【 ဆောင်းပါး 】 ''ကိုဗစ်မှသည် ခြေဥပြင်ဆင်ရေးဆီ''

【 ဆောင်းပါး 】 ''ကိုဗစ်မှသည် ခြေဥပြင်ဆင်ရေးဆီ''

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေးနယ်ပယ်က လူအများစုပြင်ဆင်လိုတဲ့ အချက်တွေက ခပ်များများရယ်ပါ။အဲဒီအထဲကမှ အများစုပါးစပ်ဖျား ရေပန်းစားတာကတော့ ပုဒ်မ ၅၉ (စ) နဲ့ ၄၃၆ပဲပေါ့။အဲဒီပုဒ်မနှစ်ခုရဲ့နောက်မှာမှ တခြားပြင်ဆင်လိုတဲ့ ပုဒ်မတွေက လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေးတာကို အခုနှစ် မတ်လအတွင်းမှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ဖို့ အဆင့်ဆင့်လုပ်ဆောင်ခဲ့တဲ့နေရာမှာ တစ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာတော့ သိပ်အရေးမကြီးတဲ့ ပုဒ်မ ၄ ခုပဲ ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုပြင်ဆင်တဲ့ကာလမှာ ပုဒ်မ ၅၉ (စ) ပယ်ဖျက်ဖို့ ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်လို့ အဲဒီပုဒ်မကို မပြင်ဆင်နိုင်ခဲ့ပါဘူး။အဲဒီလိုပဲ ၄၃၆ (က) ပြင်ဆင်ဖို့လည်း ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်ခဲ့လို့ ပြင်လို့မရခဲ့ပါဘူး။လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၈၈ ဦး ရှိပါတယ်။ရွေးကောက်ခံကိုယ်စားလှယ် ၄၈၈ ဦး ရှိတာမို့ ပြင်ဆင်တဲ့ကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ မဲခွဲတဲ့နေရာမှာ ထောက်ခံမဲ လေးရာကျော်ဝန်းကျင် ရခဲ့မယ်ဆိုရင်တောင် ရာခိုင်နှုန်းအားဖြင့် ၆၀ ဝန်းကျင်ပဲ ရှိပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေ မပါရင်တောင် ၇၅ ရာခိုင်နှုန်းကို ရဖို့မလွယ်ပါဘူး။ဒါကြောင့်မို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဘယ်လောက်ခက်လဲဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။

အခုတလော စာရေးသူစဉ်းစားမိတဲ့ အချက်တစ်ခုရှိပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်မယ်ထင်တဲ့ ပုဒ်မနှစ်ခုပါ။အဲဒီပုဒ်မက ၁၁၉ နဲ့ ၁၅၁ ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နဲ့ ဆက်စပ်ပါတယ်။ဘာလို့ ကိုဗစ်နဲ့ ဆက်စပ်လည်းဆိုတော့ မကြာခင်မှာ ရွေးကောက်ပွဲကျင်းပရတော့မှာဖြစ်ပါတယ်။အခု ကိုဗစ်ကဖြစ်နေတော့ ရွေးကောက်ပွဲလို လူစုလူဝေးနဲ့ကျင်းပဖို့က အတော်ကိုစဉ်းစားရမယ့် သဘောရှိပါတယ်။ဒီနေရာမှာ စဉ်းစားစရာရှိတာက ရွေးကောက်ပွဲကိုနောက်ဆုတ်မလား။ဥပဒေအရ နောက်ဆုတ်လို့ကောရလား။
ကိုဗစ်ဖြစ်နေပေမယ့် ရွေးကောက်ပွဲကို နောက်မဆုတ်ဘူး ပုံမှန်အတိုင်းပဲ အချိန်မီကျင်းပမယ်ဆိုရင်တော့ စာရေးသူအခုပြောမယ့် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ထည့်မစဉ်းစားလဲဖြစ်ပါတယ်။ဒါပေမယ့် ရွေးကောက်ပွဲရွှေ့ဖို့ စဉ်းစားမယ်ဆိုရင် လွှတ်တော်သက်တမ်းကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ လွှတ်တော်သက်တမ်းဆိုင်ရာ ပြဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၁၁၉ နဲ့ ၁၅၁ က ကိုဗစ်နဲ့ သက်ဆိုင်လာတာဖြစ်ပါတယ်။ဒီနေရာမှာ ရွေးကောက်ပွဲနဲ့ဆိုင်ပေမယ့် ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမှာ ဘယ်လိုပြဌာန်းထားလဲကို ပြောမှာထက် အခြေခံဥပဒေမှာ ဘယ်လိုပါလဲဆိုတာကို ဦးစားပေးပြောလိုပါတယ်။ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက ဘယ်လိုပဲရှိရှိ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အောက်မှာပဲရှိတာမို့ အခြေခံဥပဒေပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နေမယ်ဆို ဘာမှလုပ်လို့မရပါဘူး။ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဦးစားပေးဖော်ပြလိုတာဖြစ်ပါတယ်။

''ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှစ၍ ငါးနှစ်ဖြစ်သည်။အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် အမျိုးသားလွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်'' ဆိုတဲ့ အဲဒီပြဌာန်းချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၉ နဲ့ ၁၅၁ မှာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ဒီပုဒ်မနှစ်ခုရဲ့ ပြဋ္ဌာန်းချက်အရဆိုရင် ရွေးကောက်ပွဲက နောက်ဆုတ်လို့မရပါဘူး။ရွေးကောက်ပွဲနောက်ဆုတ်လိုက်တာနဲ့ လွှတ်တော်သက်တမ်းက ကုန်သွားတဲ့အချိန်ဖြစ်နေမယ်ဆိုရင် လွှတ်တော်က ရပ်တန့်သွားမှာဖြစ်ပါတယ်။တချို့ကသုံးသပ်ပါတယ်။လွှတ်တော်ကို တပ်မတော်က ဝင်ကိုင်လို့မရဘူးလားလို့ပေါ့။ဝင်ကိုင်ဖို့မလွယ်ကူပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေအရ အစိုးရက တပ်မတော်ကို အာဏာလွှဲလိုက်ချိန်မှာတော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ တိုင်းပြည်အဓိကမဏ္ဍိုင်သုံးရပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို သတ်မှတ်ကာလအတိုင်းအတာတစ်ခုအထိ တပ်မတော်က ရရှိပါတယ်။နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနဲ့ အဓမ္မနည်းတွေနဲ့ရယူဖို့ ဆောင်ရွက်တာ၊ ကြိုးပမ်းအားထုတ်တာတွေကြောင့် ပြည်ထောင်စုပြိုကွဲစေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့်၊ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမယ့် အရေးပေါ်အခြေအနေ ပေါ်ပေါက်ရင် ဒါမှမဟုတ် ပေါ်ပေါက်ဖို့လုံလောက်တဲ့အကြောင်းတွေ့ရှိရင် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ဥပဒေလိုအာဏာတည်တဲ့အမိန့် ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်ပါတယ်။အဲဒီအမိန့်မှာ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်တဲ့နယ်မြေက နိုင်ငံတစ်ဝန်းလုံးဖြစ်တယ်ဆိုတာရယ်၊ အချိန်ကာလ သတ်မှတ်ချက်က အမိန့်ထုတ်ပြန်တဲ့နေ့ကနေ တစ်နှစ်အထိ ဖြစ်တယ်ဆိုတာရယ်ကို ဖော်ပြရမှာဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ မှာ ဆိုပါတယ်။

အထက်ကပြောခဲ့တဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေထဲမှာ ကိုဗစ်လို သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စတွေ ကြုံတွေ့ရင် အစိုးရက တပ်မတော်ကို အာဏာလွှဲနိုင်တယ်ဆိုတဲ့ အချက်မျိုး ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး။ဒါကြောင့် ရွေးကောက်ပွဲရွှေ့လိုက်လို့ လွှတ်တော်သက်တမ်းကုန်နေချိန် ဖြစ်မယ်ဆိုရင်တောင် လွှတ်တော်ကို တပ်မတော်က ဝင်ကိုင်ဖို့မလွယ်ကူဘူးလို့ ပြောရတာဖြစ်ပါတယ်။အဲဒီတော့ ရွေးကောက်ပွဲနောက်ဆုတ်မှာမို့ လွှတ်တော်သက်တမ်းကို ကျော်လွန်သွားစရာ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာမယ်ဆိုရင် လွှတ်တော်သက်တမ်းကို ပြုပြင်တာဖြစ်စေ ခြွင်းချက်သဘောမျိုးထည့်တာဖြစ်စေ လုပ်ဆောင်ရမယ်လို့ သုံးသပ်မိပါတယ်။

