စနစ်ဆိုးဝါဒဆိုး၏ သားကောင်များ

စနစ်ဆိုးဝါဒဆိုး၏ သားကောင်များ

စာရေးသူတို့ ဝန်ထမ်းဘဝတုန်းက ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းဟူ၍ ဖောင်ကြီးတစ်ခုသာ ရှိပါသေးသည်။ဇီးပင်ကြီးသည် အထက်မြန်မာပြည် ဝန်ထမ်းများအတွက် နောက်ပိုင်းမှ ပေါ်လာသော ကျောင်းဖြစ်ပါသည်။ဖေ့စ်ဘုတ်ပေါ် တက်လာသည့် ဇီးပင်ကြီးစစ်တမ်း အပိုင်း ၃ ပိုင်းကို ဖတ်ရှုရသောအခါ အံ့သြမိပါသည်။ပထမတစ်ခုက လက်ရှိ အင်အယ်လ်ဒီအစိုးရကို အံ့သြခြင်း ဖြစ်ရပါသည်။ဒုတိယအနေဖြင့် ယခုခေတ်ထိတိုင် ခေတ်နောက်ပြန်ဆွဲ ဝါဒဖြန့်မှုများကို သင်ကြားပို့ချနေကြောင်းနှင့် ပို့ချသူသည် ပါရဂူဘွဲ့ ရထားသူဆိုသည်ကို အံ့သြရပါသည်။

တက်ရောက်သည့် သင်တန်းသားများ၏ လိုအပ်ချက်က တခြား၊ သင်ကြားပို့ချနေသည်များက တခြားဟု ၂၀၁၅ မဲဆွယ်စဉ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဟောပြောခဲ့သော်ငြားလည်း သူကိုယ်တိုင် လုပ်ပိုင်ခွင့်များရထားသည့် ထိပ်တန်းအစိုးရအဖွဲ့ဝင် ဖြစ်လာချိန်တွင် အဘယ်ကြောင့် ဖောင်ကြီးနှင့် ဇီးပင်ကြီးကို မပြုပြင်ခဲ့လေသနည်း။ထို့ပြင် မိမိအစိုးရ မကောင်းကြောင်း သင်ကြားပို့ချနေသည်ကို အစိုးရမသိခြင်းမှာ အရေးကြီးလှသည့် နေရာကိုပင် လျစ်လျူရှုထားသည့် သတိနည်းပါးသော အစိုးရဖြစ်နေခြင်းကို အံ့သြမိပါသည်။

ဝါဒဆိုးစနစ်ဆိုးများကို သက်ဝင်ယုံကြည်ကြသည့်ပြင် သူတစ်ပါးကို ထိုဝါဒများ သွတ်သွင်းပေးရန် အားထုတ်ကြသူများကို ပို၍အံ့သြမိပါသည်။စာရေးသူသည် လွတ်လပ်ခြင်းကို နှစ်သက်ရုံသာမက ပုံသွင်းမှုမှန်သမျှကို အလွန်ရွံမုန်းလေရာ အာဏာဝါဒ၊ နာဇီဝါဒ စသည့်ဝါဒများကို ရိုးသားစွာ ယုံကြည်သူများ ို တွေ့ရတိုင်း အံ့သြမိပါသည်။နာဇီစနစ်ကို အများကမကြိုက်ကြသော်လည်း ဟစ်တလာ ကျရှုံးပြီး နာဇီဝါဒ ပျက်သုဉ်းပြီးသည့်တိုင် နာဇီဝါဒကို သက်ဝင်ယုံကြည်စွာ ရှင်သန်နေထိုင်ခဲ့သည့် နာဇီပါတီဝင် မိန်းကလေးတစ်ယောက်အကြောင်းကို ဖတ်ရှုခဲ့ရဖူးပါသည်။

