【 ဆောင်းပါး 】 တရားဥပဒေစိုးမိုးရေး ဘာလဲ၊ ဘယ်လဲ…

【 ဆောင်းပါး 】 တရားဥပဒေစိုးမိုးရေး ဘာလဲ၊ ဘယ်လဲ…

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို လူလယ်ကောင်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာ အခုဆိုရင် (၂) နှစ်ပြည့်ခဲ့ပါပြီ။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူစည်ကားရာ နေရာမှာ သေနတ်သမား ကြည်လင်း က လုပ်ကြံခဲ့တာပါ။အဲဒီအမှုဟာ အခုဆိုရင် ရုံးချိန်းပေါင်း ၁၀၀ ကျော် ခေါ်ယူခဲ့ပြီးပါပြီ။အဲဒီရုံးချိန်းကာလအတွင်း နှစ်ဖက်သက်သေ စုစုပေါင်း ၁၄၀ ကျော်ကိုလည်း စစ်ဆေးမေးမြန်းခဲ့ပြီးပါပြီ။

ဒီလုပ်ကြံမှုမှာ နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေ ရှိနေတယ်။မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ကို အခြေခံဖြစ်ပွားတဲ့ လုပ်ကြံမှုမဟုတ်ဘူး။နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်တယ်ဆိုတဲ့ ထောက်ပြဝေဖန်မှုတွေလည်း ထိုစဉ်အချိန်က ထွက်ပေါ်ခဲ့ပါတယ်။ဒီကနေ့အချိန်ထိလည်း အဲဒီထောက်ပြချက်တွေ ရှိနေပါသေးတယ်။

တစ်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ ဦးကိုနီ နဲ့ ကိုနေဝင်း ကျဆုံးခြင်း (၂) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာသူ တချို့ကလည်း ထိုနည်းတူ ထောက်ပြချက်တွေ ပြုခဲ့ပါသေးတယ်။

သေနတ်သမား ကြည်လင်း လက်ချက်ကြောင့် ဦးကိုနီ နဲ့ ကိုနေဝင်း သေဆုံးခဲ့ပြီး ၂၇ ရက်အကြာ ဖေဖော်ဝါရီ ၂၅ ရက်မှာလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ‘အစွန်းရောက်တဲ့ မျိုးချစ်စိတ် ကိန်းအောင်းသွားတဲ့အခါ လုပ်ကြံလိုက်တယ်’ ဆိုတဲ့စကား၊ ‘လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်လေးတွေနဲ့ ဖြစ်တယ်ဆိုတဲ့ အဲဗီးဒန့် (evident) အစလေးကိုပဲ ကျွန်တော်တို့က ထုတ်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်’ ဆိုတဲ့ စကားတို့ကို ပြည်ထဲရေးဝန်ကြီးနဲ့ အဲဒီတုန်းက ရဲချုပ်တို့က ဆိုခဲ့ပါတယ်။ဒီလိုပြောဆိုချက်တွေအပေါ်လည်း ပြည်သူအများက ဝေဖန်ထောက်ပြခဲ့ကြပါသေးတယ်။အခုတော့ (၂) နှစ်ကြာမြင့်ခဲ့ပါပြီ။ ရုံးတင် တရားစွဲဆိုခံထားရတဲ့ သေနတ်သမား ကြည်လင်း နဲ့ အပေါင်းအပါများကတော့ တရားရုံးတော်ရဲ့ စီရင်မှုကို မကြာမီခံယူရဖို့ရှိပါတယ်။သို့သော် ဒီလိုလုပ်ကြံမှုမှာ အဓိကပါဝင် ပတ်သက်နေတဲ့ အောင်ဝင်းခိုင် ထွက်ပြေးလွတ်မြောက်နေခြင်းကတော့ နောက်ထပ် ဝေဖန်ထောက်ပြစရာ တစ်ခုအဖြစ် ကျန်ရှိနေပါသေးတယ်။အောင်ဝင်းခိုင် ဟာ လွတ်မြောက်လျက်သား ရှိနေသေးသလား။လက်စဖျောက်ခံလိုက်ရသလားဆိုတဲ့ ပဟေဠိမေးခွန်းတွေနဲ့အတူ အများပြည်သူရဲ့ မျက်စေ့ရှေ့ကတော့ ပျောက်ခြင်းမလှ ပျောက်နေခဲ့ပါပြီ။

