【 ဆောင်းပါး 】 ''အမြန်လမ်းမှာတိုက်မိ အပြစ်ရှိလား''

【 ဆောင်းပါး 】 ''အမြန်လမ်းမှာတိုက်မိ အပြစ်ရှိလား''

အမြန်လမ်းမှာဖြစ်တဲ့ ယာဉ်မတော်တဆမှူတွေနဲ့ စည်းကမ်းချိုးဖောက်မှုတွေက အခုချိန်ထိကို ရှိနေတုန်းပါ။ယာဉ်ကြောင့်လား၊ လူကြောင့်လား၊ လမ်းကြောင့်လားဆိုတာ အမျိုးမျိုးသုံးသပ်နေကြဆဲမှာပဲ ယာဉ်မတော်တဆမှုတွေနဲ့ စည်းကမ်းချိုးဖောက်မှုတွေက အများအပြားဖြစ်ပွားနေပါတယ်။

ယာဉ်မတော်တဆမှုတွေ ဘာလို့ဖြစ်တာလဲ။တချို့က ယာဉ်ကြံ့ခိုင်မှု မကောင်းတာကို အကြောင်းပြပါတယ်။တချို့က ယာဉ်မောင်းတွေ မဆင်မခြင်မောင်းတာကြောင့်လို့ အကြောင်းပြပါတယ်။အဲဒီလိုပဲ လမ်းမကောင်းလို့ဆိုပြီး အကြောင်းပြတဲ့လူက ပြပါတယ်။ဒီနေရာမှာ လမ်းမကောင်းဘူးဆိုတာက ချိုင့်တွေခွက်တွေ များတာကို ပြောချင်ကြတာမဟုတ်ပါဘူး။လမ်းရဲ့ တည်ဆောက်ပုံ ခင်းထားတဲ့ ပုံသဏ္ဍာန်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဆိုလိုချင်ကြတာ ဖြစ်ပါတယ်။

အမြန်လမ်းမှာဖြစ်ပွားခဲ့တဲ့ အဲဒီလိုယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်လို့ အမျိုးမျိုးဝေဖန် ပြောဆိုကြတဲ့အထဲမှာ လမ်းခင်းထားတဲ့နေရာမှာ သေချာတွက်ချက်မထားလို့၊ စနစ်တကျမရှိလို့ဆိုပြီး ဝေဖန်ကြတာက အများစုဖြစ်ပါတယ်။

အမြန်လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ ယာဉ်တွေကို အရေးယူတဲ့နေရာမှာ ဒီနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၆ နာရီကနေ ၂၄ ရက်နေ့ ညနေ ၅ နာရီထိ အချိန်လေးမှာတောင် တိုးဂိတ်အသီးသီးကနေ ၂၇ စီး ဖမ်းဆီးရမိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။

ဒါတင်မကပါဘူး။ဒီနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၄ ရက်အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ ယာဉ်အစီး တစ်ထောင့်ကိုးရာကျော်ကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့ရပါတယ်။အလားတူပဲ ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၃ ရက်အထိ ခါးပတ်မပတ်ဘဲ မောင်းတဲ့ယာဉ် ၂၈ စီးကို အရေးယူခဲ့ရပါသေးတယ်။

ဒီအချက်အလက်တွေကိုကြည့်ရင် အမြန်လမ်းပေါ်က ယာဉ်အန္တရာယ်တွေကို ဖိတ်ခေါ်နေတဲ့ တရားခံတွေထဲမှာ လမ်းအသုံးပြုနေသူတွေရဲ့ အားနည်းချက်ကလည်း ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။လမ်းကိုချည်း အပြစ်ပုံချလို့မရတော့ပါဘူး။အမြန်လမ်းပေါ်မှာ မောင်းတဲ့ ဆိုင်ကယ်၊ စက်ဘီး၊ လမ်းဖြတ်ကူးတဲ့သူ စသဖြင့် အဲဒီလိုအကြောင်းခြင်းရာတွေကြောင့်လည်း ယာဉ်မတော်တဆမှုအချို့ကို ဖြစ်စေခဲ့ပါတယ်။

နောက်တစ်ခါ အရှိန်ပြင်းပြင်းနဲ့ မဆင်မခြင် အသားကုန်မောင်းကြပါတယ်။အမြန်နှုန်း ကီလိုမီတာ ၁၅၀ ကနေ ၂၀၀ ကြား မောင်းသူတွေလည်း ရှိပါတယ်။အမြန်လမ်းမှာ မောင်းရမယ့် သတ်မှတ်အမြန်နှုန်းကို မသတ်မှတ်ရသေးချိန်တုန်းက စာရေးသူကိုယ်တိုင် အမြန်လမ်းမှာ မကြာမကြာမောင်းဖူးပါတယ်။

