【 ဆောင်းပါး 】 ''ရှိခြင်းရဲ့ဒုက္ခ''

【 ဆောင်းပါး 】 ''ရှိခြင်းရဲ့ဒုက္ခ''

မရှိတော့လည်းမရှိလို့ ရှိတော့လည်းရှိလို့ ဒုက္ခတွေချည်းပဲလို့ အဘွားဖြစ်သူ ဆုံးမနေကျစကားလေး သွားသတိရပါတယ်။မရှိဆင်းရဲသားတွေကျတော့လည်း ငွေကြေးဥစ္စာမရှိတဲ့အခါ စားဝတ်နေရေးတွက် ရုန်းကန်ကြရတာမို့ ဒုက္ခတစ်မျိုးပေါ့။ငွေကြေးဥစ္စာရှိတဲ့သူတွေကျတော့လည်း ရှိတဲ့ငွေကြေးလေးတွေ စည်းစိမ်ဥစ္စာလေးတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရတာလည်း တစ်ဒုက္ခပဲပေါ့။

ဒီနေ့ခေတ်မှာ လူတန်းစေ့ နေနိုင်၊ မနေနိုင်ကို အဓိကဆုံးဖြတ်ကြတာက နေစရာအိမ်ပိုင် ရှိ၊ မရှိနဲ့ စီးစရာကား ရှိ၊ မရှိအပေါ် မူတည်ဆုံးဖြတ်ကြတာများပါတယ်။ရန်ကုန်လို မြို့ကြီးပေါ်မှာ နေစရာ ကျောတစ်ခင်းစာ နေရာလေးတစ်ခုရဖို့တောင် မလွယ်ပါဘူး။အိမ်ငှါးခတွေ တိုက်ခန်းငှားခတွေကလည်း တစ်နေ့တခြား တက်တက်လာနေတယ်လို့ အိမ်ငှါးဘဝက မရုန်းထွက်နိုင်သူတွေက ဆိုပါတယ်။အဲဒီတော့ အိမ်ပိုင်၊ တိုက်ခန်းပိုင်လေးရှိသူတွေအတွက် ငှါးနေရသူတွေထက် တစ်ပန်းသာနေတာအမှန်ပါပဲ။

အဲဒီလိုပဲ ကားတွေလမ်းတွေကျပ်လွန်းလှတဲ့ ဒီနေ့ခေတ်လိုအချိန်မျိုးမှာ လမ်းကျပ်ကားကျပ်လို့ ဘတ်စ်ကားပေါ် အချိန်ကုန် စိတ်ပင်ပန်းရတာထက် ကိုယ်ပိုင်ကားလေးပေါ်မှာ အဲကွန်းလေးနဲ့ ကားကြပ်လမ်းကြပ်တဲ့ဒဏ်ခံရတာက ပိုသာပါသေးတယ်လို့ အများစုက ထင်မြင်ယူဆတတ်ကြပါတယ်။ဒီတော့ ယနေ့ခေတ်အဆောင်အယောင်တွေထဲမှာ ကိုယ်ပိုင်ကားလေးစီးနိုင်တာကလည်း ဇိမ်ခံစရာတစ်ခုပေါ့။

ဒီလိုဆိုတော့ မရှိသေးတဲ့သူတွေက မရှိတာကိုရှိအောင်လုပ်ရင်း၊ ရှိတဲ့သူတွေကလည်း ရှိတာလေးတွေ မပျောက်ပျက် မပျက်စီးရေး သူ့ဒုက္ခနဲ့သူ၊ ကိုယ့်ဒုက္ခနဲ့ကိုယ် ဒုက္ခကိုယ်စီနဲ့ပါ။ဒီနေရာမှာ မရှိခြင်းရဲ့ဒုက္ခကို အကျယ်ချဲ့ပြီး မပြောလိုပေမယ့် ရှိခြင်းရဲ့ ဒုက္ခတချို့ကိုတော့ နည်းနည်းလောက်ပြောချင်ပါတယ်။ဥပဒေအကြောင်းခြင်းရာလေးတွေနဲ့ ဆက်နွယ်ပြီးတော့ပေါ့။

အခုနောက်ပိုင်း အိမ်တွေ၊ ခြံတွေ၊ တိုက်ခန်းတွေ ဝယ်တော့မယ်ဆို အတော့ကိုစိစစ်ရှာဖွေဝယ်ယူကြရတာ များလာပါတယ်။ဘာလို့လဲဆိုတာ မခိုင်မာတာတွေ လိမ်လည်တာတွေ များလာလို့ဖြစ်ပါတယ်။၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက်က တွေ့ကြုံရတာလေးတစ်ခုရှိပါတယ်။အဲဒါက မြေကွက်တွေပေါင်ပြီး လိမ်လည်ခံရတဲ့ ဖြစ်စဉ်တစ်ခုပါ။
ဂရန်အတုတွေနဲ့ သူများမြေကွက်တွေ လက်ညှိုးထိုးပေါင်သွားတဲ့သဘောပါ။သိန်းရာနဲ့ထောင်နဲ့ချီ အလိမ်ခံရတာပါ။

