【 ဆောင်းပါး 】 ''မိန်းကလေးပဲ လိင်အသုံးချခံရလား''

【 ဆောင်းပါး 】 ''မိန်းကလေးပဲ လိင်အသုံးချခံရလား''

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်မှာထွက်တဲ့ နိုင်ငံပိုင်သတင်းစာမှာ ဥပဒေပြင်ဆင်ချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ပြင်ဆင်တဲ့ဥပဒေက ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေဖြစ်ပါတယ်။အဓိကပြင်ဆင်ခဲ့တာက မုဒိမ်းမှုရဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။အဲဒီပြင်ဆင်ချက်က သက်ငယ်မုဒိမ်းမှုအတွက် ရည်ရွယ်ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ မုဒိမ်းမှုဆိုတဲ့ အသုံးအနှုန်းကပါလာတော့ မဆီမဆိုင် အကြောင်းအရာအချို့ကို သွားပြီးသတိရပါတယ်။မုဒိမ်းမှုနဲ့ ပတ်သက်လို့ ထင်တဲ့မြင်တဲ့ ယူဆချက်အချို့အပေါ်မှာ သုံးသပ်ဝေဖန်ခဲ့တဲ့ ကိုယ့်ရဲ့ နီးစပ်ရာအသိုင်းအဝိုင်းက စကားသံအချို့ကိုပါ။

သူတို့တွေ ဘာကိုထင်ကြမြင်ကြ ယူဆကြသလဲ။သူကကော ဘာကိုထင်မြင်ယူဆတာလဲ။ဒီနေရာမှာ သူဆိုတာက စာရေးသူရဲ့ အိမ်သူသက်ထားကို ဆိုလိုတာဖြစ်ပြီး သူတို့ဆိုတာက စာရေးသူရဲ့ ဆွေမျိုးအချို့နဲ့ မိတ်ဆွေအပေါင်းအသင်းအချို့ကို ဆိုလိုတာဖြစ်ပါတယ်။

တစ်နေ့ ပျင်းပျင်းရှိတာနဲ့ အိမ်သူသက်ထားနဲ့အတူ ရုပ်ရှင်ထိုင်ကြည့်ပါတယ်။အဲဒီတော့ ဇာတ်လမ်းထဲမှာ မိဘပေးစားလို့ ယူထားရတဲ့ ယောကျ်ားက ကောင်မလေး အလိုမတူလည်းပဲ ကာမကို အတင်းရယူတာကို ရိုက်ပြထားတဲ့ ဇာတ်လမ်းဇာတ်အိမ် သဘောဖြစ်ပါတယ်။ချစ်ချစ် မချစ်ချစ် ကြည်ဖြူဖြူ မကြည်ဖြူဖြူ တရားဝင်ယောက်ျားဖြစ်လေတော့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို လိုက်လျောရတဲ့ သဘောဖြစ်ပါတယ်။ဒီဇာတ်လမ်းနဲ့ ပါဝင်သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးက ဘယ်သူဘယ်ဝါဆိုတာကို အကျယ်ချဲ့ပြောမနေတော့ပါဘူး။ဒီဆောင်းပါးမှာ ပေးချင်တဲ့ မက်ဆေ့ချ်က အဲဒါမဟုတ်တာမို့ ခုနကပြောချင်တဲ့ အကြောင်းအရာကို ဆက်ပါမယ်။

အဲဒီအချိန်မှာ အိမ်သူသက်ထားက ကောက်ချက်ချပါတယ်။ဇာတ်လမ်းထဲက မိန်းကလေးတွေဘဝလို အပြင်မှာလည်း အများကြီးရှိမှာပါပဲဆိုပြီး ပြောလာပါတယ်။ဒါနဲ့ ကိုယ်လည်း ရှည်ရှည်ဝေးပြောဖို့ စိတ်မဝင်စားသေးတဲ့ အကြောင်းအရာမို့ အင်းဆိုတဲ့ စကားတစ်လုံးတည်းနဲ့ပဲ ထောက်ခံတဲ့သဘော စကားပြန်တဲ့ အရိပ်အယောင်ပြလို့ ဘာမှဆက်မပြောဘဲ ရေငုံနှုတ်ပိတ်နေလိုက်ပါတယ်။ဒါကို အိမ်သူသက်ထားက ရပ်မသွားသေးပါဘူး။မကျေမချမ်းနဲ့ စကားကိုဆက်ပါတယ်။ဒါတော့မတရားဘူး။ဇနီးဖြစ်ဦးတော့ အလိုမတူတဲ့ အချိန်ဆိုတာ ရှိနိုင်တာပဲ။ကိုယ်မချစ်တဲ့ ယောက်ျားကြီး ယူထားရတော့ ပိုဆိုးတာပေါ့ဆိုပြီး ဇာတ်လမ်းထဲမှာ စီးမျောရင်း ဇာတ်လမ်းထဲက ဗီလိန်အပေါ်မှာ ကြိတ်မနိုင်ခဲမရတွေနဲ့ ဒေါသတွေထွက်နေပါတော့တယ်။