ဒီနေရာမှာ အဓိကထားပြောလိုတာကတော့ တရားဥပဒေ စိုးမိုးရေးအကြောင်း ဖြစ်ပါတယ်။ဒီချုပ်အစိုးရ စတင်တာဝန်ယူစဉ်က အလေးထားပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ဒီတရားဥပဒေစိုးမိုးရေးလည်း အပါအဝင် ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ တရားဥပဒေစိုးမိုးခြင်း အပိုင်းမှာ အားနည်းနေသေးတယ် ဆိုတာကို တစ်နေ့ထက်တစ်နေ့ တိုးပွားလာတဲ့ မှုခင်းဖြစ်စဉ်တွေ၊ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာတဲ့ မှုခင်းဖြစ်ရပ်တွေက သက်သေထူနေပါတယ်။

အဲဒီထဲမှာ အခု ဦးကိုနီ ကို လုပ်ကြံခံရမှုလည်း ပါဝင်ပါတယ်။လုံခြုံရေးတင်းကျပ်ရာနေရာ၊ လူစည်ကားရာ နေရာမှာ ဦးကိုနီ လုပ်ကြံခံခဲ့ရတာပါ။ဒီလိုလုပ်ကြံခံခဲ့ရပြီးတဲ့နောက် ဒီလိုလုပ်ကြံမှုမှာ အဓိကပါဝင်ပတ်သက်နေသူလို့ဆိုတဲ့ အောင်ဝင်းခိုင် ထွက်ပြေးလွတ်မြောက်နေခြင်းသည်လည်း တရားဥပဒေ စိုးမိုးခြင်း အားနည်းမှုအပေါ် မီးမောင်းထိုးပြနေတာပါ။

အောင်ဝင်းခိုင် ပျောက်ဆုံးသွားတယ်ဆိုတဲ့ နေရာဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်ထဲမှာ ဖြစ်နေခဲ့တာဟာလည်း တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ရမယ့် ဆိုင်ရာ အဖွဲ့အစည်းများအပေါ် မေးခွန်းထုတ်စရာဖြစ်သလို တရားဥပဒေ စိုးမိုးရေး ဖော်ဆောင်သွားမယ်လို့ေ ကြွေးကြော်ထားသူတို့အတွက်လည်း မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။အဲဒီ အောင်ဝင်းခိုင် ဖြစ်စဉ်က တရားဥပဒေစိုးမိုးမှုအပေါ် ပြက်ရယ်ပြုချက်လည်း ဖြစ်ပါတယ်။အများပြည်သူဘက်မှာတော့ တရားဥပဒေ စိုးမိုးရေးအတွက် အားကိုးရမဲ့ခဲ့ရတဲ့ ဖြစ်ရပ်အဖြစ် တည်ရှိခဲ့ပါ တယ်။

ဦးကိုနီ လုပ်ကြံခံရတဲ့ (၂) နှစ်ပြည့်နေ့မှာပဲ သေနတ်ပစ်ခတ် သတ်ဖြတ်ခံရသူတစ်ဦး ထပ်မံပေါ်ထွက်လာပြန်ပါတယ်။တာချီလိတ် မြို့လယ်ကောင်မှာ ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက မြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို နေ့ခင်းကြောင်တောင်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်သတ်ခံရသူက စက်သုံးဆီလုပ်ငန်း အပါအဝင် အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး တာချီလိတ်မှာ လူသိများတဲ့ ဦးအားဖာ ဆိုသူ ဖြစ်ပါတယ်။ဇန်နဝါရီ ၂၉ ရက် မွန်းတည့် ၁၂ နာရီခန့်က မြို့လယ်ကောင် မီးပွိုင့်မှာ ကားပိတ်နေတုန်း ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ သေနတ်ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးရမိတဲ့ သတင်းတော့ မကြားသိရသေးပါဘူး။

