【 ဆောင်းပါး 】 ''ရေဒေါသ မီးဒေါသ''

【 ဆောင်းပါး 】 ''ရေဒေါသ မီးဒေါသ''

အခုချိန်မှာ ပြည်သူတွေ ဘယ်အရာတွေအပေါ် ဒေါသအဖြစ်ဆုံးလည်းမေးရင် လျှပ်စစ်မီးပြတ်တဲ့ကိစ္စနဲ့ ရေမလာတဲ့ကိစ္စပဲ ဖြစ်ပါတယ်။

မီးမလာတော့ ရေကတင်မရ။ရေလာပြန်တော့ မီးကမလာ။မီးလာပြန်တော့ ရေကမပေး။ဒီလိုလေးတွေ အခုနွေရာသီကစပြီး မကြာမကြာဖြစ်လာတာဆိုတော့ ပြည်သူအများစုရဲ့ မကျေနပ်သံတွေ ပိုညံလာတော့တာပါပဲ။အခုနွေရာသီက စတယ်လို့ဆိုလိုတာက အရင်က ဒါမျိုးမဖြစ်ဖူးဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ဒီမိုကရေစီအစိုးရ မတိုင်ခင်ကလည်း ဖြစ်ပါတယ်။ဒီမိုကရေစီအစိုးရ ငါးနှစ်တစ်ကြိမ် သက်တမ်းစပြီးနောက်ပိုင်း ရေမီးကိစ္စ အတန်အသင့် တည်ငြိမ်နေရာကနေ အခုနှစ်နွေရာသီကနေစပြီး အရင်လိုပြန်ဖြစ်တာကို ဆိုလိုတာဖြစ်ပါတယ်။

အဲဒီနောက်ဆက်တွဲ တူညီတဲ့ အာမေဋိတ် အသံလေးတွေလည်း နေရာတိုင်းလိုလို ကြားလာရသလိုပါပဲ။အိမ်မှာရော၊ ရုံးမှာရော၊ ကျောင်းမှာရော၊ ဈေးမှာရော၊ ရှော့ပင်းမောတွေမှာရော ကြားနေရတဲ့ အာမေဋိတ် အသံတွေပါ။"ဟာ.........."၊ "ဟေး........"၊ "ဟင်" ဆိုတဲ့ အာမေဋိတ် အသံလေးတွေပါ၊ မီးပြတ်သွားပြီဆိုရင် "ဟာ" လို့ ပြိုင်တူနီးပါး အသံထွက်ကြပြီး၊ မီးပြန်လာပြီဆိုရင်တော့ "ဟေး" ဆိုပြီး အော်ဟစ်ပျော်ကြတဲ့ အသံတွေပေါ့။တစ်ခါတလေ မီးကလာလို့မှ တစ်မိနစ်မပြည့်ခင်လေး "ဟေး" ဆိုပြီး အော်ကြရုံရှိသေး ချက်ချင်းပြန်ပြတ်သွားတော့ "ဟင်" ဆိုတဲ့ အသံလေးတွေလည်း ကြားနေကျပေါ့။ကြားနေကျလို့ ပြောရုံနဲ့မလုံလောက်ပါဘူး။အော်နေကျလို့ပါ ပြောရမှာပါ။

ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်ကြားရသလို၊ ကိုယ်ကိုယ်တိုင်လည်း မကြာမကြာ အော်ရတတ်တာကိုး။အစောကပြောသလို အဲဒီအသံလေးတွေ လွတ်တာဆိုလို့ လမ်းပေါ်မှာ လျှောက်သွားနေတဲ့ အချိန်ပဲရှိမယ်လို့လည်း မထင်လိုက်ပါနဲ့။တစ်ခါတလေ မလွတ်ပါဘူး။အကျယ်ကြီးသာ အသံမထွက်ကြတာ။ကားမောင်းနေရင်း မီးပြတ်လို့ မီးပွိုင့်က ရုတ်တရက်မလာတော့ရင်လည်း "ဟင်" ဆိုတဲ့ ညည်းညူသံ လေးတိုးတိုးညင်သာ ထွက်ပေါ်လာတတ်တာ ကားမောင်းသူတွေဆီကပေါ့။

