【 ဆောင်းပါး 】 ''ကာယိန္ဒြေ မလုံခြုံမှုထွက်ပေါက်''

【 ဆောင်းပါး 】 ''ကာယိန္ဒြေ မလုံခြုံမှုထွက်ပေါက်''

တစ်နေ့ ညစာထမင်းစားပြီး လမ်းလျှောက်ထွက်တော့ အချိန်က ည ၈ နာရီလောက် ဖြစ်မယ်ထင်တယ်။နေတာက ဗဟန်းမြို့နယ် ဂွတ္တလစ်နားမှာဆိုတော့ အနောက်မြင်းပြိုင်ကွင်းလမ်းနား လမ်းလျှောက်သွားတယ် ဆိုပါတော့။

အဲဒီလမ်း အနီးအနားဝန်းကျင်က အခုလို ကိုယ်လမ်းလျှောက်ထွက်တဲ့အချိန် ညပိုင်းဆိုတော့ လူပြတ်တာပေါ့လေ။ဒါနဲ့ ဘေးဘီဝဲယာကြည့်လိုက်၊ လေညှင်းလေးခံလိုက်နဲ့ လမ်းလျှောက်လာရင်း ကိုယ့်ဘေးနား မလှမ်းမကမ်းက မိန်းကလေးငယ်တစ်ယောက် လမ်းလျှောက်နေတာ သတိထားမိပါတယ်။အသက်အားဖြင့် အလွန်ဆုံးရှိလှ ၂၀၊ ၂၅ ဝန်းကျင်လောက်ပေါ့။ကုမ္ပဏီယူနီဖောင်းလေးဝတ်လို့၊ ထမင်းချိုင့်ခြင်းတောင်းလေးလည်း ဆွဲလို့ပေါ့။ပုံစံက မိကောင်းဖခင် သားသမီး။သမာအာဇီဝ လုပ်ကိုင်စားသောက်နေရတဲ့ အများနည်းတူ ကုမ္ပဏီဝန်ထမ်း မိန်းမငယ်လေးဆိုတာ ကြည့်တာနဲ့ သိသာပါတယ်။

သူ့မြင်တော့ ကိုယ်တောင်တွေးမိတယ်။သြော် ဝန်ထမ်းမိန်းကလေးတွေ ဘဝကလည်း မလွယ်ပါလား။ဒီအချိန်ကြီးမှ အိမ်ပြန်ရတယ်။နေ့တိုင်းဆိုရင်တော့ မလွယ်ဘူး။ကားကကျပ် လမ်းကပိတ်နဲ့ ဒီအချိန်မှ အိမ်ပြန်ရတာလည်း မဆန်းပါဘူးလေလို့တော့ တွေးမိပါတယ်။ခေတ်ကာလကလည်း ကောင်းတာမဟုတ်တော့ ရမ်းကားသူတွေနဲ့များတွေ့ရင် ဒုက္ခဆိုပြီး ဆွေမတော်သားမစပ် မဆီမဆိုင် စိတ်ကပူပေးလိုက်ပါသေးတယ်။

ဒါနဲ့ ခဏနေတော့ သူလမ်းလျှောက်တာ ကိုယ်နဲ့မလှမ်းမကမ်း သိပ်အကွာမခံဘဲ လမ်းလျှောက်နေတယ်ဆိုတာ သတိထားမိတယ်။ဘာလို့ သူအဲဒီလိုလျှောက်လာလဲ ကျွန်တော်သဘောပေါက်လိုက်တယ်။ကျွန်တော်က တစ်ယောက်တည်း လမ်းလျှောက်ထွက်တဲ့ ယောက်ျားရင့်မာကြီးတစ်ယောက် မဟုတ်ဘူးလေ။ကျွန်တော့ဘေးမှာက ခုနစ်နှစ်အရွယ် ကျွန်တော့်သားလေးလည်း ပါတာပေါ့။ဒီတော့ သာမန် တစ်ကိုယ်ရည်တကာယ ယောကျ်ားသားများထက်တော့ ကျွန်တော်တို့သားအဖ ဘေးမလှမ်းမကမ်းကလျှောက်ရင် သူ့အတွက် ပိုလုံခြုံမယ်လို့ ဒီမိန်းကလေးက ယူဆပုံရတယ်။

သူ့အယူအဆက မှန်ကန်တယ်လို့ သိပ်မကြာခင်မှာ သက်သေပြစရာ အကြောင်းခြင်းရာတစ်ခုက ရုတ်ချည်းဆိုသလို ကြုံလိုက်ရတယ်။ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်း မျက်နှာချင်းဆိုင်ကနေ လူရွယ်အမျိုးသားလေးယောက် လျှောက်လာတာ တွေ့လိုက်ရတယ်။သူတို့လျှောက်လာပုံက ယိုင်တီးယိုင်တိုင်နဲ့ သိုင်းကွက်နင်းလာပုံထောက်ရင် သေရည်လေး မှီဝဲလာတယ်ဆိုတာ သတိထားမိတယ်။အဲဒီလေးယောက်က ခုနက မိန်းကလေးငယ်ဘေးက ဖြတ်လည်းလျှောက်ရော ဇာတိက ပြပါလေရော။ပါးစပ်စည်းကမ်းက ဖောက်ပြီလေ။ထိကပါးရိကပါး မကြားတကြား ပြောတာပေါ့လေ။ပိုဆိုးတာက သူတို့ပြောတဲ့အထဲမှာ အတော်ကို နှမချင်းမစာနာတဲ့ စကားနှစ်ခွန်းသုံးခွန်းလောက် ပါလာတော့ ကိုယ်တောင်ဒေါသထွက်သွားတယ်။