နောက်တစ်ခါ ကြိုပွိုင့်နဲ့ဝယ်တဲ့ တိုက်ခန်းတချို့လည်း အလိမ်ခံရတာတွေရှိပါတယ်။အသိတစ်ယောက်ဆို ကြုံရတာက အထူးအဆန်းပါ။တိုက်ဆောက်မယ်ဆိုပြီး ကန်ထရိုက်ကို အပ်ပါတယ်။ကန်ထရိုက်က ပြီးအောင်မဆောက်ပါဘူး။ပစ္စည်းဈေးတက်လို့ဘာလို့ အကြောင်းပြပြီး အချိန်ဆွဲထားပါတယ်။မြေရှင်က စိတ်မရှည်တော့ နောက်ကန်ထရိုက်ပြောင်းမယ်လည်းဆိုရော စပယ်ရှယ်ပါဝါကို အလွယ်တကူမလွှဲပေး တိုက်လည်းပြီးအောင်မဆောက်ဘဲ ပါဝါပြန်ရုပ်ဖို့အရေး မြေရှင်ကိုညစ်လို့ နောက်ဆုံး ကန်ထရိုက်ကျေနပ်လောက်တဲ့ငွေ လျော်ကြေးပေးလိုက်ရတာမျိုးတွေလည်း ရှိပါတယ်။

အိမ်တွေခြံတွေ တိုက်ခန်းတွေ ဝယ်တဲ့အခါ ပိုင်ဆိုင်မှုမခိုင်မာလို့ အဝယ်မှားပြီး ငွေကြေးအမြောက်အမြား ဆုံးရှုံးလိုက်ရသူတွေလည်းရှိပါတယ်။ဒီတော့ အိမ်ဝယ်ဝယ် ခြံဝယ်ဝယ် တိုက်ခန်းဝယ်ဝယ် လိမ်လည်မခံရဖို့ ခိုင်မာဖို့ဆိုရင် အကောင်းဆုံးက နားလည်တတ်ကျွမ်းတဲ့ ရှေ့နေရှေ့ရပ် ဥပဒေပညာရှင်တစ်ယောက်ယောက်နဲ့ အရင်တိုင်ပင်ပါ။
စာရွက်စာတမ်းခိုင်မာမှု ရှိ/မရှိလေ့လာပါ။ဥပဒေပညာရှင်နဲ့လည်းတိုင်ပင်တယ် စာချုပ်စာတမ်းလည်း ခိုင်မာတယ်ဆိုရင်တောင် ကိုယ်ဝယ်ယူမယ့် မြေဖြစ်ဖြစ် အိမ်ဖြစ်ဖြစ် တိုက်ခန်းဖြစ်ဖြစ်နဲ့ ပတ်သက်ပြီး အရှုပ်အရှင်း ရှိ/မရှိနဲ့ ရှိခဲ့ရင်လည်း ဘယ်နှစ်ရက်အတွင်း ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်ဆိုတာမျိုး ကြော်ငြာစာကို အစိုးရပိုင်သတင်းစာတွေမှာ ကြော်ငြာပြီး ဘာအရှုပ်အရှင်းမှမရှိတာ သေချာပြီဆိုမှ အရောင်းအဝယ်စာချုပ်ကို နားလည်တတ်ကျွမ်းတဲ့ ဥပဒေပညာရှင်တွေအကူအညီနဲ့ ချုပ်ဆိုတာ စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်။အပေါင်လက်ခံမယ်ဆိုလည်း အလားတူပဲ သေချာစိစစ်ပြီးမှ လက်ခံတာအကောင်းဆုံးပါပဲ။ဒါက အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်လုပ်တော့မယ်ဆို သတိပြုသင့်တာလေးတချို့ကို အကြံပြုတာဖြစ်ပါတယ်။

အဲဒီလိုပဲ မော်တော်ယာဉ်အရောင်းအဝယ်လုပ်တာ၊ လိုင်စင်သက်တမ်းတိုးတာတွေနဲ့ ပတ်သက်လို့ နစ်နာမှုအမျိုးမျိုးနဲ့ အရှူပ်အရှင်းအမျိုးမျိုးကိုလည်း မကြာမကြာဆိုသလို ကြားကြားနေရပါတယ်။မကြာသေးမီကာလ ၂၀၁၉ ခုနှစ်တုန်းကတင် ကိုယ့်ရဲ့ ဆရာသမားတစ်ယောက် ကားဝယ်တဲ့နေရာမှာ အဝယ်မှားနဲ့ကြုံမလိုဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်လေးတစ်ခုလည်းရှိခဲ့ပါတယ်။သူက ကားဝယ်မယ်ဆိုပြီး ရွှေငါးရုပ်ပြောင်း၂၀၀၃ မော်ဒယ် ကားကောင်းကားသန့်တစ်စီး လိုက်ရှာပါတယ်။