ထိုမိန်းကလေးသည် နာဇီစနစ် ပျက်သုဉ်းခဲ့ပြီ ဆိုသည်ကိုလည်း လက်မခံနိုင်။အဖနိုင်ငံတော်နှင့် ခေါင်းဆောင်ကြီး ဟစ်တလာ အပေါ် သစ္စာစောင့်သိလျက် လက်ရှိလူ့ဘောင်နှင့် မည်သို့မှ အံမဝင်သည့် ဘဝဖြင့် နေထိုင်သွားသူလေးအကြောင်း ဖြစ်ပါသည်။လက်တွေ့ တွေ့ခဲ့ရသည်ကား မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပျက်သုဉ်းချိန်က ဖြစ်ပါသည်။သူ့နာမည်က ဝင်းဝင်း (မှတ်ချက် - နာမည်လွှဲထားပါသည်)။ ဝင်းဝင်း က မြို့နယ်တစ်ခုရှိ လမ်းစဉ်လူငယ်ရုံးတွင် ဒုတိယရာထူးအကြီးဆုံး ဖြစ်ပါသည်။မဆလပါတီဆိုင်ရာ ရာထူးအခေါ်အဝေါ်များကို မသိ၍ ဝင်းဝင်း ရာထူးကို ပါတီလိုင်းက မည်သို့ခေါ်ဝေါ်ကြောင်း မသိပါ။ဝင်းဝင်း သည် အလွန်ရိုးသားပါသည်။ပါတီတာဝန်များကို ယုံကြည်တက်ကြွစွာ ပျော်ရွှင်စွာ ထမ်းရွက်ပါသည်။စာရေးသူနှင့် ဝင်းဝင်း လွန်စွာခင်မင်ကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် အကြိုက်ဝါသနာ လုံးဝမတူပါ။စာရေးသူက မဆလပါတီနှင့် စနစ်ကို ဝေဖန်လျှင် ဝင်းဝင်း က လုံးဝစိတ်မဆိုးဘဲ ပြုံးနေတတ်ပါသည်။ထို့နောက် သူငယ်ချင်းပါတီဝင်ပါ။မဝင်ရင် ငါ့သူငယ်ချင်း ရာထူးတိုးမှာ မဟုတ်ဘူးဟု ရယ်ဟဟပြောတတ်ပါသည်။ကျောင်းအုပ်ကြီးကလည်း တစ်လတစ်ကြိမ်ခေါ်ပြီး ပါတီဝင်ခိုင်းပါသည်။သူ့ကျောင်းတွင် ပါတီမဝင်သူ ရှိနေခြင်းကြောင့် မြို့နယ်ပါတီယူနစ်ရုံးသို့ လစဉ် ဖြေရှင်းချက်ပေးရသည်ကို စိတ်ညစ်သည်ဟု ညည်းပါသည်။ဝင်းဝင်း က သူငယ်ချင်းရဲ့ ဆရာကြီးလဲ ဖြေရှင်းချက်ရေးရတာ လွတ်အောင်၊ သူငယ်ချင်းလဲ အာပတ်လွတ်အောင် ပါတီမိတ်ဆွေ လုပ်လိုက်ပါဟု ဖြည့်စွက်ရန် ပုံစံစာရွက်လေးပေးပြီး ချော့မော့ပါသည်။

စာရေးသူလည်း ပုံစံစာရွက်ကို ဖြည့်ပေးလိုက်ပါသည်။ဝင်းဝင်း သည် အမည်နှင့်လိုက်အောင် မျက်နှာဝင်းပစွာ ပုံစံစာရွက်လေးကို ယူသွားပါသည်။စင်စစ် ဝင်းဝင်း သည် ပါတီဝန်ထမ်းကောင်းတစ်ဦး ဖြစ်ပါသည်။စာရေးသူကို အပျော့ဆွဲဆွဲပြီး ပါတီမိတ်ဆွေ လုပ်တာပဲ ဘာဖြစ်တာလိုက်လို့ဟူသော စကားဖြင့် စည်းရုံးအနိုင်ယူသွားခြင်း ဖြစ်ပါသည်။ရန်ကုန်တွင် ၈၈ အရေးအခင်း အကြီးအကျယ် ဖြစ်သောအခါ စာရေးသူကပျော်လေ ဝင်းဝင်း မျက်စိပျက်မျက်နှာပျက် ဖြစ်လေ။သို့သော် နှစ်ယောက်သား ဝင်းဝင်း ၏ စက်ဘီးဖြင့် ၈၈ မီး ကူးစက်လာသော မြို့တွင်းက အခြေအနေများကို လှည့်ကြည့်ကြပါသည်။

