဟာ ယခုလို ႏိုင္ငံတကာက ဖိအားေပးခ်ိန္မွာ ေဒသတြင္း စီးပြားေရးအင္အားႀကီး ႏိုင္ငံျဖစ္တဲ့ ဂ်ပန္ရဲ႕ ေထာက္ခံမႈကို ရယူႏိုင္ခဲ့သလို႔ ၂၀၁၆ ခုႏွစ္က ေၾကညာခဲ့တဲ့ ေခ်းေငြႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အစီအစဥ္ ဂ်ပန္ယန္း ဘီလ်ံ ၈၀၀ (ကန္ေဒၚလာ ၇ ဒသမ ၇ ဘီလ်ံ) ကို ပုံမွန္အတိုင္းရရွိဖို႔ ကတိကဝတ္ ရခဲ့ပါတယ္။
    

ဒီသတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲက စီးပြားေရးက်ဆင္းေနတဲ့ သတင္းေတြေၾကာင့္ စိတ္ပ်က္ေနတဲ့ သတင္းဖတ္သူေတြကို  အတိုင္းအတာတစ္ခုအထိ စိတ္ေက်နပ္ေစခဲ့တဲ့ သတင္းေကာင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ၿမိဳ႕ေမတၱာတုံးခဲ့တဲ့  ရန္ကုန္ ကြန္တိန္နာကား ပိတ္ဆို႔ဆႏၵျပမႈ။
    

ယခုတစ္ပတ္အတြင္း သတင္းေတြအနက္ အမ်ားျပည္သူေတြ ေစာင့္ၾကည္ၿပီး သတိထားခဲ့မိတဲ့ သတင္းက ကြန္တိန္နာကားေတြရဲ႕ မင္းမဲ့စ႐ိုက္ဆန္ဆန္ ရန္ကုန္ကမ္းနားလမ္းကေန ဘုရင့္ေနာင္လမ္းတစ္ေလွ်ာက္ ကြန္တိန္နာကားေတြနဲ႔ ပိတ္ဆို႔ၿပီး ဆႏၵျပလို႔ ရန္ကုန္ေနာက္ျခမ္းက ျပည္သူေတြ အသြားအလာ ဒုကၡေရာက္ခဲ့တဲ့ သတင္းက ယခုတစ္ပတ္အတြင္း သတင္းအေတာ္မ်ားမ်ားကို ဖုံးသြားခဲ့ပါတယ္။
    

ေအာက္တိုဘာလ ၉ ရက္ေန႔၌ ည ၉ နာရီမွ နံနက္ ၆ နာရီအတြင္း ေမာင္းႏွင္ရန္ ေျပာင္းလဲသတ္မွတ္ခဲ့ရာကေန ယင္းအခ်က္ကို ကြန္တိန္နာယာဥ္ေမာင္းေတြကို ႀကိဳတင္အေၾကာင္းမႈ မရွိခဲ့သည့္အတြက္ ကြန္တိန္နာယာဥ္ေမာင္း ၁၂၀ ခန႔္ အခ်ိန္ေစာထြက္မိ၍ ဖမ္းဆီး ဒဏ္ေငြေပးေဆာင္ခဲ့ရပါတယ္။ဒီကေန ေအာက္တိုဘာ ၁၀ ရက္ ည ၁၀ နာရီခန႔္မွ စတင္ၿပီး အလုံ ဟုမ္းလမ္းထိပ္ကေန ဆႏၵျပၿပီး ကားေတြရပ္နားခဲ့လို႔ ကမ္းနားလမ္းတစ္ေလွ်ာက္ လမ္းပိတ္ဆို႔မႈေတြျဖစ္ၿပီး အနီးနားရပ္ကြက္က ေနသူေတြအတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ခဲ့ရပါတယ္။
    

