【 ဆောင်းပါး 】 ''ပြည်သူ့အကျိုးကိုရွေးဖို့ ပြည်သူကရွေးမယ့်သူ''

【 ဆောင်းပါး 】 ''ပြည်သူ့အကျိုးကိုရွေးဖို့ ပြည်သူကရွေးမယ့်သူ''

နိုင်ငံရေးမှာ ဘာကိုပဲလုပ်ဖို့ ဆုံးဖြတ်ဆုံးဖြတ် ပြည်သူသာအဓိကဆိုပြီး ပြည်သူ့အကျိုးကို ဦးစားပေးရွေးချယ်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေက ရွေးချယ်ပေးရမယ့်ကာလ မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်မှာ ကြေညာခဲ့ပါတယ်။အခုဆိုရင် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းတာ၊ ရုပ်သိမ်းတာ၊ စိစစ်တာတွေနဲ့စပ်လျဉ်းတဲ့ နေ့ရက်တွေကိုလည်း ကြေညာပြီးပါပြီ။

ရွေးကောက်ပွဲအတွက် အရေးပါတဲ့အချက်တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ၊ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးခွင့်တွေနဲ့စပ်လျဉ်းပြီး ဆောင်ရွက်ခွင့်ရှိတဲ့ အသိပေးထုတ်ပြန်ကြေညာချက်ကိုလည်း ကြေညာချက်အမှတ် (၁၁၇/၂၀၂၀) နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးဖြစ်ပါတယ်။

အဲဒီလိုကြေညာတဲ့နေရာမှာ ''ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (က) ပါ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦးသည် တည်ဆဲပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (ခ) အရ လည်းကောင်း၊ ပုဒ်မ ၁၇ ပုဒ်မခွဲ (ဂ) ပါ ဒုတိယဝန်ကြီးတစ်ဦးဦးသည် တည်ဆဲပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (ဃ) အရ လည်းကောင်း၊ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တနင်္ဂနွေနေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံရမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသည့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာသည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက် ဗုဒ္ဓဟူးနေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိပါသည်'' လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အဲဒီလိုကြေညာပြီးနောက်နေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်တို့က ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ဇူလိုင် ၂ ရက်ကစပြီး ဆောင်ရွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန် လိုက် ပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဆက်စပ်တဲ့ဥပဒေအချို့ကို အနည်းငယ်ရှင်းပြလိုပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့နဲ့ ဖွဲ့စည်းရမယ်ဆိုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆ (က) မှာ ဆိုပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆ (က) ပါ ပြည်ထောင်စုအစိုးရအဖွဲ့ အဖွဲ့ဝင်တစ်ဦးဦးဟာ လွှတ်တော်တစ်ရပ်ရပ်ရဲ့ ကိုယ်စားလှယ်ဖြစ်ဖြစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ဖြစ်၊ တပ်မတော်သားဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ဖြစ် ဖြစ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃၊ ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဈ)၊ (ည)၊ (ဋ) နဲ့ ပုဒ်မ ၂၃၇၊ ပုဒ်မခွဲ (စ)၊ (ဆ)၊ (ဇ) တို့ပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇ (က) မှာ ပြဌာန်းထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇ (က) အရ ဆောင်ရွက်တဲ့အခါ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလရွေးချယ်ခံခဲ့သူဖြစ်ရင်သော်လည်းကောင်း၊ သီးခြားခန့်အပ် တာဝန်ပေးခြင်းခံခဲ့ရတဲ့ နိုင်ငံသားတစ်ဦးဖြစ်ရင်သော်လည်းကောင်း အဲဒီပုဂ္ဂိုလ်ဟာ နောင်လာမယ့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်မှာ ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်မယ်ဆိုရင် နိုင်ငံသားတစ်ဦးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားတဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့နေ့ကစလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နဲ့ ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီရင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေကိုဖြစ်ဖြစ်၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကိုဖြစ်ဖြစ် ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇ (ခ) မှာ ဆိုပါတယ်။

ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူဟာ လွှတ်တော်တစ်ရပ်ရပ်ရဲ့ ကိုယ်စားလှယ်ဖြစ်ဖြစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ဖြစ်၊ တပ်မတော်သားဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ဖြစ် ဖြစ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဈ)၊ (ည) နဲ့ (ဋ) တို့ပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ (ဂ) မှာ ပြဌာန်းထားပါတယ်။

''ဒုတိယဝန်ကြီးတွေဟာ ပုဒ်မခွဲ (ဂ) အရ ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလ ရွေးချယ်ခံခဲ့သူဖြစ်ရင်သော်လည်းကောင်း၊ သီးခြားခန့်အပ် တာဝန်ပေးခြင်းခံခဲ့ရတဲ့ နိုင်ငံသားတစ်ဦးဖြစ်ရင်သော်လည်းကောင်း အဲဒီပုဂ္ဂိုလ်ဟာ နောင်လာမယ့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်မှာ ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်မယ်ဆိုရင် နိုင်ငံသားတစ်ဦးကို ဖွဲ့စည်းပုံအခြေခံပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားတဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့နေ့ကစလို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နဲ့ ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီရင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေကိုဖြစ်ဖြစ်၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကိုဖြစ်ဖြစ် ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ (ဃ) မှာ ဆိုပါတယ်။

အထက်မှာပြောခဲ့တဲ့ ပြဌာန်းချက်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအချို့နဲ့ကိုက်ညီမှ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ လုပ်လို့ရတယ်ဆိုတဲ့သဘောမျိုး ပြန်လည်ညွှန်းဆိုထားတာမို့ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သက်ဆိုင်တဲ့ ပုဒ်မပြဌာန်းချက်တွေကို ဆက်လက်တင်ပြလိုပါတယ်။

နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ရင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့နေ့ကစလို့ နုတ်ထွက်ပြီး ဒါမှမဟုတ် အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရမယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၃ မှာ ဆိုပါတယ်။

အဲဒီလိုပဲ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့နေ့ကစလို့ မိမိတို့ရာထူးသက်တမ်းအတွင်း အဲဒီပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တာ မပြုလုပ်ရဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ မှာ ဆိုပါတယ်။

အလားတူ ပြည်ထောင်စုဝန်ကြီးဟာ လွှတ်တော်တစ်ရပ်ရပ်ရဲ့ ကိုယ်စားလှယ်ဖြစ်ရင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့နေ့ကစလို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်ပြီးဖြစ်တယ်လို့ မှတ်ယူရမယ်ဆိုတာရယ်၊ ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံ့ဝန်ထမ်းဖြစ်ရင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့နေ့ကစလို့ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရမယ်ဆိုတာရယ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအတွက် ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ခန့်အပ်ထားခြင်းခံရတဲ့ တပ်မတော်သား တွေဟာ တပ်မတော်ကနေ အငြိမ်းစားယူဖို့ ဒါမှမဟုတ် နုတ်ထွက်ဖို့မလိုဘူးဆိုတာရယ်၊ ပြည်ထောင်စုဝန်ကြီး ဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့နေ့ကစလို့ မိမိရာထူးသက်တမ်းအတွင်း အဲဒီပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တာမပြုလုပ်ရဘူးဆိုတာရယ် အဲဒီအချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ မှာ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်ဟာ လွှတ်တော်တစ်ရပ်ရပ်ရဲ့ ကိုယ်စားလှယ်ဖြစ်ရင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့နေ့ကစလို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်ပြီးဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ပြီးတော့ ပြည်ထောင်စုရှေ့နေချုပ်ဟာ နိုင်ငံ့ဝန်ထမ်းဖြစ်ရင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့နေ့ကစလို့ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။အဲဒီလိုပဲ ပြည်ထောင်စုရှေ့နေချုပ်ဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့နေ့ကစလို့ မိမိရာထူးသက်တမ်းအတွင်း အဲဒီပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တာ လုပ်လို့မရပါဘူး။အခုပြောခဲ့တဲ့ ပြည်ထောင်စုရှေ့နေချုပ်နဲ့ဆိုင်တဲ့ အချက်အလက်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၇ မှာ ပြဌာန်းထားပါတယ်။