ကိုယ်တွေ့ကြုံရတဲ့ ရေမီးအတွေ့အကြုံလေးတွေလည်း အများကြီးရှိပါတယ်။၂၀၀၉ ခုနှစ်ကစပြီး ဗဟန်း ဂွတ်တလစ်မှာ စနေဖြစ်ပါတယ်။နေတာက ငါးလွှာ။ရေကလာတစ်ခါ ပြတ်တစ်လှည့် ဒုက္ခကို တစ်နှစ်လောက် ခံရပါတယ်။ကိုယ့်ရေပိုက်က ဘယ်ကသွယ်ထားမှန်းကို မသိတာပါ။ပိုက်လမ်းကြောင်းနောက်လိုက်ရင် ကိုယ့်တိုက်အောက်ထဲ ဝင်ပြီးရင် လမ်းကြောင်းက ဆက်ရှာလို့ကိုမရတာပါ။တိုက်ကိုပါ မြေလှန်ရှာရမယ့် သဘောဖြစ်နေတာပါ။ဒါနဲ့ ပိုက်မကောင်းလို့ ရေမလာတာလား ရေမပေးလို့ ရေအားနည်းလို့ မလာတာလားဆိုတာကို ကိုယ်ကိုယ်တိုင်ကော လာစစ်ပေးတဲ့ စည်ပင်ဝန်ထမ်းတွေကော မသဲကွဲပါဘူး။စည်ပင်ဝန်ထမ်းတွေက ပြောပါတယ်။ရေကတော့ ပုံမှန်ပေးနေတာပဲတဲ့။အစ်ကို့ပိုက်မကောင်းတာ ဖြစ်မယ်တဲ့။ပိုက်ကိုလဲဖို့ကလည်း ပိုက်လမ်းကြောင်းကို ဆုံးတဲ့ထိ တူးကြည့်ရှာကြည့်ဖို့ မလွယ်တော့လို့ သီးခြားရေပါမစ်သာ လျှောက်လိုက်ပါတော့လို့ အကြံပေးပါတယ်။ဒါနဲ့ ပါမစ်သွားလျှောက်တော့ အခုက ခွင့်ပြုမိန့်တွေ ခဏကန့်သတ်ထားလို့ ပါမစ်တင်ခဲ့ပါ။ခွင့်ပြုမိန့်ကျရင် အကြောင်းကြားပါမယ်လို့ စည်ပင်က ပြောလာပါတယ်။ဒါနဲ့ တစ်လနှစ်လလောက်ကြာမှ ပါမစ်ကျပါတယ်။ဒီကြားထဲ တစ်လလုံးမှ ရေက သုံးလေးငါးခါထက် ပိုမလာပါဘူး။လာရင်လည်း ရှိသမျှ အိုးတွေခွက်တွေမကျန် အကုန်ကို ရေတွေလိုက်ဖြည့်ထားရပါတယ်။

ပါမစ်ကျပြီး ရေသွယ်တော့ ပိုက်ဖိုးဘာဖိုးနဲ့ ငါးသိန်းလောက် ကုန်ပါတယ်။အဲဒီနောက်ပိုင်း ရေက အတော်လေးအဆင်ပြေသွားပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်း အနည်းငယ်ကစလို့ ဂျိုက်ကာပိုက်တွေ လဲရမယ်ဆိုပြီး ရေပိုက်အသစ်တွေ ထပ်သွယ်ရပါတယ်။ရေက ဘယ်လိုသန့်သွားမှာ ဘယ်လိုရေအားကောင်းသွားမှာဆိုပြီး စည်ပင်က ပြောပါတယ်။
မှန်ပါတယ် သူတို့ပြောတဲ့အတိုင်း ပိုက်စသွယ်တော့ ရေလည်းသန့် အားလည်းကောင်းတာ ရေစက်မမောင်းပဲကို ရေစက်အရင်းက ချူတဲ့ပိုက်ကို ဖွင့်လိုက်ရင် လျှံကိုကျနေတာပါပဲ။နောက်လေးငါးခြောက်လလည်းနေရော ဒုံရင်းကဒုံရင်း လာလိုက်ပြတ်လိုက်ပေါ့။ဒီတော့စိတ်ညစ်ရတာပေါ့။အဲဒီအထိ စိတ်ညစ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ဒေါသမဖြစ်သေးပါဘူး။

ဒေါသဖြစ်ရတဲ့ ရေပြဿနာ အတွေ့အကြုံတစ်ခုကို ပြောပါမယ်။ဂျိုက်ကာပိုက်တွေ စသွယ်တော့ အိမ်ရှင်အခန်းပိုင်ရှင် ရှိနေမှ သွယ်ပေးသွားတာပါ။ပိုင်ရှင်မရှိရင် အကျိုးအကြောင်းပြောပြီး ရေသွယ်ဖို့ အဆင်မပြေတော့ စည်ပင်ကလည်း သွယ်ပေးလို့မရတာ ဖြစ်ပါလိမ့်မယ်၊ ဒါကလည်း သဘာဝကျပါတယ်။အဲဒီအချိန်မှာ အိမ်ရှင်မရှိတဲ့ အခန်းတွေက ဂျိုက်ကာပိုက် မသွယ်လိုက်ရတော့ ပိုက်အဟောင်းသွယ်ထားတဲ့ လမ်းကြောင်းအတိုင်း ရေဆက်ပြီးသုံးနေရပါတယ်။

