【 ဆောင်းပါး 】 ''ရဲရေးပိုင်နိုး မပိုင်နိုးနဲ့''

【 ဆောင်းပါး 】 ''ရဲရေးပိုင်နိုး မပိုင်နိုးနဲ့''

ဥပဒေနဲ့ပတ်သက်လို့ သာမန်ပြည်သူတွေအတွက် ရှူပ်ထွေးစရာတွေက အမျိုးမျိုးပါပဲ။အလွယ်နားမလည်နိုင်တော့ ရှုပ်ထွေးကုန်တာပေါ့။ဒီနိုင်ငံမှာက ဥပဒေပညာပေးဆိုင်ရာ လုပ်ဆောင်မှုတွေကလည်း အားနည်းနေသေးတာကိုး။

မြန်မာနိုင်ငံမှာ ဒုတိယသမ္မတ ဘယ်နှစ်ယောက်ရှိလဲ အခုချိန်ထိ မသိတဲ့သူတွေ အတော်များများလည်း တွေ့ဖူးပါတယ်။အဲဒီတော့ ရုံးတို့၊ ဂတ်တို့၊ ရဲတို့၊ ဥပဒေတို့ကို အသံကြားတာနဲ့တင် ခြေဖျားလက်ဖျားတွေအေးပြီး ကတုန်ကယင်နဲ့ ကြောက်နေတတ်တဲ့ တောသူတောင်သားတွေကလည်း အများသားရှိပါတယ်။

တစ်ခါက ကယားပြည်နယ် လွိုင်ကော်ဘက်ရောက်တော့ အမှုကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ဒေသခံလင်မယားကို သွားပြီးကူညီပေးဖူးတယ်။အတော်ကိုရိုးသားပြီး အတော်ကိုကြောက်တတ်ကြပါတယ်။တခြားဒေသခံတွေတော့ ဘယ်လိုရှိတယ်ဆိုတာမသိဘူး။အဲဒီနှစ်ယောက်ကတော့ ယူနီဖောင်းမြင်ရင်၊ သူတို့မဖတ်တတ်တဲ့ စာတန်းပါတဲ့ ကားမြင်ရင်ကို အာဏာပါဝါရှိတယ်ထင်ပြီး ကြောက်ကြတယ်လို့ ဆိုပါတယ်။သာမန် ကျောင်းဆရာ၊ ဆရာမ ဆိုရင်တောင် တွေ့ရင် အတော်ကိုရိုကျိုးကြတယ်ဆိုတော့ ဦးစီးမှူးအဆင့်လောက်များဆို နယ်ဘက်မှာက ဆရာတစ်ဆူ ဂူတစ်လုံးတစ်မျှ လေးစားရိုသေကြတာပေါ့။ဒါကြောင့်လည်း အဲဒါကို အခွင့်ကောင်းယူလို့ အရာရှိအချို့က လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဟန့်လုံးလှန့်လုံးတွေနဲ့ ပြည်သူတွေဆီက ငွေကြေးတွေတောင်းယူလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူနေရတာတွေ ရှိတယ်ဆိုတာလည်း ငြင်းလို့မရတဲ့ အချက်ပါ။

ဒါက ဘာကိုပြောချင်တာလည်းဆိုတော့ တရားရုံးတွေ၊ရဲတွေ၊ ဥပဒေတွေက သာမန်ပြည်သူတွေအတွက် အတော်ကို မျက်စိသူငယ်နားသူငယ် ဖြစ်စေတဲ့ အရာတွေပဲလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။

အဲဒီလို မျက်စိသူငယ်နားသူငယ်ဖြစ်စေတဲ့ ကိစ္စတွေထဲမှာမှ တောသူတောင်သားတွေမပြောနဲ့ မြို့နေပြည်သူတွေတောင် ရောထွေးပွေလီ နားမလည်တာက ရဲအရေး ပိုင်တယ် မပိုင်တယ်ဆိုတဲ့ ကိစ္စကြီးပါ။လူအများသိထားတာက အမှုအခင်းဖြစ်ပြီဆိုရင် ရဲသာ အရင်သွားတိုင်။တစ်ခါတည်း ဖမ်းချုပ်နိုင်တယ် အရေးယူနိုင်တယ် ဆိုပြီးတော့ပေါ့လေ။

