【 ဆောင်းပါး 】 ''ကားရိုးရာ ကားဓလေ့''

【 ဆောင်းပါး 】 ''ကားရိုးရာ ကားဓလေ့''

ကားနဲ့အပြင်သွားစရာတစ်ခုခုရှိတဲ့နေ့ဆို သွားမယ့်နေ့ မနက်အိပ်ရာနိုးတာနဲ့ အရင်ဆုံးစဉ်းစားရတာက လမ်းကြောင်း။ကိုယ်သွားမယ့် နေရာရောက်အောင် ဘယ်လမ်းကသွားရင် ကောင်းမလဲပေါ့။

ကားကြောလည်းမကျပ်အောင်၊ ကားရပ်မယ့်ပါကင်လည်းရဖို့ အလျဉ်းသင့်အောင်၊ မိုးရွာရင် ရေမကြီးတတ်တဲ့လမ်းဖြစ်အောင်၊ အပေါက်အပြဲ အချိုင့်အခွက်နည်းတဲ့ လမ်းဖြစ်အောင် စသဖြင့် ကိုယ်သွားမယ့် ကားလမ်းကြောအတွက် ဒီလိုပဲ အဘက်ဘက်က စဉ်းစားရပါတယ်။ရွေးချယ်စရာမရှိရင်တော့ ရှိတဲ့လမ်းကြောင်းကသာ မောင်းပေတော့ပေါ့။

အဲဒီလိုတွေစဉ်းစားပြီးရင် ဒုတိယလုပ်ရမယ့် အလုပ်က လမ်းမှာ ထော်လော်ကန့်လန့် ပရမ်းပတာ ကားမောင်းသမားတွေနဲ့ မတွေ့ဖို့ ဆုတောင်းရတာပါပဲ။ဒီနေ့ခေတ် ရန်ကုန်မှာ ကားမောင်းရတာ မလွယ်ပါဘူး။ကိုယ်က ဘယ်လောက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း သိသိ၊ အဲဒီစည်းကမ်းတွေနဲ့အညီ ဘယ်လောက်မောင်းမောင်း အန္တရာယ်ကင်းလိမ့်မယ် မထင်ပါနဲ့။ကားတွေကများ၊ လမ်းတွေကပိတ်၊ မနေ့တစ်နေ့ကမှ ကားတက်မောင်းသူတွေကလည်း သင်ခန်းစာအသစ်တွေ ပေးနေတာမို့ တစ်နေ့တစ်မျိုး ရိုးရတယ်ကို မရှိပါဘူး။

အရင်ခေတ်ကဆို ကားတင်သွင်းခွင့် မူဝါဒတွေ မပြောင်းခင်တုန်းက ရန်ကုန်မှာ ဒီလောက်ကားမများသလို ယာဉ်မောင်းလည်း ဒီလောက်မများပါဘူး။ကားရိုးရာ ကားဓလေ့တွေကလည်း ရိုးရှင်းပါသေးတယ်။ဆိုလိုတာက ကားမောင်းကျွမ်းသူချင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း သိသူချင်း လမ်းတွေပေါ် အထိအတွေ့များတာမို့ ဘတ်စကားတွေကလွဲရင် ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ အိမ်စီးကား၊ အငှါးကားတွေ သိပ်ပြီးမရှိသလောက်ပါပဲ။အခုခေတ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ဘတ်စကားလည်းကြောက်ရ၊ အိမ်စီးကားလည်းကြောက်ရ၊ အငှားကား တက္ကစီကားတွေလည်းကြောက်ရနဲ့ လမ်းပေါ်မှာ ကားထွက်မောင်းချိန် ကိုယ်မကြောက်ရတဲ့ကား သတိမထားရမယ့်ကားဆိုတာ မရှိသလောက်ပါပဲ။အဲဒီကားအမျိုးအစား မောင်းသူတိုင်း မကျွမ်းဘူး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားမလည်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ကျွမ်းသူ နားလည်သူတွေလည်း ရှိပါတယ်။တစ်နေ့တာ ကားမောင်းပြီး လမ်းထွက်ချိန် အဲဒီလိုကျွမ်းကျင်တဲ့ ကားဆရာတွေနဲ့ချည်းပဲ သင်တွေ့ခဲ့ရမယ်ဆို သင့်အတွက် အင်မတန်ရှားပါးတဲ့နေ့လေး ပိုင်ဆိုင်နိုင်ခဲ့ပြီလို့ ဂုဏ်ယူမဆုံး တစ်ပြုံးပြုံးသာ နေလိုက်ပါတော့။ဒါပေမယ့် အဲဒီလိုနေ့မျိုး ပိုင်ဆိုင်ဖို့ဆိုတာ တော်ရုံကုသိုလ်နဲ့တော့ ရလိမ့်မယ်မထင်ပါနဲ့။ထော်လော်ကန့်လန့် ပရမ်းပတာ တစ်စီးတလေတော့ အနည်းဆုံးတွေ့ပြီးမှ သင့်အိမ်ပြန်ရောက်မယ့်နေ့က ခပ်များများပါ။

မနေ့တစ်နေ့ကမှ ကားတက်မောင်းသူတွေကလည်း သင်ခန်းစာအသစ်တွေ ပေးနေတယ်ဆိုတာနဲ့ ဒီဘက်ခေတ် ကားရိုးရာ ကားဓလေ့တွေဆိုတာနဲ့ ပတ်သက်လို့ အနည်းငယ်ပြောပြချင်ပါတယ်။အရင်ခေတ်က အဝိုင်းပတ်ရင် လက်ပြရတယ်၊ အချက်ပြမီးပြရတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။အခုခေတ်က အဲဒါတွေအကုန်လုပ်ရပါတယ်။
ဘာလို့လဲဆိုတော့ ကားဆရာတချို့က အပြင်ကြောကယူပြီး အဝိုင်းကိုပတ်ပါတယ်။တချို့ကားဆရာက အတွင်းကြောကယူပြီး တည့်တည့်သွားပါတယ် ညာဘက်ကွေ့ပါတယ်။တချို့ကားဆရာက အဝိုင်းတစ်ပတ် မပြည့်ခင်မှာတင် ခုနကပြောခဲ့တဲ့ နည်းမျိုးစုံဖြစ်တဲ့ အတွင်းအပြင် နေရာစုံအောင်မောင်းပြီးမှ ကိုယ်လိုချင်တဲ့ လမ်းကြောကို ကြိုက်သလိုယူ ကြိုက်သလိုမောင်းကြပါတယ်။အဲဒါကြောင့် ကိုယ်က အဝိုင်းမှာ တည့်တည့်သွားမှာမို့ အလယ်ကြောယူထားရင်တောင် စုံအချက်ပြမီး ပြထားရပါတယ်။ညာကွေ့မှာမို့ ညာအစွန် အပြင်ကြောယူထားလည်း ညာအချက်ပြမီး ပြရပါတယ်။အဝိုင်းပတ်မယ်ဆိုလို့ကတော့ ကိုယ်က အတွင်းကြောယူထားရုံနဲ့ မလုံလောက်ပါဘူး။ အချက်ပြမီးပြရုံတင် မပြီးတဲ့အပြင် လက်ပါထုတ်ပြီး အဝိုင်းပတ်ပါတော့မယ်ဆိုပြီး အဝိုင်းပုံလေးပေါ်အောင် လက်လေးဝှေ့ရမ်းလို့ စက်ဝိုင်းဝိုင်းပြရတဲ့ အခါတွေလည်း ရှိပါတယ်။

