【 ဆောင်းပါး 】 “ဦးကိုနီအတွက် တရားမျှတမှု…”

【 ဆောင်းပါး 】 “ဦးကိုနီအတွက် တရားမျှတမှု…”

လွန်ခဲ့တဲ့ (၂) နှစ်။၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်း ရန်ကုန်လေဆိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို သေနတ်သမား ကြည်လင်း က လုပ်ကြံခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ ဦးကိုနီ ကို သေနတ်သမားတစ်ဦးက ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ အွန်လိုင်းပေါ်မှာ နောက်ဆက်တွဲသတင်းတွေ၊ ဖြစ်စဉ်ဓာတ်ပုံတွေဟာ ချက်ခြင်းဆိုသလို ပျံ့နှံ့ခဲ့ပါတယ်။လေဆိပ်အထွက် ပလက်ဖောင်းပေါ်မှာ လဲကျနေတဲ့ ဦးကိုနီ ရဲ့ ခန္ဓာကိုယ်၊ ပြုစုကုသဖို့ ကြိုးပမ်းနေသူတချို့ ဓာတ်ပုံတွေပါဝင်ခဲ့သလို အဲဒီသတင်းတွေ၊ ဓာတ်ပုံတွေနဲ့ မရှေးမနှောင်းမှာပဲ ကလေးငယ်ကို ပွေ့ချီထားတဲ့ ဦးကိုနီ ရဲ့ နောက်ကနေ ကြည်လင်း က သေနတ်နဲ့ထိုးချိန်နေတဲ့ ဓာတ်ပုံလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။အဲဒီမြင်ကွင်းဟာ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းအဖြစ် စွဲထင်ခဲ့ပါတယ်။

အဲဒီလို ဦးကိုနီ ကို နောက်ကနေ ထိုးချိန်ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့တဲ့ သေနတ်သမား ကြည်လင်း ကို ဖမ်းဆီးဖို့ကြိုးပမ်းခဲ့တဲ့ အငှားယာဉ်မောင်းတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာလည်း ဦးကိုနီ သေဆုံးမှု သတင်းနဲ့ ထပ်ကြပ်မကွာ ထွက်ပေါ်လာခဲ့ပါတယ်။သေဆုံးခဲ့သူဟာ ကိုနေဝင်း ဆိုသူဖြစ်ပြီး ကြည်လင်း ရဲ့ လက်ချက်နဲ့ပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်အပေါ် တရားစွဲဆိုခဲ့တဲ့ အမှုဟာ ရုံးချိန်းပေါင်း ၁၀၀ ကျော်၊ နှစ်ဖက်သက်သေ ၁၀၀ ကျော် ချိန်းဆိုစစ်ဆေးမှုတွေနဲ့အတူ (၂) နှစ်ကျော်အကြာမှာ ပြီးဆုံးခဲ့ပါပြီ။အဲဒီစီရင်ချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ချမှတ်ခဲ့တာဖြစ်ပါတယ်။

အပြီးသတ်စီရင်ချက်မှာ ဦးကိုနီ ကို လုပ်ကြံခဲ့တဲ့အတွက် သေနတ်သမား ကြည်လင်း နဲ့ အောင်ဝင်းဇော် ကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေဆိုတဲ့ သေဒဏ်အမိန့်ချမှတ်ခဲ့ပြီး ကိုနေဝင်း ကို သေစေခဲ့တဲ့အတွက် ကြည်လင်း က နောက်ထပ် ထောင်ဒဏ်နှစ် ၂၀ ကိုပါ ပူးတွဲချမှတ်ခံရသလို လက်နက်ကိုင်ဆောင်မှုအတွက် အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်လည်း ချမှတ်ခဲ့ပါတယ်။

အမှုတွဲတွေဖြစ်တဲ့ ဇေယျာဖြိုး ကိုတော့ သက်သေခံပျောက်ပျက်စေခြင်း သို့မဟုတ် သတင်းမမှန်ပေးခြင်း ပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ငါးနှစ်၊ အောင်ဝင်းထွန်း က ပြစ်မှုကျူးလွန်သူကို လက်သင့်ခံခဲ့တဲ့အတွက် ပုဒ်မ ၂၁၂ အရ ထောင်ဒဏ် သုံးနှစ် အသီးသီးချမှတ်လိုက်ပါတယ်။

