【 ဆောင်းပါး 】 ကလေးသူငယ်ကို အသက်သွင်းပါ…

【 ဆောင်းပါး 】 ကလေးသူငယ်ကို အသက်သွင်းပါ…

ကလေးသူငယ်တို့ရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အကာအကွယ်ပေး၊ ထိန်းကျောင်းပေးမယ့် ဥပဒေတစ်ရပ်ဖြစ်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အခုကျင်းပနေတဲ့ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အတည်ပြုပေးလိုက်ပါပြီ။

အဲဒီ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို အများပြည်သူ လေ့လာအကြံပြုနိုင်ဖို့ဆိုပြီး လွန်ခဲ့တဲ့ နှစ်နှစ်တာကာလဖြစ်တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက်ကတည်းက နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုထုတ်ပြန်ခဲ့ပြီး တစ်နှစ်သက်တမ်း ကြာလာချိန်မှသာ လွှတ်တော်တွင်း တင်သွင်းပြီး ဆွေးနွေးသွားမယ်ဆိုတဲ့အသံ ထွက်ပေါ်လာပါတယ်။

တကယ်တမ်း လွှတ်တော်တွင်း တင်သွင်းလာခဲ့တာကတော့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ ဖြစ်ပါတယ်။အဲဒီပုံမှန်အစည်းအဝေးမှာ တင်သွင်းရုံသာပြုခဲ့ပြီး ဆွေးနွေးမှု၊ ပြင်ဆင်မှုတွေကိုတော့ ဒသမပုံမှန်အစည်းအဝေးမှာ ဆက်လက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ဒီဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက်အဆို ၁၂၉ ချက်နဲ့အတူ လွှတ်တော်ကိုယ်စားလှယ် လေးဦးရဲ့ ပြင်ဆင်ချက်အဆိုတွေပါ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒသမပုံမှန်အစည်းအဝေး ကာလအတွင်း ဆွေးနွေးအတည်ပြုမှုကို ပြည်သူ့လွှတ်တော်မှာသာ ပြုလုပ်နိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်မှာတော့ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးရောက်မှသာ ဆွေးနွေးခြင်းကို ပြုလုပ်နိုင်ခဲ့ပါတယ်။ပြည်သူ့လွှတ်တော်မှာကော၊ အမျိုးသားလွှတ်တော်မှာပါ ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး အသံအထွက်ဆုံးကိစ္စက ‘ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် (၁၈) နှစ်ပြည့်ပြီး ဖြစ်ရမည်’ ဆိုတဲ့ အချက်အပေါ် ဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်မှာ မဲခွဲရှုံးနိမ့်မှုကို အမျိုးသားလွှတ်တော်မှာ ထပ်မံပြင်ဆင်ဖို့ ကြိုးပမ်းကြ၊ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအချက် အပါအဝင် တခြားသော ဆွေးနွေးထောက်ပြမှုတွေကနေ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲချက်တွေ ရှိတာကြောင့် ဒီကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဟာ ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်တက်လာခဲ့ပါတယ်။ဒီဥပဒေကို (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလမှာတော့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပေးခဲ့ပါတယ်။
သို့ပေမယ့် နိုင်ငံတော်သမ္မတထံက ပြင်ဆင်ချက်သုံးချက် ရှိခဲ့တာကြောင့် အခု (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလမှသာ ပြန်လည်ဆွေးနွေး သဘောတူချက်ယူပြီး ဇူလိုင် ၂၃ ရက် ရက်စွဲနဲ့ သမ္မတက အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အတည်ပြုလိုက်တဲ့ ဒီဥပဒေမှာ အခန်းပေါင်း ၃၀၊ ပုဒ်မပေါင်း ၁၂၁ ခု ပါဝင်ပါတယ်။ဒီဥဒေဟာ ၁၉၉၃ ဇူလိုင် ၁၄ ရက်တုန်းက ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ ကလေးသူငယ် ဥပဒေနေရာမှာ ခေတ်နဲ့လျော်ညီတဲ့ ပြင်ဆင်ပြဋ္ဌာန်းချက်တွေနဲ့အတူ အစားထိုးလာတဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။

