【 ဆောင်းပါး 】 ''လိင်လည် မလည်ရှုပ်''

【 ဆောင်းပါး 】 ''လိင်လည် မလည်ရှုပ်''

မြန်မာစကားမှာ လိမ်လည်တာရယ်၊ မလည်ရှုပ်လုပ်တာရယ် ဒီနှစ်မျိုးကို အများစုက ကြားဖူးနားဝရှိကြပါတယ်။အခုလိုကာလက လူလိမ်တွေကလည်း ပေါမှပေါ။နည်းအမျိုးမျိုးနဲ့ကို လိမ်နေကြပါတယ်။ပညာမတတ်၊ ဗဟုသုတနည်းပါး တဲ့ တောသူတောင်သားအများစုကတော့ အလိမ်ခံပုဂ္ဂိုလ်တွေထဲ အများစုပေါ့။

အထက်ကပြောခဲ့တဲ့ ခေါင်းစဉ်မှာက လိင်လည် မလည်ရှုပ်။ပထမအပိုဒ်မှာ စပြောထားတာက လိမ်လည်တဲ့အကြောင်းဆိုတော့ စာရေးသူက သတ်ပုံမှားရေးတယ်လို့ ထင်မှတ်စရာရှိပါတယ်။အမှန်က လိမ်လည်နေရာမှာ လိင်လည်ဆိုပြီး တမင်ကိုငေါ့ပြီး ရေးလိုက်တာဖြစ်ပါတယ်။လိင်နဲ့ပတ်သက်လို့ လူလည်ကျပြီး မလည်ရှုပ်လုပ်ချင်သူတွေကို ဇောင်းပေးရေးချင်လို့ ဖြစ်ပါတယ်။

အဲဒီလိုရေးဖြစ်တာက အကြောင်းရှိပါတယ်။တစ်နေ့ တက္ကစီငှါးစီးမယ်ဆိုပြီး ဗဟန်းဘက်ကနေ မြို့ထဲကိုသွားဖို့ ဦးချစ်မောင်လမ်းမဘေးကနေ ကားစောင့်ငှါးပါတယ်။လူပါတဲ့ တက္ကစီတစ်စီးက ကိုယ်မတားပါဘဲ အနားလာရပ်ပါတယ်။ကိုယ်က အဲဒီတက္ကစီကိုမတားဖြစ်တာက သူ့ကားနောက်ခန်းမှာ လူနှစ်ယောက်ပါတာတွေ့လို့ မတားဖြစ်တာပါ။သူကလည်း ကိုယ်ကားငှါးဖို့ စောင့်နေတာတွေ့လို့ လာရပ်တဲ့သဘောလို့ သုံးသပ်ရပါတယ်။

တက္ကစီမောင်းတဲ့သူက ဘယ်သွားမလဲအစ်ကိုလို့ မေးတာနဲ့ မြို့ထဲ ဗိုလ်တထောင်ဘုရားနားလို့ ပြောလိုက်တယ်။သူက လမ်းကြုံတယ် ပို့ပေးမယ်ပြောတာနဲ့ ဈေးစကားပြောပြီး ကိုယ်ကြိုက်တဲ့ဈေးနဲ့ရလို့ အဲဒီတက္ကစီနဲ့ပဲ လိုက်ခဲ့လိုက်တယ်။နောက်ခန်းက ခရီးသည်က ဗဟန်း ဖိုးစိန်လမ်းထဲတင် ဆင်းမှာဆိုလို့ ကားရှေ့ခန်းက လိုက်စီးခဲ့လိုက်တယ်။
တက္ကစီနောက်ခန်းထဲ လိုက်လာတဲ့နှစ်ယောက်က သမီးရည်းစားစုံတွဲပါ။အသက်ကရှိလှ ၂၀ ဝန်းကျင်လေးတွေပေါ့။သူတို့နှစ်ယောက်က ဖိုးစိန်လမ်းလယ်လောက်မှာ ဆင်းသွားတယ်။