၈၈ အရေးအခင်းသည် နယ်မြို့များသို့လည်း ကူးစက်လာသည်ဖြစ်ရာ မြို့ထဲတွင် ဟိုတစ်ကွက် သည်တစ်ကွက် ဟောပြောနေကြပါသည်။တန်းစီလှည့်လည် ဟစ်ကြွေးကြပါသည်။ဝင်းဝင်း ကား မျက်စိပျက် မျက်နှာပျက်။စာရေးသူကားတပြုံးပြုံး။သို့ဖြင့် မဆလပါတီကို ဦးနေဝင်း ကိုယ်တိုင် ဖျက်သိမ်းကြောင်း ပြောကြားခဲ့ရသည့် အခြေဆိုက်ခဲ့လေပြီ။ဝင်းဝင်း တို့၏ လမ်းစဉ်လူငယ်ရုံးခန်းလေးသည် ယခင်က ကျောင်းသားလူငယ်များနှင့် ဆရာ၊ ဆရာမများ တရုန်းရုန်းလူစည်းကားနေရာမှ ဝင်ထွက်သူ တစ်ဦးတစ်ယောက်ပင် မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်သွားပါသည်။ဝင်းဝင်း နှင့် စာရေးလေးက ရုံးသို့လာနေဆဲ ဖြစ်သော်လည်း ဝင်းဝင်း အထက်မှ အရာရှိခေါ်လား လူငယ်စည်းရုံးရေးမှူးခေါ်လား ထိုလူကား ရုံးမတက်တော့ပေ။စာရေးသူသည် စိတ်အလွန်ထိခိုက်နေသော ဝင်းဝင်း ကို သနားလှပါသည်။ဝင်းဝင်း သည် အကြာကြီးငြိမ်သက်နေရာမှ လေးလံရှည်လျားသည့် သက်ပြင်းကို ရှိုက်လိုက်ပါသည်။

“သူငယ်ချင်း ငါနဲ့ အဖော်လိုက်ပေးပါ” ဟု ဆိတ်ငြိမ်နေခြင်းကို ဝင်းဝင်း က စဖြိုခွဲလိုက်ပါသည်။ဝင်းဝင်း နှင့် စာရေးသူ တောလမ်းခရီးအတိုင်း လျှောက်ခဲ့ကြပြီး သယ်ယူလာသည့် ပန်းကန်၊ အိုးခွက်၊ ဖန်ခွက်၊ လက်ဖက်ရည်ကြမ်းသောက်သည့် ပန်းကန်၊ ကော်ဖီပန်းကန်၊ ဒယ်အိုး၊ ဒန်အိုးဒန်ခွက်များကို ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ဝင်ပြီး အပုံလိုက် လှူလိုက်ပါသည်။စာရေးလေးက ရုံးပိုင်ပစ္စည်းများကို ကာလပေါက်ဈေးဖြင့် ရောင်းစားရမည့်အစား ကျန်ဝန်ထမ်း ၂ ဦး (အထက်အရာရှိနှင့် စာရေးလေး) သဘောထားမှတ်ချက် မပါဘဲ ထင်ရာလုပ်ရကောင်းလားဟု မကျေနပ်ပေ။

ဝင်းဝင်း သည် လမ်းစဉ်လူငယ်ရုံးမှ ပစ္စည်းများကို ဤသို့ထုတ်ရှင်းလိုက်သော်လည်း သူ့ရင်ထဲမှ မဆလလမ်းစဉ်အပေါ် ယုံကြည်မှုအား ရှင်းမထုတ်နိုင်ကြောင်း စာရေးသူ ကောင်းစွာသိပါသည်။

“ဝင်းဝင်း အဲဒီမဆလစနစ်က ကောင်းတယ်။စနစ်ကို ဖော်ဆောင်နေသူတွေက မကောင်းဘူး။သူတို့တောင် မလိုက်နာနိုင်တဲ့ အချက်တွေကို သူများတွေကို လိုက်နာခိုင်းနေတာ၊ ဝင်းဝင်း စိတ်ထဲက ထုတ်ပစ်လိုက်စမ်းပါ။ကဲ - မိမိတို့၏ ကာယဉာဏအလိုက် ခံစားရမည်တဲ့ ဟုတ်လား။ပါတီဥက္ကဌကြီးက နှာစေးလဲ အင်္ဂလန်သွား ဆေးကု၊ ချောင်းဆိုးလဲ အင်္ဂလန်သွား ဆေးကုနေတုန်း ဝင်းဝင်း နေမကောင်းတော့ ရန်ကုန်တောင် ပါတီစရိတ်နဲ့ ဆေးသွားကုခွင့်ရှိလို့လား။အလကား သူတို့စားကောင်းဖို့ သောက်ကောင်းဖို့ သူများတွေကို ပုံစံခွက်ထဲထည့် ရိုက်သွင်းပြီး ကိုယ်ပိုင်စဉ်းစားဉာဏ်တွေ တုံးကုန်အောင် လုပ်ထားတဲ့စနစ် လွှင့်ပစ်လိုက်၊ လွှင့်ပစ်လိုက် ဟု စာရေးသူကပြောသော် ဝင်းဝင်း မျက်ရည်ပေါက်ပေါက်ကျလာပါသည်။

နောက်ပိုင်းတွင် ဝင်းဝင်း သည် အလယ်တန်းပြ ဆရာမအလုပ် ဝင်လုပ်သော်လည်း မဆလပါတီ ပျက်ခြင်းကြောင့် စိတ်ထိခိုက်မှုကို မဖယ်ရှားနိုင်သည့်နည်းတူ ဆိုရှယ်လစ်စနစ်အပေါ် ယုံကြည်မှုလည်း မပျက်ပြယ်ခဲ့ပါ။

