【 ဆောင်းပါး 】 ''အသင်း၊ သတင်းနဲ့ လျှို့ဝှက်ချက်''

【 ဆောင်းပါး 】 ''အသင်း၊ သတင်းနဲ့ လျှို့ဝှက်ချက်''

အခုခေတ် သတင်းသမားလုပ်ရတာလည်း တကယ်မလွယ်ပါဘူး။မကျေနပ်လို့ သတင်းထောက်ကို ခြိမ်းခြောက်ပြီး ပါးခေါ်ရိုက်တဲ့သူနဲ့ ထိုင်ထလုပ်ခိုင်းတဲ့သူနဲ့ အမျိုးကို စုံနေတာပါပဲ။အဲဒီတော့ သတင်းသမားတွေနဲ့ မကြာမကြာ ထိပ်တိုက်တွေ့တဲ့သူတွေထဲမှာ အပြင်လူအချို့ပဲ ပါတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။အခန့်မသင့်ရင် အစိုးရကနေ တရားစွဲတာတွေကလည်း ရှိပါသေးတယ်။

အရင်ခေတ် မီဒီယာသိပ်မဖွံ့ဖြိုးခင်ကာလကလည်း အဲဒီကာလအလျောက် နှိပ်ကွပ်ခံရတဲ့ မီဒီယာသမားတွေ ရှိခဲ့ပါတယ်။အခုလို မီဒီယာဖွံ့ဖြိုးပြီး ပွင့်လင်းမြင်သာတဲ့ခေတ် ဆိုတော့လည်း အခုခေတ်အလျောက် နှိပ်ကွပ်ခံရတဲ့ မီဒီယာသမားတွေ ရှိနေပါတယ်။အခုက ပွင့်လင်းမြင်သာတဲ့ ခေတ်မို့လားတော့ မပြောတတ်ဘူး။မီဒီယာဆိုရင်ကို အဘက်ဘက်က ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာကို နှိပ်ကွပ်တော့တာပဲလို့တောင် ထင်မှတ်ယူဆစရာရှိပါတယ်။ဘာလို့လဲဆိုတော့ မီဒီယာသမားတွေ နှိပ်ကွပ်ခံရတာတွေက အရင်ခေတ်တွေကထက် အခုခေတ်လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ကို မကြာမကြာ ကြားလာရတာကိုး။သတင်းသမားတွေ တရားစွဲခံရနိုင်တဲ့ ပိုပြီးသတိထားရမယ့် ဥပဒေတွေကလည်း ပိုပြီးများလာသလိုပါပဲ။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ အများပြည်သူအကျိုး ပျက်စီးအောင် ဖော်ပြချက်ဆိုပြီး အရေးယူတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅၊ တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေ၊ သတင်းမီဒီယာ ဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ၊ မတရားအသင်းများ အက်ဥပဒေ၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု အစရှိသဖြင့် ဥပဒေပုဒ်မတွေကို အစုံပါပဲ။တချို့ဥပဒေတွေဆို အရင်ခေတ်တွေကလည်း ရှိခဲ့ပေမယ့် သတင်းသမားတွေကို အရေးယူတဲ့နေရာမှာ အသုံးနည်းခဲ့ပါတယ်။ဒါပေမယ့် ဒီဘက်ခေတ်ထဲရောက်မှ အသုံးပိုလာသလိုပါပဲ။

ဒီမိုကရေစီစနစ် အကူးအပြောင်းကာလ ဒီဘက်ခေတ်ထဲရောက်မှ ဆက်သွယ်ရေးဥပဒေတို့ သတင်းမီဒီယာဥပဒေတို့က ပေါ်ပေါက်လာတာဖြစ်ပြီး သတင်းမီဒီယာဥပဒေက အသုံးနည်းပေမယ့် ဆက်သွယ်ရေးဥပဒေကတော့ ဆက်သွယ်ရေးကွန်ရက် အသုံးပြုလို့ သတင်းဖော်ပြမှု၊ ဝေဖန်မှုတွေအပေါ် အရေးယူဖို့ အသုံးများလာတာ တွေ့ရပါတယ်။

တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေတို့၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့၊ မတရားအသင်းများ အက်ဥပဒေတို့နဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုတို့ကို သတင်းသမားတွေ အရေးယူတဲ့နေရာမှာ အများအပြားသုံးနေတာ မဟုတ်ပေမယ့် သတင်းသမားတွေကို အဲဒီဥပဒေတွေနဲ့လည်း အရေးယူလို့ရတယ်၊ တချို့သတင်းသမားတွေရဲ့ လုပ်ရပ်နဲ့ ရေးသားဖော်ပြချက်တွေက အဲဒီဥပဒေတွေနဲ့ ငြိစွန်းနိုင်တယ်ဆိုပြီး ပြောဆိုမှုတွေရှိလာတာမို့ သတင်းသမားတွေ သတိထားရမယ့် ဥပဒေတွေအထဲမှာ အဲဒီဥပဒေတွေက ပါဝင်လာတာ ဖြစ်ပါတယ်။အဲဒီဥပဒေတွေထဲကမှ သတင်းသမားတွေ သတိထားသင့်တဲ့ မတရားအသင်းများ အက်ဥပဒေဆိုတာကြီး အကြောင်းကို ပြောပြချင်ပါတယ်။ဘာလို့လဲဆိုတော့ အဲဒီဥပဒေနဲ့ ပတ်သက်လို့ သတင်းသမားအချို့ အမှတ်မှားနေတာလေးတွေကိုပါ။

အများစုကထင်ကြပါတယ်။နိုင်ငံတော်အစိုးရက မတရားအသင်းဆိုပြီး ကြေညာထားတာမဟုတ်ရင် အဲဒီအသင်းက ဘာလုပ်နေနေ ဆက်သွယ် သတင်းမေး သတင်းရေး သတင်းဖလှယ်ရင် မတရားအသင်းများ အက်ဥပဒေနဲ့ အရေးယူမခံရနိုင်ဘူးလို့ ထင်နေကြပါတယ်။နောက်တစ်ချက်က မတရားအသင်းဆိုပြီး ကြေညာထားတဲ့ အသင်းကနေ အစိုးရက ပယ်ဖျက်လိုက်ပြီဆိုရင် အဲဒီအသင်းကို မတရားအသင်းအဖြစ် ပြန်မကြေညာသရွေ့ ဆက်သွယ် သတင်းမေး သတင်းရေး သတင်းဖလှယ်လို့ရတယ် ဆိုပြီးတော့လည်း ယူဆတဲ့သူအချို့ ရှိနေပါတယ်။အဲဒါကြောင့် ဒီဥပဒေနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြချင်ပါတယ်။