တရားဥပဒေစိုးမိုးရေးအပေါ် ထပ်မံပြက်ရယ်ပြုလိုက်တဲ့လုပ်ရပ်၊ တရားဥပဒေစိုးမိုးရေးအပေါ် စိန်ခေါ်လိုက်တဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်များစွာ ဦးကိုနီ လုပ်ကြံခံရမှုမတိုင်မီ၊ ဦးကိုနီ လုပ်ကြံခံရပြီးနောက်ပိုင်း နေ့ရက်တွေထဲမှာ အများအပြား ရှိနေခဲ့ပါတယ်။

၂၀၀၈ ခုနှစ် မတ်လတုန်းကဖြစ်ခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှု၊ ဒီဘက်ကာလထဲမှာဖြစ်ခဲ့တဲ့ လေးလောင်းပြိုင်၊ သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှု၊ လုယက်မှု စတဲ့ နာမည်ကြီးရာဇဝတ်မှုတွေ အပါအဝင် ပြည်သူလူထုအပေါ် ခြိမ်းခြောက်စေခဲ့၊ စိုးရိမ်စေခဲ့တဲ့ ဒုစရိုက်မှုများစွာ ရှိခဲ့ပါတယ်။ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ကျူးလွန်မှုပေါင်းများစွာလည်း ဖြစ်ခဲ့ပါတယ်။

တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွား ဆိုးဝါးလာနေတဲ့ ဒုစရိုက်မှုတွေကြားမှာ တရားဥပဒေ စိုးမိုးရေးဟာ တိမ်မြှုပ်နေခဲ့ရပါတယ်။ချောင်ပိတ်မိနေပါတယ်။တရားဥပဒေ မစိုးမိုးခြင်းက ဦးကိုနီ ရဲ့ အသက်ကို နုတ်ယူသွားခဲ့ပါတယ်။ကိုနေဝင်း ရဲ့ အသက်ကို နုတ်ယူသွားခဲ့ပါတယ်။အခု ဦးအားဖာ ရဲ့ အသက်ကို နုတ်ယူသွားခဲ့ပါတယ်။တရားဥပဒေ မစိုးမိုးခြင်းက ဦးကိုနီ ပေါင်း များစွာ၊ ကိုနေဝင်း ပေါင်း များစွာ၊ ဦးအားဖာ ပေါင်း များစွာရဲ့ အသက်ကို ချွေယူသွားခဲ့ပြီးဖြစ်သလို ဆက်လက်ပြီးလည်း ချွေယူပါလိမ့်ဦးမယ်။

ဦးကိုနီ နဲ့ ကိုနေဝင်း ကျဆုံးခြင်း (၂) နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားဆီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။အဲဒီသဝဏ်လွှာမှာတော့ “မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု ခိုင်မာစွာ တည်ဆောက်ရာ၌ စိန်ခေါ်မှုတွေကို ဝိုင်းပြီးကြိုးစားဖြေရှင်းရင်း အသက်စွန့်ခဲ့သည့် ဆရာဦးကိုနီ နှင့် ကိုနေဝင်း တို့အတွက် အမှန်တရား အမြန်ဆုံးပေါ်ထွက်လာဖို့အရေး သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းပါသည်” လို့ ထည့်သွင်းပြောကြားထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းသလိုပါပဲ ဦးကိုနီ နဲ့ ကိုနေဝင်း တို့အတွက် အမှန်တရား ပေါ်ထွက်လာဖို့ ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက အလေးဂရုပြုကြဖို့ လိုမှာဖြစ်သလို လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေးအပေါ် စိန်ခေါ်ချက်များကိုလည်း ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက အလေးအနက်ထား ဖြေရှင်းဆောင်ရွက်မှုတွေ ပြုသွားဖို့ လိုမှာဖြစ်ပါတယ်။

ဒီကနေ့ကာလ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နေတဲ့ အစိုးရလက်ထက်မှာ တရားဥပဒေ စိုးမိုးအားကောင်းလာရေး အများပြည်သူတို့က မျှော်လင့်နေကြောင်းပါ။