မိန်းကလေးခမျာ အတော်ရှက်သွား ကြောက်သွားပုံရတယ်။သူလမ်းလျှောက်တဲ့ဟန်နဲ့ ကိုယ်အမူအယာက သိသာတယ်။ကတုန်ကရင် ဖြစ်သွားတဲ့ပုံပေါ့။ဒါတောင် သူ့ဘေးမှာ ကိုယ်တွေလို လမ်းသွားလမ်းလာ အဖော်ရှိလို့ တော်သေးတယ်။နို့မို့ဆို ဒီမိန်းကလေးဘဝ မတွေးဝံ့စရာ။

နောက်တစ်ခါ ရုံးကအပြန် ည ၇နာရီလောက်ရှိမယ်။အိမ်ကကားက ဘက်ထရီမကောင်းလို့ အဲဒီနေ့က ဘတ်စ်ကားစီးပြီး အိမ်ပြန်ဖြစ်တယ်။ကိုယ်စီးတဲ့ YBS က အဲယားကွန်းနဲ့။ကိုယ်က YBS တွေ ပေါ်ကတည်းက ဘတ်စ်ကားမစီးဖြစ်တာ ကြာပြီ။ဒီတစ်ကြိမ်မှ စပြီးစီးဖူးတာ ဖြစ်ပါတယ်။သိမ်ဖြူလမ်းပေါ်မှာပါ။တာမွေဘက်ရောက်ရင် ပြီးရောဆိုပြီး သိမ်ဖြူမှတ်တိုင်ကနေ တွေ့ရာ YBS ပေါ် တက်စီးလာလိုက်တာ။ကိုယ်စီးတဲ့ အချိန်နဲ့နေရာ၊ ကားလိုင်းအနေအထားကြောင့်လားတော့ မသိဘူး။စီးရတာ အတော်ကို သက်သောင့်သက်သာ ရှိလှပါတယ်။အရင်လို လူလည်းမကျပ်၊ တိုးကြိတ်စရာမလိုဘူး။အဝင်တစ်ပေါက် အထွက်တစ်ပေါက်။ချောင်ချောင်ချိချိပါပဲ။နေရာလည်းရတယ်။

အဲဒီကားစီးလာရင်း ယုဇနပလာဇာနားရောက်တော့ ကိုယ့်မျက်စောင်းထိုးမှာ မတ်တပ်ရပ်စီးပြီး လိုက်လာတဲ့ ငနဲတစ်ကောင်ကို သွားပြီးသတိထားမိတယ်။ကားကအချောင်ကြီးကို လွတ်လွတ်ကျွတ်ကျွတ် ရပ်လို့ရတာ မရပ်ဘဲ မိန်းကလေးတစ်ယောက် ထိုင်နေတဲ့ ခုံဘေးမှာ အတင်းဖိကပ်ပြီး ရပ်နေတယ်။သူတို့က သမီးရည်းစားတွေလားဆိုပြီး အကဲခတ်တော့လည်း မဟုတ်ဘူး။မိန်းကလေးက အတော်ကို မျက်နှာပျက်နေတယ်။ဒါနဲ့ ဆက်ပြီးကြည့်နေတော့ ဒီငနဲက ပိုပိုပြီးဆိုးလာတယ်။ကားက ဘရိတ်အုပ်တာတို့ အရှိန်လျှော့တာတို့ ရှောင်တာတို့လုပ်တိုင်း ကားယိမ်းထိုးတာက နည်းနည်း၊ တစ်စီးလုံးမှာ သူတစ်ယောက်တည်းကို ပြုတ်မကျ လဲမကျအောင် မနည်းထိန်းသိမ်း မတ်တပ်ရပ်နေရတဲ့ ပုံစံနဲ့ အဲဒီကောင်မလေးထိုင်နေတဲ့ ခုံးဘေးမှာ အတင်းကပ်သပ် ဖိတွန်းနေတာ တွေ့လိုက်ရတယ်။ကိုယ်က တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုပြီး တွေးလိုက်တယ်။

အဲဒီအချိန်မှာ ကောင်မလေးက အဲဒီနေရာမှာ ဆက်မထိုင်တော့ဘဲ ခရီးသည်အမျိုးသမီး သုံးလေးယောက်လောက်ရှိတဲ့ နေရာနားတိုးသွားပြီး မတ်တပ်ရပ်နေတာ တွေ့ရတယ်။ရှေ့တစ်မှတ်တိုင်နှစ်မှတ်တိုင်လောက် ရောက်တော့ အဲဒီမိန်းကလေးက သူ့ဘာသာဆင်းသွားတယ်။ဟိုငနဲက ကားပေါ်မှာကျန်ခဲ့တယ်။ဒါဆိုရင် အဲဒီငနဲနဲ့ ဟိုမိန်းကလေးက ဘာမှမသက်ဆိုင်ဘူးဆိုတာ ပိုသေချာသွားတယ်။