လိုချင်တဲ့ကားလည်းရရော အရောင်းအဝယ်စာချုပ် ချုပ်ပါတယ်။ငွေချေပြီးမှ ကားကို ကညနမှာ သွားစစ်ပါတယ်။သူကတော့ ငွေမချေသေးခင် ကားကိုအရင်စစ်ချင်တာပါပဲ။ဒါပေမယ့် သူကိုယ်၌က ကားကိုအတော်ကြိုက်နေတာမို့ သူများနောက်ပါသွားမှာ စိုးရိမ်တာရယ်၊ ရောင်းသူက ကားစစ်ဖို့ရတဲ့ ရက်ချိန်းရက်ပြီးတဲ့အထိ မစောင့်နိုင်တော့အောင် ငွေလိုချင်နေတာရယ်၊ ကားကိုစစ်လို့ အမှားအယွင်းတစ်ခုခုရှိခဲ့ရင် ငွေပြန်ပေးမယ်ဆိုပြီး စာချုပ်ထဲမှာ ထည့်ချုပ်လိုက်တာရယ်တွေကြောင့်မို့ ငွေချေပြီးမှ ကားကိုသွားစစ်ဖြစ်တာ ဖြစ်ပါတယ်။သွားစစ်တော့မှ ကားက ဘော်ဒီချိန်းထားပြီး ဥပဒေသတ်မှတ်ချက်တွေနဲ့မညီတာနဲ့ ကြုံရပါတယ်။ကံကောင်းတာက ရောင်းသူက တာဝန်ယူပြီး ငွေကိုအသာတကြည်ပြန်အမ်းပေးလို့ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူသင့်တာက ကားဝယ်တော့မယ်ဆို မလောဖို့နဲ့ ယာဉ် မှန်၊ မမှန် စစ်ပြီးတော့မှ ငွေအပြီးချေဖို့ပါပဲ။နောက်တစ်ခါ ကိုယ်တွေ့ကြုံတာလေးရှိပါတယ်။ကားလိုင်စင်သက်တမ်းတိုးတုန်းကပါ။ကညနမှာ စပီကာတွေနဲ့ကို အသံလွှင့်ပြီး ပွဲစားတွေနဲ့မလုပ်ဖို့နဲ့ ကိုယ်တိုင်သက်တမ်းတိုးဖို့ မှာနေတဲ့ကြားက တချို့က အဲဒီကညနဝင်းထဲက တွေ့ကရာပွဲစားနဲ့ သက်တမ်းတိုးဖို့ လုပ်ခိုင်းပါတယ်။ကညနက စပီကာတွေနဲ့ အသံလွှင့်လို့မှ သိပ်မကြာသေးဘူး ကိုယ့်ကားရှေ့ နှစ်စီးကျော်သုံးစီးလောက်မှာ တန်းစီနေတဲ့ ကားပိုင်ရှင်လူငယ် အလိမ်ခံရပါတယ်။လိုင်စင်သက်တမ်းတိုးပေးမယ်ပြောပြီး ပွဲစားက ငွေသုံးသိန်းနဲ့ ကားရဲ့စာရွက်စာတမ်းတွေပါယူပြီး လစ်ပြေးသွားတာပါ။ဒီလိုဖြစ်စဉ်တွေ အများကြီးပဲလို့ အဲဒီကညနဝင်းထဲမှာတင် ပြောဆိုနေကြတာဖြစ်ပါတယ်။

ကားပိုင်ရှင်တွေ နောက်ထပ်ကြုံနေရတဲ့ပြဿနာက ကားဝယ်ပြီး နာမည်ပေါက်မပြောင်းရသေးတဲ့ကိစ္စပါ။အခု ကညနက ရက်သတ်မှတ်ပေးပြီး နာမည်တွေပြောင်းခိုင်းနေတာမို့ တချို့ကားပိုင်ရှင်တွေက နာမည်ပြောင်းကြပေမယ့် တချို့လည်းနာမည်မပြောင်းရသေးပါဘူး။ဒါနဲ့ပတ်သက်လို့ တချို့ကားပိုင်ရှင်တွေက သိချင်ကြပါတယ်။ဒါတွေကို မော်တော်ယာဉ်ဥပဒေမှာ ပြဌာန်းထားတာရှိလို့လားပေါ့။ဥပဒေအရ မဖြစ်မနေ နာမည်ပေါက်ပြောင်းရမှာလားပေါ့။ဒီလိုတွေမေးခွန်းထုတ်နေကြတာလည်းရှိပါတယ်။ဒါကြောင့်မို့ ဒီကိစ္စနဲ့ဆက်နွယ်ပြီး မော်တော်ယာဉ်ဥပဒေမှာ ပြဌာန်းထားတဲ့ အချက်အလက်တချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။