ဂျေငြိမ်း
ဖေဖော်ဝါရီ - ၂

( Zawgyi )

တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ ကို လူလယ္ေကာင္မွာ ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံခဲ့တာ အခုဆိုရင္ (၂) ႏွစ္ျပည့္ခဲ့ပါၿပီ။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္ ညေနပိုင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ လူစည္ကားရာ ေနရာမွာ ေသနတ္သမား ၾကည္လင္း က လုပ္ႀကံခဲ့တာပါ။အဲဒီအမႈဟာ အခုဆိုရင္ ႐ုံးခ်ိန္းေပါင္း ၁၀၀ ေက်ာ္ ေခၚယူခဲ့ၿပီးပါၿပီ။အဲဒီ႐ုံးခ်ိန္းကာလအတြင္း ႏွစ္ဖက္သက္ေသ စုစုေပါင္း ၁၄၀ ေက်ာ္ကိုလည္း စစ္ေဆးေမးျမန္းခဲ့ၿပီးပါၿပီ။

ဒီလုပ္ႀကံမႈမွာ ေနာက္ကြယ္ကေန ႀကိဳးကိုင္ေနသူေတြ ရွိေနတယ္။မ်ိဳးခ်စ္စိတ္၊ ဘာသာခ်စ္စိတ္ကို အေျခခံျဖစ္ပြားတဲ့ လုပ္ႀကံမႈမဟုတ္ဘူး။ႏိုင္ငံေရးအရ လုပ္ႀကံမႈျဖစ္တယ္ဆိုတဲ့ ေထာက္ျပေဝဖန္မႈေတြလည္း ထိုစဥ္အခ်ိန္က ထြက္ေပၚခဲ့ပါတယ္။ဒီကေန႔အခ်ိန္ထိလည္း အဲဒီေထာက္ျပခ်က္ေတြ ရွိေနပါေသးတယ္။

တစ္ေန႔က ရန္ကုန္ၿမိဳ႕ ေတာ္ဝင္ႏွင္းဆီခန္းမမွာ က်င္းပခဲ့တဲ့ ဦးကိုနီ နဲ႔ ကိုေနဝင္း က်ဆုံးျခင္း (၂) ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္ အခမ္းအနားကို တက္ေရာက္လာသူ တခ်ိဳ႕ကလည္း ထိုနည္းတူ ေထာက္ျပခ်က္ေတြ ျပဳခဲ့ပါေသးတယ္။

ေသနတ္သမား ၾကည္လင္း လက္ခ်က္ေၾကာင့္ ဦးကိုနီ နဲ႔ ကိုေနဝင္း ေသဆုံးခဲ့ၿပီး ၂၇ ရက္အၾကာ ေဖေဖာ္ဝါရီ ၂၅ ရက္မွာလုပ္တဲ့ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ သတင္းစာရွင္းလင္းပြဲမွာလည္း ‘အစြန္းေရာက္တဲ့ မ်ိဳးခ်စ္စိတ္ ကိန္းေအာင္းသြားတဲ့အခါ လုပ္ႀကံလိုက္တယ္’ ဆိုတဲ့စကား၊ ‘လူငယ္ပီပီ ပုဂၢိဳလ္ေရးအရ မေက်နပ္ခ်က္ေလးေတြနဲ႔ ျဖစ္တယ္ဆိုတဲ့ အဲဗီးဒန႔္ (evident) အစေလးကိုပဲ ကြၽန္ေတာ္တို႔က ထုတ္ႏႈတ္တင္ျပျခင္း ျဖစ္ပါတယ္’ ဆိုတဲ့ စကားတို႔ကို ျပည္ထဲေရးဝန္ႀကီးနဲ႔ အဲဒီတုန္းက ရဲခ်ဳပ္တို႔က ဆိုခဲ့ပါတယ္။ဒီလိုေျပာဆိုခ်က္ေတြအေပၚလည္း ျပည္သူအမ်ားက ေဝဖန္ေထာက္ျပခဲ့ၾကပါေသးတယ္။အခုေတာ့ (၂) ႏွစ္ၾကာျမင့္ခဲ့ပါၿပီ။ ႐ုံးတင္ တရားစြဲဆိုခံထားရတဲ့ ေသနတ္သမား ၾကည္လင္း နဲ႔ အေပါင္းအပါမ်ားကေတာ့ တရား႐ုံးေတာ္ရဲ႕ စီရင္မႈကို မၾကာမီခံယူရဖို႔ရွိပါတယ္။သို႔ေသာ္ ဒီလိုလုပ္ႀကံမႈမွာ အဓိကပါဝင္ ပတ္သက္ေနတဲ့ ေအာင္ဝင္းခိုင္ ထြက္ေျပးလြတ္ေျမာက္ေနျခင္းကေတာ့ ေနာက္ထပ္ ေဝဖန္ေထာက္ျပစရာ တစ္ခုအျဖစ္ က်န္ရွိေနပါေသးတယ္။ေအာင္ဝင္းခိုင္ ဟာ လြတ္ေျမာက္လ်က္သား ရွိေနေသးသလား။လက္စေဖ်ာက္ခံလိုက္ရသလားဆိုတဲ့ ပေဟဠိေမးခြန္းေတြနဲ႔အတူ အမ်ားျပည္သူရဲ႕ မ်က္ေစ့ေရွ႕ကေတာ့ ေပ်ာက္ျခင္းမလွ ေပ်ာက္ေနခဲ့ပါၿပီ။

