【 ဆောင်းပါး 】 လွှတ်တော်တွင်းက ကလေးသူငယ်အရေး…

【 ဆောင်းပါး 】 လွှတ်တော်တွင်းက ကလေးသူငယ်အရေး…

အများပြည်သူ သိရှိလေ့လာ အကြံပြုနိုင်ပါရန်ဆိုကာ နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် အသိပေး ထုတ်ပြန်ကြေညာခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းဟာ အဲဒီလိုထုတ်ပြန်ကြေညာအပြီး တစ်နှစ်ခွဲခန့်အကြာမှာတော့ လွှတ်တော်ထဲကို ရောက်လာခဲ့ပါပြီ။

ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးကာလဖြစ်တဲ့ စက်တင်ဘာ ၇ ရက်တုန်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လွှတ်တော်ထံ တင်သွင်းခဲ့တာဖြစ်ပြီး အစည်းအဝေး ပိတ်သိမ်းခါနီး အချိန်ကာလဖြစ်တာကြောင့် ဆွေးနွေးတဲ့အဆင့်ကို မရောက်ခဲ့ပါဘူး။

နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် အများပြည်သူ သိရှိဖို့ ထုတ်ပြန်တဲ့ ဒီဥပဒေကြမ်းမှာ အခန်းပေါင်း ၃၀၊ ပုဒ်မပေါင်း ၁၁၇ ခု ပါဝင်ပါတယ်။ဒီဥပဒေကြမ်းမှာတော့ ၁၉၉၃ ခုနှစ်က အတည်ပြုပြီး လက်ရှိကျင့်သုံးနေတဲ့ တည်ဆဲ ကလေးသူငယ်ဥပဒေမှာ ကလေးသူငယ်နဲ့ လူငယ် ခွဲခြားပိုင်းဖြတ်ထားတဲ့ အသက်အပိုင်းအခြားကို ပယ်ဖျက်ပြီး အသက် (၁၈) နှစ်အထိကို ကလေးသူငယ်အဖြစ် သတ်မှတ်ထားပါတယ်။

ဒီဥပဒေကြမ်းထဲမှာ အထူးသဖြင့် ကလေးသူငယ်တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေအတွက် ထိရောက်တဲ့ အရေးယူမှုကို ပြုနိုင်မယ့် ပြဋ္ဌာန်းချက်၊ မိမိကိုယ်ကျိုးအတွက် ကလေးသူငယ်ကို တောင်းရမ်းစေခြင်း၊ ကလေးသူငယ် တောင်းရမ်းနေမှုအပေါ် တားမြစ်ရန် ပျက်ကွက်ခြင်း၊ တောင်းရမ်းရာမှာ ကလေးသူငယ်ကို နည်းလမ်းတစ်မျိုးမျိုးနဲ့ အသုံးပြုခြင်း၊ ရိုက်နှက်အပြစ်ပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် အတင်းအကြပ်ပြုလုပ်မှုတို့အပေါ် အရေးယူနိုင်မယ့် ပြဋ္ဌာန်းချက်တွေ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။

ကလေးသူငယ်တွေကို အရက်၊ ဘီယာ ရောင်းချတဲ့နေရာ ခေါ်ဆောင်သွားတာ၊ ဝင်ရောက်ခွင့်ပြုတာ၊ အရက်၊ ဘီယာ ဝယ်ခိုင်းတာ၊ ရောင်းချတာ၊ သောက်ဖို့ခွင့်ပြုတာတွေအပေါ် အရေးယူနိုင်ဖို့ ပြဋ္ဌာန်းချက်တွေလည်း ထည့်သွင်းရေးဆွဲထားပါတယ်။

လောင်းကစားဖို့ တိုက်တွန်းတာ၊ သွေးဆောင်တာ၊ အားပေးကူညီတာ၊ လိင်မှုဆိုင်ရာလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ညကပွဲ၊ ကာရာအိုကေ၊ အနှိပ်ခန်းတို့ကို ကလေးသူငယ်အား ဝင်ရောက်ခွင့်ပြုတာ၊ ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေတာတွေဟာလည်း ဥပဒေကို ကျူးလွန်ရာရောက်တယ်လို့ ပြဆိုထားပါတယ်။

