【 ဆောင်းပါး 】 ''သည်းခြေကြိုက်နဲ့ တန်ဖိုး''

【 ဆောင်းပါး 】 ''သည်းခြေကြိုက်နဲ့ တန်ဖိုး''

အရာဝတ္ထုတစ်ခုရဲ့ တန်ဖိုးဆိုတာ လူကသတ်မှတ်တာပါ။အသုံးတည့်ရင်တည့်သလို အသုံးပြုမယ့်သူတွေက အဲဒီအရာဝတ္ထုရဲ့တန်ဖိုးကို အနည်းအများ သတ်မှတ်လိုက်ကြတာဖြစ်ပါတယ်။

တစ်ခါတရံမှာ စာပေဝါသနာအိုးတစ်ယောက်အတွက် စာအုပ်တစ်အုပ်ဟာ ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်သလို အဲဒီသူဆီက သူ့စာအုပ်ကို ဘယ်စျေးပေးပြီးပြန်ဝယ်ဝယ် မရောင်းတဲ့အပြင် စာအုပ်ပျက်စီးမှာစိုးလို့ မိတ္တူတောင်ပေးမကူးတဲ့သူတွေလည်း တွေ့ဖူးပါတယ်။

အဲဒီလိုပဲ အသစ်တွေဘယ်လောက်ထွက်ထွက် ပစ္စည်းအဟောင်းကိုပဲ မြတ်နိုးလို့ ရူးသွပ်လို့ပါဆိုပြီး အမျိုးအစားတူ ရှေးဟောင်းပစ္စည်းတွေကို စျေးကြီးပေးလိုက်ဝယ် စုဆောင်းတတ်သူတွေကလည်း မနည်းမနောပါပဲ။ဒါပေမယ့် တစ်ခုတော့ရှိပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းဘယ်လောက်ပဲမတူဘူးဆိုဆို အများစုအကြိုက်ချင်းတူတဲ့ သည်းခြေကြိုက်တဲ့အရာကတော့ ငွေပဲပေါ့။လောကမှာ ငွေကိုမကြိုက်တဲ့သူဆိုတာ မရှိသလောက်ရှားမယ်လို့ ထင်ပါတယ်။လူတစ်ဦးချင်းရဲ့ စိတ်နေစိတ်ထားပေါ် မူတည်ပြီးတော့သာ ငွေကို အိန္ဒြေရရနှစ်သက်သူရယ်၊ လောဘတက်ပြီး အငမ်းမရမက်မောသူရယ်ဆိုပြီး ဒီလိုပဲကွာခြားသွားနိုင်ပါတယ်။

အဲဒီတော့ အများစုက အခြားအရာဝတ္ထုတွေပေါ်မှာသာ တန်ဖိုးထားတာ မထားတာ ကွာခြားနိုင်ပေမယ့် ငွေဆိုရင်တော့ အားလုံးလိုလို တစ်ပြေးညီတန်ဖိုးထားတတ်ကြတာ များပါတယ်။ဒါပေမယ့် ငွေသိပ်ပေါသွားတဲ့သူ တချို့ကျတော့ ငွေကိုတန်ဖိုးထားစရာမလိုအောင် ချမ်းသာကြွယ်ဝကြသူတွေလည်းရှိပါတယ်။