ဒီေနရာမွာ အဓိကထားေျပာလိုတာကေတာ့ တရားဥပေဒ စိုးမိုးေရးအေၾကာင္း ျဖစ္ပါတယ္။ဒီခ်ဳပ္အစိုးရ စတင္တာဝန္ယူစဥ္က အေလးထားေျပာဆိုခဲ့တဲ့ အခ်က္ေတြထဲမွာ ဒီတရားဥပေဒစိုးမိုးေရးလည္း အပါအဝင္ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ တရားဥပေဒစိုးမိုးျခင္း အပိုင္းမွာ အားနည္းေနေသးတယ္ ဆိုတာကို တစ္ေန႔ထက္တစ္ေန႔ တိုးပြားလာတဲ့ မႈခင္းျဖစ္စဥ္ေတြ၊ တစ္ေန႔ထက္တစ္ေန႔ ဆိုးဝါးလာတဲ့ မႈခင္းျဖစ္ရပ္ေတြက သက္ေသထူေနပါတယ္။

အဲဒီထဲမွာ အခု ဦးကိုနီ ကို လုပ္ႀကံခံရမႈလည္း ပါဝင္ပါတယ္။လုံၿခဳံေရးတင္းက်ပ္ရာေနရာ၊ လူစည္ကားရာ ေနရာမွာ ဦးကိုနီ လုပ္ႀကံခံခဲ့ရတာပါ။ဒီလိုလုပ္ႀကံခံခဲ့ရၿပီးတဲ့ေနာက္ ဒီလိုလုပ္ႀကံမႈမွာ အဓိကပါဝင္ပတ္သက္ေနသူလို႔ဆိုတဲ့ ေအာင္ဝင္းခိုင္ ထြက္ေျပးလြတ္ေျမာက္ေနျခင္းသည္လည္း တရားဥပေဒ စိုးမိုးျခင္း အားနည္းမႈအေပၚ မီးေမာင္းထိုးျပေနတာပါ။