ဒီလိုဘတ်စ်ကားပေါ်မှာ မိန်းကလေးတွေကို ပွတ်သီးပွတ်သပ်လုပ်တာ။ကာယိန္ဒြေပျက်အောင် ကာမပိုင်းဆိုင်ရာ အသားယူတာတွေက ဟိုအရင် စစ်ကျန်ခေတ် ဘတ်စ်ကားတွေ၊ ဘီအမ်ဘတ်စ်ကားတွေခေတ်မှာ ကျန်ခဲ့ပြီထင်တာ။ဒီဘက်ခေတ် YBS ဘတ်စ်ကားတွေ ခေတ်ထိတောင် ဒီလို ယုတ်မာတဲ့ အကျင့်ဆိုးတွေ သယ်ဆောင်လာတဲ့ ကောင်တွေက ရှိနေသေးတယ်။ဒီတော့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝက မြို့လယ်ကောင် လူတွေကြားထဲ ဘတ်စ်ကားစီးနေချိန်မှာတောင် အမြဲတမ်းအပြည့်အဝ လုံခြုံမှုရာနှုန်းပြည့် မရသေးဘူးဆိုတာ သိလိုက်ရတော့ အတော်ကို စိတ်ကသိကအောက် ဖြစ်ရပါတယ်။

ဒါတင်ပဲလားဆိုတော့ မကပါဘူး။အမျိုးသမီးအချို့ တက္ကစီစီးရင် ကြုံရတတ်တယ်ဆိုတဲ့ ကိစ္စပါ။ယာဉ်မောင်းက ထိကပါးရိကပါးပြောတာတို့ တယ်လီဖုန်းနဲ့ ညစ်ညမ်းဇာတ်ကားတွေဖွင့်ပြီး မြင်သာကြားသာအောင် လုပ်ပြတာတို့ကလည်း ရှိသေးတယ်လို့ လူမှုကွန်ရက်ပေါ်မှာ တွေ့တွေ့နေရပါတယ်။တစ်ခါတလေများဆို ကားမောင်းနေရင်းက လုံခြည်ကို မပေါ်တပေါ်ဖြေပြပြီး စော်ကားခံရသေးတယ်လို့လည်း ဆိုပါတယ်။ဒါက တက္ကစီပေါ်မှာ အမျိုးသမီးတွေ ကြုံနေရတဲ့ ကိစ္စတွေပါ။

ဆွေမျိုးရင်းချာတစ်ယောက် ရန်ကင်း ဘောက်ထော်ဘက်မှာ ကြုံရတဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိပါသေးတယ်။အတော်ကိုဆိုးပါတယ်။ဘောက်ထော်ဘက်က လမ်းတွေက လမ်းထိပ်ကနေ လမ်းထဲက အိမ်တွေဆီကို ကားမပါဘဲ လမ်းလျှောက်မယ်ဆိုရင် အတော်ကိုလှမ်းပါတယ်။အမြဲလိုလို လူလည်းပြတ်တတ်ပါတယ်။နေ့ခင်းဖြစ်စေ၊ ညဘက်ဖြစ်စေပေါ့။တစ်နေ့ အဲဒီဆွေမျိုးရင်းချာ မိန်းကလေးက သူ့အိမ်ကိုရောက်ဖို့ လမ်းထိပ်ကနေ လမ်းလျှောက်ဝင်လာတယ်။တစ်နေရာအရောက်မှာ သူ့နောက်ကနေ ယောကျ်ားတစ်ယောက်က စက်ဘီးစီးပြီး လိုက်လာတယ်။အနားလည်းရောက်ရော စက်ဘီးကိုရပ်ပြီး လက်တစ်ကမ်းအကွာလောက်ကနေ လုံခြည်စကိုဖြေပြီး သူ့လက်နဲ့ မဖွယ်မရာ အမူအယာ သဏ္ဍာန်လုပ်ပြတယ်လို့ ဆိုပါတယ်။ဒါနဲ့ အဲဒီမိန်းကလေးလည်း ကြောက်လန့်ပြီး အိမ်အမြန်ရောက်အောင် သွားရတယ်။အိမ်ရောက်လို့ အုပ်ထိန်းသူတွေကသိလို့ လိုက်သွားကြည့်တော့ အဲဒီကောင်က မရှိတော့ပါဘူး။

ပြီးတော့ မိန်းကလေးအချို့ လုပ်ငန်းခွင်ထဲ နေ့စဉ်ကြုံနေရတဲ့ ပြဿနာပါ။သူဌေးကဖြစ်ဖြစ်၊ အထက်လူကြီးကဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက် ယောကျ်ားလေးတွေကဖြစ်ဖြစ် လုပ်ငန်းခွင်ထဲက မိန်းကလေးတွေ ကာယိန္ဒြေပျက်အောင် လုပ်တဲ့ကိစ္စတွေပါ။ကိုယ်ထိလက်ရောက်တစ်မျိုး၊ နှုတ်နဲ့တစ်ဖုံ အမျိုးမျိုးအဖုံဖုံ အသားယူတတ်ကြတယ်လို့ ဆိုပါတယ်။မရိုသေစကား တချို့ဆို ဖင်ပုတ်ခေါင်းပုတ်တောင် ခံရတယ်လို့ ပြောကြပါတယ်။တင်ပါးကို သားရေပင်နဲ့ အပစ်လည်းခံရပါတယ်တဲ့။တချို့က သည်းမခံနိုင်တော့ အလုပ်ကထွက်ကြတယ်။စားဝတ်နေရေးတွက် ခက်ခဲတဲ့သူတွေက အလုပ်မထွက်နိုင်သေးတော့ ကြံဖန်ပြီး ရှောင်ရတိမ်းရတာတွေလည်း ရှိကြပါတယ်။