ကိုယ်နေတဲ့တိုက်မှာ အဲဒီလို ပိုက်ဟောင်းနဲ့ ဆက်သုံးတဲ့ အခန်းက နှစ်ခန်းပါပါတယ်။ဂျိုက်ကာပိုက် သွယ်ချိန်မှာ သူတို့က အိမ်မှာမရှိတဲ့အခါ စည်ပင်ကို အကျိုးအကြောင်းသွားပြောပြီး ဂျိုက်ကာပိုက်အသစ်ကို ပြောင်းသွယ်ရကောင်းမှန်း မသိတော့ ပိုက်ဟောင်းအတိုင်း ဆက်သုံးနေကြတာ ဖြစ်ပါတယ်။အဲဒီမှာ ပြဿနာကစတက်ပါတယ်။
သူတို့နှစ်ခန်းက ပိုက်ဟောင်းဆိုတော့ ရေကလုံးဝကိုမလာတော့ပါဘူး။အဲဒီအချိန်မှာ ရေတွေချူ၊ ပိုက်တွေဖြုတ် မျိုးစုံကလိနေတာကို ကိုယ်ကတွေ့တော့ အကျိုးအကြောင်း သွားရှင်းပြပါတယ်။ပိုက်ဟောင်းက လာမှာမဟုတ်တော့ဘူး ဂျိုက်ကာလိုင်းသွယ်ဖို့ စည်ပင်ကို တရားဝင်သွားပြောပါလို့ ပြောလိုက်ပါတယ်။အဲဒီနောက်ပိုင်း အဲဒီနှစ်ခန်းက ရေပြတ်တယ်ဆိုတဲ့အသံ သိပ်မကြားရတော့ပါဘူး။ဒါနဲ့ကိုယ်ထင်တာက ဂျိုက်ကာလိုင်း သွယ်လိုက်လို့ အရင်လောက် လုံးလုံးမလာတာ မဟုတ်လောက်တော့ဘူး။သူများလာတဲ့ ပြတ်တဲ့အတိုင်း တစ်ပြေးညီဖြစ်သွားလို့ အဆင်ပြေနေကြပြီလို့ ကိုယ်က ထင်လိုက်ပါတယ်။

တစ်နေ့ ရေမလာလို့ ရေဆင်းချူမယ်ဆိုပြီး တိုက်အောက်ဆင်းပြီး ကိုယ့်ပိုက်ကိုကြည့်မှ ခုနအခန်းနှစ်ခန်းက ကိုယ့်ပိုက်မှာတစ်ခန်း အခြားခန်းက ပိုက်မှာလည်းတစ်ခန်းနဲ့ သူများရေပိုက်ကို ကြားကဖြတ်ဖောက်ပြီး သူတို့ပိုက်တွေ သွယ်ထားတာတွေ့မှ မျက်လုံးပြူးသွားတယ်။ဒါနဲ့ ကိုယ်လည်း ဒေါသထွက်ပြီး သွားပြောရတယ်။
အဲဒီလိုကြားဖြတ်သွယ်တာ ဥပဒေနဲ့မညီဘူး ပြန်ဖြုတ်ပေးပါ။တရားဝင် ကိုယ့်မှာရှိတဲ့ ရေပါမစ်အဟောင်းကို စည်ပင်ကိုသွားပြပြီးမှ တရားဝင်သွယ်ပါလို့ပြောပြီး ပိုက်ကိုပြန်ဖယ်လိုက်ရတယ်။ရေရရင်ပြီးရော သူများပိုက်ကို ကြားဖြတ်ဖောက်တာပါ။ရေပေးရတာ အပန်းမကြီးပေမယ့် ဥပဒေနဲ့မညီတာမို့ ပြဿနာတက်ရင် ကိုယ်ပါ အလိုတူအလိုပါဆိုပြီး ရှင်းရနိုင်ပါတယ်။ဒါကြောင့် ပိုက်ပြန်ဖြုတ်ခိုင်းရတာပါ။ကိုယ်လိုကြုံရတဲ့ အခန်းအချို့လည်းရှိလို့ ပြဿနာတက်ကြတယ်လို့လည်း ပိုက်သမားတွေဆီက ကြားရပါတယ်။ဒါက ရေနဲ့ပတ်သက်လို့ အတွေ့အကြုံပါ။

နောက်တစ်ခါ လျှပ်စစ်မီးနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံရတဲ့ ဒေါသဖြစ်စရာတစ်ခု ရှိပါသေးတယ်။စာရေးသူရဲ့ အမေအိမ်မှာ ဖြစ်တာပါ။လမ်းသွယ်ထဲမှာ နေတာဆိုတော့ မျက်နှာချင်းဆိုင် အိမ်နဲ့က ၁၀ ပေ ၁၅ ပေလောက်ပဲ ကွာပါတယ်။အိမ်က ရန်ကင်းဘောက်ထော်မှာပါ။မျက်နှာချင်းဆိုင် အိမ်က သူနဲ့တွဲဆောက်ထားတဲ့ အိမ်မကြီးပိုင်ရှင်နဲ့ ပြဿနာတက်တော့ မီးဖြတ်ခံရပါတယ်။ဒါနဲ့ သူ့ဘာသာ သီးသန့်မီးလိုင်းသွယ်ဖို့ ကြိုးစားတယ်လို့ ကြားသိရပါတယ်။

သူနဲ့သိတဲ့ သက်ဆိုင်ရာ မီးသမားက မီးလာသွယ်တော့မယ်လို့ပြောပြီး သိပ်မကြာဘူး သူ့အိမ် မီးရသွားတာ တွေ့ရပါတယ်။တစ်နေ့ ဝရံတာပေါ်က သေချာကြည့်မှ ကိုယ့်အိမ်မီးကြိုးကို ဖောက်ပြီးသွယ်ထားတာ တွေ့ရတယ်။ဒါနဲ့သွားပြောပြီး မီးသမားခေါ်ခိုင်းပြီး ပြန်ဖြုတ်ခိုင်းရတယ်။သူတို့ချင်း ဘယ်လိုနားလည်မှူနဲ့ ဘယ်လောက်ပေးလိုက်ရတယ်တော့ မသိဘူး ကိုယ်တွေကပြန်ဖြုတ်ခိုင်းလို့ သိပ်တော့မကြည်ချင်ဘူး။ဒီလိုလုပ်တာ ဥပဒေနဲ့မညီဘူးဆိုတာလည်း သိပုံမရဘူး။