''မော်တော်ယာဉ် လက်ဝယ်ရှိသူ မည်သူမျှ မော်တော်ယာဉ်ပေးကမ်းခြင်းနှင့် ရောင်းချခြင်းတို့တွင် မော်တော်ယာဉ်ပေးကမ်းသည့်နေ့ရက် (သို့မဟုတ်) အရောင်းအဝယ်စာချုပ် ချုပ်ဆိုသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်သူ အမည်ပြောင်းလဲပေးနိုင်ရေးအတွက် လျှောက်ထားရန်ပျက်ကွက်ခြင်း၊ အမွေဆက်ခံခြင်းဖြင့် မော်တော်ယာဉ်ပိုင်ဆိုင်ခွင့်ရရှိသူသည် မှတ်ပုံတင်သူ အမည်ပြောင်းလဲပေးရန် တရားဝင်ပိုင်ဆိုင်ခွင့်ရရှိသည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားရန်ပျက်ကွက်ခြင်း၊ မှတ်ပုံတင်သူ အမည်ပြောင်းလဲပေးရန် လျှောက်ထားရာတွင် မော်တော်ယာဉ် ပေးကမ်းခြင်းနှင့် ရောင်းဝယ်ခြင်း စာချုပ်၌ အချက်အလက်တစ်စုံတစ်ရာကို မမှန်မကန်ဖော်ပြခြင်း၊ ပြင်ဆင်ခြင်း၊ ချန်လှပ်ခြင်းနှင့် စာချုပ် ချုပ်ဆိုသည့်နေ့ရက်ကို မမှန်မကန်ဖော်ပြခြင်းတို့ကို မပြုလုပ်ရ'' ဆိုပြီး မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၅ ပုဒ်မခွဲ (က) (ခ) (ဂ) တို့မှာ တားမြစ်ထားပါတယ်။

''မော်တော်ယာဉ် လက်ဝယ်ရှိသူ မည်သူမဆို ပုဒ်မ ၅၅ ပါ တားမြစ်ချက်တစ်ချက်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်'' လို့ မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၃ မှာ ဆိုပါတယ်။

ဒီပြဌာန်းချက်တွေကတော့ မော်တော်ယာဉ်မှတ်ပုံတင်သူ အမည်ပြောင်းလဲတာနဲ့ပတ်သက်လို့ မော်တော်ယာဉ်ဥပဒေမှာ ပြဌာန်းထားတာတွေဖြစ်ပါတယ်။ဒီပြဌာန်းချက်တွေကို သိထားမယ်ဆိုရင် နာမည်ပြောင်းမယ့်သူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့ အိမ်ခြံမြေတိုက်ခန်းပဲဖြစ်ဖြစ် မော်တော်ယာဉ်ပဲဖြစ်ဖြစ် သင့်မှာပိုင်ဆိုင်တော့မယ် ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ အဲဒီဥစ္စာပစ္စည်းတွေနဲ့ ပတ်သက်ပြီး အရောင်းအဝယ်အငှါး ပေါင်နှံတာ နာမည်ပြောင်းတာတွေ လုပ်တဲ့အခါ နစ်နာဆုံးရှုံးမှုတွေ မရှိရလေအောင် စနစ်တကျလုပ်ဆောင်ခြင်းဖြင့် ရှိခြင်းရဲ့ဒုက္ခတွေကို အခက်အခဲအနည်းဆုံးနဲ့ အသာတကြည် ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းရင်း.....။

သာဓက
ဖေဖော်ဝါရီ - ၅
( Zawgyi )
မရွိေတာ့လည္းမရွိလို႔ ရွိေတာ့လည္းရွိလို႔ ဒုကၡေတြခ်ည္းပဲလို႔ အဘြားျဖစ္သူ ဆုံးမေနက်စကားေလး သြားသတိရပါတယ္။မရွိဆင္းရဲသားေတြက်ေတာ့လည္း ေငြေၾကးဥစၥာမရွိတဲ့အခါ စားဝတ္ေနေရးတြက္ ႐ုန္းကန္ၾကရတာမို႔ ဒုကၡတစ္မ်ိဳးေပါ့။ေငြေၾကးဥစၥာရွိတဲ့သူေတြက်ေတာ့လည္း ရွိတဲ့ေငြေၾကးေလးေတြ စည္းစိမ္ဥစၥာေလးေတြ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းရတာလည္း တစ္ဒုကၡပဲေပါ့။

