【 ဆောင်းပါး 】 “ပျောက်ကွယ်လာတဲ့ ဂါရဝတရား”

【 ဆောင်းပါး 】 “ပျောက်ကွယ်လာတဲ့ ဂါရဝတရား”

ဒီရက်ပိုင်းမှာပဲ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပတဲ့အခါ ခွင့်ရက်ပျက်မရှိတဲ့ ဆရာ/ဆရာမတွေကို ဆုချီးမြှင့်တာကို တွေ့ရသည်။ဒီသတင်းဖတ်မိတော့ ကျွန်တော့်စိတ်ထဲ တွေးမိတာက အရင်က ကျောင်းဆရာဘဝကို ဖြစ်သည်။ကျောင်းဆရာဘ၀ ကျောင်းပျက်ရက်မရှိ ဖြစ်ဖို့ဆိုသည်က နယ်မြို့များတွင် ကျောင်းနှင့် အိမ် တွဲနေသဖြင့် တစ်ကိုယ်တော်ေ ကျာင်းဆရာဘဝမှာ ကျောင်းပိတ်သည့်နေ့မှာ ဆရာဖြစ်သူ တော်တော်လေး နေမကောင်းသည့်နေ့သာဖြစ်၍ တော်ရုံတန်ရုံတော့ အပရိကအဖျားလောက်ဆို ကျောင်းတက်ကြ၊ စာသင်ကြနှင့် ဆရာတွေ/ဆရာမတွေ ကျောင်းပျက်ဖို့ အတော်လေး ဝန်လေးကြတာကို တွေ့ရသည်။

ဆရာ/ဆရာမတွေ ဘ၀ ၁၉၈၀ ဝန်းကျင်တွေမှာ ကျူရှင်ဆိုတာ မရှိသေးတော့ ကျောင်းသားတွေကို စာသင်ပြီးလျှင် လုပ်ရသည့် အလုပ်က ရပ်ထဲရွာထဲလျှောက်ပြီး ကိုယ့်ကျောင်းသားမိဘတွေ၏ သူတို့ သားသမီးများအပေါ် ပညာရေးနှင့် ပတ်သက်သည့် အခက်အခဲတွေ၊ လူမှုရေးအခက်အခဲတွေကို ဆောင်ရွက်ပေးရခြင်း ဖြစ်သည်။ဒီလိုဘဝက အတော်လေး ပျော်ဖို့ကောင်းသည်။ရပ်ရွာကလည်း ဆရာ/ဆရာမဆို မရှိ ရှိတာလေးနှင့် သူတို့ရပ်ရွာမှာ ပျော်အောင်ထားကြသလို ကျွန်တော်တို့ကလည်း ရွာသားတစ်ပိုင်းဖြစ်တဲ့အထိ ရပ်လေးရွာလေးနှင့် တစ်သားတည်းကျအောင် နေထိုင်လေ့ရှိကြသည်။

ဒီတော့ ကျောင်းသားမဆိုနှင့် ကျောင်းသားမိဘကပင် ဆရာ/ဆရာမတွေမှာ ရိုသေဂါရဝပြုခြင်းကို ခံရသလို ဆရာ/ဆရာမတွေကလည်း ကိုယ့်နေရာ၊ ကိုယ့်ရာထူးနှင့် လျော်ညီစွာ အဂါရဝဖြစ်အောင်လည်း နေထိုင်လေ့မရှိကြတာ များသည်။

တစ်လောက အွန်လိုင်းပေါ်မှာ စာမေးပွဲအခန်းစောင့်သည့် ဆရာကို စာမေးပွဲဖြေသည့် ကျောင်းသားက ဆူလို့ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းပြောတာ၊ တက္ကသိုလ်ထဲ ဒန့်စ်ကလပ်ဖွင့်ဖို့ သမဂ္ဂတစ်ခုက ပါချုပ်ကို တောင်းဆိုတဲ့စာ၊ ဆရာမကို ကျောင်းသားက ဓားနဲ့ထိုးတဲ့သတင်း စတဲ့ သတင်းပေါင်းစုံ ဖတ်ရတော့ ကျွန်တော့်စိတ်ထဲ ဘာတွေဖြစ်ကုန်ပြီ်လဲဟု စိတ်ထဲမကောင်းဖြစ်မိသည်။