အဲဒါတွေကြားရသိရတော့ မိန်းကလေးတွေရဲ့ ကာယိန္ဒြေလုံခြုံမှုကို ဘယ်လိုကာကွယ်ရင် အကောင်းဆုံးဖြစ်မလဲ စဉ်းစားမိပါတယ်။အခု ကျွန်တော်တို့နိုင်ငံမှာ နယ်ပယ်စုံအတွက် အားနည်းနေသေးတာ၊ ကျင့်သုံးဖို့ လိုအပ်နေသေးတာတွေထဲက တစ်ခုဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုပါ။မိန်းကလေးတွေကို ဒီလို ကာယိန္ဒြေမလုံခြုံမှုတွေကနေ လွတ်မြောက်ဖို့ အကောင်းဆုံးထွက်ပေါက်က ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဒီလိုကိစ္စတွေမှာ အများဆုံးအရေးယူလို့တဲ့ ဥပဒေက ရာဇသတ်ကြီးဥပဒေဖြစ်ပြီး ပုဒ်မက ၃၅၄ နဲ့ ၅၀၉ ပဲ ဖြစ်ပါတယ်။ပုဒ်မ ၃၅၄ က မိန်းမတွေရဲ့ ကာယိန္ဒြေပျက်စီးစေဖို့ အကြံနဲ့ လက်ရောက်မှု ကျူးလွန်တာနဲ့ ရာဇဝတ်မကင်းတဲ့ အနိုင်အထက်ပြုမူတာတွေကို အရေးယူတဲ့ ပုဒ်မဖြစ်ပါတယ်။ကျူးလွန်သူက ပြစ်မှုထင်ရှား စီရင်ခံရရင် နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ကျခံရနိုင်ပါတယ်။ဒီပုဒ်မက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိတဲ့ ရဲအရေးပိုင်တဲ့ ပုဒ်မဖြစ်လို့ ကျူးလွန်သူကို ရဲက တိုက်ရိုက်ဖမ်းဆီး အရေးယူနိုင်တဲ့အပြင် ကျေးအေးခွင့်လည်းမရှိတဲ့ ပုဒ်မဖြစ်ပါတယ်။

အလားတူ ပုဒ်မ ၅၀၉ က မိန်းမတွေရဲ့ ကာယိန္ဒြေကို စော်ကားဖို့ ရည်ရွယ်တဲ့စကား၊ ကိုယ်အမူအရာ ပြုလုပ်တာတွေကို အရေးယူတဲ့ ပုဒ်မဖြစ်ပါတယ်။ကျူးလွန်သူက ပြစ်မှုထင်ရှားစီရင်ခံရရင် တစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ကျခံရနိုင်ပါတယ်။ဒီပုဒ်မက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိတဲ့ ရဲအရေးမပိုင်တဲ့ ပုဒ်မဖြစ်လို့ နစ်နာသူက သက်ဆိုင်ရာ တရားရုံးမှာ ဦးတိုက်လျှောက် တိုင်ကြားဖို့လိုမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မိန်းကလေးတွေ ကာယိန္ဒြေ မလုံခြုံမှုကနေ လွတ်မြောက်ဖို့ အကောင်းဆုံးထွက်ပေါက်ဖြစ်တဲ့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်ရေး သက်ဆိုင်သူများ အားလုံးက ဝိုင်းဝန်းကူညီနိုင်ကြပါစေကြောင်း အပြုသဘောဆောင် ဆန္ဒပြုဆုတောင်းရင်းဖြင့်။

သာဓက
ဖေဖော်ဝါရီ - ၁၃

( Zawgyi )

တစ္ေန႔ ညစာထမင္းစားၿပီး လမ္းေလွ်ာက္ထြက္ေတာ့ အခ်ိန္က ည ၈ နာရီေလာက္ ျဖစ္မယ္ထင္တယ္။ေနတာက ဗဟန္းၿမိဳ႕နယ္ ဂြတၱလစ္နားမွာဆိုေတာ့ အေနာက္ျမင္းၿပိဳင္ကြင္းလမ္းနား လမ္းေလွ်ာက္သြားတယ္ ဆိုပါေတာ့။