ငွေနဲ့ပတ်သက်ပြီး ဘာလို့အစချီ အရေးလုပ်ပြောရတာလဲဆိုတာက ဒီလိုကြောင့်ပါ။၂၀၂၀ပြည့်နှစ်ရဲ့နှစ်စ ဇန်နဝါရီ ၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူတွေကို ဗဟိုဘဏ်က စတင်ထုတ်ဝေဖြန့်ချီလိုက်ပါတယ်။အဲဒီငွေစက္ကူနဲ့ ပတ်သက်လို့ ဂယက်အမျိုးမျိုးထသွားတာ တွေ့ရပါတယ်။ကောင်းတဲ့ဂယက်တွေထသလို မကောင်းတဲ့ဘက်ကနေ ပြောဆိုဝေဖန်မှူတချို့လည်း ရှိပါတယ်။ဘာပဲပြောပြော ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာနိုင်ငံသားအများစု လေးစားရတဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တာမို့ ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူကို အများစုက တန်ဖိုးထား တလေးတစားနဲ့ လိုက်ရှာလိုက်ယူပြီး သိမ်းကြတာလည်းတွေ့ရပါတယ်။အဲဒီငွေစက္ကူ ထွက်ထွက်ချင်းနေ့မှာပဲ အဲဒီငွေစက္ကူနဲ့တွဲပြီး အမှတ်တရဓာတ်ပုံအမျိုးမျိုးရိုက်ပြီး လူမှူကွန်ရက်ပေါ်မှာ ဖော်ပြကြတာလည်း အများအပြားပါပဲ။အဲဒီတစ်ထောင်တန်အသစ်နဲ့ ပတ်သက်လို့ တချို့ကတော့ ကြံကြံဖန်ဖန်တွေးပူတာ တွေ့ရပါတယ်။အဲဒီငွေစက္ကူမှာ ဗိုလ်ချုပ်ပုံပါနေလို့ အမြင်မသင့်တော်တဲ့နေရာတွေမှာသုံးမှာ စိုးရိမ်ကြတာဖြစ်ပါတယ်။ကေတီဗီ၊ မာဆက်၊ ကလပ်လို နေရာတွေမှာ လျှောက်သုံးကြရင်တော့ဖြင့် မကောင်းပါဘူးဆိုပြီး တချို့ကပြောကြတာရှိပါတယ်။အမှန်တော့ အဲဒီလိုပြောတဲ့သူတွေရဲ့ စဉ်းစားပုံစဉ်းစားနည်း စိုးရိမ်ပုံက သဘာဝမကျသလိုဖြစ်နေတယ်လို့တော့ စာရေးသူရဲ့တစ်သီးပုဂ္ဂလအမြင်အရ တွေးမိပါတယ်။ဘာလို့လဲဆိုတော့ ဗဟိုဘဏ်က တရားဝင်ထုတ်ဝေထားတဲ့ ငွေစက္ကူမှန်သမျှဟာ ဘယ်နေရာမှာမဆို လွတ်လွတ်လပ်လပ်သုံးခွင့်ရှိပါတယ်။တစ်ခုတော့ရှိပါတယ်။ဗိုလ်ချုပ်ပုံပါ ငွေစက္ကူမှမဟုတ်ပါဘူး၊ တရားဝင် ဘယ်ငွေစက္ကူကိုမဆို ဥပဒေနဲ့မလွတ်ကင်းတဲ့နေရာတွေမှာ သုံးမိမယ်ဆိုရင်တော့ အဲဒီဥပဒေနဲ့ မလွတ်ကင်းတဲ့လုပ်ရပ်ကို လုပ်မိကတည်းက အရေးယူခံရနိုင်မှာဖြစ်ပါတယ်။သုံးစွဲတဲ့ငွေစက္ကူနဲ့ မဆိုင်ဘဲနဲ့ သုံးစွဲတဲ့နေရာနဲ့ သုံးစွဲတဲ့အကြောင်းအရာအပေါ်မှာ အရေးယူခံရနိုင်တာဖြစ်ပါတယ်။

ငွေစက္ကူအသစ် ထုတ်လိုက်တဲ့အပေါ် တချို့က ဒီလိုစိုးရိမ်တာလည်းရှိပါတယ်။အသစ်ထုတ်ထုတ်ချင်းဆိုတော့ ငွေစက္ကူအသစ်ပုံစံနဲ့ သိပ်ပြီးမရင်းနှီးကြသေးတာမို့ မသမာသူတွေက အတုတွေများလုပ်ကြဦးမလား စိုးရိမ်ကြတာဖြစ်ပါတယ်။အဲဒီလိုစိုးရိမ်ကြတာကတော့ သဘာဝကျပါတယ်။အဲဒါတွေရဲ့နောက်ဆက်တွဲအနေနဲ့ ငွေစက္ကူနဲ့ပတ်သက်လို့ ရှောင်ရန် ဆောင်ရန်တွေ ဥပဒေပြဌာန်းချက်တွေ ဘယ်လိုရှိလည်းဆိုပြီး သိချင်ကြလို့ မေးကြမြန်းကြတာလည်း ရှိပါတယ်။