ဇီးပင်ကြီးစစ်တမ်း ဖတ်ရသောအခါ မမြင်မတွေ့ဖူးသည့် နာဇီဝါဒကို ယုံကြည်ဖက်တွယ်ရင်း နေထိုင်သွားသည့် ဂျာမန်မလေးကို မြင်မိသည်။အလုပ်သမလေး တစ်ယောက်သာ ဖြစ်ပါသည်။မဆလပါတီကို ယုံကြည်နေထိုင်သွားသည့် ဝင်းဝင်း သည် ရိုးရိုးဘွဲ့တစ်ခုသာ ရခဲ့သူဖြစ်ပြီး အလုပ်စလုပ်သည်နှင့် သူတာဝန်ထမ်းသည့် မြို့နယ်ပါတီယူနစ်တွင် အောက်ခြေက စဝင်လာသူ ဖြစ်ပါသည်။ဂျာမန်မလေးနှင့် ဝင်းဝင်း သည် အလွန်ရိုးသားကြပါသည်။သူတို့ယုံကြည်သော ဝါဒကို ဖက်တွယ်ထားသည်မှအပ သူတစ်ပါးအပေါ် မဟုတ်သောစကားများ မပြောတတ်ကြပေ။

စာရေးသူတို့က စနစ်ဆိုးတစ်ခုဟု ယူဆထားသော စစ်အာဏာရှင်စနစ်၊ စာရေးသူတို့က နည်းလမ်းဆိုးဟု ယုံကြည်ထားသည့် သူတစ်ပါး၏ အတွေးအခေါ်များကို မှားယွင်းသည့် အသိများ သွတ်သွင်းပေးခြင်းသည် လွယ်ကူသောအလုပ် မဟုတ်ပါပေ။သို့သော် ပညာတတ်များက စနစ်ဆိုးတခုကို အမြစ်တွယ်စေရန် အားထုတ်သောအခါ လက်ခံသူဘက်က သူ၏ ကိုယ်ပိုင်အတွေးအခေါ်များကို ဖယ်ထုတ်ခံလိုက်ရပြီး အရောင်ဆိုးခံလိုက်ရသည်ကို ကာယကံရှင် ကိုယ်တိုင်ပင် မသိလိုက်ခြင်းများ ရှိတတ်ပါသည်။ဝင်းဝင်း နှင့် နာဇီဝါဒကို ယုံကြည်ရှင်သန်ခဲ့သည့် ဂျာမန်မလေးတို့ခမျာ သူတို့၏ ဖြူနုသော အသိထဲသို့ နိုင်ငံရေးသိပ္ပံဌာနမှူးကဲ့သို့ အမှားဝါဒကို အသေရိုက်သွင်းပေးနိုင်စွမ်းရှိသည့် ဝါဒဖြန့်ကောင်းသူများ ရိုက်သွင်းပေးခဲ့သည့် အသိမှားများ ရာသက်ပန်အမြစ်တွယ်ခြင်းကို ခံသွားရသူများသာ ဖြစ်ကြပါသည်။

ဇီးပင်ကြီး ဝန်ထမ်းလေ့ကျင့်ရေး တက္ကသိုလ်မှ တချို့သည် စစ်အာဏာရှင်စနစ်ကို ယုံကြည်မှုဖြင့် ရှင်သန်နေသူလား၊ တာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်နေရသူလား စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ခင်နှင်းဦး
ဒီဇင်ဘာ - ၂၇

( Zawgyi )

စာေရးသူတို႔ ဝန္ထမ္းဘဝတုန္းက ဝန္ထမ္းေလ့က်င့္ေရး သင္တန္းေက်ာင္းဟူ၍ ေဖာင္ႀကီးတစ္ခုသာ ရွိပါေသးသည္။ဇီးပင္ႀကီးသည္ အထက္ျမန္မာျပည္ ဝန္ထမ္းမ်ားအတြက္ ေနာက္ပိုင္းမွ ေပၚလာေသာ ေက်ာင္းျဖစ္ပါသည္။ေဖ့စ္ဘုတ္ေပၚ တက္လာသည့္ ဇီးပင္ႀကီးစစ္တမ္း အပိုင္း ၃ ပိုင္းကို ဖတ္ရႈရေသာအခါ အံ့ၾသမိပါသည္။ပထမတစ္ခုက လက္ရွိ အင္အယ္လ္ဒီအစိုးရကို အံ့ၾသျခင္း ျဖစ္ရပါသည္။ဒုတိယအေနျဖင့္ ယခုေခတ္ထိတိုင္ ေခတ္ေနာက္ျပန္ဆြဲ ဝါဒျဖန႔္မႈမ်ားကို သင္ၾကားပို႔ခ်ေနေၾကာင္းႏွင့္ ပို႔ခ်သူသည္ ပါရဂူဘြဲ႕ ရထားသူဆိုသည္ကို အံ့ၾသရပါသည္။