ထို့အတူ ကလေးငယ်ထံက ပစ္စည်းတစ်စုံတစ်ရာ အပေါင်ခံတာ၊ ကလေးသူငယ် ရောင်းချတဲ့ပစ္စည်း တစ်စုံတစ်ရာကို ဝယ်ယူတာကအစ ဥပဒေနဲ့ ငြိစွန်းစေမယ့် အချက်တွေအထိ ပါဝင်ပါတယ်။ဒါဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကာလ နိုင်ငံပိုင် မီဒီယာတွေကနေ အများပြည်သူ သိဖို့ဆိုပြီး ထုတ်ပြန်ကြေညာလိုက်တဲ့ ဥပဒေကြမ်းထဲက ပြဋ္ဌာန်းချက်တွေဖြစ်ပါတယ်။

အခုကျင်းပနေပြီဖြစ်တဲ့ ဒသမပုံမှန်အစည်းအဝေးမှာတော့ ဒီဥပဒေကြမ်းကို စတင်ဆွေးနွေးတဲ့အဆင့် ရောက်ရှိလို့လာပါပြီ။ဒီဥပဒေကြမ်းအပေါ် ဆိုင်ရာဝန်ကြီးဌာနက ထပ်မံစိစစ်၊ ပယ်ဖျက်၊ ဖြည့်စွက်ချက်တွေ ရှိကောင်းရှိနေနိုင်မှာ ဖြစ်ပါတယ်။ထို့အတူပဲ ဝန်ကြီးဌာနက တင်သွင်းတဲ့ အဆိုပါဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၁၂၉ ချက် ပြုထားတယ်လို့လည်း သိရပါတယ်။

ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၈ ရက်မှာတော့ အဲဒီပြင်ဆင်ချက် အဆိုကို ဆွေးနွေးခဲ့ကြပါတယ်။ဒီလိုဆွေးနွေးကြရာမှာတော့ ဥပဒေကြမ်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ကြား အငြင်းပွားစရာ ကိစ္စရပ်တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။

“အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်။သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်းစာချုပ် ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်” လို့ ဥပဒေကြမ်းပုဒ်မ ၂၃ မှာ ရေးဆွဲပြဋ္ဌာန်းထားတဲ့ အချက်ထဲက နောက်ပိုင်းအချက်ဖြစ်တဲ့ “ထိမ်းမြားလက်ထပ်ခြင်းစာချုပ် ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်” ကို ဥပဒေကြမ်းကော်မတီက ပယ်ဖျက်တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်က ပြန်လည်ထည့်သွင်း ပြဋ္ဌာန်းပေးဖို့ အဆိုတင်ဆွေးနွေးတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက ပြန်လည်ဆွေးနွေးရာမှာတော့ ဓလေ့ထုံးတမ်းဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်တာမျိုး၊ ကွဲလွဲတာမျိုးတွေ ဖြစ်လာစေနိုင်တာမို့ နောက်ပိုင်းအချက်ကို ထည့်သွင်းဖို့ မသင့်တော်ကြောင်း ဆွေးနွေးပါတယ်။

ဒီလို လွှတ်တော်ကိုယ်စားလှယ်နဲ့ ဥပဒေကြမ်းကော်မတီတို့ကြား အငြင်းပွားမှုအပေါ် လွှတ်တော်က မဲခွဲဆုံးဖြတ်စေပါတယ်။မဲခွဲတဲ့အခါမှာတော့ ထောက်ခံဆန္ဒမဲ ၃၃၀၊ ကန့်ကွက်ဆန္ဒမဲ ၃၀၊ ကြားနေဆန္ဒမဲ ၁ မဲတို့ ရရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ များတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါတယ်။
ဥပဒေကြမ်းတစ်ခုလုံးကိုလည်း အဲဒီနေ့က ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်။