ငွေစက္ကူနဲ့ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေမှာ အဓိကပြဌာန်းထားတာဖြစ်ပါတယ်။ငွေကြေးတွေနဲ့ ပတ်သက်လို့ ပြည်သူတွေအတွက် ရပိုင်ခွင့်အခွင့်အရေးတချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။တရားဝင်သုံးစွဲနေတဲ့ ငွေကြေးတွေကို လက်ဝယ်ရှိသူတွေက တန်ဖိုးအလိုက် လဲလှယ်ပေးဖို့ ဗဟိုဘဏ်မှာတောင်းခံနိုင်ပါတယ်။ဘဏ်တွေက တရားဝင်သုံးစွဲနေတဲ့ ငွေစက္ကူနဲ့ ဒင်္ဂါးတွေကို တခြားတန်ဖိုးအမျိုးအစားဖြစ်တဲ့ တရားဝင်ငွေစက္ကူတို့ ဒင်္ဂါးတို့နဲ့ လဲလှယ်ဖို့တောင်းဆိုတဲ့အခါ ဗဟိုဘဏ်က အခမဲ့လဲလှယ်ပေးရမှာဖြစ်ပါတယ်။ပျောက်ဆုံးတာ၊ ခိုးရာပါဖြစ်တာ၊ ချွတ်ယွင်းတာ၊ ပုံသဏ္ဍာန်ပျက်တာ အဲဒီလို ငွေစက္ကူနဲ့ ဒင်္ဂါးတစ်ခုခုရဲ့ တန်ဖိုးကို ဗဟိုဘဏ်ဆီကနေ ရပိုင်ခွင့်အဖြစ် ဘယ်သူမှတောင်းဆိုခွင့်မရှိပါဘူး။ဒါပေမယ့် ချွတ်ယွင်းတဲ့၊ ပုံသဏ္ဍာန်ပျက်တဲ့ ငွေစက္ကူနဲ့ ဒင်္ဂါး တန်ဖိုးကိုတော့ လုပ်ထုံးလုပ်နည်းတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စိစစ်ပြီး ပြန်လည်ထုတ်ယူလို့ရပါတယ်။
ဒါက ငွေကြေးနဲ့ပတ်သက်လို့ ပြည်သူတွေသိသင့်တဲ့ ရပိုင်ခွင့်တချို့ကို ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။
နောက်ထပ်ပြောလိုတာက တားမြစ်ချက်တွေနဲ့ ပြစ်ဒဏ်တွေ ဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရရှိဘဲ ငွေစက္ကူ၊ ဒင်္ဂါးတစ်ခုခုကို ဖြတ်တောက်တာ၊ ဆုတ်ဖြဲတာ၊ တခြားတစ်နည်းနည်းနဲ့ ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်တာ၊ ငွေစက္ကူနဲ့ ဒင်္ဂါးကို အကျိုးအမြတ်ရယူဖို့ ရောင်းဝယ်ဖောက်ကားတာတွေ ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှား စီရင်တာခံရရင် အဲဒီသူကို ငွေဒဏ်ဖြစ်ဖြစ်၊ နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၃ မှာ ဆိုပါတယ်။ဒါ့ပြင် ပြစ်မှုနဲ့သက်ဆိုင်တဲ့ သက်သေခံ ပစ္စည်းတွေကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာဖြစ်ပါတယ်။ဒါ့ပြင် ဗဟိုဘဏ်က ထုတ်ဝေတဲ့ ငွေစက္ကူ၊ ဒင်္ဂါးနဲ့ လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုမှန်းသိလျက်နဲ့ သုံးစွဲလို့ ပြစ်မှုထင်ရှားစီရင်တာခံရရင် အဲဒီသူကို ငွေဒဏ်ဖြစ်ဖြစ်၊ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ် ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ မှာ ပြဌာန်းထားပါတယ်။အလားတူပဲ ဗဟိုဘဏ်က ထုတ်ဝေတဲ့ ငွေစက္ကူ၊ ဒင်္ဂါးနဲ့ လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုပြုလုပ်တာ၊ အတုကို ပြည်ပကနေ တင်သွင်းတာ၊ ပြည်ပကို တင်ပို့တာတွေလုပ်လို့ ပြစ်မှုထင်ရှား စီရင်တာခံရရင် အဲဒီသူကို အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်ကနေ အများဆုံးထောင်ဒဏ် နှစ် ၂ဝ အထိ ချမှတ်ရမယ်လို့ ပုဒ်မ ၁၀၆ မှာ ဆိုပါတယ်။ဒါ့ပြင် ပြစ်မှုနဲ့သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာပါ။ဒီနေရာမှာ သတိပြုရမှာက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်တာကို အားပေးကူညီရင် ပူးပေါင်းကြံစည်ရင်လည်း အဲဒီပြစ်မှုအတွက် ဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်တွေအတိုင်း ချမှတ်ခံရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ လူအများစုရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ ငွေကြေးတစ်စုံတရာနဲ့ ပတ်သက်လာရင်တော့ ဆောင်သင့်သည်များကိုဆောင် ရှောင်သင့်သည်များကိုရှောင်ရင်း တန်ဖိုးရှိတဲ့ငွေကြေးတွေကို အကျိုးရှိရှိအသုံးချနိုင်ကြပါစေကြောင်း အပြုသဘောဆောင် ဆုတောင်းရင်းဖြင့်။