ဒါနဲ့ ရေနဲ့ လျှပ်စစ်မီး ခိုးသွယ်တာတွေနဲ့ ပတ်သက်လို့ ဥပဒေအရ ဘယ်လိုအရေးယူခံရနိုင်တယ်ဆိုတာကို ပြန်မျှဝေပေးဖို့ စိတ်ကူးမိပါတယ်။

ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ရေပိုက်ကိုဖောက်တာ၊ ရေပိုက်ကိုဖောက်ပြီး နေအိမ်ထဲကို ဆက်သွယ်ရယူတာ၊ ခွင့်ပြုထားတဲ့ ရေသွယ်ပိုက်ကနေ ဆင့်ပွားပိုက်ဆက်နဲ့ တပ်ဆင်ဆက်သွယ်တာတွေ မလုပ်ဖို့  ရန်ကုန် မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၁၆ အရ တားမြစ်ထားပါတယ်။

အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး ပြစ်မှူထင်ရှား စီရင်ခံရရင် ငွေဒဏ် ကျပ်တစ်သိန်းကနေ ငါးသိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၂၄ မှာ ဆိုပါတယ်။

အလားတူပဲ ခွင့်ပြုမိန့်ရရှိသူရဲ့ခွင့်ပြုချက်မရှိဘဲ လျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူတာ၊ ဖြုန်းတီးတာ၊ အသုံးပြုတာတွေ မပြုလုပ်ရဘူးဆိုပြီး လျှပ်စစ်ဥပဒေပုဒ်မ ၅၂ မှာ တားမြစ်ထားပါတယ်။ဒါ့ပြင် လျှပ်စီးကြောင်းလွှဲပေးတာ၊ လျှပ်စစ်ဓာတ်အားပေးတဲ့လိုင်းကို ဖြတ်တောက်တာ၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ခုခုမှာ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းကိရိယာတွေကို ဖျက်ဆီးတာတွေ မလုပ်ရဘူး ဆိုပြီးတော့လည်း လျှပ်စစ်ဥပဒေပုဒ်မ ၅၃ မှာ တားမြစ်ထားပါတယ်။

ပုဒ်မ ၅၂ တားမြစ်ချက်ကို ဖောက်ဖျက်ရင် အနည်းဆုံး ကျပ်တစ်သိန်းကနေ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ်ခံရနိုင်ပြီး ထပ်မံကျူးလွန်ရင် နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုပြီး လျှပ်စစ်ဥပဒေပုဒ်မ ၆၂ မှာ ပြဌာန်းထားပါတယ်။

အဲဒီလိုပဲ ပုဒ်မ ၅၃ တားမြစ်ချက်ကို ဖောက်ဖျက်ရင် အနည်းဆုံး ထောင်ဒဏ်ငါးနှစ်ကနေ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရမယ်လို့ လျှပ်စစ်ဥပဒေပုဒ်မ ၆၃ မှာ ဆိုပါတယ်။

ဒါကြောင်မို့ ရေတွေမီးတွေနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ ဒေါသထွက်စရာတွေများ ရှိခဲ့မယ်ဆိုရင် ဖြတ်လမ်းနည်းကို မသုံးဘဲနဲ့ ဥပဒေနဲ့အညီ ရပိုင်ခွင့်တွေကို တောင်းဆိုခြင်းကသာ အကောင်းဆုံးဖြေရှင်းနည်းပါလို့ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက
မတ် - ၂၂
( Zawgyi )
အခုခ်ိန္မွာ ျပည္သူေတြ ဘယ္အရာေတြအေပၚ ေဒါသအျဖစ္ဆုံးလည္းေမးရင္ လွ်ပ္စစ္မီးျပတ္တဲ့ကိစၥနဲ႔ ေရမလာတဲ့ကိစၥပဲ ျဖစ္ပါတယ္။

မီးမလာေတာ့ ေရကတင္မရ။ေရလာျပန္ေတာ့ မီးကမလာ။မီးလာျပန္ေတာ့ ေရကမေပး။ဒီလိုေလးေတြ အခုေႏြရာသီကစၿပီး မၾကာမၾကာျဖစ္လာတာဆိုေတာ့ ျပည္သူအမ်ားစုရဲ႕ မေက်နပ္သံေတြ ပိုညံလာေတာ့တာပါပဲ။အခုေႏြရာသီက စတယ္လို႔ဆိုလိုတာက အရင္က ဒါမ်ိဳးမျဖစ္ဖူးဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။ဒီမိုကေရစီအစိုးရ မတိုင္ခင္ကလည္း ျဖစ္ပါတယ္။ဒီမိုကေရစီအစိုးရ ငါးႏွစ္တစ္ႀကိမ္ သက္တမ္းစၿပီးေနာက္ပိုင္း ေရမီးကိစၥ အတန္အသင့္ တည္ၿငိမ္ေနရာကေန အခုႏွစ္ေႏြရာသီကေနစၿပီး အရင္လိုျပန္ျဖစ္တာကို ဆိုလိုတာျဖစ္ပါတယ္။