တကယ်က ရာဇဝတ်မှုတိုင်းကို ရဲကအရေးယူလို့မရပါဘူး။အဲဒီလိုအရေးယူလို့မရလို့လည်း ရဲအရေး ပိုင်တယ်။မပိုင်တယ် ဆိုတဲ့ကိစ္စက ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ပြစ်မှုတချို့က ရဲအရေးမပိုင်လို့ တရားရုံးကို တိုင်ကြားရပါတယ်။ရဲအရေးမပိုင်တဲ့ ပြစ်မှုအမျိုးအစားတချို့က ပြစ်မှုပုဒ်မ ၃၂၃ မိမိအလိုအလျှောက် နာကျင်စေမှု၊ ပြစ်မှု ပုဒ်မ ၅ဝဝ အသေရေဖျက်မှု၊ ပြစ်မှုပုဒ်မ ၄၉၇ မယားခိုးမှု၊ ပြစ်မှုပုဒ်မ ၅ဝ၄ ငြိမ်ဝပ်ရေးပျက်ပြားစေဖို့ အကြံနဲ့ စော်ကားမှု၊ ပြစ်မှုပုဒ်မ ၅ဝ၆ ပြစ်မှုမကင်းတဲ့ ခြောက်လှန့်မှု၊ ပြစ်မှုပုဒ်မ ၅ဝ၉ မိန်းမတို့ကာယိန္ဒြေကို စော်ကားဖို့ ရည်ရွယ်တဲ့ စကားပြောတာ ဒါမှမဟုတ် ကိုယ်အမူအရာပြသတာ ပြုလုပ်မှု၊ ပြစ်မှုပုဒ်မ ၅၁ဝ မူးယစ်ပြီး အများပြည်သူနဲ့ ဆိုင်တဲ့နေရာ စတဲ့နေရာတွေကို လာရောက်ပြီး တစ်ဦးတစ်ယောက်ကို စိတ်ငြိုငြင်အောင်ပြုမှု၊ ပြစ်မှုပုဒ်မ ၃၅၂ လက်ရောက်မှု၊ ပြစ်မှုပုဒ်မ ၄၂၆ အကျိုးဖျက်ဆီးမှု စတာတွေဖြစ်ပါတယ်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ ဆိုရင် ရဲအရေးမပိုင်ပါဘူး။ကျူးလွန်ခံရသူ တရားလိုက တရားရုံးမှာ ဦးတိုက်လျှောက်ရမှာ ဖြစ်ပါတယ်။ဒီနေရာမှာ သိထားသင့်တာတစ်ခုက နစ်နာတဲ့ တရားလိုတွေဘက်က ကိုယ့်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူ ရှိလာပြီဆိုပါတော့။သာမာန်ပြည်သူတွေအနေနဲ့ ကိုယ်ကျူးလွန်ခံရတဲ့ အမှုက ရဲအရေး ပိုင်လား မပိုင်လား မသိနိုင်ပါဘူး။ကိုယ်ထိလက်ရောက် စော်ကားခံရပြီဆိုတာနဲ့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ သွားပြီးတိုင်တန်းတာ။အကူညီတောင်းတာပဲ လုပ်မှာပါ။တကယ်လို့ အမှုက ရဲအရေးမပိုင်ဘူး ဆိုရင်တောင် ရဲတပ်ဖွဲ့စခန်းက ပုံစံ (က) (ခ) နဲ့ ဖြစ်စဉ်အချက်အလက်တွေဖြည့်ပြီး လာရောက်တိုင်တန်းသူကို တရားဝင်အောင် ဘယ်လိုဘယ်ပုံ တိုင်တန်းရမယ်။ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးအရေးယူနိုင်အောင်လည်း ရဲတပ်ဖွဲ့စခန်းက တတ်နိုင်တဲ့ဘက်က ကူညီပေးတာတွေ ဆောင်ရွက်ပေးနိုင်ပါတယ်။ဒါမှပြစ်မှုတွေကို မြန်မြန်ဆန်ဆန် အရေးယူနိုင်မှာ ဖြစ်ပါတယ်။

တချို့ကျတော့ ဥပဒေကို နားလည်ထားတော့ အားနည်းချက်ရှိတဲ့ ဥပဒေအချို့ကို သိနေတယ်။ရဲအရေးမပိုင်တဲ့ အမှုတွေက ဘာတွေဆိုတာ သိနေတယ်။ရဲအရေးမပိုင်တဲ့ အမှုတွေကို ကျူးလွန်ရင် နစ်နာသူက တရားစွဲချင်တယ်ဆိုရင် တရားရုံးမှာ ဦးတိုက်လျှောက်မှရမယ်ဆိုတာကို ကျူးလွန်သူက သိနေနိုင်ပါတယ်။

အဲဒီတော့ အဲဒီလိုလူမျိုးတွေက ဘဝအခြေအနေ နိမ့်ကျသူတွေ၊ ပညာနည်းပါးသူတွေ၊ တရားရုံးသွားပြီး ဦးတိုက်လျှောက်ရလောက်တဲ့အထိ ငွေကြေးနဲ့ အချိန်မပေးနိုင်တဲ့ စားဝတ်နေရေးတွက် ရုန်းကန်နေရသူတွေအပေါ်မှာ ရဲအရေးမပိုင်တဲ့ အမှုတွေနဲ့ ကျူးလွန်လာတာတွေ ရှိလာနိုင်ပါတယ်။ဒါကြောင့် တိုင်တန်းမယ့်သူက ဥပဒေလည်းနားမလည် အတွေ့အကြုံလည်း တစ်ခါမှမရှိတဲ့သူဆိုရင် ရဲတပ်ဖွဲ့ဝင်တွေလို ကူညီပေးမယ့်သူတွေ မရှိရင် တရားရုံးမှာ ဦးတိုက်လျှောက်တဲ့အခါ အခက်အခဲအချို့ ရှိနိုင်ပါတယ်။