အခုတော့ ကလေးသူငယ် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အကာအကွယ်ပေး၊ စောင့်ကြည့်ထိန်းကျောင်းပေးမယ့် ဥပဒေတစ်ရပ် ပေါ်ထွက်လို့လာပါပြီ။အဲဒီဥပဒေမှာ ကလေးသူငယ်များအရေး အမျိုးသားကော်မတီ ဖွဲ့စည်းဆောင်ရွက်ဖို့၊ ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဖို့၊ လူမှုဝန်ထမ်းအရာရှိနဲ့ ကလေးသူငယ် ကြီးကြပ်သူများ ခန့်အပ်တာဝန်ပေးဖို့၊ သင်တန်းကျောင်း၊ ပရဟိတဂေဟာနဲ့ ယာယီစောင့်ရှောက်ရေးဂေဟာတွေ တည်ထောင်ဖွင့်လှစ်ဖို့၊ ကြီးကြပ်ကွက်ကဲဖို့ စတဲ့ ခေါင်းစဉ်တွေအလိုက် ကလေးသူငယ်တို့ ရရှိပိုင်ဆိုင်ရမယ့် အခွင့်အရေးများနဲ့ ပတ်သက်ပြီး အသေးစိတ် ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ပြစ်မှု၊ ပြစ်ဒဏ် အပိုင်းမှာဆိုရင် ကလေးသူငယ်များအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အနိုင့်အထက်ပြုတာ၊ နှိပ်စက်ညှဉ်းပမ်းတာ၊ တောင်းရမ်းစေခိုင်းတာ၊ အရက်၊ ဘီယာ စတာတွေ ဝယ်ယူခိုင်းတာ၊ သောက်သုံးစေတာ၊ လောင်းကစားစေတာ၊ အတင်းအကြပ် လက်ထပ်စေတာ၊ ပြည့်တန်ဆာအဖြစ် ပြုလိုက်ပိုင်းစေတာ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးတာ စတဲ့ ပြုမူချက်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ပေး၊ အရေးယူပေးမယ့် ပြစ်မှု၊ ပြစ်ဒဏ်တွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ကလေးစစ်သားအရေး အပါအဝင် ကလေးသူငယ်တို့ လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ဆက်နွယ်လာမှုတွေနဲ့ ပတ်သက်ပြီးလည်း ‘ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ’ ဆိုတဲ့ အခန်းကို သီးခြားရေးဆွဲ ပြဋ္ဌာန်းထားပါတယ်။

ဥပဒေတစ်ရပ် ပြဋ္ဌာန်းအတည်ပြုလိုက်ပြီး နောက်မှာတော့ ဥပဒေကို ကိုင်တွယ်စီမံ ဆောင်ရွက်ရမယ့် ဆိုင်ရာအဖွဲ့အစည်းများဘက်က ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍကို ဖော်ဆောင်သွားရမှာဖြစ်သလို ပြည်သူလူထုဘက်ကလည်း တည်ဆဲဥပဒေများအပေါ် လေးစားလိုက်နာဖို့လိုမှာ ဖြစ်ပါတယ်။

သို့သော် ဒီကနေ့ကာလ တည်ဆဲဥပဒေများထဲမှာ အသက်မဝင်တဲ့ ဥပဒေများစွာ ရှိနေတာကို ကျွန်တော်တို့ သတိပြုရမှာဖြစ်ပါတယ်။အထင်ရှားဆုံး သာဓကပြစရာ ဥပဒေကတော့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ဖြစ်ပါတယ်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့မှာ အတည်ပြုခဲ့တာဖြစ်ပြီး ဥပဒေအတည်ပြုပြဋ္ဌာန်းပြီး တစ်နှစ်အကြာမှာ ဒီဥပဒေ အသက်ဝင် အာဏာတည်ရမယ်ဆိုပြီး ပြဋ္ဌာန်းချက်မှာ အတိအလင်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

အဲဒီဥပဒေထဲမှာ ဆေးလိပ်သောက်သုံးမှု၊ ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုတို့နဲ့ ပတ်သက်ပြီး ဆိုင်ရာဘက်က သတ်သတ်မှတ်မှတ် အကောင်အထည်ဖော်ပေးရမှာတွေ ပါသလို ပြည်သူဘက်က လိုက်နာရမယ့် အချက်အလက်များစွာကိုလည်း အသေးစိတ်ပြဋ္ဌာန်းထားပါတယ်။