ဒီဘက်ခေတ်မှာက မကောင်းတာမှန်သမျှ အကုန်ထွန်းကားသည်။ဆက်သွယ်ရေးနည်းပညာတွေ ထွန်းကားလာတော့ လူငယ်တွေက မိဘဆိုဆုံးမမှုအောက်ကနေလွတ်ပြီး တစ်ကယ့်ကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပုံစံဖြစ်လာသည်။ကျွန်တော်က လှိုင်သာယာ၊ေ တာင်ဒဂုံဘက်မှာ စာသွားသင်ရသည့်အပြင် ဆရာတစ်ဦးဖြစ်တော့ ဒီလိုပုံစံတွေကို ဝင်ငွေနည်းမိသားစုတွေဘက်မှာ တွေ့ရသလို၊ မရမ်းကုန်း၊ ကမာရွက်ဘက်မှာ စာသင်ရပြန်တော့လည်း ဒီလိုပုံစံတူတွေကို ဝင်ငွေကောင်းသည့် မိသားစုတွေဘက်မှာလည်း တွေ့ရသည်။ဝင်ငွေနည်းဘက်မှာ ဆရာကို အရက်ဆိုင်ထဲ အတင်းခေါ်ပြီး တိုက်သလို ဝင်ငွေကောင်းသည့် အရပ်ကျတော့ ဆရာကိုခေါ်ပြီး ကလပ်တက်တာတွေ မကြာခဏကြုံရသည်။ဝင်ငွေ နည်းတာ၊ များတာ လူနေမှုအဆင့်အတန်း မြင့်တာ၊ နိမ့်တာကျတာကြောင့် မဟုတ်ဘဲ ဆရာတွေအပေါ် တပည့်တွေ၏ ဆက်ဆံပုံက အဂါရ၀ ပိုဆန်ဆန်လာခြင်း ဖြစ်သည်။ဆရာကို ခင်လို့ပြုစုတာ၊ ဆရာနဲ့ ရင်းရင်းနှီးနှီးနေတာ အကြောင်းပြချက်တွေက မှန်သော်လည်း ခင်မင်တာနဲ့ စော်ကားတာ မကွဲသည့် အဂါရ၀ လုပ်ရပ် ဖြစ်မှန်းမသိ ဖြစ်နေတာ သတိမပြုမိလောက်အောင် တပည့်တွေ၏ ပင်ကိုယ်အသိက ထိုးကျလာနေသည်။ကိုယ့်အသက်အရွယ်အရ လုပ်နေရသည့်ခေတ်အရ မလွဲမရှောင်သာ ကြုံရသော်လည်း ဖြစ်သလို ရှောင်ခဲ့ပေမယ့် စိတ်ထဲကတော့ မကြာခဏ ဒီစာသင်သည့်အလုပ်ကို ဆက်မလုပ်ချင်လောက်အောင် တစ်ခါတစ်လေ ဖြစ်မိသည်။

 
ကျွန်တော်တို့ ဒီဘက်ခေတ်မှာက ပွင့်လင်းတာနဲ့ မိုက်ရိုင်းတာ၊ ပွင့်လင်းတာနဲ့ အဂါရဝဖြစ်တာ မသဲကွဲဘူး ဖြစ်နေသည်။တက္ကသိုလ်ထဲ စောစောလာကာ မဖွယ်မရာပြုကြလို့ အွန်လိုင်းပေါ် ဗီဒီယိုဖိုင်တွေ တက်လာတာမျိုးတွေ၊ စာသင်ခန်းထဲ နမ်းကြရှုံ့ကြတာတွေ၊ ကျောင်းကားပေါ် ဖြစ်ချင်တိုင်း ဖြစ်နေတာတွေအထိ တစ်ခါတစ်လေ ဆရာ/ဆရာမတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ စာပဲသင်ရမလိုလို အပြင်ပဲပြန်ထွက်ပေးရမလိုလိုတွေ ဖြစ်ကုန်သည်အထိ ဟိရီသြတပ္ပတရားကလည်း ကင်းမဲ့လာကြသည်။  