မတရားအသင်းများ အက်ဥပဒေကို ၁၉၀၈ ခုနှစ်ကတည်းက ပြဌာန်းထားတာဖြစ်ပါတယ်။၁၉၀၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ အာဏာတည်ပါတယ်။အကြမ်းဖက်မှူကိုဖြစ်ဖြစ်၊ ခြိမ်းခြောက်မှူကိုဖြစ်ဖြစ် ကျူးလွန်ဖို့အားပေးတဲ့ ကူညီတဲ့အသင်းက မတရားအသင်းဖြစ်ပါတယ်။ဒါမှမဟုတ် အသင်းအဖွဲ့ဝင်တွေက အဲဒီအပြုအမူတွေကို ကျူးလွန်လေ့ရှိတဲ့ အသင်းကိုလည်း မတရားအသင်းအဖြစ် သတ်မှတ်ပါတယ်။အဲဒီလို သတ်မှတ်ချက်ကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅ (၂) (က) မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ဒါ့ပြင် နိုင်ငံတော်သမ္မတက မတရားအသင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် အသင်းတစ်ခုခုကလည်း မတရားအသင်းဖြစ်တယ်လို့ မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅ (၂) (ခ) မှာ ဆိုပါတယ်။ဒီနေရာမှာ သတိပြုရမှာက ပုဒ်မ ၁၅ (၂) (ခ) အရ မတရားအသင်းအဖြစ် မကြေညာပေမယ့်လည်း ပုဒ်မ ၁၅ (၂) (က) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာ အကျုံးဝင်သက်ဆိုင်နေရင် မတရားအသင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။နိုင်ငံတော်အစိုးရက မတရားအသင်းဆိုပြီး ကြေညာထားတာမဟုတ်ရင် အဲဒီအသင်းက ဘာလုပ်နေနေ မတရားအသင်းများ အက်ဥပဒေနဲ့ အရေးယူမခံရနိုင်ဘူးဆိုပြီး ပြဌာန်းထားတဲ့အချက်မျိုး ဒီဥပဒေရဲ့ ပြဌာန်းချက်တွေထဲမှာ မပါဝင်ပါဘူး။အဲဒီလိုပဲ မတရားအသင်းဆိုပြီး ကြေညာထားတဲ့ အသင်းကနေ အစိုးရက ပယ်ဖျက်လိုက်ပြီဆိုရင် အဲဒီအသင်းကို မတရားအသင်းအဖြစ် ပြန်မကြေညာသရွေ့ ဒီဥပဒေအရ အရေးယူလို့မရပါဘူး ဆိုပြီးတော့လည်း မပြဌာန်းထားပါဘူး။အဲဒီတော့ မတရားအသင်းအဖြစ် မကြေညာထားသည်ဖြစ်စေ၊ မတရားအသင်းကနေ ပြန်ပယ်ဖျက်ထားလိုက်သည်ဖြစ်စေ အဲဒီအသင်းရဲ့ ထပ်မံလုပ်ဆောင်မှုတွေက အကြမ်းဖက်မှူကိုဖြစ်ဖြစ်၊ ခြိမ်းခြောက်မှူကိုဖြစ်ဖြစ် ကျူးလွန်ဖို့ အားပေးကူညီတဲ့ အပြုအမူတွေ ပြန်လည်လုပ်ဆောင်လာမယ်ဆိုရင် အလိုလို မတရားအသင်းဖြစ်သွားမှာပါ။ဥပမာ - မတရားအသင်းကနေ ဒီနေ့ပယ်ဖျက်လိုက်တယ်။မနက်ဖြန်မှာ မတရားအသင်းပုံစံ ပြန်လည်လုပ်ဆောင်မယ်ဆိုရင် အစိုးရက မကြေညာလည်းပဲ အလိုလို မတရားအသင်း ပြန်ဖြစ်သွားမှာပါပဲ။အဲဒီလိုအသင်းကို သွားပြီးဆက်သွယ်မိရင် အဲဒီသတင်းသမားက အဲဒီဥပဒေနဲ့ တရားစွဲခံရနိုင်ပါတယ်။

''မည်သူမဆို မတရားအသင်းဝင်ဖြစ်လျှင်သော် လည်းကောင်း၊ ထိုအသင်း၏ အစည်းအဝေးများတွင် ဝင်ရောက်ဆင်နွှဲလျှင်သော် လည်းကောင်း၊ ထိုအသင်းအတွက် ငွေများ ရိက္ခာများ ထောက်ပံ့ခြင်း ရယူခြင်း တောင်းဆိုခြင်း ပြုလျှင်သော် လည်းကောင်း ထိုအသင်း၏ လုပ်ငန်းဆောင်တာများတွင် တစ်နည်းနည်းဖြင့် ကူညီခြင်းပြုလျှင်သော် လည်းကောင်း အနည်းဆုံး ထောင်ဒဏ်နှစ်နှစ်နှင့် အများဆုံး ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ စီရင်ခြင်းခံရမည်'' လို့ မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၇ (၁) မှာ ပြဌာန်းထားပါတယ်။

အလားတူပဲ ''မည်သူမဆို မတရားအသင်းတစ်ခုခုကို အုပ်ချုပ်ကွပ်ကဲခြင်း၊ အုပ်ချုပ်ကွပ်ကဲခြင်းကို ကူညီခြင်း၊ ထိုအသင်း၏ အစည်းအဝေးကို ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်း၊ ဖြစ်မြောက်အောင် ဆောင်ရွက်ရာ၌ ကူညီခြင်းတို့ကို ပြုမူလျှင် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်နှင့် အများဆုံး ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ စီရင်ခြင်းခံရမည်'' ဆိုပြီး မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၇ (၂) မှာ ပြဌာန်းထားပါတယ်။ဒါကြောင့် မတရားအသင်းများ အက်ဥပဒေနဲ့ ပတ်သက်လို့ သတင်းသမားတွေ သတိထားသင့်တာ ဖြစ်ပါတယ်။