ဥပမာအားဖြင့်ဆိုရရင် ဆိုင်ရာအဖွဲ့အစည်းများဘက်က ဆေးလိပ်သောက်သုံးနိုင်မယ့် နေရာတွေ၊ ဧရိယာတွေကို သတ်သတ်မှတ်မှတ် စီစဉ်ပေးရမှာမျိုးတွေ ပါဝင်သလို ပြည်သူလူထုဘက်က လူအများတည်ရှိတဲ့ နေရာတွေဖြစ်တဲ့ ဘက်စ်ကားမှတ်တိုင်လို နေရာတွေ၊ ကလေးသူငယ်တွေရှိတဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုမပြုဖို့ တားမြစ်ချက်တွေ ပါဝင်ပါတယ်။ဒါတွေကို လေးစားလိုက်နာမှု မရှိဘူးဆိုရင် အရေးယူမယ့် ပြစ်ဒဏ်တွေလည်း ထည့်သွင်းထားပါတယ်။

သို့သော် ဒီကနေ့ကာလ အများပြည်သူ သွားလာလှုပ်ရှားနေတဲ့ နေရာအများစုမှာ ကြည့်လိုက်ပါ။လက်ကြားမှာ ဆေးလိပ်ညှပ်လို့ လမ်းလျှောက်နေသူ၊ ဘက်စ်ကားစောင့်နေသူတွေကို အခါမလပ်ဆိုသလို တွေ့ရမှာဖြစ်သလို ဥပဒေပြဋ္ဌာန်းချက်ထဲမှာ ပါဝင်တဲ့ ဆေးလိပ်သောက်သုံးဖို့ သီးသန့်ဖော်ဆောင်ပေးရမယ့် နေရာ၊ ဧရိယာ ဆိုတာတွေလည်း မမြင်မတွေ့ရသေးပါဘူး။
ဒါဟာ ဆိုင်ရာအဖွဲ့စည်းဘက်က တည်ဆဲဥပဒေကို အသက်ဝင်အောင်၊ အာဏာတည်အောင် မဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။အဲဒီကနေ သက်ရောက်လာစေတာကတော့ လိုက်နာရမယ့် ပြည်သူလူထုဘက်ကလည်း ဥပဒေအပေါ် လေးစားလိုက်နာမှု အားနည်းသွားခဲ့တာ ဖြစ်ပါတယ်။

အထက်မှာဆိုခဲ့သလိုပဲ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေဟာ အာဏာတည်ခဲ့တာ ၁၂ နှစ်သက်တမ်း ရှိပါပြီ။သို့သော် လက်တွေ့ကျင့်သုံးမှု အပိုင်းမှာတော့ အာဏာမတည်သေး၊ အသက်မဝင်သေးပါဘူး။အလားတူပါပဲ အများပြည်သူနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ စည်ပင်ဥပဒေတွေဟာလည်း ပြည့်ဝတဲ့ အသက်ဝင်လှုပ်ရှားမှုမျိုးဆီကို မရောက်လာသေးပါဘူး။လမ်းဘေးနဲ့ လမ်းမတွေထက်၊ အဆောက်အအုံတွေနဲ့ ပလပ်ဖောင်းတွေထက်က ကွမ်းတံတွေးကွက်တွေဟာ အသိသာအထင်ရှားဆုံး သာဓကများပဲ ဖြစ်ပါတယ်။

အခုပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေသည်လည်း ထိုနည်းတူ ဖြစ်လာစေမှာကို မလိုလားပါဘူး။နောက်ကနေ ထပ်မံဖြည့်စွက်လာမယ့် နည်းဥပဒေများလည်း အမြန်ဆုံးရေးဆွဲ ပြဋ္ဌာန်းလာနိုင်ဖို့ မျှော်လင့်သလို အာဏာတည်ပြီး ဥပဒေသည်လည်း မြန်မြန်သက်ဝင် လှုပ်ရှားလာဖို့ လိုမှာဖြစ်ပါတယ်။သို့မှသာ မြန်မာ့မြေပေါ်မှာ ရှင်သန်ရပ်တည်ရတဲ့ ကလေးသူငယ်များအနေနဲ့ ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေရဲ့ အစောင့်အရှောက်ကို ပြည့်ဝစွာ လက်ခံရယူနိုင်မှာဖြစ်ပါတယ်။