အဲဒီစုံတွဲဆင်းသွားတော့မှ တက္ကစီဆရာက ပြောတယ်။အစ်ကို အဲဒီစုံတွဲက ဒီလမ်းထဲက တည်းခိုခန်း ဒါမှမဟုတ် မိုတယ်တစ်ခုကို သွားနှပ်ကြမှာတဲ့။ကိုယ်ကတော့ ဟုတ်လို့လားဗျာ တခြားသွားတာဖြစ်မှာပေါ့လို့ ပြောလိုက်တော့ သူကပြောတယ်။သေချာတယ်တဲ့ သူတို့စုံတွဲက ကျွန်တော့်ကားကို ပုံမှန်စီးတဲ့ ဖောက်သည်တွေတဲ့။တစ်ခါတလေ သန်လျင်ဘက်က တည်းခိုခန်းတစ်ခုကို လိုက်ပို့ပေးရတယ်တဲ့။သွားစရာရှိရင် ဘယ်ကို ဘယ်အချိန်လာခေါ်ပါဆိုပြီး ဖုန်းနဲ့ချိတ်တာတဲ့။ပြီးရင် ကောင်လေးကို တစ်နေရာမှာဝင်ခေါ် ကောင်မလေးကို တစ်နေရာသွားခေါ်ပြီးမှ နှစ်ယောက်အတူကို တည်းခိုခန်းပို့ပေးရတာတဲ့။

ဒါနဲ့ ကိုယ်ကလည်း မဆီမဆိုင်စိတ်ပူပြီး ဒီအရွယ်လေးတွေဗျာ မရှူနိုင်မကယ်နိုင်တွေဖြစ်ရင်ဒုက္ခ၊ အရှက်တကွဲ အကျိုးကလည်းနည်းဦးမယ်။ဘဝတက်လမ်းတွေကလည်း ပိတ်ဦးတော့မှာပဲလို့ ပြောမိတယ်။အဲဒီလို ငယ်ငယ်ရွယ်ရွယ် စုံတွဲလေးတွေကို တည်းခိုခန်းတွေလိုက်ပို့ပေးရတာ မနည်းတော့ဘူးလို့ သူကပြောတော့ ဘယ်နားကတည်းခိုခန်းနဲ့ ဟိုတယ်မိုတယ်တွေလဲလို့ မေးချင်ပေမယ့် မမေးဖြစ်ခဲ့ပါဘူး။

သူကပြောသေးတယ်။အစ်ကိုကသာ စိတ်ပူနေတာ သူတို့က သားဆက်ခြားနည်းမျိုးစုံကို ကိုယ်တွေထက်တောင် ပိုကျွမ်းကျင်ကြသေးတယ်တဲ့။ကားဆရာက အဲလိုပြောတော့ ဝမ်းသာပါတယ်လို့ ကိုယ့်ပါးစပ်က လွှတ်ကနဲထွက်သွားလို့ သူကရယ်တယ်။အစ်ကိုက နောက်တော့မယ်တဲ့။ကျွန်တော်မနောက်ဘူး တကယ်ပြောတာဆိုပြီး သူ့ကိုပြောလိုက်တယ်။
ဒီလိုပါဗျ သားဆက်ခြားနည်းတွေ ကာကွယ်နည်းတွေသိတော့ မဖြစ်သင့်တာ မဖြစ်နိုင်တော့သလို ရောဂါတွေ ဘာတွေလည်း မကူးနိုင်တော့ဘူးပေါ့ဗျာ။ဒါကြောင့် ဝမ်းသာတယ်လို့ ပြောမိတာပါဆိုပြီး ပြောလိုက်တော့မှ သူကနားလည်သွားတယ်။

အဲဒီနေ့က တက္ကစီဆရာ ပြောတဲ့စကားတွေကို ပြန်တွေးမိတော့ သူပြောတဲ့ အဲဒီစုံတွဲတွေအစား ရင်လေးမိတယ်။
ချစ်ကြတာလည်း ချစ်ကြတာပေါ့လေ။လူငယ်သဘာဝ ဆိတ်ကွယ်ရာချိန်းတွေ့မိလို့ မှားကြတာရှိသလို မှားချင်ကြလို့ ဆိတ်ကွယ်ရာနေရာတွေရွေးပြီး ချိန်းတွေ့ကြတာလည်း ရှိနိုင်ပါတယ်။တကယ်ချစ်လို့ တကယ်တွဲပြီး လွန်ကျူးမိတယ် လက်ထပ်ဖြစ်ကြတယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။နောက်တစ်ခါ လွန်းကျူးမိတယ် မရှူနိုင်မကယ်နိုင်အထိတော့ ဖြစ်မသွားဘူး သဘောထားချင်းမတိုက်ဆိုင်လို့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ကြတယ်။ဒါလည်းပြဿနာမရှိသေးပါဘူး။ဒါပေမယ့် အပျော်သဘောမျိုးနဲ့တွဲပြီး စားပြီးနားမလည် ဝါးပြီးထွေးထုတ် ပုံစံမျိုးလုပ်တဲ့ လူငယ်တွေ ဒီဘက်ခေတ်ထဲ များလာတယ်လို့ အခုခေတ်လူငယ်တွေကပဲ မကြာခဏပြောပြောနေတာ ကြားမိပါတယ်။အဲဒါဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။နောက်တစ်ခါ တချို့ကောင်လေးတွေ မလည်ရှုပ်လုပ်လို့ တရားစွဲခံရတာတွေလည်းရှိပါတယ်။