တက္ေရာက္သည့္ သင္တန္းသားမ်ား၏ လိုအပ္ခ်က္က တျခား၊ သင္ၾကားပို႔ခ်ေနသည္မ်ားက တျခားဟု ၂၀၁၅ မဲဆြယ္စဥ္က ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ေဟာေျပာခဲ့ေသာ္ျငားလည္း သူကိုယ္တိုင္ လုပ္ပိုင္ခြင့္မ်ားရထားသည့္ ထိပ္တန္းအစိုးရအဖြဲ႕ဝင္ ျဖစ္လာခ်ိန္တြင္ အဘယ္ေၾကာင့္ ေဖာင္ႀကီးႏွင့္ ဇီးပင္ႀကီးကို မျပဳျပင္ခဲ့ေလသနည္း။ထို႔ျပင္ မိမိအစိုးရ မေကာင္းေၾကာင္း သင္ၾကားပို႔ခ်ေနသည္ကို အစိုးရမသိျခင္းမွာ အေရးႀကီးလွသည့္ ေနရာကိုပင္ လ်စ္လ်ဴရႈထားသည့္ သတိနည္းပါးေသာ အစိုးရျဖစ္ေနျခင္းကို အံ့ၾသမိပါသည္။

ဝါဒဆိုးစနစ္ဆိုးမ်ားကို သက္ဝင္ယုံၾကည္ၾကသည့္ျပင္ သူတစ္ပါးကို ထိုဝါဒမ်ား သြတ္သြင္းေပးရန္ အားထုတ္ၾကသူမ်ားကို ပို၍အံ့ၾသမိပါသည္။စာေရးသူသည္ လြတ္လပ္ျခင္းကို ႏွစ္သက္႐ုံသာမက ပုံသြင္းမႈမွန္သမွ်ကို အလြန္႐ြံမုန္းေလရာ အာဏာဝါဒ၊ နာဇီဝါဒ စသည့္ဝါဒမ်ားကို ႐ိုးသားစြာ ယုံၾကည္သူမ်ား ို ေတြ႕ရတိုင္း အံ့ၾသမိပါသည္။နာဇီစနစ္ကို အမ်ားကမႀကိဳက္ၾကေသာ္လည္း ဟစ္တလာ က်ရႈံးၿပီး နာဇီဝါဒ ပ်က္သုဥ္းၿပီးသည့္တိုင္ နာဇီဝါဒကို သက္ဝင္ယုံၾကည္စြာ ရွင္သန္ေနထိုင္ခဲ့သည့္ နာဇီပါတီဝင္ မိန္းကေလးတစ္ေယာက္အေၾကာင္းကို ဖတ္ရႈခဲ့ရဖူးပါသည္။