သို့အတွက် ထပ်ဆင့်တိုက်တွန်းလိုတာကတော့ အခုအတည်ပြု ပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ထိရောက်စွာအသုံးပြုပေးကြဖို့၊ အသက်သွင်းပေးကြဖို့ ဖြစ်ကြောင်းပါ။

ဂျေငြိမ်း
သြဂုတ် - ၂၁

( Zawgyi )

ကေလးသူငယ္တို႔ရဲ႕ အခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး အကာအကြယ္ေပး၊ ထိန္းေက်ာင္းေပးမယ့္ ဥပေဒတစ္ရပ္ျဖစ္တဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္က အခုက်င္းပေနတဲ့ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးမွာ အတည္ျပဳေပးလိုက္ပါၿပီ။

အဲဒီ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒၾကမ္းကို အမ်ားျပည္သူ ေလ့လာအႀကံျပဳႏိုင္ဖို႔ဆိုၿပီး လြန္ခဲ့တဲ့ ႏွစ္ႏွစ္တာကာလျဖစ္တဲ့ ၂၀၁၇ ခုႏွစ္ ဇူလိုင္ ၁၃ ရက္ကတည္းက ႏိုင္ငံပိုင္ သတင္းစာေတြကေနတစ္ဆင့္ အသိေပးထုတ္ျပန္ခဲ့ပါတယ္။အဲဒီလိုထုတ္ျပန္ခဲ့ၿပီး တစ္ႏွစ္သက္တမ္း ၾကာလာခ်ိန္မွသာ လႊတ္ေတာ္တြင္း တင္သြင္းၿပီး ေဆြးေႏြးသြားမယ္ဆိုတဲ့အသံ ထြက္ေပၚလာပါတယ္။

တကယ္တမ္း လႊတ္ေတာ္တြင္း တင္သြင္းလာခဲ့တာကေတာ့ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝးမွာ ျဖစ္ပါတယ္။အဲဒီပုံမွန္အစည္းအေဝးမွာ တင္သြင္း႐ုံသာျပဳခဲ့ၿပီး ေဆြးေႏြးမႈ၊ ျပင္ဆင္မႈေတြကိုေတာ့ ဒသမပုံမွန္အစည္းအေဝးမွာ ဆက္လက္ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ဒီဥပေဒၾကမ္းအေပၚ ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီက ျပင္ဆင္ခ်က္အဆို ၁၂၉ ခ်က္နဲ႔အတူ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးဦးရဲ႕ ျပင္ဆင္ခ်က္အဆိုေတြပါ တင္သြင္းေဆြးေႏြးခဲ့ၾကပါတယ္။

ဒသမပုံမွန္အစည္းအေဝး ကာလအတြင္း ေဆြးေႏြးအတည္ျပဳမႈကို ျပည္သူ႔လႊတ္ေတာ္မွာသာ ျပဳလုပ္ႏိုင္ခဲ့ၿပီး အမ်ိဳးသားလႊတ္ေတာ္မွာေတာ့ (၁၁) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးေရာက္မွသာ ေဆြးေႏြးျခင္းကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ျပည္သူ႔လႊတ္ေတာ္မွာေကာ၊ အမ်ိဳးသားလႊတ္ေတာ္မွာပါ ျပင္ဆင္ခ်က္နဲ႔ပတ္သက္ၿပီး အသံအထြက္ဆုံးကိစၥက ‘ထိမ္းျမားလက္ထပ္ရန္ ပဋိညာဥ္ျပဳႏိုင္သည့္ အသက္သည္ (၁၈) ႏွစ္ျပည့္ၿပီး ျဖစ္ရမည္’ ဆိုတဲ့ အခ်က္အေပၚ ျဖစ္ပါတယ္။ျပည္သူ႔လႊတ္ေတာ္မွာ မဲခြဲရႈံးနိမ့္မႈကို အမ်ိဳးသားလႊတ္ေတာ္မွာ ထပ္မံျပင္ဆင္ဖို႔ ႀကိဳးပမ္းၾက၊ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီအခ်က္ အပါအဝင္ တျခားေသာ ေဆြးေႏြးေထာက္ျပမႈေတြကေန လႊတ္ေတာ္ႏွစ္ရပ္ သေဘာကြဲလြဲခ်က္ေတြ ရွိတာေၾကာင့္ ဒီကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒဟာ ျပည္ေထာင္စုလႊတ္ေတာ္ကို ဆက္လက္တက္လာခဲ့ပါတယ္။ဒီဥပေဒကို (၁၂) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ကာလမွာေတာ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးအတည္ျပဳေပးခဲ့ပါတယ္။
သို႔ေပမယ့္ ႏိုင္ငံေတာ္သမၼတထံက ျပင္ဆင္ခ်က္သုံးခ်က္ ရွိခဲ့တာေၾကာင့္ အခု (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ကာလမွသာ ျပန္လည္ေဆြးေႏြး သေဘာတူခ်က္ယူၿပီး ဇူလိုင္ ၂၃ ရက္ ရက္စြဲနဲ႔ သမၼတက အတည္ျပဳျပ႒ာန္းေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အတည္ျပဳလိုက္တဲ့ ဒီဥပေဒမွာ အခန္းေပါင္း ၃၀၊ ပုဒ္မေပါင္း ၁၂၁ ခု ပါဝင္ပါတယ္။ဒီဥေဒဟာ ၁၉၉၃ ဇူလိုင္ ၁၄ ရက္တုန္းက ျပ႒ာန္းအတည္ျပဳခဲ့တဲ့ ကေလးသူငယ္ ဥပေဒေနရာမွာ ေခတ္နဲ႔ေလ်ာ္ညီတဲ့ ျပင္ဆင္ျပ႒ာန္းခ်က္ေတြနဲ႔အတူ အစားထိုးလာတဲ့ ဥပေဒတစ္ရပ္ ျဖစ္ပါတယ္။