နောက်ထပ်ပြောလိုတာက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘယ်လိုလူမျိုးတွေက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိလဲဆိုတာကိုပါ။အသက် ၂၅ နှစ် ပြည့်ပြီးသူ၊ နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားတဲ့ နိုင်ငံသားဖြစ်သူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ အချိန်နဲ့တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊ (ခြွင်းချက်။ နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ နိုင်ငံခြားကို တရားဝင်သွားရောက်တဲ့ ကာလတွေကိုလည်း နိုင်ငံတော်မှာအခြေချနေထိုင်ခဲ့တဲ့ကာလအဖြစ် ထည့်သွင်းရေတွက်ရမယ်။)၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေမှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ပြည့်စုံသူ စတဲ့အရည်အချင်းတွေနဲ့ပြည့်စုံသူဟာ ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိတယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ မှာ ဆိုပါတယ်။

အခု အထက်မှာပြောခဲ့တဲ့ ဥပဒေတွေဟာ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်မယ့်သူတွေ သိထားသင့်ပြီး လိုက်နာရမယ့်ဥပဒေတွေဖြစ်ပါတယ်။ပြည်သူ့အကျိုးကိုရွေးဖို့ ပြည်သူကရွေးမယ့်သူတွေကလည်း ဥပဒေဘက်တော်သားတွေဖြစ်မှသာ တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ယုံယုံကြည်ကြည်လွှဲအပ်နိုင်မှာမို့ ပြည်သူတွေရွေးချယ်မှု မှန်၊ မမှန်ဆိုတာ နိုဝင်ဘာ ၈ ရက်ရဲ့ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

သာဓက
ဇူလိုင် - ၁၆

( Zawgyi )

ႏိုင္ငံေရးမွာ ဘာကိုပဲလုပ္ဖို႔ ဆုံးျဖတ္ဆုံးျဖတ္ ျပည္သူသာအဓိကဆိုၿပီး ျပည္သူ႔အက်ိဳးကို ဦးစားေပးေ႐ြးခ်ယ္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ျပည္သူေတြက ေ႐ြးခ်ယ္ေပးရမယ့္ကာလ မၾကာခင္ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲေတြကို လာမယ့္ ႏိုဝင္ဘာ ၈ ရက္ တနဂၤေႏြေန႔မွာ က်င္းပမယ္ဆိုၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဇူလိုင္ ၁ ရက္မွာ ေၾကညာခဲ့ပါတယ္။အခုဆိုရင္ လႊတ္ေတာ္အသီးသီးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ အမည္စာရင္း တင္သြင္းတာ၊ ႐ုပ္သိမ္းတာ၊ စိစစ္တာေတြနဲ႔စပ္လ်ဥ္းတဲ့ ေန႔ရက္ေတြကိုလည္း ေၾကညာၿပီးပါၿပီ။

ေ႐ြးေကာက္ပြဲအတြက္ အေရးပါတဲ့အခ်က္တစ္ခုျဖစ္တဲ့ ေ႐ြးေကာက္ပြဲနဲ႔ဆိုင္တဲ့ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြ၊ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြ၊ စုေဝးေဟာေျပာတာနဲ႔ မဲဆြယ္စည္း႐ုံးခြင့္ေတြနဲ႔စပ္လ်ဥ္းၿပီး ေဆာင္႐ြက္ခြင့္ရွိတဲ့ အသိေပးထုတ္ျပန္ေၾကညာခ်က္ကိုလည္း ေၾကညာခ်က္အမွတ္ (၁၁၇/၂၀၂၀) နဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။