အဲဒီအချိန်က ကိုယ်တိုင်မောင်းတဲ့ အမြင့်ဆုံး ပျမ်းမျှအမြန်နှုန်းက ကီလို ၁၀၀ ကနေ ၁၃၀ ဝန်းကျင် ရှိပါတယ်။မောင်းတဲ့ကားက မတ်တူးဖြစ်ပါတယ်။ကိုယ်က အဲဒီအရှိန်နဲ့မောင်းနေချိန်မှာ ကိုယ့်ဘေးက ကျော်တက်သွားတဲ့ ကားတွေက ခဏလေးနဲ့ သူတို့အမြီးကို ခပ်ပျပျပဲမြင်ရပါတယ်။သိပ်မကြာဘူး မြင်ကွင်းထဲက လုံးဝပျောက်သွားတဲ့ကား အတော်များများနဲ့တောင် ကြုံဖူးပါတယ်။
ဒါကဘာကို ပြောချင်တာလဲဆိုတော့ ကိုယ်က ကီလို ၁၂၀၊ ၁၃၀ မောင်းနေချိန်မှာ သူတို့က အဲဒီလိုမောင်းပြီး ကျော်တယ်ဆိုတော့ သူတို့မောင်းတဲ့နှုန်းက ကီလို ၁၄၀၊ ၁၅၀ နဲ ၂၀၀ ကြား ဆိုတာ သေချာပါတယ်။အဲဒီလိုမောင်းတဲ့ ကားတွေထဲမှာ အင်ဂျင်တစ်ထောင့်သုံးရာ စီစီလောက် ကားတွေလည်းပါပါတယ်။အဲဒီကားသေးတွေဆို အမြန်လမ်းမှာ ကီလို ၁၀၀ အမြန်နှုန်းထက် ပိုမမောင်းသင့်ပါဘူး။အခုဆို ကားအားလုံးကို ကီလို ၁၀၀ ထက် ပိုမမောင်းရ သတ်မှတ်ထားချိန်ဆို ပိုသတိထားသင့်တာပေါ့။

ခုနကပြောတဲ့ ကီလို ၁၄၀ နဲ့ အထက် အမြန်နှုန်းနဲ့ မောင်းပုံမျိုးက မပြောကောင်းမဆိုကောင်း တစ်ခုခုများဖြစ်ကြည့် အသက်ရှင်ဖွယ်ရာ အကြောင်းမရှိနိုင်ပါဘူး။ကားတွေက ဘယ်လောက်ကောင်းကောင်း မော်ဒယ်နဲ့ နည်းပညာ ဘယ်လောက်မြင့်မြင့် အရှိန်များလို့ကတော့ တစ်ခုခုဆို အသက်အန္တရာယ်ကို ထိခိုက်မှာပါပဲ။ကမ္ဘာ့နာမည်ကြီး ကားတွေနဲ့ဖြစ်တဲ့ မတော်တဆမှုအချို့မှာ ဆိုးဆိုးရွားရွားဖြစ်သွားတဲ့ ဥပမာတွေလည်း အခြားနိုင်ငံတွေမှာတောင် ဖြစ်နေပါတယ်။ဒီနိုင်ငံက အမြန်လမ်းမှာလည်း ဖြစ်နေပါတယ်။

နောက်တစ်ခုပြောလိုတာက ယာဉ်မောင်းတွေရဲ့ မကျွမ်းကျင်မှု၊ ပေါ့ဆမှုပါ။ဒီလမ်းမှာ ဒီလိုတွေဖြစ်တတ်တယ်။ဖြစ်ပြီဆိုလည်း ဆိုးဆိုးရွားရွား။အဲဒါတွေသိထားလည်း အသားကုန်မောင်းနေကြတုန်းပါပဲ။လမ်းက ပုံသဏ္ဍာန်မမှန်ဘူး အားနည်းတယ်ဆိုတာ လက်ခံပါတယ်။အဲဒါကိုသိထားမှတော့ သတိပိုထားရမှာ ဖြစ်ပါတယ်။

ယာဉ်မောင်းက ကျွမ်းကျင်မယ်ဆိုရင် ကိုယ်မောင်းမယ့် ကားပေါ်တက်ပြီး အကွာအဝေး အတော်အတန် ထိန်းသိမ်းမောင်းကြည့်လိုက်တာနဲ့ ကိုယ်စီးတဲ့မြင်းက အထီးလား အမလား ကောင်းကောင်းခွဲနိုင်ပါတယ်။ဆိုလိုတာက ကားရဲ့ကြံ့ခိုင်မှု၊ ဘရိတ်နဲ့ လီဗာ အနေအထား ဘယ်လောက်ပဲ မောင်းလို့ရနိုင်မယ်ဆိုတာ ကောင်းကောင်းသိပါတယ်။မတ်တူးနိုင်းနိုင်း မောင်းတာနဲ့ ဆတ်ဖ် မောင်းတာနဲ့ မတူပါဘူး။အမြန်လမ်းမှာ မတ်တူးနိုင်းနိုင်းလို၊ ခရောင်းလို ဆလွန်းအမျိုးအစား ဝပ်ဝပ်ပြားပြား အင်ဂျင်ကြီးတဲ့ ဆီဒန်ကားတွေကို အမြန်နှုန်း ကီလို ၁၂၀၊ ၁၃၀ မောင်းလို့ငြိမ်ပေမယ့် ဆတ်ဖ်လို လမ်းကြမ်းမောင်းတဲ့ အမြင့်ကားတွေ၊ အင်ဂျင်သေးတဲ့ ထောင့်သုံးရာစီစီ ကားတွေကို အဲဒီလောက်အရှိန်နဲ့မောင်းရင် မငြိမ်ဘဲ လူးနေပါလိမ့့်မယ်။အဲဒါကိုသိလို့ အရှိန်ကို ပြန်လျှော့ရင် ပြဿနာမရှိပေမယ့် တချို့ယာဉ်မောင်းက မဆင်ခြင်ဘဲ မောင်းကောင်းကောင်းနဲ့ ဆက်မောင်းကြတော့ ရုတ်တရက် ရှောင်စရာတိမ်းစရာလည်းကြုံရော မထိန်းနိုင်ဖြစ်ပြီး ဒုက္ခရောက်ကြရပါတယ်။လမ်းရဲ့အားနည်းချက်ရှိတာ မှန်ပါတယ်။ဒါပေမယ့် အစီးတစ်ရာမှာ အစီးနှစ်ဆယ်သုံးဆယ် ယာဉ်မတော်တဆဖြစ်နေတာ မဟုတ်ပါဘူး။ဖြစ်တဲ့အရေအတွက် များတယ်လို့ပဲ ပြောလို့ရမှာဖြစ်ပါတယ်။မဖြစ်တဲ့ကားတွေ ဘာလို့မဖြစ်လည်းဆိုတော့ သတိထားပြီး ပုံမှန်မောင်းတယ်၊ အာရုံစိုက်တယ်၊ အရမ်းမမောင်းလို့ပေါ့။တကယ်တော့ မြန်မြန်မောင်းနိုင်တာက ကားမောင်းကျွမ်းတာ မဟုတ်ပါဘူး။အန္တရာယ်မရှိအောင် ယာဉ်မောင်းဖြစ်မှာပါ။တစ်ခါတလေကျတော့လည်း စည်းကမ်းမဲ့ စက်ဘီး၊ ဆိုင်ကယ်၊ လမ်းလျှောက်နေသူတွေကြောင့် ယာဉ်မောင်းက မှန်ပေမယ့် မတော်တဆဖြစ်တာတွေ ကြုံရတတ်ပါတယ်။