အခုေတာ့ ကေလးသူငယ္ အခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး အကာအကြယ္ေပး၊ ေစာင့္ၾကည့္ထိန္းေက်ာင္းေပးမယ့္ ဥပေဒတစ္ရပ္ ေပၚထြက္လို႔လာပါၿပီ။အဲဒီဥပေဒမွာ ကေလးသူငယ္မ်ားအေရး အမ်ိဳးသားေကာ္မတီ ဖြဲ႕စည္းေဆာင္႐ြက္ဖို႔၊ ေဒသဆိုင္ရာ ေကာ္မတီအဆင့္ဆင့္ ဖြဲ႕စည္းဖို႔၊ လူမႈဝန္ထမ္းအရာရွိနဲ႔ ကေလးသူငယ္ ႀကီးၾကပ္သူမ်ား ခန႔္အပ္တာဝန္ေပးဖို႔၊ သင္တန္းေက်ာင္း၊ ပရဟိတေဂဟာနဲ႔ ယာယီေစာင့္ေရွာက္ေရးေဂဟာေတြ တည္ေထာင္ဖြင့္လွစ္ဖို႔၊ ႀကီးၾကပ္ကြက္ကဲဖို႔ စတဲ့ ေခါင္းစဥ္ေတြအလိုက္ ကေလးသူငယ္တို႔ ရရွိပိုင္ဆိုင္ရမယ့္ အခြင့္အေရးမ်ားနဲ႔ ပတ္သက္ၿပီး အေသးစိတ္ ထည့္သြင္းျပ႒ာန္းထားပါတယ္။

ျပစ္မႈ၊ ျပစ္ဒဏ္ အပိုင္းမွာဆိုရင္ ကေလးသူငယ္မ်ားအေပၚ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္တာ၊ အႏိုင့္အထက္ျပဳတာ၊ ႏွိပ္စက္ညႇဥ္းပမ္းတာ၊ ေတာင္းရမ္းေစခိုင္းတာ၊ အရက္၊ ဘီယာ စတာေတြ ဝယ္ယူခိုင္းတာ၊ ေသာက္သုံးေစတာ၊ ေလာင္းကစားေစတာ၊ အတင္းအၾကပ္ လက္ထပ္ေစတာ၊ ျပည့္တန္ဆာအျဖစ္ ျပဳလိုက္ပိုင္းေစတာ၊ လိင္ပိုင္းဆိုင္ရာ အလြဲသုံးတာ စတဲ့ ျပဳမူခ်က္ေတြနဲ႔ ပတ္သက္ၿပီး ကာကြယ္ေပး၊ အေရးယူေပးမယ့္ ျပစ္မႈ၊ ျပစ္ဒဏ္ေတြကို ထည့္သြင္းျပ႒ာန္းထားပါတယ္။