အဲဒီလိုေၾကညာတဲ့ေနရာမွာ ''ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၆ ပုဒ္မခြဲ (က) ပါ ျပည္ေထာင္စုအစိုးရအဖြဲ႕ဝင္တစ္ဦးဦးသည္ တည္ဆဲျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၇ ပုဒ္မခြဲ (ခ) အရ လည္းေကာင္း၊ ပုဒ္မ ၁၇ ပုဒ္မခြဲ (ဂ) ပါ ဒုတိယဝန္ႀကီးတစ္ဦးဦးသည္ တည္ဆဲျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၁၇ ပုဒ္မခြဲ (ဃ) အရ လည္းေကာင္း၊ ၂၀၂၀ျပည့္ႏွစ္ ႏိုဝင္ဘာ ၈ ရက္ တနဂၤေႏြေန႔တြင္က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ရပ္တြင္ ပါဝင္ေ႐ြးခ်ယ္ခံရမည့္သူျဖစ္ပါက ႏိုင္ငံသားတစ္ဦးအား ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၈၊ ပုဒ္မခြဲ (က) အရ ေပးအပ္ထားသည့္ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ မဆုံးရႈံးေစရန္အလို႔ငွာ ေ႐ြးေကာက္ပြဲက်င္းပရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေၾကညာသည့္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၁ ရက္ ဗုဒၶဟူးေန႔မွစ၍ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၁၂၀ ႏွင့္ ၁၂၁ တို႔ပါ ျပဌာန္းခ်က္မ်ားႏွင့္ကိုက္ညီလွ်င္ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးလုပ္ငန္းမ်ားကိုလည္းေကာင္း၊ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းမ်ားကိုလည္းေကာင္း ေဆာင္႐ြက္ခြင့္ရွိပါသည္'' လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္က အဲဒီလိုေၾကညာၿပီးေနာက္ေန႔မွာပဲ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒုတိယဥကၠ႒ (၁) ဦးဝင္းျမင့္တို႔က ပါတီစည္း႐ုံးေရးလုပ္ငန္းေတြနဲ႔ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြကို ဇူလိုင္ ၂ ရက္ကစၿပီး ေဆာင္႐ြက္မယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ လိုက္ ပါတယ္။

ဒီေနရာမွာ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြ၊ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြနဲ႔ပတ္သက္လို႔ ဆက္စပ္တဲ့ဥပေဒအခ်ိဳ႕ကို အနည္းငယ္ရွင္းျပလိုပါတယ္။

ျပည္ေထာင္စုအစိုးရအဖြဲ႕ကို ႏိုင္ငံေတာ္သမၼတ၊ ဒုတိယသမၼတမ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္တို႔နဲ႔ ဖြဲ႕စည္းရမယ္ဆိုၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၆ (က) မွာ ဆိုပါတယ္။

ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၆ (က) ပါ ျပည္ေထာင္စုအစိုးရအဖြဲ႕ အဖြဲ႕ဝင္တစ္ဦးဦးဟာ လႊတ္ေတာ္တစ္ရပ္ရပ္ရဲ႕ ကိုယ္စားလွယ္ျဖစ္ျဖစ္၊ ႏိုင္ငံ့ဝန္ထမ္းျဖစ္ျဖစ္၊ တပ္မေတာ္သားျဖစ္ျဖစ္၊ ႏိုင္ငံေရးပါတီတစ္ခုခုရဲ႕ အဖြဲ႕ဝင္ျဖစ္ျဖစ္ ျဖစ္မယ္ဆိုရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၆၃၊ ပုဒ္မ ၆၄၊ ပုဒ္မ ၂၃၂၊ ပုဒ္မခြဲ (ဈ)၊ (ည)၊ (ဋ) နဲ႔ ပုဒ္မ ၂၃၇၊ ပုဒ္မခြဲ (စ)၊ (ဆ)၊ (ဇ) တို႔ပါ ျပ႒ာန္းခ်က္ေတြအတိုင္း ေဆာင္႐ြက္ရမယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၇ (က) မွာ ျပဌာန္းထားပါတယ္။

ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၇ (က) အရ ေဆာင္႐ြက္တဲ့အခါ ႏိုင္ငံေရးပါတီတစ္ခုခုရဲ႕ အဖြဲ႕ဝင္ျဖစ္ရင္ေသာ္လည္းေကာင္း၊ တစ္သီးပုဂၢလေ႐ြးခ်ယ္ခံခဲ့သူျဖစ္ရင္ေသာ္လည္းေကာင္း၊ သီးျခားခန႔္အပ္ တာဝန္ေပးျခင္းခံခဲ့ရတဲ့ ႏိုင္ငံသားတစ္ဦးျဖစ္ရင္ေသာ္လည္းေကာင္း အဲဒီပုဂၢိဳလ္ဟာ ေနာင္လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ရပ္မွာ ပါဝင္ေ႐ြးခ်ယ္ခံမယ့္သူျဖစ္မယ္ဆိုရင္ ႏိုင္ငံသားတစ္ဦးကို ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ပုဒ္မ ၃၈၊ ပုဒ္မခြဲ (က) အရ ေပးအပ္ထားတဲ့ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ မဆုံးရႈံးေစရန္အလို႔ငွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာတဲ့ေန႔ကစလို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၁၂၀ နဲ႔ ၁၂၁ တို႔ပါ ျပ႒ာန္းခ်က္ေတြနဲ႔ကိုက္ညီရင္ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြကိုျဖစ္ျဖစ္၊ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြကိုျဖစ္ျဖစ္ ေဆာင္႐ြက္ခြင့္ရွိတယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၇ (ခ) မွာ ဆိုပါတယ္။

ဒုတိယဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရသူဟာ လႊတ္ေတာ္တစ္ရပ္ရပ္ရဲ႕ ကိုယ္စားလွယ္ျဖစ္ျဖစ္၊ ႏိုင္ငံ့ဝန္ထမ္းျဖစ္ျဖစ္၊ တပ္မေတာ္သားျဖစ္ျဖစ္၊ ႏိုင္ငံေရးပါတီတစ္ခုခုရဲ႕ အဖြဲ႕ဝင္ျဖစ္ျဖစ္ ျဖစ္မယ္ဆိုရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၃၂၊ ပုဒ္မခြဲ (ဈ)၊ (ည) နဲ႔ (ဋ) တို႔ပါ ျပ႒ာန္းခ်က္ေတြအတိုင္း ေဆာင္႐ြက္ရမယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၁၇ (ဂ) မွာ ျပဌာန္းထားပါတယ္။

''ဒုတိယဝန္ႀကီးေတြဟာ ပုဒ္မခြဲ (ဂ) အရ ေဆာင္႐ြက္တဲ့ေနရာမွာ ႏိုင္ငံေရးပါတီတစ္ခုခုရဲ႕ အဖြဲ႕ဝင္ျဖစ္ရင္ေသာ္လည္းေကာင္း၊ တစ္သီးပုဂၢလ ေ႐ြးခ်ယ္ခံခဲ့သူျဖစ္ရင္ေသာ္လည္းေကာင္း၊ သီးျခားခန႔္အပ္ တာဝန္ေပးျခင္းခံခဲ့ရတဲ့ ႏိုင္ငံသားတစ္ဦးျဖစ္ရင္ေသာ္လည္းေကာင္း အဲဒီပုဂၢိဳလ္ဟာ ေနာင္လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ရပ္မွာ ပါဝင္ေ႐ြးခ်ယ္ခံမယ့္သူျဖစ္မယ္ဆိုရင္ ႏိုင္ငံသားတစ္ဦးကို ဖြဲ႕စည္းပုံအေျခခံပုဒ္မ ၃၈၊ ပုဒ္မခြဲ (က) အရ ေပးအပ္ထားတဲ့ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ မဆုံးရႈံးေစရန္အလို႔ငွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာတဲ့ေန႔ကစလို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၁၂၀ နဲ႔ ၁၂၁ တို႔ပါ ျပ႒ာန္းခ်က္ေတြနဲ႔ကိုက္ညီရင္ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြကိုျဖစ္ျဖစ္၊ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြကိုျဖစ္ျဖစ္ ေဆာင္႐ြက္ခြင့္ရွိတယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၁၇ (ဃ) မွာ ဆိုပါတယ္။