ဒီေန႔ေခတ္မွာ လူတန္းေစ့ ေနႏိုင္၊ မေနႏိုင္ကို အဓိကဆုံးျဖတ္ၾကတာက ေနစရာအိမ္ပိုင္ ရွိ၊ မရွိနဲ႔ စီးစရာကား ရွိ၊ မရွိအေပၚ မူတည္ဆုံးျဖတ္ၾကတာမ်ားပါတယ္။ရန္ကုန္လို ၿမိဳ႕ႀကီးေပၚမွာ ေနစရာ ေက်ာတစ္ခင္းစာ ေနရာေလးတစ္ခုရဖို႔ေတာင္ မလြယ္ပါဘူး။အိမ္ငွါးခေတြ တိုက္ခန္းငွားခေတြကလည္း တစ္ေန႔တျခား တက္တက္လာေနတယ္လို႔ အိမ္ငွါးဘဝက မ႐ုန္းထြက္ႏိုင္သူေတြက ဆိုပါတယ္။အဲဒီေတာ့ အိမ္ပိုင္၊ တိုက္ခန္းပိုင္ေလးရွိသူေတြအတြက္ ငွါးေနရသူေတြထက္ တစ္ပန္းသာေနတာအမွန္ပါပဲ။

အဲဒီလိုပဲ ကားေတြလမ္းေတြက်ပ္လြန္းလွတဲ့ ဒီေန႔ေခတ္လိုအခ်ိန္မ်ိဳးမွာ လမ္းက်ပ္ကားက်ပ္လို႔ ဘတ္စ္ကားေပၚ အခ်ိန္ကုန္ စိတ္ပင္ပန္းရတာထက္ ကိုယ္ပိုင္ကားေလးေပၚမွာ အဲကြန္းေလးနဲ႔ ကားၾကပ္လမ္းၾကပ္တဲ့ဒဏ္ခံရတာက ပိုသာပါေသးတယ္လို႔ အမ်ားစုက ထင္ျမင္ယူဆတတ္ၾကပါတယ္။ဒီေတာ့ ယေန႔ေခတ္အေဆာင္အေယာင္ေတြထဲမွာ ကိုယ္ပိုင္ကားေလးစီးႏိုင္တာကလည္း ဇိမ္ခံစရာတစ္ခုေပါ့။

ဒီလိုဆိုေတာ့ မရွိေသးတဲ့သူေတြက မရွိတာကိုရွိေအာင္လုပ္ရင္း၊ ရွိတဲ့သူေတြကလည္း ရွိတာေလးေတြ မေပ်ာက္ပ်က္ မပ်က္စီးေရး သူ႔ဒုကၡနဲ႔သူ၊ ကိုယ့္ဒုကၡနဲ႔ကိုယ္ ဒုကၡကိုယ္စီနဲ႔ပါ။ဒီေနရာမွာ မရွိျခင္းရဲ႕ဒုကၡကို အက်ယ္ခ်ဲ႕ၿပီး မေျပာလိုေပမယ့္ ရွိျခင္းရဲ႕ ဒုကၡတခ်ိဳ႕ကိုေတာ့ နည္းနည္းေလာက္ေျပာခ်င္ပါတယ္။ဥပေဒအေၾကာင္းျခင္းရာေလးေတြနဲ႔ ဆက္ႏြယ္ၿပီးေတာ့ေပါ့။

အခုေနာက္ပိုင္း အိမ္ေတြ၊ ၿခံေတြ၊ တိုက္ခန္းေတြ ဝယ္ေတာ့မယ္ဆို အေတာ့ကိုစိစစ္ရွာေဖြဝယ္ယူၾကရတာ မ်ားလာပါတယ္။ဘာလို႔လဲဆိုတာ မခိုင္မာတာေတြ လိမ္လည္တာေတြ မ်ားလာလို႔ျဖစ္ပါတယ္။၂၀၀၆၊ ၂၀၀၇ ခုႏွစ္ေလာက္က ေတြ႕ႀကဳံရတာေလးတစ္ခုရွိပါတယ္။အဲဒါက ေျမကြက္ေတြေပါင္ၿပီး လိမ္လည္ခံရတဲ့ ျဖစ္စဥ္တစ္ခုပါ။
ဂရန္အတုေတြနဲ႔ သူမ်ားေျမကြက္ေတြ လက္ညႇိဳးထိုးေပါင္သြားတဲ့သေဘာပါ။သိန္းရာနဲ႔ေထာင္နဲ႔ခ်ီ အလိမ္ခံရတာပါ။

ေနာက္တစ္ခါ ႀကိဳပြိဳင့္နဲ႔ဝယ္တဲ့ တိုက္ခန္းတခ်ိဳ႕လည္း အလိမ္ခံရတာေတြရွိပါတယ္။အသိတစ္ေယာက္ဆို ႀကဳံရတာက အထူးအဆန္းပါ။တိုက္ေဆာက္မယ္ဆိုၿပီး ကန္ထ႐ိုက္ကို အပ္ပါတယ္။ကန္ထ႐ိုက္က ၿပီးေအာင္မေဆာက္ပါဘူး။ပစၥည္းေဈးတက္လို႔ဘာလို႔ အေၾကာင္းျပၿပီး အခ်ိန္ဆြဲထားပါတယ္။ေျမရွင္က စိတ္မရွည္ေတာ့ ေနာက္ကန္ထ႐ိုက္ေျပာင္းမယ္လည္းဆိုေရာ စပယ္ရွယ္ပါဝါကို အလြယ္တကူမလႊဲေပး တိုက္လည္းၿပီးေအာင္မေဆာက္ဘဲ ပါဝါျပန္႐ုပ္ဖို႔အေရး ေျမရွင္ကိုညစ္လို႔ ေနာက္ဆုံး ကန္ထ႐ိုက္ေက်နပ္ေလာက္တဲ့ေငြ ေလ်ာ္ေၾကးေပးလိုက္ရတာမ်ိဳးေတြလည္း ရွိပါတယ္။