ဒါ့အျပင္ ကေလးစစ္သားအေရး အပါအဝင္ ကေလးသူငယ္တို႔ လက္နက္ကိုင္ပဋိပကၡအတြင္း ပါဝင္ဆက္ႏြယ္လာမႈေတြနဲ႔ ပတ္သက္ၿပီးလည္း ‘ကေလးသူငယ္ႏွင့္ လက္နက္ကိုင္ပဋိပကၡ’ ဆိုတဲ့ အခန္းကို သီးျခားေရးဆြဲ ျပ႒ာန္းထားပါတယ္။

ဥပေဒတစ္ရပ္ ျပ႒ာန္းအတည္ျပဳလိုက္ၿပီး ေနာက္မွာေတာ့ ဥပေဒကို ကိုင္တြယ္စီမံ ေဆာင္႐ြက္ရမယ့္ ဆိုင္ရာအဖြဲ႕အစည္းမ်ားဘက္က ဥပေဒပါ ျပ႒ာန္းခ်က္မ်ားနဲ႔အညီ တရားဥပေဒစိုးမိုးေရး အခန္းက႑ကို ေဖာ္ေဆာင္သြားရမွာျဖစ္သလို ျပည္သူလူထုဘက္ကလည္း တည္ဆဲဥပေဒမ်ားအေပၚ ေလးစားလိုက္နာဖို႔လိုမွာ ျဖစ္ပါတယ္။

သို႔ေသာ္ ဒီကေန႔ကာလ တည္ဆဲဥပေဒမ်ားထဲမွာ အသက္မဝင္တဲ့ ဥပေဒမ်ားစြာ ရွိေနတာကို ကြၽန္ေတာ္တို႔ သတိျပဳရမွာျဖစ္ပါတယ္။အထင္ရွားဆုံး သာဓကျပစရာ ဥပေဒကေတာ့ ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရးဥပေဒ ျဖစ္ပါတယ္။

ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရးဥပေဒကို ၂၀၀၆ ခုႏွစ္ ေမလ ၄ ရက္ေန႔မွာ အတည္ျပဳခဲ့တာျဖစ္ၿပီး ဥပေဒအတည္ျပဳျပ႒ာန္းၿပီး တစ္ႏွစ္အၾကာမွာ ဒီဥပေဒ အသက္ဝင္ အာဏာတည္ရမယ္ဆိုၿပီး ျပ႒ာန္းခ်က္မွာ အတိအလင္း ထည့္သြင္းျပ႒ာန္းထားပါတယ္။

အဲဒီဥပေဒထဲမွာ ေဆးလိပ္ေသာက္သုံးမႈ၊ ေဆး႐ြက္ႀကီးထြက္ပစၥည္း သုံးစြဲမႈတို႔နဲ႔ ပတ္သက္ၿပီး ဆိုင္ရာဘက္က သတ္သတ္မွတ္မွတ္ အေကာင္အထည္ေဖာ္ေပးရမွာေတြ ပါသလို ျပည္သူဘက္က လိုက္နာရမယ့္ အခ်က္အလက္မ်ားစြာကိုလည္း အေသးစိတ္ျပ႒ာန္းထားပါတယ္။

ဥပမာအားျဖင့္ဆိုရရင္ ဆိုင္ရာအဖြဲ႕အစည္းမ်ားဘက္က ေဆးလိပ္ေသာက္သုံးႏိုင္မယ့္ ေနရာေတြ၊ ဧရိယာေတြကို သတ္သတ္မွတ္မွတ္ စီစဥ္ေပးရမွာမ်ိဳးေတြ ပါဝင္သလို ျပည္သူလူထုဘက္က လူအမ်ားတည္ရွိတဲ့ ေနရာေတြျဖစ္တဲ့ ဘက္စ္ကားမွတ္တိုင္လို ေနရာေတြ၊ ကေလးသူငယ္ေတြရွိတဲ့ ေနရာေတြမွာ ေဆးလိပ္ေသာက္သုံးမႈမျပဳဖို႔ တားျမစ္ခ်က္ေတြ ပါဝင္ပါတယ္။ဒါေတြကို ေလးစားလိုက္နာမႈ မရွိဘူးဆိုရင္ အေရးယူမယ့္ ျပစ္ဒဏ္ေတြလည္း ထည့္သြင္းထားပါတယ္။

