【 ဆောင်းပါး 】 ''ဥပဒေဘက်တော်သား ကျင့်ဝတ်''

【 ဆောင်းပါး 】 ''ဥပဒေဘက်တော်သား ကျင့်ဝတ်''

ဥပဒေဘက်တော်သားတွေထဲမှာ ဘယ်သူတွေကို စာရင်းသွင်းသင့်ပါသလဲ။ရှေ့နေတွေ၊ ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အကုန်လုံးက ဥပဒေဘက်တော်သားတွေချည်းပဲပေါ့။

ဒါပေမယ့် သူတို့ကို ဥပဒေဘက်တော်သားအဖြစ် သတ်မှတ်မယ်ဆိုရင် အသတ်မှတ်ခံထိုက်သူတွေက သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျင့်ဝတ်စောင့်ထိန်းဖို့ လိုမှာဖြစ်ပါတယ်။အများနားလည်လွယ်အောင်နဲ့ အများနားလည်ထားတဲ့ သူတို့နဲ့ဆိုင်တဲ့ ကျင့်ဝတ်တွေက ဘက်မလိုက်တာ၊ ဥပဒေနဲ့အညီပဲ ဆောင်ရွက်တာ၊ အဂတိတရား ကင်းရှင်းတာတို့ပဲ ဖြစ်ပါတယ်။အဲဒီအချက်တွေနဲ့ ညီညွတ်ရင်တော့ ဥပဒေဘက်တော်သားဆိုပြီး ခေါ်ထိုက်မှာဖြစ်ပါတယ်။

အခုခေတ်က အဲဒီဥပဒေဘက်တော်သားအချို့ ကိုယ်တိုင် ဥပဒေချိုးဖောက်။ဘက်တွေကလိုက်။မမျှမတတွေဖြစ်။ငွေများတရားနိုင်။လုပ်ငန်းကမကျွမ်းကျင်။ဒါမျိုးသူတွေလည်း ရှိနေတာမို့ ပြည်သူတွေက တရားဥပဒေစိုးမိုးမှုအပေါ် အားမကိုးချင်ကြတော့တာ မဆန်းပါဘူး။ပြည်သူအကုန်လုံးကို မဆိုလိုပါဘူး။တရားဥပဒေစိုးမိုးမှုအပေါ် ယုံကြည်သေးတဲ့ ပြည်သူတွေလည်း ရှိပါသေးတယ်။အဲဒီလိုပြည်သူတွေကနေတစ်ဆင့် ပြည်သူအားလုံး ယုံကြည်မယ့် တရားဥပဒေစိုးမိုးရေး အကောင်းမြင်ဝါဒတွေ ကူးစက်စေဖို့ရာ အဲဒီဥပဒေဘက်တော်သား အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

ပြောသာပြောရတာပါ လတ်တလောမှာတင် ဥပဒေဘက်တော်သားအချို့ရဲ့ လုပ်နည်းလုပ်ဟန် လုပ်ငန်းဆောင်တာတွေအပေါ်ပြည်သူတွေ အားမရစိတ်တိုင်းမကျလို့ လူမှုကွန်ရက်တွေပေါ်က ဝေဖန်သံတွေလည်း ဆူညံနေဆဲပါပဲ။သက်ငယ်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ တလွဲအသုံးချခံရတဲ့ ဖြစ်စဉ်မျိုးလိုပေါ့။

အရင့်အရင်ကတော့ ဥပဒေဘက်တော်သားတွေဖြစ်တဲ့ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ ဆက်စပ်ပြီး ကျင့်ဝတ်တွေ ဥပဒေတွေကို ရေးခဲ့ဖူးပါတယ်။ရှေ့နေတွေနဲ့ ပတ်သက်လို့တော့ သီးသန့်မရေးဖူးသလောက်ပါပဲ။တစ်နေ့ တရားရုံးတွေနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းထဲ ပြန်ရောက်ဖြစ်တော့ ရှေ့နေကျင့်ဝတ်တွေအကြောင်း ပြောဖြစ်ကြပါတယ်။

ဒါနဲ့ ရှေ့နေအချို့နဲ့ ပတ်သက်တဲ့ ကိုယ်တွေ့ကြုံဖူးတာလေးတွေ သွားသတိရပါတယ်။ကိုယ့်အမှုသည် နိုင်ရင်ပြီးရော ဥပဒေနဲ့မညီတာတွေ လုပ်ပေးသူတွေလည်း ကြုံဖူးပါတယ်။အမှုနိုင်ရင် ရှေ့နေခကို ဘယ်လိုရာခိုင်နှုန်းနဲ့ တွက်ချက်ပေးဆိုပြီး ရှေ့နေခတောင်းတဲ့ ရှေ့နေတွေလည်း ကြုံဖူးပါတယ်။တချို့က ရှေ့နေခကို မတန်မရာတောင်းပါတယ် ။တချို့ကနှစ်ဘက်ချွန် ခွစားတာ။
တရားသူကြီးကို လာဘ်ပေးတာ။အမှုသည်ကို အလေးမထားတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