ေအာင္ဝင္းခိုင္ ေပ်ာက္ဆုံးသြားတယ္ဆိုတဲ့ ေနရာဟာ ျမန္မာႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ေနျပည္ေတာ္ထဲမွာ ျဖစ္ေနခဲ့တာဟာလည္း တရားဥပေဒ စိုးမိုးေရးကို ေဖာ္ေဆာင္ရမယ့္ ဆိုင္ရာ အဖြဲ႕အစည္းမ်ားအေပၚ ေမးခြန္းထုတ္စရာျဖစ္သလို တရားဥပေဒ စိုးမိုးေရး ေဖာ္ေဆာင္သြားမယ္လို႔ေ ေႂကြးေၾကာ္ထားသူတို႔အတြက္လည္း မ်က္ႏွာပ်က္စရာ ျဖစ္ခဲ့ရပါတယ္။အဲဒီ ေအာင္ဝင္းခိုင္ ျဖစ္စဥ္က တရားဥပေဒစိုးမိုးမႈအေပၚ ျပက္ရယ္ျပဳခ်က္လည္း ျဖစ္ပါတယ္။အမ်ားျပည္သူဘက္မွာေတာ့ တရားဥပေဒ စိုးမိုးေရးအတြက္ အားကိုးရမဲ့ခဲ့ရတဲ့ ျဖစ္ရပ္အျဖစ္ တည္ရွိခဲ့ပါ တယ္။

ဦးကိုနီ လုပ္ႀကံခံရတဲ့ (၂) ႏွစ္ျပည့္ေန႔မွာပဲ ေသနတ္ပစ္ခတ္ သတ္ျဖတ္ခံရသူတစ္ဦး ထပ္မံေပၚထြက္လာျပန္ပါတယ္။တာခ်ီလိတ္ ၿမိဳ႕လယ္ေကာင္မွာ ဆိုင္ကယ္စီး ေသနတ္သမားႏွစ္ဦးက ၿမိဳ႕ခံ စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးကို ေန႔ခင္းေၾကာင္ေတာင္မွာ ေသနတ္နဲ႔ ပစ္သတ္ခဲ့တာ ျဖစ္ပါတယ္။

ပစ္သတ္ခံရသူက စက္သုံးဆီလုပ္ငန္း အပါအဝင္ အျခားစီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ၿပီး တာခ်ီလိတ္မွာ လူသိမ်ားတဲ့ ဦးအားဖာ ဆိုသူ ျဖစ္ပါတယ္။ဇန္နဝါရီ ၂၉ ရက္ မြန္းတည့္ ၁၂ နာရီခန႔္က ၿမိဳ႕လယ္ေကာင္ မီးပြိဳင့္မွာ ကားပိတ္ေနတုန္း ဆိုင္ကယ္စီး ေသနတ္သမားႏွစ္ဦးက ေသနတ္နဲ႔ ပစ္ခတ္ထြက္ေျပးခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ေသနတ္ပစ္ခတ္ခဲ့သူေတြကို ဖမ္းဆီးရမိတဲ့ သတင္းေတာ့ မၾကားသိရေသးပါဘူး။

တရားဥပေဒစိုးမိုးေရးအေပၚ ထပ္မံျပက္ရယ္ျပဳလိုက္တဲ့လုပ္ရပ္၊ တရားဥပေဒစိုးမိုးေရးအေပၚ စိန္ေခၚလိုက္တဲ့ ေနာက္ထပ္ျဖစ္ရပ္တစ္ခု ျဖစ္ပါတယ္။ဒီလိုျဖစ္ရပ္မ်ားစြာ ဦးကိုနီ လုပ္ႀကံခံရမႈမတိုင္မီ၊ ဦးကိုနီ လုပ္ႀကံခံရၿပီးေနာက္ပိုင္း ေန႔ရက္ေတြထဲမွာ အမ်ားအျပား ရွိေနခဲ့ပါတယ္။

၂၀၀၈ ခုႏွစ္ မတ္လတုန္းကျဖစ္ခဲ့တဲ့ ငါးေလာင္းၿပိဳင္လူသတ္မႈ၊ ဒီဘက္ကာလထဲမွာျဖစ္ခဲ့တဲ့ ေလးေလာင္းၿပိဳင္၊ သုံးေလာင္းၿပိဳင္၊ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈ၊ လုယက္မႈ စတဲ့ နာမည္ႀကီးရာဇဝတ္မႈေတြ အပါအဝင္ ျပည္သူလူထုအေပၚ ၿခိမ္းေျခာက္ေစခဲ့၊ စိုးရိမ္ေစခဲ့တဲ့ ဒုစ႐ိုက္မႈမ်ားစြာ ရွိခဲ့ပါတယ္။ တရားမဝင္ လက္နက္ကိုင္ေဆာင္မႈ၊ က်ဴးလြန္မႈေပါင္းမ်ားစြာလည္း ျဖစ္ခဲ့ပါတယ္။