အဲဒီလမ္း အနီးအနားဝန္းက်င္က အခုလို ကိုယ္လမ္းေလွ်ာက္ထြက္တဲ့အခ်ိန္ ညပိုင္းဆိုေတာ့ လူျပတ္တာေပါ့ေလ။ဒါနဲ႔ ေဘးဘီဝဲယာၾကည့္လိုက္၊ ေလညႇင္းေလးခံလိုက္နဲ႔ လမ္းေလွ်ာက္လာရင္း ကိုယ့္ေဘးနား မလွမ္းမကမ္းက မိန္းကေလးငယ္တစ္ေယာက္ လမ္းေလွ်ာက္ေနတာ သတိထားမိပါတယ္။အသက္အားျဖင့္ အလြန္ဆုံးရွိလွ ၂၀၊ ၂၅ ဝန္းက်င္ေလာက္ေပါ့။ကုမၸဏီယူနီေဖာင္းေလးဝတ္လို႔၊ ထမင္းခ်ိဳင့္ျခင္းေတာင္းေလးလည္း ဆြဲလို႔ေပါ့။ပုံစံက မိေကာင္းဖခင္ သားသမီး။သမာအာဇီဝ လုပ္ကိုင္စားေသာက္ေနရတဲ့ အမ်ားနည္းတူ ကုမၸဏီဝန္ထမ္း မိန္းမငယ္ေလးဆိုတာ ၾကည့္တာနဲ႔ သိသာပါတယ္။

သူ႔ျမင္ေတာ့ ကိုယ္ေတာင္ေတြးမိတယ္။ေၾသာ္ ဝန္ထမ္းမိန္းကေလးေတြ ဘဝကလည္း မလြယ္ပါလား။ဒီအခ်ိန္ႀကီးမွ အိမ္ျပန္ရတယ္။ေန႔တိုင္းဆိုရင္ေတာ့ မလြယ္ဘူး။ကားကက်ပ္ လမ္းကပိတ္နဲ႔ ဒီအခ်ိန္မွ အိမ္ျပန္ရတာလည္း မဆန္းပါဘူးေလလို႔ေတာ့ ေတြးမိပါတယ္။ေခတ္ကာလကလည္း ေကာင္းတာမဟုတ္ေတာ့ ရမ္းကားသူေတြနဲ႔မ်ားေတြ႕ရင္ ဒုကၡဆိုၿပီး ေဆြမေတာ္သားမစပ္ မဆီမဆိုင္ စိတ္ကပူေပးလိုက္ပါေသးတယ္။

ဒါနဲ႔ ခဏေနေတာ့ သူလမ္းေလွ်ာက္တာ ကိုယ္နဲ႔မလွမ္းမကမ္း သိပ္အကြာမခံဘဲ လမ္းေလွ်ာက္ေနတယ္ဆိုတာ သတိထားမိတယ္။ဘာလို႔ သူအဲဒီလိုေလွ်ာက္လာလဲ ကြၽန္ေတာ္သေဘာေပါက္လိုက္တယ္။ကြၽန္ေတာ္က တစ္ေယာက္တည္း လမ္းေလွ်ာက္ထြက္တဲ့ ေယာက္်ားရင့္မာႀကီးတစ္ေယာက္ မဟုတ္ဘူးေလ။ကြၽန္ေတာ့ေဘးမွာက ခုနစ္ႏွစ္အ႐ြယ္ ကြၽန္ေတာ့္သားေလးလည္း ပါတာေပါ့။ဒီေတာ့ သာမန္ တစ္ကိုယ္ရည္တကာယ ေယာက်္ားသားမ်ားထက္ေတာ့ ကြၽန္ေတာ္တို႔သားအဖ ေဘးမလွမ္းမကမ္းကေလွ်ာက္ရင္ သူ႔အတြက္ ပိုလုံၿခဳံမယ္လို႔ ဒီမိန္းကေလးက ယူဆပုံရတယ္။

သူ႔အယူအဆက မွန္ကန္တယ္လို႔ သိပ္မၾကာခင္မွာ သက္ေသျပစရာ အေၾကာင္းျခင္းရာတစ္ခုက ႐ုတ္ခ်ည္းဆိုသလို ႀကဳံလိုက္ရတယ္။ကြၽန္ေတာ္တို႔ေရွ႕ ခပ္လွမ္းလွမ္း မ်က္ႏွာခ်င္းဆိုင္ကေန လူ႐ြယ္အမ်ိဳးသားေလးေယာက္ ေလွ်ာက္လာတာ ေတြ႕လိုက္ရတယ္။သူတို႔ေလွ်ာက္လာပုံက ယိုင္တီးယိုင္တိုင္နဲ႔ သိုင္းကြက္နင္းလာပုံေထာက္ရင္ ေသရည္ေလး မွီဝဲလာတယ္ဆိုတာ သတိထားမိတယ္။အဲဒီေလးေယာက္က ခုနက မိန္းကေလးငယ္ေဘးက ျဖတ္လည္းေလွ်ာက္ေရာ ဇာတိက ျပပါေလေရာ။ပါးစပ္စည္းကမ္းက ေဖာက္ၿပီေလ။ထိကပါးရိကပါး မၾကားတၾကား ေျပာတာေပါ့ေလ။ပိုဆိုးတာက သူတို႔ေျပာတဲ့အထဲမွာ အေတာ္ကို ႏွမခ်င္းမစာနာတဲ့ စကားႏွစ္ခြန္းသုံးခြန္းေလာက္ ပါလာေတာ့ ကိုယ္ေတာင္ေဒါသထြက္သြားတယ္။