အိမ္ေတြၿခံေတြ တိုက္ခန္းေတြ ဝယ္တဲ့အခါ ပိုင္ဆိုင္မႈမခိုင္မာလို႔ အဝယ္မွားၿပီး ေငြေၾကးအေျမာက္အျမား ဆုံးရႈံးလိုက္ရသူေတြလည္းရွိပါတယ္။ဒီေတာ့ အိမ္ဝယ္ဝယ္ ၿခံဝယ္ဝယ္ တိုက္ခန္းဝယ္ဝယ္ လိမ္လည္မခံရဖို႔ ခိုင္မာဖို႔ဆိုရင္ အေကာင္းဆုံးက နားလည္တတ္ကြၽမ္းတဲ့ ေရွ႕ေနေရွ႕ရပ္ ဥပေဒပညာရွင္တစ္ေယာက္ေယာက္နဲ႔ အရင္တိုင္ပင္ပါ။
စာ႐ြက္စာတမ္းခိုင္မာမႈ ရွိ/မရွိေလ့လာပါ။ဥပေဒပညာရွင္နဲ႔လည္းတိုင္ပင္တယ္ စာခ်ဳပ္စာတမ္းလည္း ခိုင္မာတယ္ဆိုရင္ေတာင္ ကိုယ္ဝယ္ယူမယ့္ ေျမျဖစ္ျဖစ္ အိမ္ျဖစ္ျဖစ္ တိုက္ခန္းျဖစ္ျဖစ္နဲ႔ ပတ္သက္ၿပီး အရႈပ္အရွင္း ရွိ/မရွိနဲ႔ ရွိခဲ့ရင္လည္း ဘယ္ႏွစ္ရက္အတြင္း ဆက္သြယ္အေၾကာင္းၾကားႏိုင္ပါတယ္ဆိုတာမ်ိဳး ေၾကာ္ျငာစာကို အစိုးရပိုင္သတင္းစာေတြမွာ ေၾကာ္ျငာၿပီး ဘာအရႈပ္အရွင္းမွမရွိတာ ေသခ်ာၿပီဆိုမွ အေရာင္းအဝယ္စာခ်ဳပ္ကို နားလည္တတ္ကြၽမ္းတဲ့ ဥပေဒပညာရွင္ေတြအကူအညီနဲ႔ ခ်ဳပ္ဆိုတာ စိတ္အခ်ရဆုံးျဖစ္ပါလိမ့္မယ္။အေပါင္လက္ခံမယ္ဆိုလည္း အလားတူပဲ ေသခ်ာစိစစ္ၿပီးမွ လက္ခံတာအေကာင္းဆုံးပါပဲ။ဒါက အိမ္ၿခံေျမတိုက္ခန္း အေရာင္းအဝယ္လုပ္ေတာ့မယ္ဆို သတိျပဳသင့္တာေလးတခ်ိဳ႕ကို အႀကံျပဳတာျဖစ္ပါတယ္။

အဲဒီလိုပဲ ေမာ္ေတာ္ယာဥ္အေရာင္းအဝယ္လုပ္တာ၊ လိုင္စင္သက္တမ္းတိုးတာေတြနဲ႔ ပတ္သက္လို႔ နစ္နာမႈအမ်ိဳးမ်ိဳးနဲ႔ အရႉပ္အရွင္းအမ်ိဳးမ်ိဳးကိုလည္း မၾကာမၾကာဆိုသလို ၾကားၾကားေနရပါတယ္။မၾကာေသးမီကာလ ၂၀၁၉ ခုႏွစ္တုန္းကတင္ ကိုယ့္ရဲ႕ ဆရာသမားတစ္ေယာက္ ကားဝယ္တဲ့ေနရာမွာ အဝယ္မွားနဲ႔ႀကဳံမလိုျဖစ္ခဲ့ရတဲ့ ျဖစ္စဥ္ေလးတစ္ခုလည္းရွိခဲ့ပါတယ္။သူက ကားဝယ္မယ္ဆိုၿပီး ေ႐ႊငါး႐ုပ္ေျပာင္း၂၀၀၃ ေမာ္ဒယ္ ကားေကာင္းကားသန႔္တစ္စီး လိုက္ရွာပါတယ္။