အခုလွှတ်တော်သက်တမ်းမှာ ရွေးကောက်ပွဲကို ပုံမှန်အချိန်အတိုင်း ကျင်းပဖြစ်မှာရယ်၊ အနည်းငယ်သာကျန်တော့တဲ့ လွှတ်တော်သက်တမ်းအရ ပြင်ဆင်ဖို့အချိန်မရတာရယ်ကြောင့် အဲဒီပုဒ်မနှစ်ခုကို မပြင်ဆင်ဖြစ်ဘူးဆိုရင်တောင် နောင်လွှတ်တော်သက်တမ်းတွေမှာ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ ပုဒ်မတွေဖြစ်တယ်ဆိုတာကို ကိုဗစ်ပြဿနာနဲ့ ရွေးကောက်ပွဲကာလတိုက်ဆိုင်မှုက အကောင်းဆုံးသက်သေပြလိုက်ပြီဖြစ်ပါတယ်။

ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တာနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့နည်းလမ်းအချို့ကို ပြန်လည်ဝေမျှချင်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ နှစ်ဆယ်ရာခိုင်နှူန်းက တင်ပြလာမယ်ဆိုရင် အဲဒီပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမှာဖြစ်ပါတယ်။ဒီနည်းလမ်းတွေနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့မှာ ပြဌာန်းထားတာဖြစ်ပါတယ်။ဒါ့အပြင် အဲဒီဥပဒေမှာပါတဲ့ ပုဒ်မအရေအတွက် ၄၅၇ ခုမှာ အရေအတွက် ၃၆၈ ခုကို ပြင်ချင်ရင်ပြည်ထောင်စုလွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူမှရပါမယ်။ကျန်ပုဒ်မ ၈၉ ခုကို ပြင်ချင်ရင် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံရမယ့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရပါမယ်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့ပဲ ပြင်လို့ရမှာဖြစ်ပါတယ်။၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၁၁၉ နဲ့ ၁၅၁ လို ကိစ္စတွေကို ပြင်ချင်ရင် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံရုံနဲ့ ပြင်လို့ရပါတယ်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲ ပေးစရာမလိုပါဘူး။

ဒါကြောင့်မို့ ကိုဗစ်မှသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆီ သွားမည်ဆိုရင်ဖြင့် လွှတ်တော်သက်တမ်း ကန့်သတ်ချက်ဖြစ်တဲ့ ပုဒ်မ ၁၁၉ နဲ့ ၁၅၁ မှာ ခြွင်းချက်အနေနဲ့ ဘယ်လိုအရေးပေါ် အကြောင်းအရာတွေ ပေါ်လာပြီဆို လွှတ်တော်ကို သက်တမ်းဘယ်လိုဆွဲဆန့်နိုင်ပါသည် ဆိုတဲ့အချက်မျိုး ထည့်သွင်းပြင်ဆင်သင့်ပါကြောင်း အပြုသဘောဆောင် အကြံပြုလိုက်ပါရစေ။