သာဓက
ဇန်န၀ါရီ - ၂၉

( Zawgyi )

အရာဝတၳဳတစ္ခုရဲ႕ တန္ဖိုးဆိုတာ လူကသတ္မွတ္တာပါ။အသုံးတည့္ရင္တည့္သလို အသုံးျပဳမယ့္သူေတြက အဲဒီအရာဝတၳဳရဲ႕တန္ဖိုးကို အနည္းအမ်ား သတ္မွတ္လိုက္ၾကတာျဖစ္ပါတယ္။

တစ္ခါတရံမွာ စာေပဝါသနာအိုးတစ္ေယာက္အတြက္ စာအုပ္တစ္အုပ္ဟာ ဘယ္အရာနဲ႔မွ တန္ဖိုးမျဖတ္ႏိုင္သလို အဲဒီသူဆီက သူ႔စာအုပ္ကို ဘယ္ေစ်းေပးၿပီးျပန္ဝယ္ဝယ္ မေရာင္းတဲ့အျပင္ စာအုပ္ပ်က္စီးမွာစိုးလို႔ မိတၱဴေတာင္ေပးမကူးတဲ့သူေတြလည္း ေတြ႕ဖူးပါတယ္။

အဲဒီလိုပဲ အသစ္ေတြဘယ္ေလာက္ထြက္ထြက္ ပစၥည္းအေဟာင္းကိုပဲ ျမတ္ႏိုးလို႔ ႐ူးသြပ္လို႔ပါဆိုၿပီး အမ်ိဳးအစားတူ ေရွးေဟာင္းပစၥည္းေတြကို ေစ်းႀကီးေပးလိုက္ဝယ္ စုေဆာင္းတတ္သူေတြကလည္း မနည္းမေနာပါပဲ။ဒါေပမယ့္ တစ္ခုေတာ့ရွိပါတယ္။လူတစ္ေယာက္နဲ႔ တစ္ေယာက္ အႀကိဳက္ခ်င္းဘယ္ေလာက္ပဲမတူဘူးဆိုဆို အမ်ားစုအႀကိဳက္ခ်င္းတူတဲ့ သည္းေျခႀကိဳက္တဲ့အရာကေတာ့ ေငြပဲေပါ့။ေလာကမွာ ေငြကိုမႀကိဳက္တဲ့သူဆိုတာ မရွိသေလာက္ရွားမယ္လို႔ ထင္ပါတယ္။လူတစ္ဦးခ်င္းရဲ႕ စိတ္ေနစိတ္ထားေပၚ မူတည္ၿပီးေတာ့သာ ေငြကို အိေျႏၵရရႏွစ္သက္သူရယ္၊ ေလာဘတက္ၿပီး အငမ္းမရမက္ေမာသူရယ္ဆိုၿပီး ဒီလိုပဲကြာျခားသြားႏိုင္ပါတယ္။

အဲဒီေတာ့ အမ်ားစုက အျခားအရာဝတၳဳေတြေပၚမွာသာ တန္ဖိုးထားတာ မထားတာ ကြာျခားႏိုင္ေပမယ့္ ေငြဆိုရင္ေတာ့ အားလုံးလိုလို တစ္ေျပးညီတန္ဖိုးထားတတ္ၾကတာ မ်ားပါတယ္။ဒါေပမယ့္ ေငြသိပ္ေပါသြားတဲ့သူ တခ်ိဳ႕က်ေတာ့ ေငြကိုတန္ဖိုးထားစရာမလိုေအာင္ ခ်မ္းသာႂကြယ္ဝၾကသူေတြလည္းရွိပါတယ္။