မိန္းကေလးခမ်ာ အေတာ္ရွက္သြား ေၾကာက္သြားပုံရတယ္။သူလမ္းေလွ်ာက္တဲ့ဟန္နဲ႔ ကိုယ္အမူအယာက သိသာတယ္။ကတုန္ကရင္ ျဖစ္သြားတဲ့ပုံေပါ့။ဒါေတာင္ သူ႔ေဘးမွာ ကိုယ္ေတြလို လမ္းသြားလမ္းလာ အေဖာ္ရွိလို႔ ေတာ္ေသးတယ္။ႏို႔မို႔ဆို ဒီမိန္းကေလးဘဝ မေတြးဝံ့စရာ။

ေနာက္တစ္ခါ ႐ုံးကအျပန္ ည ၇နာရီေလာက္ရွိမယ္။အိမ္ကကားက ဘက္ထရီမေကာင္းလို႔ အဲဒီေန႔က ဘတ္စ္ကားစီးၿပီး အိမ္ျပန္ျဖစ္တယ္။ကိုယ္စီးတဲ့ YBS က အဲယားကြန္းနဲ႔။ကိုယ္က YBS ေတြ ေပၚကတည္းက ဘတ္စ္ကားမစီးျဖစ္တာ ၾကာၿပီ။ဒီတစ္ႀကိမ္မွ စၿပီးစီးဖူးတာ ျဖစ္ပါတယ္။သိမ္ျဖဴလမ္းေပၚမွာပါ။တာေမြဘက္ေရာက္ရင္ ၿပီးေရာဆိုၿပီး သိမ္ျဖဴမွတ္တိုင္ကေန ေတြ႕ရာ YBS ေပၚ တက္စီးလာလိုက္တာ။ကိုယ္စီးတဲ့ အခ်ိန္နဲ႔ေနရာ၊ ကားလိုင္းအေနအထားေၾကာင့္လားေတာ့ မသိဘူး။စီးရတာ အေတာ္ကို သက္ေသာင့္သက္သာ ရွိလွပါတယ္။အရင္လို လူလည္းမက်ပ္၊ တိုးႀကိတ္စရာမလိုဘူး။အဝင္တစ္ေပါက္ အထြက္တစ္ေပါက္။ေခ်ာင္ေခ်ာင္ခ်ိခ်ိပါပဲ။ေနရာလည္းရတယ္။

အဲဒီကားစီးလာရင္း ယုဇနပလာဇာနားေရာက္ေတာ့ ကိုယ့္မ်က္ေစာင္းထိုးမွာ မတ္တပ္ရပ္စီးၿပီး လိုက္လာတဲ့ ငနဲတစ္ေကာင္ကို သြားၿပီးသတိထားမိတယ္။ကားကအေခ်ာင္ႀကီးကို လြတ္လြတ္ကြၽတ္ကြၽတ္ ရပ္လို႔ရတာ မရပ္ဘဲ မိန္းကေလးတစ္ေယာက္ ထိုင္ေနတဲ့ ခုံေဘးမွာ အတင္းဖိကပ္ၿပီး ရပ္ေနတယ္။သူတို႔က သမီးရည္းစားေတြလားဆိုၿပီး အကဲခတ္ေတာ့လည္း မဟုတ္ဘူး။မိန္းကေလးက အေတာ္ကို မ်က္ႏွာပ်က္ေနတယ္။ဒါနဲ႔ ဆက္ၿပီးၾကည့္ေနေတာ့ ဒီငနဲက ပိုပိုၿပီးဆိုးလာတယ္။ကားက ဘရိတ္အုပ္တာတို႔ အရွိန္ေလွ်ာ့တာတို႔ ေရွာင္တာတို႔လုပ္တိုင္း ကားယိမ္းထိုးတာက နည္းနည္း၊ တစ္စီးလုံးမွာ သူတစ္ေယာက္တည္းကို ျပဳတ္မက် လဲမက်ေအာင္ မနည္းထိန္းသိမ္း မတ္တပ္ရပ္ေနရတဲ့ ပုံစံနဲ႔ အဲဒီေကာင္မေလးထိုင္ေနတဲ့ ခုံးေဘးမွာ အတင္းကပ္သပ္ ဖိတြန္းေနတာ ေတြ႕လိုက္ရတယ္။ကိုယ္က တစ္ခုခုလုပ္မွ ျဖစ္ေတာ့မယ္ဆိုၿပီး ေတြးလိုက္တယ္။

အဲဒီအခ်ိန္မွာ ေကာင္မေလးက အဲဒီေနရာမွာ ဆက္မထိုင္ေတာ့ဘဲ ခရီးသည္အမ်ိဳးသမီး သုံးေလးေယာက္ေလာက္ရွိတဲ့ ေနရာနားတိုးသြားၿပီး မတ္တပ္ရပ္ေနတာ ေတြ႕ရတယ္။ေရွ႕တစ္မွတ္တိုင္ႏွစ္မွတ္တိုင္ေလာက္ ေရာက္ေတာ့ အဲဒီမိန္းကေလးက သူ႔ဘာသာဆင္းသြားတယ္။ဟိုငနဲက ကားေပၚမွာက်န္ခဲ့တယ္။ဒါဆိုရင္ အဲဒီငနဲနဲ႔ ဟိုမိန္းကေလးက ဘာမွမသက္ဆိုင္ဘူးဆိုတာ ပိုေသခ်ာသြားတယ္။