အများစုကပြောကြပါတယ်။လေပေါင်တက်ရာက တာယာကွဲပြီး မတော်တဆဖြစ်တယ်ပေါ့။ဒါလည်းမှန်ပါတယ်။ဖြစ်နိုင်ပါတယ်။အမြန်လမ်းမှာ မမောင်းခင်တာယာကို လေပေါင် သေချာချိန်မသွားတာ၊ တာယာက ပန်းပါးတာ၊ ဆွေးနေတာ စသဖြင့် တာယာကွဲနိုင်ပါတယ်။ဒါပေမယ့် တာယာအကောင်းလည်းဖြစ်မယ်၊ လေပေါင် သုံးဆယ်ပတ်လည် ချိန်သွားမယ်ဆို ပြင်ညီကွန်ကရစ်လမ်းရဲ့ မျက်နှာပြင်နဲ့ ပွတ်တိုက်တဲ့ အရှိန်ကြောင့်နဲ့တော့ အဲဒီတာယာ မပွင့်နိုင်ပါဘူး။ဘာလို့လည်းဆိုတော့ နာမည်ရှိတဲ့ တာယာအမျိုးအစားတွေက တော်ရုံ လေပေါင်တက်တာကို ခံနိုင်ပါတယ်။တာယာအကောင်းကို လေပေါင် ၃၀ ပတ်လည်ချိန်သွားမယ် ဘရိတ်ရှူးလည်းမညိ ကားချို့ယွင်းမှုကြောင့် ဘီးကို တစ်စုံတစ်ခုပွတ်တိုက်တာမျိုးလည်း မရှိဘူးဆိုရင် ရန်ကုန်ကနေ နေပြည်တော် ခရီးလောက်ကတော့ ပေါင် ၆၀၊ ၇၀ မတက်ပါဘူး။အလွန်ဆုံးတက်လည်း ၄၀ ဝန်းကျင်ပေါ့။အဲဒီလောက်လေပေါင်မှာ ပုံမှန်အရှိန်မောင်းရုံနဲ့ တာယာပွင့်မထွက်ပါဘူး။အမှန်က တချို့ဖြစ်စဉ်တွေမှာ တာယာပွင့်လို့ ယာဉ်မတော်တဆဖြစ်တာမဟုတ်ဘဲ ယာဉ်မတော်တဆဖြစ်တဲ့ အရှိန်ကြောင့် တာယာကွဲတာဖြစ်ဖို့ ပိုများပါတယ်ဆိုပြီး ဝါရင့်တာယာပြုပြင်ရောင်းဝယ်ရေး ဆရာတစ်ဦးက သူ့အမြင်ကို သုံးသပ်ပြောပြဖူးပါတယ်။