နောက်ထပ်သတိထားသင့်တဲ့ ဥပဒေတစ်ခုက မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြစ်ပြီး ၁၉၂၃ ခုနှစ်ကတည်းက ပြဌာန်းထားတာ ဖြစ်ပါတယ်။၁၉၂၃ ခုနှစ် ၄ လပိုင်း၂ ရက်နေ့ကတည်းက အာဏာတည်ခဲ့တာ ဖြစ်ပါတယ်။ဒီဥပဒေက တစ်နိုင်ငံလုံးမှာ အာဏာသက်ရောက်တာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ အပါအဝင် နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။ဘာလို့ ဒီဥပဒေကို သတိထားသင့်တယ် ပြောရတာလည်းဆိုတော့ အကြောင်းရှိပါတယ်။သတင်းသမားအချို့က သတင်းရေးမယ်ဆိုရင် အသံဖမ်းထားတဲ့ ဖိုင်၊ စာရွက်စာတမ်း အချက်အလက်ကို သက်သေအနေနဲ့ သိမ်းထားတတ်ပါတယ်။အသံဖိုင်ကို သက်သေအနေနဲ့သိမ်းတာ ကောင်းတဲ့အချက်ပါ။ဒါပေမယ့် စာရွက်စာတမ်းမိတ္တူတွေကို သက်သေအနေနဲ့သိမ်းမယ်ဆိုရင် အစိုးရမဟုတ်တဲ့ အခြားအဖွဲ့အစည်းကုမ္ပဏီဟာတို့၊ အစိုးရက တရားဝင်ထုတ်ပြန်တဲ့ဟာတို့ကိုပဲ သိမ်းသင့်ပါတယ်။အစိုးရက တရားဝင်ထုတ်ပြန်တာမဟုတ်ဘဲ တိတ်တိတ်လေး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ယူထားတဲ့ လျှို့ဝှက်စာရွက်တွေကို သက်သေအနေနဲ့ မသိမ်းသင့်ပါဘူး။ဘာလို့လဲဆိုတော့ ကိုယ့်သတင်း မှန်၊ မမှန် ငြင်းချိန်မှာ တရားရုံးမှာဖြစ်ဖြစ် အစိုးရဌာနတစ်ခုခုဆီမှာဖြစ်ဖြစ် အဲဒီလျှို့ဝှက်စာရွက်တွေကို သက်သေအနေနဲ့ သွားပြရင် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်သလို ဖြစ်မှာပါ။ဒီစာရွက်အရရေးပါတယ် သွားပြောရင် ကိုယ်က မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်မိပါတယ်ဆိုတာကို သက်သေနဲ့တကွ ဝန်ခံသလိုဖြစ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေအရ ပုဒ်မ ၃ နဲ့ အများစုအရေးယူခံရတာ ဖြစ်ပါတယ်။ပုဒ်မ ၃ မှာက ပုဒ်မခွဲ (၁) နဲ့ (၂) ရှိပြီး အဲဒီပုဒ်မခွဲ (၁) အောက်မှာမှ ပုဒ်မခွဲငယ် (က) (ခ) (ဂ) ဆိုပြီး ရှိပါတယ်။ကျူးလွန်တဲ့ ပြစ်မှုအမျိုးအစားပေါ် မူတည်ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။တပ်မတော်လုပ်ငန်း၊ လက်နက်တိုက် အပါအဝင် ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ဆိုင်တဲ့ ပိတ်ပင်တားမြစ်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဤဥပဒေပြဌာန်းချက်ကို ချိုးဖောက်ရာရောက်ရင်တော့ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်တာခံရနိုင်ပြီး အခြားပြစ်မှုတစ်ခုခုနဲ့ သက်ဆိုင်ရင်တော့ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။ဘယ်လိုကျူးလွန်မှုမျိုး၊ ဘယ်လိုရည်ရွယ်ချက်မျိုးတွေက နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံတော်အကျိုးကို ထိခိုက်ရာရောက်လဲဆိုတာကို ဥပဒေအဓိပ္ပာယ် ဖွင့်ဆိုချက်တွေအရ ရှင်းပြချင်ပါတယ်။

ပိတ်ပင်တားမြစ်ထားတဲ့ နေရာတစ်ခုခုကို ချဉ်းကပ်တာ၊ ကြည့်ရှုစစ်ဆေးတာ၊ ကျော်ဖြတ်တာ၊ အဲဒီအနီးအနားမှာရှိတာနဲ့ အဲဒီနေရာကိုဝင်တာ။ဘယ်သူဖြစ်ဖြစ် အဲဒီလိုလုပ်ဆောင်မှုတွေက နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံတော်အကျိုးကို ထိခိုက်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုရင် ပြစ်မှုမြောက်မှာ ဖြစ်ပါတယ်။ဒါ့ပြင် ရန်သူအတွက် တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝှိုက်ပြီးတော့ဖြစ်ဖြစ် အသုံးဝင်စေဖို့ ကြံရွယ်ပြီး ဒါမှမဟုတ် တွက်ချက်ပြီး ပုံကြမ်း၊ အစီအစဉ်၊ နမူနာပုံစံနဲ့ မှတ်စုကို ပြုလုပ်တယ်ဆိုရင်လည်း ပြစ်မှုမြောက်မှာ ဖြစ်ပါတယ်။ပြီးတော့ ရန်သူအတွက် တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝှိုက်ပြီးတော့ဖြစ်ဖြစ် အသုံးဝင်စေဖို့ ကြံရွယ်ပြီး အစိုးရလျှို့ဝှက်သင်္ကေတ၊ ကင်းစကားဝှက်၊ ပုံကြမ်း၊ အစီအစဉ်၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု ဒါမှမဟုတ် အခြားစာရွက်စာတမ်း အမှတ်အသား ဒါမှမဟုတ် သတင်းကို ရယူတာ၊ စုဆောင်းတာ၊ ရေးမှတ်တာ ဒါမှမဟုတ် သူတစ်ပါးကို ဆက်သွယ်သိရှိစေရင် ပြစ်မှုမြောက်မှာ ဖြစ်ပါတယ်။အခုပြောတာတွေ အားလုံးက ပုဒ်မ ၃ နဲ့ သက်ဆိုင်တာတွေ ဖြစ်ပါတယ်။ဒီဥပဒေမှာပါတဲ့ ပြစ်မှုတစ်ခုခုကို ကျူးလွန်ဖို့ အားထုတ်တာ၊ အားပေးကူညီတာ ဆိုရင်လည်း အဲဒီပြစ်မှုကို ကိုယ်တိုင်ကျူးလွန်သလိုမျိုး အလားတူပြစ်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

သတင်းသမားတွေ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ အရေးယူမခံရအောင် ရှောင်ကြဉ်စေချင်တဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိပါသေးတယ်။အဲဒါက အဲဒီဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၂) ရဲ့ ပြဌာန်းချက်ပဲ ဖြစ်ပါတယ်။ပြဌာန်းချက်မှာ ဒီလိုဆိုပါတယ်။“ဤပုဒ်မအရ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုတစ်ခုခု စွဲဆိုရာတွင် စွပ်စွဲခံရသူက နိုင်ငံလုံခြုံရေးကိုဖြစ်စေ၊ အကျိုးကိုဖြစ်စေ ထိခိုက်စေရန် ရည်ရွယ်ချက်ကို ထင်ရှားအောင် သက်သေပြရန်မလို။ထိုသို့ ထိခိုက်စေမည့်ပုံပေါ်လျှင် ထိခိုက်စေသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ဟု မှတ်ယူနိုင်ပြီး ပြစ်မှုထင်ရှား စီရင်နိုင်သည်။” ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။