နောက်တစ်ခုပြောလိုတာက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂ဝဝ အရ တိုင်တန်းချက် တစ်စုံတစ်ရာကို အရေးယူတဲ့ ရာဇဝတ် တရားသူကြီးက တိုင်တန်းသူကို ကျမ်းသစ္စာနဲ့ စစ်ဆေးရပါမယ်။ထွက်ဆိုချက်တွေကိုလည်း ရေးမှတ်ရပါမယ်။အဲဒါအပြင် တိုင်တန်းသူနဲ့ ရာဇဝတ်တရားသူကြီးတို့က လက်မှတ်ရေးထိုးရပါမယ်။

ပြစ်မှုတစ်စုံတစ်ရာကို အရေးယူတဲ့ ရာဇဝတ်တရားသူကြီး တစ်ဦးဟာ အမှုကို အရေးယူဆောင်ရွက်ဖို့ လုံလောက်တဲ့ အကြောင်းရှိတယ်လို့ ထင်မြင်ရင်၊ ဒါ့ပြင် အမှုကလည်း ရှေးဦးစွာ သမ္မာန်စာထုတ်သင့်တယ်လို့ ပေါ်ပေါက်နေရင် စွပ်စွဲခံရသူကို ခေါ်ဆောင်လာစေဖို့အတွက် သမ္မာန်စာထုတ်ရမှာ ဖြစ်ပါတယ်။တကယ်လို့ အမှုမှာ ဦးစွာ ပထမဝရမ်းစာထုတ်သင့်တယ်လို့ ပေါ်ပေါက်နေရင် အဲဒီရာဇဝတ်တရားသူကြီးရဲ့ ရှေ့မှောက်ကို ဒါမှမဟုတ် (မိမိမှာ စီရင်ပိုင်ခွင့်အာဏာမရှိရင်) စီရင်ပိုင်ခွင့်အာဏာရှိတဲ့ အခြားရာဇဝတ်တရားသူကြီးရဲ့ ရှေ့မှောက်ကို စွပ်စွဲခံရသူကို ခေါ်ဆောင်လာစေဖို့ ဝရမ်းစာထုတ်နိုင်ပါတယ်။ဒါမှမဟုတ် မိမိသင့်တယ် ထင်မြင်ရင် သတ်မှတ်တဲ့အချိန်မှာ စွပ်စွဲခံရသူ လာရောက်စေဖို့ သမ္မာန်စာထုတ်နိုင်ပါတယ်။အဲဒါကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂ဝ၄ မှာ ဆိုထားတာဖြစ်ပါတယ်။

တချို့စွပ်စွဲခံရသူတွေက တရားရုံးက သမ္မာန်စာထုတ်ပြီးခေါ်ရင် နည်းအမျိုးမျိုးနဲ့ ရှောင်တတ်ကြပါတယ်။အိမ်မှာမရှိဘူးတို့၊ အိမ်ပြောင်းသွားပြီတို့၊ ခရီးသွားနေတယ်တို့ အစရှိသဖြင့် အကြောင်းမျိုးမျိုးပြ ရှောင်နေတတ်ကြပါတယ်။စွပ်စွဲခံရသူက သမ္မာန်စာကိုရပြီး သမ္မာန်စာ အတည်ဖြစ်ရဲ့သားနဲ့ ရုံးတော်ကို မလာဘူးဆိုရင် ရုံးတော်က ဖမ်းဝရမ်းထုတ်တာ ခံရနိုင်ပါတယ်။ဒါကြောင့် စွပ်စွဲခံရသူတွေက သမ္မာန်စာကို မရှောင်ဘဲ တရားရုံးမှာ လာရင်ဆိုင်သင့်ပါတယ်။ဒါမှ ကိုယ့်ဘက်က အမှန်တရားရှိရင်လည်း တင်ပြနိုင်မှာဖြစ်သလို၊ ကိုယ့်အမှုတွက်လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။

တကယ်တော့ သမ္မာန်စာကိုရပြီး သမ္မာန်စာ အတည်ဖြစ်တာကို တရားရုံးကိုမလာဘဲ ရှောင်တိမ်းနေတာဟာ စွပ်စွဲခံရသူဘက်က ဥပဒေအရ အခွင့်အရေးတစ်ရပ်လို့ မယူဆစေချင်ပါဘူး။