တစ်ခါ ကိုယ့်ကို သက်သေလိုက်ဖို့ဆိုပြီး လာအကူအညီတောင်းလို့ လိုက်သွားပေးဖူးပါတယ်။စာရွက်ပေါ်မှာ မေးခွန်းနဲ့ အဖြေ ၁၄ ခု ၁၅ ခုလောက်ပဲ ရေးထားတာကို တရားရုံးမှာ ထွက်ဆိုခါနီး နာရီဝက်တစ်နာရီလောက် အလိုမှ ဖတ်ခိုင်းပါတယ်။ဒါတွေမေးရင် ဒီလိုပဲဖြေပေးဖို့ပေါ့။အမှန်က သက်သေကို အမှုနဲ့ပတ်သက်လို့ သေချာမေးမြန်းဆွေးနွေးသင့်တာပါ။သိတာကိုပဲ ထွက်ခိုင်းပြီး လုံးဝမသိတာကို မထွက်ခိုင်းရင် အကောင်းဆုံးပေါ့။အဲဒီကနေမှ တစ်ဘက်ရှေ့နေက ဘယ်လိုတွေမေးလာရင် ဘယ်လိုတိတိကျကျ သေချာစဉ်းစားဖြေဖို့ စသဖြင့် တစ်ရက်နှစ်ရက် ကြိုပြီး အချိန်ယူဆွေးနွေးထားရင်တော့ ပိုကောင်းတာပေါ့။တချို့ရှေ့နေတွေဆိုရင် တကယ်ကို အမှုပေါ်မှာ အာရုံထားပြီး အမှုသည်ရော သက်သေတွေရောအပေါ်မှာ အချိန်ပေး ဆွေးနွေးလေ့ရှိပါတယ်။

ရှေ့နေအချို့ ကျင့်ဝတ်လိုက်နာမှု အားနည်းနေသေးတယ်လို့ဆိုတဲ့နေရာမှာ ကိုယ့်အမှုသည်ရဲ့လုပ်ရပ်မှားနေပေမယ့် ထောက်ခံပြီး လိုက်လံဆောင်ရွက်ပေးတာတွေလည်း ရှိပါတယ်။

ရှေ့နေတွေထဲမှာ ကျင့်ဝတ်လိုက်နာသူတွေရှိသလို မလိုက်နာသူတွေလည်းရှိပါတယ်။ကျင့်ဝတ်မလိုက်နာလို့ အရေးယူခံခဲ့ရတာတွေရှိသလို တရားရုံးကို မထီမဲ့မြင်မှုနဲ့ အရေးယူခံရတာတွေလည်း ရှိခဲ့ပါတယ်။အခုနောက်ပိုင်း ရှေ့နေအချို့က အမှုသည်ခိုင်းရင် ကျင့်ဝတ်နဲ့ ညီချင်ညီ၊ မညီချင်နေ ဥပဒေနဲ့ မညီလည်း လိုက်လုပ်ပေးနေတာတွေ ရှိနေတယ်လို့ အမှုသည်တွေဆီက ကြားနေရပါတယ်။

ရှေ့နေတွေအနေနဲ့ အမှုမပြီးဆုံးခင်မှာ ကိုယ့်အမှုသည်က မှန်သယောင်ပုံစံနဲ့ ဆောင်းပါးရေးတာမျိုးဆိုရင် ကျင့်ဝတ်နဲ့မညီတဲ့အပြင် တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ အရေးယူခံရနိုင်ပါတယ်။ကိုယ့်အမှုသည်က စွပ်စွဲခံထားရသူဆိုရင်တော့ ပိုဆိုးတာပေါ့။တရားရုံးမှာ အမှုလည်းရင်ဆိုင်ရော စွပ်စွဲခံရသူရဲ့ အကျိုးဆောင်ဟာ ဘယ်ဂျာနယ်က ဘယ်ဆောင်းပါးမှာ ဒီအမှုနဲ့ပတ်သက်ပြီး သူ့အမှုသည် မှန်သယောင် ရေးသားထားတာဟာဖြင့် တရားရုံးကို မထီမဲ့မြင်ပြုရာ ရောက်ပါတယ်လို့ တရားလိုရှေ့နေက တရားရုံးကို တင်ပြလာရင် တရားစွဲခံရနိုင်ပါတယ်။