ထိုမိန္းကေလးသည္ နာဇီစနစ္ ပ်က္သုဥ္းခဲ့ၿပီ ဆိုသည္ကိုလည္း လက္မခံႏိုင္။အဖႏိုင္ငံေတာ္ႏွင့္ ေခါင္းေဆာင္ႀကီး ဟစ္တလာ အေပၚ သစၥာေစာင့္သိလ်က္ လက္ရွိလူ႔ေဘာင္ႏွင့္ မည္သို႔မွ အံမဝင္သည့္ ဘဝျဖင့္ ေနထိုင္သြားသူေလးအေၾကာင္း ျဖစ္ပါသည္။လက္ေတြ႕ ေတြ႕ခဲ့ရသည္ကား ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ ပ်က္သုဥ္းခ်ိန္က ျဖစ္ပါသည္။သူ႔နာမည္က ဝင္းဝင္း (မွတ္ခ်က္ - နာမည္လႊဲထားပါသည္)။ ဝင္းဝင္း က ၿမိဳ႕နယ္တစ္ခုရွိ လမ္းစဥ္လူငယ္႐ုံးတြင္ ဒုတိယရာထူးအႀကီးဆုံး ျဖစ္ပါသည္။မဆလပါတီဆိုင္ရာ ရာထူးအေခၚအေဝၚမ်ားကို မသိ၍ ဝင္းဝင္း ရာထူးကို ပါတီလိုင္းက မည္သို႔ေခၚေဝၚေၾကာင္း မသိပါ။ဝင္းဝင္း သည္ အလြန္႐ိုးသားပါသည္။ပါတီတာဝန္မ်ားကို ယုံၾကည္တက္ႂကြစြာ ေပ်ာ္႐ႊင္စြာ ထမ္း႐ြက္ပါသည္။စာေရးသူႏွင့္ ဝင္းဝင္း လြန္စြာခင္မင္ၾကေသာ္လည္း တစ္ေယာက္ႏွင့္ တစ္ေယာက္ အႀကိဳက္ဝါသနာ လုံးဝမတူပါ။စာေရးသူက မဆလပါတီႏွင့္ စနစ္ကို ေဝဖန္လွ်င္ ဝင္းဝင္း က လုံးဝစိတ္မဆိုးဘဲ ၿပဳံးေနတတ္ပါသည္။ထို႔ေနာက္ သူငယ္ခ်င္းပါတီဝင္ပါ။မဝင္ရင္ ငါ့သူငယ္ခ်င္း ရာထူးတိုးမွာ မဟုတ္ဘူးဟု ရယ္ဟဟေျပာတတ္ပါသည္။ေက်ာင္းအုပ္ႀကီးကလည္း တစ္လတစ္ႀကိမ္ေခၚၿပီး ပါတီဝင္ခိုင္းပါသည္။သူ႔ေက်ာင္းတြင္ ပါတီမဝင္သူ ရွိေနျခင္းေၾကာင့္ ၿမိဳ႕နယ္ပါတီယူနစ္႐ုံးသို႔ လစဥ္ ေျဖရွင္းခ်က္ေပးရသည္ကို စိတ္ညစ္သည္ဟု ညည္းပါသည္။ဝင္းဝင္း က သူငယ္ခ်င္းရဲ႕ ဆရာႀကီးလဲ ေျဖရွင္းခ်က္ေရးရတာ လြတ္ေအာင္၊ သူငယ္ခ်င္းလဲ အာပတ္လြတ္ေအာင္ ပါတီမိတ္ေဆြ လုပ္လိုက္ပါဟု ျဖည့္စြက္ရန္ ပုံစံစာ႐ြက္ေလးေပးၿပီး ေခ်ာ့ေမာ့ပါသည္။

စာေရးသူလည္း ပုံစံစာ႐ြက္ကို ျဖည့္ေပးလိုက္ပါသည္။ဝင္းဝင္း သည္ အမည္ႏွင့္လိုက္ေအာင္ မ်က္ႏွာဝင္းပစြာ ပုံစံစာ႐ြက္ေလးကို ယူသြားပါသည္။စင္စစ္ ဝင္းဝင္း သည္ ပါတီဝန္ထမ္းေကာင္းတစ္ဦး ျဖစ္ပါသည္။စာေရးသူကို အေပ်ာ့ဆြဲဆြဲၿပီး ပါတီမိတ္ေဆြ လုပ္တာပဲ ဘာျဖစ္တာလိုက္လို႔ဟူေသာ စကားျဖင့္ စည္း႐ုံးအႏိုင္ယူသြားျခင္း ျဖစ္ပါသည္။ရန္ကုန္တြင္ ၈၈ အေရးအခင္း အႀကီးအက်ယ္ ျဖစ္ေသာအခါ စာေရးသူကေပ်ာ္ေလ ဝင္းဝင္း မ်က္စိပ်က္မ်က္ႏွာပ်က္ ျဖစ္ေလ။သို႔ေသာ္ ႏွစ္ေယာက္သား ဝင္းဝင္း ၏ စက္ဘီးျဖင့္ ၈၈ မီး ကူးစက္လာေသာ ၿမိဳ႕တြင္းက အေျခအေနမ်ားကို လွည့္ၾကည့္ၾကပါသည္။