အဲဒီေနာက္ဆက္တြဲ တူညီတဲ့ အာေမဋိတ္ အသံေလးေတြလည္း ေနရာတိုင္းလိုလို ၾကားလာရသလိုပါပဲ။အိမ္မွာေရာ၊ ႐ုံးမွာေရာ၊ ေက်ာင္းမွာေရာ၊ ေဈးမွာေရာ၊ ေရွာ့ပင္းေမာေတြမွာေရာ ၾကားေနရတဲ့ အာေမဋိတ္ အသံေတြပါ။"ဟာ.........."၊ "ေဟး........"၊ "ဟင္" ဆိုတဲ့ အာေမဋိတ္ အသံေလးေတြပါ၊ မီးျပတ္သြားၿပီဆိုရင္ "ဟာ" လို႔ ၿပိဳင္တူနီးပါး အသံထြက္ၾကၿပီး၊ မီးျပန္လာၿပီဆိုရင္ေတာ့ "ေဟး" ဆိုၿပီး ေအာ္ဟစ္ေပ်ာ္ၾကတဲ့ အသံေတြေပါ့။တစ္ခါတေလ မီးကလာလို႔မွ တစ္မိနစ္မျပည့္ခင္ေလး "ေဟး" ဆိုၿပီး ေအာ္ၾက႐ုံရွိေသး ခ်က္ခ်င္းျပန္ျပတ္သြားေတာ့ "ဟင္" ဆိုတဲ့ အသံေလးေတြလည္း ၾကားေနက်ေပါ့။ၾကားေနက်လို႔ ေျပာ႐ုံနဲ႔မလုံေလာက္ပါဘူး။ေအာ္ေနက်လို႔ပါ ေျပာရမွာပါ။

ဘာလို႔လဲဆိုေတာ့ ကိုယ္ကိုယ္တိုင္ၾကားရသလို၊ ကိုယ္ကိုယ္တိုင္လည္း မၾကာမၾကာ ေအာ္ရတတ္တာကိုး။အေစာကေျပာသလို အဲဒီအသံေလးေတြ လြတ္တာဆိုလို႔ လမ္းေပၚမွာ ေလွ်ာက္သြားေနတဲ့ အခ်ိန္ပဲရွိမယ္လို႔လည္း မထင္လိုက္ပါနဲ႔။တစ္ခါတေလ မလြတ္ပါဘူး။အက်ယ္ႀကီးသာ အသံမထြက္ၾကတာ။ကားေမာင္းေနရင္း မီးျပတ္လို႔ မီးပြိဳင့္က ႐ုတ္တရက္မလာေတာ့ရင္လည္း "ဟင္" ဆိုတဲ့ ညည္းညဴသံ ေလးတိုးတိုးညင္သာ ထြက္ေပၚလာတတ္တာ ကားေမာင္းသူေတြဆီကေပါ့။

ကိုယ္ေတြ႕ႀကဳံရတဲ့ ေရမီးအေတြ႕အႀကဳံေလးေတြလည္း အမ်ားႀကီးရွိပါတယ္။၂၀၀၉ ခုႏွစ္ကစၿပီး ဗဟန္း ဂြတ္တလစ္မွာ စေနျဖစ္ပါတယ္။ေနတာက ငါးလႊာ။ေရကလာတစ္ခါ ျပတ္တစ္လွည့္ ဒုကၡကို တစ္ႏွစ္ေလာက္ ခံရပါတယ္။ကိုယ့္ေရပိုက္က ဘယ္ကသြယ္ထားမွန္းကို မသိတာပါ။ပိုက္လမ္းေၾကာင္းေနာက္လိုက္ရင္ ကိုယ့္တိုက္ေအာက္ထဲ ဝင္ၿပီးရင္ လမ္းေၾကာင္းက ဆက္ရွာလို႔ကိုမရတာပါ။တိုက္ကိုပါ ေျမလွန္ရွာရမယ့္ သေဘာျဖစ္ေနတာပါ။ဒါနဲ႔ ပိုက္မေကာင္းလို႔ ေရမလာတာလား ေရမေပးလို႔ ေရအားနည္းလို႔ မလာတာလားဆိုတာကို ကိုယ္ကိုယ္တိုင္ေကာ လာစစ္ေပးတဲ့ စည္ပင္ဝန္ထမ္းေတြေကာ မသဲကြဲပါဘူး။စည္ပင္ဝန္ထမ္းေတြက ေျပာပါတယ္။ေရကေတာ့ ပုံမွန္ေပးေနတာပဲတဲ့။အစ္ကို႔ပိုက္မေကာင္းတာ ျဖစ္မယ္တဲ့။ပိုက္ကိုလဲဖို႔ကလည္း ပိုက္လမ္းေၾကာင္းကို ဆုံးတဲ့ထိ တူးၾကည့္ရွာၾကည့္ဖို႔ မလြယ္ေတာ့လို႔ သီးျခားေရပါမစ္သာ ေလွ်ာက္လိုက္ပါေတာ့လို႔ အႀကံေပးပါတယ္။ဒါနဲ႔ ပါမစ္သြားေလွ်ာက္ေတာ့ အခုက ခြင့္ျပဳမိန႔္ေတြ ခဏကန႔္သတ္ထားလို႔ ပါမစ္တင္ခဲ့ပါ။ခြင့္ျပဳမိန႔္က်ရင္ အေၾကာင္းၾကားပါမယ္လို႔ စည္ပင္က ေျပာလာပါတယ္။ဒါနဲ႔ တစ္လႏွစ္လေလာက္ၾကာမွ ပါမစ္က်ပါတယ္။ဒီၾကားထဲ တစ္လလုံးမွ ေရက သုံးေလးငါးခါထက္ ပိုမလာပါဘူး။လာရင္လည္း ရွိသမွ် အိုးေတြခြက္ေတြမက်န္ အကုန္ကို ေရေတြလိုက္ျဖည့္ထားရပါတယ္။