သာဓက
မေ - ၁၆
( Zawgyi )
ျမန္မာႏိုင္ငံရဲ႕ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ႏိုင္ငံေရးနယ္ပယ္က လူအမ်ားစုျပင္ဆင္လိုတဲ့ အခ်က္ေတြက ခပ္မ်ားမ်ားရယ္ပါ။အဲဒီအထဲကမွ အမ်ားစုပါးစပ္ဖ်ား ေရပန္းစားတာကေတာ့ ပုဒ္မ ၅၉ (စ) နဲ႔ ၄၃၆ပဲေပါ့။အဲဒီပုဒ္မႏွစ္ခုရဲ႕ေနာက္မွာမွ တျခားျပင္ဆင္လိုတဲ့ ပုဒ္မေတြက လိုက္ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မဲေပးတာကို အခုႏွစ္ မတ္လအတြင္းမွာ ျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္ဖို႔ အဆင့္ဆင့္လုပ္ေဆာင္ခဲ့တဲ့ေနရာမွာ တစ္ႏွစ္ေက်ာ္ၾကာၿပီးတဲ့ေနာက္မွာေတာ့ သိပ္အေရးမႀကီးတဲ့ ပုဒ္မ ၄ ခုပဲ ျပင္ဆင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီလိုျပင္ဆင္တဲ့ကာလမွာ ပုဒ္မ ၅၉ (စ) ပယ္ဖ်က္ဖို႔ ေထာက္ခံဆႏၵမဲ ၇၅ ရာခိုင္ႏႈန္း မေက်ာ္လို႔ အဲဒီပုဒ္မကို မျပင္ဆင္ႏိုင္ခဲ့ပါဘူး။အဲဒီလိုပဲ ၄၃၆ (က) ျပင္ဆင္ဖို႔လည္း ေထာက္ခံဆႏၵမဲ ၇၅ ရာခိုင္ႏႈန္း မေက်ာ္ခဲ့လို႔ ျပင္လို႔မရခဲ့ပါဘူး။လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၆၅၄ ဦးရွိၿပီး တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၁၆၆ ဦးနဲ႔ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၄၈၈ ဦး ရွိပါတယ္။ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၄၈၈ ဦး ရွိတာမို႔ ျပင္ဆင္တဲ့ကိစၥတစ္ခုကို ေဆာင္႐ြက္ဖို႔ မဲခြဲတဲ့ေနရာမွာ ေထာက္ခံမဲ ေလးရာေက်ာ္ဝန္းက်င္ ရခဲ့မယ္ဆိုရင္ေတာင္ ရာခိုင္ႏႈန္းအားျဖင့္ ၆၀ ဝန္းက်င္ပဲ ရွိပါတယ္။ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ဖို႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ မပါရင္ေတာင္ ၇၅ ရာခိုင္ႏႈန္းကို ရဖို႔မလြယ္ပါဘူး။ဒါေၾကာင့္မို႔ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ဖို႔ ဘယ္ေလာက္ခက္လဲဆိုတာ အားလုံးသိၿပီးျဖစ္ပါတယ္။