အဲဒီလို အပြီးသတ်စီရင်ချက် အမိန့်အသီးသီးချမှတ်ပြီးချိန်မှာပဲ ဇေယျာဖြိုး အပေါ် စီရင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ဇေယျာဖြိုးအပေါ် ကနဦးစွဲချက်တင်ထားတဲ့ လူသတ်မှု ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ကနေ သက်သေခံပျောက်ပျက်စေခြင်း သို့မဟုတ် သတင်းမမှန်ပေးခြင်း ပုဒ်မ ၂၀၁ ကို ပြောင်းလဲပြစ်ဒဏ်သင့်ခဲ့တဲ့အပေါ် ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ဦးကိုနီ ကို လုပ်ကြံမှုမှာ အဓိကပါဝင်ပတ်သက်သူလို့ စွပ်စွဲထားတဲ့ အောင်ဝင်းခိုင် ကတော့ အမှုအပြီးသတ် စီရင်ချက်ချပြီးတဲ့အထိ တိုင် ထွက်ပြေးလွတ်မြောက်နေဆဲပဲ ဖြစ်ပါတယ်။ဦးကိုနီ လုပ်ကြံခံရပြီး နောက်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၃၀ ရက်ကစပြီး အောင်ဝင်းခိုင် ဟာ လူမြင်ကွင်းကနေ ပျောက်ခြင်းမလှ ပျောက်သွားပါတယ်။

ပျောက်သွားခဲ့တဲ့နေရာက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ဖြစ်ပါတယ်။နေပြည်တော် ပရဆေးဥယျာဉ်နားမှာ ပျောက်သွားခဲ့တာပါ။နေပြည်တော်ထဲ အောင်ဝင်းခိုင် ဝင်ထွက်ခဲ့မှုအပေါ် ခြေရာခံဖို့ စီစီတီဗီတွေကို စစ်ပြန်တော့လည်း မှတ်တမ်းကျန်မနေခဲ့ဘူးဆိုတဲ့ သတင်းစကားသာ ရကြပါတယ်။

အဲဒီကနေ တရားခံပြေးဖြစ်တဲ့ အောင်ဝင်းခိုင် ကို ဖမ်းဆီးရမိရေးအတွက် ၂၀၁၇ ခုနှစ် ဧပြီ ၇ ရက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နဲ့ ချိတ်ဆက်ပြီး အနီရောင်အဆင့် ထုတ်ပြန်လိုက်ပါတယ်။
အောင်ဝင်းခိုင် ကို ဖမ်းဆီးရမိရေး နိုင်ငံတကာပါ ချိတ်ဆက်ဆောင်ရွက်တဲ့ သဘောဖြစ်ပါတယ်။

အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး စီအိုင်ဒီက တာဝန်ယူထားသလို နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နဲ့လည်း ချိတ်ဆက်ထားဆဲ ဖြစ်ပါတယ်။ Interpol ရဲ့ ဝက်ဘ်ဆိုက်မှာလည်း အောင်ဝင်းခိုင် ကို အလိုရှိသူအဖြစ် ကြေညာထားဆဲ ဖြစ်ပါတယ်။

အခုတော့ ဦးကိုနီ လုပ်ကြံခံရမှု၊ ကိုနေဝင်း သေဆုံးမှုတို့အတွက် မြောက်ပိုင်းခရိုင် တရားရုံး အထူးခုံရုံးက အပြီးသတ်စီရင်ချက် ချမှတ်ပြီးခဲ့ပါပြီ။ဒီအခြေအနေအထိ ဦးကိုနီ လုပ်ကြံခံရမှုမှာ အဓိက ပါဝင်ပတ်သက်သူလို့ စွပ်စွဲခံထားရတဲ့ အောင်ဝင်းခိုင် လွတ်မြောက်နေခြင်းဟာ မတရားမှု၊ မမျှတမှုကို ဖြစ်စေပါတယ်။
တရားမျှတမှုကနေ သွေဖည်နေစေပါတယ်။