တပ်မတော်လုပ်ငန်း၊ လက်နက်တိုက် အပါအဝင် ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဆိုင်တဲ့ လျှို့ဝှက်ချက်ဆိုင်ရာ ပိတ်ပင်တားမြစ်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီဥပဒေပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်ရင်တော့ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်တာဖြစ်လို့ အဲဒီလို အမှုမျိုးတွေမှာ နိုင်ငံလုံခြုံရေးနဲ့ အကျိုးကို ထိခိုက်စေမယ့် ပုံပေါ်တာနဲ့ကို ထိခိုက်စေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တယ်လို့ မှတ်ယူပြီး ပြစ်မှုထင်ရှား စီရင်နိုင်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အခုပြောသွားတဲ့ ဥပဒေတွေထဲကမှ သတင်းသမားတွေနဲ့ အဓိကသက်ဆိုင်တာက သတင်းမီဒီယာဥပဒေ ဖြစ်ပါတယ်။အဲဒီဥပဒေနဲ့ အရေးယူခံရရင် ငွေဒဏ်ပဲ ချမှတ်ခံရနိုင်ပါတယ်။တိကျမှန်ကန်မှုမရှိတဲ့ သတင်းကို ဖော်ပြမိလို့ ပြင်ဆင်ချက်ကို ထင်ထင်ရှားရှားနဲ့ အမြန်ဆုံးမဖော်ပြရင် ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းကနေ အများဆုံး ကျပ်သုံးသိန်းအထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ သတင်းဓာတ်ပုံနဲ့ အရုပ်အသံတွေ ဖော်ပြရာမှာ နည်းပညာတစ်ရပ်ရပ် အသုံးပြုပြီး မလျော်ကန်တဲ့ ပြုပြင်ပြောင်းလဲတာ၊ တစ်ပါးသူပိုင်ဆိုင်တဲ့ ဉာဏဆိုင်ရာပစ္စည်းတွေကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြတာ၊ အများပြည်သူ အကျိုးစီးပွားနဲ့ စပ်ဆိုင်တဲ့ သတင်းရေးသားတာမဟုတ်ဘဲ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဂုဏ်သိက္ခာကို တမင်ထိခိုက်စေတဲ့ အရေးအသားနဲ့ လူ့အခွင့်အရေးကို ထိခိုက်စေတဲ့ အရေးအသားတွေ ဖော်ပြတာဆိုရင် ငွေဒဏ် အနည်းဆုံး ကျပ်သုံးသိန်းကနေ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ သတင်းသမားတစ်ယောက်ဟာ သတင်းနဲ့ ပတ်သက်ပြီး အငြင်းပွားမှု၊ စွပ်စွဲခံရမှု တစ်ခုခုကြုံပြီဆိုရင် ထောင်ဒဏ်မပါတဲ့ သတင်းမီဒီယာဥပဒေနဲ့ အရေးယူခံရပါစေလို့သာ ဆုတောင်းရမှာဖြစ်ပါတယ်။အဲဒီလိုမှမဟုတ်ဘဲ မတရားအသင်းများ အက်ဥပဒေတို့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့နဲ့သာ အရေးယူခံရမယ်ဆိုရင် သက်သာမှာမဟုတ်ပါဘူး။

အဲဒီတော့ ကိုယ်ဆက်သွယ် သတင်းရေးမယ့် အသင်းဟာ တရားနေသေးလား၊ မတရားတော့ဘူးလား ဆိုတာကို သေချာလေ့လာဆန်းစစ်ဖို့ လိုမှာဖြစ်သလို ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မယ့် အစိုးရလျှို့ဝှက်ချက်တွေကိုလည်း သက်သေအဖြစ်သိမ်းဆည်း သတင်းမရေးမိဖို့ ဆင်ခြင်ရမှာဖြစ်ပါကြောင်း အပြုသဘောဆောင် အကြံပြုမျှေ၀ သတိပေးလိုက်ပါရစေ။

သာဓက
မတ် - ၃၀

( Zawgyi )

အခုေခတ္ သတင္းသမားလုပ္ရတာလည္း တကယ္မလြယ္ပါဘူး။မေက်နပ္လို႔ သတင္းေထာက္ကို ၿခိမ္းေျခာက္ၿပီး ပါးေခၚ႐ိုက္တဲ့သူနဲ႔ ထိုင္ထလုပ္ခိုင္းတဲ့သူနဲ႔ အမ်ိဳးကို စုံေနတာပါပဲ။အဲဒီေတာ့ သတင္းသမားေတြနဲ႔ မၾကာမၾကာ ထိပ္တိုက္ေတြ႕တဲ့သူေတြထဲမွာ အျပင္လူအခ်ိဳ႕ပဲ ပါတာလားဆိုေတာ့လည္း မဟုတ္ျပန္ဘူး။အခန႔္မသင့္ရင္ အစိုးရကေန တရားစြဲတာေတြကလည္း ရွိပါေသးတယ္။

အရင္ေခတ္ မီဒီယာသိပ္မဖြံ႕ၿဖိဳးခင္ကာလကလည္း အဲဒီကာလအေလ်ာက္ ႏွိပ္ကြပ္ခံရတဲ့ မီဒီယာသမားေတြ ရွိခဲ့ပါတယ္။အခုလို မီဒီယာဖြံ႕ၿဖိဳးၿပီး ပြင့္လင္းျမင္သာတဲ့ေခတ္ ဆိုေတာ့လည္း အခုေခတ္အေလ်ာက္ ႏွိပ္ကြပ္ခံရတဲ့ မီဒီယာသမားေတြ ရွိေနပါတယ္။အခုက ပြင့္လင္းျမင္သာတဲ့ ေခတ္မို႔လားေတာ့ မေျပာတတ္ဘူး။မီဒီယာဆိုရင္ကို အဘက္ဘက္က ပြင့္ပြင့္လင္းလင္း ျမင္ျမင္သာသာကို ႏွိပ္ကြပ္ေတာ့တာပဲလို႔ေတာင္ ထင္မွတ္ယူဆစရာရွိပါတယ္။ဘာလို႔လဲဆိုေတာ့ မီဒီယာသမားေတြ ႏွိပ္ကြပ္ခံရတာေတြက အရင္ေခတ္ေတြကထက္ အခုေခတ္လူမႈကြန္ရက္မွာ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ကို မၾကာမၾကာ ၾကားလာရတာကိုး။သတင္းသမားေတြ တရားစြဲခံရႏိုင္တဲ့ ပိုၿပီးသတိထားရမယ့္ ဥပေဒေတြကလည္း ပိုၿပီးမ်ားလာသလိုပါပဲ။

ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)၊ အမ်ားျပည္သူအက်ိဳး ပ်က္စီးေအာင္ ေဖာ္ျပခ်က္ဆိုၿပီး အေရးယူတဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅၊ တရား႐ုံးမ်ားကို မထီမဲ့ျမင္ျပဳမႈ ဥပေဒ၊ သတင္းမီဒီယာ ဥပေဒ၊ ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒ၊ မတရားအသင္းမ်ား အက္ဥပေဒ၊ ႏိုင္ငံေတာ္ကို အၾကည္ညိဳပ်က္ေစမႈ အစရွိသျဖင့္ ဥပေဒပုဒ္မေတြကို အစုံပါပဲ။တခ်ိဳ႕ဥပေဒေတြဆို အရင္ေခတ္ေတြကလည္း ရွိခဲ့ေပမယ့္ သတင္းသမားေတြကို အေရးယူတဲ့ေနရာမွာ အသုံးနည္းခဲ့ပါတယ္။ဒါေပမယ့္ ဒီဘက္ေခတ္ထဲေရာက္မွ အသုံးပိုလာသလိုပါပဲ။