တလောက အမြန်လမ်းနဲ့ ပတ်သက်လို့ ပြောဆိုနေသံအချို့ ကြားမိပါတယ်။စည်းကမ်းမဲ့တဲ့ ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီနဲ့ လူတွေကြောင့် အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်မောင်းအတွက် နစ်နာစရာကောင်းတယ်ဆိုပြီး ပြောနေကြတာပါ။ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါသူတွေ အသက်သေရင်သေ၊ မသေရင်တောင် ယာဉ်မောင်းအရေးယူခံရရင် ဥပဒေက မတရားဘူးဆိုပြီး အချို့ကပြောနေထင်နေကြတာ ဖြစ်ပါတယ်။အမှန်က အဲဒီလိုမဟုတ်ပါဘူး။အမြန်လမ်းမကြီးများ ဥပဒေအရ တားမြစ်ချက်တွေ ရှိပါတယ်။ပုဒ်မ ၁၄ ကနေ ပုဒ်မ ၁၇ အထိ ဖြစ်ပါတယ်။အဲဒီပုဒ်မ ၄ ခုထဲမှာမှ ပုဒ်မခွဲ ၁၁ ခု ရှိပါတယ်။အမြန်လမ်းပေါ်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ လုပ်သားတွေ၊ တာဝန်ယူကြီးကြပ်သူတွေ၊ မောင်းနှင်ခွင့်ပြုထားတဲ့ မော်တော်ယာဉ်တွေ သွားလာတာကလွဲလို့ ဘယ်သူမှ ခြေလျင်သွားတာ၊ စက်ဘီးစီးတာ၊ ဆိုင်ကယ်စီးတာ၊ ထော်လာဂျီလို အနှေးယာဉ်တွေ သွားလာတာ၊ လှည်းနဲ့ တိရစ္ဆာန်တွေ အပါအဝင် အခြားတားမြစ်ထားတဲ့ ယာဉ်တွေ သွားလာတာ၊ ဖြတ်သန်းတာ၊ နားနေတာတွေ အမြန်လမ်းမကြီးပေါ်မှာ မလုပ်ရဘူးဆိုပြီး အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ ၁၄ အရ တားမြစ်ထားပါတယ်။

အဲဒီတားမြစ်ချက်တွေ ဖောက်ဖျက်ကျူးလွန်တယ်လို့ ပြစ်မှူထင်ရှား စီရင်ခံရရင် အဲဒီသူကို တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ အနည်းဆုံး ကျပ်ငါးသောင်းကနေ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်ဆိုပြီး အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ ၁၈ မှာ ပြဌာန်းထားပါတယ်။ဒီပုဒ်မက ရဲအရေးပိုင်တဲ့ ပုဒ်မလည်းဖြစ်လို့ ကျူးလွန်သူကို ရဲတပ်ဖွဲ့က အဲဒီနေရာမှာတင် အရေးယူလို့ရမှာ ဖြစ်ပါတယ်။

အခုလက်ရှိလည်း အမြန်လမ်းပေါ်မှာ လူကို ယာဉ်ကတိုက်ပြီး လူသေရင်တောင် အဲဒီသေတဲ့ လမ်းဖြတ်ကူးသူကိုပဲ သက်ဆိုင်ရာက အမှုဖွင့်အရေးယူပါတယ်။ယာဉ်မောင်းကို အရေးမယူပါဘူး။

အလားတူ ဆိုင်ကယ်ဖြစ်ဖြစ်၊ ထော်လာဂျီဖြစ်ဖြစ်၊ စက်ဘီးဖြစ်ဖြစ်ကို အမြန်လမ်းပေါ်မှာ ယာဉ်ကတိုက်မိလို့ အဲဒီအနှေးယာဉ် မောင်းလာသူတွေ သေရင်လည်း အဲဒီသေတဲ့သူတွေကိုပဲ အရေးယူ အမှုဖွင့်တာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမြန်လမ်းမပေါ်မှာ မတော်တဆမှုဖြစ်ပြီဆိုရင် အနည်းနဲ့အများတော့ နှစ်ဦးနှစ်ဘက် နစ်နာကြရမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ အမြန်လမ်းမမှာ ယာဉ်မောင်းမယ်ဆိုရင် ယာဉ်စည်းကမ်းလမ်းစည်းနဲ့အညီ သတိရှိရှိ ဆင်ဆင်ခြင်ခြင် မောင်းနှင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အမြန်လမ်းမှာ တိုက်မိအပြစ်ရှိလား မေးမယ်ဆိုရင် တိုက်မိတိုင်းတော့လည်း အပြစ်မရှိနိုင်ပါဘူးလို့သာ ပြောလိုက်ပါရစေ။

သာဓက
မတ် - ၂

( Zawgyi )

အျမန္လမ္းမွာျဖစ္တဲ့ ယာဥ္မေတာ္တဆမႉေတြနဲ႔ စည္းကမ္းခ်ိဳးေဖာက္မႈေတြက အခုခ်ိန္ထိကို ရွိေနတုန္းပါ။ယာဥ္ေၾကာင့္လား၊ လူေၾကာင့္လား၊ လမ္းေၾကာင့္လားဆိုတာ အမ်ိဳးမ်ိဳးသုံးသပ္ေနၾကဆဲမွာပဲ ယာဥ္မေတာ္တဆမႈေတြနဲ႔ စည္းကမ္းခ်ိဳးေဖာက္မႈေတြက အမ်ားအျပားျဖစ္ပြားေနပါတယ္။

ယာဥ္မေတာ္တဆမႈေတြ ဘာလို႔ျဖစ္တာလဲ။တခ်ိဳ႕က ယာဥ္ႀကံ့ခိုင္မႈ မေကာင္းတာကို အေၾကာင္းျပပါတယ္။တခ်ိဳ႕က ယာဥ္ေမာင္းေတြ မဆင္မျခင္ေမာင္းတာေၾကာင့္လို႔ အေၾကာင္းျပပါတယ္။အဲဒီလိုပဲ လမ္းမေကာင္းလို႔ဆိုၿပီး အေၾကာင္းျပတဲ့လူက ျပပါတယ္။ဒီေနရာမွာ လမ္းမေကာင္းဘူးဆိုတာက ခ်ိဳင့္ေတြခြက္ေတြ မ်ားတာကို ေျပာခ်င္ၾကတာမဟုတ္ပါဘူး။လမ္းရဲ႕ တည္ေဆာက္ပုံ ခင္းထားတဲ့ ပုံသ႑ာန္မွာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ ဆိုလိုခ်င္ၾကတာ ျဖစ္ပါတယ္။