ဒီလို လွှတ်တော်ကိုယ်စားလှယ်တို့ကြား၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဥပဒေကြမ်းကော်မတီတို့ကြား ကလေးသူငယ် အခွင့်အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားတာ၊ အခြေအတင် ဆွေးနွေးကြတာတွေဟာ ကောင်းတဲ့ရလဒ် ဖြစ်ပါတယ်။ကလေးသူငယ်တို့ရဲ့အခွင့်အရေး၊ ကလေးသူငယ်တို့ရဲ့ အနာဂတ်အရေးမှာ လစ်ဟာမှုတွေပါ ဝင်မသွားစေဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ဒါဟာ ဥပဒေအတည်ပြုတဲ့အခါ သက်ရောက်မှုကောင်းကို ရရှိစေမှာ ဖြစ်ပါတယ်။ကလေးသူငယ်တို့အတွက် ဥပဒေရဲ့ ပြီးပြည့်စုံမှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာလည်း ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပယ်ဖျက်တာတွေကို ပြုသွားနိုင်ဦးမှာဖြစ်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲချက်တွေ ရှိလာမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးသွားကြဦးမှာပါ။

လွန်ခဲ့တဲ့ ၂၅ နှစ်။နဝတ အစိုးရလက်ထက် ၁၉၉၃ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းပေးခဲ့တဲ့ ကလေးသူငယ် ဥပဒေဟာ မကြာခင်ကာလအတွင်းမှာ နိဋ္ဌိတံတော့မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းက ကလေးသူငယ်များဟာ ဥပဒေသစ်ဖြစ်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေရဲ့ သတ်မှတ်ပြဋ္ဌာန်းထားချက်တွေနဲ့အတူ ခရီးဆက်ကြရမှာပါ။

ဒီဥပဒေမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အလေးထား ရေးဆွဲပြဋ္ဌာန်းထားတာဖြစ်ပေမယ့် လိုအပ်ချက်တွေလည်း ရှိနေဦးမှာ အမှန်ပါပဲ။အချိန်ကာလအလျောက် လိုအပ်လာမယ့် လိုအပ်ချက်တွေ၊ ကလေးသူငယ် အခွင့်အရေးနဲ့ ပတ်သက်ပြီး ထပ်မံဖြည့်စွက် ပြင်ဆင်သင့်တာတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းသွားဖို့လည်း လိုမှာဖြစ်ပါတယ်။

မကြာတော့မယ့် ကာလအတွင်းမှာ အသက်ဝင်လာမယ့် ဒီကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဟာ လက်နက်ကိုင် ပဋိပက္ခတွေကြား အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေးချို့တဲ့၊ ပညာရေးချို့တဲ့မှုတွေနဲ့အတူ အတိ ဒုက္ခပေါင်းများစွာ ခံစားနေရတဲ့ ကလေးငယ်တွေ၊ စွန့်ပစ်ခံနေရတဲ့ ကလေးငယ်တွေ၊ ခိုင်းစားခံနေရတဲ့ ကလေးငယ်တွေ၊ လိမ်ညာလှည့်ဖြားခံနေရတဲ့ ကလေးငယ်တွေအပေါ် လွှမ်းခြုံကာကွယ်ပေးနိုင်တဲ့ ဥပဒေ၊ ဒီနိုင်ငံတွင်းက ကလေးသူငယ်များအားလုံးရဲ့ အခွင့်အရေးကို လွှမ်းခြုံပေးနိုင်တဲ့ ဥပဒေဖြစ်စေကြောင်းပါ။

ဂျေငြိမ်း
ဒီဇင်ဘာ - ၁၂

( Zawgyi )