လိုခ်င္တဲ့ကားလည္းရေရာ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ပါတယ္။ေငြေခ်ၿပီးမွ ကားကို ကညနမွာ သြားစစ္ပါတယ္။သူကေတာ့ ေငြမေခ်ေသးခင္ ကားကိုအရင္စစ္ခ်င္တာပါပဲ။ဒါေပမယ့္ သူကိုယ္၌က ကားကိုအေတာ္ႀကိဳက္ေနတာမို႔ သူမ်ားေနာက္ပါသြားမွာ စိုးရိမ္တာရယ္၊ ေရာင္းသူက ကားစစ္ဖို႔ရတဲ့ ရက္ခ်ိန္းရက္ၿပီးတဲ့အထိ မေစာင့္ႏိုင္ေတာ့ေအာင္ ေငြလိုခ်င္ေနတာရယ္၊ ကားကိုစစ္လို႔ အမွားအယြင္းတစ္ခုခုရွိခဲ့ရင္ ေငြျပန္ေပးမယ္ဆိုၿပီး စာခ်ဳပ္ထဲမွာ ထည့္ခ်ဳပ္လိုက္တာရယ္ေတြေၾကာင့္မို႔ ေငြေခ်ၿပီးမွ ကားကိုသြားစစ္ျဖစ္တာ ျဖစ္ပါတယ္။သြားစစ္ေတာ့မွ ကားက ေဘာ္ဒီခ်ိန္းထားၿပီး ဥပေဒသတ္မွတ္ခ်က္ေတြနဲ႔မညီတာနဲ႔ ႀကဳံရပါတယ္။ကံေကာင္းတာက ေရာင္းသူက တာဝန္ယူၿပီး ေငြကိုအသာတၾကည္ျပန္အမ္းေပးလို႔ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္ကေန သင္ခန္းစာယူသင့္တာက ကားဝယ္ေတာ့မယ္ဆို မေလာဖို႔နဲ႔ ယာဥ္ မွန္၊ မမွန္ စစ္ၿပီးေတာ့မွ ေငြအၿပီးေခ်ဖို႔ပါပဲ။ေနာက္တစ္ခါ ကိုယ္ေတြ႕ႀကဳံတာေလးရွိပါတယ္။ကားလိုင္စင္သက္တမ္းတိုးတုန္းကပါ။ကညနမွာ စပီကာေတြနဲ႔ကို အသံလႊင့္ၿပီး ပြဲစားေတြနဲ႔မလုပ္ဖို႔နဲ႔ ကိုယ္တိုင္သက္တမ္းတိုးဖို႔ မွာေနတဲ့ၾကားက တခ်ိဳ႕က အဲဒီကညနဝင္းထဲက ေတြ႕ကရာပြဲစားနဲ႔ သက္တမ္းတိုးဖို႔ လုပ္ခိုင္းပါတယ္။ကညနက စပီကာေတြနဲ႔ အသံလႊင့္လို႔မွ သိပ္မၾကာေသးဘူး ကိုယ့္ကားေရွ႕ ႏွစ္စီးေက်ာ္သုံးစီးေလာက္မွာ တန္းစီေနတဲ့ ကားပိုင္ရွင္လူငယ္ အလိမ္ခံရပါတယ္။လိုင္စင္သက္တမ္းတိုးေပးမယ္ေျပာၿပီး ပြဲစားက ေငြသုံးသိန္းနဲ႔ ကားရဲ႕စာ႐ြက္စာတမ္းေတြပါယူၿပီး လစ္ေျပးသြားတာပါ။ဒီလိုျဖစ္စဥ္ေတြ အမ်ားႀကီးပဲလို႔ အဲဒီကညနဝင္းထဲမွာတင္ ေျပာဆိုေနၾကတာျဖစ္ပါတယ္။

ကားပိုင္ရွင္ေတြ ေနာက္ထပ္ႀကဳံေနရတဲ့ျပႆနာက ကားဝယ္ၿပီး နာမည္ေပါက္မေျပာင္းရေသးတဲ့ကိစၥပါ။အခု ကညနက ရက္သတ္မွတ္ေပးၿပီး နာမည္ေတြေျပာင္းခိုင္းေနတာမို႔ တခ်ိဳ႕ကားပိုင္ရွင္ေတြက နာမည္ေျပာင္းၾကေပမယ့္ တခ်ိဳ႕လည္းနာမည္မေျပာင္းရေသးပါဘူး။ဒါနဲ႔ပတ္သက္လို႔ တခ်ိဳ႕ကားပိုင္ရွင္ေတြက သိခ်င္ၾကပါတယ္။ဒါေတြကို ေမာ္ေတာ္ယာဥ္ဥပေဒမွာ ျပဌာန္းထားတာရွိလို႔လားေပါ့။ဥပေဒအရ မျဖစ္မေန နာမည္ေပါက္ေျပာင္းရမွာလားေပါ့။ဒီလိုေတြေမးခြန္းထုတ္ေနၾကတာလည္းရွိပါတယ္။ဒါေၾကာင့္မို႔ ဒီကိစၥနဲ႔ဆက္ႏြယ္ၿပီး ေမာ္ေတာ္ယာဥ္ဥပေဒမွာ ျပဌာန္းထားတဲ့ အခ်က္အလက္တခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။