အဆိုပါဆႏၵျပမႈက ရန္ကုန္အေနာက္ျခမ္းတစ္ေလွ်ာက္ ေနထိုင္သူေတြ သြားေရးလာေရးခက္ခဲမႈက ေဆာင့္တက္လာခဲ့ပါတယ္။ေအာက္တိုဘာ ၁၀ ရက္ ညပိုင္းကေန စလိုက္တဲ့ ကြန္တိန္နာ ဆႏၵျပမႈဟာ ေအာက္တိုဘာ ၁၁ ရက္အထိ မၿပီးခဲ့ပါဘူး။ဒီလိုမၿပီးခဲ့တဲ့အတြက္ ေအာက္တိုဘာ ၁၁ ရက္ မနက္ပိုင္းမွာ လႈိင္သာယာ၊ ေ႐ႊျပည္သာနဲ႔ ရန္ကုန္အေနာက္ျခမ္းက ေနသူေတြ ရန္ကုန္ၿမိဳ႕ထဲကို တက္လာတဲ့အခါမွာ ဒီကြန္တိန္နာကားေတြ ပိတ္ဆို႔ထားတဲ့အတြက္ ေျပးဆြဲေနတဲ့ YBS ကားေတြ ရပ္ဆိုင္းခဲ့ရလို႔ ျပည္သူအမ်ားစု ေက်ာင္းပ်က္၊ အလုပ္အကိုင္ပ်က္နဲ႔ ဒုကၡေရာက္ခဲ့လို႔ ဒီကြန္တိန္နာ ကားသမားေတြရဲ႕လုပ္ရပ္က အမ်ားျပည္သူေတြအတြက္ ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစခဲ့ပါတယ္။
    

ေအာက္တိုဘာ ၁၁ ရက္ ေန႔လည္ပိုင္းက အာဏာပိုင္ေတြနဲ႔ ညႇိဳႏႈိင္းခဲ့ရာမွာ ကြန္တိန္နာ ကားသမားေတြဘက္က ကြန္တိန္နာယာဥ္မ်ား၂၄ နာရီ ေျပးဆြဲခြင့္ေပးရန္၊ သီရိမဂၤလာေဈးႏွင့္ စံျပငါးေဈးေရွ႕တြင္ ယာဥ္ေၾကာပိတ္ဆို႔ေနသည္ကို အစိုးရက ေျဖရွင္းေပးရန္၊ ေက်ာက္လမ္းေပၚတြင္ ယာဥ္ႏွစ္ထပ္ရပ္ျခင္းကို ေျဖရွင္းေပးရန္၊ ယခင္ကဲ့သို႔ လမ္းမမ်ားေပၚတြင္ ကြန္တိန္နာယာဥ္မ်ား ျပန္လည္သြားလာႏိုင္ရန္ စီစဥ္ေပးရန္၊ ညဘက္သြားေရးလာေရး ခက္ခဲမႈမ်ားႏွင့္ လုံၿခဳံမႈမရွိျခင္း စသည့္ အခ်က္ေတြကို ေတာင္းဆိုခဲ့ေပမယ့္ ကနဦးသေဘာတူခ်က္ ေန႔လယ္ ၁၁ နာရီမွ ညေန ၃ နာရီအခ်ိန္အတြင္း လႈိင္သာယာနဲ႔ ေ႐ႊျပည္သာဘက္ အျခမ္းကို ကြန္တိန္နာေတြ ေမာင္းႏွင္ခြင့္ေပးၿပီး ညပိုင္းကို ည ၈ နာရီမွ နံနက္ ၆ နာရီအထိ ယခင္သတ္မွတ္ခ်ိန္အတိုင္း ေမာင္းႏွင္ခြင့္ေပးဖို႔ ကနဦးသေဘာတူညီခ်က္ ရခဲ့တယ္ ဆိုပါတယ္။ဒီေနာက္မွာ  ကမ္းနားလမ္းတစ္ေလွ်ာက္ ကြန္တိန္နာယာဥ္ေတြကို ခဏတာ ျပန္လည္ဖယ္ရွားေပးခဲ့လို႔ ယာဥ္အသြားအလာ ျပန္လုပ္ႏိုင္ေပမယ့္ ကမ္းနားလမ္းတစ္ေလွ်ာက္ ယာဥ္ပိတ္ဆို႔မႈေတြက ဆက္ျဖစ္ခဲ့ပါတယ္။
    