နောက်တစ်ခုက လမ်းကြောအယူအဆပါ။အရင်က ကိုယ်သွားမယ့် လမ်းကြောနဲ့ ကိုက်တဲ့ဘက်ကနေ အကွာအဝေး တော်တော်လှမ်းတဲ့အထိ ကြိုယူပြီး မောင်းလို့ရပါတယ်။အခုက အဲလိုမဟုတ်ပါဘူး။ကိုယ်က လမ်းကြောမှန်ယူထားရင်တောင် အရှေ့အနောက်၊ တောင်မြောက် အရပ်လေးမျက်နှာ အစုံကနေ ဟွန်းမပေး ဘာမပေး၊ အချက်လည်းမပြဘဲ ကိုယ့်လမ်းကြောထဲ ရုတ်တရက်ခေါင်းထိုးထည့်ပြီး ဝင်ဝင်လာတတ်တာမို့ လမ်းကြောကြိုယူထားရင်တောင် သူတို့ကိုရှောင်ရင်း လမ်းကြောက ခဏခဏလွဲပြီး လမ်းကြောမှန်ရောက်အောင် ပြန်ပြန်ယူရတာက တစ်လုပ်ပါ။အဲဒီတော့ ကိုယ်လည်း စာအုပ်ကြီးအတိုင်းမောင်းရင် လိုရာခရီးရောက်စရာ မမြင်တာမို့ အခြေအနေကြည့်ပြီး လမ်းကြောကို အဆင်ပြေသလို ယူရပါတယ်။

ပြီးတော့ရှိပါသေးတယ်။ကျော်တက်မှသာ ဘယ်ဘက်ယာဉ်ကြောက ကျော်တက်ပြီး ဟွန်းပေးရတာပဲ ကြားဖူးပါတယ်။ အခုက အဲဒီလိုမဟုတ်ပါဘူး။ဘယ်လိုလမ်းကြောကနေ ယူမောင်းမောင်း ကိုယ့်လမ်းကြော ဘယ်ညာမှာ ကားတွေ့ပြီဆိုတာနဲ့ ဟွန်းကြိုတီးရပါတယ်။အဲဒီလိုမှမဟုတ်ရင် ကိုယ့်ဘယ်ညာက ကားတွေက နောက်ကြည့်မှန် ဘေးကြည့်မှန် မကြည့်ဘဲ ကိုယ့်လမ်းကြောထဲ အတင်းဝင်ဝင်လာတတ်တာမို့ ဟွန်းတီးရတာဖြစ်ပါတယ်။ဒါတွေအပြင် လမ်းမကြီးကယာဉ်ကို လမ်းသွယ်ယာဉ်က ဦးစားပေးရတာတို့ ဘာတို့လည်း နားမလည်ကြတာ ဒီဘက်ခေတ်ထဲ အတော်များလာပါတယ်။

ကိုယ်ကမှန်ရင်တောင် မမှန်တဲ့သူတွေက ဘုကြည့်ကြည့်တာ ရန်ဆောင်တာတွေ မကြာခဏဆိုသလို ကြုံရပါတယ်။အဲဒီတော့ ဘာသွားတွေ့လည်းဆိုတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလည်း နားမလည် ကားကို တကယ်ကျွမ်းကျွမ်းကျင်ကျင် မမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင်တွေ အလွယ်ရထားကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။တချို့ဆို လိုင်စင်တောင်မရှိဘဲ တက်မောင်းကြတဲ့သူတွေတောင် ရှိပါတယ်။