ဒါမျိုးတွေ တက္ကသိုလ်မှာ မကြာခဏ ကြုံရသလို  အဆင့်မြင့်ပညာအဆင့် ပြင်ပကျူရှင်တွေမှာလည်း ထိုနည်းလည်းကောင်း။ယခုနောက်ပိုင်း ကျူရှင်တွေမှာ တက်တူးတွေထိုး စွပ်ကျယ်ဝတ်ကာ ကျူရှင်ခန်းထဲ ဆရာဝင်လာတာတောင် မဖယ်ပေးသည့် ခပ်ရိုင်းရိုင်း ကျောင်းသားတွေ ရှိလာသလို စာသင်နေချိန် အောက်ကနေ မခန့်လေးစားလုပ်ပြနေသည့် ကျောင်းသားတွေကို တွေ့ရသည့်အခါ  ငယ်စိတ်နဲ့ ဆင်းထိုးရင် ကောင်းမလား၊ ဒါမှမဟုတ် အများစုကို ငဲ့ညှာပြီး စာဆက်သင်မလားဆိုတာက မကြာခဏ ဝေခွဲမရ ဖြစ်ရသည့်အပြင် ကျူရှင်ဆရာတွေ ဘဝက မလွယ်။စာသင်ရသည်မှာ အသပြာလိုချင်လို့ မှန်သော်လည်း ကိုယ့်ပညာဖြင့် ကိုယ့်သမာအာဇီ၀ ရှာကြခြင်းဖြစ်ပြီး တပည့်တွေအပေါ် ဆရာတိုင်းက ပညာတတ်စေချင်တဲ့စိတ်၊ လိမ္မာရေးခြား ရှိစေချင်သည့် စိတ်ကတော့ တစ်ပြားသားမှ လျော့သည်စိတ်တော့ ဆရာတိုင်းမရှိ။

ကိုယ်စာသင်ခဲ့ဘူးသည့် တပည့်ကောင်း သတင်းသာ ဆရာတိုင်း ကြားချင်ကြပြီး ထောင်၊ တန်းနှင့် ဒုစရိုက်မှုတွေနှင့် ပတ်သက်သည့် အမှုထဲ ကိုယ်တပည့် ပါသည့်အခါ ဆရာတွေမှာ အလိုလို ကိုယ့်အပြစ် မကင်းသလို ခံစားရသည်က ဆရာစိတ်ရှိသည့် ဆရာတိုင်း၏ စိတ်ရင်းပင် ဖြစ်သည်။

ဒါမျိုးမှာ ဆရာကြီးတစ်ဦး ပြောသည့်စကားကို သွားသတိရမိသည့်။“ခပ်ရိုင်းရိုင်း မိဘကမွေးတော့ ခပ်ရိုင်းရိုင်း သားသမီးတွေ ဖြစ်လာတယ်။ခပ်ရိုင်းရိုင်း ဆရာတွေနဲ့တွေ့တော့ ခပ်ဆိုးဆိုး တပည့်တွေ ဖြစ်လာတယ်။ကိုယ့်ကြောင့် ကိုယ့်တပည့် ခပ်ဆိုးဆိုးမဖြစ်စေနဲ့” ဆိုသော စကားပင်။ဆရာပြောသည်မှာ မှန်သော်လည်း လူဆိုသည်က စိတ်ကိုထိန်းရခက်သည့်အခါ အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးတာတွေ ဖြစ်လာသည်။ဒီလိုမလုပ်သင့်သည့် ကိစ္စအဖြစ် ဆရာတွေ ဆရာမတွေက သိကြသော်လည်း တစ်ခါတစ်လေ စိတ်ပေါက်မိတာတွေ ရှိသည့်အခါ ဆရာနှင့် တပည့် အရက်ဆိုင်ထဲ မှောက်နေတာတွေ ဖြစ်လာတော့ နာမည်ကပျက်တော့သည်။ဒီတော့ ထိုနေရာကို လာသမျှ ဆရာ/ဆရာမ မှန်သမျှ ဒီလိုပါဘဲဟု ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သလို ရပ်ထဲရွာထဲက တန်းညှိချလိုက်သည်က များတော့သည်။နေရင်းထိုင်ရင်း တစ်ဦးတစ်ယောက် စိတ်မထိန်းနိုင်လို့ ခပ်ရွဲ့ရွဲ့တုံ့ပြန်သည့်အခါ နောက်ဆုံး ဆရာတွေအားလုံး နာမည်ပျက်ရသည့် အဖြစ်တွေ မကြာခဏ ဖြစ်လာရတော့သည်။