အခုတေလာ စာေရးသူစဥ္းစားမိတဲ့ အခ်က္တစ္ခုရွိပါတယ္။ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပင္ဆင္ဖို႔ လိုအပ္ေကာင္း လိုအပ္လာႏိုင္မယ္ထင္တဲ့ ပုဒ္မႏွစ္ခုပါ။အဲဒီပုဒ္မက ၁၁၉ နဲ႔ ၁၅၁ ျဖစ္ၿပီး လက္ရွိျဖစ္ေပၚေနတဲ့ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္နဲ႔ ဆက္စပ္ပါတယ္။ဘာလို႔ ကိုဗစ္နဲ႔ ဆက္စပ္လည္းဆိုေတာ့ မၾကာခင္မွာ ေ႐ြးေကာက္ပြဲက်င္းပရေတာ့မွာျဖစ္ပါတယ္။အခု ကိုဗစ္ကျဖစ္ေနေတာ့ ေ႐ြးေကာက္ပြဲလို လူစုလူေဝးနဲ႔က်င္းပဖို႔က အေတာ္ကိုစဥ္းစားရမယ့္ သေဘာရွိပါတယ္။ဒီေနရာမွာ စဥ္းစားစရာရွိတာက ေ႐ြးေကာက္ပြဲကိုေနာက္ဆုတ္မလား။ဥပေဒအရ ေနာက္ဆုတ္လို႔ေကာရလား။
ကိုဗစ္ျဖစ္ေနေပမယ့္ ေ႐ြးေကာက္ပြဲကို ေနာက္မဆုတ္ဘူး ပုံမွန္အတိုင္းပဲ အခ်ိန္မီက်င္းပမယ္ဆိုရင္ေတာ့ စာေရးသူအခုေျပာမယ့္ အေျခခံဥပေဒျပင္ဆင္ေရးကိစၥကို ထည့္မစဥ္းစားလဲျဖစ္ပါတယ္။ဒါေပမယ့္ ေ႐ြးေကာက္ပြဲေ႐ႊ႕ဖို႔ စဥ္းစားမယ္ဆိုရင္ လႊတ္ေတာ္သက္တမ္းကိုပါ ထည့္သြင္းစဥ္းစားရမွာျဖစ္ပါတယ္။ဒါေၾကာင့္မို႔ လႊတ္ေတာ္သက္တမ္းဆိုင္ရာ ျပဌာန္းခ်က္ျဖစ္တဲ့ ပုဒ္မ ၁၁၉ နဲ႔ ၁၅၁ က ကိုဗစ္နဲ႔ သက္ဆိုင္လာတာျဖစ္ပါတယ္။ဒီေနရာမွာ ေ႐ြးေကာက္ပြဲနဲ႔ဆိုင္ေပမယ့္ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒေတြမွာ ဘယ္လိုျပဌာန္းထားလဲကို ေျပာမွာထက္ အေျခခံဥပေဒမွာ ဘယ္လိုပါလဲဆိုတာကို ဦးစားေပးေျပာလိုပါတယ္။ဘာလို႔လဲဆိုေတာ့ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒေတြက ဘယ္လိုပဲရွိရွိ ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ေအာက္မွာပဲရွိတာမို႔ အေျခခံဥပေဒျပဌာန္းခ်က္ေတြနဲ႔ ဆန႔္က်င္ေနမယ္ဆို ဘာမွလုပ္လို႔မရပါဘူး။ဒါေၾကာင့္မို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြကို ဦးစားေပးေဖာ္ျပလိုတာျဖစ္ပါတယ္။

''ျပည္သူ႔လႊတ္ေတာ္၏ သက္တမ္းသည္ ယင္းလႊတ္ေတာ္၏ ပထမအႀကိမ္အစည္းအေဝး စတင္က်င္းပသည့္ ေန႔ရက္မွစ၍ ငါးႏွစ္ျဖစ္သည္။အမ်ိဳးသားလႊတ္ေတာ္၏ သက္တမ္းသည္ ျပည္သူ႔လႊတ္ေတာ္၏ သက္တမ္းႏွင့္အညီျဖစ္သည္။ျပည္သူ႔လႊတ္ေတာ္၏ သက္တမ္းကုန္ဆုံးေသာေန႔တြင္ အမ်ိဳးသားလႊတ္ေတာ္၏ သက္တမ္းသည္လည္း ကုန္ဆုံးသည္'' ဆိုတဲ့ အဲဒီျပဌာန္းခ်က္က ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၁၁၉ နဲ႔ ၁၅၁ မွာ ျပ႒ာန္းထားတာျဖစ္ပါတယ္။