ဟိုတလောလေးက ကိုယ့်ညီလိုခင်နေတဲ့ လူငယ်တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။သူကပြောတယ် အခုနောက်ပိုင်း ကာမကိုလိမ်လည်မှူနဲ့ တရားစွဲတာတွေ များလာသလိုပဲတဲ့။

ကျွန်တော်တို့ အမျိုးသားတွေခမျာ အိမ်ထောင်သည်ကိုကြိုက်မိရင် မယားခိုးမှူ၊ အိမ်ထောင်ကျပြီးမှ စမောလ်စွဲပြီး မယားငယ်ထားမိရင်လည်း တစ်လင်တစ်မယားဥပဒေ ချိုးဖောက်မှူ၊ အခုလည်းလာပြန်ပြီ လူပျိုအပျိုနှစ်ဦး သဘောတူလို့ အတူနေပြီးမှ ခွာပြဲကြကွဲကြပြီဆို ကာမလိမ်လည်မှူတဲ့ ဘာမှမလွတ်ပါလားနော်ဆိုပြီး သူကရွှတ်နောက်နောက်နဲ့ ပြောလာပါတယ်။အဲဒီတော့ အိမ်ထောင်သည်နဲ့ လူပျိုအကြား ကာမကို လိမ်လည်ရယူမှူနဲ့ ပတ်သက်လို့ အရေးယူမှူက ဘယ်လိုကွာခြားလဲ ဥပဒေရဲ့ပြဌာန်းချက် ဆောင်ရန်ရှောင်ရန်လေးတွေ ပြန်လည်မျှဝေပေးပါဦးလို့ အဲဒီညီငယ်က ဆိုလာပါတယ်။

ဒါကြောင့်မို့ ကာမလိမ်လည်သူတွေကို အရေးယူလို့ရတဲ့ ဥပဒေပုဒ်မနဲ့ ပြဌာန်းချက်တချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ ကာမကို လိမ်လည်ရယူတာနဲ့ ပတ်သက်လို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ နဲ့ အရေးယူလို့ရပါတယ်။ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ မှာ ပြဌာန်းထားတာက ဒီလိုပါ။

"မည်သူမဆို လိမ်လည်မှူကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်" လို့ ပုဒ်မ ၄၁၇ မှာ ဆိုပါတယ်။

ဘယ်လိုပြုမူမှူမျိုးဟာ လိမ်လည်မှူမြောက်သလဲ ဆိုတာကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၅ မှာ ဒီလိုရှင်းပြထားပါတယ်။

"မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခံရသောသူက သူတစ်ပါးအား ပစ္စည်းတစ်ခုခုကို ပေးအပ်စေရန်ဖြစ်စေ၊ ထိုသို့လှည့်ဖြားခြင်းခံရသောသူအား လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သော်လည်းကောင်း၊ မရိုးမဖြောင့်သော သဘောဖြင့်သော်လည်းကောင်း သွေးဆောင်လျှင်၊ သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းခံရသောသူက အကယ်၍ လှည့်ဖြားခြင်းမခံရခဲ့သော် မိမိပြုမည်မဟုတ်သော သို့တည်းမဟုတ် မိမိပျက်ကွက်မည်မဟုတ်သော အရာကို ပြုစေရန်သော်လည်းကောင်း မပြုဘဲ ပျက်ကွက်စေရန်သော်လည်းကောင်း ထိုသို့လှည့်ဖြားခြင်းခံရသောသူအား တမင်သွေးဆောင်လျှင်၊ ထို့ပြင် ထိုပြုလုပ်မှူက သို့တည်းမဟုတ် ထိုပျက်ကွက်မှူက ထိုသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပျက်စီးနစ်နာစေခြင်းသော်လည်းကောင်း၊ အန္တရာယ်သော်လည်းကောင်းဖြစ်စေလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာလျှင် ထိုသူသည် လိမ်လည်သည်မည်၏" လို့ ပုဒ်မ ၄၁၅ မှာ ဆိုပါတယ်။