ဒီနေရာမှာပြောလိုတာက တချို့ကထင်ကြတယ်။ကားမူဝါဒတွေ ပြောင်းလိုက်လို့ ကားတွေဈေးကျပြီး အများစုကားဝယ်စီးနိုင်လာရာကနေ ယာဉ်ကြောတွေ ကျပ်လာကြတယ်ပေါ့။အမှန်က ကားဝယ်စီးသူများတိုင်း ကားတင်သွင်းတာတွေများတိုင်း လမ်းကျပ်လာနိုင်တာ မဟုတ်ပါဘူး။ကားတွေက လမ်းပေါ်ထွက်လာမှ လမ်းကျပ်မှာဖြစ်ပါတယ်။
အဲဒီလိုတွေ ထွက်မောင်းဖို့ဆို ယာဉ်မောင်းတွေ လိုပါတယ်။အဲဒီလို လမ်းပေါ်ထွက်လာသမျှ ယာဉ်တွေ မောင်းတဲ့သူရှိလာတာဟာ အရင်ထက် ယာဉ်မောင်းလိုင်စင်ရတဲ့သူ ပိုများလာလို့ဖြစ်ပါတယ်။ဒီနေရာမှာ ငြင်းမယ်ဆို ငြင်းလို့ရတဲ့ အချက်ရှိပါတယ်။ကားမူဝါဒ မပြောင်းခင်ကတည်းက လိုင်စင်ရထားပြီး မောင်းတတ်သူတွေက အခုကားဝယ်နိုင်မှ ထွက်မောင်းတာကော မဖြစ်နိုင်ဘူးလားလို့ ငြင်းစရာရှိပါတယ်။မှန်ပါတယ် အဲဒီလိုလူမျိုးတွေလည်း ရှိမှာပါပဲ။ဒါပေမယ့် အဲဒီလိုလူမျိုးတွေက အခုလမ်းပေါ်ထွက်မောင်းနေတဲ့ ကားအရေအတွက်အတိုင်း ဘယ်လိုမှမရှိနိုင်ပါဘူး။ဘာလို့လဲဆိုတော့ အခုယာဉ်မောင်းတွေထဲမှာ အတော်အသက်ငယ်ရွယ်သူတွေ အများစုပါဝင်နေတာ တွေ့ရပါတယ်။ဒါ့အပြင် စာရေးသူ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းထဲမှာကို အခု ဒီဘက်ခေတ် ကားသစ်တွေပေါ်မှ လိုင်စင်မရရအောင်လုပ်ပြီး ကားတက်မောင်းသူတွေ ရှိပါတယ်။ဟိုတလောက တက္ကစီငှါးစီးဖြစ်တော့ ယာဉ်မောင်းနဲ့ စကားပြောဖြစ်မှ သူက ဗိုလ်ကလေးမှာ အရင်ကသမ္မန်မောင်းတာတဲ့ ခေတ်အခြေအနေအရ ကားမူဝါဒပြောင်းချိန် တက္ကစီတွေပေါလာလို့ ကားမောင်းသင်ပြီး လေးငါးနှစ်အတွင်း လိုင်စင်ရပြီး ကားတက်မောင်းတယ် ပြောပါတယ်။မန်ညူရယ်ဂီယာကို ဘယ်လောက်ကြာကြာမောင်းဘူးလဲ မေးကြည့်တော့ ကားမောင်းသင်တုန်းက လပိုင်းပဲ မောင်းဖူးပါတယ်တဲ့။အခုခေတ် ယာဉ်မောင်းတွေထဲမှာလည်း သူ့လိုပဲ မန်ညူရယ်ဂီယာကို ကျွမ်းကျွမ်းကျင်ကျင် မမောင်းတတ်တဲ့သူတွေ အများကြီးပါ။

စာရေးသူ ဇနီးလည်း ကားမောင်းသင်ပါတယ်။သင်မောင်းလက်မှတ်ရပြီး သင်တန်းလည်းဆင်းပါတယ်။လိုင်စင်ဝင်ဖြေလောက်အောင် မကျွမ်းသေးဘူး ယူဆလို့ ခုထိကားမမောင်းခိုင်းသေးပါဘူး။သူ့ကြောင့် သူများအနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။အော်တိုဂီယာဆိုတာ ရက်ပိုင်းနဲ့သင် တက်မောင်းတတ်ရုံ ရှေ့တိုးနောက်ဆုတ်လုပ်ရုံက မခက်ပါဘူး။ခက်တာက ယာဉ်စည်းကမ်း လမ်းစည်းကမ်း တကယ်သိပြီး အယူအဆ လမ်းကြောကျွမ်းကျင်ဖို့က ခက်တာပါ။

ဘာကိုပြောချင်တာလည်းဆိုတော့ ယာဉ်မောင်းလိုင်စင်သာ လွယ်လွယ်မရကြရင် ကားလည်း လွယ်လွယ်ထွက်မောင်းရဲကြမှာ မဟုတ်လို့ လမ်းပေါ်မှာ ကားကျပ်တာတွေကို အထိုက်အလျောက် လျှော့ချပြီးသား ဖြစ်သွားနိုင်ပါတယ်။အခုက လိုင်စင်လွယ်လွယ်ရပြီး တကယ်ကားမောင်းမကျွမ်းလို့ မောင်းတတ်သူတွေ အနှောင့်အယှက်ဖြစ်၊ လမ်းတွေကျပ် ယာဉ်တိုက်မှုတွေဖြစ်နေတာက ပြဿနာပါ။

ယာဉ်တိုက်မှုဆိုလို့ မော်တော်ယာဉ်နဲ့ဆိုင်တဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီး လူအချို့က အယူအဆလွဲနေတာလေးတွေကို သွားပြီးသတိရပါတယ်။ဒါကြောင့် ယာဉ်နဲ့ပတ်သက်တဲ့ ဥပဒေပုဒ်မတချို့ကို ပြောပြချင်ပါတယ်။ရာဇသတ်ကြီးဥပဒေအရ ပုဒ်မ၂၇၉ ယာဉ်မဆင်မခြင်မောင်းနှင်မှူ၊ ယာဉ်တိုက်မှုကြောင့် သာမန်ဒဏ်ရာရတယ်ဆို ပုဒ်မ ၃၃၇၊ ပြင်းထန်ဒဏ်ရာရတယ်ဆိုရင် ပုဒ်မ ၃၃၈၊ လူသေရင် ပုဒ်မ ၃ဝ၄ - က။၂၇၉ နဲ့ ၃၃၇ က နှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်ဖြစ် ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။၃၃၈ က ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးအပြင် ငွေဒဏ်ချမှတ်လို့ရပါတယ်။၃၀၄ - က ဆိုရင် ပေါ့လျော့စွာပြုမူမှုကြောင့် လူသေမှုဖြစ်ပြီး ခုနစ်နှစ်ထိ ထောင်ဒဏ်အပြင် ငွေဒဏ်ချမှတ်လို့ရပါတယ်။

တချို့က ဒီလိုထင်ပါတယ်။ယာဉ်မောင်းတစ်ဦး ပေါ့ဆလို့ ကားပျက်စီးသွားတဲ့ ကားပိုင်ရှင်တွေ အရမ်းနစ်နာတယ်ပေါ့။ပျက်စီးသွားတဲ့ ကားပိုင်ရှင်တွေက ယာဉ်တိုက်မှုကျူးလွန်သူကို လျော်ကြေးတောင်းတဲ့အခါ ယာဉ်တိုက်မှုကျူးလွန်သူဘက်က လျော်ကြေးမပေးနိုင်ဘူး အမှုဖွင့်လည်း ဂရုမစိုက်ဘူး။ပုဒ်မ ၂၇၉ က အာမခံရတယ် တရားရုံးမှာ ဒဏ်ငွေနဲ့ပြီးတယ်။လူကို မထိခိုက်ရင်၊ မသေရင် ကားပျက်စီးတဲ့ ကြီးမားတဲ့တန်ဖိုးကို လျော်စရာမလိုဘူး။ဒါကြောင့် ခေတ်နဲ့လျော်ညီတဲ့ မော်တော်ယာဉ်ဥပဒေတွေ ပြင်ဆင်ရေးဆွဲသင့်တယ်ဆိုပြီး လူမှူကွန်ရက်မှာ အဲဒီလိုရေးထားတဲ့ သဘောမျိုးလေး ဖတ်လိုက်မိပါတယ်။