တစ်ခါတလေ မြန်မာရုပ်ရှင်ကြည့်ပရိသတ်တွေက ကိုရီးယားကားတွေကြည့်ပြီး ဇာတ်လမ်းထဲက စိတ်ပုပ်မ စိတ်ပုပ်ကောင်တွေဆိုပြီး အမည်နာမတပ်လို့ ဒေါသပုန်ပွားကြသလိုပေါ့။ဒါနဲ့ သူက စကားကိုဆက်ပါတယ်။ဒါကြောင့်ပြောတာပေါ့ မြန်မာနိုင်ငံက ဥပဒေတွေက အမျိုးသမီးတွေနဲ့ ပတ်သက်ရင် အကာအကွယ်ပေးတာ အားနည်းသေးတယ်ပေါ့။ခုနဇာတ်လမ်းထဲကလို ဇနီးကအလိုမတူလည်း ယောက်ျားက ကာမကို အတင်းရယူလည်း ပေးရတာပဲ၊ မုဒိမ်းမှုဆိုလည်း ထိရောက်ပြစ်ဒဏ်က မရှိဘူးဆိုပြီး သူ့ဘေးနားထိုင်နေတဲ့ စာရေးသူကို စကားမေးသဘော စကားစလာပြန်ပါတယ်။ဒီလို စကားမေးသဘော စကားစလာတာက အကြောင်းရှိပါတယ်။ကိုယ့်ခင်ပွန်းက ဥပဒေသမားဆိုတော့ သိချင်တာရော ငြင်းခုန်ချင်တာရော ရှိလာတာမို့ ကိုယ့်အပေါ် စကားခေါ်တဲ့ သဘောဖြစ်ပါတယ်။သူ့လို ထင်ကြမြင်ကြ ပြောကြဆိုကြတဲ့ စာရေးသူရဲ့ ဆွေမျိုးသားချင်းအချို့နဲ့ မိတ်ဆွေသူငယ်ချင်းအချို့လည်း ရှိပါတယ်။ဒီနေရာမှာတော့ စာရေးသူ စိတ်ဝင်စားတဲ့ ဥပဒေနဲ့နွှယ်တဲ့အပိုင်း ရောက်လာတာမို့ ခေါင်းထောင်လာမိပါတယ်။ပြီးတော့ သူ့ကိုပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက ဥပဒေတွေက အမျိုးသမီးတွေနဲ့ ပတ်သက်ရင် အကာအကွယ်ပေးတာ အားနည်းတယ်ဆိုတာရယ်၊ မုဒိမ်းမှုဆိုလည်း ထိရောက်ပြစ်ဒဏ်က မရှိဘူးဆိုတာရယ်တွေက မဟုတ်ပါဘူး နားမလည်တဲ့သူတွေက သူများယောင်တိုင်း လိုက်ယောင် သူများပြောတိုင်း လိုက်ပြောနေကြလို့ အမှန်ကိုမသိကြတာပါလို့ အိမ်သူသက်ထားကို ချက်နဲ့လက်နဲ့ ရှင်းပြရပါတယ်။ဥပဒေက အားနည်းတာမဟုတ်ဘူး စီရင်ချက်ချတဲ့ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်ပြီး ပြစ်ဒဏ်အနည်းအများကတော့ ကွာသွားနိုင်ပါတယ်လို့ ပြောလိုက်ပါတယ်။

ဆိုလိုတာက ရာဇသတ်ကြီးဥပဒေအရ ဇနီးဖြစ်သူက အလိုမတူလို့ကတော့ ကာမကို အတင်းရယူလို့မရပါဘူး။မုဒိမ်းမှုမြောက်ပါတယ်။မုဒိမ်းမှုမှာ ထိရောက်ပြစ်ဒဏ် မရှိဘူးဆိုတာလည်း မဟုတ်ပါဘူး။ပြစ်မှုကျူးလွန်တဲ့ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး သေဒဏ် မဖြစ်မနေချမှတ်ရမယ့် ပြဌာန်းချက်မျိုးလည်း မုဒိမ်းမှုနဲ့ ဆက်နွှယ်ပြီး ဥပဒေမှာပါပါတယ်။အရပ်စကားနဲ့ အလွယ်ပြောရရင် နိုး (NO) ဆိုရင် နိုး (NO) ပါပဲ။ဘာမှသွားမလုပ်ပါနဲ့ ပြဿနာတက်သွားပါမယ်။ဇနီးတို့ သမီးရည်းစားတို့ မဆိုထားနဲ့ ပြည့်တန်ဆာတောင် အလိုမတူတာကို ပိုက်ဆံကို သူ့လက်ထဲ အတင်းသွားထိုးထည့်ပြီး လုပ်ချင်တာလုပ်လို့မရပါဘူး။မုဒိမ်းမှုမြောက်နိုင်ပါတယ်။

မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၅ မှာ ပြဌာန်းထားပါတယ်။အဲဒီပြဌာန်းချက်အရ မုဒိမ်းမှုမြောက်ဖို့ အချက် ၅ ချက်နဲ့ ကိုက်ညီရပါမယ်။ပထမတစ်ချက်က မိန်းမက အလိုမတူပဲ ငြင်းဆန်တာ။ဒုတိယအချက်က မိန်းမက ခွင့်မပြုတာ။တတိယအချက်က မိန်းမက ခွင့်ပြုပေမယ့် အဲဒီလိုခွင့်ပြုတာဟာ အဲဒီမိန်းမကို သေစေမယ် နာကျင်စေမယ်ဆိုပြီး ကြောက်ရွံ့အောင်ပြုလုပ်လို့ ခွင့်ပြုရတာ။စတုတ္ထအချက်က မိန်းမက ခွင့်ပြုပေမယ့် ယောကျာ်းက မိမိဟာ အဲဒီမိန်းမရဲ့ လင်မဟုတ်ကြောင်း သိတဲ့အပြင် အဲဒီမိန်းမခွင့်ပြုတာကလည်း မိမိကို ဥပဒေနဲ့အညီ လက်ထပ်ထားတဲ့၊ သို့မဟုတ် အဲဒီလိုလက်ထပ်ထားတယ်လို့ ယုံကြည်တဲ့ အခြားယောကျာ်းဖြစ်တယ်လို့ ယုံကြည်ပြီးသာ ခွင့်ပြုတယ်လို့ အဲဒီယောကျာ်းက သိတာ။ပဉ္စမအချက်က မိန်းမက ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ အဲဒီမိန်းမဟာ အသက် ၁၆ နှစ်အောက် အရွယ်ရှိတဲ့သူဖြစ်တာ အဲဒီအချက်ငါးချက်နဲ့ ညိစွန်းရင် မုဒိမ်းမှုကျူးလွန်ရာ ရောက်ပါတယ်။

