【 ဆောင်းပါး 】 ''အစားအသောက်လုံခြုံရေး''

【 ဆောင်းပါး 】 ''အစားအသောက်လုံခြုံရေး''

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် နေ့စဉ်စားသုံးနေတဲ့ အစားအသောက်က အင်မတန်မှအရေးကြီးပါတယ်။ဒီနေ့လိုခေတ်မှာ အစားအသောက်ကြောင့် ဒုက္ခရောက်ရတဲ့သူတွေကလည်း မနည်းမနောပါပဲ။

အစားအသောက်မဆင်ခြင်လို့ အနည်းဆုံးကျန်းမာရေးထိခိုက်မှုကိုပြပါဆိုရင် ဆီးချိုသွေးချိုနဲ့ သွေးတိုးလောက် ရောဂါဖြစ်ရင်ကို ကံကောင်းလှပြီလို့ ပြောရမလိုပါပဲ။ကံဆိုးသူတွေအတွက်ကတော့ ဒီထက်ဆိုးတဲ့ ကင်ဆာလိုရောဂါတွေ၊ အဆိပ်သင့်တာတွေ အပါအဝင် အန္တရာယ်ရှိတာတွေစားမိလို့ စားပြီးနာရီပိုင်းအတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေတောင် ရှိပါတယ်။

တချို့ဆို အပြင်စာကို လုံးဝဝယ်မစားရဲတော့တဲ့အထိ အစားအသောက်လုံခြုံမှုက သံသယဖြစ်စရာကောင်းနေပါတယ်။ဒီနေ့ခေတ် အစားအသောက်တွေက မသန့်ရှင်းရုံတင်မက ကြောက်စရာကောင်းလောက်အောင် ဘေးဥပါဒ်ဖြစ်စေတဲ့ အရောအနှောတွေကလည်း ကြားရသူတွေအဖို့ ကျောချမ်းစရာပါ။ငပိကို ဓာတ်မြေသြဇာရောတယ်။ပဲပြားကို ဖော်မလင်စိမ်တယ်။ငရုတ်သီးမှုန့်တွေ ပွားလာအောင် မြေပဲဆန်တွေရဲ့ အခွံလိုမျိုးတွေ အမှုန့်အခွံအမျိုးမျိုးကို ရောကြပါတယ်။အစားအစာတွေ အရောင်လှအောင် အန္တရာယ်ရှိတဲ့ ဆိုးဆေးအမျိုးမျိုးကို အလွန်အကျွံသုံးစွဲကြပါတယ်။

အလားတူပဲ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို အရောင်အဆင်းလှအောင် ဖွံ့ထွားအောင် ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးကြပါတယ်။ပိုးသတ်ဆေးသုံးစွဲတာတွေနဲ့ပတ်သက်လို့ တောင်သူတွေကို ဒီထက်ပိုပြီး ပညာပေးဖို့လိုနေပြီဖြစ်ပါတယ်။ဘာလို့ဆိုရင် တောင်သူတွေအများစုက အသိပညာဗဟုသုတ အားနည်းတတ်ကြပါတယ်။ကြော်ငြာကောင်းရင်ကောင်းသလို ပိုးသတ်ဆေးတွေ ဓာတ်မြေသြဇာတွေကို များများသုံးတိုင်း ကောင်းတယ်ထင်တတ်ကြသူတွေ အများကြီးရှိပါတယ်။

ပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေ ကြော်ငြာတဲ့နေရာမှာ သုံးရင်ကောင်းပါတယ်ချည်း ကြော်ငြာတာထက် နည်းစနစ်မှန်မှန် ကိုင်တွယ်အသုံးပြုနည်းတွေ၊ စနစ်တကျမကိုင်တွယ်ရင် ဘယ်လောက်ထိအန္တရာယ်ဖြစ်စေနိုင်တယ် ဆိုတာတွေကိုပါ ထည့်သွင်းကြော်ငြာနိုင်ရင်တော့ အကောင်းဆုံးပေါ့။