အမှန်က ကိုယ့်ကြောင့် သူများကား ပျက်စီးရင် မော်တော်ယာဉ်ဥပဒေအရ မလျော်လို့မရပါဘူး။ပုဒ်မ ၂၇၉ ပဲ ရှိတာမဟုတ်ပါဘူး။မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၇ မှာ ဒီလိုဆိုပါတယ်။

''မော်တော်ယာဉ်နှင့် စပ်လျဉ်း၍ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုကြောင့် တစ်ဦးတစ်ယောက်သောသူသည် ရာဇသတ်ကြီး ပုဒ်မ ၂၇၉၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈ သို့မဟုတ် ပုဒ်မ ၃၀၄ - က အရ ပြစ်မှုထင်ရှား စီရင်ခံရ၍ ထိုပြုလုပ်သည့် သို့မဟုတ် ပျက်ကွက်သည့်ကိစ္စကြောင့် ပစ္စည်းတစ်ခုခု ပျက်စီးဆုံးရှုံးလျှင် တရားရုံးသည် ယင်းပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းပိုင် ပစ္စည်းတစ်ခုခု ပျက်စီးလျှင် အဆိုပါပစ္စည်းကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လုံလောက်သည့် လျော်ကြေးငွေ ပေးစေရန် အမိန့်ချမှတ်ခြင်း၊

(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပစ္စည်းမှအပ အခြားပစ္စည်းတစ်ခုခု ပျက်စီးလျှင် ပစ္စည်းပိုင်ရှင်နှင့် ပြစ်မှုကျုးလွန်သူ နှစ်ဖက်သဘောတူညီမှု မရပါက အဆိုပါပစ္စည်းကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လုံလောက်သည့် လျော်ကြေးငွေ ပေးစေရန် အမိန့်ချမှတ်ခြင်း၊

(ဂ) ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) အရ ချမှတ်သည့် လျော်ကြေးငွေကို ပေးရန် ပျက်ကွက်လျှင် အဆိုပါလျော်ကြေးငွေကို ဝင်ငွေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ အရကောက်ခံရမည်'' လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

အဲဒီလိုပုဒ်မ ၆၇ အရ အမိန့်ချမှတ်ပြီးရင်တောင် နစ်နာသူရဲ့ တရားမမှု စွဲဆိုပိုင်ခွင့်ကို ထိခိုက်မှာမဟုတ်ဘူးလို့ မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၈ မှာ ဆိုပါတယ်။

ဒါကြောင့်မို့ ခုလို ယာဉ်မတော်တဆမှုတွေများတဲ့ ခေတ်ကြီးမှာ ယာဉ်မောင်းသူတွေက ခေတ်သစ်ရန်ကုန်ရဲ့ ကားရိုးရာ ကားဓလေ့တွေကြားမှာ လိုက်လျောညီထွေဖြစ်အောင် မောင်းနိုင်ဖို့ လိုမှာဖြစ်ပါတယ်။

အဲဒီလိုပဲ သက်ဆိုင်ရာကလည်း ယာဉ်မောင်းလိုင်စင်တွေကို သေချာစိစစ် ချပေးခြင်းဖြင့် ယာဉ်အန္တရာယ်ကို ကြိုတင်ကာကွယ်ရင်း မော်တော်ယာဉ်နဲ့ဆိုင်တဲ့ ဥပဒေတွေရဲ့အကာအကွယ်ကို ပြည်သူတွေက အပြည့်အဝရနိုင်ကြပါစေကြောင်း အပြုသဘောဆောင် ဆုတောင်းလျက်.........။

သာဓက
စက်တင်ဘာ - ၁၈

( Zawgyi )

ကားနဲ႔အျပင္သြားစရာတစ္ခုခုရွိတဲ့ေန႔ဆို သြားမယ့္ေန႔ မနက္အိပ္ရာႏိုးတာနဲ႔ အရင္ဆုံးစဥ္းစားရတာက လမ္းေၾကာင္း။ကိုယ္သြားမယ့္ ေနရာေရာက္ေအာင္ ဘယ္လမ္းကသြားရင္ ေကာင္းမလဲေပါ့။

ကားေၾကာလည္းမက်ပ္ေအာင္၊ ကားရပ္မယ့္ပါကင္လည္းရဖို႔ အလ်ဥ္းသင့္ေအာင္၊ မိုး႐ြာရင္ ေရမႀကီးတတ္တဲ့လမ္းျဖစ္ေအာင္၊ အေပါက္အၿပဲ အခ်ိဳင့္အခြက္နည္းတဲ့ လမ္းျဖစ္ေအာင္ စသျဖင့္ ကိုယ္သြားမယ့္ ကားလမ္းေၾကာအတြက္ ဒီလိုပဲ အဘက္ဘက္က စဥ္းစားရပါတယ္။ေ႐ြးခ်ယ္စရာမရွိရင္ေတာ့ ရွိတဲ့လမ္းေၾကာင္းကသာ ေမာင္းေပေတာ့ေပါ့။

အဲဒီလိုေတြစဥ္းစားၿပီးရင္ ဒုတိယလုပ္ရမယ့္ အလုပ္က လမ္းမွာ ေထာ္ေလာ္ကန႔္လန႔္ ပရမ္းပတာ ကားေမာင္းသမားေတြနဲ႔ မေတြ႕ဖို႔ ဆုေတာင္းရတာပါပဲ။ဒီေန႔ေခတ္ ရန္ကုန္မွာ ကားေမာင္းရတာ မလြယ္ပါဘူး။ကိုယ္က ဘယ္ေလာက္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း သိသိ၊ အဲဒီစည္းကမ္းေတြနဲ႔အညီ ဘယ္ေလာက္ေမာင္းေမာင္း အႏၲရာယ္ကင္းလိမ့္မယ္ မထင္ပါနဲ႔။ကားေတြကမ်ား၊ လမ္းေတြကပိတ္၊ မေန႔တစ္ေန႔ကမွ ကားတက္ေမာင္းသူေတြကလည္း သင္ခန္းစာအသစ္ေတြ ေပးေနတာမို႔ တစ္ေန႔တစ္မ်ိဳး ႐ိုးရတယ္ကို မရွိပါဘူး။