အြန္လိုင္းေပၚမွာေတာ့ အမ်ားျပည္သူေတြရဲ႕ မွတ္ခ်က္ေပးမႈေတြက အမ်ားျပည္သူ သြားမႈလာမႈကို ဆိုး႐ြားထိခိုက္ေစတဲ့ ကြန္တိန္နာသမားေတြကို ျပင္းျပင္းထန္ထန္ အေရးယူေပးဖို႔ ေတာင္းဆိုမႈေတြ၊ ကားသမားေတြကို ဆဲဆိုမႈေတြက မ်ားခဲ့ပါတယ္။
ဒီဆႏၵျပမႈဟာ ႀကိဳတင္ခြင့္ျပဳခ်က္ မယူတဲ့အျပင္ အမ်ားျပည္သူရဲ႕ အက်ိဳးစီးပြားကို ဆိုး႐ြားစြာထိခိုက္ေစခဲ့ကာ မဆီေလွ်ာ္တဲ့ အခြင့္အေရးေတြရဖို႔ အဓိကလမ္းမႀကီးကို ပိတ္ဆို႔ၿပီး ကြန္တိန္နာကားေတြအားလုံး ညီညီၫြတ္ၫြတ္ အၾကပ္ကိုင္ေတာင္းဆိုမႈက သတိထားစရာ ျဖစ္လာခဲ့ပါတယ္။

ကမ္းနားလမ္းတစ္ေလွ်ာက္ ကြန္တိန္နာကားေတြ စည္းမဲ့ကမ္းမဲ့ ေမာင္းႏွင္မႈေၾကာင့္  ဘယ္လိုဆိုးဝါးတဲ့ ေသေၾကမႈေတြ၊ ယာဥ္တိုက္မႈေတြ ျဖစ္လာခဲ့ရသလဲဆိုတာ ကြန္တိန္နာကားေတြ သြားလာရာ ခရီးစဥ္တစ္ေလွ်ာက္ လူေသဆုံးတဲ့ ယာဥ္တိုက္မႈေတြကိုၾကည့္ရင္ ျမင္သာေနပါတယ္။ဒီလို အမ်ားျပည္သူပိုင္လမ္းကို ပိတ္ဆို႔ကာ အစိုးရကို အၾကပ္ကိုင္ ဆႏၵျပမႈ ေနာက္ကြယ္မွာ ဘာရည္႐ြယ္ခ်က္နဲ႔ လုပ္တာလဲဆိုတာ ကြန္တိန္နာကား ပိတ္ဆို႔ခဲ့မႈေၾကာင့္ ဒုကၡေရာက္ခဲ့တဲ့ အမ်ားျပည္သူေတြက သိခ်င္ၾကပါတယ္။

ဒီေခတ္မွာ ပန္းၿခံေရွ႕ တစ္ကိုယ္ေတာ္ ဆႏၵျပတာေတာင္ ခြင့္ျပဳခ်က္မယူရင္ ဖမ္းတဲ့အတြက္ ဘာခြင့္ျပဳခ်က္မွ မတင္ဘဲ အစိုးရကို အၾကပ္ကိုင္ၿပီး ေတာင္းဆိုတဲ့ ကြန္တိန္နာ ကားသမားေတြရဲ႕ လမ္းပိတ္ဆို႔ ဆႏၵျပမႈကို အစိုးရက ဘယ္လိုကိုင္တြယ္ အေရးယူမလဲဆိုတာ အမ်ားျပည္သူေတြက ေစာင့္ၾကည့္ေနၾကမွာ ျဖစ္ပါတယ္။