ဒီပုဒ္မႏွစ္ခုရဲ႕ ျပ႒ာန္းခ်က္အရဆိုရင္ ေ႐ြးေကာက္ပြဲက ေနာက္ဆုတ္လို႔မရပါဘူး။ေ႐ြးေကာက္ပြဲေနာက္ဆုတ္လိုက္တာနဲ႔ လႊတ္ေတာ္သက္တမ္းက ကုန္သြားတဲ့အခ်ိန္ျဖစ္ေနမယ္ဆိုရင္ လႊတ္ေတာ္က ရပ္တန႔္သြားမွာျဖစ္ပါတယ္။တခ်ိဳ႕ကသုံးသပ္ပါတယ္။လႊတ္ေတာ္ကို တပ္မေတာ္က ဝင္ကိုင္လို႔မရဘူးလားလို႔ေပါ့။ဝင္ကိုင္ဖို႔မလြယ္ကူပါဘူး။ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္ေတြအရ အစိုးရက တပ္မေတာ္ကို အာဏာလႊဲလိုက္ခ်ိန္မွာေတာ့ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးဆိုတဲ့ တိုင္းျပည္အဓိကမ႑ိဳင္သုံးရပ္ရဲ႕ လုပ္ပိုင္ခြင့္အာဏာေတြကို သတ္မွတ္ကာလအတိုင္းအတာတစ္ခုအထိ တပ္မေတာ္က ရရွိပါတယ္။ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ဆူပူေသာင္းက်န္းမႈ၊ အၾကမ္းဖက္မႈနဲ႔ အဓမၼနည္းေတြနဲ႔ရယူဖို႔ ေဆာင္႐ြက္တာ၊ ႀကိဳးပမ္းအားထုတ္တာေတြေၾကာင့္ ျပည္ေထာင္စုၿပိဳကြဲေစမယ့္ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ ၿပိဳကြဲေစမယ့္၊ အခ်ဳပ္အျခာအာဏာ လက္လႊတ္ဆုံးရႈံးေစမယ့္ အေရးေပၚအေျခအေန ေပၚေပါက္ရင္ ဒါမွမဟုတ္ ေပၚေပါက္ဖို႔လုံေလာက္တဲ့အေၾကာင္းေတြ႕ရွိရင္ ႏိုင္ငံေတာ္သမၼတက အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီနဲ႔ ညႇိႏႈိင္းၿပီး ဥပေဒလိုအာဏာတည္တဲ့အမိန႔္ ထုတ္ျပန္ၿပီး အေရးေပၚအေျခအေန ေၾကညာႏိုင္ပါတယ္။အဲဒီအမိန႔္မွာ အေရးေပၚအေျခအေန အက်ိဳးသက္ေရာက္တဲ့နယ္ေျမက ႏိုင္ငံတစ္ဝန္းလုံးျဖစ္တယ္ဆိုတာရယ္၊ အခ်ိန္ကာလ သတ္မွတ္ခ်က္က အမိန႔္ထုတ္ျပန္တဲ့ေန႔ကေန တစ္ႏွစ္အထိ ျဖစ္တယ္ဆိုတာရယ္ကို ေဖာ္ျပရမွာျဖစ္တယ္လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၇ မွာ ဆိုပါတယ္။

အထက္ကေျပာခဲ့တဲ့ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္ေတြထဲမွာ ကိုဗစ္လို သဘာဝေဘးအႏၲရာယ္ဆိုင္ရာကိစၥေတြ ႀကဳံေတြ႕ရင္ အစိုးရက တပ္မေတာ္ကို အာဏာလႊဲႏိုင္တယ္ဆိုတဲ့ အခ်က္မ်ိဳး ျပ႒ာန္းထားတာ မေတြ႕ရပါဘူး။ဒါေၾကာင့္ ေ႐ြးေကာက္ပြဲေ႐ႊ႕လိုက္လို႔ လႊတ္ေတာ္သက္တမ္းကုန္ေနခ်ိန္ ျဖစ္မယ္ဆိုရင္ေတာင္ လႊတ္ေတာ္ကို တပ္မေတာ္က ဝင္ကိုင္ဖို႔မလြယ္ကူဘူးလို႔ ေျပာရတာျဖစ္ပါတယ္။အဲဒီေတာ့ ေ႐ြးေကာက္ပြဲေနာက္ဆုတ္မွာမို႔ လႊတ္ေတာ္သက္တမ္းကို ေက်ာ္လြန္သြားစရာ အေၾကာင္းတစ္စုံတစ္ရာ ေပၚေပါက္လာမယ္ဆိုရင္ လႊတ္ေတာ္သက္တမ္းကို ျပဳျပင္တာျဖစ္ေစ ႁခြင္းခ်က္သေဘာမ်ိဳးထည့္တာျဖစ္ေစ လုပ္ေဆာင္ရမယ္လို႔ သုံးသပ္မိပါတယ္။