အရင္ေခတ္ကဆို ကားတင္သြင္းခြင့္ မူဝါဒေတြ မေျပာင္းခင္တုန္းက ရန္ကုန္မွာ ဒီေလာက္ကားမမ်ားသလို ယာဥ္ေမာင္းလည္း ဒီေလာက္မမ်ားပါဘူး။ကား႐ိုးရာ ကားဓေလ့ေတြကလည္း ႐ိုးရွင္းပါေသးတယ္။ဆိုလိုတာက ကားေမာင္းကြၽမ္းသူခ်င္း၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္း သိသူခ်င္း လမ္းေတြေပၚ အထိအေတြ႕မ်ားတာမို႔ ဘတ္စကားေတြကလြဲရင္ ကိုယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္စရာ အိမ္စီးကား၊ အငွါးကားေတြ သိပ္ၿပီးမရွိသေလာက္ပါပဲ။အခုေခတ္ကေတာ့ အဲဒီလိုမဟုတ္ပါဘူး။ဘတ္စကားလည္းေၾကာက္ရ၊ အိမ္စီးကားလည္းေၾကာက္ရ၊ အငွားကား တကၠစီကားေတြလည္းေၾကာက္ရနဲ႔ လမ္းေပၚမွာ ကားထြက္ေမာင္းခ်ိန္ ကိုယ္မေၾကာက္ရတဲ့ကား သတိမထားရမယ့္ကားဆိုတာ မရွိသေလာက္ပါပဲ။အဲဒီကားအမ်ိဳးအစား ေမာင္းသူတိုင္း မကြၽမ္းဘူး၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္း နားမလည္ဘူးလို႔ ဆိုလိုတာ မဟုတ္ပါဘူး။ကြၽမ္းသူ နားလည္သူေတြလည္း ရွိပါတယ္။တစ္ေန႔တာ ကားေမာင္းၿပီး လမ္းထြက္ခ်ိန္ အဲဒီလိုကြၽမ္းက်င္တဲ့ ကားဆရာေတြနဲ႔ခ်ည္းပဲ သင္ေတြ႕ခဲ့ရမယ္ဆို သင့္အတြက္ အင္မတန္ရွားပါးတဲ့ေန႔ေလး ပိုင္ဆိုင္ႏိုင္ခဲ့ၿပီလို႔ ဂုဏ္ယူမဆုံး တစ္ၿပဳံးၿပဳံးသာ ေနလိုက္ပါေတာ့။ဒါေပမယ့္ အဲဒီလိုေန႔မ်ိဳး ပိုင္ဆိုင္ဖို႔ဆိုတာ ေတာ္႐ုံကုသိုလ္နဲ႔ေတာ့ ရလိမ့္မယ္မထင္ပါနဲ႔။ေထာ္ေလာ္ကန႔္လန႔္ ပရမ္းပတာ တစ္စီးတေလေတာ့ အနည္းဆုံးေတြ႕ၿပီးမွ သင့္အိမ္ျပန္ေရာက္မယ့္ေန႔က ခပ္မ်ားမ်ားပါ။

မေန႔တစ္ေန႔ကမွ ကားတက္ေမာင္းသူေတြကလည္း သင္ခန္းစာအသစ္ေတြ ေပးေနတယ္ဆိုတာနဲ႔ ဒီဘက္ေခတ္ ကား႐ိုးရာ ကားဓေလ့ေတြဆိုတာနဲ႔ ပတ္သက္လို႔ အနည္းငယ္ေျပာျပခ်င္ပါတယ္။အရင္ေခတ္က အဝိုင္းပတ္ရင္ လက္ျပရတယ္၊ အခ်က္ျပမီးျပရတယ္ဆိုတာ မရွိသေလာက္ရွားပါတယ္။အခုေခတ္က အဲဒါေတြအကုန္လုပ္ရပါတယ္။
ဘာလို႔လဲဆိုေတာ့ ကားဆရာတခ်ိဳ႕က အျပင္ေၾကာကယူၿပီး အဝိုင္းကိုပတ္ပါတယ္။တခ်ိဳ႕ကားဆရာက အတြင္းေၾကာကယူၿပီး တည့္တည့္သြားပါတယ္ ညာဘက္ေကြ႕ပါတယ္။တခ်ိဳ႕ကားဆရာက အဝိုင္းတစ္ပတ္ မျပည့္ခင္မွာတင္ ခုနကေျပာခဲ့တဲ့ နည္းမ်ိဳးစုံျဖစ္တဲ့ အတြင္းအျပင္ ေနရာစုံေအာင္ေမာင္းၿပီးမွ ကိုယ္လိုခ်င္တဲ့ လမ္းေၾကာကို ႀကိဳက္သလိုယူ ႀကိဳက္သလိုေမာင္းၾကပါတယ္။အဲဒါေၾကာင့္ ကိုယ္က အဝိုင္းမွာ တည့္တည့္သြားမွာမို႔ အလယ္ေၾကာယူထားရင္ေတာင္ စုံအခ်က္ျပမီး ျပထားရပါတယ္။ညာေကြ႕မွာမို႔ ညာအစြန္ အျပင္ေၾကာယူထားလည္း ညာအခ်က္ျပမီး ျပရပါတယ္။အဝိုင္းပတ္မယ္ဆိုလို႔ကေတာ့ ကိုယ္က အတြင္းေၾကာယူထား႐ုံနဲ႔ မလုံေလာက္ပါဘူး။ အခ်က္ျပမီးျပ႐ုံတင္ မၿပီးတဲ့အျပင္ လက္ပါထုတ္ၿပီး အဝိုင္းပတ္ပါေတာ့မယ္ဆိုၿပီး အဝိုင္းပုံေလးေပၚေအာင္ လက္ေလးေဝွ႔ရမ္းလို႔ စက္ဝိုင္းဝိုင္းျပရတဲ့ အခါေတြလည္း ရွိပါတယ္။