အမ်ားျပည္သူ သိရွိေလ့လာ အႀကံျပဳႏိုင္ပါရန္ဆိုကာ ႏိုင္ငံပိုင္မီဒီယာေတြကေနတစ္ဆင့္ အသိေပး ထုတ္ျပန္ေၾကညာခဲ့တဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒၾကမ္းဟာ အဲဒီလိုထုတ္ျပန္ေၾကညာအၿပီး တစ္ႏွစ္ခြဲခန႔္အၾကာမွာေတာ့ လႊတ္ေတာ္ထဲကို ေရာက္လာခဲ့ပါၿပီ။

ဒီဥပေဒၾကမ္းကို ျပည္သူ႔လႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝးကာလျဖစ္တဲ့ စက္တင္ဘာ ၇ ရက္တုန္းက လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက လႊတ္ေတာ္ထံ တင္သြင္းခဲ့တာျဖစ္ၿပီး အစည္းအေဝး ပိတ္သိမ္းခါနီး အခ်ိန္ကာလျဖစ္တာေၾကာင့္ ေဆြးေႏြးတဲ့အဆင့္ကို မေရာက္ခဲ့ပါဘူး။

ႏိုင္ငံပိုင္ သတင္းစာေတြကေနတစ္ဆင့္ အမ်ားျပည္သူ သိရွိဖို႔ ထုတ္ျပန္တဲ့ ဒီဥပေဒၾကမ္းမွာ အခန္းေပါင္း ၃၀၊ ပုဒ္မေပါင္း ၁၁၇ ခု ပါဝင္ပါတယ္။ဒီဥပေဒၾကမ္းမွာေတာ့ ၁၉၉၃ ခုႏွစ္က အတည္ျပဳၿပီး လက္ရွိက်င့္သုံးေနတဲ့ တည္ဆဲ ကေလးသူငယ္ဥပေဒမွာ ကေလးသူငယ္နဲ႔ လူငယ္ ခြဲျခားပိုင္းျဖတ္ထားတဲ့ အသက္အပိုင္းအျခားကို ပယ္ဖ်က္ၿပီး အသက္ (၁၈) ႏွစ္အထိကို ကေလးသူငယ္အျဖစ္ သတ္မွတ္ထားပါတယ္။

ဒီဥပေဒၾကမ္းထဲမွာ အထူးသျဖင့္ ကေလးသူငယ္ေတြအေပၚ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈေတြအတြက္ ထိေရာက္တဲ့ အေရးယူမႈကို ျပဳႏိုင္မယ့္ ျပ႒ာန္းခ်က္၊ မိမိကိုယ္က်ိဳးအတြက္ ကေလးသူငယ္ကို ေတာင္းရမ္းေစျခင္း၊ ကေလးသူငယ္ ေတာင္းရမ္းေနမႈအေပၚ တားျမစ္ရန္ ပ်က္ကြက္ျခင္း၊ ေတာင္းရမ္းရာမွာ ကေလးသူငယ္ကို နည္းလမ္းတစ္မ်ိဳးမ်ိဳးနဲ႔ အသုံးျပဳျခင္း၊ ႐ိုက္ႏွက္အျပစ္ေပးျခင္း၊ လိင္ပိုင္းဆိုင္ရာ ကိုယ္ထိလက္ေရာက္ အတင္းအၾကပ္ျပဳလုပ္မႈတို႔အေပၚ အေရးယူႏိုင္မယ့္ ျပ႒ာန္းခ်က္ေတြ ထည့္သြင္းေရးဆြဲထားတာ ေတြ႕ရပါတယ္။

ကေလးသူငယ္ေတြကို အရက္၊ ဘီယာ ေရာင္းခ်တဲ့ေနရာ ေခၚေဆာင္သြားတာ၊ ဝင္ေရာက္ခြင့္ျပဳတာ၊ အရက္၊ ဘီယာ ဝယ္ခိုင္းတာ၊ ေရာင္းခ်တာ၊ ေသာက္ဖို႔ခြင့္ျပဳတာေတြအေပၚ အေရးယူႏိုင္ဖို႔ ျပ႒ာန္းခ်က္ေတြလည္း ထည့္သြင္းေရးဆြဲထားပါတယ္။