ဥပဒေရဲ့ ကင်းလွတ်ချက်အရတော့ ယောကျာ်းဟာ အသက် ၁၅ နှစ်အောက် မဟုတ်တဲ့ မိမိရဲ့မယားနဲ့ ကာမစပ်ယှက်တာက မုဒိမ်းမှု မဟုတ်ပါဘူး။

မပြင်ဆင်ရသေးခင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ မှာ ပြဌာန်းထားတာက ဒီလိုပါ။“မုဒိမ်းမှု ကျူးလွန်သူကို နှစ် ၂၀ ထိ ထောင်ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏မယားဖြစ်၍ အသက်တစ်ဆယ့်နှစ်နှစ်အောက် မဟုတ်လျှင်မူကား မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” လို့ ဆိုပါတယ်။

အခု၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက် ရက်စွဲ၊ ဥပဒေအမှတ် ၁၀ နဲ့ ထုတ်ပြန်ကြေညာခဲ့တဲ့ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေမှာပါတဲ့ မုဒိမ်းမှုပုဒ်မ ၃၇၆ ရဲ့ပြင်ဆင်ထားတဲ့ အချက်အရ အသက် ၁၂ နှစ်အောက် မိန်းကလေးကို မုဒိမ်းကျင့်ရင် ထောင်ဒဏ်တစ်သက်အထိ ချမှတ်လို့ရတယ်ဆိုတဲ့ အချက်ကို ထပ်မံထည့်သွင်း ပြဌာန်းခဲ့တာဖြစ်ပါတယ်။
ကျန်တဲ့ပြဌာန်းချက်ကတော့ မူလပုဒ်မ ၃၇၆ ရဲ့ ပြဌာန်းချက်တွေအတိုင်းနီးပါး ပြဌာန်းထားတာဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ကိုကြည့်ရင် မိန်းကလေး သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို ထောင်ဒဏ်တစ်သက်ထိ အပြစ်ပေးနိုင်အောင် ပြဌာန်းခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။

အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကို မုဒိမ်းကျင့်တဲ့သူတွေကို သေဒဏ်ပေးမယ့် ဥပဒေသစ်တစ်ခု အိန္ဒိယမှာ ပြဌာန်းဖို့ အိန္ဒိယပြည်နယ် လွှတ်တော်က အတည်ပြုခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရ လူသတ်မုဒိမ်းမှုမှသာ သေဒဏ်ပေးလို့ရပါတယ်။ရာဇသတ်ကြီး မပြင်ရသေးခင်ကတော့ လူကြီးမုဒိမ်းရော သက်ငယ်မုဒိမ်းပါ ထောင်ဒဏ်နှစ်နှစ်ဆယ်ထိပဲ ချလို့ရပါတယ်။အခုနောက်ဆုံးပြင်တဲ့ ဥပဒေအရဆိုရင်တောင် လူကြီးမုဒိမ်းက နှစ်နှစ်ဆယ်ထိပဲ ထောင်ချလို့ရပြီး ၁၂ နှစ်အောက် မိန်းကလေးမုဒိမ်းမှသာ ထောင်ဒဏ်တစ်သက် ချမှတ်နိုင်ပါတယ်။

ဒီပြင်ဆင်ချက်မတိုင်မီ ၂၀၁၆ ခုနှစ်တုန်းကလည်း ဥပဒေအမှတ် ၆ နဲ့ ရာဇသတ်ကြီးကို ပြင်ဆင်ခဲ့ပါသေးတယ်။အဲဒီတုန်းက ထောင်ဒဏ်တစ်သက် ချမှတ်နိုင်တဲ့ မုဒိမ်းမှုပုဒ်မ ၃၇၆ နဲ့ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံတဲ့ပုဒ်မ ၃၇၇ အပါအဝင် ထောင်ဒဏ်တစ်သက် ချမှတ်နိုင်တဲ့ အခြားပုဒ်မ အတော်များများကို ထောင်ဒဏ်နှစ်နှစ်ဆယ်ဆိုပြီး ထည့်သွင်းပြင်ဆင်ခဲ့ပါတယ်။

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ တလွဲအသုံးချနေတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ သေဒဏ်ပေးဖို့ ဆန္ဒရှိနေတဲ့ ပြည်သူအတော်များများလည်း လက်ရှိမှာရှိနေပါတယ်။

ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေကိုကြည့်ရင် မိန်းကလေး သက်ငယ်မုဒိမ်းမှုတွေမှာ လူသတ်မှုပါ ပူးတွဲမကျူးလွန်ဘဲ သက်ငယ်မုဒိမ်းမှုသက်သက် ကျူးလွန်ရင် သေဒဏ်မပေးချင်ဘဲ ထောင်ဒဏ်တစ်သက်သာ အပြစ်ပေးလိုတယ်ဆိုတာ ယူဆမယ်ဆို ယူဆလို့ရပါတယ်။ဒီပြင်ဆင်ချက်အရ လိင်ပိုင်းဆိုင်ရာ တလွဲအသုံးချခံရတဲ့ ၁၂ နှစ်အောက် မိန်းကလေးတွေအတွက်သာ အရေးယူနိုင်ပြီး ၁၂ နှစ်အောက် ယောက်ျားလေးတွေ လိင်ပိုင်းဆိုင်ရာ တလွဲအသုံးချခံရရင် အခုချိန်ထိ ထောင်ဒဏ်တစ်သက် အပြစ်ပေးလို့မရသေးပါဘူး။ဘာလို့လဲဆိုတော့ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံတဲ့သူတွေကို အရေးယူတဲ့ ဥပဒေပုဒ်မ ၃၇၇ ကို ထည့်သွင်းမပြင်ဆင်ခဲ့လို့ ဖြစ်ပါတယ်။

တကယ်ဆိုရင် ကလေးသူငယ်တွေ အားလုံးကို လိင်ပိုင်းဆိုင်ရာ တလွဲအသုံးချခံရတာတွေကနေ ကာကွယ်ဖို့ သေဒဏ်မပေးချင်လို့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ပေးချင်တယ် ဆိုရင်တောင် ၃၇၇ ကိုပါ ထည့်သွင်းပြင်ဆင်သင့်တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ရာဇသတ်ကြီးပုဒ်မ ၃၇၇ ကို ထောင်ဒဏ်တစ်သက်ကနေ နှစ်နှစ်ဆယ်ကို မပြောင်းလဲခဲ့ဘူးဆိုရင် အခုချိန်မှာပြင်ဖို့မလိုပါဘူး။ဒါပေမယ့် အဲဒီအချိန်တုန်းက ၃၇၆ ရော ၃၇၇ ကိုပါ ထောင်ဒဏ်နှစ်နှစ်ဆယ် ပြောင်းခဲ့တာမို့ အခုချိန်မှာ ကလေးသူငယ်တွေ လိင်ပိုင်းဆိုင်ရာ တလွဲအသုံးချခံရတာတွေ အားလုံးကို ထောင်ဒဏ်တစ်သက်ထိ အပြစ်ပေးနိုင်စေချင်တယ် ဆိုရင်တော့ ပုဒ်မ ၃၇၇ ကိုပါ ပြင်ဆင်ရမှာဖြစ်ပါတယ်။

အဲဒီလိုမှမဟုတ်ရင် လိင်ပိုင်းအနိုင်ကျင့်ခံရတဲ့ စိတ်ဓာတ်နုနယ်သေးတဲ့ ကလေးချင်းအတူတူမှာ ဥပဒေအရ အကာအကွယ်ရပိုင်ခွင့်က ကျားမခွဲခြား ဆက်ဆံခံရသလို ဖြစ်နေမှာမို့ ကလေးငယ်တွေထဲမှာ လိင်အသုံးချခံရတာ မိန်းကလေးတွေပဲ ရှိတာလားဆိုပြီး မေးရမလိုတောင် ဖြစ်နေပါပြီလို့ အပြုသဘောဆောင် အကြုံပြုရင်းဖြင့်။

သာဓက
ဧပြီ - ၄

( Zawgyi )

ၿပီးခဲ့တဲ့ မတ္လေနာက္ဆုံးပတ္မွာထြက္တဲ့ ႏိုင္ငံပိုင္သတင္းစာမွာ ဥပေဒျပင္ဆင္ခ်က္တစ္ခုကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ျပင္ဆင္တဲ့ဥပေဒက ရာဇသတ္ႀကီးကို ျပင္ဆင္တဲ့ ဥပေဒျဖစ္ပါတယ္။အဓိကျပင္ဆင္ခဲ့တာက မုဒိမ္းမႈရဲ႕ ျပစ္ဒဏ္ျဖစ္ပါတယ္။အဲဒီျပင္ဆင္ခ်က္က သက္ငယ္မုဒိမ္းမႈအတြက္ ရည္႐ြယ္ျပဌာန္းခဲ့တာ ျဖစ္ပါတယ္။

ဒီေနရာမွာ မုဒိမ္းမႈဆိုတဲ့ အသုံးအႏႈန္းကပါလာေတာ့ မဆီမဆိုင္ အေၾကာင္းအရာအခ်ိဳ႕ကို သြားၿပီးသတိရပါတယ္။မုဒိမ္းမႈနဲ႔ ပတ္သက္လို႔ ထင္တဲ့ျမင္တဲ့ ယူဆခ်က္အခ်ိဳ႕အေပၚမွာ သုံးသပ္ေဝဖန္ခဲ့တဲ့ ကိုယ့္ရဲ႕ နီးစပ္ရာအသိုင္းအဝိုင္းက စကားသံအခ်ိဳ႕ကိုပါ။