အျမန္လမ္းမွာျဖစ္ပြားခဲ့တဲ့ အဲဒီလိုယာဥ္မေတာ္တဆမႈေတြနဲ႔ ပတ္သက္လို႔ အမ်ိဳးမ်ိဳးေဝဖန္ ေျပာဆိုၾကတဲ့အထဲမွာ လမ္းခင္းထားတဲ့ေနရာမွာ ေသခ်ာတြက္ခ်က္မထားလို႔၊ စနစ္တက်မရွိလို႔ဆိုၿပီး ေဝဖန္ၾကတာက အမ်ားစုျဖစ္ပါတယ္။

အျမန္လမ္းမွာ သတ္မွတ္မိုင္ႏႈန္းထက္ ပိုမိုေမာင္းႏွင္တဲ့ ယာဥ္ေတြကို အေရးယူတဲ့ေနရာမွာ ဒီႏွစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ ည ၆ နာရီကေန ၂၄ ရက္ေန႔ ညေန ၅ နာရီထိ အခ်ိန္ေလးမွာေတာင္ တိုးဂိတ္အသီးသီးကေန ၂၇ စီး ဖမ္းဆီးရမိတယ္လို႔ သက္ဆိုင္ရာက ထုတ္ျပန္ပါတယ္။

ဒါတင္မကပါဘူး။ဒီႏွစ္ ဇန္နဝါရီလ ၁ ရက္ကေန ေဖေဖာ္ဝါရီ ၂၄ ရက္အထိ သတ္မွတ္မိုင္ႏႈန္းထက္ ပိုမိုေမာင္းႏွင္တဲ့ ယာဥ္အစီး တစ္ေထာင့္ကိုးရာေက်ာ္ကို သက္ဆိုင္ရာက ဖမ္းဆီးအေရးယူခဲ့ရပါတယ္။အလားတူပဲ ဒီႏွစ္ ဇန္နဝါရီ ၁ ရက္ကေန ေဖေဖာ္ဝါရီ ၂၃ ရက္အထိ ခါးပတ္မပတ္ဘဲ ေမာင္းတဲ့ယာဥ္ ၂၈ စီးကို အေရးယူခဲ့ရပါေသးတယ္။

ဒီအခ်က္အလက္ေတြကိုၾကည့္ရင္ အျမန္လမ္းေပၚက ယာဥ္အႏၲရာယ္ေတြကို ဖိတ္ေခၚေနတဲ့ တရားခံေတြထဲမွာ လမ္းအသုံးျပဳေနသူေတြရဲ႕ အားနည္းခ်က္ကလည္း ပါဝင္ေနတယ္ဆိုတာ ျငင္းလို႔မရတဲ့ အခ်က္ပါ။လမ္းကိုခ်ည္း အျပစ္ပုံခ်လို႔မရေတာ့ပါဘူး။အျမန္လမ္းေပၚမွာ ေမာင္းတဲ့ ဆိုင္ကယ္၊ စက္ဘီး၊ လမ္းျဖတ္ကူးတဲ့သူ စသျဖင့္ အဲဒီလိုအေၾကာင္းျခင္းရာေတြေၾကာင့္လည္း ယာဥ္မေတာ္တဆမႈအခ်ိဳ႕ကို ျဖစ္ေစခဲ့ပါတယ္။

ေနာက္တစ္ခါ အရွိန္ျပင္းျပင္းနဲ႔ မဆင္မျခင္ အသားကုန္ေမာင္းၾကပါတယ္။အျမန္ႏႈန္း ကီလိုမီတာ ၁၅၀ ကေန ၂၀၀ ၾကား ေမာင္းသူေတြလည္း ရွိပါတယ္။အျမန္လမ္းမွာ ေမာင္းရမယ့္ သတ္မွတ္အျမန္ႏႈန္းကို မသတ္မွတ္ရေသးခ်ိန္တုန္းက စာေရးသူကိုယ္တိုင္ အျမန္လမ္းမွာ မၾကာမၾကာေမာင္းဖူးပါတယ္။