အမှုတွေဖြစ်ပွားချိန်မှာ ရဲအရေးမပိုင်တဲ့ နာကျင်စေမှုတစ်ခုတည်းကို ကျူးလွန်တဲ့သူတွေရှိနိုင်သလို နာကျင်စေမှုနဲ့တွဲပြီး ရဲအရေးပိုင်တဲ့ ဆဲမှုတို့၊ မိန်းကလေး ကာယိန္ဒြေပျက်အောင် လက်ရောက်မှုကျူးလွန်တာတွေ ရှိနိုင်ပါတယ်။ဒါကြောင့် ပြစ်မှုကျူးလွန်တာရှိပြီဆိုရင် တိုင်ကြားသူကလည်း ရဲထံမှာ မခြွင်းမချန် တိတိကျကျတိုင်ကြားဖို့ လိုသလို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဘာပုဒ်မနဲ့ ငြိတယ်ဆိုတာ မှန်မှန်ကန်ကန်ဆုံးဖြတ် အရေးယူပေးနိုင်မှုတွေကလည်း အရေးပါပါတယ်။

ဥပမာ - နာကျင်စေမှုတစ်ခုမှာ ဆဲမှုတို့၊ မိန်းကလေး ကာယိန္ဒြေပျက်ပြားအောင် လက်ရောက်မှု ကျူးလွန်တာတို့နဲ့ ငြိနေတာကို နာကျင်စေမှု ပုဒ်မ ၃၂၃ တစ်ခုတည်းနဲ့ သက်ဆိုင်တယ်ထင်ပြီး ရဲအရေးမပိုင်ဘူးထင်လို့ ရဲကအမှုမဖွင့်ဘဲ တရားရုံးကို ဦးတိုက်လျှောက်ထားခိုင်းလိုက်မယ်ဆိုရင် မလိုလားအပ်ဘဲ အမှုကို ပိုကြာသွားနိုင်ပါတယ်။တကယ်လို့ တရားလို လာရောက်တိုင်ကြားချိန်မှာ အမှုကနာကျင်စေမှုရော ဆဲမှုတို့၊ မိန်းကလေး ကာယိန္ဒြေပျက်ပြားအောင် လက်ရောက်မှု ကျူးလွန်တာတို့နဲ့ ငြိနေတာကို ရဲစခန်းကသိနိုင်ခဲ့ရင် ရဲအရေးပိုင်တဲ့ အမှုတွေပါနေလို့ ရဲစခန်းမှာတင် အမှုဖွင့်စုံစမ်းမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် အရေးယူနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပညာနဲ့ ငွေကြေးချို့တဲ့သူ အများစုက တစ်ပါးသူရဲ့ အနိုင်ကျင့်တာခံရရင် သက်ဆိုင်ရာကို ဘယ်လိုတိုင်ကြားရမယ်ဆိုတာကို သိရှိတာ အလွန်နည်းပါးပါတယ်။ငွေကြေးတတ်နိုင်မှုလည်းမရှိလို့ အမှုဖြစ်ရင် မလိုအပ်ဘဲ အချိန်တွေပေးရမယ်ဆိုရင် သူတို့ရဲ့ အလုပ်နဲ့ စားဝတ်နေရေးကို ထိခိုက်နိုင်ပါတယ်။အဲဒီလိုကျူးလွန်ခံရမှုတွေရှိခဲ့ရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားခံတွေအပေါ် မြန်မြန်ဆန်ဆန် အရေးယူပေးနိုင်ဖို့ကလည်း အလွန်ပဲအရေးပါပါတယ်။

ဒါကြောင့်မို့ ပြစ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက် အရေးယူပေးခြင်းဟာ ပြည်သူအတွက် အကျိုးရှိစေမယ့် မှုခင်းတားဆီးရေးပဲ ဖြစ်ပါတယ်လို့ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက
မတ် - ၁၄

( Zawgyi )

ဥပေဒနဲ႔ပတ္သက္လို႔ သာမန္ျပည္သူေတြအတြက္ ရွဴပ္ေထြးစရာေတြက အမ်ိဳးမ်ိဳးပါပဲ။အလြယ္နားမလည္ႏိုင္ေတာ့ ရႈပ္ေထြးကုန္တာေပါ့။ဒီႏိုင္ငံမွာက ဥပေဒပညာေပးဆိုင္ရာ လုပ္ေဆာင္မႈေတြကလည္း အားနည္းေနေသးတာကိုး။

ျမန္မာႏိုင္ငံမွာ ဒုတိယသမၼတ ဘယ္ႏွစ္ေယာက္ရွိလဲ အခုခ်ိန္ထိ မသိတဲ့သူေတြ အေတာ္မ်ားမ်ားလည္း ေတြ႕ဖူးပါတယ္။အဲဒီေတာ့ ႐ုံးတို႔၊ ဂတ္တို႔၊ ရဲတို႔၊ ဥပေဒတို႔ကို အသံၾကားတာနဲ႔တင္ ေျခဖ်ားလက္ဖ်ားေတြေအးၿပီး ကတုန္ကယင္နဲ႔ ေၾကာက္ေနတတ္တဲ့ ေတာသူေတာင္သားေတြကလည္း အမ်ားသားရွိပါတယ္။