ဒီတစ္ပတ္ျဖစ္ခဲ့တဲ့ ထားဝယ္ေလယာဥ္ကြင္း ခ်ဳံရွင္းလင္းရာမွာ က်ပ္ သိန္း ၄,၀၀၀ နဲ႔ ကုမၸဏီတစ္ခုကို လုပ္ကိုင္ခြင့္ျပဳခဲ့တဲ့အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ထံ ေဒသခံတစ္ဦးက တိုင္ၾကားထားတဲ့ သတင္း၊ စစ္ေရးေလ့က်င့္မွာျဖစ္လို႔ ကြၽန္းစုၿမိဳ႕နယ္ ကြၽန္းဆင္းရဲေဒသတစ္ဝိုက္ ေရမိုင္ ၁၀ မိုင္အတြင္း ျဖတ္သန္းသြားလာျခင္း မျပဳဖို႔ သတိေပးထားတဲ့ သတင္း၊ လာမည့္ ၂၀၁၉-၂၀ ပညာသင္ႏွစ္မွာ တတိယတန္းႏွင့္ ဆ႒မတန္း သင္႐ိုးၫႊန္းတမ္း ေျပာင္းလဲမယ့္ သတင္း၊ ပညာေရး ျပည္ေထာင္စုဝန္ႀကီးက ၿမိဳ႕နယ္ပညာေရးမႉးမ်ား၊ တာဝန္ရွိသူေတြကို  ဆရာ/ဆရာမ မ်ား၏ လစာမွ ေငြေၾကးျဖတ္မယူဖို႔ ေမတၱာရပ္ခံတဲ့ သတင္း၊ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္း ရန္ပုံေငြအတြက္ ေဒၚေအာင္ဆန္းစုၾကည္ ၏ ပုံတူေၾကးသြန္း႐ုပ္တုႏွင့္ ပန္းခ်ီကားကို ေလလံတင္ေရာင္းခ်ရာမွာ ေဒၚလာတစ္သိန္းေက်ာ္ ရရွိတဲ့ သတင္းေတြထဲ ၿမိဳ႕ေမတၱာတုံးေစတဲ့ ကြန္တိန္နာ ကားလမ္းပိတ္ဆို႔ ဆႏၵျပမႈက ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

စစ္ေတြေထာင္ ဆူပူမႈ။

ယခုတစ္ပတ္ မူခင္းေနာက္ခံ သတင္းေတြထဲမွာ စစ္ေတြေထာင္ ဆူပူမႈ သတင္းက  အမ်ားစုစိတ္ဝင္စားစရာ ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။ဒီျဖစ္ရပ္ဟာ ယခုႏွစ္အတြင္း အက်ဥ္းေထာင္ေတြနဲ႔ ပတ္သက္ၿပီးျဖစ္ခဲ့တဲ့ ဒုတိယေျမာက္ျဖစ္ရပ္ ျဖစ္ခဲ့ရလို႔ ေထာင္ေတြရဲ႕ လုံၿခဳံေရးနဲ႔ လက္ခံႏိုင္တဲ့ ဦးေရထက္ ပိုမိုလက္ခံထားတဲ့ ေထာင္သားနဲ႔ အက်ဥ္းဝန္ထမ္း အခ်ိဳးအစား မညီမွ်မႈက ျပန္သုံးသပ္ၾကည့္ဖို႔ ျဖစ္လာခဲ့ပါတယ္။

စက္တင္ဘာ ၁၆ ရက္က  ဘားအံအက်ဥ္းေထာင္မွ အက်ဥ္းသား ၄၂ ဦး ထြက္ေျပးလြတ္ေျမာက္ခဲ့တဲ့ ျဖစ္ရပ္အၿပီး ရက္ ၂၀ မၾကာခင္မွာဘဲ စစ္ေတြအက်ဥ္းေထာင္ ဆူပူမႈျဖစ္ခဲ့ပါတယ္။သတင္းစာေတြမွာ ေဖာ္ျပထားတဲ့ ျဖစ္စဥ္မွာေတာ့ ေအာက္တိုဘာ ၆ ရက္ နံနက္ ၈ နာရီခြဲခန႔္က မူးယစ္ေဆးဝါးမႈႏွင့္ အက်ဥ္းက်ေနတဲ့ အက်ဥ္းသားအခ်င္းခ်င္း စကားမ်ားတာကို ေထာင္ဝန္ထမ္းေတြက ဖ်န္ေျဖရာက ေထာင္မႉးနဲ႔ ေထာင္ဝန္ထမ္းတစ္ဦးကို တိုက္ခိုက္ခဲ့ရာေန ျဖစ္ခဲ့တာပါ။ဒီလိုျဖစ္ပြားခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕က ေထာင္အျပင္ဘက္မွေန၍ လက္နက္အျပည့္အစုံျဖင့္ လုံၿခဳံေရးယူထားရၿပီး မြန္းလြဲ ၃ နာရီခန႔္တြင္ ပုံမွန္အေျခအေနသို႔ ေရာက္ရွိခဲ့တယ္လို႔ ဆိုပါတယ္။