အောင်ဝင်းခိုင် ဟာ လက်စဖျောက်ခံလိုက်ရပြီလို့ ယုံကြည်ထားသူတွေ၊ သုံးသပ်သူတွေလည်း ရှိပါတယ်။မည်သို့ပင်ဆိုစေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အဓိကလူအဖြစ် ပါဝင်ပတ်သက်နေတဲ့ အောင်ဝင်းခိုင် တရားစီရင်ရေးလမ်းကြောင်းပေါ်ကို ရောက်မလာခြင်းဟာ ဦးကိုနီ သေဆုံးရခြင်းနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှာဖွေရာမှာ မတရားမှု၊ မမျှတမှုကို ဖြစ်စေပါတယ်။

ထိုနည်းတူပဲ အပြီးသတ်စီရင်ချက်မှာ ထောင်ဒဏ်ငါးနှစ်သာ ကျခံစေဖို့ အမိန့်ချမှတ်ခံလိုက်ရတဲ့ ဇေယျာဖြိုး ဟာ ဦးကိုနီ ကို လုပ်ကြံဖို့အတွက် နောက်ကွယ်က ငွေကြေးစိုက်ထုတ်သူလို့ သတင်းတွေထွက်၊ ထင်ကြေးတွေထွက်နေသူဖြစ်ပြီး သူ့အပေါ် အခုလို သက်သေခံပျောက်ပျက်စေခြင်း သို့မဟုတ် သတင်းမမှန်ပေးခြင်း ပုဒ်မ ၂၀၁ နဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခြင်းအပေါ်လည်း ဝေဖန်မှုတွေ ပြင်းပြင်းပြင်းထန်ထန် ထွက်ပေါ်လျက်ရှိပါတယ်။

အခုလို ဇေယျာဖြိုး အပေါ် ထောင်ဒဏ်ငါးနှစ်သာ ချမှတ်ခြင်းဟာ ဥပဒေအရ ညီညွတ်မှုမရှိဘူးလို့ ဦးကိုနီ ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးနေလ က ဆိုထားပြီး အဲဒီအတွက် ရာဇဝတ်ပြင်ဆင်မှု တင်သွင်းမယ်လို့လည်း ဆိုပါတယ်။

ထို့အတူ ကြည်လင်း အပါအဝင် လေးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထပ်မံအရေးယူပေးဖို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ထံ အစီရင်ခံစာ တင်သွင်းတောင်းဆိုဖို့လည်း စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရပါတယ်။

သေနတ်သမား ကြည်လင်း နောက်မှာ အောင်ဝင်းဇော်၊ အောင်ဝင်းဇော် နောက်မှာ အောင်ဝင်းခိုင်၊ အောင်ဝင်းခိုင် ရဲ့ နောက်မှာရှိနေသူက ဇေယျာဖြိုး လား ဆိုတဲ့ မေးခွန်းတွေဟာလည်း ရှိနေပါတယ်။အောင်ဝင်းခိုင် နောက်မှာ ရှိနေသူက ဇေယျာဖြိုး မဟုတ်ခဲ့ဘူးဆိုရင်တောင် အခြားတစ်ပါးသော လူပုဂ္ဂိုလ်တစ်ဦးကတော့ ရှိနေမှာ အသေအချာပဲဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုမှာ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင် တို့ရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်ခိုင်းစေနေသူတွေ ရှိနေတယ်ဆိုတာကတော့ မလွဲတဲ့အမှန်တရား ဖြစ်ပါတယ်။

ဒီတော့ ဦးကိုနီ သေဆုံးခဲ့ရမှုအပေါ် တရားမျှတမှု ရှာဖွေနိုင်ဖို့ဆိုရင်တော့ အောင်ဝင်းခိုင် ကို တရားစီရင်ရေး လမ်းကြောင်းပေါ် ဆွဲတင်နိုင်ဖို့လိုမှာဖြစ်သလို အောင်ဝင်းခိုင် ရဲ့ နောက်ကွယ်က ငွေကြေးထောက်ပံ့ ကူညီပေးခဲ့တဲ့ အဓိက ပါဝင်ပတ်သက်နေသူကိုလည်း ဖော်ထုတ်ပြီး တရားစီရင်ရေး လမ်းကြောင်းပေါ် ဆွဲတင်လာဖို့ လိုမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ချမှတ်လိုက်တဲ့ အပြီးသတ်စီရင်ချက်နဲ့တင် ဦးကိုနီ လုပ်ကြံခံရမှုကို ဇာတ်သိမ်းမသွားစေလိုပါဘူး။နောက်ကွယ်က ကြိုးကိုင်သူတို့ကို ဖော်ထုတ်နိုင်ဖို့လည်း လိုပါတယ်။သို့မှသာ ဦးကိုနီ လုပ်ကြံခံရခြင်းအပေါ် တရားမျှတမှုကို ရရှိဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဂျေငြိမ်း
ဖေဖော်ဝါရီ - ၂၃