တစ္ခါက ကယားျပည္နယ္ လြိဳင္ေကာ္ဘက္ေရာက္ေတာ့ အမႈကိစၥတစ္ခုနဲ႔ ပတ္သက္ၿပီး ေဒသခံလင္မယားကို သြားၿပီးကူညီေပးဖူးတယ္။အေတာ္ကို႐ိုးသားၿပီး အေတာ္ကိုေၾကာက္တတ္ၾကပါတယ္။တျခားေဒသခံေတြေတာ့ ဘယ္လိုရွိတယ္ဆိုတာမသိဘူး။အဲဒီႏွစ္ေယာက္ကေတာ့ ယူနီေဖာင္းျမင္ရင္၊ သူတို႔မဖတ္တတ္တဲ့ စာတန္းပါတဲ့ ကားျမင္ရင္ကို အာဏာပါဝါရွိတယ္ထင္ၿပီး ေၾကာက္ၾကတယ္လို႔ ဆိုပါတယ္။သာမန္ ေက်ာင္းဆရာ၊ ဆရာမ ဆိုရင္ေတာင္ ေတြ႕ရင္ အေတာ္ကို႐ိုက်ိဳးၾကတယ္ဆိုေတာ့ ဦးစီးမႉးအဆင့္ေလာက္မ်ားဆို နယ္ဘက္မွာက ဆရာတစ္ဆူ ဂူတစ္လုံးတစ္မွ် ေလးစား႐ိုေသၾကတာေပါ့။ဒါေၾကာင့္လည္း အဲဒါကို အခြင့္ေကာင္းယူလို႔ အရာရွိအခ်ိဳ႕က လုပ္ပိုင္ခြင့္အာဏာ အလြဲသုံးစားလုပ္ၿပီး ဟန႔္လုံးလွန႔္လုံးေတြနဲ႔ ျပည္သူေတြဆီက ေငြေၾကးေတြေတာင္းယူလို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က အေရးယူေနရတာေတြ ရွိတယ္ဆိုတာလည္း ျငင္းလို႔မရတဲ့ အခ်က္ပါ။

ဒါက ဘာကိုေျပာခ်င္တာလည္းဆိုေတာ့ တရား႐ုံးေတြ၊ရဲေတြ၊ ဥပေဒေတြက သာမန္ျပည္သူေတြအတြက္ အေတာ္ကို မ်က္စိသူငယ္နားသူငယ္ ျဖစ္ေစတဲ့ အရာေတြပဲလို႔ ဆိုလိုခ်င္တာ ျဖစ္ပါတယ္။

အဲဒီလို မ်က္စိသူငယ္နားသူငယ္ျဖစ္ေစတဲ့ ကိစၥေတြထဲမွာမွ ေတာသူေတာင္သားေတြမေျပာနဲ႔ ၿမိဳ႕ေနျပည္သူေတြေတာင္ ေရာေထြးေပြလီ နားမလည္တာက ရဲအေရး ပိုင္တယ္ မပိုင္တယ္ဆိုတဲ့ ကိစၥႀကီးပါ။လူအမ်ားသိထားတာက အမႈအခင္းျဖစ္ၿပီဆိုရင္ ရဲသာ အရင္သြားတိုင္။တစ္ခါတည္း ဖမ္းခ်ဳပ္ႏိုင္တယ္ အေရးယူႏိုင္တယ္ ဆိုၿပီးေတာ့ေပါ့ေလ။

တကယ္က ရာဇဝတ္မႈတိုင္းကို ရဲကအေရးယူလို႔မရပါဘူး။အဲဒီလိုအေရးယူလို႔မရလို႔လည္း ရဲအေရး ပိုင္တယ္။မပိုင္တယ္ ဆိုတဲ့ကိစၥက ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