ဒါကြောင့် ရှေ့နေတွေအနေနဲ့ ကိုယ့်အမှုမပြီးခင် ကိုယ့်ဘက်ကမှန်သယောင် ဆောင်းပါးရေးသားတာတွေကို ရှောင်ကျဉ်သင့်ပါတယ်။

ဒါ့ပြင် ရှေ့နေတွေအနေနဲ့ အမှုမပြီးဆုံးခင် ဆောင်းပါးရေးရင် အမှု အကြောင်းအရာပေါ်မှာ တရားရုံးက စစ်ဆေးပေါ်ပေါက်ချက်တွေကိုပဲ ရေးသားသင့်ပါတယ်။မှားသည် မှန်သည် မိမိထင်မြင်ချက်ကို မပေးသင့်ဘူးလို့လည်း ဝါရင့်ဥပဒေပညာရှင်ကြီးတွေက သတိပေးလေ့ရှိပါတယ်။

ရှေ့နေရှေ့ရပ်တွေရဲ့ ကျင့်ဝတ်သိက္ခာ လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်တွေကို ရှေ့နေလိုက်သူများအက်ဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားရုံးများလက်စွဲနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားလွှာတွေမှာ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

ရှေ့နေရှေ့ရပ်တွေဟာ တရားရုံးအပေါ် မထီမဲ့မြင်ပြုရာရောက်တဲ့ အပြုအမူတွေကို သတိထားရှောင်ရှားသင့်ပါတယ်။တရားရုံးအပေါ် မထီမဲ့မြင်ပြုမယ်ဆိုရင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၈ နဲ့ တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေပုဒ်မ ၁၀၊ ၁၁ ကို သတိထားဖို့လိုမှာ ဖြစ်ပါတယ်။

ပုဒ်မ ၂၂၈ က တရားစီရင်မှု ဆောင်ရွက်နေတဲ့ ပြည့်သူ့ဝန်ထမ်းကို တမင်စော်ကားနှောက်ယှက်သူတွေကို အရေးယူတဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ်ခြောက်လအထိ ချမှတ်လို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

အဲဒီလိုပဲ တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကို ကျူးလွန်ရင် တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေပုဒ်မ ၁၀ နဲ့ အရေးယူလို့ရပြီ ထောင်ဒဏ်ခြောက်လအထိ ချလို့ရပါတယ်။တရားရုံးကို တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကို ကျူးလွန်ရင် တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေပုဒ်မ ၁၁ နဲ့ အရေးယူလို့ရပြီး ကျပ်တစ်သိန်းထက် မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်ပြီး ငွေဒဏ်ချမှတ်ရုံနဲ့ လုံလောက်မှုမရှိလို့ ထင်မြင်ရင် သုံးလထက်မပိုတဲ့ တရားမထောင်ဒဏ်ကို ချမှတ်လို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

ရှေ့နေရှေ့ရပ်တွေဟာ တရားသူကြီးနဲ့ ခင်မင်ရင်းနှီးမှု၊ ဆွေမျိုးတော်စပ်မှုကို အကြောင်းပြုပြီး မလျော်တဲ့အခွင့်အရေးတွေကို ရယူဖို့ကြိုးစားတာ၊ တရားသူကြီးနဲ့ တရားရေးအကြံပေးတွေကို လာဘ်ပေးတာတို့ဟာ ကျင့်ဝတ်သိက္ခာနဲ့ လုံးဝညီညွတ်ခြင်းမရှိတာကို သတိပြုသင့်တယ်လို့ (ဗဟိုတရားရုံး၊ တရားမအထွေထွေမှု အမှတ် ၅ဝ၊ ၃ဝ.၉.၈၇ ရက်စွဲပါ စီရင်ချက်) (တရားရုံးချုပ်၊ ၁၉၈၉ ခုနှစ်၊ တရားမအထွေထွေမှုအမှတ် ၃၂၊ ၂၃.၈.၈၉ ရက်စွဲပါ စီရင်ချက်)'' ဆိုပြီး ရှေ့နေရှေ့ရပ်တွေရဲ့ ကျင့်ဝတ်သိက္ခာ၊ တာဝန်နဲ့အခွင့်အရေးတွေထဲမှာ ပါဝင်နေပါတယ်။