( Zawgyi )

လြန္ခဲ့တဲ့ (၂) ႏွစ္။၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္ ညေနပိုင္း ရန္ကုန္ေလဆိပ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီက ဥပေဒအႀကံေပးျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ ကို ေသနတ္သမား ၾကည္လင္း က လုပ္ႀကံခဲ့ပါတယ္။

ရန္ကုန္ေလဆိပ္မွာ ဦးကိုနီ ကို ေသနတ္သမားတစ္ဦးက ပစ္သတ္လိုက္တယ္ဆိုတဲ့ သတင္းနဲ႔အတူ အြန္လိုင္းေပၚမွာ ေနာက္ဆက္တြဲသတင္းေတြ၊ ျဖစ္စဥ္ဓာတ္ပုံေတြဟာ ခ်က္ျခင္းဆိုသလို ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ေလဆိပ္အထြက္ ပလက္ေဖာင္းေပၚမွာ လဲက်ေနတဲ့ ဦးကိုနီ ရဲ႕ ခႏၶာကိုယ္၊ ျပဳစုကုသဖို႔ ႀကိဳးပမ္းေနသူတခ်ိဳ႕ ဓာတ္ပုံေတြပါဝင္ခဲ့သလို အဲဒီသတင္းေတြ၊ ဓာတ္ပုံေတြနဲ႔ မေရွးမေႏွာင္းမွာပဲ ကေလးငယ္ကို ေပြ႕ခ်ီထားတဲ့ ဦးကိုနီ ရဲ႕ ေနာက္ကေန ၾကည္လင္း က ေသနတ္နဲ႔ထိုးခ်ိန္ေနတဲ့ ဓာတ္ပုံလည္း အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။အဲဒီျမင္ကြင္းဟာ စိတ္မခ်မ္းေျမ့ဖြယ္ ျမင္ကြင္းအျဖစ္ စြဲထင္ခဲ့ပါတယ္။

အဲဒီလို ဦးကိုနီ ကို ေနာက္ကေန ထိုးခ်ိန္ပစ္ခတ္ၿပီးေနာက္ ထြက္ေျပးသြားခဲ့တဲ့ ေသနတ္သမား ၾကည္လင္း ကို ဖမ္းဆီးဖို႔ႀကိဳးပမ္းခဲ့တဲ့ အငွားယာဥ္ေမာင္းတစ္ဦး ေသနတ္ထိမွန္ ေသဆုံးခဲ့တယ္ဆိုတဲ့ သတင္းဟာလည္း ဦးကိုနီ ေသဆုံးမႈ သတင္းနဲ႔ ထပ္ၾကပ္မကြာ ထြက္ေပၚလာခဲ့ပါတယ္။ေသဆုံးခဲ့သူဟာ ကိုေနဝင္း ဆိုသူျဖစ္ၿပီး ၾကည္လင္း ရဲ႕ လက္ခ်က္နဲ႔ပဲ ေသဆုံးခဲ့ရတာျဖစ္ပါတယ္။

ဒီျဖစ္စဥ္အေပၚ တရားစြဲဆိုခဲ့တဲ့ အမႈဟာ ႐ုံးခ်ိန္းေပါင္း ၁၀၀ ေက်ာ္၊ ႏွစ္ဖက္သက္ေသ ၁၀၀ ေက်ာ္ ခ်ိန္းဆိုစစ္ေဆးမႈေတြနဲ႔အတူ (၂) ႏွစ္ေက်ာ္အၾကာမွာ ၿပီးဆုံးခဲ့ပါၿပီ။အဲဒီစီရင္ခ်က္ကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၅ ရက္က ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