ျပစ္မႈတခ်ိဳ႕က ရဲအေရးမပိုင္လို႔ တရား႐ုံးကို တိုင္ၾကားရပါတယ္။ရဲအေရးမပိုင္တဲ့ ျပစ္မႈအမ်ိဳးအစားတခ်ိဳ႕က ျပစ္မႈပုဒ္မ ၃၂၃ မိမိအလိုအေလွ်ာက္ နာက်င္ေစမႈ၊ ျပစ္မႈ ပုဒ္မ ၅ဝဝ အေသေရဖ်က္မႈ၊ ျပစ္မႈပုဒ္မ ၄၉၇ မယားခိုးမႈ၊ ျပစ္မႈပုဒ္မ ၅ဝ၄ ၿငိမ္ဝပ္ေရးပ်က္ျပားေစဖို႔ အႀကံနဲ႔ ေစာ္ကားမႈ၊ ျပစ္မႈပုဒ္မ ၅ဝ၆ ျပစ္မႈမကင္းတဲ့ ေျခာက္လွန႔္မႈ၊ ျပစ္မႈပုဒ္မ ၅ဝ၉ မိန္းမတို႔ကာယိေျႏၵကို ေစာ္ကားဖို႔ ရည္႐ြယ္တဲ့ စကားေျပာတာ ဒါမွမဟုတ္ ကိုယ္အမူအရာျပသတာ ျပဳလုပ္မႈ၊ ျပစ္မႈပုဒ္မ ၅၁ဝ မူးယစ္ၿပီး အမ်ားျပည္သူနဲ႔ ဆိုင္တဲ့ေနရာ စတဲ့ေနရာေတြကို လာေရာက္ၿပီး တစ္ဦးတစ္ေယာက္ကို စိတ္ၿငိဳျငင္ေအာင္ျပဳမႈ၊ ျပစ္မႈပုဒ္မ ၃၅၂ လက္ေရာက္မႈ၊ ျပစ္မႈပုဒ္မ ၄၂၆ အက်ိဳးဖ်က္ဆီးမႈ စတာေတြျဖစ္ပါတယ္။

ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၂၃ ဆိုရင္ ရဲအေရးမပိုင္ပါဘူး။က်ဴးလြန္ခံရသူ တရားလိုက တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ရမွာ ျဖစ္ပါတယ္။ဒီေနရာမွာ သိထားသင့္တာတစ္ခုက နစ္နာတဲ့ တရားလိုေတြဘက္က ကိုယ့္ကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္တဲ့သူ ရွိလာၿပီဆိုပါေတာ့။သာမာန္ျပည္သူေတြအေနနဲ႔ ကိုယ္က်ဴးလြန္ခံရတဲ့ အမႈက ရဲအေရး ပိုင္လား မပိုင္လား မသိႏိုင္ပါဘူး။ကိုယ္ထိလက္ေရာက္ ေစာ္ကားခံရၿပီဆိုတာနဲ႔ သက္ဆိုင္ရာၿမိဳ႕နယ္ရဲစခန္းမွာ သြားၿပီးတိုင္တန္းတာ။အကူညီေတာင္းတာပဲ လုပ္မွာပါ။တကယ္လို႔ အမႈက ရဲအေရးမပိုင္ဘူး ဆိုရင္ေတာင္ ရဲတပ္ဖြဲ႕စခန္းက ပုံစံ (က) (ခ) နဲ႔ ျဖစ္စဥ္အခ်က္အလက္ေတြျဖည့္ၿပီး လာေရာက္တိုင္တန္းသူကို တရားဝင္ေအာင္ ဘယ္လိုဘယ္ပုံ တိုင္တန္းရမယ္။ျပစ္မႈက်ဴးလြန္သူကို အျမန္ဆုံးအေရးယူႏိုင္ေအာင္လည္း ရဲတပ္ဖြဲ႕စခန္းက တတ္ႏိုင္တဲ့ဘက္က ကူညီေပးတာေတြ ေဆာင္႐ြက္ေပးႏိုင္ပါတယ္။ဒါမွျပစ္မႈေတြကို ျမန္ျမန္ဆန္ဆန္ အေရးယူႏိုင္မွာ ျဖစ္ပါတယ္။

တခ်ိဳ႕က်ေတာ့ ဥပေဒကို နားလည္ထားေတာ့ အားနည္းခ်က္ရွိတဲ့ ဥပေဒအခ်ိဳ႕ကို သိေနတယ္။ရဲအေရးမပိုင္တဲ့ အမႈေတြက ဘာေတြဆိုတာ သိေနတယ္။ရဲအေရးမပိုင္တဲ့ အမႈေတြကို က်ဴးလြန္ရင္ နစ္နာသူက တရားစြဲခ်င္တယ္ဆိုရင္ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္မွရမယ္ဆိုတာကို က်ဴးလြန္သူက သိေနႏိုင္ပါတယ္။

အဲဒီေတာ့ အဲဒီလိုလူမ်ိဳးေတြက ဘဝအေျခအေန နိမ့္က်သူေတြ၊ ပညာနည္းပါးသူေတြ၊ တရား႐ုံးသြားၿပီး ဦးတိုက္ေလွ်ာက္ရေလာက္တဲ့အထိ ေငြေၾကးနဲ႔ အခ်ိန္မေပးႏိုင္တဲ့ စားဝတ္ေနေရးတြက္ ႐ုန္းကန္ေနရသူေတြအေပၚမွာ ရဲအေရးမပိုင္တဲ့ အမႈေတြနဲ႔ က်ဴးလြန္လာတာေတြ ရွိလာႏိုင္ပါတယ္။ဒါေၾကာင့္ တိုင္တန္းမယ့္သူက ဥပေဒလည္းနားမလည္ အေတြ႕အႀကဳံလည္း တစ္ခါမွမရွိတဲ့သူဆိုရင္ ရဲတပ္ဖြဲ႕ဝင္ေတြလို ကူညီေပးမယ့္သူေတြ မရွိရင္ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္တဲ့အခါ အခက္အခဲအခ်ိဳ႕ ရွိႏိုင္ပါတယ္။