ပါမစ္က်ၿပီး ေရသြယ္ေတာ့ ပိုက္ဖိုးဘာဖိုးနဲ႔ ငါးသိန္းေလာက္ ကုန္ပါတယ္။အဲဒီေနာက္ပိုင္း ေရက အေတာ္ေလးအဆင္ေျပသြားပါတယ္။ၿပီးခဲ့တဲ့ႏွစ္ပိုင္း အနည္းငယ္ကစလို႔ ဂ်ိဳက္ကာပိုက္ေတြ လဲရမယ္ဆိုၿပီး ေရပိုက္အသစ္ေတြ ထပ္သြယ္ရပါတယ္။ေရက ဘယ္လိုသန႔္သြားမွာ ဘယ္လိုေရအားေကာင္းသြားမွာဆိုၿပီး စည္ပင္က ေျပာပါတယ္။
မွန္ပါတယ္ သူတို႔ေျပာတဲ့အတိုင္း ပိုက္စသြယ္ေတာ့ ေရလည္းသန႔္ အားလည္းေကာင္းတာ ေရစက္မေမာင္းပဲကို ေရစက္အရင္းက ခ်ဴတဲ့ပိုက္ကို ဖြင့္လိုက္ရင္ လွ်ံကိုက်ေနတာပါပဲ။ေနာက္ေလးငါးေျခာက္လလည္းေနေရာ ဒုံရင္းကဒုံရင္း လာလိုက္ျပတ္လိုက္ေပါ့။ဒီေတာ့စိတ္ညစ္ရတာေပါ့။အဲဒီအထိ စိတ္ညစ္တဲ့အဆင့္ပဲ ရွိပါေသးတယ္။ေဒါသမျဖစ္ေသးပါဘူး။

ေဒါသျဖစ္ရတဲ့ ေရျပႆနာ အေတြ႕အႀကဳံတစ္ခုကို ေျပာပါမယ္။ဂ်ိဳက္ကာပိုက္ေတြ စသြယ္ေတာ့ အိမ္ရွင္အခန္းပိုင္ရွင္ ရွိေနမွ သြယ္ေပးသြားတာပါ။ပိုင္ရွင္မရွိရင္ အက်ိဳးအေၾကာင္းေျပာၿပီး ေရသြယ္ဖို႔ အဆင္မေျပေတာ့ စည္ပင္ကလည္း သြယ္ေပးလို႔မရတာ ျဖစ္ပါလိမ့္မယ္၊ ဒါကလည္း သဘာဝက်ပါတယ္။အဲဒီအခ်ိန္မွာ အိမ္ရွင္မရွိတဲ့ အခန္းေတြက ဂ်ိဳက္ကာပိုက္ မသြယ္လိုက္ရေတာ့ ပိုက္အေဟာင္းသြယ္ထားတဲ့ လမ္းေၾကာင္းအတိုင္း ေရဆက္ၿပီးသုံးေနရပါတယ္။