ပိုးသတ်ဆေးဆိုလို့ ကြုံဖူးတာလေးတစ်ခု သွားသတိရပါတယ်။တို့စရာအနေနဲ့ ဆလပ်ရွက်လေး တို့စားချင်တာနဲ့ ဇနီးဖြစ်သူကို ဈေးကဝယ်ခဲ့ဖို့ မှာလိုက်ပါတယ်။ရေလည်းဆေးရော ပိုးသတ်ဆေးအနံ့က တော်တော်နဲ့မပျောက်ပါဘူး။ရေကို သုံးလေးထပ်ဆေးပြီးတာတောင် စိတ်မချလို့ ဆားရေနဲ့ပါ ထပ်စိမ်ရပါတယ်။
အဲဒီတော့မှ ပိုးသတ်ဆေးနံ့က ပျောက်ပါတယ်။အခုချိန်ဈေးတွေထဲရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေးမကင်းတာ နားလည်ပေမယ့် အလွန်အကျွံဆိုရင်တော့ ဘယ်အရာမှမကောင်းပါဘူး။

နောက်တစ်ခါပိုဆိုးတာက ကလေးတွေစားမယ့် အစားအစာတွေမှာ ဆိုးဆေးတွေ အလွန်အကျွံသုံးကြတာပါပဲ။စာရေးသူရဲ့ သားဆိုရင် သကြားလုံးတွေ ရေခဲချောင်းတွေစားပြီးရင် ဆိုးဆေးအရောင်တွေက သူ့ရဲ့လျှာမှာ တော်တော်နဲ့မပျောက်ပါဘူး။အဲဒါနဲ့ နောက်ပိုင်းမှာ အတော်ကိုချင့်ချိန်ပြီးမှ ဝယ်ကျွေးဖြစ်ပါတယ်။
ကိုယ်ငယ်ငယ်က ကလေးဘဝမှာ ကိုယ်တိုင်ကြုံခဲ့ရတာလေး ခုထိမမေ့သေးပါဘူး။

မူလတန်းကျောင်းသားဘဝတုန်းကပါ။ကျောင်းမုန့်စားဆင်းချိန် လာရောင်းတဲ့ စတော်ဘယ်ရီရေခဲချောင်းဆိုတာကို ဝယ်စားမိတာပါ။စားနေရင်းနဲ့ ရေခဲချောင်းတစ်ဝက်လောက်လည်းရောက်ရော မာမာအခဲတစ်ခဲကို ဝါးစားမိပါတယ်။အရသာက ခါးတူးနေတာမို့ ချက်ချင်းပြန်ထွေးထုတ်လိုက်ရပါတယ်။ထပ်မစားရဲလို့ လွှင့်ပစ်လိုက်ရတယ်ပေါ့။သိပ်မကြာပါဘူး ဆီးတွေခဏခဏသွားပြီး ဆီးရောင်တွေကလည်း နီရဲနေတာပါပဲ။အိမ်လည်းပြန်ရော တစ်ကိုယ်လုံးအသားတွေနီရဲလာတာမို့ အဖေက စာရေးသူရဲ့လက်ကိုဆွဲပြီး ဆေးခန်းပြေးရတော့တာပေါ့။ဆရာဝန်က ဆီးသွားရဲ့လားနဲ့ အကျိုးအကြောင်းမေးပြီး ရေများများသောက်ခိုင်းပါတယ်။
ဆေးတချို့ကိုလည်းပေးပြီး ခန္ဓာကိုယ်မှာ အနီရောင်သန်းနေတာတွေ လျော့မလျော့စောင့်ကြည့်ဖို့ မှာလိုက်ပါတယ်။အရောင်တွေမလျော့ဘဲ တစ်ခုခုထူးခြားတာနဲ့ ဆေးခန်းကို ချက်ချင်းပြန်လာဖို့ မှာလိုက်ပါတယ်။ဒါက ကိုယ်ငယ်ငယ်က ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။

တစ်ခါကလည်းကွမ်းသီးဖြန့်တဲ့ ဒိုင်တစ်ခုရှေ့ ဖြတ်လျှောက်တော့ ကွမ်းသီးတွေမှာ မှိုတွေတက်နေလို့ နေထုတ်လှန်းထားတာ တွေ့ရပါတယ်။ဒါတင်မကသေးပါဘူး။ကွမ်းသီးတွေပေါ်မှာ တက်နေတဲ့ ပိုးမွှားတွေကို နှိမ်နင်းဖို့ အင်းဆက်ကေလာ ပိုးသတ်ဆေးဘူးနဲ့ အားရပါးရဖြန်းနေတာ တွေ့ဖူးပါတယ်။အခုခေတ် ကွမ်းစားသူတွေ ကင်ဆာလိုရောဂါတွေ ဖြစ်တာလည်းမပြောနဲ့ ဒီလိုတွေလုပ်နေမှတော့ ဖြစ်ပြီပေါ့။ကိုယ်က ကွမ်းမစားတတ်ပေမယ့်  သူငယ်ချင်းဖြစ်သူတွေက ကွမ်းဝယ်လို့ ကွမ်းယာဆိုင်အနားမှာ သူတို့နဲ့အတူ မကြာခဏရပ်စောင့်ဖူးပါတယ်။