သူတို႔ေတြ ဘာကိုထင္ၾကျမင္ၾက ယူဆၾကသလဲ။သူကေကာ ဘာကိုထင္ျမင္ယူဆတာလဲ။ဒီေနရာမွာ သူဆိုတာက စာေရးသူရဲ႕ အိမ္သူသက္ထားကို ဆိုလိုတာျဖစ္ၿပီး သူတို႔ဆိုတာက စာေရးသူရဲ႕ ေဆြမ်ိဳးအခ်ိဳ႕နဲ႔ မိတ္ေဆြအေပါင္းအသင္းအခ်ိဳ႕ကို ဆိုလိုတာျဖစ္ပါတယ္။

တစ္ေန႔ ပ်င္းပ်င္းရွိတာနဲ႔ အိမ္သူသက္ထားနဲ႔အတူ ႐ုပ္ရွင္ထိုင္ၾကည့္ပါတယ္။အဲဒီေတာ့ ဇာတ္လမ္းထဲမွာ မိဘေပးစားလို႔ ယူထားရတဲ့ ေယာက်္ားက ေကာင္မေလး အလိုမတူလည္းပဲ ကာမကို အတင္းရယူတာကို ႐ိုက္ျပထားတဲ့ ဇာတ္လမ္းဇာတ္အိမ္ သေဘာျဖစ္ပါတယ္။ခ်စ္ခ်စ္ မခ်စ္ခ်စ္ ၾကည္ျဖဴျဖဴ မၾကည္ျဖဴျဖဴ တရားဝင္ေယာက္်ားျဖစ္ေလေတာ့ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္း ဆိုသလို လိုက္ေလ်ာရတဲ့ သေဘာျဖစ္ပါတယ္။ဒီဇာတ္လမ္းနဲ႔ ပါဝင္သ႐ုပ္ေဆာင္တဲ့ မင္းသား မင္းသမီးက ဘယ္သူဘယ္ဝါဆိုတာကို အက်ယ္ခ်ဲ႕ေျပာမေနေတာ့ပါဘူး။ဒီေဆာင္းပါးမွာ ေပးခ်င္တဲ့ မက္ေဆ့ခ်္က အဲဒါမဟုတ္တာမို႔ ခုနကေျပာခ်င္တဲ့ အေၾကာင္းအရာကို ဆက္ပါမယ္။

အဲဒီအခ်ိန္မွာ အိမ္သူသက္ထားက ေကာက္ခ်က္ခ်ပါတယ္။ဇာတ္လမ္းထဲက မိန္းကေလးေတြဘဝလို အျပင္မွာလည္း အမ်ားႀကီးရွိမွာပါပဲဆိုၿပီး ေျပာလာပါတယ္။ဒါနဲ႔ ကိုယ္လည္း ရွည္ရွည္ေဝးေျပာဖို႔ စိတ္မဝင္စားေသးတဲ့ အေၾကာင္းအရာမို႔ အင္းဆိုတဲ့ စကားတစ္လုံးတည္းနဲ႔ပဲ ေထာက္ခံတဲ့သေဘာ စကားျပန္တဲ့ အရိပ္အေယာင္ျပလို႔ ဘာမွဆက္မေျပာဘဲ ေရငုံႏႈတ္ပိတ္ေနလိုက္ပါတယ္။ဒါကို အိမ္သူသက္ထားက ရပ္မသြားေသးပါဘူး။မေက်မခ်မ္းနဲ႔ စကားကိုဆက္ပါတယ္။ဒါေတာ့မတရားဘူး။ဇနီးျဖစ္ဦးေတာ့ အလိုမတူတဲ့ အခ်ိန္ဆိုတာ ရွိႏိုင္တာပဲ။ကိုယ္မခ်စ္တဲ့ ေယာက္်ားႀကီး ယူထားရေတာ့ ပိုဆိုးတာေပါ့ဆိုၿပီး ဇာတ္လမ္းထဲမွာ စီးေမ်ာရင္း ဇာတ္လမ္းထဲက ဗီလိန္အေပၚမွာ ႀကိတ္မႏိုင္ခဲမရေတြနဲ႔ ေဒါသေတြထြက္ေနပါေတာ့တယ္။

တစ္ခါတေလ ျမန္မာ႐ုပ္ရွင္ၾကည့္ပရိသတ္ေတြက ကိုရီးယားကားေတြၾကည့္ၿပီး ဇာတ္လမ္းထဲက စိတ္ပုပ္မ စိတ္ပုပ္ေကာင္ေတြဆိုၿပီး အမည္နာမတပ္လို႔ ေဒါသပုန္ပြားၾကသလိုေပါ့။ဒါနဲ႔ သူက စကားကိုဆက္ပါတယ္။ဒါေၾကာင့္ေျပာတာေပါ့ ျမန္မာႏိုင္ငံက ဥပေဒေတြက အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ရင္ အကာအကြယ္ေပးတာ အားနည္းေသးတယ္ေပါ့။ခုနဇာတ္လမ္းထဲကလို ဇနီးကအလိုမတူလည္း ေယာက္်ားက ကာမကို အတင္းရယူလည္း ေပးရတာပဲ၊ မုဒိမ္းမႈဆိုလည္း ထိေရာက္ျပစ္ဒဏ္က မရွိဘူးဆိုၿပီး သူ႔ေဘးနားထိုင္ေနတဲ့ စာေရးသူကို စကားေမးသေဘာ စကားစလာျပန္ပါတယ္။ဒီလို စကားေမးသေဘာ စကားစလာတာက အေၾကာင္းရွိပါတယ္။ကိုယ့္ခင္ပြန္းက ဥပေဒသမားဆိုေတာ့ သိခ်င္တာေရာ ျငင္းခုန္ခ်င္တာေရာ ရွိလာတာမို႔ ကိုယ့္အေပၚ စကားေခၚတဲ့ သေဘာျဖစ္ပါတယ္။သူ႔လို ထင္ၾကျမင္ၾက ေျပာၾကဆိုၾကတဲ့ စာေရးသူရဲ႕ ေဆြမ်ိဳးသားခ်င္းအခ်ိဳ႕နဲ႔ မိတ္ေဆြသူငယ္ခ်င္းအခ်ိဳ႕လည္း ရွိပါတယ္။ဒီေနရာမွာေတာ့ စာေရးသူ စိတ္ဝင္စားတဲ့ ဥပေဒနဲ႔ႏႊယ္တဲ့အပိုင္း ေရာက္လာတာမို႔ ေခါင္းေထာင္လာမိပါတယ္။ၿပီးေတာ့ သူ႔ကိုေျပာလိုက္ပါတယ္။