ကိုယ္ေနတဲ့တိုက္မွာ အဲဒီလို ပိုက္ေဟာင္းနဲ႔ ဆက္သုံးတဲ့ အခန္းက ႏွစ္ခန္းပါပါတယ္။ဂ်ိဳက္ကာပိုက္ သြယ္ခ်ိန္မွာ သူတို႔က အိမ္မွာမရွိတဲ့အခါ စည္ပင္ကို အက်ိဳးအေၾကာင္းသြားေျပာၿပီး ဂ်ိဳက္ကာပိုက္အသစ္ကို ေျပာင္းသြယ္ရေကာင္းမွန္း မသိေတာ့ ပိုက္ေဟာင္းအတိုင္း ဆက္သုံးေနၾကတာ ျဖစ္ပါတယ္။အဲဒီမွာ ျပႆနာကစတက္ပါတယ္။
သူတို႔ႏွစ္ခန္းက ပိုက္ေဟာင္းဆိုေတာ့ ေရကလုံးဝကိုမလာေတာ့ပါဘူး။အဲဒီအခ်ိန္မွာ ေရေတြခ်ဴ၊ ပိုက္ေတြျဖဳတ္ မ်ိဳးစုံကလိေနတာကို ကိုယ္ကေတြ႕ေတာ့ အက်ိဳးအေၾကာင္း သြားရွင္းျပပါတယ္။ပိုက္ေဟာင္းက လာမွာမဟုတ္ေတာ့ဘူး ဂ်ိဳက္ကာလိုင္းသြယ္ဖို႔ စည္ပင္ကို တရားဝင္သြားေျပာပါလို႔ ေျပာလိုက္ပါတယ္။အဲဒီေနာက္ပိုင္း အဲဒီႏွစ္ခန္းက ေရျပတ္တယ္ဆိုတဲ့အသံ သိပ္မၾကားရေတာ့ပါဘူး။ဒါနဲ႔ကိုယ္ထင္တာက ဂ်ိဳက္ကာလိုင္း သြယ္လိုက္လို႔ အရင္ေလာက္ လုံးလုံးမလာတာ မဟုတ္ေလာက္ေတာ့ဘူး။သူမ်ားလာတဲ့ ျပတ္တဲ့အတိုင္း တစ္ေျပးညီျဖစ္သြားလို႔ အဆင္ေျပေနၾကၿပီလို႔ ကိုယ္က ထင္လိုက္ပါတယ္။

တစ္ေန႔ ေရမလာလို႔ ေရဆင္းခ်ဴမယ္ဆိုၿပီး တိုက္ေအာက္ဆင္းၿပီး ကိုယ့္ပိုက္ကိုၾကည့္မွ ခုနအခန္းႏွစ္ခန္းက ကိုယ့္ပိုက္မွာတစ္ခန္း အျခားခန္းက ပိုက္မွာလည္းတစ္ခန္းနဲ႔ သူမ်ားေရပိုက္ကို ၾကားကျဖတ္ေဖာက္ၿပီး သူတို႔ပိုက္ေတြ သြယ္ထားတာေတြ႕မွ မ်က္လုံးျပဴးသြားတယ္။ဒါနဲ႔ ကိုယ္လည္း ေဒါသထြက္ၿပီး သြားေျပာရတယ္။
အဲဒီလိုၾကားျဖတ္သြယ္တာ ဥပေဒနဲ႔မညီဘူး ျပန္ျဖဳတ္ေပးပါ။တရားဝင္ ကိုယ့္မွာရွိတဲ့ ေရပါမစ္အေဟာင္းကို စည္ပင္ကိုသြားျပၿပီးမွ တရားဝင္သြယ္ပါလို႔ေျပာၿပီး ပိုက္ကိုျပန္ဖယ္လိုက္ရတယ္။ေရရရင္ၿပီးေရာ သူမ်ားပိုက္ကို ၾကားျဖတ္ေဖာက္တာပါ။ေရေပးရတာ အပန္းမႀကီးေပမယ့္ ဥပေဒနဲ႔မညီတာမို႔ ျပႆနာတက္ရင္ ကိုယ္ပါ အလိုတူအလိုပါဆိုၿပီး ရွင္းရႏိုင္ပါတယ္။ဒါေၾကာင့္ ပိုက္ျပန္ျဖဳတ္ခိုင္းရတာပါ။ကိုယ္လိုႀကဳံရတဲ့ အခန္းအခ်ိဳ႕လည္းရွိလို႔ ျပႆနာတက္ၾကတယ္လို႔လည္း ပိုက္သမားေတြဆီက ၾကားရပါတယ္။ဒါက ေရနဲ႔ပတ္သက္လို႔ အေတြ႕အႀကဳံပါ။

ေနာက္တစ္ခါ လွ်ပ္စစ္မီးနဲ႔ ပတ္သက္လို႔ ကိုယ္တိုင္ႀကဳံရတဲ့ ေဒါသျဖစ္စရာတစ္ခု ရွိပါေသးတယ္။စာေရးသူရဲ႕ အေမအိမ္မွာ ျဖစ္တာပါ။လမ္းသြယ္ထဲမွာ ေနတာဆိုေတာ့ မ်က္ႏွာခ်င္းဆိုင္ အိမ္နဲ႔က ၁၀ ေပ ၁၅ ေပေလာက္ပဲ ကြာပါတယ္။အိမ္က ရန္ကင္းေဘာက္ေထာ္မွာပါ။မ်က္ႏွာခ်င္းဆိုင္ အိမ္က သူနဲ႔တြဲေဆာက္ထားတဲ့ အိမ္မႀကီးပိုင္ရွင္နဲ႔ ျပႆနာတက္ေတာ့ မီးျဖတ္ခံရပါတယ္။ဒါနဲ႔ သူ႔ဘာသာ သီးသန႔္မီးလိုင္းသြယ္ဖို႔ ႀကိဳးစားတယ္လို႔ ၾကားသိရပါတယ္။