ဆေးပေါင်းဆိုပြီး ဆေးရွက်ကြီးတွေကိုစိမ်ထားတဲ့ ရေခွက်ကြီးကလည်း ချိုးအမဲတွေတက်လို့။ဆေးရွက်ကြီးစိမ်ထားတဲ့ အရည်တွေအပေါ်မှာလည်း ဆီလိုလို မှိူလိုလို အဖတ်တွေဝဲလို့ပေါ့။နောက်ပြီး ကွမ်းယာထဲထည့်စားတဲ့ ဆေးမှုန့်တွေပါတဲ့ဘူးတွေကို ခေါက်ခေါက်ပြီး ကွမ်းယာထဲဖြူးလိုက်ပြီဆို ဆေးမှုန့်တွေရော ဘူးမှာရှိတဲ့ ခဲပတ်သံစတွေရော ကွမ်းယာထဲရောပါနေတာ ကိုယ်တိုင်မြင်ဖူးပါတယ်။ကိုယ်ကမြင်နေရင်တော့ ဖယ်ခိုင်းလိုက်ပါ တယ်။မမြင်မိလို့ ဗိုက်ထဲပါသွားတဲ့ မိတ်ဆွေတွေလည်း အများကြီးရှိမှာပါ။

မုန့်ဖတ်တွေ ခေါက်ဆွဲဖတ်တွေ ကြာကြာခံအောင်လည်း ဆော်ဒါ အပါအဝင် အရောအစပ်အမျိုးမျိုးကို အလွန်အကျွံရောတတ်ကြပါတယ်ဆိုပြီးတော့ အိမ်ရှင်မတချို့က ပြောပါတယ်။အဲဒီတော့ ဒီနိုင်ငံမှာ အစားအသောက်နဲ့ပတ်သက်လို့ လုံခြုံရဲ့လားလို့မေးရင် လုံးဝမလုံခြုံပါဘူးလို့ပဲ ပြောရမှာပါ။အစားအသောက်တွေက မသန့်ရှင်းတာ ညစ်ပတ်တာတွေပေါတယ်။အရောအနှောတွေပေါတယ်။ကျန်းမာရေးကိုထိခိုက်စေတယ် စသဖြင့် အစားအသောက်လုံခြုံမှုမရှိပါဘူး။သန့်ရှင်းတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆိုင်တွေတော့ရှိပါတယ်။ခုနကပြောတဲ့ဆိုင်တွေ အရေအတွက်ထက် အများကြီးနည်းပါတယ်။

အဲဒီတော့ ဒီနိုင်ငံမှာ အစားအသောက်နဲ့ပတ်သက်လို့ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ဘယ်လောက်ရှိလဲဆိုပြီး တချို့ကသိချင်ကြပါတယ်။အစားအသောက်နဲ့ပတ်သက်ရင် အများစုသိတဲ့ ဥပဒေက စားသုံးသူကာကွယ်ပေးရေး ဥပဒေပဲဖြစ်ပါတယ်။အဲဒီဥပဒေအပြင် အမျိုးသားအစားအသောက်ဥပဒေနဲ့ ရာဇသတ်ကြီးဥပဒေပါ ပြဌာန်းချက်တွေ ရှိပါသေးတယ်။ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်အကြောင်းချင်းရာပေါ် မူတည်ပြီး သက်ဆိုင်တဲ့ဥပဒေနဲ့ အရေးယူနိုင်မှာဖြစ်ပါတယ်။

အဲဒီဥပဒေတွေထဲမှာ အမျိုးသားအစားအသောက်ဥပဒေက ပြစ်ဒဏ်အများဆုံးချလို့ရတဲ့ ပြဌာန်းချက်ပါပြီး ရာဇသတ်ကြီးနဲ့ စားသုံးသူကာကွယ်ရေး ဥပဒေတို့ကတော့ ပြစ်ဒဏ်နည်းတဲ့ ပြဌာန်းချက်တွေ ပါနေတာဖြစ်ပါတယ်။

အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၂၊ ၂၈ မှာ ဒီလိုဆိုပါတယ်။စားသုံးသူကို အဆိပ်သင့်စေနိုင်တဲ့ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒါမှမဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအသောက်ကိုထုတ်လုပ်တာ၊ ပြည်တွင်းကိုတင်သွင်းတာ၊ ပြည်ပကိုတင်ပို့တာ၊ သိုလှောင်တာ၊ ဖြန့်ဖြူးတာ၊ ရောင်းချတာတွေကို လုပ်တယ်လို့ ပြစ်မှုထင်ရှားစီရင်တာခံရရင် ထောင်ဒဏ်သုံးနှစ်အထိဖြစ်ဖြစ်၊ ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

စားဖွယ်သောက်ဖွယ်ကို အန္တရာယ်ဖြစ်စေအောင် ယုတ်ညံ့တဲ့အရာနဲ့ရောရင် အဲဒီသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ တစ်သိန်းထိ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၂ မှာ ဆိုပါတယ်။

အဲဒီလိုပဲ အန္တရာယ်ဖြစ်စေတဲ့၊ စားသုံးဖို့မသင့်တဲ့ စားဖွယ်သောက်ဖွယ်ကိုရောင်းရင် အဲဒီသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ တစ်သိန်းထိ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၃ မှာ ဆိုပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်မှာ ပြဌာန်းခဲ့တဲ့ စားသုံးသူကာကွယ်ရေးဥပဒေကတော့ လမ်းဘေးစားသောက်ဆိုင်တွေ၊ ဈေးတွေထဲမှာ အန္တရာယ်ရှိတဲ့ အစားအသောက်ရောင်းချသူတွေကို အရေးယူဖို့ ပြဋ္ဌာန်းထားတယ်ဆိုတာထက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဆိုင်တဲ့ အရေးယူတဲ့ ပြဌာန်းချက်တွေပါတဲ့ ဥပဒေဖြစ်ပါတယ်။
ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ်အများစုက ခြောက်လအထိပဲ ချလို့ရပါတယ်။တချို့ပြစ်ဒဏ်မှာတော့ အများဆုံး နှစ်နှစ်ထိချလို့ရပါတယ်။ငွေဒဏ်တွေကတော့ သိန်းဆယ်ဂဏန်းကနေ သိန်းရာဂဏန်းထိ ပြစ်ဒဏ်ချလို့ရတာတွေ ပါနေတာတွေ့ရပါတယ်။

ဒါကြောင့်မို့ အစားအသောက်လုံခြုံမှုအတွက် အာမခံချက်အပြည့်အဝမပေးနိုင်သေးတဲ့ ဒီနိုင်ငံမှာ အစားအသောက်လုံခြုံမှုရှိစေရေး သက်ဆိုင်တဲ့ဥပဒေတွေကို ထိထိရောက်ရောက် အသုံးချနိုင်မှသာ ပြည်သူတွေအတွက် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လို့ အပြုသဘောဆောင် အကြံပြုလိုက်ပါရစေ။

သာဓက
ဖေဖော်ဝါရီ - ၁၉
( Zawgyi )
က်န္းမာတဲ့ဘဝကို ပိုင္ဆိုင္ႏိုင္ဖို႔ဆိုရင္ ေန႔စဥ္စားသုံးေနတဲ့ အစားအေသာက္က အင္မတန္မွအေရးႀကီးပါတယ္။ဒီေန႔လိုေခတ္မွာ အစားအေသာက္ေၾကာင့္ ဒုကၡေရာက္ရတဲ့သူေတြကလည္း မနည္းမေနာပါပဲ။

အစားအေသာက္မဆင္ျခင္လို႔ အနည္းဆုံးက်န္းမာေရးထိခိုက္မႈကိုျပပါဆိုရင္ ဆီးခ်ိဳေသြးခ်ိဳနဲ႔ ေသြးတိုးေလာက္ ေရာဂါျဖစ္ရင္ကို ကံေကာင္းလွၿပီလို႔ ေျပာရမလိုပါပဲ။ကံဆိုးသူေတြအတြက္ကေတာ့ ဒီထက္ဆိုးတဲ့ ကင္ဆာလိုေရာဂါေတြ၊ အဆိပ္သင့္တာေတြ အပါအဝင္ အႏၲရာယ္ရွိတာေတြစားမိလို႔ စားၿပီးနာရီပိုင္းအတြင္း အသက္ဆုံးရႈံးခဲ့ရသူေတြေတာင္ ရွိပါတယ္။