ေလာင္းကစားဖို႔ တိုက္တြန္းတာ၊ ေသြးေဆာင္တာ၊ အားေပးကူညီတာ၊ လိင္မႈဆိုင္ရာလုပ္ငန္းနဲ႔ ဆက္စပ္တဲ့ ညကပြဲ၊ ကာရာအိုေက၊ အႏွိပ္ခန္းတို႔ကို ကေလးသူငယ္အား ဝင္ေရာက္ခြင့္ျပဳတာ၊ ျပည့္တန္ဆာ ျပဳလုပ္ခိုင္းေစတာေတြဟာလည္း ဥပေဒကို က်ဴးလြန္ရာေရာက္တယ္လို႔ ျပဆိုထားပါတယ္။

ထို႔အတူ ကေလးငယ္ထံက ပစၥည္းတစ္စုံတစ္ရာ အေပါင္ခံတာ၊ ကေလးသူငယ္ ေရာင္းခ်တဲ့ပစၥည္း တစ္စုံတစ္ရာကို ဝယ္ယူတာကအစ ဥပေဒနဲ႔ ၿငိစြန္းေစမယ့္ အခ်က္ေတြအထိ ပါဝင္ပါတယ္။ဒါဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲကာလ ႏိုင္ငံပိုင္ မီဒီယာေတြကေန အမ်ားျပည္သူ သိဖို႔ဆိုၿပီး ထုတ္ျပန္ေၾကညာလိုက္တဲ့ ဥပေဒၾကမ္းထဲက ျပ႒ာန္းခ်က္ေတြျဖစ္ပါတယ္။

အခုက်င္းပေနၿပီျဖစ္တဲ့ ဒသမပုံမွန္အစည္းအေဝးမွာေတာ့ ဒီဥပေဒၾကမ္းကို စတင္ေဆြးေႏြးတဲ့အဆင့္ ေရာက္ရွိလို႔လာပါၿပီ။ဒီဥပေဒၾကမ္းအေပၚ ဆိုင္ရာဝန္ႀကီးဌာနက ထပ္မံစိစစ္၊ ပယ္ဖ်က္၊ ျဖည့္စြက္ခ်က္ေတြ ရွိေကာင္းရွိေနႏိုင္မွာ ျဖစ္ပါတယ္။ထို႔အတူပဲ ဝန္ႀကီးဌာနက တင္သြင္းတဲ့ အဆိုပါဥပေဒၾကမ္းအေပၚ ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီက ျပင္ဆင္ခ်က္ ၁၂၉ ခ်က္ ျပဳထားတယ္လို႔လည္း သိရပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဒသမပုံမွန္အစည္းအေဝး သတၱမေန႔ျဖစ္တဲ့ ႏိုဝင္ဘာ ၂၈ ရက္မွာေတာ့ အဲဒီျပင္ဆင္ခ်က္ အဆိုကို ေဆြးေႏြးခဲ့ၾကပါတယ္။ဒီလိုေဆြးေႏြးၾကရာမွာေတာ့ ဥပေဒၾကမ္းေကာ္မတီနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္တို႔ၾကား အျငင္းပြားစရာ ကိစၥရပ္တစ္ခု ထြက္ေပၚခဲ့ပါတယ္။