ေငြနဲ႔ပတ္သက္ၿပီး ဘာလို႔အစခ်ီ အေရးလုပ္ေျပာရတာလဲဆိုတာက ဒီလိုေၾကာင့္ပါ။၂၀၂၀ျပည့္ႏွစ္ရဲ႕ႏွစ္စ ဇန္နဝါရီ ၇ ရက္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ တစ္ေထာင္က်ပ္တန္ ေငြစကၠဴေတြကို ဗဟိုဘဏ္က စတင္ထုတ္ေဝျဖန႔္ခ်ီလိုက္ပါတယ္။အဲဒီေငြစကၠဴနဲ႔ ပတ္သက္လို႔ ဂယက္အမ်ိဳးမ်ိဳးထသြားတာ ေတြ႕ရပါတယ္။ေကာင္းတဲ့ဂယက္ေတြထသလို မေကာင္းတဲ့ဘက္ကေန ေျပာဆိုေဝဖန္မႉတခ်ိဳ႕လည္း ရွိပါတယ္။ဘာပဲေျပာေျပာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဆိုတာ ျမန္မာႏိုင္ငံသားအမ်ားစု ေလးစားရတဲ့ စံျပပုဂၢိဳလ္တစ္ဦးျဖစ္တာမို႔ ဗိုလ္ခ်ဳပ္ပုံနဲ႔ ေငြစကၠဴကို အမ်ားစုက တန္ဖိုးထား တေလးတစားနဲ႔ လိုက္ရွာလိုက္ယူၿပီး သိမ္းၾကတာလည္းေတြ႕ရပါတယ္။အဲဒီေငြစကၠဴ ထြက္ထြက္ခ်င္းေန႔မွာပဲ အဲဒီေငြစကၠဴနဲ႔တြဲၿပီး အမွတ္တရဓာတ္ပုံအမ်ိဳးမ်ိဳး႐ိုက္ၿပီး လူမႉကြန္ရက္ေပၚမွာ ေဖာ္ျပၾကတာလည္း အမ်ားအျပားပါပဲ။အဲဒီတစ္ေထာင္တန္အသစ္နဲ႔ ပတ္သက္လို႔ တခ်ိဳ႕ကေတာ့ ႀကံႀကံဖန္ဖန္ေတြးပူတာ ေတြ႕ရပါတယ္။အဲဒီေငြစကၠဴမွာ ဗိုလ္ခ်ဳပ္ပုံပါေနလို႔ အျမင္မသင့္ေတာ္တဲ့ေနရာေတြမွာသုံးမွာ စိုးရိမ္ၾကတာျဖစ္ပါတယ္။ေကတီဗီ၊ မာဆက္၊ ကလပ္လို ေနရာေတြမွာ ေလွ်ာက္သုံးၾကရင္ေတာ့ျဖင့္ မေကာင္းပါဘူးဆိုၿပီး တခ်ိဳ႕ကေျပာၾကတာရွိပါတယ္။အမွန္ေတာ့ အဲဒီလိုေျပာတဲ့သူေတြရဲ႕ စဥ္းစားပုံစဥ္းစားနည္း စိုးရိမ္ပုံက သဘာဝမက်သလိုျဖစ္ေနတယ္လို႔ေတာ့ စာေရးသူရဲ႕တစ္သီးပုဂၢလအျမင္အရ ေတြးမိပါတယ္။ဘာလို႔လဲဆိုေတာ့ ဗဟိုဘဏ္က တရားဝင္ထုတ္ေဝထားတဲ့ ေငြစကၠဴမွန္သမွ်ဟာ ဘယ္ေနရာမွာမဆို လြတ္လြတ္လပ္လပ္သုံးခြင့္ရွိပါတယ္။တစ္ခုေတာ့ရွိပါတယ္။ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴမွမဟုတ္ပါဘူး၊ တရားဝင္ ဘယ္ေငြစကၠဴကိုမဆို ဥပေဒနဲ႔မလြတ္ကင္းတဲ့ေနရာေတြမွာ သုံးမိမယ္ဆိုရင္ေတာ့ အဲဒီဥပေဒနဲ႔ မလြတ္ကင္းတဲ့လုပ္ရပ္ကို လုပ္မိကတည္းက အေရးယူခံရႏိုင္မွာျဖစ္ပါတယ္။သုံးစြဲတဲ့ေငြစကၠဴနဲ႔ မဆိုင္ဘဲနဲ႔ သုံးစြဲတဲ့ေနရာနဲ႔ သုံးစြဲတဲ့အေၾကာင္းအရာအေပၚမွာ အေရးယူခံရႏိုင္တာျဖစ္ပါတယ္။