တခ်ိဳ႕ဆို အျပင္စာကို လုံးဝဝယ္မစားရဲေတာ့တဲ့အထိ အစားအေသာက္လုံၿခဳံမႈက သံသယျဖစ္စရာေကာင္းေနပါတယ္။ဒီေန႔ေခတ္ အစားအေသာက္ေတြက မသန႔္ရွင္း႐ုံတင္မက ေၾကာက္စရာေကာင္းေလာက္ေအာင္ ေဘးဥပါဒ္ျဖစ္ေစတဲ့ အေရာအေႏွာေတြကလည္း ၾကားရသူေတြအဖို႔ ေက်ာခ်မ္းစရာပါ။ငပိကို ဓာတ္ေျမၾသဇာေရာတယ္။ပဲျပားကို ေဖာ္မလင္စိမ္တယ္။င႐ုတ္သီးမႈန႔္ေတြ ပြားလာေအာင္ ေျမပဲဆန္ေတြရဲ႕ အခြံလိုမ်ိဳးေတြ အမႈန႔္အခြံအမ်ိဳးမ်ိဳးကို ေရာၾကပါတယ္။အစားအစာေတြ အေရာင္လွေအာင္ အႏၲရာယ္ရွိတဲ့ ဆိုးေဆးအမ်ိဳးမ်ိဳးကို အလြန္အကြၽံသုံးစြဲၾကပါတယ္။

အလားတူပဲ အသီးအႏွံနဲ႔ ဟင္းသီးဟင္း႐ြက္အမ်ိဳးမ်ိဳးကို အေရာင္အဆင္းလွေအာင္ ဖြံ႕ထြားေအာင္ ပိုးသတ္ေဆးေတြ အလြန္အကြၽံသုံးၾကပါတယ္။ပိုးသတ္ေဆးသုံးစြဲတာေတြနဲ႔ပတ္သက္လို႔ ေတာင္သူေတြကို ဒီထက္ပိုၿပီး ပညာေပးဖို႔လိုေနၿပီျဖစ္ပါတယ္။ဘာလို႔ဆိုရင္ ေတာင္သူေတြအမ်ားစုက အသိပညာဗဟုသုတ အားနည္းတတ္ၾကပါတယ္။ေၾကာ္ျငာေကာင္းရင္ေကာင္းသလို ပိုးသတ္ေဆးေတြ ဓာတ္ေျမၾသဇာေတြကို မ်ားမ်ားသုံးတိုင္း ေကာင္းတယ္ထင္တတ္ၾကသူေတြ အမ်ားႀကီးရွိပါတယ္။

ပိုးသတ္ေဆးေတြ၊ ဓာတ္ေျမၾသဇာေတြ ေၾကာ္ျငာတဲ့ေနရာမွာ သုံးရင္ေကာင္းပါတယ္ခ်ည္း ေၾကာ္ျငာတာထက္ နည္းစနစ္မွန္မွန္ ကိုင္တြယ္အသုံးျပဳနည္းေတြ၊ စနစ္တက်မကိုင္တြယ္ရင္ ဘယ္ေလာက္ထိအႏၲရာယ္ျဖစ္ေစႏိုင္တယ္ ဆိုတာေတြကိုပါ ထည့္သြင္းေၾကာ္ျငာႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့။

ပိုးသတ္ေဆးဆိုလို႔ ႀကဳံဖူးတာေလးတစ္ခု သြားသတိရပါတယ္။တို႔စရာအေနနဲ႔ ဆလပ္႐ြက္ေလး တို႔စားခ်င္တာနဲ႔ ဇနီးျဖစ္သူကို ေဈးကဝယ္ခဲ့ဖို႔ မွာလိုက္ပါတယ္။ေရလည္းေဆးေရာ ပိုးသတ္ေဆးအနံ႔က ေတာ္ေတာ္နဲ႔မေပ်ာက္ပါဘူး။ေရကို သုံးေလးထပ္ေဆးၿပီးတာေတာင္ စိတ္မခ်လို႔ ဆားေရနဲ႔ပါ ထပ္စိမ္ရပါတယ္။
အဲဒီေတာ့မွ ပိုးသတ္ေဆးနံ႔က ေပ်ာက္ပါတယ္။အခုခ်ိန္ေဈးေတြထဲေရာင္းတဲ့ ဟင္းသီးဟင္း႐ြက္ေတြမွာ ပိုးသတ္ေဆးမကင္းတာ နားလည္ေပမယ့္ အလြန္အကြၽံဆိုရင္ေတာ့ ဘယ္အရာမွမေကာင္းပါဘူး။