ဒီတော့ ဘာဖြစ်လာသနည်း။ကျွန်တော်တို့ ငယ်စဉ်ကဆို ကျောင်းစိမ်းအဖြူ ၀တ်ထားသည်ဖြစ်စေ မဝတ်ထားသည်ဖြစ်စေ ဆရာ/ဆရာမ ဆိုသည်နှင့် လမ်းမှာတွေ့လျှင် ခေါင်းပင်မမော့ရဲ။လမ်းဘေးက လျှောက်ရသည်နှင့်။ပုန်းရသည်နှင့်။ဒါတောင် ကိုယ်က ဘာမှအပြစ်လုပ်ထားတာမဟုတ်။အသံကြားတာနှင့် ကိုယ့်ဘက်က နေစရာကိုမရှိတာ ဖြစ်သည်။ကိုယ့်အိမ်များ ဆရာ/ဆရာမ တစ်ယောက် အကြောင်းကိစ္စတစ်ခု ရှိလို့လာပြီဆိုလျှင် နေစရာကိုမရှိတော့။ဒီလောက်ထိ အရင်ခေတ်က ဆရာ/ဆရာမတွေကို ချစ်ကြောက်ရိုသေကြရသည်။

ခုချိန်မှာတော့ အရွယ်လေးတူတာနဲ့ ဆရာမကို ရည်းစားစကားလိုက်ပြောဖို့ ဝန်မလေးတဲ့သူနဲ့၊ တပည့်မကို ခိုးပြေးတဲ့ ဆရာနဲ့၊ ဆရာ/ဆရာမကို အသက်အန္တရာယ်ပြုဖို့ ဝန်မလေးတဲ့သူတွေ မကြာခဏ တွေ့လာရသည်။ဒါက ဘာလည်းဆိုတော့ ဆရာနှင့် တပည့်ကြား တစ်ဦၤးနှင့်တစ်ဦး ဂါရဝတရားနည်းလာခြင်း၊ စည်းစောင့်ခြင်းမရှိခြင်း၏ ပြယုဂ်ပင် ဖြစ်သည်။

ကျွန်တော်တို့ ငယ်စဉ်က မင်္ဂလာတရားကို ဘယ်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ သင်ရသည်။ထိုထဲတွင် တပည့်ဝတ်၊ ဆရာဝတ် ဆိုတာတွေ ပါသည်။တပည့်ဝတ် ကဗျာသံပေါက်ဖြစ်သည့် ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ ဆိုတာကို ငယ်စဉ်ကတည်းက နှလုံးသားထဲ စိမ့်ဝင်အောင် သင်ပေးခဲ့သလို ဆရာကျင့်ဝတ်ဖြစ်သည့် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဆိုတာကိုလည်း နူတ်ဝယ် တဖွဖွရသည်အထိ သင်အံခဲ့ရသည်။