ေငြစကၠဴအသစ္ ထုတ္လိုက္တဲ့အေပၚ တခ်ိဳ႕က ဒီလိုစိုးရိမ္တာလည္းရွိပါတယ္။အသစ္ထုတ္ထုတ္ခ်င္းဆိုေတာ့ ေငြစကၠဴအသစ္ပုံစံနဲ႔ သိပ္ၿပီးမရင္းႏွီးၾကေသးတာမို႔ မသမာသူေတြက အတုေတြမ်ားလုပ္ၾကဦးမလား စိုးရိမ္ၾကတာျဖစ္ပါတယ္။အဲဒီလိုစိုးရိမ္ၾကတာကေတာ့ သဘာဝက်ပါတယ္။အဲဒါေတြရဲ႕ေနာက္ဆက္တြဲအေနနဲ႔ ေငြစကၠဴနဲ႔ပတ္သက္လို႔ ေရွာင္ရန္ ေဆာင္ရန္ေတြ ဥပေဒျပဌာန္းခ်က္ေတြ ဘယ္လိုရွိလည္းဆိုၿပီး သိခ်င္ၾကလို႔ ေမးၾကျမန္းၾကတာလည္း ရွိပါတယ္။

ေငြစကၠဴနဲ႔ပတ္သက္လို႔ ေဆာင္ရန္ ေရွာင္ရန္ေတြကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒမွာ အဓိကျပဌာန္းထားတာျဖစ္ပါတယ္။ေငြေၾကးေတြနဲ႔ ပတ္သက္လို႔ ျပည္သူေတြအတြက္ ရပိုင္ခြင့္အခြင့္အေရးတခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။တရားဝင္သုံးစြဲေနတဲ့ ေငြေၾကးေတြကို လက္ဝယ္ရွိသူေတြက တန္ဖိုးအလိုက္ လဲလွယ္ေပးဖို႔ ဗဟိုဘဏ္မွာေတာင္းခံႏိုင္ပါတယ္။ဘဏ္ေတြက တရားဝင္သုံးစြဲေနတဲ့ ေငြစကၠဴနဲ႔ ဒဂၤါးေတြကို တျခားတန္ဖိုးအမ်ိဳးအစားျဖစ္တဲ့ တရားဝင္ေငြစကၠဴတို႔ ဒဂၤါးတို႔နဲ႔ လဲလွယ္ဖို႔ေတာင္းဆိုတဲ့အခါ ဗဟိုဘဏ္က အခမဲ့လဲလွယ္ေပးရမွာျဖစ္ပါတယ္။ေပ်ာက္ဆုံးတာ၊ ခိုးရာပါျဖစ္တာ၊ ခြၽတ္ယြင္းတာ၊ ပုံသ႑ာန္ပ်က္တာ အဲဒီလို ေငြစကၠဴနဲ႔ ဒဂၤါးတစ္ခုခုရဲ႕ တန္ဖိုးကို ဗဟိုဘဏ္ဆီကေန ရပိုင္ခြင့္အျဖစ္ ဘယ္သူမွေတာင္းဆိုခြင့္မရွိပါဘူး။ဒါေပမယ့္ ခြၽတ္ယြင္းတဲ့၊ ပုံသ႑ာန္ပ်က္တဲ့ ေငြစကၠဴနဲ႔ ဒဂၤါး တန္ဖိုးကိုေတာ့ လုပ္ထုံးလုပ္နည္းေတြ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ စိစစ္ၿပီး ျပန္လည္ထုတ္ယူလို႔ရပါတယ္။
ဒါက ေငြေၾကးနဲ႔ပတ္သက္လို႔ ျပည္သူေတြသိသင့္တဲ့ ရပိုင္ခြင့္တခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးတာျဖစ္ပါတယ္။
ေနာက္ထပ္ေျပာလိုတာက တားျမစ္ခ်က္ေတြနဲ႔ ျပစ္ဒဏ္ေတြ ျဖစ္ပါတယ္။