အိမ်ထောင်မရှိသူက ကာမကိုလိမ်လည်ရယူရင် ပုဒ်မ ၄၁၇ နဲ့ အရေးယူလို့ရပေမယ့် အိမ်ထောင်သည်တွေက လူပျိုဟန်ဆောင်ပြီး ကာမကို လိမ်လည်ရယူမယ် ထပ်မံထိမ်းမြားမယ်ဆိုရင်တော့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ အရ အရေးယူရမှာဖြစ်ပါတယ်။

ထိမ်းမြားပြီးသား ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ထိမ်းမြားမှူ အတည်ဖြစ်နေစဉ်မှာ ထိမ်းမြားထားတာကို ထိန်ချန်ပြီး ထပ်မံထိမ်းမြားမယ်ဆိုရင် ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်ရမယ်လို့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ မှာ ပြဌာန်းထားတာဖြစ်ပါတယ်။

အဲဒီတော့ ကာမကို လိမ်လည်ရယူမယ်ဆိုရင် အိမ်ထောင် ရှိခြင်း မရှိခြင်း၊ ထိန်ချန်ခြင်းမထိန်ချန်ခြင်းအပေါ် မူတည်ပြီး ထောင်ဒဏ်သုံးနှစ်ထိဖြစ်ဖြစ်၊ ၁၀ နှစ်ထိဖြစ်ဖြစ် ကျခံရနိုင်ပါတယ်။

အထက်ကပြောခဲ့တဲ့ အမှူတွေ၊ ပြစ်ဒဏ်တွေနဲ့ ရင်မဆိုင်ချင်ဘူးဆိုရင်တော့ လိင်ကိစ္စမှာ လူလည်ကျတတ်တဲ့ လိင်လည် မလည်ရှုပ်တွေအတွက် အကြံတစ်ခုလောက် ပေးချင်ပါတယ်။အိမ်ထောင်သည်ကိုရှောင်၊ အိမ်ထောင်ဘက်ကိုသစ္စာထား၊ ကိုယ့်ရည်းစားကိုတန်ဖိုးထား၊ မရှောင်ရှားနိုင်ဘူးဆို တကယ်ယူနိုင်မှ နယ်လွန်၊ နယ်လွန်ပြီးပြီဆို တာဝန်ယူ၊ အဲဒီလိုနေနိုင်ရင် ခုနအမှူတွေနဲ့ ဘယ်ယောကျ်ားမဆို ကင်းလွတ်နိုင်ပါလိမ့်မယ်လို့ အပြုသဘောဆောင် အကြံပြုလိုက်ပါရစေ။

သာဓက
ဒီဇင်ဘာ - ၂၁

( Zawgyi )

ျမန္မာစကားမွာ လိမ္လည္တာရယ္၊ မလည္ရႈပ္လုပ္တာရယ္ ဒီႏွစ္မ်ိဳးကို အမ်ားစုက ၾကားဖူးနားဝရွိၾကပါတယ္။အခုလိုကာလက လူလိမ္ေတြကလည္း ေပါမွေပါ။နည္းအမ်ိဳးမ်ိဳးနဲ႔ကို လိမ္ေနၾကပါတယ္။ပညာမတတ္၊ ဗဟုသုတနည္းပါး တဲ့ ေတာသူေတာင္သားအမ်ားစုကေတာ့ အလိမ္ခံပုဂၢိဳလ္ေတြထဲ အမ်ားစုေပါ့။

အထက္ကေျပာခဲ့တဲ့ ေခါင္းစဥ္မွာက လိင္လည္ မလည္ရႈပ္။ပထမအပိုဒ္မွာ စေျပာထားတာက လိမ္လည္တဲ့အေၾကာင္းဆိုေတာ့ စာေရးသူက သတ္ပုံမွားေရးတယ္လို႔ ထင္မွတ္စရာရွိပါတယ္။အမွန္က လိမ္လည္ေနရာမွာ လိင္လည္ဆိုၿပီး တမင္ကိုေငါ့ၿပီး ေရးလိုက္တာျဖစ္ပါတယ္။လိင္နဲ႔ပတ္သက္လို႔ လူလည္က်ၿပီး မလည္ရႈပ္လုပ္ခ်င္သူေတြကို ေဇာင္းေပးေရးခ်င္လို႔ ျဖစ္ပါတယ္။