''ရှေ့နေရှေ့ရပ်များသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မည်သည့်နည်းနှင့်မဆို မိမိအမှုသည်ဘက်မှသာ ရပ်တည်မည်ဟူသော အတွေးအခေါ်မျိုးကို စွန့်လွှတ်သင့်ပါသည်''၊ ''ရှေ့နေရှေ့ရပ်များသည် မိမိအမှုသည်ဘက်က မှားယွင်းနေပါလျက် မုချနိုင်ရမည်ဟူသော ကတိပေးခြင်းမျိုးကို မပြုလုပ်အပ်ပါ''၊ ''ရှေ့နေရှေ့ရပ်များသည် အမှုသည်အား လမ်းမှန်သို့ရောက်အောင် ညွှန်ပြရန် တာဝန်ရှိသော ရှေ့ဆောင်ရှေ့ရွက်များ ဖြစ်ပါသည်။အမှုသည်က မလျော်သောကိစ္စကို စေခိုင်းလျှင်ဖြစ်စေ မှားယွင်းသော ယူဆချက်ဖြင့် အမှုလိုက်ခိုင်းလျှင်ဖြစ်စေ၊ မိမိအမှုသည်အား လမ်းမှန်ရောက်အောင် ညွှန်ပြရန် တာဝန်ရှိပါသည်။ထိုသို့ လမ်းမှန်ကို ညွှန်ပြသော်လည်း သဘောပေါက် ခြင်းမရှိပါက အမှုသည်အား ကြိုတင်အသိပေးပြီး အမှုမှ နုတ်ထွက်သင့်ပါသည်'' စသဖြင့်အဲဒီအချက်တွေကို ရှေ့နေချုပ်ရုံးက ထုတ်ဝေခဲ့တဲ့ ရှေ့နေရှေ့ရပ်တွေရဲ့ ကျင့်ဝတ်သိက္ခာ၊ တာဝန်နဲ့ အခွင့်အရေးတွေထဲမှာ ဖော်ပြထားပါတယ်။

ရှေ့နေရှေ့ရပ်လုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီးဖြစ်ဖြစ်၊ အခြားကိစ္စနဲ့ စပ်လျဉ်းပြီးဖြစ်ဖြစ်၊ အကျင့်သိက္ခာပျက်ပြားတဲ့ ရှေ့နေတစ်ဦးတစ်ယောက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သတိပေးတာ၊ ရှေ့နေလိုက်ခွင့် ရပ်ဆိုင်းတာ၊ ရှေ့နေအဖြစ်ကနေ ထုတ်ပယ်တာတွေကို ပြုလုပ်နိုင်ပါတယ်။

ဒါကြောင့်မို့ ဥပဒေဘက်တော်သားဖြစ်တဲ့ ရှေ့နေတွေက ကျင့်ဝတ်ကို အလေးထားလိုက်နာပြီး ဥပဒေကို ဖြောင့်ဖြောင့်မှန်မှန်နဲ့သာ အသုံးချနိုင်ကြမယ်ဆိုရင်ဖြင့် ပြည်သူတွေ ယုံကြည်တဲ့ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ရာရောက်မှာ ဖြစ်ပါတယ်လို့ အပြုသဘောဆောင် အကြံပြုလိုက်ပါရစေ။

သာဓက
ဇူလိုင် - ၆

( Zawgyi )

ဥပေဒဘက္ေတာ္သားေတြထဲမွာ ဘယ္သူေတြကို စာရင္းသြင္းသင့္ပါသလဲ။ေရွ႕ေနေတြ၊ ဥပေဒအရာရွိေတြ၊ တရားသူႀကီးေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ အကုန္လုံးက ဥပေဒဘက္ေတာ္သားေတြခ်ည္းပဲေပါ့။

ဒါေပမယ့္ သူတို႔ကို ဥပေဒဘက္ေတာ္သားအျဖစ္ သတ္မွတ္မယ္ဆိုရင္ အသတ္မွတ္ခံထိုက္သူေတြက သက္ဆိုင္ရာ နယ္ပယ္အလိုက္ က်င့္ဝတ္ေစာင့္ထိန္းဖို႔ လိုမွာျဖစ္ပါတယ္။အမ်ားနားလည္လြယ္ေအာင္နဲ႔ အမ်ားနားလည္ထားတဲ့ သူတို႔နဲ႔ဆိုင္တဲ့ က်င့္ဝတ္ေတြက ဘက္မလိုက္တာ၊ ဥပေဒနဲ႔အညီပဲ ေဆာင္႐ြက္တာ၊ အဂတိတရား ကင္းရွင္းတာတို႔ပဲ ျဖစ္ပါတယ္။အဲဒီအခ်က္ေတြနဲ႔ ညီၫြတ္ရင္ေတာ့ ဥပေဒဘက္ေတာ္သားဆိုၿပီး ေခၚထိုက္မွာျဖစ္ပါတယ္။