သတင္းေတြထဲမွာေတာ့ ေထာင္ထဲျဖစ္ခဲ့တဲ့ ျဖစ္ရပ္ကို တိတိက်က်မသိရဘဲ တာဝန္ရွိသူေတြ ေျပာၾကားခ်က္အရဆိုရင္ ထိခိုက္ဒဏ္ရာရသူေတာင္ မရွိတဲ့ အေျခအေနပါဘဲ။အက်ဥ္းေထာင္အတြင္း ဆူပူသူမ်ားကို အေရးယူႏိုင္ေရး အက်ဥ္းဦးစီးဌာနက ဆက္လက္ေဆာင္႐ြက္မည္လို႔ တာဝန္ရွိသူေတြက ဆိုသလို ေထာင္ဆူပူမႈျဖစ္ၿပီး ေနာက္တစ္ရက္ ေအာက္တိုဘာ ၇ ရက္မွာ စစ္ေတြေထာင္ကို အက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ကိုယ္တိုင္လာၿပီး စစ္ေဆးေရးဝင္ခဲ့ပါတယ္။ႏွစ္ရက္ၾကာ စစ္ေဆးၿပီးေနာက္မွာ စစ္ေတြအက်ဥ္းေထာင္ရဲ႕ ေထာင္ပိုင္နဲ႔ ေထာင္မႉးကို ေနျပည္ေတာ္ကိုေခၚၿပီး သူတို႔ေနရာမွာ အျခားႏွစ္ဦးကို အစားထိုး ေနရာအေျပာင္းအေ႐ႊ႕ လုပ္ခဲ့ပါတယ္။