ဒီလိုဘတ္စ္ကားေပၚမွာ မိန္းကေလးေတြကို ပြတ္သီးပြတ္သပ္လုပ္တာ။ကာယိေျႏၵပ်က္ေအာင္ ကာမပိုင္းဆိုင္ရာ အသားယူတာေတြက ဟိုအရင္ စစ္က်န္ေခတ္ ဘတ္စ္ကားေတြ၊ ဘီအမ္ဘတ္စ္ကားေတြေခတ္မွာ က်န္ခဲ့ၿပီထင္တာ။ဒီဘက္ေခတ္ YBS ဘတ္စ္ကားေတြ ေခတ္ထိေတာင္ ဒီလို ယုတ္မာတဲ့ အက်င့္ဆိုးေတြ သယ္ေဆာင္လာတဲ့ ေကာင္ေတြက ရွိေနေသးတယ္။ဒီေတာ့ ျမန္မာအမ်ိဳးသမီးေတြရဲ႕ ဘဝက ၿမိဳ႕လယ္ေကာင္ လူေတြၾကားထဲ ဘတ္စ္ကားစီးေနခ်ိန္မွာေတာင္ အၿမဲတမ္းအျပည့္အဝ လုံၿခဳံမႈရာႏႈန္းျပည့္ မရေသးဘူးဆိုတာ သိလိုက္ရေတာ့ အေတာ္ကို စိတ္ကသိကေအာက္ ျဖစ္ရပါတယ္။

ဒါတင္ပဲလားဆိုေတာ့ မကပါဘူး။အမ်ိဳးသမီးအခ်ိဳ႕ တကၠစီစီးရင္ ႀကဳံရတတ္တယ္ဆိုတဲ့ ကိစၥပါ။ယာဥ္ေမာင္းက ထိကပါးရိကပါးေျပာတာတို႔ တယ္လီဖုန္းနဲ႔ ညစ္ညမ္းဇာတ္ကားေတြဖြင့္ၿပီး ျမင္သာၾကားသာေအာင္ လုပ္ျပတာတို႔ကလည္း ရွိေသးတယ္လို႔ လူမႈကြန္ရက္ေပၚမွာ ေတြ႕ေတြ႕ေနရပါတယ္။တစ္ခါတေလမ်ားဆို ကားေမာင္းေနရင္းက လုံျခည္ကို မေပၚတေပၚေျဖျပၿပီး ေစာ္ကားခံရေသးတယ္လို႔လည္း ဆိုပါတယ္။ဒါက တကၠစီေပၚမွာ အမ်ိဳးသမီးေတြ ႀကဳံေနရတဲ့ ကိစၥေတြပါ။

ေဆြမ်ိဳးရင္းခ်ာတစ္ေယာက္ ရန္ကင္း ေဘာက္ေထာ္ဘက္မွာ ႀကဳံရတဲ့ ျဖစ္စဥ္တစ္ခုလည္း ရွိပါေသးတယ္။အေတာ္ကိုဆိုးပါတယ္။ေဘာက္ေထာ္ဘက္က လမ္းေတြက လမ္းထိပ္ကေန လမ္းထဲက အိမ္ေတြဆီကို ကားမပါဘဲ လမ္းေလွ်ာက္မယ္ဆိုရင္ အေတာ္ကိုလွမ္းပါတယ္။အၿမဲလိုလို လူလည္းျပတ္တတ္ပါတယ္။ေန႔ခင္းျဖစ္ေစ၊ ညဘက္ျဖစ္ေစေပါ့။တစ္ေန႔ အဲဒီေဆြမ်ိဳးရင္းခ်ာ မိန္းကေလးက သူ႔အိမ္ကိုေရာက္ဖို႔ လမ္းထိပ္ကေန လမ္းေလွ်ာက္ဝင္လာတယ္။တစ္ေနရာအေရာက္မွာ သူ႔ေနာက္ကေန ေယာက်္ားတစ္ေယာက္က စက္ဘီးစီးၿပီး လိုက္လာတယ္။အနားလည္းေရာက္ေရာ စက္ဘီးကိုရပ္ၿပီး လက္တစ္ကမ္းအကြာေလာက္ကေန လုံျခည္စကိုေျဖၿပီး သူ႔လက္နဲ႔ မဖြယ္မရာ အမူအယာ သ႑ာန္လုပ္ျပတယ္လို႔ ဆိုပါတယ္။ဒါနဲ႔ အဲဒီမိန္းကေလးလည္း ေၾကာက္လန႔္ၿပီး အိမ္အျမန္ေရာက္ေအာင္ သြားရတယ္။အိမ္ေရာက္လို႔ အုပ္ထိန္းသူေတြကသိလို႔ လိုက္သြားၾကည့္ေတာ့ အဲဒီေကာင္က မရွိေတာ့ပါဘူး။