အဲဒီလိုေရးျဖစ္တာက အေၾကာင္းရွိပါတယ္။တစ္ေန႔ တကၠစီငွါးစီးမယ္ဆိုၿပီး ဗဟန္းဘက္ကေန ၿမိဳ႕ထဲကိုသြားဖို႔ ဦးခ်စ္ေမာင္လမ္းမေဘးကေန ကားေစာင့္ငွါးပါတယ္။လူပါတဲ့ တကၠစီတစ္စီးက ကိုယ္မတားပါဘဲ အနားလာရပ္ပါတယ္။ကိုယ္က အဲဒီတကၠစီကိုမတားျဖစ္တာက သူ႔ကားေနာက္ခန္းမွာ လူႏွစ္ေယာက္ပါတာေတြ႕လို႔ မတားျဖစ္တာပါ။သူကလည္း ကိုယ္ကားငွါးဖို႔ ေစာင့္ေနတာေတြ႕လို႔ လာရပ္တဲ့သေဘာလို႔ သုံးသပ္ရပါတယ္။

တကၠစီေမာင္းတဲ့သူက ဘယ္သြားမလဲအစ္ကိုလို႔ ေမးတာနဲ႔ ၿမိဳ႕ထဲ ဗိုလ္တေထာင္ဘုရားနားလို႔ ေျပာလိုက္တယ္။သူက လမ္းႀကဳံတယ္ ပို႔ေပးမယ္ေျပာတာနဲ႔ ေဈးစကားေျပာၿပီး ကိုယ္ႀကိဳက္တဲ့ေဈးနဲ႔ရလို႔ အဲဒီတကၠစီနဲ႔ပဲ လိုက္ခဲ့လိုက္တယ္။ေနာက္ခန္းက ခရီးသည္က ဗဟန္း ဖိုးစိန္လမ္းထဲတင္ ဆင္းမွာဆိုလို႔ ကားေရွ႕ခန္းက လိုက္စီးခဲ့လိုက္တယ္။
တကၠစီေနာက္ခန္းထဲ လိုက္လာတဲ့ႏွစ္ေယာက္က သမီးရည္းစားစုံတြဲပါ။အသက္ကရွိလွ ၂၀ ဝန္းက်င္ေလးေတြေပါ့။သူတို႔ႏွစ္ေယာက္က ဖိုးစိန္လမ္းလယ္ေလာက္မွာ ဆင္းသြားတယ္။

အဲဒီစုံတြဲဆင္းသြားေတာ့မွ တကၠစီဆရာက ေျပာတယ္။အစ္ကို အဲဒီစုံတြဲက ဒီလမ္းထဲက တည္းခိုခန္း ဒါမွမဟုတ္ မိုတယ္တစ္ခုကို သြားႏွပ္ၾကမွာတဲ့။ကိုယ္ကေတာ့ ဟုတ္လို႔လားဗ်ာ တျခားသြားတာျဖစ္မွာေပါ့လို႔ ေျပာလိုက္ေတာ့ သူကေျပာတယ္။ေသခ်ာတယ္တဲ့ သူတို႔စုံတြဲက ကြၽန္ေတာ့္ကားကို ပုံမွန္စီးတဲ့ ေဖာက္သည္ေတြတဲ့။တစ္ခါတေလ သန္လ်င္ဘက္က တည္းခိုခန္းတစ္ခုကို လိုက္ပို႔ေပးရတယ္တဲ့။သြားစရာရွိရင္ ဘယ္ကို ဘယ္အခ်ိန္လာေခၚပါဆိုၿပီး ဖုန္းနဲ႔ခ်ိတ္တာတဲ့။ၿပီးရင္ ေကာင္ေလးကို တစ္ေနရာမွာဝင္ေခၚ ေကာင္မေလးကို တစ္ေနရာသြားေခၚၿပီးမွ ႏွစ္ေယာက္အတူကို တည္းခိုခန္းပို႔ေပးရတာတဲ့။