ဘားအံေထာင္မွာျဖစ္ခဲ့တဲ့ ေထာင္ေဖာက္ေျပးမႈျဖစ္ၿပီး မၾကာခင္မွာ ျဖစ္ခဲ့တဲ့ စစ္ေတြေထာင္ ဆူပူမႈဟာ သတိထားစရာျဖစ္ခဲ့သလို ေထာင္ေတြမွာထားတဲ့ လုံၿခဳံေရးနဲ႔ ဝန္ထမ္းအင္အား အခ်ိဳးအစား ကြာဟာမႈက အဓိကလား ဘာအေၾကာင္းရင္းခံေတြ ရွိသလဲဆိုတာ အမ်ာျပည္သူက သိခ်င္ေနခဲ့ပါတယ္။ေထာင္ေတြရွိရာ အရပ္ေဒသေတြက ျပည္သူေတြအဖို႔ ေထာင္ဆူတာ၊ ေထာင္ေဖာက္ေျပးတဲ့ သတင္းေတြက သူတို႔အတြက္ စိတ္မေျဖာင့္ေစတဲ့ စိုးရိမ္စရာ သတင္းစကားေတြျဖစ္လို႔ အိပ္မရတဲ့ ညေတြျဖစ္ေစမွာ အမွန္ပါဘဲ။ေထာင္ေတြရဲ႕ လုံၿခဳံေရးနဲ႔ ဘာေတြခ်ိဳ႕ယြင္းခ်က္ေတြ ရွိေနသလဲဆိုတာ ျပန္စစ္ေဆးၾကည့္ဖို႔ ဒီျဖစ္ရပ္ေတြက သတိေပးခဲ့တဲ့အတြက္ ယခုတစ္ပတ္ စစ္ေတြေထာင္ ဆူပူမႈ သတင္းက အမ်ားျပည္သူအတြက္ ထိတ္လန႔္စရာ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ဘားအံၿမိဳ႕နယ္မွာ ဇာတ္တိုက္ေနစဥ္ ေခါင္းေဆာင္ မင္းသမီးတစ္ဦး ေသနတ္က်ည္ထိမွန္ ေသဆုံးတဲ့ သတင္း၊ ျပည္မွာ ဝယ္သူထံက ထြက္ေျပးၿပီး ေတြ႕သမွ် ရန္ျပဳေနတဲ့ ကြၽဲတစ္ေကာင္ကို စစ္တပ္က ေသနတ္နဲ႔ ပစ္ဖမ္းခဲ့ရတဲ့ သတင္း၊ တစ္ေသာင္းတန္အတုကိစၥ အြန္လိုင္းေပၚတင္တဲ့ ဘီးလင္းက အမ်ိဳးသမီးကို သထုံၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္ခြဲက ပုဒ္မ ၆၆ (ဃ) နဲ႔ ထပ္မံအမႈဖြင့္ခဲ့တဲ့ သတင္း၊ ေက်ာက္ျဖဴၿမိဳ႕နယ္ ေလာင္းေခ်ာင္းျမစ္ေပါက္မွာ ခုံးေကာင္ေတြ အစုလိုက္အၿပဳံလိုက္ ေသဆုံးတာကို လူမႈကြန္ရက္မွာ တင္ခဲ့တဲ့သူကို ပုဒ္မ ၆၈ (က) နဲ႔ အမႈဖြင့္ခဲ့တဲ့ သတင္း၊ ေထာင္သူရဲဘအုပ္ အေကာင့္ကို အစိုးရနဲ႔ ရဲတပ္ဖြဲ႕ ဂုဏ္သိကၡာက်ဆင္းေစရန္ လူမႈကြန္ရက္မွာ စြပ္စြဲေရးသားလို႔ ပုဒ္မ ၆၆ (ဃ) ျဖင့္ အမႈဖြင့္ခဲ့တဲ့ သတင္း၊ ျမန္မာလုပ္သား တစ္ရာေက်ာ္ကို အလုပ္ထုတ္ခဲ့တဲ့ ဒိုလီ ထိုင္းသစ္သီးစက္႐ုံကို အမည္ပ်က္စာရင္း ထည့္သြင္းၿပီး ထိုင္းမွာ အမႈဖြင့္ခဲ့တဲ့ သတင္း၊ မိုးကုတ္ၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါး သယ္ေဆာင္လာသူမ်ားကို လိုက္လံဖမ္းဆီးစဥ္ ျပန္လည္ခုခံလို႔ ရဲက ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့တဲ့ သတင္း၊ အမရပူရၿမိဳ႕နယ္ရွိ မီးရထားဝန္ထမ္း လိုင္းခန္းထဲ ေညာင္ပင္လဲက်လို႔ အမ်ိဳးသားႏွစ္ဦးေသဆုံးၿပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ အသက္ (၁၂) ႏွစ္အ႐ြယ္ မိန္းကေလးကို ေခၚေဆာင္ အဓမၼျပဳက်င့္ခဲ့တဲ့ (၂၈) ႏွစ္အ႐ြယ္ အမ်ိဳးသားကို ပုဒ္မႏွစ္ခုနဲ႔ ေထာင္ဒဏ္ ၂၃ ႏွစ္ ခ်မွတ္ခဲ့တဲ့ သတင္း၊ ေတာင္သူမ်ားထံမွ ေငြေၾကးလိမ္လည္ ရယူတဲ့ ကုမၸဏီေလးခု စာရင္းကို ထုတ္ျပန္လိုက္တဲ့ သတင္း၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ လူမ်ိဳးတစ္စုႏွင့္ တစ္စု ပဋိပကၡျဖစ္ေစေအာင္ တမင္လႈံ႕ေဆာ္မႈတို႔နဲ႔ စာေရးဆရာ ေမာင္ေသြးခြၽန္ ကို အလုပ္နဲ႔ ေထာင္ဒဏ္ (၂) ႏွစ္ ခ်မွတ္လိုက္တဲ့ သတင္း၊ မီးေသြးတင္ကားကို ရဲတပ္ဖြဲ႕က တားဆီးရာကေန ယာဥ္ေမာင္း ေသနတ္က်ည္ဆန္ ထိမွန္ေသဆုံးခဲ့လို႔ ဒုရဲအုပ္ကို စတင္စစ္ေဆးေနတဲ့ သတင္း စတဲ့ သတင္းေတြထက္ လူေတြကို ပိုသတိထားမိေစခဲ့ပါတယ္။