သူနဲ႔သိတဲ့ သက္ဆိုင္ရာ မီးသမားက မီးလာသြယ္ေတာ့မယ္လို႔ေျပာၿပီး သိပ္မၾကာဘူး သူ႔အိမ္ မီးရသြားတာ ေတြ႕ရပါတယ္။တစ္ေန႔ ဝရံတာေပၚက ေသခ်ာၾကည့္မွ ကိုယ့္အိမ္မီးႀကိဳးကို ေဖာက္ၿပီးသြယ္ထားတာ ေတြ႕ရတယ္။ဒါနဲ႔သြားေျပာၿပီး မီးသမားေခၚခိုင္းၿပီး ျပန္ျဖဳတ္ခိုင္းရတယ္။သူတို႔ခ်င္း ဘယ္လိုနားလည္မႉနဲ႔ ဘယ္ေလာက္ေပးလိုက္ရတယ္ေတာ့ မသိဘူး ကိုယ္ေတြကျပန္ျဖဳတ္ခိုင္းလို႔ သိပ္ေတာ့မၾကည္ခ်င္ဘူး။ဒီလိုလုပ္တာ ဥပေဒနဲ႔မညီဘူးဆိုတာလည္း သိပုံမရဘူး။

ဒါနဲ႔ ေရနဲ႔ လွ်ပ္စစ္မီး ခိုးသြယ္တာေတြနဲ႔ ပတ္သက္လို႔ ဥပေဒအရ ဘယ္လိုအေရးယူခံရႏိုင္တယ္ဆိုတာကို ျပန္မွ်ေဝေပးဖို႔ စိတ္ကူးမိပါတယ္။

ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း ေရပိုက္ကိုေဖာက္တာ၊ ေရပိုက္ကိုေဖာက္ၿပီး ေနအိမ္ထဲကို ဆက္သြယ္ရယူတာ၊ ခြင့္ျပဳထားတဲ့ ေရသြယ္ပိုက္ကေန ဆင့္ပြားပိုက္ဆက္နဲ႔ တပ္ဆင္ဆက္သြယ္တာေတြ မလုပ္ဖို႔  ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ဥပေဒပုဒ္မ ၃၁၆ အရ တားျမစ္ထားပါတယ္။

အဲဒီတားျမစ္ခ်က္ေတြကို ေဖာက္ဖ်က္တယ္ဆိုၿပီး ျပစ္မႉထင္ရွား စီရင္ခံရရင္ ေငြဒဏ္ က်ပ္တစ္သိန္းကေန ငါးသိန္းအထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္တယ္လို႔ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ဥပေဒပုဒ္မ ၃၂၄ မွာ ဆိုပါတယ္။

အလားတူပဲ ခြင့္ျပဳမိန႔္ရရွိသူရဲ႕ခြင့္ျပဳခ်က္မရွိဘဲ လွ်ပ္စစ္ဓာတ္အားကို သြယ္တန္းရယူတာ၊ ျဖဳန္းတီးတာ၊ အသုံးျပဳတာေတြ မျပဳလုပ္ရဘူးဆိုၿပီး လွ်ပ္စစ္ဥပေဒပုဒ္မ ၅၂ မွာ တားျမစ္ထားပါတယ္။ဒါ့ျပင္ လွ်ပ္စီးေၾကာင္းလႊဲေပးတာ၊ လွ်ပ္စစ္ဓာတ္အားေပးတဲ့လိုင္းကို ျဖတ္ေတာက္တာ၊ လွ်ပ္စစ္ဆိုင္ရာ လုပ္ငန္းတစ္ခုခုမွာ အသုံးျပဳတဲ့ လွ်ပ္စစ္ပစၥည္းကိရိယာေတြကို ဖ်က္ဆီးတာေတြ မလုပ္ရဘူး ဆိုၿပီးေတာ့လည္း လွ်ပ္စစ္ဥပေဒပုဒ္မ ၅၃ မွာ တားျမစ္ထားပါတယ္။

ပုဒ္မ ၅၂ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ရင္ အနည္းဆုံး က်ပ္တစ္သိန္းကေန အမ်ားဆုံး က်ပ္သုံးသိန္းအထိ ေငြဒဏ္ခ်မွတ္ခံရႏိုင္ၿပီး ထပ္မံက်ဴးလြန္ရင္ ႏွစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္ဆိုၿပီး လွ်ပ္စစ္ဥပေဒပုဒ္မ ၆၂ မွာ ျပဌာန္းထားပါတယ္။

အဲဒီလိုပဲ ပုဒ္မ ၅၃ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ရင္ အနည္းဆုံး ေထာင္ဒဏ္ငါးႏွစ္ကေန အမ်ားဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္ခံရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ခံရမယ္လို႔ လွ်ပ္စစ္ဥပေဒပုဒ္မ ၆၃ မွာ ဆိုပါတယ္။

ဒါေၾကာင္မို႔ ေရေတြမီးေတြနဲ႔ ပတ္သက္ၿပီး မေက်နပ္ခ်က္ေတြ ေဒါသထြက္စရာေတြမ်ား ရွိခဲ့မယ္ဆိုရင္ ျဖတ္လမ္းနည္းကို မသုံးဘဲနဲ႔ ဥပေဒနဲ႔အညီ ရပိုင္ခြင့္ေတြကို ေတာင္းဆိုျခင္းကသာ အေကာင္းဆုံးေျဖရွင္းနည္းပါလို႔ အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

သာဓက
မတ္ - ၂၂