အထက္မွာေျပာခဲ့တဲ့ ျပဌာန္းခ်က္ေတြထဲမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ပုဒ္မအခ်ိဳ႕နဲ႔ကိုက္ညီမွ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြ၊ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြ လုပ္လို႔ရတယ္ဆိုတဲ့သေဘာမ်ိဳး ျပန္လည္ၫႊန္းဆိုထားတာမို႔ အဲဒီဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔သက္ဆိုင္တဲ့ ပုဒ္မျပဌာန္းခ်က္ေတြကို ဆက္လက္တင္ျပလိုပါတယ္။

ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတေတြဟာ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ရင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွလည္းေကာင္း၊ ႏိုင္ငံ့ဝန္ထမ္းျဖစ္ရင္ ႏိုင္ငံ့ဝန္ထမ္းအျဖစ္မွလည္းေကာင္း ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတေတြအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရတဲ့ေန႔ကစလို႔ ႏုတ္ထြက္ၿပီး ဒါမွမဟုတ္ အၿငိမ္းစားယူၿပီးျဖစ္တယ္လို႔ မွတ္ယူရမယ္ဆိုၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၆၃ မွာ ဆိုပါတယ္။

အဲဒီလိုပဲ ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတေတြဟာ ႏိုင္ငံေရးပါတီတစ္ခုခုရဲ႕ အဖြဲ႕ဝင္ျဖစ္ရင္ ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတေတြအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရတဲ့ေန႔ကစလို႔ မိမိတို႔ရာထူးသက္တမ္းအတြင္း အဲဒီပါတီအဖြဲ႕အစည္းရဲ႕ ပါတီလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္တာ မျပဳလုပ္ရဘူးလို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၆၄ မွာ ဆိုပါတယ္။

အလားတူ ျပည္ေထာင္စုဝန္ႀကီးဟာ လႊတ္ေတာ္တစ္ရပ္ရပ္ရဲ႕ ကိုယ္စားလွယ္ျဖစ္ရင္ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရတဲ့ေန႔ကစလို႔ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ကေန ႏုတ္ထြက္ၿပီးျဖစ္တယ္လို႔ မွတ္ယူရမယ္ဆိုတာရယ္၊ ျပည္ေထာင္စုဝန္ႀကီးဟာ ႏိုင္ငံ့ဝန္ထမ္းျဖစ္ရင္ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရတဲ့ေန႔ကစလို႔ တည္ဆဲဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ကေန အၿငိမ္းစားယူၿပီးျဖစ္တယ္လို႔ မွတ္ယူရမယ္ဆိုတာရယ္၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနေတြအတြက္ ျပည္ေထာင္စုဝန္ႀကီးေတြအျဖစ္ ခန႔္အပ္ထားျခင္းခံရတဲ့ တပ္မေတာ္သား ေတြဟာ တပ္မေတာ္ကေန အၿငိမ္းစားယူဖို႔ ဒါမွမဟုတ္ ႏုတ္ထြက္ဖို႔မလိုဘူးဆိုတာရယ္၊ ျပည္ေထာင္စုဝန္ႀကီး ဟာ ႏိုင္ငံေရးပါတီတစ္ခုခုရဲ႕ အဖြဲ႕ဝင္ျဖစ္ရင္ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရတဲ့ေန႔ကစလို႔ မိမိရာထူးသက္တမ္းအတြင္း အဲဒီပါတီအဖြဲ႕အစည္းရဲ႕ ပါတီလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္တာမျပဳလုပ္ရဘူးဆိုတာရယ္ အဲဒီအခ်က္ေတြကို ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၃၂ မွာ ျပဌာန္းထားပါတယ္။