အခုေခတ္က အဲဒီဥပေဒဘက္ေတာ္သားအခ်ိဳ႕ ကိုယ္တိုင္ ဥပေဒခ်ိဳးေဖာက္။ဘက္ေတြကလိုက္။မမွ်မတေတြျဖစ္။ေငြမ်ားတရားႏိုင္။လုပ္ငန္းကမကြၽမ္းက်င္။ဒါမ်ိဳးသူေတြလည္း ရွိေနတာမို႔ ျပည္သူေတြက တရားဥပေဒစိုးမိုးမႈအေပၚ အားမကိုးခ်င္ၾကေတာ့တာ မဆန္းပါဘူး။ျပည္သူအကုန္လုံးကို မဆိုလိုပါဘူး။တရားဥပေဒစိုးမိုးမႈအေပၚ ယုံၾကည္ေသးတဲ့ ျပည္သူေတြလည္း ရွိပါေသးတယ္။အဲဒီလိုျပည္သူေတြကေနတစ္ဆင့္ ျပည္သူအားလုံး ယုံၾကည္မယ့္ တရားဥပေဒစိုးမိုးေရး အေကာင္းျမင္ဝါဒေတြ ကူးစက္ေစဖို႔ရာ အဲဒီဥပေဒဘက္ေတာ္သား အားလုံးရဲ႕ တာဝန္ျဖစ္ပါတယ္။

ေျပာသာေျပာရတာပါ လတ္တေလာမွာတင္ ဥပေဒဘက္ေတာ္သားအခ်ိဳ႕ရဲ႕ လုပ္နည္းလုပ္ဟန္ လုပ္ငန္းေဆာင္တာေတြအေပၚျပည္သူေတြ အားမရစိတ္တိုင္းမက်လို႔ လူမႈကြန္ရက္ေတြေပၚက ေဝဖန္သံေတြလည္း ဆူညံေနဆဲပါပဲ။သက္ငယ္ပိုင္းမွာ လိင္ပိုင္းဆိုင္ရာ တလြဲအသုံးခ်ခံရတဲ့ ျဖစ္စဥ္မ်ိဳးလိုေပါ့။

အရင့္အရင္ကေတာ့ ဥပေဒဘက္ေတာ္သားေတြျဖစ္တဲ့ တရားသူႀကီးေတြ၊ ဥပေဒအရာရွိေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ပတ္သက္လို႔ ဆက္စပ္ၿပီး က်င့္ဝတ္ေတြ ဥပေဒေတြကို ေရးခဲ့ဖူးပါတယ္။ေရွ႕ေနေတြနဲ႔ ပတ္သက္လို႔ေတာ့ သီးသန႔္မေရးဖူးသေလာက္ပါပဲ။တစ္ေန႔ တရား႐ုံးေတြနဲ႔ နီးစပ္တဲ့အသိုင္းဝိုင္းထဲ ျပန္ေရာက္ျဖစ္ေတာ့ ေရွ႕ေနက်င့္ဝတ္ေတြအေၾကာင္း ေျပာျဖစ္ၾကပါတယ္။

ဒါနဲ႔ ေရွ႕ေနအခ်ိဳ႕နဲ႔ ပတ္သက္တဲ့ ကိုယ္ေတြ႕ႀကဳံဖူးတာေလးေတြ သြားသတိရပါတယ္။ကိုယ့္အမႈသည္ ႏိုင္ရင္ၿပီးေရာ ဥပေဒနဲ႔မညီတာေတြ လုပ္ေပးသူေတြလည္း ႀကဳံဖူးပါတယ္။အမႈႏိုင္ရင္ ေရွ႕ေနခကို ဘယ္လိုရာခိုင္ႏႈန္းနဲ႔ တြက္ခ်က္ေပးဆိုၿပီး ေရွ႕ေနခေတာင္းတဲ့ ေရွ႕ေနေတြလည္း ႀကဳံဖူးပါတယ္။တခ်ိဳ႕က ေရွ႕ေနခကို မတန္မရာေတာင္းပါတယ္ ။တခ်ိဳ႕ကႏွစ္ဘက္ခြၽန္ ခြစားတာ။
တရားသူႀကီးကို လာဘ္ေပးတာ။အမႈသည္ကို အေလးမထားတာ စသျဖင့္ အမ်ိဳးမ်ိဳးရွိပါတယ္။