ဒီမိုကေရစီစနစ္ အကူးအေျပာင္းကာလ ဒီဘက္ေခတ္ထဲေရာက္မွ ဆက္သြယ္ေရးဥပေဒတို႔ သတင္းမီဒီယာဥပေဒတို႔က ေပၚေပါက္လာတာျဖစ္ၿပီး သတင္းမီဒီယာဥပေဒက အသုံးနည္းေပမယ့္ ဆက္သြယ္ေရးဥပေဒကေတာ့ ဆက္သြယ္ေရးကြန္ရက္ အသုံးျပဳလို႔ သတင္းေဖာ္ျပမႈ၊ ေဝဖန္မႈေတြအေပၚ အေရးယူဖို႔ အသုံးမ်ားလာတာ ေတြ႕ရပါတယ္။

တရား႐ုံးမ်ားကို မထီမဲ့ျမင္ျပဳမႈ ဥပေဒတို႔၊ ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒတို႔၊ မတရားအသင္းမ်ား အက္ဥပေဒတို႔နဲ႔ ႏိုင္ငံေတာ္ကို အၾကည္ညိဳပ်က္ေစမႈတို႔ကို သတင္းသမားေတြ အေရးယူတဲ့ေနရာမွာ အမ်ားအျပားသုံးေနတာ မဟုတ္ေပမယ့္ သတင္းသမားေတြကို အဲဒီဥပေဒေတြနဲ႔လည္း အေရးယူလို႔ရတယ္၊ တခ်ိဳ႕သတင္းသမားေတြရဲ႕ လုပ္ရပ္နဲ႔ ေရးသားေဖာ္ျပခ်က္ေတြက အဲဒီဥပေဒေတြနဲ႔ ၿငိစြန္းႏိုင္တယ္ဆိုၿပီး ေျပာဆိုမႈေတြရွိလာတာမို႔ သတင္းသမားေတြ သတိထားရမယ့္ ဥပေဒေတြအထဲမွာ အဲဒီဥပေဒေတြက ပါဝင္လာတာ ျဖစ္ပါတယ္။အဲဒီဥပေဒေတြထဲကမွ သတင္းသမားေတြ သတိထားသင့္တဲ့ မတရားအသင္းမ်ား အက္ဥပေဒဆိုတာႀကီး အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ဘာလို႔လဲဆိုေတာ့ အဲဒီဥပေဒနဲ႔ ပတ္သက္လို႔ သတင္းသမားအခ်ိဳ႕ အမွတ္မွားေနတာေလးေတြကိုပါ။

အမ်ားစုကထင္ၾကပါတယ္။ႏိုင္ငံေတာ္အစိုးရက မတရားအသင္းဆိုၿပီး ေၾကညာထားတာမဟုတ္ရင္ အဲဒီအသင္းက ဘာလုပ္ေနေန ဆက္သြယ္ သတင္းေမး သတင္းေရး သတင္းဖလွယ္ရင္ မတရားအသင္းမ်ား အက္ဥပေဒနဲ႔ အေရးယူမခံရႏိုင္ဘူးလို႔ ထင္ေနၾကပါတယ္။ေနာက္တစ္ခ်က္က မတရားအသင္းဆိုၿပီး ေၾကညာထားတဲ့ အသင္းကေန အစိုးရက ပယ္ဖ်က္လိုက္ၿပီဆိုရင္ အဲဒီအသင္းကို မတရားအသင္းအျဖစ္ ျပန္မေၾကညာသေ႐ြ႕ ဆက္သြယ္ သတင္းေမး သတင္းေရး သတင္းဖလွယ္လို႔ရတယ္ ဆိုၿပီးေတာ့လည္း ယူဆတဲ့သူအခ်ိဳ႕ ရွိေနပါတယ္။အဲဒါေၾကာင့္ ဒီဥပေဒနဲ႔ပတ္သက္လို႔ နည္းနည္းရွင္းျပခ်င္ပါတယ္။