ဒါ့အျပင္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ဟာ လႊတ္ေတာ္တစ္ရပ္ရပ္ရဲ႕ ကိုယ္စားလွယ္ျဖစ္ရင္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရတဲ့ေန႔ကစလို႔ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ကေန ႏုတ္ထြက္ၿပီးျဖစ္တယ္လို႔ မွတ္ယူရမွာျဖစ္ပါတယ္။ၿပီးေတာ့ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ဟာ ႏိုင္ငံ့ဝန္ထမ္းျဖစ္ရင္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရတဲ့ေန႔ကစလို႔ တည္ဆဲဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ကေန အၿငိမ္းစားယူၿပီးျဖစ္တယ္လို႔ မွတ္ယူရမွာျဖစ္ပါတယ္။အဲဒီလိုပဲ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ဟာ ႏိုင္ငံေရးပါတီတစ္ခုခုရဲ႕ အဖြဲ႕ဝင္ျဖစ္ရင္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရတဲ့ေန႔ကစလို႔ မိမိရာထူးသက္တမ္းအတြင္း အဲဒီပါတီအဖြဲ႕အစည္းရဲ႕ ပါတီလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္တာ လုပ္လို႔မရပါဘူး။အခုေျပာခဲ့တဲ့ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္နဲ႔ဆိုင္တဲ့ အခ်က္အလက္ေတြကိုလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၃၇ မွာ ျပဌာန္းထားပါတယ္။

ေနာက္ထပ္ေျပာလိုတာက လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဘယ္လိုလူမ်ိဳးေတြက ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ရွိလဲဆိုတာကိုပါ။အသက္ ၂၅ ႏွစ္ ျပည့္ၿပီးသူ၊ ႏိုင္ငံသားမိဘႏွစ္ပါးမွေမြးဖြားတဲ့ ႏိုင္ငံသားျဖစ္သူ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ အခ်ိန္နဲ႔တစ္ဆက္တည္း ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္မွာ အနည္းဆုံး ၁၀ ႏွစ္ အေျခခ်ေနထိုင္ခဲ့သူ၊ (ႁခြင္းခ်က္။ ႏိုင္ငံေတာ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ ႏိုင္ငံျခားကို တရားဝင္သြားေရာက္တဲ့ ကာလေတြကိုလည္း ႏိုင္ငံေတာ္မွာအေျခခ်ေနထိုင္ခဲ့တဲ့ကာလအျဖစ္ ထည့္သြင္းေရတြက္ရမယ္။)၊ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာဥပေဒမွာ သတ္မွတ္ထားတဲ့ အရည္အခ်င္းေတြနဲ႔ျပည့္စုံသူ စတဲ့အရည္အခ်င္းေတြနဲ႔ျပည့္စုံသူဟာ ျပည္သူ႔လႊတ္ေတာ္ကို လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ရွိတယ္ဆိုၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၁၂၀ မွာ ဆိုပါတယ္။

အခု အထက္မွာေျပာခဲ့တဲ့ ဥပေဒေတြဟာ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြ၊ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြ ေဆာင္႐ြက္မယ့္သူေတြ သိထားသင့္ၿပီး လိုက္နာရမယ့္ဥပေဒေတြျဖစ္ပါတယ္။ျပည္သူ႔အက်ိဳးကိုေ႐ြးဖို႔ ျပည္သူကေ႐ြးမယ့္သူေတြကလည္း ဥပေဒဘက္ေတာ္သားေတြျဖစ္မွသာ တရားဥပေဒစိုးမိုးတဲ့ တိုင္းျပည္ရဲ႕အနာဂတ္ကို ယုံယုံၾကည္ၾကည္လႊဲအပ္ႏိုင္မွာမို႔ ျပည္သူေတြေ႐ြးခ်ယ္မႈ မွန္၊ မမွန္ဆိုတာ ႏိုဝင္ဘာ ၈ ရက္ရဲ႕ ေ႐ြးေကာက္ပြဲရလဒ္ကို ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။

သာဓက
ဇူလိုင္ - ၁၆