တစ္ေန႔ထက္တစ္ေန႔ ပိုမိုတိုးပြား ဆိုးဝါးလာေနတဲ့ ဒုစ႐ိုက္မႈေတြၾကားမွာ တရားဥပေဒ စိုးမိုးေရးဟာ တိမ္ျမႇဳပ္ေနခဲ့ရပါတယ္။ေခ်ာင္ပိတ္မိေနပါတယ္။တရားဥပေဒ မစိုးမိုးျခင္းက ဦးကိုနီ ရဲ႕ အသက္ကို ႏုတ္ယူသြားခဲ့ပါတယ္။ကိုေနဝင္း ရဲ႕ အသက္ကို ႏုတ္ယူသြားခဲ့ပါတယ္။အခု ဦးအားဖာ ရဲ႕ အသက္ကို ႏုတ္ယူသြားခဲ့ပါတယ္။တရားဥပေဒ မစိုးမိုးျခင္းက ဦးကိုနီ ေပါင္း မ်ားစြာ၊ ကိုေနဝင္း ေပါင္း မ်ားစြာ၊ ဦးအားဖာ ေပါင္း မ်ားစြာရဲ႕ အသက္ကို ေခြၽယူသြားခဲ့ၿပီးျဖစ္သလို ဆက္လက္ၿပီးလည္း ေခြၽယူပါလိမ့္ဦးမယ္။

ဦးကိုနီ နဲ႔ ကိုေနဝင္း က်ဆုံးျခင္း (၂) ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္ ဂုဏ္ျပဳအခမ္းအနားဆီ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကလည္း သဝဏ္လႊာတစ္ေစာင္ ေပးပို႔ခဲ့ပါတယ္။အဲဒီသဝဏ္လႊာမွာေတာ့ “ျမန္မာႏိုင္ငံတြင္ တရားဥပေဒ စိုးမိုးေရးႏွင့္ တရားမွ်တမႈ ခိုင္မာစြာ တည္ေဆာက္ရာ၌ စိန္ေခၚမႈေတြကို ဝိုင္းၿပီးႀကိဳးစားေျဖရွင္းရင္း အသက္စြန႔္ခဲ့သည့္ ဆရာဦးကိုနီ ႏွင့္ ကိုေနဝင္း တို႔အတြက္ အမွန္တရား အျမန္ဆုံးေပၚထြက္လာဖို႔အေရး သက္ဆိုင္သူအားလုံးမွ ဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔ တိုက္တြန္းပါသည္” လို႔ ထည့္သြင္းေျပာၾကားထားပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ တိုက္တြန္းသလိုပါပဲ ဦးကိုနီ နဲ႔ ကိုေနဝင္း တို႔အတြက္ အမွန္တရား ေပၚထြက္လာဖို႔ ဆိုင္ရာ အဖြဲ႕အစည္း အသီးသီးက အေလးဂ႐ုျပဳၾကဖို႔ လိုမွာျဖစ္သလို လက္ရွိ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ တရားဥပေဒစိုးမိုးေရး၊ တရားမွ်တေရးအေပၚ စိန္ေခၚခ်က္မ်ားကိုလည္း ဆိုင္ရာ အဖြဲ႕အစည္းအသီးသီးက အေလးအနက္ထား ေျဖရွင္းေဆာင္႐ြက္မႈေတြ ျပဳသြားဖို႔ လိုမွာျဖစ္ပါတယ္။

ဒီကေန႔ကာလ ဒီမိုကေရစီလမ္းစဥ္ကို ေဖာ္ေဆာင္ေနတဲ့ အစိုးရလက္ထက္မွာ တရားဥပေဒ စိုးမိုးအားေကာင္းလာေရး အမ်ားျပည္သူတို႔က ေမွ်ာ္လင့္ေနေၾကာင္းပါ။

ေဂ်ၿငိမ္း
ေဖေဖာ္ဝါရီ - ၂