''ေမာ္ေတာ္ယာဥ္ လက္ဝယ္ရွိသူ မည္သူမွ် ေမာ္ေတာ္ယာဥ္ေပးကမ္းျခင္းႏွင့္ ေရာင္းခ်ျခင္းတို႔တြင္ ေမာ္ေတာ္ယာဥ္ေပးကမ္းသည့္ေန႔ရက္ (သို႔မဟုတ္) အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုသည့္ေန႔ရက္မွ ရက္ေပါင္း ၃၀ အတြင္း မွတ္ပုံတင္သူ အမည္ေျပာင္းလဲေပးႏိုင္ေရးအတြက္ ေလွ်ာက္ထားရန္ပ်က္ကြက္ျခင္း၊ အေမြဆက္ခံျခင္းျဖင့္ ေမာ္ေတာ္ယာဥ္ပိုင္ဆိုင္ခြင့္ရရွိသူသည္ မွတ္ပုံတင္သူ အမည္ေျပာင္းလဲေပးရန္ တရားဝင္ပိုင္ဆိုင္ခြင့္ရရွိသည့္ရက္မွ ရက္ေပါင္း ၃၀ အတြင္း ေလွ်ာက္ထားရန္ပ်က္ကြက္ျခင္း၊ မွတ္ပုံတင္သူ အမည္ေျပာင္းလဲေပးရန္ ေလွ်ာက္ထားရာတြင္ ေမာ္ေတာ္ယာဥ္ ေပးကမ္းျခင္းႏွင့္ ေရာင္းဝယ္ျခင္း စာခ်ဳပ္၌ အခ်က္အလက္တစ္စုံတစ္ရာကို မမွန္မကန္ေဖာ္ျပျခင္း၊ ျပင္ဆင္ျခင္း၊ ခ်န္လွပ္ျခင္းႏွင့္ စာခ်ဳပ္ ခ်ဳပ္ဆိုသည့္ေန႔ရက္ကို မမွန္မကန္ေဖာ္ျပျခင္းတို႔ကို မျပဳလုပ္ရ'' ဆိုၿပီး ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ ၅၅ ပုဒ္မခြဲ (က) (ခ) (ဂ) တို႔မွာ တားျမစ္ထားပါတယ္။

''ေမာ္ေတာ္ယာဥ္ လက္ဝယ္ရွိသူ မည္သူမဆို ပုဒ္မ ၅၅ ပါ တားျမစ္ခ်က္တစ္ခ်က္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို က်ပ္တစ္သိန္းထက္မပိုေသာ ေငြဒဏ္ခ်မွတ္ရမည္'' လို႔ ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ ၆၃ မွာ ဆိုပါတယ္။

ဒီျပဌာန္းခ်က္ေတြကေတာ့ ေမာ္ေတာ္ယာဥ္မွတ္ပုံတင္သူ အမည္ေျပာင္းလဲတာနဲ႔ပတ္သက္လို႔ ေမာ္ေတာ္ယာဥ္ဥပေဒမွာ ျပဌာန္းထားတာေတြျဖစ္ပါတယ္။ဒီျပဌာန္းခ်က္ေတြကို သိထားမယ္ဆိုရင္ နာမည္ေျပာင္းမယ့္သူေတြအေနနဲ႔ ေဆာင္ရန္ေရွာင္ရန္ေတြကို ဆင္ျခင္ႏိုင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ အိမ္ၿခံေျမတိုက္ခန္းပဲျဖစ္ျဖစ္ ေမာ္ေတာ္ယာဥ္ပဲျဖစ္ျဖစ္ သင့္မွာပိုင္ဆိုင္ေတာ့မယ္ ပိုင္ဆိုင္ထားမယ္ဆိုရင္ေတာ့ အဲဒီဥစၥာပစၥည္းေတြနဲ႔ ပတ္သက္ၿပီး အေရာင္းအဝယ္အငွါး ေပါင္ႏွံတာ နာမည္ေျပာင္းတာေတြ လုပ္တဲ့အခါ နစ္နာဆုံးရႈံးမႈေတြ မရွိရေလေအာင္ စနစ္တက်လုပ္ေဆာင္ျခင္းျဖင့္ ရွိျခင္းရဲ႕ဒုကၡေတြကို အခက္အခဲအနည္းဆုံးနဲ႔ အသာတၾကည္ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳဆုေတာင္းရင္း.....။

သာဓက
ေဖေဖာ္ဝါရီ - ၅