အဲဒီအခ်ိန္က ကိုယ္တိုင္ေမာင္းတဲ့ အျမင့္ဆုံး ပ်မ္းမွ်အျမန္ႏႈန္းက ကီလို ၁၀၀ ကေန ၁၃၀ ဝန္းက်င္ ရွိပါတယ္။ေမာင္းတဲ့ကားက မတ္တူးျဖစ္ပါတယ္။ကိုယ္က အဲဒီအရွိန္နဲ႔ေမာင္းေနခ်ိန္မွာ ကိုယ့္ေဘးက ေက်ာ္တက္သြားတဲ့ ကားေတြက ခဏေလးနဲ႔ သူတို႔အၿမီးကို ခပ္ပ်ပ်ပဲျမင္ရပါတယ္။သိပ္မၾကာဘူး ျမင္ကြင္းထဲက လုံးဝေပ်ာက္သြားတဲ့ကား အေတာ္မ်ားမ်ားနဲ႔ေတာင္ ႀကဳံဖူးပါတယ္။
ဒါကဘာကို ေျပာခ်င္တာလဲဆိုေတာ့ ကိုယ္က ကီလို ၁၂၀၊ ၁၃၀ ေမာင္းေနခ်ိန္မွာ သူတို႔က အဲဒီလိုေမာင္းၿပီး ေက်ာ္တယ္ဆိုေတာ့ သူတို႔ေမာင္းတဲ့ႏႈန္းက ကီလို ၁၄၀၊ ၁၅၀ နဲ ၂၀၀ ၾကား ဆိုတာ ေသခ်ာပါတယ္။အဲဒီလိုေမာင္းတဲ့ ကားေတြထဲမွာ အင္ဂ်င္တစ္ေထာင့္သုံးရာ စီစီေလာက္ ကားေတြလည္းပါပါတယ္။အဲဒီကားေသးေတြဆို အျမန္လမ္းမွာ ကီလို ၁၀၀ အျမန္ႏႈန္းထက္ ပိုမေမာင္းသင့္ပါဘူး။အခုဆို ကားအားလုံးကို ကီလို ၁၀၀ ထက္ ပိုမေမာင္းရ သတ္မွတ္ထားခ်ိန္ဆို ပိုသတိထားသင့္တာေပါ့။

ခုနကေျပာတဲ့ ကီလို ၁၄၀ နဲ႔ အထက္ အျမန္ႏႈန္းနဲ႔ ေမာင္းပုံမ်ိဳးက မေျပာေကာင္းမဆိုေကာင္း တစ္ခုခုမ်ားျဖစ္ၾကည့္ အသက္ရွင္ဖြယ္ရာ အေၾကာင္းမရွိႏိုင္ပါဘူး။ကားေတြက ဘယ္ေလာက္ေကာင္းေကာင္း ေမာ္ဒယ္နဲ႔ နည္းပညာ ဘယ္ေလာက္ျမင့္ျမင့္ အရွိန္မ်ားလို႔ကေတာ့ တစ္ခုခုဆို အသက္အႏၲရာယ္ကို ထိခိုက္မွာပါပဲ။ကမာၻ႔နာမည္ႀကီး ကားေတြနဲ႔ျဖစ္တဲ့ မေတာ္တဆမႈအခ်ိဳ႕မွာ ဆိုးဆိုး႐ြား႐ြားျဖစ္သြားတဲ့ ဥပမာေတြလည္း အျခားႏိုင္ငံေတြမွာေတာင္ ျဖစ္ေနပါတယ္။ဒီႏိုင္ငံက အျမန္လမ္းမွာလည္း ျဖစ္ေနပါတယ္။

ေနာက္တစ္ခုေျပာလိုတာက ယာဥ္ေမာင္းေတြရဲ႕ မကြၽမ္းက်င္မႈ၊ ေပါ့ဆမႈပါ။ဒီလမ္းမွာ ဒီလိုေတြျဖစ္တတ္တယ္။ျဖစ္ၿပီဆိုလည္း ဆိုးဆိုး႐ြား႐ြား။အဲဒါေတြသိထားလည္း အသားကုန္ေမာင္းေနၾကတုန္းပါပဲ။လမ္းက ပုံသ႑ာန္မမွန္ဘူး အားနည္းတယ္ဆိုတာ လက္ခံပါတယ္။အဲဒါကိုသိထားမွေတာ့ သတိပိုထားရမွာ ျဖစ္ပါတယ္။

ယာဥ္ေမာင္းက ကြၽမ္းက်င္မယ္ဆိုရင္ ကိုယ္ေမာင္းမယ့္ ကားေပၚတက္ၿပီး အကြာအေဝး အေတာ္အတန္ ထိန္းသိမ္းေမာင္းၾကည့္လိုက္တာနဲ႔ ကိုယ္စီးတဲ့ျမင္းက အထီးလား အမလား ေကာင္းေကာင္းခြဲႏိုင္ပါတယ္။ဆိုလိုတာက ကားရဲ႕ႀကံ့ခိုင္မႈ၊ ဘရိတ္နဲ႔ လီဗာ အေနအထား ဘယ္ေလာက္ပဲ ေမာင္းလို႔ရႏိုင္မယ္ဆိုတာ ေကာင္းေကာင္းသိပါတယ္။မတ္တူးႏိုင္းႏိုင္း ေမာင္းတာနဲ႔ ဆတ္ဖ္ ေမာင္းတာနဲ႔ မတူပါဘူး။အျမန္လမ္းမွာ မတ္တူးႏိုင္းႏိုင္းလို၊ ခေရာင္းလို ဆလြန္းအမ်ိဳးအစား ဝပ္ဝပ္ျပားျပား အင္ဂ်င္ႀကီးတဲ့ ဆီဒန္ကားေတြကို အျမန္ႏႈန္း ကီလို ၁၂၀၊ ၁၃၀ ေမာင္းလို႔ၿငိမ္ေပမယ့္ ဆတ္ဖ္လို လမ္းၾကမ္းေမာင္းတဲ့ အျမင့္ကားေတြ၊ အင္ဂ်င္ေသးတဲ့ ေထာင့္သုံးရာစီစီ ကားေတြကို အဲဒီေလာက္အရွိန္နဲ႔ေမာင္းရင္ မၿငိမ္ဘဲ လူးေနပါလိမ့့္မယ္။အဲဒါကိုသိလို႔ အရွိန္ကို ျပန္ေလွ်ာ့ရင္ ျပႆနာမရွိေပမယ့္ တခ်ိဳ႕ယာဥ္ေမာင္းက မဆင္ျခင္ဘဲ ေမာင္းေကာင္းေကာင္းနဲ႔ ဆက္ေမာင္းၾကေတာ့ ႐ုတ္တရက္ ေရွာင္စရာတိမ္းစရာလည္းႀကဳံေရာ မထိန္းႏိုင္ျဖစ္ၿပီး ဒုကၡေရာက္ၾကရပါတယ္။လမ္းရဲ႕အားနည္းခ်က္ရွိတာ မွန္ပါတယ္။ဒါေပမယ့္ အစီးတစ္ရာမွာ အစီးႏွစ္ဆယ္သုံးဆယ္ ယာဥ္မေတာ္တဆျဖစ္ေနတာ မဟုတ္ပါဘူး။ျဖစ္တဲ့အေရအတြက္ မ်ားတယ္လို႔ပဲ ေျပာလို႔ရမွာျဖစ္ပါတယ္။မျဖစ္တဲ့ကားေတြ ဘာလို႔မျဖစ္လည္းဆိုေတာ့ သတိထားၿပီး ပုံမွန္ေမာင္းတယ္၊ အာ႐ုံစိုက္တယ္၊ အရမ္းမေမာင္းလို႔ေပါ့။တကယ္ေတာ့ ျမန္ျမန္ေမာင္းႏိုင္တာက ကားေမာင္းကြၽမ္းတာ မဟုတ္ပါဘူး။အႏၲရာယ္မရွိေအာင္ ယာဥ္ေမာင္းျဖစ္မွာပါ။တစ္ခါတေလက်ေတာ့လည္း စည္းကမ္းမဲ့ စက္ဘီး၊ ဆိုင္ကယ္၊ လမ္းေလွ်ာက္ေနသူေတြေၾကာင့္ ယာဥ္ေမာင္းက မွန္ေပမယ့္ မေတာ္တဆျဖစ္တာေတြ ႀကဳံရတတ္ပါတယ္။