“အမ်ိဳးသားႏွင့္ အမ်ိဳးသမီးတို႔၏ ထိမ္းျမားလက္ထပ္ႏိုင္သည့္ အသက္သည္ ၎တို႔၏ သက္ဆိုင္ရာ တည္ဆဲဥပေဒႏွင့္ ဓေလ့ထုံးတမ္းဥပေဒမ်ားတြင္ သတ္မွတ္ထားသည့္အတိုင္း ျဖစ္ေစရမည္။သို႔ရာတြင္ ထိမ္းျမားလက္ထပ္ျခင္းစာခ်ဳပ္ ခ်ဳပ္ဆို၍ ထိမ္းျမားလက္ထပ္ျခင္းျဖစ္ပါက ထိမ္းျမားလက္ထပ္ရန္ ပဋိညာဥ္ျပဳႏိုင္သည့္ အသက္သည္ ၁၈ ႏွစ္ျပည့္ၿပီး ျဖစ္ရမည္” လို႔ ဥပေဒၾကမ္းပုဒ္မ ၂၃ မွာ ေရးဆြဲျပ႒ာန္းထားတဲ့ အခ်က္ထဲက ေနာက္ပိုင္းအခ်က္ျဖစ္တဲ့ “ထိမ္းျမားလက္ထပ္ျခင္းစာခ်ဳပ္ ခ်ဳပ္ဆို၍ ထိမ္းျမားလက္ထပ္ျခင္းျဖစ္ပါက ထိမ္းျမားလက္ထပ္ရန္ ပဋိညာဥ္ျပဳႏိုင္သည့္ အသက္သည္ ၁၈ ႏွစ္ျပည့္ၿပီး ျဖစ္ရမည္” ကို ဥပေဒၾကမ္းေကာ္မတီက ပယ္ဖ်က္တဲ့အေပၚ လႊတ္ေတာ္ကိုယ္စားလွယ္က ျပန္လည္ထည့္သြင္း ျပ႒ာန္းေပးဖို႔ အဆိုတင္ေဆြးေႏြးတာ ျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ဥပေဒၾကမ္းေကာ္မတီက ျပန္လည္ေဆြးေႏြးရာမွာေတာ့ ဓေလ့ထုံးတမ္းဥပေဒ၊ တည္ဆဲဥပေဒေတြနဲ႔ ဆန႔္က်င္တာမ်ိဳး၊ ကြဲလြဲတာမ်ိဳးေတြ ျဖစ္လာေစႏိုင္တာမို႔ ေနာက္ပိုင္းအခ်က္ကို ထည့္သြင္းဖို႔ မသင့္ေတာ္ေၾကာင္း ေဆြးေႏြးပါတယ္။

ဒီလို လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ဥပေဒၾကမ္းေကာ္မတီတို႔ၾကား အျငင္းပြားမႈအေပၚ လႊတ္ေတာ္က မဲခြဲဆုံးျဖတ္ေစပါတယ္။မဲခြဲတဲ့အခါမွာေတာ့ ေထာက္ခံဆႏၵမဲ ၃၃၀၊ ကန႔္ကြက္ဆႏၵမဲ ၃၀၊ ၾကားေနဆႏၵမဲ ၁ မဲတို႔ ရရွိခဲ့ၿပီး ေထာက္ခံဆႏၵမဲ မ်ားတဲ့အတြက္ ဥပေဒၾကမ္းေကာ္မတီရဲ႕ျပင္ဆင္ခ်က္အတိုင္း အတည္ျပဳခဲ့ပါတယ္။
ဥပေဒၾကမ္းတစ္ခုလုံးကိုလည္း အဲဒီေန႔က ျပည္သူ႔လႊတ္ေတာ္က အတည္ျပဳခဲ့ၿပီး အမ်ိဳးသားလႊတ္ေတာ္ထံ ေပးပို႔သြားမွာ ျဖစ္ပါတယ္။

ဒီလို လႊတ္ေတာ္ကိုယ္စားလွယ္တို႔ၾကား၊ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ဥပေဒၾကမ္းေကာ္မတီတို႔ၾကား ကေလးသူငယ္ အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အျငင္းပြားတာ၊ အေျခအတင္ ေဆြးေႏြးၾကတာေတြဟာ ေကာင္းတဲ့ရလဒ္ ျဖစ္ပါတယ္။ကေလးသူငယ္တို႔ရဲ႕အခြင့္အေရး၊ ကေလးသူငယ္တို႔ရဲ႕ အနာဂတ္အေရးမွာ လစ္ဟာမႈေတြပါ ဝင္မသြားေစဖို႔ ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။ဒါဟာ ဥပေဒအတည္ျပဳတဲ့အခါ သက္ေရာက္မႈေကာင္းကို ရရွိေစမွာ ျဖစ္ပါတယ္။ကေလးသူငယ္တို႔အတြက္ ဥပေဒရဲ႕ ၿပီးျပည့္စုံမႈကို ျဖစ္ေစမွာ ျဖစ္ပါတယ္။