အခုလႊတ္ေတာ္သက္တမ္းမွာ ေ႐ြးေကာက္ပြဲကို ပုံမွန္အခ်ိန္အတိုင္း က်င္းပျဖစ္မွာရယ္၊ အနည္းငယ္သာက်န္ေတာ့တဲ့ လႊတ္ေတာ္သက္တမ္းအရ ျပင္ဆင္ဖို႔အခ်ိန္မရတာရယ္ေၾကာင့္ အဲဒီပုဒ္မႏွစ္ခုကို မျပင္ဆင္ျဖစ္ဘူးဆိုရင္ေတာင္ ေနာင္လႊတ္ေတာ္သက္တမ္းေတြမွာ အေျခခံဥပေဒကို ျပင္ဆင္မယ္ဆိုရင္ ထည့္သြင္းစဥ္းစားသင့္တဲ့ ပုဒ္မေတြျဖစ္တယ္ဆိုတာကို ကိုဗစ္ျပႆနာနဲ႔ ေ႐ြးေကာက္ပြဲကာလတိုက္ဆိုင္မႈက အေကာင္းဆုံးသက္ေသျပလိုက္ၿပီျဖစ္ပါတယ္။

ဒီေနရာမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္တာနဲ႔ပတ္သက္ၿပီး သတ္မွတ္ထားတဲ့နည္းလမ္းအခ်ိဳ႕ကို ျပန္လည္ေဝမွ်ခ်င္ပါတယ္။ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ဥပေဒမူၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္မွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္စုစုေပါင္းရဲ႕ ႏွစ္ဆယ္ရာခိုင္ႏႉန္းက တင္ျပလာမယ္ဆိုရင္ အဲဒီျပင္ဆင္ခ်က္ဥပေဒမူၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္က လက္ခံေဆြးေႏြးရမွာျဖစ္ပါတယ္။ဒီနည္းလမ္းေတြနဲ႔ပတ္သက္လို႔ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို႔မွာ ျပဌာန္းထားတာျဖစ္ပါတယ္။ဒါ့အျပင္ အဲဒီဥပေဒမွာပါတဲ့ ပုဒ္မအေရအတြက္ ၄၅၇ ခုမွာ အေရအတြက္ ၃၆၈ ခုကို ျပင္ခ်င္ရင္ျပည္ေထာင္စုလႊတ္ေတာ္ထဲက လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္က သေဘာတူမွရပါမယ္။က်န္ပုဒ္မ ၈၉ ခုကို ျပင္ခ်င္ရင္ ၇၅ ရာခိုင္ႏႈန္းေက်ာ္က ျပင္ဆင္ဖို႔ သေဘာတူလက္ခံရမယ့္အျပင္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ က်င္းပရပါမယ္။
ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံးရဲ႕ ထက္ဝက္ေက်ာ္ဆႏၵမဲနဲ႔ပဲ ျပင္လို႔ရမွာျဖစ္ပါတယ္။၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲက ပုဒ္မ ၁၁၉ နဲ႔ ၁၅၁ လို ကိစၥေတြကို ျပင္ခ်င္ရင္ ၇၅ ရာခိုင္ႏႈန္းေက်ာ္က ျပင္ဆင္ဖို႔ သေဘာတူလက္ခံ႐ုံနဲ႔ ျပင္လို႔ရပါတယ္။
ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံးရဲ႕ ထက္ဝက္ေက်ာ္ဆႏၵမဲ ေပးစရာမလိုပါဘူး။

ဒါေၾကာင့္မို႔ ကိုဗစ္မွသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးဆီ သြားမည္ဆိုရင္ျဖင့္ လႊတ္ေတာ္သက္တမ္း ကန႔္သတ္ခ်က္ျဖစ္တဲ့ ပုဒ္မ ၁၁၉ နဲ႔ ၁၅၁ မွာ ႁခြင္းခ်က္အေနနဲ႔ ဘယ္လိုအေရးေပၚ အေၾကာင္းအရာေတြ ေပၚလာၿပီဆို လႊတ္ေတာ္ကို သက္တမ္းဘယ္လိုဆြဲဆန႔္ႏိုင္ပါသည္ ဆိုတဲ့အခ်က္မ်ိဳး ထည့္သြင္းျပင္ဆင္သင့္ပါေၾကာင္း အျပဳသေဘာေဆာင္ အႀကံျပဳလိုက္ပါရေစ။

သာဓက
ေမ - ၁၆