အမ်ားစုကေျပာၾကပါတယ္။ေလေပါင္တက္ရာက တာယာကြဲၿပီး မေတာ္တဆျဖစ္တယ္ေပါ့။ဒါလည္းမွန္ပါတယ္။ျဖစ္ႏိုင္ပါတယ္။အျမန္လမ္းမွာ မေမာင္းခင္တာယာကို ေလေပါင္ ေသခ်ာခ်ိန္မသြားတာ၊ တာယာက ပန္းပါးတာ၊ ေဆြးေနတာ စသျဖင့္ တာယာကြဲႏိုင္ပါတယ္။ဒါေပမယ့္ တာယာအေကာင္းလည္းျဖစ္မယ္၊ ေလေပါင္ သုံးဆယ္ပတ္လည္ ခ်ိန္သြားမယ္ဆို ျပင္ညီကြန္ကရစ္လမ္းရဲ႕ မ်က္ႏွာျပင္နဲ႔ ပြတ္တိုက္တဲ့ အရွိန္ေၾကာင့္နဲ႔ေတာ့ အဲဒီတာယာ မပြင့္ႏိုင္ပါဘူး။ဘာလို႔လည္းဆိုေတာ့ နာမည္ရွိတဲ့ တာယာအမ်ိဳးအစားေတြက ေတာ္႐ုံ ေလေပါင္တက္တာကို ခံႏိုင္ပါတယ္။တာယာအေကာင္းကို ေလေပါင္ ၃၀ ပတ္လည္ခ်ိန္သြားမယ္ ဘရိတ္ရွဴးလည္းမညိ ကားခ်ိဳ႕ယြင္းမႈေၾကာင့္ ဘီးကို တစ္စုံတစ္ခုပြတ္တိုက္တာမ်ိဳးလည္း မရွိဘူးဆိုရင္ ရန္ကုန္ကေန ေနျပည္ေတာ္ ခရီးေလာက္ကေတာ့ ေပါင္ ၆၀၊ ၇၀ မတက္ပါဘူး။အလြန္ဆုံးတက္လည္း ၄၀ ဝန္းက်င္ေပါ့။အဲဒီေလာက္ေလေပါင္မွာ ပုံမွန္အရွိန္ေမာင္း႐ုံနဲ႔ တာယာပြင့္မထြက္ပါဘူး။အမွန္က တခ်ိဳ႕ျဖစ္စဥ္ေတြမွာ တာယာပြင့္လို႔ ယာဥ္မေတာ္တဆျဖစ္တာမဟုတ္ဘဲ ယာဥ္မေတာ္တဆျဖစ္တဲ့ အရွိန္ေၾကာင့္ တာယာကြဲတာျဖစ္ဖို႔ ပိုမ်ားပါတယ္ဆိုၿပီး ဝါရင့္တာယာျပဳျပင္ေရာင္းဝယ္ေရး ဆရာတစ္ဦးက သူ႔အျမင္ကို သုံးသပ္ေျပာျပဖူးပါတယ္။