ဒါနဲ႔ ကိုယ္ကလည္း မဆီမဆိုင္စိတ္ပူၿပီး ဒီအ႐ြယ္ေလးေတြဗ်ာ မရႉႏိုင္မကယ္ႏိုင္ေတြျဖစ္ရင္ဒုကၡ၊ အရွက္တကြဲ အက်ိဳးကလည္းနည္းဦးမယ္။ဘဝတက္လမ္းေတြကလည္း ပိတ္ဦးေတာ့မွာပဲလို႔ ေျပာမိတယ္။အဲဒီလို ငယ္ငယ္႐ြယ္႐ြယ္ စုံတြဲေလးေတြကို တည္းခိုခန္းေတြလိုက္ပို႔ေပးရတာ မနည္းေတာ့ဘူးလို႔ သူကေျပာေတာ့ ဘယ္နားကတည္းခိုခန္းနဲ႔ ဟိုတယ္မိုတယ္ေတြလဲလို႔ ေမးခ်င္ေပမယ့္ မေမးျဖစ္ခဲ့ပါဘူး။

သူကေျပာေသးတယ္။အစ္ကိုကသာ စိတ္ပူေနတာ သူတို႔က သားဆက္ျခားနည္းမ်ိဳးစုံကို ကိုယ္ေတြထက္ေတာင္ ပိုကြၽမ္းက်င္ၾကေသးတယ္တဲ့။ကားဆရာက အဲလိုေျပာေတာ့ ဝမ္းသာပါတယ္လို႔ ကိုယ့္ပါးစပ္က လႊတ္ကနဲထြက္သြားလို႔ သူကရယ္တယ္။အစ္ကိုက ေနာက္ေတာ့မယ္တဲ့။ကြၽန္ေတာ္မေနာက္ဘူး တကယ္ေျပာတာဆိုၿပီး သူ႔ကိုေျပာလိုက္တယ္။
ဒီလိုပါဗ် သားဆက္ျခားနည္းေတြ ကာကြယ္နည္းေတြသိေတာ့ မျဖစ္သင့္တာ မျဖစ္ႏိုင္ေတာ့သလို ေရာဂါေတြ ဘာေတြလည္း မကူးႏိုင္ေတာ့ဘူးေပါ့ဗ်ာ။ဒါေၾကာင့္ ဝမ္းသာတယ္လို႔ ေျပာမိတာပါဆိုၿပီး ေျပာလိုက္ေတာ့မွ သူကနားလည္သြားတယ္။

အဲဒီေန႔က တကၠစီဆရာ ေျပာတဲ့စကားေတြကို ျပန္ေတြးမိေတာ့ သူေျပာတဲ့ အဲဒီစုံတြဲေတြအစား ရင္ေလးမိတယ္။
ခ်စ္ၾကတာလည္း ခ်စ္ၾကတာေပါ့ေလ။လူငယ္သဘာဝ ဆိတ္ကြယ္ရာခ်ိန္းေတြ႕မိလို႔ မွားၾကတာရွိသလို မွားခ်င္ၾကလို႔ ဆိတ္ကြယ္ရာေနရာေတြေ႐ြးၿပီး ခ်ိန္းေတြ႕ၾကတာလည္း ရွိႏိုင္ပါတယ္။တကယ္ခ်စ္လို႔ တကယ္တြဲၿပီး လြန္က်ဴးမိတယ္ လက္ထပ္ျဖစ္ၾကတယ္ဆိုရင္ေတာ့ ျပႆနာမရွိပါဘူး။ေနာက္တစ္ခါ လြန္းက်ဴးမိတယ္ မရႉႏိုင္မကယ္ႏိုင္အထိေတာ့ ျဖစ္မသြားဘူး သေဘာထားခ်င္းမတိုက္ဆိုင္လို႔ ႏွစ္ဦးသေဘာတူ လမ္းခြဲလိုက္ၾကတယ္။ဒါလည္းျပႆနာမရွိေသးပါဘူး။ဒါေပမယ့္ အေပ်ာ္သေဘာမ်ိဳးနဲ႔တြဲၿပီး စားၿပီးနားမလည္ ဝါးၿပီးေထြးထုတ္ ပုံစံမ်ိဳးလုပ္တဲ့ လူငယ္ေတြ ဒီဘက္ေခတ္ထဲ မ်ားလာတယ္လို႔ အခုေခတ္လူငယ္ေတြကပဲ မၾကာခဏေျပာေျပာေနတာ ၾကားမိပါတယ္။အဲဒါဆိုရင္ေတာ့ ျပႆနာရွိႏိုင္ပါတယ္။ေနာက္တစ္ခါ တခ်ိဳ႕ေကာင္ေလးေတြ မလည္ရႈပ္လုပ္လို႔ တရားစြဲခံရတာေတြလည္းရွိပါတယ္။