အမ်ိဳးသားလႊတ္ေတာ္မွာလည္း ဒီဥပေဒၾကမ္းနဲ႔ ပတ္သက္ၿပီး ျပင္ဆင္တာ၊ ျဖည့္စြက္တာ၊ ပယ္ဖ်က္တာေတြကို ျပဳသြားႏိုင္ဦးမွာျဖစ္ၿပီး လႊတ္ေတာ္ႏွစ္ရပ္ သေဘာထားကြဲလြဲခ်က္ေတြ ရွိလာမယ္ဆိုရင္ေတာ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္သြင္းေဆြးေႏြးသြားၾကဦးမွာပါ။

လြန္ခဲ့တဲ့ ၂၅ ႏွစ္။နဝတ အစိုးရလက္ထက္ ၁၉၉၃ ခုႏွစ္က အတည္ျပဳ ျပ႒ာန္းေပးခဲ့တဲ့ ကေလးသူငယ္ ဥပေဒဟာ မၾကာခင္ကာလအတြင္းမွာ နိ႒ိတံေတာ့မွာ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံအတြင္းက ကေလးသူငယ္မ်ားဟာ ဥပေဒသစ္ျဖစ္တဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒရဲ႕ သတ္မွတ္ျပ႒ာန္းထားခ်က္ေတြနဲ႔အတူ ခရီးဆက္ၾကရမွာပါ။

ဒီဥပေဒမွာ ကေလးသူငယ္ေတြရဲ႕ အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အေလးထား ေရးဆြဲျပ႒ာန္းထားတာျဖစ္ေပမယ့္ လိုအပ္ခ်က္ေတြလည္း ရွိေနဦးမွာ အမွန္ပါပဲ။အခ်ိန္ကာလအေလ်ာက္ လိုအပ္လာမယ့္ လိုအပ္ခ်က္ေတြ၊ ကေလးသူငယ္ အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ထပ္မံျဖည့္စြက္ ျပင္ဆင္သင့္တာေတြကိုလည္း အခ်ိန္နဲ႔တစ္ေျပးညီ ျပင္ဆင္ျဖည့္စြက္ ျပ႒ာန္းသြားဖို႔လည္း လိုမွာျဖစ္ပါတယ္။

မၾကာေတာ့မယ့္ ကာလအတြင္းမွာ အသက္ဝင္လာမယ့္ ဒီကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒဟာ လက္နက္ကိုင္ ပဋိပကၡေတြၾကား အေနဆင္းရဲ၊ အစားဆင္းရဲ၊ က်န္းမာေရးခ်ိဳ႕တဲ့၊ ပညာေရးခ်ိဳ႕တဲ့မႈေတြနဲ႔အတူ အတိ ဒုကၡေပါင္းမ်ားစြာ ခံစားေနရတဲ့ ကေလးငယ္ေတြ၊ စြန႔္ပစ္ခံေနရတဲ့ ကေလးငယ္ေတြ၊ ခိုင္းစားခံေနရတဲ့ ကေလးငယ္ေတြ၊ လိမ္ညာလွည့္ျဖားခံေနရတဲ့ ကေလးငယ္ေတြအေပၚ လႊမ္းၿခဳံကာကြယ္ေပးႏိုင္တဲ့ ဥပေဒ၊ ဒီႏိုင္ငံတြင္းက ကေလးသူငယ္မ်ားအားလုံးရဲ႕ အခြင့္အေရးကို လႊမ္းၿခဳံေပးႏိုင္တဲ့ ဥပေဒျဖစ္ေစေၾကာင္းပါ။

ေဂ်ၿငိမ္း
ဒီဇင္ဘာ - ၁၂