ေနာက္တစ္ခုေျပာလိုတာက ျပစ္မႈဆိုင္ရာက်င့္ထုံး ဥပေဒပုဒ္မ ၂ဝဝ အရ တိုင္တန္းခ်က္ တစ္စုံတစ္ရာကို အေရးယူတဲ့ ရာဇဝတ္ တရားသူႀကီးက တိုင္တန္းသူကို က်မ္းသစၥာနဲ႔ စစ္ေဆးရပါမယ္။ထြက္ဆိုခ်က္ေတြကိုလည္း ေရးမွတ္ရပါမယ္။အဲဒါအျပင္ တိုင္တန္းသူနဲ႔ ရာဇဝတ္တရားသူႀကီးတို႔က လက္မွတ္ေရးထိုးရပါမယ္။

ျပစ္မႈတစ္စုံတစ္ရာကို အေရးယူတဲ့ ရာဇဝတ္တရားသူႀကီး တစ္ဦးဟာ အမႈကို အေရးယူေဆာင္႐ြက္ဖို႔ လုံေလာက္တဲ့ အေၾကာင္းရွိတယ္လို႔ ထင္ျမင္ရင္၊ ဒါ့ျပင္ အမႈကလည္း ေရွးဦးစြာ သမၼာန္စာထုတ္သင့္တယ္လို႔ ေပၚေပါက္ေနရင္ စြပ္စြဲခံရသူကို ေခၚေဆာင္လာေစဖို႔အတြက္ သမၼာန္စာထုတ္ရမွာ ျဖစ္ပါတယ္။တကယ္လို႔ အမႈမွာ ဦးစြာ ပထမဝရမ္းစာထုတ္သင့္တယ္လို႔ ေပၚေပါက္ေနရင္ အဲဒီရာဇဝတ္တရားသူႀကီးရဲ႕ ေရွ႕ေမွာက္ကို ဒါမွမဟုတ္ (မိမိမွာ စီရင္ပိုင္ခြင့္အာဏာမရွိရင္) စီရင္ပိုင္ခြင့္အာဏာရွိတဲ့ အျခားရာဇဝတ္တရားသူႀကီးရဲ႕ ေရွ႕ေမွာက္ကို စြပ္စြဲခံရသူကို ေခၚေဆာင္လာေစဖို႔ ဝရမ္းစာထုတ္ႏိုင္ပါတယ္။ဒါမွမဟုတ္ မိမိသင့္တယ္ ထင္ျမင္ရင္ သတ္မွတ္တဲ့အခ်ိန္မွာ စြပ္စြဲခံရသူ လာေရာက္ေစဖို႔ သမၼာန္စာထုတ္ႏိုင္ပါတယ္။အဲဒါကို ျပစ္မႈဆိုင္ရာ က်င့္ထုံးဥပေဒပုဒ္မ ၂ဝ၄ မွာ ဆိုထားတာျဖစ္ပါတယ္။

တခ်ိဳ႕စြပ္စြဲခံရသူေတြက တရား႐ုံးက သမၼာန္စာထုတ္ၿပီးေခၚရင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ေရွာင္တတ္ၾကပါတယ္။အိမ္မွာမရွိဘူးတို႔၊ အိမ္ေျပာင္းသြားၿပီတို႔၊ ခရီးသြားေနတယ္တို႔ အစရွိသျဖင့္ အေၾကာင္းမ်ိဳးမ်ိဳးျပ ေရွာင္ေနတတ္ၾကပါတယ္။စြပ္စြဲခံရသူက သမၼာန္စာကိုရၿပီး သမၼာန္စာ အတည္ျဖစ္ရဲ႕သားနဲ႔ ႐ုံးေတာ္ကို မလာဘူးဆိုရင္ ႐ုံးေတာ္က ဖမ္းဝရမ္းထုတ္တာ ခံရႏိုင္ပါတယ္။ဒါေၾကာင့္ စြပ္စြဲခံရသူေတြက သမၼာန္စာကို မေရွာင္ဘဲ တရား႐ုံးမွာ လာရင္ဆိုင္သင့္ပါတယ္။ဒါမွ ကိုယ့္ဘက္က အမွန္တရားရွိရင္လည္း တင္ျပႏိုင္မွာျဖစ္သလို၊ ကိုယ့္အမႈတြက္လည္း အေထာက္အကူျဖစ္ေစပါလိမ့္မယ္။