မီဒီယာနဲ႔ ၅၀၅ (ခ)
    

ယခုတစ္ပတ္အတြင္း လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အလဲဗင္းမီဒီယာက အယ္ဒီတာ ၃ ဦးကို ရန္ကုန္တိုင္း အစိုးရအဖြဲ႕က ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲတဲ့ သတင္းက ထိပ္ဆုံးက ပါခဲ့ပါတယ္။
    

ေအာက္တိုဘာ ၈ ရက္ေန႔ထုတ္ Weekly Eleven ဂ်ာနယ္မွာ ပါတဲ့ ၿဖိဳးေဝ ကေလာင္အမည္ျဖင့္ ‘အၿမဲရႈံးေနတဲ့ စက္သုံးဆီဆိုင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္းမသိတဲ့ ေက်ာင္းကားနဲ႔ လူအမည္ေပါက္ ျပည္သူ႔ရွယ္ယာ’ သတင္းေဆာင္းပါးရဲ႕ ေရးသားေဖာ္ျပမႈမွာ ေဆာင္းပါးပါ အခ်က္အလက္တစ္ခ်ိဳ႕ မွားယြင္းေနတဲ့အတြက္ တရားစြဲဆို ဖမ္းဆီးခဲ့တာလို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပခဲ့ပါတယ္။
    

ဒီေဆာင္းပါးထဲမွာ ‘သက္တမ္းငါးႏွစ္ပဲရွိသည့္ အစိုးရတစ္ရပ္က ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဆိုတဲ့ ရာထူးေအာက္မွာ ျပည္သူ႔ဘ႑ာ ရွယ္ယာေတြကိုမထားဘဲ ဦးျမင့္ေသာင္း ဆိုတဲ့ နာမည္ေအာက္မွာ ျပည္သူ႔ရွယ္ယာေတြ ထားေနတာက လုပ္ထုံးလုပ္နည္းအရ လြဲမွားမႈေတြ ျဖစ္ေနတယ္’’ ဟု ေရးသားခဲ့ၿပီး တရားခြင္အတြင္း တာေမြၿမိဳ႕နယ္ တရားသူႀကီးက ‘‘ဦးျမင့္ေသာင္း ဆိုေသာ အမည္ေအာက္တြင္ ျပည္သူ႔ဘ႑ာ ရွယ္ယာထည့္ဝင္ထားျခင္း မဟုတ္ေၾကာင္း ယင္းကဲ့သို႔ ေရးသားေဖာ္ျပမႈေၾကာင့္ ျမန္မာ့ေဆာက္လုပ္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီ တာဝန္ရွိသူမ်ား၊ ရွယ္ယာဝင္မ်ား စိတ္တြင္ ထိတ္လန႔္ျခင္း၊ ေၾကာက္ျခင္း၊ ထူေထာင္ထားေသာ ကုမၸဏီကို အမ်ားျပည္သူ အယုံအၾကည္ ပ်က္ေစျခင္းတို႔အျပင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကို ျပည္သူမ်ားက အၾကည္ညိဳပ်က္ၿပီး အယုံအၾကည္မဲ့ကာ အမ်ားျပည္သူက အစိုးရကို ျပစ္မႈက်ဴးလြန္လာေအာင္ ျပဳလုပ္ျခင္းျဖစ္သည္ဆိုကာ တရားစြဲခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္ ဆိုပါတယ္။
    