တစ္ခါ ကိုယ့္ကို သက္ေသလိုက္ဖို႔ဆိုၿပီး လာအကူအညီေတာင္းလို႔ လိုက္သြားေပးဖူးပါတယ္။စာ႐ြက္ေပၚမွာ ေမးခြန္းနဲ႔ အေျဖ ၁၄ ခု ၁၅ ခုေလာက္ပဲ ေရးထားတာကို တရား႐ုံးမွာ ထြက္ဆိုခါနီး နာရီဝက္တစ္နာရီေလာက္ အလိုမွ ဖတ္ခိုင္းပါတယ္။ဒါေတြေမးရင္ ဒီလိုပဲေျဖေပးဖို႔ေပါ့။အမွန္က သက္ေသကို အမႈနဲ႔ပတ္သက္လို႔ ေသခ်ာေမးျမန္းေဆြးေႏြးသင့္တာပါ။သိတာကိုပဲ ထြက္ခိုင္းၿပီး လုံးဝမသိတာကို မထြက္ခိုင္းရင္ အေကာင္းဆုံးေပါ့။အဲဒီကေနမွ တစ္ဘက္ေရွ႕ေနက ဘယ္လိုေတြေမးလာရင္ ဘယ္လိုတိတိက်က် ေသခ်ာစဥ္းစားေျဖဖို႔ စသျဖင့္ တစ္ရက္ႏွစ္ရက္ ႀကိဳၿပီး အခ်ိန္ယူေဆြးေႏြးထားရင္ေတာ့ ပိုေကာင္းတာေပါ့။တခ်ိဳ႕ေရွ႕ေနေတြဆိုရင္ တကယ္ကို အမႈေပၚမွာ အာ႐ုံထားၿပီး အမႈသည္ေရာ သက္ေသေတြေရာအေပၚမွာ အခ်ိန္ေပး ေဆြးေႏြးေလ့ရွိပါတယ္။

ေရွ႕ေနအခ်ိဳ႕ က်င့္ဝတ္လိုက္နာမႈ အားနည္းေနေသးတယ္လို႔ဆိုတဲ့ေနရာမွာ ကိုယ့္အမႈသည္ရဲ႕လုပ္ရပ္မွားေနေပမယ့္ ေထာက္ခံၿပီး လိုက္လံေဆာင္႐ြက္ေပးတာေတြလည္း ရွိပါတယ္။

ေရွ႕ေနေတြထဲမွာ က်င့္ဝတ္လိုက္နာသူေတြရွိသလို မလိုက္နာသူေတြလည္းရွိပါတယ္။က်င့္ဝတ္မလိုက္နာလို႔ အေရးယူခံခဲ့ရတာေတြရွိသလို တရား႐ုံးကို မထီမဲ့ျမင္မႈနဲ႔ အေရးယူခံရတာေတြလည္း ရွိခဲ့ပါတယ္။အခုေနာက္ပိုင္း ေရွ႕ေနအခ်ိဳ႕က အမႈသည္ခိုင္းရင္ က်င့္ဝတ္နဲ႔ ညီခ်င္ညီ၊ မညီခ်င္ေန ဥပေဒနဲ႔ မညီလည္း လိုက္လုပ္ေပးေနတာေတြ ရွိေနတယ္လို႔ အမႈသည္ေတြဆီက ၾကားေနရပါတယ္။

ေရွ႕ေနေတြအေနနဲ႔ အမႈမၿပီးဆုံးခင္မွာ ကိုယ့္အမႈသည္က မွန္သေယာင္ပုံစံနဲ႔ ေဆာင္းပါးေရးတာမ်ိဳးဆိုရင္ က်င့္ဝတ္နဲ႔မညီတဲ့အျပင္ တရား႐ုံးကို မထီမဲ့ျမင္ျပဳမႈနဲ႔ အေရးယူခံရႏိုင္ပါတယ္။ကိုယ့္အမႈသည္က စြပ္စြဲခံထားရသူဆိုရင္ေတာ့ ပိုဆိုးတာေပါ့။တရား႐ုံးမွာ အမႈလည္းရင္ဆိုင္ေရာ စြပ္စြဲခံရသူရဲ႕ အက်ိဳးေဆာင္ဟာ ဘယ္ဂ်ာနယ္က ဘယ္ေဆာင္းပါးမွာ ဒီအမႈနဲ႔ပတ္သက္ၿပီး သူ႔အမႈသည္ မွန္သေယာင္ ေရးသားထားတာဟာျဖင့္ တရား႐ုံးကို မထီမဲ့ျမင္ျပဳရာ ေရာက္ပါတယ္လို႔ တရားလိုေရွ႕ေနက တရား႐ုံးကို တင္ျပလာရင္ တရားစြဲခံရႏိုင္ပါတယ္။

ဒါေၾကာင့္ ေရွ႕ေနေတြအေနနဲ႔ ကိုယ့္အမႈမၿပီးခင္ ကိုယ့္ဘက္ကမွန္သေယာင္ ေဆာင္းပါးေရးသားတာေတြကို ေရွာင္က်ဥ္သင့္ပါတယ္။