ဟိုတေလာေလးက ကိုယ့္ညီလိုခင္ေနတဲ့ လူငယ္တစ္ေယာက္နဲ႔ စကားေျပာျဖစ္တယ္။သူကေျပာတယ္ အခုေနာက္ပိုင္း ကာမကိုလိမ္လည္မႉနဲ႔ တရားစြဲတာေတြ မ်ားလာသလိုပဲတဲ့။

ကြၽန္ေတာ္တို႔ အမ်ိဳးသားေတြခမ်ာ အိမ္ေထာင္သည္ကိုႀကိဳက္မိရင္ မယားခိုးမႉ၊ အိမ္ေထာင္က်ၿပီးမွ စေမာလ္စြဲၿပီး မယားငယ္ထားမိရင္လည္း တစ္လင္တစ္မယားဥပေဒ ခ်ိဳးေဖာက္မႉ၊ အခုလည္းလာျပန္ၿပီ လူပ်ိဳအပ်ိဳႏွစ္ဦး သေဘာတူလို႔ အတူေနၿပီးမွ ခြာၿပဲၾကကြဲၾကၿပီဆို ကာမလိမ္လည္မႉတဲ့ ဘာမွမလြတ္ပါလားေနာ္ဆိုၿပီး သူက႐ႊတ္ေနာက္ေနာက္နဲ႔ ေျပာလာပါတယ္။အဲဒီေတာ့ အိမ္ေထာင္သည္နဲ႔ လူပ်ိဳအၾကား ကာမကို လိမ္လည္ရယူမႉနဲ႔ ပတ္သက္လို႔ အေရးယူမႉက ဘယ္လိုကြာျခားလဲ ဥပေဒရဲ႕ျပဌာန္းခ်က္ ေဆာင္ရန္ေရွာင္ရန္ေလးေတြ ျပန္လည္မွ်ေဝေပးပါဦးလို႔ အဲဒီညီငယ္က ဆိုလာပါတယ္။

ဒါေၾကာင့္မို႔ ကာမလိမ္လည္သူေတြကို အေရးယူလို႔ရတဲ့ ဥပေဒပုဒ္မနဲ႔ ျပဌာန္းခ်က္တခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။လက္ရွိ ျမန္မာႏိုင္ငံမွာ ကာမကို လိမ္လည္ရယူတာနဲ႔ ပတ္သက္လို႔ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၁၇ နဲ႔ အေရးယူလို႔ရပါတယ္။ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၁၇ မွာ ျပဌာန္းထားတာက ဒီလိုပါ။

"မည္သူမဆို လိမ္လည္မႉက်ဴးလြန္လွ်င္ ထိုသူကို သုံးႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးကိုျဖစ္ေစ ခ်မွတ္ရမည္" လို႔ ပုဒ္မ ၄၁၇ မွာ ဆိုပါတယ္။

ဘယ္လိုျပဳမူမႉမ်ိဳးဟာ လိမ္လည္မႉေျမာက္သလဲ ဆိုတာကိုေတာ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၁၅ မွာ ဒီလိုရွင္းျပထားပါတယ္။