အၿပီးသတ္စီရင္ခ်က္မွာ ဦးကိုနီ ကို လုပ္ႀကံခဲ့တဲ့အတြက္ ေသနတ္သမား ၾကည္လင္း နဲ႔ ေအာင္ဝင္းေဇာ္ ကို မေသမခ်င္း ႀကိဳးကြင္းစြပ္သတ္ေစဆိုတဲ့ ေသဒဏ္အမိန႔္ခ်မွတ္ခဲ့ၿပီး ကိုေနဝင္း ကို ေသေစခဲ့တဲ့အတြက္ ၾကည္လင္း က ေနာက္ထပ္ ေထာင္ဒဏ္ႏွစ္ ၂၀ ကိုပါ ပူးတြဲခ်မွတ္ခံရသလို လက္နက္ကိုင္ေဆာင္မႈအတြက္ အလုပ္နဲ႔ ေထာင္ဒဏ္ သုံးႏွစ္လည္း ခ်မွတ္ခဲ့ပါတယ္။

အမႈတြဲေတြျဖစ္တဲ့ ေဇယ်ာၿဖိဳး ကိုေတာ့ သက္ေသခံေပ်ာက္ပ်က္ေစျခင္း သို႔မဟုတ္ သတင္းမမွန္ေပးျခင္း ပုဒ္မ ၂၀၁ အရ ေထာင္ဒဏ္ ငါးႏွစ္၊ ေအာင္ဝင္းထြန္း က ျပစ္မႈက်ဴးလြန္သူကို လက္သင့္ခံခဲ့တဲ့အတြက္ ပုဒ္မ ၂၁၂ အရ ေထာင္ဒဏ္ သုံးႏွစ္ အသီးသီးခ်မွတ္လိုက္ပါတယ္။

အဲဒီလို အၿပီးသတ္စီရင္ခ်က္ အမိန႔္အသီးသီးခ်မွတ္ၿပီးခ်ိန္မွာပဲ ေဇယ်ာၿဖိဳး အေပၚ စီရင္မႈနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ထြက္ေပၚခဲ့ပါတယ္။ေဇယ်ာၿဖိဳးအေပၚ ကနဦးစြဲခ်က္တင္ထားတဲ့ လူသတ္မႈ ပုဒ္မ ၃၀၂ (၁)(ခ)/၃၄ ကေန သက္ေသခံေပ်ာက္ပ်က္ေစျခင္း သို႔မဟုတ္ သတင္းမမွန္ေပးျခင္း ပုဒ္မ ၂၀၁ ကို ေျပာင္းလဲျပစ္ဒဏ္သင့္ခဲ့တဲ့အေပၚ ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

ဦးကိုနီ ကို လုပ္ႀကံမႈမွာ အဓိကပါဝင္ပတ္သက္သူလို႔ စြပ္စြဲထားတဲ့ ေအာင္ဝင္းခိုင္ ကေတာ့ အမႈအၿပီးသတ္ စီရင္ခ်က္ခ်ၿပီးတဲ့အထိ တိုင္ ထြက္ေျပးလြတ္ေျမာက္ေနဆဲပဲ ျဖစ္ပါတယ္။ဦးကိုနီ လုပ္ႀကံခံရၿပီး ေနာက္ရက္ျဖစ္တဲ့ ဇန္နဝါရီ ၃၀ ရက္ကစၿပီး ေအာင္ဝင္းခိုင္ ဟာ လူျမင္ကြင္းကေန ေပ်ာက္ျခင္းမလွ ေပ်ာက္သြားပါတယ္။

ေပ်ာက္သြားခဲ့တဲ့ေနရာက ျမန္မာႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ေနျပည္ေတာ္မွာ ျဖစ္ပါတယ္။ေနျပည္ေတာ္ ပရေဆးဥယ်ာဥ္နားမွာ ေပ်ာက္သြားခဲ့တာပါ။ေနျပည္ေတာ္ထဲ ေအာင္ဝင္းခိုင္ ဝင္ထြက္ခဲ့မႈအေပၚ ေျခရာခံဖို႔ စီစီတီဗီေတြကို စစ္ျပန္ေတာ့လည္း မွတ္တမ္းက်န္မေနခဲ့ဘူးဆိုတဲ့ သတင္းစကားသာ ရၾကပါတယ္။