ၿပီးေတာ့ မိန္းကေလးအခ်ိဳ႕ လုပ္ငန္းခြင္ထဲ ေန႔စဥ္ႀကဳံေနရတဲ့ ျပႆနာပါ။သူေဌးကျဖစ္ျဖစ္၊ အထက္လူႀကီးကျဖစ္ျဖစ္၊ လုပ္ေဖာ္ကိုင္ဖက္ ေယာက်္ားေလးေတြကျဖစ္ျဖစ္ လုပ္ငန္းခြင္ထဲက မိန္းကေလးေတြ ကာယိေျႏၵပ်က္ေအာင္ လုပ္တဲ့ကိစၥေတြပါ။ကိုယ္ထိလက္ေရာက္တစ္မ်ိဳး၊ ႏႈတ္နဲ႔တစ္ဖုံ အမ်ိဳးမ်ိဳးအဖုံဖုံ အသားယူတတ္ၾကတယ္လို႔ ဆိုပါတယ္။မ႐ိုေသစကား တခ်ိဳ႕ဆို ဖင္ပုတ္ေခါင္းပုတ္ေတာင္ ခံရတယ္လို႔ ေျပာၾကပါတယ္။တင္ပါးကို သားေရပင္နဲ႔ အပစ္လည္းခံရပါတယ္တဲ့။တခ်ိဳ႕က သည္းမခံႏိုင္ေတာ့ အလုပ္ကထြက္ၾကတယ္။စားဝတ္ေနေရးတြက္ ခက္ခဲတဲ့သူေတြက အလုပ္မထြက္ႏိုင္ေသးေတာ့ ႀကံဖန္ၿပီး ေရွာင္ရတိမ္းရတာေတြလည္း ရွိၾကပါတယ္။

အဲဒါေတြၾကားရသိရေတာ့ မိန္းကေလးေတြရဲ႕ ကာယိေျႏၵလုံၿခဳံမႈကို ဘယ္လိုကာကြယ္ရင္ အေကာင္းဆုံးျဖစ္မလဲ စဥ္းစားမိပါတယ္။အခု ကြၽန္ေတာ္တို႔ႏိုင္ငံမွာ နယ္ပယ္စုံအတြက္ အားနည္းေနေသးတာ၊ က်င့္သုံးဖို႔ လိုအပ္ေနေသးတာေတြထဲက တစ္ခုျဖစ္တဲ့ တရားဥပေဒစိုးမိုးမႈပါ။မိန္းကေလးေတြကို ဒီလို ကာယိေျႏၵမလုံၿခဳံမႈေတြကေန လြတ္ေျမာက္ဖို႔ အေကာင္းဆုံးထြက္ေပါက္က ဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။

ဒါဆိုရင္ ဒီလိုကိစၥေတြမွာ အမ်ားဆုံးအေရးယူလို႔တဲ့ ဥပေဒက ရာဇသတ္ႀကီးဥပေဒျဖစ္ၿပီး ပုဒ္မက ၃၅၄ နဲ႔ ၅၀၉ ပဲ ျဖစ္ပါတယ္။ပုဒ္မ ၃၅၄ က မိန္းမေတြရဲ႕ ကာယိေျႏၵပ်က္စီးေစဖို႔ အႀကံနဲ႔ လက္ေရာက္မႈ က်ဴးလြန္တာနဲ႔ ရာဇဝတ္မကင္းတဲ့ အႏိုင္အထက္ျပဳမူတာေတြကို အေရးယူတဲ့ ပုဒ္မျဖစ္ပါတယ္။က်ဴးလြန္သူက ျပစ္မႈထင္ရွား စီရင္ခံရရင္ ႏွစ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ က်ခံရႏိုင္ပါတယ္။ဒီပုဒ္မက ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ရွိတဲ့ ရဲအေရးပိုင္တဲ့ ပုဒ္မျဖစ္လို႔ က်ဴးလြန္သူကို ရဲက တိုက္႐ိုက္ဖမ္းဆီး အေရးယူႏိုင္တဲ့အျပင္ ေက်းေအးခြင့္လည္းမရွိတဲ့ ပုဒ္မျဖစ္ပါတယ္။

အလားတူ ပုဒ္မ ၅၀၉ က မိန္းမေတြရဲ႕ ကာယိေျႏၵကို ေစာ္ကားဖို႔ ရည္႐ြယ္တဲ့စကား၊ ကိုယ္အမူအရာ ျပဳလုပ္တာေတြကို အေရးယူတဲ့ ပုဒ္မျဖစ္ပါတယ္။က်ဴးလြန္သူက ျပစ္မႈထင္ရွားစီရင္ခံရရင္ တစ္ႏွစ္အထိ အလုပ္မဲ့ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ က်ခံရႏိုင္ပါတယ္။ဒီပုဒ္မက ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိတဲ့ ရဲအေရးမပိုင္တဲ့ ပုဒ္မျဖစ္လို႔ နစ္နာသူက သက္ဆိုင္ရာ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ တိုင္ၾကားဖို႔လိုမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ မိန္းကေလးေတြ ကာယိေျႏၵ မလုံၿခဳံမႈကေန လြတ္ေျမာက္ဖို႔ အေကာင္းဆုံးထြက္ေပါက္ျဖစ္တဲ့ ဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူႏိုင္ေရး သက္ဆိုင္သူမ်ား အားလုံးက ဝိုင္းဝန္းကူညီႏိုင္ၾကပါေစေၾကာင္း အျပဳသေဘာေဆာင္ ဆႏၵျပဳဆုေတာင္းရင္းျဖင့္။

သာဓက
ေဖေဖာ္ဝါရီ - ၁၃