"မည္သူမဆို တစ္ဦးတစ္ေယာက္ေသာသူအား လွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားခံရေသာသူက သူတစ္ပါးအား ပစၥည္းတစ္ခုခုကို ေပးအပ္ေစရန္ျဖစ္ေစ၊ ထိုသို႔လွည့္ျဖားျခင္းခံရေသာသူအား လိမ္လည္လွည့္ျဖားလိုေသာ သေဘာျဖင့္ေသာ္လည္းေကာင္း၊ မ႐ိုးမေျဖာင့္ေသာ သေဘာျဖင့္ေသာ္လည္းေကာင္း ေသြးေဆာင္လွ်င္၊ သို႔တည္းမဟုတ္ တစ္ဦးတစ္ေယာက္ေသာသူအား လွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားျခင္းခံရေသာသူက အကယ္၍ လွည့္ျဖားျခင္းမခံရခဲ့ေသာ္ မိမိျပဳမည္မဟုတ္ေသာ သို႔တည္းမဟုတ္ မိမိပ်က္ကြက္မည္မဟုတ္ေသာ အရာကို ျပဳေစရန္ေသာ္လည္းေကာင္း မျပဳဘဲ ပ်က္ကြက္ေစရန္ေသာ္လည္းေကာင္း ထိုသို႔လွည့္ျဖားျခင္းခံရေသာသူအား တမင္ေသြးေဆာင္လွ်င္၊ ထို႔ျပင္ ထိုျပဳလုပ္မႉက သို႔တည္းမဟုတ္ ထိုပ်က္ကြက္မႉက ထိုသူ၏ ကိုယ္ကိုျဖစ္ေစ၊ စိတ္ကိုျဖစ္ေစ၊ ဂုဏ္သေရကိုျဖစ္ေစ၊ ပစၥည္းကိုျဖစ္ေစ ပ်က္စီးနစ္နာေစျခင္းေသာ္လည္းေကာင္း၊ အႏၲရာယ္ေသာ္လည္းေကာင္းျဖစ္ေစလွ်င္ သို႔တည္းမဟုတ္ ထိုသို႔ျဖစ္ေစတန္ရာလွ်င္ ထိုသူသည္ လိမ္လည္သည္မည္၏" လို႔ ပုဒ္မ ၄၁၅ မွာ ဆိုပါတယ္။

အိမ္ေထာင္မရွိသူက ကာမကိုလိမ္လည္ရယူရင္ ပုဒ္မ ၄၁၇ နဲ႔ အေရးယူလို႔ရေပမယ့္ အိမ္ေထာင္သည္ေတြက လူပ်ိဳဟန္ေဆာင္ၿပီး ကာမကို လိမ္လည္ရယူမယ္ ထပ္မံထိမ္းျမားမယ္ဆိုရင္ေတာ့ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၇ အရ အေရးယူရမွာျဖစ္ပါတယ္။

ထိမ္းျမားၿပီးသား ေယာက္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ ထိမ္းျမားမႉ အတည္ျဖစ္ေနစဥ္မွာ ထိမ္းျမားထားတာကို ထိန္ခ်န္ၿပီး ထပ္မံထိမ္းျမားမယ္ဆိုရင္ ၁၀ ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ရမယ္လို႔ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၇ မွာ ျပဌာန္းထားတာျဖစ္ပါတယ္။

အဲဒီေတာ့ ကာမကို လိမ္လည္ရယူမယ္ဆိုရင္ အိမ္ေထာင္ ရွိျခင္း မရွိျခင္း၊ ထိန္ခ်န္ျခင္းမထိန္ခ်န္ျခင္းအေပၚ မူတည္ၿပီး ေထာင္ဒဏ္သုံးႏွစ္ထိျဖစ္ျဖစ္၊ ၁၀ ႏွစ္ထိျဖစ္ျဖစ္ က်ခံရႏိုင္ပါတယ္။

အထက္ကေျပာခဲ့တဲ့ အမႉေတြ၊ ျပစ္ဒဏ္ေတြနဲ႔ ရင္မဆိုင္ခ်င္ဘူးဆိုရင္ေတာ့ လိင္ကိစၥမွာ လူလည္က်တတ္တဲ့ လိင္လည္ မလည္ရႈပ္ေတြအတြက္ အႀကံတစ္ခုေလာက္ ေပးခ်င္ပါတယ္။အိမ္ေထာင္သည္ကိုေရွာင္၊ အိမ္ေထာင္ဘက္ကိုသစၥာထား၊ ကိုယ့္ရည္းစားကိုတန္ဖိုးထား၊ မေရွာင္ရွားႏိုင္ဘူးဆို တကယ္ယူႏိုင္မွ နယ္လြန္၊ နယ္လြန္ၿပီးၿပီဆို တာဝန္ယူ၊ အဲဒီလိုေနႏိုင္ရင္ ခုနအမႉေတြနဲ႔ ဘယ္ေယာက်္ားမဆို ကင္းလြတ္ႏိုင္ပါလိမ့္မယ္လို႔ အျပဳသေဘာေဆာင္ အႀကံျပဳလိုက္ပါရေစ။

သာဓက
ဒီဇင္ဘာ - ၂၁