ေနာက္တစ္ခုက လမ္းေၾကာအယူအဆပါ။အရင္က ကိုယ္သြားမယ့္ လမ္းေၾကာနဲ႔ ကိုက္တဲ့ဘက္ကေန အကြာအေဝး ေတာ္ေတာ္လွမ္းတဲ့အထိ ႀကိဳယူၿပီး ေမာင္းလို႔ရပါတယ္။အခုက အဲလိုမဟုတ္ပါဘူး။ကိုယ္က လမ္းေၾကာမွန္ယူထားရင္ေတာင္ အေရွ႕အေနာက္၊ ေတာင္ေျမာက္ အရပ္ေလးမ်က္ႏွာ အစုံကေန ဟြန္းမေပး ဘာမေပး၊ အခ်က္လည္းမျပဘဲ ကိုယ့္လမ္းေၾကာထဲ ႐ုတ္တရက္ေခါင္းထိုးထည့္ၿပီး ဝင္ဝင္လာတတ္တာမို႔ လမ္းေၾကာႀကိဳယူထားရင္ေတာင္ သူတို႔ကိုေရွာင္ရင္း လမ္းေၾကာက ခဏခဏလြဲၿပီး လမ္းေၾကာမွန္ေရာက္ေအာင္ ျပန္ျပန္ယူရတာက တစ္လုပ္ပါ။အဲဒီေတာ့ ကိုယ္လည္း စာအုပ္ႀကီးအတိုင္းေမာင္းရင္ လိုရာခရီးေရာက္စရာ မျမင္တာမို႔ အေျခအေနၾကည့္ၿပီး လမ္းေၾကာကို အဆင္ေျပသလို ယူရပါတယ္။

ၿပီးေတာ့ရွိပါေသးတယ္။ေက်ာ္တက္မွသာ ဘယ္ဘက္ယာဥ္ေၾကာက ေက်ာ္တက္ၿပီး ဟြန္းေပးရတာပဲ ၾကားဖူးပါတယ္။ အခုက အဲဒီလိုမဟုတ္ပါဘူး။ဘယ္လိုလမ္းေၾကာကေန ယူေမာင္းေမာင္း ကိုယ့္လမ္းေၾကာ ဘယ္ညာမွာ ကားေတြ႕ၿပီဆိုတာနဲ႔ ဟြန္းႀကိဳတီးရပါတယ္။အဲဒီလိုမွမဟုတ္ရင္ ကိုယ့္ဘယ္ညာက ကားေတြက ေနာက္ၾကည့္မွန္ ေဘးၾကည့္မွန္ မၾကည့္ဘဲ ကိုယ့္လမ္းေၾကာထဲ အတင္းဝင္ဝင္လာတတ္တာမို႔ ဟြန္းတီးရတာျဖစ္ပါတယ္။ဒါေတြအျပင္ လမ္းမႀကီးကယာဥ္ကို လမ္းသြယ္ယာဥ္က ဦးစားေပးရတာတို႔ ဘာတို႔လည္း နားမလည္ၾကတာ ဒီဘက္ေခတ္ထဲ အေတာ္မ်ားလာပါတယ္။

ကိုယ္ကမွန္ရင္ေတာင္ မမွန္တဲ့သူေတြက ဘုၾကည့္ၾကည့္တာ ရန္ေဆာင္တာေတြ မၾကာခဏဆိုသလို ႀကဳံရပါတယ္။အဲဒီေတာ့ ဘာသြားေတြ႕လည္းဆိုေတာ့ ယာဥ္စည္းကမ္း လမ္းစည္းကမ္းလည္း နားမလည္ ကားကို တကယ္ကြၽမ္းကြၽမ္းက်င္က်င္ မေမာင္းတတ္ဘဲ ယာဥ္ေမာင္းလိုင္စင္ေတြ အလြယ္ရထားၾကတယ္ဆိုတာ ေပၚလြင္ပါတယ္။တခ်ိဳ႕ဆို လိုင္စင္ေတာင္မရွိဘဲ တက္ေမာင္းၾကတဲ့သူေတြေတာင္ ရွိပါတယ္။

ဒီေနရာမွာေျပာလိုတာက တခ်ိဳ႕ကထင္ၾကတယ္။ကားမူဝါဒေတြ ေျပာင္းလိုက္လို႔ ကားေတြေဈးက်ၿပီး အမ်ားစုကားဝယ္စီးႏိုင္လာရာကေန ယာဥ္ေၾကာေတြ က်ပ္လာၾကတယ္ေပါ့။အမွန္က ကားဝယ္စီးသူမ်ားတိုင္း ကားတင္သြင္းတာေတြမ်ားတိုင္း လမ္းက်ပ္လာႏိုင္တာ မဟုတ္ပါဘူး။ကားေတြက လမ္းေပၚထြက္လာမွ လမ္းက်ပ္မွာျဖစ္ပါတယ္။
အဲဒီလိုေတြ ထြက္ေမာင္းဖို႔ဆို ယာဥ္ေမာင္းေတြ လိုပါတယ္။အဲဒီလို လမ္းေပၚထြက္လာသမွ် ယာဥ္ေတြ ေမာင္းတဲ့သူရွိလာတာဟာ အရင္ထက္ ယာဥ္ေမာင္းလိုင္စင္ရတဲ့သူ ပိုမ်ားလာလို႔ျဖစ္ပါတယ္။ဒီေနရာမွာ ျငင္းမယ္ဆို ျငင္းလို႔ရတဲ့ အခ်က္ရွိပါတယ္။ကားမူဝါဒ မေျပာင္းခင္ကတည္းက လိုင္စင္ရထားၿပီး ေမာင္းတတ္သူေတြက အခုကားဝယ္ႏိုင္မွ ထြက္ေမာင္းတာေကာ မျဖစ္ႏိုင္ဘူးလားလို႔ ျငင္းစရာရွိပါတယ္။မွန္ပါတယ္ အဲဒီလိုလူမ်ိဳးေတြလည္း ရွိမွာပါပဲ။ဒါေပမယ့္ အဲဒီလိုလူမ်ိဳးေတြက အခုလမ္းေပၚထြက္ေမာင္းေနတဲ့ ကားအေရအတြက္အတိုင္း ဘယ္လိုမွမရွိႏိုင္ပါဘူး။ဘာလို႔လဲဆိုေတာ့ အခုယာဥ္ေမာင္းေတြထဲမွာ အေတာ္အသက္ငယ္႐ြယ္သူေတြ အမ်ားစုပါဝင္ေနတာ ေတြ႕ရပါတယ္။ဒါ့အျပင္ စာေရးသူ အသိမိတ္ေဆြ၊ ေဆြမ်ိဳးသားခ်င္းထဲမွာကို အခု ဒီဘက္ေခတ္ ကားသစ္ေတြေပၚမွ လိုင္စင္မရရေအာင္လုပ္ၿပီး ကားတက္ေမာင္းသူေတြ ရွိပါတယ္။ဟိုတေလာက တကၠစီငွါးစီးျဖစ္ေတာ့ ယာဥ္ေမာင္းနဲ႔ စကားေျပာျဖစ္မွ သူက ဗိုလ္ကေလးမွာ အရင္ကသမၼန္ေမာင္းတာတဲ့ ေခတ္အေျခအေနအရ ကားမူဝါဒေျပာင္းခ်ိန္ တကၠစီေတြေပါလာလို႔ ကားေမာင္းသင္ၿပီး ေလးငါးႏွစ္အတြင္း လိုင္စင္ရၿပီး ကားတက္ေမာင္းတယ္ ေျပာပါတယ္။မန္ညဴရယ္ဂီယာကို ဘယ္ေလာက္ၾကာၾကာေမာင္းဘူးလဲ ေမးၾကည့္ေတာ့ ကားေမာင္းသင္တုန္းက လပိုင္းပဲ ေမာင္းဖူးပါတယ္တဲ့။အခုေခတ္ ယာဥ္ေမာင္းေတြထဲမွာလည္း သူ႔လိုပဲ မန္ညဴရယ္ဂီယာကို ကြၽမ္းကြၽမ္းက်င္က်င္ မေမာင္းတတ္တဲ့သူေတြ အမ်ားႀကီးပါ။