မတရားအသင္းမ်ား အက္ဥပေဒကို ၁၉၀၈ ခုႏွစ္ကတည္းက ျပဌာန္းထားတာျဖစ္ပါတယ္။၁၉၀၈ ခုႏွစ္ ဒီဇင္ဘာ ၁၁ ရက္မွာ အာဏာတည္ပါတယ္။အၾကမ္းဖက္မႉကိုျဖစ္ျဖစ္၊ ၿခိမ္းေျခာက္မႉကိုျဖစ္ျဖစ္ က်ဴးလြန္ဖို႔အားေပးတဲ့ ကူညီတဲ့အသင္းက မတရားအသင္းျဖစ္ပါတယ္။ဒါမွမဟုတ္ အသင္းအဖြဲ႕ဝင္ေတြက အဲဒီအျပဳအမူေတြကို က်ဴးလြန္ေလ့ရွိတဲ့ အသင္းကိုလည္း မတရားအသင္းအျဖစ္ သတ္မွတ္ပါတယ္။အဲဒီလို သတ္မွတ္ခ်က္ကို မတရားအသင္းမ်ား အက္ဥပေဒပုဒ္မ ၁၅ (၂) (က) မွာ အဓိပၸာယ္ဖြင့္ဆိုထားပါတယ္။ဒါ့ျပင္ ႏိုင္ငံေတာ္သမၼတက မတရားအသင္းအျဖစ္ ေၾကညာထားတဲ့ အဖြဲ႕အစည္းတစ္ခုခု ဒါမွမဟုတ္ အသင္းတစ္ခုခုကလည္း မတရားအသင္းျဖစ္တယ္လို႔ မတရားအသင္းမ်ား အက္ဥပေဒပုဒ္မ ၁၅ (၂) (ခ) မွာ ဆိုပါတယ္။ဒီေနရာမွာ သတိျပဳရမွာက ပုဒ္မ ၁၅ (၂) (ခ) အရ မတရားအသင္းအျဖစ္ မေၾကညာေပမယ့္လည္း ပုဒ္မ ၁၅ (၂) (က) ရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ထဲမွာ အက်ဳံးဝင္သက္ဆိုင္ေနရင္ မတရားအသင္းအျဖစ္ သတ္မွတ္ႏိုင္ပါတယ္။ႏိုင္ငံေတာ္အစိုးရက မတရားအသင္းဆိုၿပီး ေၾကညာထားတာမဟုတ္ရင္ အဲဒီအသင္းက ဘာလုပ္ေနေန မတရားအသင္းမ်ား အက္ဥပေဒနဲ႔ အေရးယူမခံရႏိုင္ဘူးဆိုၿပီး ျပဌာန္းထားတဲ့အခ်က္မ်ိဳး ဒီဥပေဒရဲ႕ ျပဌာန္းခ်က္ေတြထဲမွာ မပါဝင္ပါဘူး။အဲဒီလိုပဲ မတရားအသင္းဆိုၿပီး ေၾကညာထားတဲ့ အသင္းကေန အစိုးရက ပယ္ဖ်က္လိုက္ၿပီဆိုရင္ အဲဒီအသင္းကို မတရားအသင္းအျဖစ္ ျပန္မေၾကညာသေ႐ြ႕ ဒီဥပေဒအရ အေရးယူလို႔မရပါဘူး ဆိုၿပီးေတာ့လည္း မျပဌာန္းထားပါဘူး။အဲဒီေတာ့ မတရားအသင္းအျဖစ္ မေၾကညာထားသည္ျဖစ္ေစ၊ မတရားအသင္းကေန ျပန္ပယ္ဖ်က္ထားလိုက္သည္ျဖစ္ေစ အဲဒီအသင္းရဲ႕ ထပ္မံလုပ္ေဆာင္မႈေတြက အၾကမ္းဖက္မႉကိုျဖစ္ျဖစ္၊ ၿခိမ္းေျခာက္မႉကိုျဖစ္ျဖစ္ က်ဴးလြန္ဖို႔ အားေပးကူညီတဲ့ အျပဳအမူေတြ ျပန္လည္လုပ္ေဆာင္လာမယ္ဆိုရင္ အလိုလို မတရားအသင္းျဖစ္သြားမွာပါ။ဥပမာ - မတရားအသင္းကေန ဒီေန႔ပယ္ဖ်က္လိုက္တယ္။မနက္ျဖန္မွာ မတရားအသင္းပုံစံ ျပန္လည္လုပ္ေဆာင္မယ္ဆိုရင္ အစိုးရက မေၾကညာလည္းပဲ အလိုလို မတရားအသင္း ျပန္ျဖစ္သြားမွာပါပဲ။အဲဒီလိုအသင္းကို သြားၿပီးဆက္သြယ္မိရင္ အဲဒီသတင္းသမားက အဲဒီဥပေဒနဲ႔ တရားစြဲခံရႏိုင္ပါတယ္။

''မည္သူမဆို မတရားအသင္းဝင္ျဖစ္လွ်င္ေသာ္ လည္းေကာင္း၊ ထိုအသင္း၏ အစည္းအေဝးမ်ားတြင္ ဝင္ေရာက္ဆင္ႏႊဲလွ်င္ေသာ္ လည္းေကာင္း၊ ထိုအသင္းအတြက္ ေငြမ်ား ရိကၡာမ်ား ေထာက္ပံ့ျခင္း ရယူျခင္း ေတာင္းဆိုျခင္း ျပဳလွ်င္ေသာ္ လည္းေကာင္း ထိုအသင္း၏ လုပ္ငန္းေဆာင္တာမ်ားတြင္ တစ္နည္းနည္းျဖင့္ ကူညီျခင္းျပဳလွ်င္ေသာ္ လည္းေကာင္း အနည္းဆုံး ေထာင္ဒဏ္ႏွစ္ႏွစ္ႏွင့္ အမ်ားဆုံး ေထာင္ဒဏ္သုံးႏွစ္အထိျဖစ္ေစ၊ ေထာင္ဒဏ္ ေငြဒဏ္ ႏွစ္ရပ္စလုံးျဖစ္ေစ စီရင္ျခင္းခံရမည္'' လို႔ မတရားအသင္းမ်ား အက္ဥပေဒပုဒ္မ ၁၇ (၁) မွာ ျပဌာန္းထားပါတယ္။

အလားတူပဲ ''မည္သူမဆို မတရားအသင္းတစ္ခုခုကို အုပ္ခ်ဳပ္ကြပ္ကဲျခင္း၊ အုပ္ခ်ဳပ္ကြပ္ကဲျခင္းကို ကူညီျခင္း၊ ထိုအသင္း၏ အစည္းအေဝးကို ျဖစ္ေျမာက္ေအာင္ ေဆာင္႐ြက္ျခင္း၊ ျဖစ္ေျမာက္ေအာင္ ေဆာင္႐ြက္ရာ၌ ကူညီျခင္းတို႔ကို ျပဳမူလွ်င္ အနည္းဆုံး ေထာင္ဒဏ္သုံးႏွစ္ႏွင့္ အမ်ားဆုံး ေထာင္ဒဏ္ငါးႏွစ္အထိျဖစ္ေစ ေထာင္ဒဏ္ ေငြဒဏ္ ႏွစ္ရပ္စလုံးျဖစ္ေစ စီရင္ျခင္းခံရမည္'' ဆိုၿပီး မတရားအသင္းမ်ား အက္ဥပေဒပုဒ္မ ၁၇ (၂) မွာ ျပဌာန္းထားပါတယ္။ဒါေၾကာင့္ မတရားအသင္းမ်ား အက္ဥပေဒနဲ႔ ပတ္သက္လို႔ သတင္းသမားေတြ သတိထားသင့္တာ ျဖစ္ပါတယ္။