ဒါ့ျပင္ ေရွ႕ေနေတြအေနနဲ႔ အမႈမၿပီးဆုံးခင္ ေဆာင္းပါးေရးရင္ အမႈ အေၾကာင္းအရာေပၚမွာ တရား႐ုံးက စစ္ေဆးေပၚေပါက္ခ်က္ေတြကိုပဲ ေရးသားသင့္ပါတယ္။မွားသည္ မွန္သည္ မိမိထင္ျမင္ခ်က္ကို မေပးသင့္ဘူးလို႔လည္း ဝါရင့္ဥပေဒပညာရွင္ႀကီးေတြက သတိေပးေလ့ရွိပါတယ္။

ေရွ႕ေနေရွ႕ရပ္ေတြရဲ႕ က်င့္ဝတ္သိကၡာ လုပ္ထုံးလုပ္နည္းဆိုင္ရာ လမ္းၫႊန္ခ်က္ေတြကို ေရွ႕ေနလိုက္သူမ်ားအက္ဥပေဒ၊ တရားမက်င့္ထုံးဥပေဒ၊ သက္ေသခံဥပေဒ၊ တရား႐ုံးမ်ားလက္စြဲနဲ႔ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ ၫႊန္ၾကားလႊာေတြမွာ ေတြ႕ရွိႏိုင္မွာ ျဖစ္ပါတယ္။

ေရွ႕ေနေရွ႕ရပ္ေတြဟာ တရား႐ုံးအေပၚ မထီမဲ့ျမင္ျပဳရာေရာက္တဲ့ အျပဳအမူေတြကို သတိထားေရွာင္ရွားသင့္ပါတယ္။တရား႐ုံးအေပၚ မထီမဲ့ျမင္ျပဳမယ္ဆိုရင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၂၈ နဲ႔ တရား႐ုံးမ်ားကို မထီမဲ့ျမင္ျပဳမႈဥပေဒပုဒ္မ ၁၀၊ ၁၁ ကို သတိထားဖို႔လိုမွာ ျဖစ္ပါတယ္။

ပုဒ္မ ၂၂၈ က တရားစီရင္မႈ ေဆာင္႐ြက္ေနတဲ့ ျပည့္သူ႔ဝန္ထမ္းကို တမင္ေစာ္ကားေႏွာက္ယွက္သူေတြကို အေရးယူတဲ့ ပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္ေျခာက္လအထိ ခ်မွတ္လို႔ရတဲ့ ပုဒ္မျဖစ္ပါတယ္။

အဲဒီလိုပဲ တရား႐ုံးကို ျပစ္မႈဆိုင္ရာ မထီမဲ့ျမင္ျပဳမႈကို က်ဴးလြန္ရင္ တရား႐ုံးမ်ားကို မထီမဲ့ျမင္ျပဳမႈဥပေဒပုဒ္မ ၁၀ နဲ႔ အေရးယူလို႔ရၿပီ ေထာင္ဒဏ္ေျခာက္လအထိ ခ်လို႔ရပါတယ္။တရား႐ုံးကို တရားမဆိုင္ရာ မထီမဲ့ျမင္ျပဳမႈကို က်ဴးလြန္ရင္ တရား႐ုံးမ်ားကို မထီမဲ့ျမင္ျပဳမႈဥပေဒပုဒ္မ ၁၁ နဲ႔ အေရးယူလို႔ရၿပီး က်ပ္တစ္သိန္းထက္ မပိုတဲ့ ေငြဒဏ္ခ်မွတ္ႏိုင္ၿပီး ေငြဒဏ္ခ်မွတ္႐ုံနဲ႔ လုံေလာက္မႈမရွိလို႔ ထင္ျမင္ရင္ သုံးလထက္မပိုတဲ့ တရားမေထာင္ဒဏ္ကို ခ်မွတ္လို႔ရတဲ့ ပုဒ္မျဖစ္ပါတယ္။

ေရွ႕ေနေရွ႕ရပ္ေတြဟာ တရားသူႀကီးနဲ႔ ခင္မင္ရင္းႏွီးမႈ၊ ေဆြမ်ိဳးေတာ္စပ္မႈကို အေၾကာင္းျပဳၿပီး မေလ်ာ္တဲ့အခြင့္အေရးေတြကို ရယူဖို႔ႀကိဳးစားတာ၊ တရားသူႀကီးနဲ႔ တရားေရးအႀကံေပးေတြကို လာဘ္ေပးတာတို႔ဟာ က်င့္ဝတ္သိကၡာနဲ႔ လုံးဝညီၫြတ္ျခင္းမရွိတာကို သတိျပဳသင့္တယ္လို႔ (ဗဟိုတရား႐ုံး၊ တရားမအေထြေထြမႈ အမွတ္ ၅ဝ၊ ၃ဝ.၉.၈၇ ရက္စြဲပါ စီရင္ခ်က္) (တရား႐ုံးခ်ဳပ္၊ ၁၉၈၉ ခုႏွစ္၊ တရားမအေထြေထြမႈအမွတ္ ၃၂၊ ၂၃.၈.၈၉ ရက္စြဲပါ စီရင္ခ်က္)'' ဆိုၿပီး ေရွ႕ေနေရွ႕ရပ္ေတြရဲ႕ က်င့္ဝတ္သိကၡာ၊ တာဝန္နဲ႔အခြင့္အေရးေတြထဲမွာ ပါဝင္ေနပါတယ္။