တေလာက အျမန္လမ္းနဲ႔ ပတ္သက္လို႔ ေျပာဆိုေနသံအခ်ိဳ႕ ၾကားမိပါတယ္။စည္းကမ္းမဲ့တဲ့ ဆိုင္ကယ္၊ စက္ဘီး၊ ေထာ္လာဂ်ီနဲ႔ လူေတြေၾကာင့္ အျမန္လမ္းမွာ ယာဥ္တိုက္မႈျဖစ္ရင္ ယာဥ္ေမာင္းအတြက္ နစ္နာစရာေကာင္းတယ္ဆိုၿပီး ေျပာေနၾကတာပါ။ယာဥ္ေမာင္းနဲ႔ ယာဥ္ေပၚပါသူေတြ အသက္ေသရင္ေသ၊ မေသရင္ေတာင္ ယာဥ္ေမာင္းအေရးယူခံရရင္ ဥပေဒက မတရားဘူးဆိုၿပီး အခ်ိဳ႕ကေျပာေနထင္ေနၾကတာ ျဖစ္ပါတယ္။အမွန္က အဲဒီလိုမဟုတ္ပါဘူး။အျမန္လမ္းမႀကီးမ်ား ဥပေဒအရ တားျမစ္ခ်က္ေတြ ရွိပါတယ္။ပုဒ္မ ၁၄ ကေန ပုဒ္မ ၁၇ အထိ ျဖစ္ပါတယ္။အဲဒီပုဒ္မ ၄ ခုထဲမွာမွ ပုဒ္မခြဲ ၁၁ ခု ရွိပါတယ္။အျမန္လမ္းေပၚမွာ လုပ္ငန္းေဆာင္႐ြက္ေနတဲ့ လုပ္သားေတြ၊ တာဝန္ယူႀကီးၾကပ္သူေတြ၊ ေမာင္းႏွင္ခြင့္ျပဳထားတဲ့ ေမာ္ေတာ္ယာဥ္ေတြ သြားလာတာကလြဲလို႔ ဘယ္သူမွ ေျခလ်င္သြားတာ၊ စက္ဘီးစီးတာ၊ ဆိုင္ကယ္စီးတာ၊ ေထာ္လာဂ်ီလို အေႏွးယာဥ္ေတြ သြားလာတာ၊ လွည္းနဲ႔ တိရစာၦန္ေတြ အပါအဝင္ အျခားတားျမစ္ထားတဲ့ ယာဥ္ေတြ သြားလာတာ၊ ျဖတ္သန္းတာ၊ နားေနတာေတြ အျမန္လမ္းမႀကီးေပၚမွာ မလုပ္ရဘူးဆိုၿပီး အျမန္လမ္းမႀကီးမ်ား ဥပေဒပုဒ္မ ၁၄ အရ တားျမစ္ထားပါတယ္။

အဲဒီတားျမစ္ခ်က္ေတြ ေဖာက္ဖ်က္က်ဴးလြန္တယ္လို႔ ျပစ္မႉထင္ရွား စီရင္ခံရရင္ အဲဒီသူကို တစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ အနည္းဆုံး က်ပ္ငါးေသာင္းကေန အမ်ားဆုံး က်ပ္သုံးသိန္းအထိ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္ဆိုၿပီး အျမန္လမ္းမႀကီးမ်ား ဥပေဒပုဒ္မ ၁၈ မွာ ျပဌာန္းထားပါတယ္။ဒီပုဒ္မက ရဲအေရးပိုင္တဲ့ ပုဒ္မလည္းျဖစ္လို႔ က်ဴးလြန္သူကို ရဲတပ္ဖြဲ႕က အဲဒီေနရာမွာတင္ အေရးယူလို႔ရမွာ ျဖစ္ပါတယ္။

အခုလက္ရွိလည္း အျမန္လမ္းေပၚမွာ လူကို ယာဥ္ကတိုက္ၿပီး လူေသရင္ေတာင္ အဲဒီေသတဲ့ လမ္းျဖတ္ကူးသူကိုပဲ သက္ဆိုင္ရာက အမႈဖြင့္အေရးယူပါတယ္။ယာဥ္ေမာင္းကို အေရးမယူပါဘူး။

အလားတူ ဆိုင္ကယ္ျဖစ္ျဖစ္၊ ေထာ္လာဂ်ီျဖစ္ျဖစ္၊ စက္ဘီးျဖစ္ျဖစ္ကို အျမန္လမ္းေပၚမွာ ယာဥ္ကတိုက္မိလို႔ အဲဒီအေႏွးယာဥ္ ေမာင္းလာသူေတြ ေသရင္လည္း အဲဒီေသတဲ့သူေတြကိုပဲ အေရးယူ အမႈဖြင့္တာ ျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္က မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ အျမန္လမ္းမေပၚမွာ မေတာ္တဆမႈျဖစ္ၿပီဆိုရင္ အနည္းနဲ႔အမ်ားေတာ့ ႏွစ္ဦးႏွစ္ဘက္ နစ္နာၾကရမွာ ျဖစ္ပါတယ္။ဒါေၾကာင့္မို႔ အျမန္လမ္းမမွာ ယာဥ္ေမာင္းမယ္ဆိုရင္ ယာဥ္စည္းကမ္းလမ္းစည္းနဲ႔အညီ သတိရွိရွိ ဆင္ဆင္ျခင္ျခင္ ေမာင္းႏွင္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း အျမန္လမ္းမွာ တိုက္မိအျပစ္ရွိလား ေမးမယ္ဆိုရင္ တိုက္မိတိုင္းေတာ့လည္း အျပစ္မရွိႏိုင္ပါဘူးလို႔သာ ေျပာလိုက္ပါရေစ။

သာဓက
မတ္ - ၂