ေနာက္ထပ္သတိထားသင့္တဲ့ ဥပေဒတစ္ခုက ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒျဖစ္ၿပီး ၁၉၂၃ ခုႏွစ္ကတည္းက ျပဌာန္းထားတာ ျဖစ္ပါတယ္။၁၉၂၃ ခုႏွစ္ ၄ လပိုင္း၂ ရက္ေန႔ကတည္းက အာဏာတည္ခဲ့တာ ျဖစ္ပါတယ္။ဒီဥပေဒက တစ္ႏိုင္ငံလုံးမွာ အာဏာသက္ေရာက္တာျဖစ္ၿပီး အစိုးရဝန္ထမ္းေတြ အပါအဝင္ ႏိုင္ငံသားအားလုံးနဲ႔ သက္ဆိုင္ေနတာ ျဖစ္ပါတယ္။ဘာလို႔ ဒီဥပေဒကို သတိထားသင့္တယ္ ေျပာရတာလည္းဆိုေတာ့ အေၾကာင္းရွိပါတယ္။သတင္းသမားအခ်ိဳ႕က သတင္းေရးမယ္ဆိုရင္ အသံဖမ္းထားတဲ့ ဖိုင္၊ စာ႐ြက္စာတမ္း အခ်က္အလက္ကို သက္ေသအေနနဲ႔ သိမ္းထားတတ္ပါတယ္။အသံဖိုင္ကို သက္ေသအေနနဲ႔သိမ္းတာ ေကာင္းတဲ့အခ်က္ပါ။ဒါေပမယ့္ စာ႐ြက္စာတမ္းမိတၱဴေတြကို သက္ေသအေနနဲ႔သိမ္းမယ္ဆိုရင္ အစိုးရမဟုတ္တဲ့ အျခားအဖြဲ႕အစည္းကုမၸဏီဟာတို႔၊ အစိုးရက တရားဝင္ထုတ္ျပန္တဲ့ဟာတို႔ကိုပဲ သိမ္းသင့္ပါတယ္။အစိုးရက တရားဝင္ထုတ္ျပန္တာမဟုတ္ဘဲ တိတ္တိတ္ေလး ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ယူထားတဲ့ လွ်ိဳ႕ဝွက္စာ႐ြက္ေတြကို သက္ေသအေနနဲ႔ မသိမ္းသင့္ပါဘူး။ဘာလို႔လဲဆိုေတာ့ ကိုယ့္သတင္း မွန္၊ မမွန္ ျငင္းခ်ိန္မွာ တရား႐ုံးမွာျဖစ္ျဖစ္ အစိုးရဌာနတစ္ခုခုဆီမွာျဖစ္ျဖစ္ အဲဒီလွ်ိဳ႕ဝွက္စာ႐ြက္ေတြကို သက္ေသအေနနဲ႔ သြားျပရင္ ကိုယ့္လည္ပင္းကို ႀကိဳးကြင္းစြပ္သလို ျဖစ္မွာပါ။ဒီစာ႐ြက္အရေရးပါတယ္ သြားေျပာရင္ ကိုယ္က ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒကို ခ်ိဳးေဖာက္မိပါတယ္ဆိုတာကို သက္ေသနဲ႔တကြ ဝန္ခံသလိုျဖစ္သြားမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒအရ ပုဒ္မ ၃ နဲ႔ အမ်ားစုအေရးယူခံရတာ ျဖစ္ပါတယ္။ပုဒ္မ ၃ မွာက ပုဒ္မခြဲ (၁) နဲ႔ (၂) ရွိၿပီး အဲဒီပုဒ္မခြဲ (၁) ေအာက္မွာမွ ပုဒ္မခြဲငယ္ (က) (ခ) (ဂ) ဆိုၿပီး ရွိပါတယ္။က်ဴးလြန္တဲ့ ျပစ္မႈအမ်ိဳးအစားေပၚ မူတည္ၿပီး ေထာင္ဒဏ္ ၁၄ ႏွစ္အထိ ခ်မွတ္ခံရႏိုင္ပါတယ္။တပ္မေတာ္လုပ္ငန္း၊ လက္နက္တိုက္ အပါအဝင္ ၾကည္းတပ္၊ ေရတပ္၊ ေလတပ္နဲ႔ဆိုင္တဲ့ ပိတ္ပင္တားျမစ္ထားတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး ဤဥပေဒျပဌာန္းခ်က္ကို ခ်ိဳးေဖာက္ရာေရာက္ရင္ေတာ့ ေထာင္ဒဏ္ ၁၄ ႏွစ္အထိ ခ်မွတ္တာခံရႏိုင္ၿပီး အျခားျပစ္မႈတစ္ခုခုနဲ႔ သက္ဆိုင္ရင္ေတာ့ ေထာင္ဒဏ္ ၃ ႏွစ္အထိ ခ်မွတ္ခံရႏိုင္တာ ျဖစ္ပါတယ္။ဘယ္လိုက်ဴးလြန္မႈမ်ိဳး၊ ဘယ္လိုရည္႐ြယ္ခ်က္မ်ိဳးေတြက ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ႏိုင္ငံေတာ္အက်ိဳးကို ထိခိုက္ရာေရာက္လဲဆိုတာကို ဥပေဒအဓိပၸာယ္ ဖြင့္ဆိုခ်က္ေတြအရ ရွင္းျပခ်င္ပါတယ္။

ပိတ္ပင္တားျမစ္ထားတဲ့ ေနရာတစ္ခုခုကို ခ်ဥ္းကပ္တာ၊ ၾကည့္ရႈစစ္ေဆးတာ၊ ေက်ာ္ျဖတ္တာ၊ အဲဒီအနီးအနားမွာရွိတာနဲ႔ အဲဒီေနရာကိုဝင္တာ။ဘယ္သူျဖစ္ျဖစ္ အဲဒီလိုလုပ္ေဆာင္မႈေတြက ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ႏိုင္ငံေတာ္အက်ိဳးကို ထိခိုက္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ လုပ္တာဆိုရင္ ျပစ္မႈေျမာက္မွာ ျဖစ္ပါတယ္။ဒါ့ျပင္ ရန္သူအတြက္ တိုက္႐ိုက္ျဖစ္ျဖစ္ သြယ္ဝႈိက္ၿပီးေတာ့ျဖစ္ျဖစ္ အသုံးဝင္ေစဖို႔ ႀကံ႐ြယ္ၿပီး ဒါမွမဟုတ္ တြက္ခ်က္ၿပီး ပုံၾကမ္း၊ အစီအစဥ္၊ နမူနာပုံစံနဲ႔ မွတ္စုကို ျပဳလုပ္တယ္ဆိုရင္လည္း ျပစ္မႈေျမာက္မွာ ျဖစ္ပါတယ္။ၿပီးေတာ့ ရန္သူအတြက္ တိုက္႐ိုက္ျဖစ္ျဖစ္ သြယ္ဝႈိက္ၿပီးေတာ့ျဖစ္ျဖစ္ အသုံးဝင္ေစဖို႔ ႀကံ႐ြယ္ၿပီး အစိုးရလွ်ိဳ႕ဝွက္သေကၤတ၊ ကင္းစကားဝွက္၊ ပုံၾကမ္း၊ အစီအစဥ္၊ နမူနာပုံစံ၊ ေဆာင္းပါး၊ မွတ္စု ဒါမွမဟုတ္ အျခားစာ႐ြက္စာတမ္း အမွတ္အသား ဒါမွမဟုတ္ သတင္းကို ရယူတာ၊ စုေဆာင္းတာ၊ ေရးမွတ္တာ ဒါမွမဟုတ္ သူတစ္ပါးကို ဆက္သြယ္သိရွိေစရင္ ျပစ္မႈေျမာက္မွာ ျဖစ္ပါတယ္။အခုေျပာတာေတြ အားလုံးက ပုဒ္မ ၃ နဲ႔ သက္ဆိုင္တာေတြ ျဖစ္ပါတယ္။ဒီဥပေဒမွာပါတဲ့ ျပစ္မႈတစ္ခုခုကို က်ဴးလြန္ဖို႔ အားထုတ္တာ၊ အားေပးကူညီတာ ဆိုရင္လည္း အဲဒီျပစ္မႈကို ကိုယ္တိုင္က်ဴးလြန္သလိုမ်ိဳး အလားတူျပစ္ဒဏ္ ခ်မွတ္ခံရမွာ ျဖစ္ပါတယ္။