စာေရးသူ ဇနီးလည္း ကားေမာင္းသင္ပါတယ္။သင္ေမာင္းလက္မွတ္ရၿပီး သင္တန္းလည္းဆင္းပါတယ္။လိုင္စင္ဝင္ေျဖေလာက္ေအာင္ မကြၽမ္းေသးဘူး ယူဆလို႔ ခုထိကားမေမာင္းခိုင္းေသးပါဘူး။သူ႔ေၾကာင့္ သူမ်ားအေႏွာင့္အယွက္ျဖစ္မွာ စိုးလို႔ပါ။ေအာ္တိုဂီယာဆိုတာ ရက္ပိုင္းနဲ႔သင္ တက္ေမာင္းတတ္႐ုံ ေရွ႕တိုးေနာက္ဆုတ္လုပ္႐ုံက မခက္ပါဘူး။ခက္တာက ယာဥ္စည္းကမ္း လမ္းစည္းကမ္း တကယ္သိၿပီး အယူအဆ လမ္းေၾကာကြၽမ္းက်င္ဖို႔က ခက္တာပါ။

ဘာကိုေျပာခ်င္တာလည္းဆိုေတာ့ ယာဥ္ေမာင္းလိုင္စင္သာ လြယ္လြယ္မရၾကရင္ ကားလည္း လြယ္လြယ္ထြက္ေမာင္းရဲၾကမွာ မဟုတ္လို႔ လမ္းေပၚမွာ ကားက်ပ္တာေတြကို အထိုက္အေလ်ာက္ ေလွ်ာ့ခ်ၿပီးသား ျဖစ္သြားႏိုင္ပါတယ္။အခုက လိုင္စင္လြယ္လြယ္ရၿပီး တကယ္ကားေမာင္းမကြၽမ္းလို႔ ေမာင္းတတ္သူေတြ အေႏွာင့္အယွက္ျဖစ္၊ လမ္းေတြက်ပ္ ယာဥ္တိုက္မႈေတြျဖစ္ေနတာက ျပႆနာပါ။

ယာဥ္တိုက္မႈဆိုလို႔ ေမာ္ေတာ္ယာဥ္နဲ႔ဆိုင္တဲ့ ဥပေဒေတြနဲ႔ပတ္သက္ၿပီး လူအခ်ိဳ႕က အယူအဆလြဲေနတာေလးေတြကို သြားၿပီးသတိရပါတယ္။ဒါေၾကာင့္ ယာဥ္နဲ႔ပတ္သက္တဲ့ ဥပေဒပုဒ္မတခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။ရာဇသတ္ႀကီးဥပေဒအရ ပုဒ္မ၂၇၉ ယာဥ္မဆင္မျခင္ေမာင္းႏွင္မႉ၊ ယာဥ္တိုက္မႈေၾကာင့္ သာမန္ဒဏ္ရာရတယ္ဆို ပုဒ္မ ၃၃၇၊ ျပင္းထန္ဒဏ္ရာရတယ္ဆိုရင္ ပုဒ္မ ၃၃၈၊ လူေသရင္ ပုဒ္မ ၃ဝ၄ - က။၂၇၉ နဲ႔ ၃၃၇ က ႏွစ္ႏွစ္ထိ ေထာင္ဒဏ္ျဖစ္ျဖစ္ က်ပ္တစ္သိန္းထိ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ျပစ္ဒဏ္က်ခံရႏိုင္ပါတယ္။၃၃၈ က ငါးႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးအျပင္ ေငြဒဏ္ခ်မွတ္လို႔ရပါတယ္။၃၀၄ - က ဆိုရင္ ေပါ့ေလ်ာ့စြာျပဳမူမႈေၾကာင့္ လူေသမႈျဖစ္ၿပီး ခုနစ္ႏွစ္ထိ ေထာင္ဒဏ္အျပင္ ေငြဒဏ္ခ်မွတ္လို႔ရပါတယ္။