''ေရွ႕ေနေရွ႕ရပ္မ်ားသည္ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ မည္သည့္နည္းႏွင့္မဆို မိမိအမႈသည္ဘက္မွသာ ရပ္တည္မည္ဟူေသာ အေတြးအေခၚမ်ိဳးကို စြန႔္လႊတ္သင့္ပါသည္''၊ ''ေရွ႕ေနေရွ႕ရပ္မ်ားသည္ မိမိအမႈသည္ဘက္က မွားယြင္းေနပါလ်က္ မုခ်ႏိုင္ရမည္ဟူေသာ ကတိေပးျခင္းမ်ိဳးကို မျပဳလုပ္အပ္ပါ''၊ ''ေရွ႕ေနေရွ႕ရပ္မ်ားသည္ အမႈသည္အား လမ္းမွန္သို႔ေရာက္ေအာင္ ၫႊန္ျပရန္ တာဝန္ရွိေသာ ေရွ႕ေဆာင္ေရွ႕႐ြက္မ်ား ျဖစ္ပါသည္။အမႈသည္က မေလ်ာ္ေသာကိစၥကို ေစခိုင္းလွ်င္ျဖစ္ေစ မွားယြင္းေသာ ယူဆခ်က္ျဖင့္ အမႈလိုက္ခိုင္းလွ်င္ျဖစ္ေစ၊ မိမိအမႈသည္အား လမ္းမွန္ေရာက္ေအာင္ ၫႊန္ျပရန္ တာဝန္ရွိပါသည္။ထိုသို႔ လမ္းမွန္ကို ၫႊန္ျပေသာ္လည္း သေဘာေပါက္ ျခင္းမရွိပါက အမႈသည္အား ႀကိဳတင္အသိေပးၿပီး အမႈမွ ႏုတ္ထြက္သင့္ပါသည္'' စသျဖင့္အဲဒီအခ်က္ေတြကို ေရွ႕ေနခ်ဳပ္႐ုံးက ထုတ္ေဝခဲ့တဲ့ ေရွ႕ေနေရွ႕ရပ္ေတြရဲ႕ က်င့္ဝတ္သိကၡာ၊ တာဝန္နဲ႔ အခြင့္အေရးေတြထဲမွာ ေဖာ္ျပထားပါတယ္။

ေရွ႕ေနေရွ႕ရပ္လုပ္ငန္းေတြနဲ႔ စပ္လ်ဥ္းၿပီးျဖစ္ျဖစ္၊ အျခားကိစၥနဲ႔ စပ္လ်ဥ္းၿပီးျဖစ္ျဖစ္၊ အက်င့္သိကၡာပ်က္ျပားတဲ့ ေရွ႕ေနတစ္ဦးတစ္ေယာက္ကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က သတိေပးတာ၊ ေရွ႕ေနလိုက္ခြင့္ ရပ္ဆိုင္းတာ၊ ေရွ႕ေနအျဖစ္ကေန ထုတ္ပယ္တာေတြကို ျပဳလုပ္ႏိုင္ပါတယ္။

ဒါေၾကာင့္မို႔ ဥပေဒဘက္ေတာ္သားျဖစ္တဲ့ ေရွ႕ေနေတြက က်င့္ဝတ္ကို အေလးထားလိုက္နာၿပီး ဥပေဒကို ေျဖာင့္ေျဖာင့္မွန္မွန္နဲ႔သာ အသုံးခ်ႏိုင္ၾကမယ္ဆိုရင္ျဖင့္ ျပည္သူေတြ ယုံၾကည္တဲ့ တရားဥပေဒစိုးမိုးေရးကို တည္ေဆာက္ရာမွာ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္အျဖစ္ ပါဝင္ရာေရာက္မွာ ျဖစ္ပါတယ္လို႔ အျပဳသေဘာေဆာင္ အႀကံျပဳလိုက္ပါရေစ။

သာဓက
ဇူလိုင္ - ၆