တကယ္ေတာ့ သမၼာန္စာကိုရၿပီး သမၼာန္စာ အတည္ျဖစ္တာကို တရား႐ုံးကိုမလာဘဲ ေရွာင္တိမ္းေနတာဟာ စြပ္စြဲခံရသူဘက္က ဥပေဒအရ အခြင့္အေရးတစ္ရပ္လို႔ မယူဆေစခ်င္ပါဘူး။

အမႈေတြျဖစ္ပြားခ်ိန္မွာ ရဲအေရးမပိုင္တဲ့ နာက်င္ေစမႈတစ္ခုတည္းကို က်ဴးလြန္တဲ့သူေတြရွိႏိုင္သလို နာက်င္ေစမႈနဲ႔တြဲၿပီး ရဲအေရးပိုင္တဲ့ ဆဲမႈတို႔၊ မိန္းကေလး ကာယိေျႏၵပ်က္ေအာင္ လက္ေရာက္မႈက်ဴးလြန္တာေတြ ရွိႏိုင္ပါတယ္။ဒါေၾကာင့္ ျပစ္မႈက်ဴးလြန္တာရွိၿပီဆိုရင္ တိုင္ၾကားသူကလည္း ရဲထံမွာ မႁခြင္းမခ်န္ တိတိက်က်တိုင္ၾကားဖို႔ လိုသလို သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ဝင္ေတြကလည္း ဘာပုဒ္မနဲ႔ ၿငိတယ္ဆိုတာ မွန္မွန္ကန္ကန္ဆုံးျဖတ္ အေရးယူေပးႏိုင္မႈေတြကလည္း အေရးပါပါတယ္။

ဥပမာ - နာက်င္ေစမႈတစ္ခုမွာ ဆဲမႈတို႔၊ မိန္းကေလး ကာယိေျႏၵပ်က္ျပားေအာင္ လက္ေရာက္မႈ က်ဴးလြန္တာတို႔နဲ႔ ၿငိေနတာကို နာက်င္ေစမႈ ပုဒ္မ ၃၂၃ တစ္ခုတည္းနဲ႔ သက္ဆိုင္တယ္ထင္ၿပီး ရဲအေရးမပိုင္ဘူးထင္လို႔ ရဲကအမႈမဖြင့္ဘဲ တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားခိုင္းလိုက္မယ္ဆိုရင္ မလိုလားအပ္ဘဲ အမႈကို ပိုၾကာသြားႏိုင္ပါတယ္။တကယ္လို႔ တရားလို လာေရာက္တိုင္ၾကားခ်ိန္မွာ အမႈကနာက်င္ေစမႈေရာ ဆဲမႈတို႔၊ မိန္းကေလး ကာယိေျႏၵပ်က္ျပားေအာင္ လက္ေရာက္မႈ က်ဴးလြန္တာတို႔နဲ႔ ၿငိေနတာကို ရဲစခန္းကသိႏိုင္ခဲ့ရင္ ရဲအေရးပိုင္တဲ့ အမႈေတြပါေနလို႔ ရဲစခန္းမွာတင္ အမႈဖြင့္စုံစမ္းမႈေတြ ျပဳလုပ္ႏိုင္မွာျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူေတြကို ျမန္ျမန္ဆန္ဆန္ အေရးယူႏိုင္မွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ပညာနဲ႔ ေငြေၾကးခ်ိဳ႕တဲ့သူ အမ်ားစုက တစ္ပါးသူရဲ႕ အႏိုင္က်င့္တာခံရရင္ သက္ဆိုင္ရာကို ဘယ္လိုတိုင္ၾကားရမယ္ဆိုတာကို သိရွိတာ အလြန္နည္းပါးပါတယ္။ေငြေၾကးတတ္ႏိုင္မႈလည္းမရွိလို႔ အမႈျဖစ္ရင္ မလိုအပ္ဘဲ အခ်ိန္ေတြေပးရမယ္ဆိုရင္ သူတို႔ရဲ႕ အလုပ္နဲ႔ စားဝတ္ေနေရးကို ထိခိုက္ႏိုင္ပါတယ္။အဲဒီလိုက်ဴးလြန္ခံရမႈေတြရွိခဲ့ရင္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕က တရားခံေတြအေပၚ ျမန္ျမန္ဆန္ဆန္ အေရးယူေပးႏိုင္ဖို႔ကလည္း အလြန္ပဲအေရးပါပါတယ္။

ဒါေၾကာင့္မို႔ ျပစ္မႈက်ဴးလြန္သူေတြကို ရဲတပ္ဖြဲ႕က ထိထိေရာက္ေရာက္ အေရးယူေပးျခင္းဟာ ျပည္သူအတြက္ အက်ိဳးရွိေစမယ့္ မႈခင္းတားဆီးေရးပဲ ျဖစ္ပါတယ္လို႔ အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

သာဓက
မတ္ - ၁၄