သတင္းသမားေတြ ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒနဲ႔ အေရးယူမခံရေအာင္ ေရွာင္ၾကဥ္ေစခ်င္တဲ့ ေနာက္ထပ္ အေၾကာင္းျပခ်က္တစ္ခု ရွိပါေသးတယ္။အဲဒါက အဲဒီဥပေဒပုဒ္မ ၃၊ ပုဒ္မခြဲ (၂) ရဲ႕ ျပဌာန္းခ်က္ပဲ ျဖစ္ပါတယ္။ျပဌာန္းခ်က္မွာ ဒီလိုဆိုပါတယ္။“ဤပုဒ္မအရ ေထာင္ဒဏ္ ၁၄ ႏွစ္အထိ ခ်မွတ္ႏိုင္ေသာ ျပစ္မႈတစ္ခုခု စြဲဆိုရာတြင္ စြပ္စြဲခံရသူက ႏိုင္ငံလုံၿခဳံေရးကိုျဖစ္ေစ၊ အက်ိဳးကိုျဖစ္ေစ ထိခိုက္ေစရန္ ရည္႐ြယ္ခ်က္ကို ထင္ရွားေအာင္ သက္ေသျပရန္မလို။ထိုသို႔ ထိခိုက္ေစမည့္ပုံေပၚလွ်င္ ထိခိုက္ေစသည့္ ရည္႐ြယ္ခ်က္ျဖင့္ ျပဳလုပ္သည္ဟု မွတ္ယူႏိုင္ၿပီး ျပစ္မႈထင္ရွား စီရင္ႏိုင္သည္။” ဆိုၿပီး ျပဌာန္းထားတာ ျဖစ္ပါတယ္။

တပ္မေတာ္လုပ္ငန္း၊ လက္နက္တိုက္ အပါအဝင္ ၾကည္းတပ္၊ ေရတပ္၊ ေလတပ္နဲ႔ ဆိုင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ဆိုင္ရာ ပိတ္ပင္တားျမစ္ထားတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး ဒီဥပေဒျပဌာန္းခ်က္ကို ခ်ိဳးေဖာက္ရာ ေရာက္ရင္ေတာ့ ေထာင္ဒဏ္ ၁၄ ႏွစ္အထိ ခ်မွတ္ခံရႏိုင္တာျဖစ္လို႔ အဲဒီလို အမႈမ်ိဳးေတြမွာ ႏိုင္ငံလုံၿခဳံေရးနဲ႔ အက်ိဳးကို ထိခိုက္ေစမယ့္ ပုံေပၚတာနဲ႔ကို ထိခိုက္ေစတဲ့ ရည္႐ြယ္ခ်က္နဲ႔ ျပဳလုပ္တယ္လို႔ မွတ္ယူၿပီး ျပစ္မႈထင္ရွား စီရင္ႏိုင္မယ္လို႔ ဆိုလိုတာ ျဖစ္ပါတယ္။

အခုေျပာသြားတဲ့ ဥပေဒေတြထဲကမွ သတင္းသမားေတြနဲ႔ အဓိကသက္ဆိုင္တာက သတင္းမီဒီယာဥပေဒ ျဖစ္ပါတယ္။အဲဒီဥပေဒနဲ႔ အေရးယူခံရရင္ ေငြဒဏ္ပဲ ခ်မွတ္ခံရႏိုင္ပါတယ္။တိက်မွန္ကန္မႈမရွိတဲ့ သတင္းကို ေဖာ္ျပမိလို႔ ျပင္ဆင္ခ်က္ကို ထင္ထင္ရွားရွားနဲ႔ အျမန္ဆုံးမေဖာ္ျပရင္ ေငြဒဏ္ အနည္းဆုံး က်ပ္တစ္သိန္းကေန အမ်ားဆုံး က်ပ္သုံးသိန္းအထိ ခ်မွတ္ခံရမွာ ျဖစ္ပါတယ္။

အဲဒီလိုပဲ သတင္းဓာတ္ပုံနဲ႔ အ႐ုပ္အသံေတြ ေဖာ္ျပရာမွာ နည္းပညာတစ္ရပ္ရပ္ အသုံးျပဳၿပီး မေလ်ာ္ကန္တဲ့ ျပဳျပင္ေျပာင္းလဲတာ၊ တစ္ပါးသူပိုင္ဆိုင္တဲ့ ဉာဏဆိုင္ရာပစၥည္းေတြကို ခြင့္ျပဳခ်က္မရဘဲ ကူးယူေဖာ္ျပတာ၊ အမ်ားျပည္သူ အက်ိဳးစီးပြားနဲ႔ စပ္ဆိုင္တဲ့ သတင္းေရးသားတာမဟုတ္ဘဲ ပုဂၢိဳလ္၊ အဖြဲ႕အစည္း ဂုဏ္သိကၡာကို တမင္ထိခိုက္ေစတဲ့ အေရးအသားနဲ႔ လူ႔အခြင့္အေရးကို ထိခိုက္ေစတဲ့ အေရးအသားေတြ ေဖာ္ျပတာဆိုရင္ ေငြဒဏ္ အနည္းဆုံး က်ပ္သုံးသိန္းကေန အမ်ားဆုံး က်ပ္တစ္ဆယ္သိန္းအထိ ခ်မွတ္ခံရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ သတင္းသမားတစ္ေယာက္ဟာ သတင္းနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈ၊ စြပ္စြဲခံရမႈ တစ္ခုခုႀကဳံၿပီဆိုရင္ ေထာင္ဒဏ္မပါတဲ့ သတင္းမီဒီယာဥပေဒနဲ႔ အေရးယူခံရပါေစလို႔သာ ဆုေတာင္းရမွာျဖစ္ပါတယ္။အဲဒီလိုမွမဟုတ္ဘဲ မတရားအသင္းမ်ား အက္ဥပေဒတို႔ ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒတို႔နဲ႔သာ အေရးယူခံရမယ္ဆိုရင္ သက္သာမွာမဟုတ္ပါဘူး။

အဲဒီေတာ့ ကိုယ္ဆက္သြယ္ သတင္းေရးမယ့္ အသင္းဟာ တရားေနေသးလား၊ မတရားေတာ့ဘူးလား ဆိုတာကို ေသခ်ာေလ့လာဆန္းစစ္ဖို႔ လိုမွာျဖစ္သလို ကိုယ့္လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္မယ့္ အစိုးရလွ်ိဳ႕ဝွက္ခ်က္ေတြကိုလည္း သက္ေသအျဖစ္သိမ္းဆည္း သတင္းမေရးမိဖို႔ ဆင္ျခင္ရမွာျဖစ္ပါေၾကာင္း အျပဳသေဘာေဆာင္ အႀကံျပဳေမွ်၀ သတိေပးလိုက္ပါရေစ။

သာဓက
မတ္ - ၃၀