တခ်ိဳ႕က ဒီလိုထင္ပါတယ္။ယာဥ္ေမာင္းတစ္ဦး ေပါ့ဆလို႔ ကားပ်က္စီးသြားတဲ့ ကားပိုင္ရွင္ေတြ အရမ္းနစ္နာတယ္ေပါ့။ပ်က္စီးသြားတဲ့ ကားပိုင္ရွင္ေတြက ယာဥ္တိုက္မႈက်ဴးလြန္သူကို ေလ်ာ္ေၾကးေတာင္းတဲ့အခါ ယာဥ္တိုက္မႈက်ဴးလြန္သူဘက္က ေလ်ာ္ေၾကးမေပးႏိုင္ဘူး အမႈဖြင့္လည္း ဂ႐ုမစိုက္ဘူး။ပုဒ္မ ၂၇၉ က အာမခံရတယ္ တရား႐ုံးမွာ ဒဏ္ေငြနဲ႔ၿပီးတယ္။လူကို မထိခိုက္ရင္၊ မေသရင္ ကားပ်က္စီးတဲ့ ႀကီးမားတဲ့တန္ဖိုးကို ေလ်ာ္စရာမလိုဘူး။ဒါေၾကာင့္ ေခတ္နဲ႔ေလ်ာ္ညီတဲ့ ေမာ္ေတာ္ယာဥ္ဥပေဒေတြ ျပင္ဆင္ေရးဆြဲသင့္တယ္ဆိုၿပီး လူမႉကြန္ရက္မွာ အဲဒီလိုေရးထားတဲ့ သေဘာမ်ိဳးေလး ဖတ္လိုက္မိပါတယ္။

အမွန္က ကိုယ့္ေၾကာင့္ သူမ်ားကား ပ်က္စီးရင္ ေမာ္ေတာ္ယာဥ္ဥပေဒအရ မေလ်ာ္လို႔မရပါဘူး။ပုဒ္မ ၂၇၉ ပဲ ရွိတာမဟုတ္ပါဘူး။ေမာ္ေတာ္ယာဥ္ဥပေဒ ပုဒ္မ ၆၇ မွာ ဒီလိုဆိုပါတယ္။

''ေမာ္ေတာ္ယာဥ္ႏွင့္ စပ္လ်ဥ္း၍ ျပဳလုပ္မႈ သို႔မဟုတ္ ပ်က္ကြက္မႈတစ္ခုခုေၾကာင့္ တစ္ဦးတစ္ေယာက္ေသာသူသည္ ရာဇသတ္ႀကီး ပုဒ္မ ၂၇၉၊ ပုဒ္မ ၃၃၇၊ ပုဒ္မ ၃၃၈ သို႔မဟုတ္ ပုဒ္မ ၃၀၄ - က အရ ျပစ္မႈထင္ရွား စီရင္ခံရ၍ ထိုျပဳလုပ္သည့္ သို႔မဟုတ္ ပ်က္ကြက္သည့္ကိစၥေၾကာင့္ ပစၥည္းတစ္ခုခု ပ်က္စီးဆုံးရႈံးလွ်င္ တရား႐ုံးသည္ ယင္းပစၥည္းပ်က္စီးဆုံးရႈံးမႈအတြက္ ေအာက္ပါအတိုင္း ေဆာင္႐ြက္ရမည္-

(က) အစိုးရဌာန၊ အစိုးရအဖြဲ႕အစည္းပိုင္ ပစၥည္းတစ္ခုခု ပ်က္စီးလွ်င္ အဆိုပါပစၥည္းကို ျပဳျပင္ရန္ သို႔မဟုတ္ အစားထိုးရန္ လုံေလာက္သည့္ ေလ်ာ္ေၾကးေငြ ေပးေစရန္ အမိန႔္ခ်မွတ္ျခင္း၊

(ခ) ပုဒ္မခြဲ (က) တြင္ ေဖာ္ျပထားသည့္ ပစၥည္းမွအပ အျခားပစၥည္းတစ္ခုခု ပ်က္စီးလွ်င္ ပစၥည္းပိုင္ရွင္ႏွင့္ ျပစ္မႈက်ဳးလြန္သူ ႏွစ္ဖက္သေဘာတူညီမႈ မရပါက အဆိုပါပစၥည္းကို ျပဳျပင္ရန္ သို႔မဟုတ္ အစားထိုးရန္ လုံေလာက္သည့္ ေလ်ာ္ေၾကးေငြ ေပးေစရန္ အမိန႔္ခ်မွတ္ျခင္း၊

(ဂ) ပုဒ္မခြဲ (က) သို႔မဟုတ္ ပုဒ္မခြဲ (ခ) အရ ခ်မွတ္သည့္ ေလ်ာ္ေၾကးေငြကို ေပးရန္ ပ်က္ကြက္လွ်င္ အဆိုပါေလ်ာ္ေၾကးေငြကို ဝင္ေငြခြန္မေျပ က်န္ေငြ ျဖစ္ဘိသကဲ့သို႔ အရေကာက္ခံရမည္'' လို႔ ျပဌာန္းထားတာ ျဖစ္ပါတယ္။

အဲဒီလိုပုဒ္မ ၆၇ အရ အမိန႔္ခ်မွတ္ၿပီးရင္ေတာင္ နစ္နာသူရဲ႕ တရားမမႈ စြဲဆိုပိုင္ခြင့္ကို ထိခိုက္မွာမဟုတ္ဘူးလို႔ ေမာ္ေတာ္ယာဥ္ ဥပေဒပုဒ္မ ၆၈ မွာ ဆိုပါတယ္။

ဒါေၾကာင့္မို႔ ခုလို ယာဥ္မေတာ္တဆမႈေတြမ်ားတဲ့ ေခတ္ႀကီးမွာ ယာဥ္ေမာင္းသူေတြက ေခတ္သစ္ရန္ကုန္ရဲ႕ ကား႐ိုးရာ ကားဓေလ့ေတြၾကားမွာ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေမာင္းႏိုင္ဖို႔ လိုမွာျဖစ္ပါတယ္။

အဲဒီလိုပဲ သက္ဆိုင္ရာကလည္း ယာဥ္ေမာင္းလိုင္စင္ေတြကို ေသခ်ာစိစစ္ ခ်ေပးျခင္းျဖင့္ ယာဥ္အႏၲရာယ္ကို ႀကိဳတင္ကာကြယ္ရင္း ေမာ္ေတာ္ယာဥ္နဲ႔ဆိုင္တဲ့ ဥပေဒေတြရဲ႕အကာအကြယ္ကို ျပည္သူေတြက အျပည့္အဝရႏိုင္ၾကပါေစေၾကာင္း အျပဳသေဘာေဆာင္ ဆုေတာင္းလ်က္.........။

သာဓက
စက္တင္ဘာ - ၁၈