ျမန္မာႏိုင္ငံက ဥပေဒေတြက အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ရင္ အကာအကြယ္ေပးတာ အားနည္းတယ္ဆိုတာရယ္၊ မုဒိမ္းမႈဆိုလည္း ထိေရာက္ျပစ္ဒဏ္က မရွိဘူးဆိုတာရယ္ေတြက မဟုတ္ပါဘူး နားမလည္တဲ့သူေတြက သူမ်ားေယာင္တိုင္း လိုက္ေယာင္ သူမ်ားေျပာတိုင္း လိုက္ေျပာေနၾကလို႔ အမွန္ကိုမသိၾကတာပါလို႔ အိမ္သူသက္ထားကို ခ်က္နဲ႔လက္နဲ႔ ရွင္းျပရပါတယ္။ဥပေဒက အားနည္းတာမဟုတ္ဘူး စီရင္ခ်က္ခ်တဲ့ တရားသူႀကီးေတြရဲ႕ ဆင္ျခင္တုံတရားေပၚမွာ မူတည္ၿပီး ျပစ္ဒဏ္အနည္းအမ်ားကေတာ့ ကြာသြားႏိုင္ပါတယ္လို႔ ေျပာလိုက္ပါတယ္။

ဆိုလိုတာက ရာဇသတ္ႀကီးဥပေဒအရ ဇနီးျဖစ္သူက အလိုမတူလို႔ကေတာ့ ကာမကို အတင္းရယူလို႔မရပါဘူး။မုဒိမ္းမႈေျမာက္ပါတယ္။မုဒိမ္းမႈမွာ ထိေရာက္ျပစ္ဒဏ္ မရွိဘူးဆိုတာလည္း မဟုတ္ပါဘူး။ျပစ္မႈက်ဴးလြန္တဲ့ အေျခအေန အခ်ိန္အခါေပၚ မူတည္ၿပီး ေသဒဏ္ မျဖစ္မေနခ်မွတ္ရမယ့္ ျပဌာန္းခ်က္မ်ိဳးလည္း မုဒိမ္းမႈနဲ႔ ဆက္ႏႊယ္ၿပီး ဥပေဒမွာပါပါတယ္။အရပ္စကားနဲ႔ အလြယ္ေျပာရရင္ ႏိုး (NO) ဆိုရင္ ႏိုး (NO) ပါပဲ။ဘာမွသြားမလုပ္ပါနဲ႔ ျပႆနာတက္သြားပါမယ္။ဇနီးတို႔ သမီးရည္းစားတို႔ မဆိုထားနဲ႔ ျပည့္တန္ဆာေတာင္ အလိုမတူတာကို ပိုက္ဆံကို သူ႔လက္ထဲ အတင္းသြားထိုးထည့္ၿပီး လုပ္ခ်င္တာလုပ္လို႔မရပါဘူး။မုဒိမ္းမႈေျမာက္ႏိုင္ပါတယ္။

မုဒိမ္းမႈရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ကို ရာဇသတ္ႀကီးပုဒ္မ ၃၇၅ မွာ ျပဌာန္းထားပါတယ္။အဲဒီျပဌာန္းခ်က္အရ မုဒိမ္းမႈေျမာက္ဖို႔ အခ်က္ ၅ ခ်က္နဲ႔ ကိုက္ညီရပါမယ္။ပထမတစ္ခ်က္က မိန္းမက အလိုမတူပဲ ျငင္းဆန္တာ။ဒုတိယအခ်က္က မိန္းမက ခြင့္မျပဳတာ။တတိယအခ်က္က မိန္းမက ခြင့္ျပဳေပမယ့္ အဲဒီလိုခြင့္ျပဳတာဟာ အဲဒီမိန္းမကို ေသေစမယ္ နာက်င္ေစမယ္ဆိုၿပီး ေၾကာက္႐ြံ႕ေအာင္ျပဳလုပ္လို႔ ခြင့္ျပဳရတာ။စတုတၳအခ်က္က မိန္းမက ခြင့္ျပဳေပမယ့္ ေယာက်ာ္းက မိမိဟာ အဲဒီမိန္းမရဲ႕ လင္မဟုတ္ေၾကာင္း သိတဲ့အျပင္ အဲဒီမိန္းမခြင့္ျပဳတာကလည္း မိမိကို ဥပေဒနဲ႔အညီ လက္ထပ္ထားတဲ့၊ သို႔မဟုတ္ အဲဒီလိုလက္ထပ္ထားတယ္လို႔ ယုံၾကည္တဲ့ အျခားေယာက်ာ္းျဖစ္တယ္လို႔ ယုံၾကည္ၿပီးသာ ခြင့္ျပဳတယ္လို႔ အဲဒီေယာက်ာ္းက သိတာ။ပၪၥမအခ်က္က မိန္းမက ခြင့္ျပဳသည္ျဖစ္ေစ ခြင့္မျပဳသည္ျဖစ္ေစ အဲဒီမိန္းမဟာ အသက္ ၁၆ ႏွစ္ေအာက္ အ႐ြယ္ရွိတဲ့သူျဖစ္တာ အဲဒီအခ်က္ငါးခ်က္နဲ႔ ညိစြန္းရင္ မုဒိမ္းမႈက်ဴးလြန္ရာ ေရာက္ပါတယ္။