ေနာက္တစ္ခါပိုဆိုးတာက ကေလးေတြစားမယ့္ အစားအစာေတြမွာ ဆိုးေဆးေတြ အလြန္အကြၽံသုံးၾကတာပါပဲ။စာေရးသူရဲ႕ သားဆိုရင္ သၾကားလုံးေတြ ေရခဲေခ်ာင္းေတြစားၿပီးရင္ ဆိုးေဆးအေရာင္ေတြက သူ႔ရဲ႕လွ်ာမွာ ေတာ္ေတာ္နဲ႔မေပ်ာက္ပါဘူး။အဲဒါနဲ႔ ေနာက္ပိုင္းမွာ အေတာ္ကိုခ်င့္ခ်ိန္ၿပီးမွ ဝယ္ေကြၽးျဖစ္ပါတယ္။
ကိုယ္ငယ္ငယ္က ကေလးဘဝမွာ ကိုယ္တိုင္ႀကဳံခဲ့ရတာေလး ခုထိမေမ့ေသးပါဘူး။

မူလတန္းေက်ာင္းသားဘဝတုန္းကပါ။ေက်ာင္းမုန႔္စားဆင္းခ်ိန္ လာေရာင္းတဲ့ စေတာ္ဘယ္ရီေရခဲေခ်ာင္းဆိုတာကို ဝယ္စားမိတာပါ။စားေနရင္းနဲ႔ ေရခဲေခ်ာင္းတစ္ဝက္ေလာက္လည္းေရာက္ေရာ မာမာအခဲတစ္ခဲကို ဝါးစားမိပါတယ္။အရသာက ခါးတူးေနတာမို႔ ခ်က္ခ်င္းျပန္ေထြးထုတ္လိုက္ရပါတယ္။ထပ္မစားရဲလို႔ လႊင့္ပစ္လိုက္ရတယ္ေပါ့။သိပ္မၾကာပါဘူး ဆီးေတြခဏခဏသြားၿပီး ဆီးေရာင္ေတြကလည္း နီရဲေနတာပါပဲ။အိမ္လည္းျပန္ေရာ တစ္ကိုယ္လုံးအသားေတြနီရဲလာတာမို႔ အေဖက စာေရးသူရဲ႕လက္ကိုဆြဲၿပီး ေဆးခန္းေျပးရေတာ့တာေပါ့။ဆရာဝန္က ဆီးသြားရဲ႕လားနဲ႔ အက်ိဳးအေၾကာင္းေမးၿပီး ေရမ်ားမ်ားေသာက္ခိုင္းပါတယ္။
ေဆးတခ်ိဳ႕ကိုလည္းေပးၿပီး ခႏၶာကိုယ္မွာ အနီေရာင္သန္းေနတာေတြ ေလ်ာ့မေလ်ာ့ေစာင့္ၾကည့္ဖို႔ မွာလိုက္ပါတယ္။အေရာင္ေတြမေလ်ာ့ဘဲ တစ္ခုခုထူးျခားတာနဲ႔ ေဆးခန္းကို ခ်က္ခ်င္းျပန္လာဖို႔ မွာလိုက္ပါတယ္။ဒါက ကိုယ္ငယ္ငယ္က ကိုယ္တိုင္ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ေလးပါ။

တစ္ခါကလည္းကြမ္းသီးျဖန႔္တဲ့ ဒိုင္တစ္ခုေရွ႕ ျဖတ္ေလွ်ာက္ေတာ့ ကြမ္းသီးေတြမွာ မႈိေတြတက္ေနလို႔ ေနထုတ္လွန္းထားတာ ေတြ႕ရပါတယ္။ဒါတင္မကေသးပါဘူး။ကြမ္းသီးေတြေပၚမွာ တက္ေနတဲ့ ပိုးမႊားေတြကို ႏွိမ္နင္းဖို႔ အင္းဆက္ေကလာ ပိုးသတ္ေဆးဘူးနဲ႔ အားရပါးရျဖန္းေနတာ ေတြ႕ဖူးပါတယ္။အခုေခတ္ ကြမ္းစားသူေတြ ကင္ဆာလိုေရာဂါေတြ ျဖစ္တာလည္းမေျပာနဲ႔ ဒီလိုေတြလုပ္ေနမွေတာ့ ျဖစ္ၿပီေပါ့။ကိုယ္က ကြမ္းမစားတတ္ေပမယ့္  သူငယ္ခ်င္းျဖစ္သူေတြက ကြမ္းဝယ္လို႔ ကြမ္းယာဆိုင္အနားမွာ သူတို႔နဲ႔အတူ မၾကာခဏရပ္ေစာင့္ဖူးပါတယ္။