ဗဟိုဘဏ္ရဲ႕ ခြင့္ျပဳခ်က္မရရွိဘဲ ေငြစကၠဴ၊ ဒဂၤါးတစ္ခုခုကို ျဖတ္ေတာက္တာ၊ ဆုတ္ၿဖဲတာ၊ တျခားတစ္နည္းနည္းနဲ႔ ပုံသဏၭာန္ပ်က္ယြင္းေအာင္ ျပဳလုပ္တာ၊ ေငြစကၠဴနဲ႔ ဒဂၤါးကို အက်ိဳးအျမတ္ရယူဖို႔ ေရာင္းဝယ္ေဖာက္ကားတာေတြ က်ဴးလြန္တယ္လို႔ ျပစ္မႈထင္ရွား စီရင္တာခံရရင္ အဲဒီသူကို ေငြဒဏ္ျဖစ္ျဖစ္၊ ႏွစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၃ မွာ ဆိုပါတယ္။ဒါ့ျပင္ ျပစ္မႈနဲ႔သက္ဆိုင္တဲ့ သက္ေသခံ ပစၥည္းေတြကိုလည္း ျပည္ေထာင္စုဘ႑ာအျဖစ္ သိမ္းဆည္းခံရမွာျဖစ္ပါတယ္။ဒါ့ျပင္ ဗဟိုဘဏ္က ထုတ္ေဝတဲ့ ေငြစကၠဴ၊ ဒဂၤါးနဲ႔ လႊဲေျပာင္းႏိုင္တဲ့ စာခ်ဳပ္စာတမ္းတစ္မ်ိဳးမ်ိဳးကို အတုမွန္းသိလ်က္နဲ႔ သုံးစြဲလို႔ ျပစ္မႈထင္ရွားစီရင္တာခံရရင္ အဲဒီသူကို ေငြဒဏ္ျဖစ္ျဖစ္၊ သုံးႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅ မွာ ျပဌာန္းထားပါတယ္။အလားတူပဲ ဗဟိုဘဏ္က ထုတ္ေဝတဲ့ ေငြစကၠဴ၊ ဒဂၤါးနဲ႔ လႊဲေျပာင္းႏိုင္တဲ့ စာခ်ဳပ္စာတမ္းတစ္မ်ိဳးမ်ိဳးကို အတုျပဳလုပ္တာ၊ အတုကို ျပည္ပကေန တင္သြင္းတာ၊ ျပည္ပကို တင္ပို႔တာေတြလုပ္လို႔ ျပစ္မႈထင္ရွား စီရင္တာခံရရင္ အဲဒီသူကို အနည္းဆုံးေထာင္ဒဏ္ ၁ဝ ႏွစ္ကေန အမ်ားဆုံးေထာင္ဒဏ္ ႏွစ္ ၂ဝ အထိ ခ်မွတ္ရမယ္လို႔ ပုဒ္မ ၁၀၆ မွာ ဆိုပါတယ္။ဒါ့ျပင္ ျပစ္မႈနဲ႔သက္ဆိုင္တဲ့ သက္ေသခံပစၥည္းေတြကိုလည္း ျပည္ေထာင္စုဘ႑ာအျဖစ္ သိမ္းဆည္းခံရမွာပါ။ဒီေနရာမွာ သတိျပဳရမွာက ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒအရ ျပစ္မႈတစ္ခုခုက်ဴးလြန္တာကို အားေပးကူညီရင္ ပူးေပါင္းႀကံစည္ရင္လည္း အဲဒီျပစ္မႈအတြက္ ဒီဥပေဒမွာ ျပ႒ာန္းထားတဲ့ ျပစ္ဒဏ္ေတြအတိုင္း ခ်မွတ္ခံရမွာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ လူအမ်ားစုရဲ႕ သည္းေျခႀကိဳက္ျဖစ္တဲ့ ေငြေၾကးတစ္စုံတရာနဲ႔ ပတ္သက္လာရင္ေတာ့ ေဆာင္သင့္သည္မ်ားကိုေဆာင္ ေရွာင္သင့္သည္မ်ားကိုေရွာင္ရင္း တန္ဖိုးရွိတဲ့ေငြေၾကးေတြကို အက်ိဳးရွိရွိအသုံးခ်ႏိုင္ၾကပါေစေၾကာင္း အျပဳသေဘာေဆာင္ ဆုေတာင္းရင္းျဖင့္။

သာဓက
ဇန္န၀ါရီ - ၂၉