ဥပေဒရဲ႕ ကင္းလြတ္ခ်က္အရေတာ့ ေယာက်ာ္းဟာ အသက္ ၁၅ ႏွစ္ေအာက္ မဟုတ္တဲ့ မိမိရဲ႕မယားနဲ႔ ကာမစပ္ယွက္တာက မုဒိမ္းမႈ မဟုတ္ပါဘူး။

မျပင္ဆင္ရေသးခင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ မွာ ျပဌာန္းထားတာက ဒီလိုပါ။“မုဒိမ္းမႈ က်ဴးလြန္သူကို ႏွစ္ ၂၀ ထိ ေထာင္ဒဏ္ျဖစ္ေစ၊ ဆယ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။မုဒိမ္းက်င့္ခံရေသာ မိန္းမသည္ မိမိ၏မယားျဖစ္၍ အသက္တစ္ဆယ့္ႏွစ္ႏွစ္ေအာက္ မဟုတ္လွ်င္မူကား မုဒိမ္းက်င့္ေသာ ထိုလင္ကို ႏွစ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္။” လို႔ ဆိုပါတယ္။

အခု၂၀၁၉ ခုႏွစ္ မတ္လ ၂၅ ရက္ ရက္စြဲ၊ ဥပေဒအမွတ္ ၁၀ နဲ႔ ထုတ္ျပန္ေၾကညာခဲ့တဲ့ ရာဇသတ္ႀကီးကို ျပင္ဆင္တဲ့ ဥပေဒမွာပါတဲ့ မုဒိမ္းမႈပုဒ္မ ၃၇၆ ရဲ႕ျပင္ဆင္ထားတဲ့ အခ်က္အရ အသက္ ၁၂ ႏွစ္ေအာက္ မိန္းကေလးကို မုဒိမ္းက်င့္ရင္ ေထာင္ဒဏ္တစ္သက္အထိ ခ်မွတ္လို႔ရတယ္ဆိုတဲ့ အခ်က္ကို ထပ္မံထည့္သြင္း ျပဌာန္းခဲ့တာျဖစ္ပါတယ္။
က်န္တဲ့ျပဌာန္းခ်က္ကေတာ့ မူလပုဒ္မ ၃၇၆ ရဲ႕ ျပဌာန္းခ်က္ေတြအတိုင္းနီးပါး ျပဌာန္းထားတာျဖစ္ပါတယ္။

ဒီျပင္ဆင္ခ်က္ကိုၾကည့္ရင္ မိန္းကေလး သက္ငယ္မုဒိမ္း က်ဴးလြန္သူေတြကို ေထာင္ဒဏ္တစ္သက္ထိ အျပစ္ေပးႏိုင္ေအာင္ ျပဌာန္းခဲ့တယ္ဆိုတာ ေပၚလြင္ပါတယ္။

အသက္ ၁၂ ႏွစ္ေအာက္ ကေလးငယ္ေတြကို မုဒိမ္းက်င့္တဲ့သူေတြကို ေသဒဏ္ေပးမယ့္ ဥပေဒသစ္တစ္ခု အိႏၵိယမွာ ျပဌာန္းဖို႔ အိႏၵိယျပည္နယ္ လႊတ္ေတာ္က အတည္ျပဳခဲ့ပါေသးတယ္။ ျမန္မာႏိုင္ငံမွာကေတာ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ (၁) (ဂ) အရ လူသတ္မုဒိမ္းမႈမွသာ ေသဒဏ္ေပးလို႔ရပါတယ္။ရာဇသတ္ႀကီး မျပင္ရေသးခင္ကေတာ့ လူႀကီးမုဒိမ္းေရာ သက္ငယ္မုဒိမ္းပါ ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္ထိပဲ ခ်လို႔ရပါတယ္။အခုေနာက္ဆုံးျပင္တဲ့ ဥပေဒအရဆိုရင္ေတာင္ လူႀကီးမုဒိမ္းက ႏွစ္ႏွစ္ဆယ္ထိပဲ ေထာင္ခ်လို႔ရၿပီး ၁၂ ႏွစ္ေအာက္ မိန္းကေလးမုဒိမ္းမွသာ ေထာင္ဒဏ္တစ္သက္ ခ်မွတ္ႏိုင္ပါတယ္။