ေဆးေပါင္းဆိုၿပီး ေဆး႐ြက္ႀကီးေတြကိုစိမ္ထားတဲ့ ေရခြက္ႀကီးကလည္း ခ်ိဳးအမဲေတြတက္လို႔။ေဆး႐ြက္ႀကီးစိမ္ထားတဲ့ အရည္ေတြအေပၚမွာလည္း ဆီလိုလို မွိူလိုလို အဖတ္ေတြဝဲလို႔ေပါ့။ေနာက္ၿပီး ကြမ္းယာထဲထည့္စားတဲ့ ေဆးမႈန႔္ေတြပါတဲ့ဘူးေတြကို ေခါက္ေခါက္ၿပီး ကြမ္းယာထဲျဖဴးလိုက္ၿပီဆို ေဆးမႈန႔္ေတြေရာ ဘူးမွာရွိတဲ့ ခဲပတ္သံစေတြေရာ ကြမ္းယာထဲေရာပါေနတာ ကိုယ္တိုင္ျမင္ဖူးပါတယ္။ကိုယ္ကျမင္ေနရင္ေတာ့ ဖယ္ခိုင္းလိုက္ပါ တယ္။မျမင္မိလို႔ ဗိုက္ထဲပါသြားတဲ့ မိတ္ေဆြေတြလည္း အမ်ားႀကီးရွိမွာပါ။

မုန႔္ဖတ္ေတြ ေခါက္ဆြဲဖတ္ေတြ ၾကာၾကာခံေအာင္လည္း ေဆာ္ဒါ အပါအဝင္ အေရာအစပ္အမ်ိဳးမ်ိဳးကို အလြန္အကြၽံေရာတတ္ၾကပါတယ္ဆိုၿပီးေတာ့ အိမ္ရွင္မတခ်ိဳ႕က ေျပာပါတယ္။အဲဒီေတာ့ ဒီႏိုင္ငံမွာ အစားအေသာက္နဲ႔ပတ္သက္လို႔ လုံၿခဳံရဲ႕လားလို႔ေမးရင္ လုံးဝမလုံၿခဳံပါဘူးလို႔ပဲ ေျပာရမွာပါ။အစားအေသာက္ေတြက မသန႔္ရွင္းတာ ညစ္ပတ္တာေတြေပါတယ္။အေရာအေႏွာေတြေပါတယ္။က်န္းမာေရးကိုထိခိုက္ေစတယ္ စသျဖင့္ အစားအေသာက္လုံၿခဳံမႈမရွိပါဘူး။သန႔္ရွင္းတဲ့ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ဆိုင္ေတြေတာ့ရွိပါတယ္။ခုနကေျပာတဲ့ဆိုင္ေတြ အေရအတြက္ထက္ အမ်ားႀကီးနည္းပါတယ္။

အဲဒီေတာ့ ဒီႏိုင္ငံမွာ အစားအေသာက္နဲ႔ပတ္သက္လို႔ အကာအကြယ္ေပးႏိုင္တဲ့ ဥပေဒေတြ ဘယ္ေလာက္ရွိလဲဆိုၿပီး တခ်ိဳ႕ကသိခ်င္ၾကပါတယ္။အစားအေသာက္နဲ႔ပတ္သက္ရင္ အမ်ားစုသိတဲ့ ဥပေဒက စားသုံးသူကာကြယ္ေပးေရး ဥပေဒပဲျဖစ္ပါတယ္။အဲဒီဥပေဒအျပင္ အမ်ိဳးသားအစားအေသာက္ဥပေဒနဲ႔ ရာဇသတ္ႀကီးဥပေဒပါ ျပဌာန္းခ်က္ေတြ ရွိပါေသးတယ္။ျဖစ္ေပၚလာတဲ့ ျဖစ္စဥ္အေၾကာင္းခ်င္းရာေပၚ မူတည္ၿပီး သက္ဆိုင္တဲ့ဥပေဒနဲ႔ အေရးယူႏိုင္မွာျဖစ္ပါတယ္။