ဒီလိုေဖာ္ျပမႈေၾကာင့္ ေဆာင္းပါးေရးသူ ၿဖိဳးေ၀ နဲ႔ အယ္ဒီတာခ်ဳပ္ ေက်ာ္ေဇာလင္း၊ တာဝန္ခံ အယ္ဒီတာ နရီမင္း တို႔ကို ပုဒ္မ ၅၀၅ (ခ) ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မနဲ႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးေအာင္ေက်ာ္ခိုင္ က တရားလိုျပဳလုပ္၍ တရားစြဲဆိုခဲ့တာပါ။

ဒီလို တရားစြဲဆိုမႈေၾကာင့္ ေဝဖန္မႈေတြ ျပင္ပမွာ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာခဲ့ပါတယ္။မီဒီယာေကာင္စီကို တိုင္ၾကားျခင္းမရွိဘဲ တရားစြဲဆိုတဲ့အတြက္ အျပစ္တင္မႈေတြရွိသလို တရားစြဲခံထားရတဲ့ တခ်ိဳ႕လူမႈစာမ်က္ႏွာေတြမွာ နရီမင္း ရဲ႕ လူမႈကြန္ရက္မွာ ေရးသားခဲ့တဲ့ စေတးတပ္စ္ေတြကို ေဖာ္ျပၿပီး ခံရတာနည္းေသးတယ္ဆိုတဲ့ ျဖစ္ရပ္နဲ႔ မဆိုင္တဲ့ ေဝဖန္မႈေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။

ေအာက္တိုဘာ ၁၁ ရက္မွာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က အလဲဗင္း သတင္းသမားမ်ားကို အခ်က္အလက္ မွားယြင္းေဖာ္ျပမႈေၾကာင့္ ဖမ္းဆီးခဲ့ရတာလို႔ သတင္းထုတ္ျပန္ ေၾကညာၿပီး မုံ႐ြာ ဦးေအာင္ရွင္ ကေတာ့ သူတစ္ဦးတစ္ေယာက္တည္း သေဘာအရဆိုရင္ တရားစြဲဆို ဖမ္းဆီးမႈအေပၚ ကန႔္ကြက္ေၾကာင္းႏွင့္ ဝမ္းနည္းစရာေကာင္းတဲ့ ကိစၥျဖစ္ေၾကာင္း ျပည္တြင္းမီဒီယာတစ္ခုကို ေျပာခဲ့ပါတယ္။
    

ဒီလိုဖမ္းဆီးတဲ့အေပၚ  ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီက ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ခဲ့တဲ့ ေၾကညာခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့သလို သတင္းသမား ၃ ဦးကို ခ်က္ခ်င္းလႊတ္ေပးဖို႔ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕၊ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕၊ ျမန္မာႏိုင္ငံ ႏိုင္ငံျခားသတင္းေထာက္မ်ား အသင္းနဲ႔ ျမန္မာသတင္းသမားမ်ား ကာကြယ္ေရး ေကာ္မတီတို႔က ေတာင္းဆိုထားခဲ့ပါတယ္။
    

ဒီသတင္းသမား ၃ ဦးကို စြဲဆိုထားတဲ့ ပုဒ္မ ၅၀၅ (ခ) မွာ က်ဴးလြန္ေၾကာင္း ထင္ရွားရင္  ၂ ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလုံးျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပခဲ့တဲ့အတြက္ လာမည့္ ေအာက္တိုဘာ ၁၇ ရက္ ႐ုံးခ်ိန္းမွာ ဘာေတြျဖစ္လာမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

    
ဒီသတင္းက ဒီတစ္ပတ္မွာ အမ်ားအာ႐ုံစိုက္မိတဲ့ သတင္းျဖစ္ခဲ့သလို ဆက္ေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၁၂