သို႔ေသာ္ ဒီကေန႔ကာလ အမ်ားျပည္သူ သြားလာလႈပ္ရွားေနတဲ့ ေနရာအမ်ားစုမွာ ၾကည့္လိုက္ပါ။လက္ၾကားမွာ ေဆးလိပ္ညႇပ္လို႔ လမ္းေလွ်ာက္ေနသူ၊ ဘက္စ္ကားေစာင့္ေနသူေတြကို အခါမလပ္ဆိုသလို ေတြ႕ရမွာျဖစ္သလို ဥပေဒျပ႒ာန္းခ်က္ထဲမွာ ပါဝင္တဲ့ ေဆးလိပ္ေသာက္သုံးဖို႔ သီးသန႔္ေဖာ္ေဆာင္ေပးရမယ့္ ေနရာ၊ ဧရိယာ ဆိုတာေတြလည္း မျမင္မေတြ႕ရေသးပါဘူး။
ဒါဟာ ဆိုင္ရာအဖြဲ႕စည္းဘက္က တည္ဆဲဥပေဒကို အသက္ဝင္ေအာင္၊ အာဏာတည္ေအာင္ မေဆာင္႐ြက္ႏိုင္ျခင္း ျဖစ္ပါတယ္။အဲဒီကေန သက္ေရာက္လာေစတာကေတာ့ လိုက္နာရမယ့္ ျပည္သူလူထုဘက္ကလည္း ဥပေဒအေပၚ ေလးစားလိုက္နာမႈ အားနည္းသြားခဲ့တာ ျဖစ္ပါတယ္။

အထက္မွာဆိုခဲ့သလိုပဲ ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရးဥပေဒဟာ အာဏာတည္ခဲ့တာ ၁၂ ႏွစ္သက္တမ္း ရွိပါၿပီ။သို႔ေသာ္ လက္ေတြ႕က်င့္သုံးမႈ အပိုင္းမွာေတာ့ အာဏာမတည္ေသး၊ အသက္မဝင္ေသးပါဘူး။အလားတူပါပဲ အမ်ားျပည္သူနဲ႔ အနီးကပ္ဆုံးျဖစ္တဲ့ စည္ပင္ဥပေဒေတြဟာလည္း ျပည့္ဝတဲ့ အသက္ဝင္လႈပ္ရွားမႈမ်ိဳးဆီကို မေရာက္လာေသးပါဘူး။လမ္းေဘးနဲ႔ လမ္းမေတြထက္၊ အေဆာက္အအုံေတြနဲ႔ ပလပ္ေဖာင္းေတြထက္က ကြမ္းတံေတြးကြက္ေတြဟာ အသိသာအထင္ရွားဆုံး သာဓကမ်ားပဲ ျဖစ္ပါတယ္။

အခုျပ႒ာန္းလိုက္ၿပီျဖစ္တဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒသည္လည္း ထိုနည္းတူ ျဖစ္လာေစမွာကို မလိုလားပါဘူး။ေနာက္ကေန ထပ္မံျဖည့္စြက္လာမယ့္ နည္းဥပေဒမ်ားလည္း အျမန္ဆုံးေရးဆြဲ ျပ႒ာန္းလာႏိုင္ဖို႔ ေမွ်ာ္လင့္သလို အာဏာတည္ၿပီး ဥပေဒသည္လည္း ျမန္ျမန္သက္ဝင္ လႈပ္ရွားလာဖို႔ လိုမွာျဖစ္ပါတယ္။သို႔မွသာ ျမန္မာ့ေျမေပၚမွာ ရွင္သန္ရပ္တည္ရတဲ့ ကေလးသူငယ္မ်ားအေနနဲ႔ ဥပေဒရဲ႕ အကာအကြယ္၊ ဥပေဒရဲ႕ အေစာင့္အေရွာက္ကို ျပည့္ဝစြာ လက္ခံရယူႏိုင္မွာျဖစ္ပါတယ္။

သို႔အတြက္ ထပ္ဆင့္တိုက္တြန္းလိုတာကေတာ့ အခုအတည္ျပဳ ျပ႒ာန္းလိုက္ၿပီျဖစ္တဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒကို ထိေရာက္စြာအသုံးျပဳေပးၾကဖို႔၊ အသက္သြင္းေပးၾကဖို႔ ျဖစ္ေၾကာင္းပါ။

ေဂ်ၿငိမ္း
ၾသဂုတ္ - ၂၁