၈၈ အေရးအခင္းသည္ နယ္ၿမိဳ႕မ်ားသို႔လည္း ကူးစက္လာသည္ျဖစ္ရာ ၿမိဳ႕ထဲတြင္ ဟိုတစ္ကြက္ သည္တစ္ကြက္ ေဟာေျပာေနၾကပါသည္။တန္းစီလွည့္လည္ ဟစ္ေႂကြးၾကပါသည္။ဝင္းဝင္း ကား မ်က္စိပ်က္ မ်က္ႏွာပ်က္။စာေရးသူကားတၿပဳံးၿပဳံး။သို႔ျဖင့္ မဆလပါတီကို ဦးေနဝင္း ကိုယ္တိုင္ ဖ်က္သိမ္းေၾကာင္း ေျပာၾကားခဲ့ရသည့္ အေျခဆိုက္ခဲ့ေလၿပီ။ဝင္းဝင္း တို႔၏ လမ္းစဥ္လူငယ္႐ုံးခန္းေလးသည္ ယခင္က ေက်ာင္းသားလူငယ္မ်ားႏွင့္ ဆရာ၊ ဆရာမမ်ား တ႐ုန္း႐ုန္းလူစည္းကားေနရာမွ ဝင္ထြက္သူ တစ္ဦးတစ္ေယာက္ပင္ မရွိဘဲ တိတ္ဆိတ္ေျခာက္ကပ္သြားပါသည္။ဝင္းဝင္း ႏွင့္ စာေရးေလးက ႐ုံးသို႔လာေနဆဲ ျဖစ္ေသာ္လည္း ဝင္းဝင္း အထက္မွ အရာရွိေခၚလား လူငယ္စည္း႐ုံးေရးမႉးေခၚလား ထိုလူကား ႐ုံးမတက္ေတာ့ေပ။စာေရးသူသည္ စိတ္အလြန္ထိခိုက္ေနေသာ ဝင္းဝင္း ကို သနားလွပါသည္။ဝင္းဝင္း သည္ အၾကာႀကီးၿငိမ္သက္ေနရာမွ ေလးလံရွည္လ်ားသည့္ သက္ျပင္းကို ရႈိက္လိုက္ပါသည္။

“သူငယ္ခ်င္း ငါနဲ႔ အေဖာ္လိုက္ေပးပါ” ဟု ဆိတ္ၿငိမ္ေနျခင္းကို ဝင္းဝင္း က စၿဖိဳခြဲလိုက္ပါသည္။ဝင္းဝင္း ႏွင့္ စာေရးသူ ေတာလမ္းခရီးအတိုင္း ေလွ်ာက္ခဲ့ၾကၿပီး သယ္ယူလာသည့္ ပန္းကန္၊ အိုးခြက္၊ ဖန္ခြက္၊ လက္ဖက္ရည္ၾကမ္းေသာက္သည့္ ပန္းကန္၊ ေကာ္ဖီပန္းကန္၊ ဒယ္အိုး၊ ဒန္အိုးဒန္ခြက္မ်ားကို ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းသို႔ဝင္ၿပီး အပုံလိုက္ လႉလိုက္ပါသည္။စာေရးေလးက ႐ုံးပိုင္ပစၥည္းမ်ားကို ကာလေပါက္ေဈးျဖင့္ ေရာင္းစားရမည့္အစား က်န္ဝန္ထမ္း ၂ ဦး (အထက္အရာရွိႏွင့္ စာေရးေလး) သေဘာထားမွတ္ခ်က္ မပါဘဲ ထင္ရာလုပ္ရေကာင္းလားဟု မေက်နပ္ေပ။

ဝင္းဝင္း သည္ လမ္းစဥ္လူငယ္႐ုံးမွ ပစၥည္းမ်ားကို ဤသို႔ထုတ္ရွင္းလိုက္ေသာ္လည္း သူ႔ရင္ထဲမွ မဆလလမ္းစဥ္အေပၚ ယုံၾကည္မႈအား ရွင္းမထုတ္ႏိုင္ေၾကာင္း စာေရးသူ ေကာင္းစြာသိပါသည္။

“ဝင္းဝင္း အဲဒီမဆလစနစ္က ေကာင္းတယ္။စနစ္ကို ေဖာ္ေဆာင္ေနသူေတြက မေကာင္းဘူး။သူတို႔ေတာင္ မလိုက္နာႏိုင္တဲ့ အခ်က္ေတြကို သူမ်ားေတြကို လိုက္နာခိုင္းေနတာ၊ ဝင္းဝင္း စိတ္ထဲက ထုတ္ပစ္လိုက္စမ္းပါ။ကဲ - မိမိတို႔၏ ကာယဉာဏအလိုက္ ခံစားရမည္တဲ့ ဟုတ္လား။ပါတီဥကၠဌႀကီးက ႏွာေစးလဲ အဂၤလန္သြား ေဆးကု၊ ေခ်ာင္းဆိုးလဲ အဂၤလန္သြား ေဆးကုေနတုန္း ဝင္းဝင္း ေနမေကာင္းေတာ့ ရန္ကုန္ေတာင္ ပါတီစရိတ္နဲ႔ ေဆးသြားကုခြင့္ရွိလို႔လား။အလကား သူတို႔စားေကာင္းဖို႔ ေသာက္ေကာင္းဖို႔ သူမ်ားေတြကို ပုံစံခြက္ထဲထည့္ ႐ိုက္သြင္းၿပီး ကိုယ္ပိုင္စဥ္းစားဉာဏ္ေတြ တုံးကုန္ေအာင္ လုပ္ထားတဲ့စနစ္ လႊင့္ပစ္လိုက္၊ လႊင့္ပစ္လိုက္ ဟု စာေရးသူကေျပာေသာ္ ဝင္းဝင္း မ်က္ရည္ေပါက္ေပါက္က်လာပါသည္။