ဒီျပင္ဆင္ခ်က္မတိုင္မီ ၂၀၁၆ ခုႏွစ္တုန္းကလည္း ဥပေဒအမွတ္ ၆ နဲ႔ ရာဇသတ္ႀကီးကို ျပင္ဆင္ခဲ့ပါေသးတယ္။အဲဒီတုန္းက ေထာင္ဒဏ္တစ္သက္ ခ်မွတ္ႏိုင္တဲ့ မုဒိမ္းမႈပုဒ္မ ၃၇၆ နဲ႔ ဓမၼတာနဲ႔ဆန႔္က်င္ၿပီး လိင္ဆက္ဆံတဲ့ပုဒ္မ ၃၇၇ အပါအဝင္ ေထာင္ဒဏ္တစ္သက္ ခ်မွတ္ႏိုင္တဲ့ အျခားပုဒ္မ အေတာ္မ်ားမ်ားကို ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္ဆိုၿပီး ထည့္သြင္းျပင္ဆင္ခဲ့ပါတယ္။

ကေလးသူငယ္ေတြကို လိင္ပိုင္းဆိုင္ရာ တလြဲအသုံးခ်ေနတာေတြကို ထိထိေရာက္ေရာက္ အေရးယူဖို႔ ေသဒဏ္ေပးဖို႔ ဆႏၵရွိေနတဲ့ ျပည္သူအေတာ္မ်ားမ်ားလည္း လက္ရွိမွာရွိေနပါတယ္။

ရာဇသတ္ႀကီးကို ျပင္ဆင္တဲ့ ဥပေဒကိုၾကည့္ရင္ မိန္းကေလး သက္ငယ္မုဒိမ္းမႈေတြမွာ လူသတ္မႈပါ ပူးတြဲမက်ဴးလြန္ဘဲ သက္ငယ္မုဒိမ္းမႈသက္သက္ က်ဴးလြန္ရင္ ေသဒဏ္မေပးခ်င္ဘဲ ေထာင္ဒဏ္တစ္သက္သာ အျပစ္ေပးလိုတယ္ဆိုတာ ယူဆမယ္ဆို ယူဆလို႔ရပါတယ္။ဒီျပင္ဆင္ခ်က္အရ လိင္ပိုင္းဆိုင္ရာ တလြဲအသုံးခ်ခံရတဲ့ ၁၂ ႏွစ္ေအာက္ မိန္းကေလးေတြအတြက္သာ အေရးယူႏိုင္ၿပီး ၁၂ ႏွစ္ေအာက္ ေယာက္်ားေလးေတြ လိင္ပိုင္းဆိုင္ရာ တလြဲအသုံးခ်ခံရရင္ အခုခ်ိန္ထိ ေထာင္ဒဏ္တစ္သက္ အျပစ္ေပးလို႔မရေသးပါဘူး။ဘာလို႔လဲဆိုေတာ့ ဓမၼတာနဲ႔ဆန႔္က်င္ၿပီး လိင္ဆက္ဆံတဲ့သူေတြကို အေရးယူတဲ့ ဥပေဒပုဒ္မ ၃၇၇ ကို ထည့္သြင္းမျပင္ဆင္ခဲ့လို႔ ျဖစ္ပါတယ္။

တကယ္ဆိုရင္ ကေလးသူငယ္ေတြ အားလုံးကို လိင္ပိုင္းဆိုင္ရာ တလြဲအသုံးခ်ခံရတာေတြကေန ကာကြယ္ဖို႔ ေသဒဏ္မေပးခ်င္လို႔ ေထာင္ဒဏ္တစ္သက္ ျပစ္ဒဏ္ေပးခ်င္တယ္ ဆိုရင္ေတာင္ ၃၇၇ ကိုပါ ထည့္သြင္းျပင္ဆင္သင့္တာ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္က ရာဇသတ္ႀကီးပုဒ္မ ၃၇၇ ကို ေထာင္ဒဏ္တစ္သက္ကေန ႏွစ္ႏွစ္ဆယ္ကို မေျပာင္းလဲခဲ့ဘူးဆိုရင္ အခုခ်ိန္မွာျပင္ဖို႔မလိုပါဘူး။ဒါေပမယ့္ အဲဒီအခ်ိန္တုန္းက ၃၇၆ ေရာ ၃၇၇ ကိုပါ ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္ ေျပာင္းခဲ့တာမို႔ အခုခ်ိန္မွာ ကေလးသူငယ္ေတြ လိင္ပိုင္းဆိုင္ရာ တလြဲအသုံးခ်ခံရတာေတြ အားလုံးကို ေထာင္ဒဏ္တစ္သက္ထိ အျပစ္ေပးႏိုင္ေစခ်င္တယ္ ဆိုရင္ေတာ့ ပုဒ္မ ၃၇၇ ကိုပါ ျပင္ဆင္ရမွာျဖစ္ပါတယ္။

အဲဒီလိုမွမဟုတ္ရင္ လိင္ပိုင္းအႏိုင္က်င့္ခံရတဲ့ စိတ္ဓာတ္ႏုနယ္ေသးတဲ့ ကေလးခ်င္းအတူတူမွာ ဥပေဒအရ အကာအကြယ္ရပိုင္ခြင့္က က်ားမခြဲျခား ဆက္ဆံခံရသလို ျဖစ္ေနမွာမို႔ ကေလးငယ္ေတြထဲမွာ လိင္အသုံးခ်ခံရတာ မိန္းကေလးေတြပဲ ရွိတာလားဆိုၿပီး ေမးရမလိုေတာင္ ျဖစ္ေနပါၿပီလို႔ အျပဳသေဘာေဆာင္ အႀကဳံျပဳရင္းျဖင့္။

သာဓက
ဧၿပီ - ၄