အဲဒီကေန တရားခံေျပးျဖစ္တဲ့ ေအာင္ဝင္းခိုင္ ကို ဖမ္းဆီးရမိေရးအတြက္ ၂၀၁၇ ခုႏွစ္ ဧၿပီ ၇ ရက္မွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ႏိုင္ငံတကာရဲတပ္ဖြဲ႕ (Interpol) နဲ႔ ခ်ိတ္ဆက္ၿပီး အနီေရာင္အဆင့္ ထုတ္ျပန္လိုက္ပါတယ္။
ေအာင္ဝင္းခိုင္ ကို ဖမ္းဆီးရမိေရး ႏိုင္ငံတကာပါ ခ်ိတ္ဆက္ေဆာင္႐ြက္တဲ့ သေဘာျဖစ္ပါတယ္။

ေအာင္ဝင္းခိုင္ ဖမ္းဆီးရမိေရး စီအိုင္ဒီက တာဝန္ယူထားသလို ႏိုင္ငံတကာရဲတပ္ဖြဲ႕ (Interpol) နဲ႔လည္း ခ်ိတ္ဆက္ထားဆဲ ျဖစ္ပါတယ္။ Interpol ရဲ႕ ဝက္ဘ္ဆိုက္မွာလည္း ေအာင္ဝင္းခိုင္ ကို အလိုရွိသူအျဖစ္ ေၾကညာထားဆဲ ျဖစ္ပါတယ္။

အခုေတာ့ ဦးကိုနီ လုပ္ႀကံခံရမႈ၊ ကိုေနဝင္း ေသဆုံးမႈတို႔အတြက္ ေျမာက္ပိုင္းခ႐ိုင္ တရား႐ုံး အထူးခုံ႐ုံးက အၿပီးသတ္စီရင္ခ်က္ ခ်မွတ္ၿပီးခဲ့ပါၿပီ။ဒီအေျခအေနအထိ ဦးကိုနီ လုပ္ႀကံခံရမႈမွာ အဓိက ပါဝင္ပတ္သက္သူလို႔ စြပ္စြဲခံထားရတဲ့ ေအာင္ဝင္းခိုင္ လြတ္ေျမာက္ေနျခင္းဟာ မတရားမႈ၊ မမွ်တမႈကို ျဖစ္ေစပါတယ္။
တရားမွ်တမႈကေန ေသြဖည္ေနေစပါတယ္။

ေအာင္ဝင္းခိုင္ ဟာ လက္စေဖ်ာက္ခံလိုက္ရၿပီလို႔ ယုံၾကည္ထားသူေတြ၊ သုံးသပ္သူေတြလည္း ရွိပါတယ္။မည္သို႔ပင္ဆိုေစ ဦးကိုနီ လုပ္ႀကံခံရမႈမွာ အဓိကလူအျဖစ္ ပါဝင္ပတ္သက္ေနတဲ့ ေအာင္ဝင္းခိုင္ တရားစီရင္ေရးလမ္းေၾကာင္းေပၚကို ေရာက္မလာျခင္းဟာ ဦးကိုနီ ေသဆုံးရျခင္းနဲ႔ ပတ္သက္ၿပီး တရားမွ်တမႈ ရွာေဖြရာမွာ မတရားမႈ၊ မမွ်တမႈကို ျဖစ္ေစပါတယ္။

ထိုနည္းတူပဲ အၿပီးသတ္စီရင္ခ်က္မွာ ေထာင္ဒဏ္ငါးႏွစ္သာ က်ခံေစဖို႔ အမိန႔္ခ်မွတ္ခံလိုက္ရတဲ့ ေဇယ်ာၿဖိဳး ဟာ ဦးကိုနီ ကို လုပ္ႀကံဖို႔အတြက္ ေနာက္ကြယ္က ေငြေၾကးစိုက္ထုတ္သူလို႔ သတင္းေတြထြက္၊ ထင္ေၾကးေတြထြက္ေနသူျဖစ္ၿပီး သူ႔အေပၚ အခုလို သက္ေသခံေပ်ာက္ပ်က္ေစျခင္း သို႔မဟုတ္ သတင္းမမွန္ေပးျခင္း ပုဒ္မ ၂၀၁ နဲ႔ ေထာင္ဒဏ္ငါးႏွစ္ ခ်မွတ္ျခင္းအေပၚလည္း ေဝဖန္မႈေတြ ျပင္းျပင္းျပင္းထန္ထန္ ထြက္ေပၚလ်က္ရွိပါတယ္။