ေနာက္ပိုင္းတြင္ ဝင္းဝင္း သည္ အလယ္တန္းျပ ဆရာမအလုပ္ ဝင္လုပ္ေသာ္လည္း မဆလပါတီ ပ်က္ျခင္းေၾကာင့္ စိတ္ထိခိုက္မႈကို မဖယ္ရွားႏိုင္သည့္နည္းတူ ဆိုရွယ္လစ္စနစ္အေပၚ ယုံၾကည္မႈလည္း မပ်က္ျပယ္ခဲ့ပါ။

ဇီးပင္ႀကီးစစ္တမ္း ဖတ္ရေသာအခါ မျမင္မေတြ႕ဖူးသည့္ နာဇီဝါဒကို ယုံၾကည္ဖက္တြယ္ရင္း ေနထိုင္သြားသည့္ ဂ်ာမန္မေလးကို ျမင္မိသည္။အလုပ္သမေလး တစ္ေယာက္သာ ျဖစ္ပါသည္။မဆလပါတီကို ယုံၾကည္ေနထိုင္သြားသည့္ ဝင္းဝင္း သည္ ႐ိုး႐ိုးဘြဲ႕တစ္ခုသာ ရခဲ့သူျဖစ္ၿပီး အလုပ္စလုပ္သည္ႏွင့္ သူတာဝန္ထမ္းသည့္ ၿမိဳ႕နယ္ပါတီယူနစ္တြင္ ေအာက္ေျခက စဝင္လာသူ ျဖစ္ပါသည္။ဂ်ာမန္မေလးႏွင့္ ဝင္းဝင္း သည္ အလြန္႐ိုးသားၾကပါသည္။သူတို႔ယုံၾကည္ေသာ ဝါဒကို ဖက္တြယ္ထားသည္မွအပ သူတစ္ပါးအေပၚ မဟုတ္ေသာစကားမ်ား မေျပာတတ္ၾကေပ။

စာေရးသူတို႔က စနစ္ဆိုးတစ္ခုဟု ယူဆထားေသာ စစ္အာဏာရွင္စနစ္၊ စာေရးသူတို႔က နည္းလမ္းဆိုးဟု ယုံၾကည္ထားသည့္ သူတစ္ပါး၏ အေတြးအေခၚမ်ားကို မွားယြင္းသည့္ အသိမ်ား သြတ္သြင္းေပးျခင္းသည္ လြယ္ကူေသာအလုပ္ မဟုတ္ပါေပ။သို႔ေသာ္ ပညာတတ္မ်ားက စနစ္ဆိုးတခုကို အျမစ္တြယ္ေစရန္ အားထုတ္ေသာအခါ လက္ခံသူဘက္က သူ၏ ကိုယ္ပိုင္အေတြးအေခၚမ်ားကို ဖယ္ထုတ္ခံလိုက္ရၿပီး အေရာင္ဆိုးခံလိုက္ရသည္ကို ကာယကံရွင္ ကိုယ္တိုင္ပင္ မသိလိုက္ျခင္းမ်ား ရွိတတ္ပါသည္။ဝင္းဝင္း ႏွင့္ နာဇီဝါဒကို ယုံၾကည္ရွင္သန္ခဲ့သည့္ ဂ်ာမန္မေလးတို႔ခမ်ာ သူတို႔၏ ျဖဴႏုေသာ အသိထဲသို႔ ႏိုင္ငံေရးသိပၸံဌာနမႉးကဲ့သို႔ အမွားဝါဒကို အေသ႐ိုက္သြင္းေပးႏိုင္စြမ္းရွိသည့္ ဝါဒျဖန႔္ေကာင္းသူမ်ား ႐ိုက္သြင္းေပးခဲ့သည့္ အသိမွားမ်ား ရာသက္ပန္အျမစ္တြယ္ျခင္းကို ခံသြားရသူမ်ားသာ ျဖစ္ၾကပါသည္။

ဇီးပင္ႀကီး ဝန္ထမ္းေလ့က်င့္ေရး တကၠသိုလ္မွ တခ်ိဳ႕သည္ စစ္အာဏာရွင္စနစ္ကို ယုံၾကည္မႈျဖင့္ ရွင္သန္ေနသူလား၊ တာဝန္တစ္ရပ္အျဖစ္ ထမ္းေဆာင္ေနရသူလား စိတ္ဝင္စားဖြယ္ေကာင္းလွပါသည္။

ခင္ႏွင္းဦး
ဒီဇင္ဘာ - ၂၇