အဲဒီဥပေဒေတြထဲမွာ အမ်ိဳးသားအစားအေသာက္ဥပေဒက ျပစ္ဒဏ္အမ်ားဆုံးခ်လို႔ရတဲ့ ျပဌာန္းခ်က္ပါၿပီး ရာဇသတ္ႀကီးနဲ႔ စားသုံးသူကာကြယ္ေရး ဥပေဒတို႔ကေတာ့ ျပစ္ဒဏ္နည္းတဲ့ ျပဌာန္းခ်က္ေတြ ပါေနတာျဖစ္ပါတယ္။

အမ်ိဳးသားအစားအေသာက္ ဥပေဒပုဒ္မ ၂၂၊ ၂၈ မွာ ဒီလိုဆိုပါတယ္။စားသုံးသူကို အဆိပ္သင့္ေစႏိုင္တဲ့ ေဘးဥပါဒ္အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ဒါမွမဟုတ္ က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ အစားအေသာက္ကိုထုတ္လုပ္တာ၊ ျပည္တြင္းကိုတင္သြင္းတာ၊ ျပည္ပကိုတင္ပို႔တာ၊ သိုေလွာင္တာ၊ ျဖန႔္ျဖဴးတာ၊ ေရာင္းခ်တာေတြကို လုပ္တယ္လို႔ ျပစ္မႈထင္ရွားစီရင္တာခံရရင္ ေထာင္ဒဏ္သုံးႏွစ္အထိျဖစ္ျဖစ္၊ က်ပ္သုံးသိန္းထက္မပိုတဲ့ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ျပ႒ာန္းထားတာ ျဖစ္ပါတယ္။

စားဖြယ္ေသာက္ဖြယ္ကို အႏၲရာယ္ျဖစ္ေစေအာင္ ယုတ္ညံ့တဲ့အရာနဲ႔ေရာရင္ အဲဒီသူကို ေျခာက္လထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ တစ္သိန္းထိ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၇၂ မွာ ဆိုပါတယ္။

အဲဒီလိုပဲ အႏၲရာယ္ျဖစ္ေစတဲ့၊ စားသုံးဖို႔မသင့္တဲ့ စားဖြယ္ေသာက္ဖြယ္ကိုေရာင္းရင္ အဲဒီသူကို ေျခာက္လထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ တစ္သိန္းထိ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၃ မွာ ဆိုပါတယ္။

၂၀၁၉ ခုႏွစ္ မတ္လ ၁၅ ရက္မွာ ျပဌာန္းခဲ့တဲ့ စားသုံးသူကာကြယ္ေရးဥပေဒကေတာ့ လမ္းေဘးစားေသာက္ဆိုင္ေတြ၊ ေဈးေတြထဲမွာ အႏၲရာယ္ရွိတဲ့ အစားအေသာက္ေရာင္းခ်သူေတြကို အေရးယူဖို႔ ျပ႒ာန္းထားတယ္ဆိုတာထက္ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ဆိုင္တဲ့ အေရးယူတဲ့ ျပဌာန္းခ်က္ေတြပါတဲ့ ဥပေဒျဖစ္ပါတယ္။
ျပစ္ဒဏ္အားျဖင့္ ေထာင္ဒဏ္အမ်ားစုက ေျခာက္လအထိပဲ ခ်လို႔ရပါတယ္။တခ်ိဳ႕ျပစ္ဒဏ္မွာေတာ့ အမ်ားဆုံး ႏွစ္ႏွစ္ထိခ်လို႔ရပါတယ္။ေငြဒဏ္ေတြကေတာ့ သိန္းဆယ္ဂဏန္းကေန သိန္းရာဂဏန္းထိ ျပစ္ဒဏ္ခ်လို႔ရတာေတြ ပါေနတာေတြ႕ရပါတယ္။

ဒါေၾကာင့္မို႔ အစားအေသာက္လုံၿခဳံမႈအတြက္ အာမခံခ်က္အျပည့္အဝမေပးႏိုင္ေသးတဲ့ ဒီႏိုင္ငံမွာ အစားအေသာက္လုံၿခဳံမႈရွိေစေရး သက္ဆိုင္တဲ့ဥပေဒေတြကို ထိထိေရာက္ေရာက္ အသုံးခ်ႏိုင္မွသာ ျပည္သူေတြအတြက္ က်န္းမာတဲ့ဘဝကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္လို႔ အျပဳသေဘာေဆာင္ အႀကံျပဳလိုက္ပါရေစ။

သာဓက
ေဖေဖာ္ဝါရီ - ၁၉