အခုလို ေဇယ်ာၿဖိဳး အေပၚ ေထာင္ဒဏ္ငါးႏွစ္သာ ခ်မွတ္ျခင္းဟာ ဥပေဒအရ ညီၫြတ္မႈမရွိဘူးလို႔ ဦးကိုနီ ရဲ႕ အက်ိဳးေဆာင္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေနလ က ဆိုထားၿပီး အဲဒီအတြက္ ရာဇဝတ္ျပင္ဆင္မႈ တင္သြင္းမယ္လို႔လည္း ဆိုပါတယ္။

ထို႔အတူ ၾကည္လင္း အပါအဝင္ ေလးဦးကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မနဲ႔ ထပ္မံအေရးယူေပးဖို႔ ျမန္မာႏိုင္ငံ လြတ္လပ္ေသာေရွ႕ေနမ်ားအသင္းက ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ လႊတ္ေတာ္ဥကၠ႒တို႔ထံ အစီရင္ခံစာ တင္သြင္းေတာင္းဆိုဖို႔လည္း စီစဥ္ေနတယ္ဆိုတဲ့ သတင္းေတြ ဖတ္ရပါတယ္။

ေသနတ္သမား ၾကည္လင္း ေနာက္မွာ ေအာင္ဝင္းေဇာ္၊ ေအာင္ဝင္းေဇာ္ ေနာက္မွာ ေအာင္ဝင္းခိုင္၊ ေအာင္ဝင္းခိုင္ ရဲ႕ ေနာက္မွာရွိေနသူက ေဇယ်ာၿဖိဳး လား ဆိုတဲ့ ေမးခြန္းေတြဟာလည္း ရွိေနပါတယ္။ေအာင္ဝင္းခိုင္ ေနာက္မွာ ရွိေနသူက ေဇယ်ာၿဖိဳး မဟုတ္ခဲ့ဘူးဆိုရင္ေတာင္ အျခားတစ္ပါးေသာ လူပုဂၢိဳလ္တစ္ဦးကေတာ့ ရွိေနမွာ အေသအခ်ာပဲဆိုတဲ့ သုံးသပ္ခ်က္ေတြလည္း ရွိပါတယ္။

ဦးကိုနီ လုပ္ႀကံခံရမႈမွာ ၾကည္လင္း၊ ေအာင္ဝင္းေဇာ္၊ ေအာင္ဝင္းခိုင္ တို႔ရဲ႕ ေနာက္ကြယ္ကေန ႀကိဳးကိုင္ခိုင္းေစေနသူေတြ ရွိေနတယ္ဆိုတာကေတာ့ မလြဲတဲ့အမွန္တရား ျဖစ္ပါတယ္။

ဒီေတာ့ ဦးကိုနီ ေသဆုံးခဲ့ရမႈအေပၚ တရားမွ်တမႈ ရွာေဖြႏိုင္ဖို႔ဆိုရင္ေတာ့ ေအာင္ဝင္းခိုင္ ကို တရားစီရင္ေရး လမ္းေၾကာင္းေပၚ ဆြဲတင္ႏိုင္ဖို႔လိုမွာျဖစ္သလို ေအာင္ဝင္းခိုင္ ရဲ႕ ေနာက္ကြယ္က ေငြေၾကးေထာက္ပံ့ ကူညီေပးခဲ့တဲ့ အဓိက ပါဝင္ပတ္သက္ေနသူကိုလည္း ေဖာ္ထုတ္ၿပီး တရားစီရင္ေရး လမ္းေၾကာင္းေပၚ ဆြဲတင္လာဖို႔ လိုမွာျဖစ္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၅ ရက္က ခ်မွတ္လိုက္တဲ့ အၿပီးသတ္စီရင္ခ်က္နဲ႔တင္ ဦးကိုနီ လုပ္ႀကံခံရမႈကို ဇာတ္သိမ္းမသြားေစလိုပါဘူး။ေနာက္ကြယ္က ႀကိဳးကိုင္သူတို႔ကို ေဖာ္ထုတ္ႏိုင္ဖို႔လည္း လိုပါတယ္။သို႔မွသာ ဦးကိုနီ လုပ္ႀကံခံရျခင္းအေပၚ တရားမွ်တမႈကို ရရွိေဖာ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

ေဂ်ၿငိမ္း
ေဖေဖာ္ဝါရီ - ၂၃