ကိုယ်တိုင် ဆရာနေရာကို ရောက်လာသည့်အခါ ဆရာကျင့်ဝတ်တွေကို ပိုနားလည်လာရသလို တပည့်ဖြစ်စဉ်က မကျေပွန်ခဲ့သည့် တပည့်ဝတ်ကိုလည်း ပြန်မြင်မိသည်။လူစည်း ဘီလူးစည်း ဆိုတာရှိသလို ဆရာစည်း တပည့်စည်းဆိုတာရှိသည်။အရင်းစစ်လျှင် ယခုဖြစ်နေပျက်နေသည့် အဖြစ်တွေက တပည့်တွေက စစည်းဖောက်တာမဟုတ်ဘဲ ဆရာတွေက စစည်းဖောက်ခဲ့လို့ ယခုလို အဂါရဝအဖြစ်တွေ ကြားရမြင်ရ တွေ့နေရခြင်းဖြစ်သည်။အထူးသဖြင့် ကျွန်တော်တို့ ဆရာတွေဘက်က စပြီးကျင့်ဝတ်ဖောက်ကာ ငွေနောက်လိုက်ပြီး တပည့်မိဘတွေ အလိုကျ အဂတိလိုက်စားရာကနေ ဆရာဆိုသည်မှာ မိဘပြီးလျှင် ဒုတိယကျေးဇူးရှင်ဆိုသော အမြင်ကနေ ဆရာဆိုသည်မှာ အိမ်ကပိုက်ဆံပေးပြီး စာသင်ခိုင်းထားသည့် ဝန်ထမ်းလို့ မြင်လာအောင် သိက္ခာကို ရိက္ခာနှင့် လဲလှယ်ခဲ့ခြင်း၏ ဆိုးကျိုးပင်ဖြစ်သည်။ထို့ကြောင့် လူတစ်ယောက်၏ ဘဝမှာ အရေးကြီးသည့် နေရာမှာရှိသည့်  ဆရာ/ဆရာမ အခန်းကဏ္ဍ ကျဆုံးခြင်းတွေ ဖြစ်လာရတော့သည်။ယခုချိန် ဒါကိုရပ်သင့်ပြီ။ရပ်ဖို့ လုပ်သင့်ပြီ။

လူတစ်ယောက်အဖို့ အဓိကအကျဆုံး ကျင့်ဝတ်ကား ကိုယ့်အတွက် သူတစ်ပါးကို မထိခိုက်စေခြင်း ဖြစ်သည်။ကျင့်ဝတ်နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာတွင် လက်ခံထားသည်မှာ ဆရာဝတ်၊ တပည့်ဝတ်၊ မိဘဝတ်၊ သားသမီးဝတ် စသည်ဖြင့် ရှိပြီးသားဖြစ်သည်။
လူ့ကျင့်ဝတ်မှာ ဟီရိသြတ္တပ္ပဟုခေါ်သော မကောင်းမှုကိုလုပ်ရမှာ ရှက်ခြင်းနှင့် မကောင်းမှုကိုလုပ်ရမှာ ကြောက်ခြင်း ဖြစ်လေသည်။

စာသင်ပေးသူ ဆရာ/ဆရာမတို့အဖို့ ပျက်ယွင်းနေသည့် ဆရာ/တပည့်ကြား ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ဆို ကျင့်ဝတ်ကို ပြန်တည်ဆောက်မှ ဖြစ်ပေလိမ့်မည်။

ထိုအရာက ဆရာကျင့်ဝတ်ဖြစ်သည့် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာကို ပြန်ကျင့်သုံးဖို့ပင် ဖြစ်သည်။

မောင်ဦးလွင်
အောက်တိုဘာ - ၆

( Zawgyi )

ဒီရက္ပိုင္းမွာပဲ ကမာၻ႔ဆရာမ်ားေန႔ကို က်င္းပတဲ့အခါ ခြင့္ရက္ပ်က္မရွိတဲ့ ဆရာ/ဆရာမေတြကို ဆုခ်ီးျမႇင့္တာကို ေတြ႕ရသည္။ဒီသတင္းဖတ္မိေတာ့ ကြၽန္ေတာ့္စိတ္ထဲ ေတြးမိတာက အရင္က ေက်ာင္းဆရာဘဝကို ျဖစ္သည္။ေက်ာင္းဆရာဘ၀ ေက်ာင္းပ်က္ရက္မရွိ ျဖစ္ဖို႔ဆိုသည္က နယ္ၿမိဳ႕မ်ားတြင္ ေက်ာင္းႏွင့္ အိမ္ တြဲေနသျဖင့္ တစ္ကိုယ္ေတာ္ေ က်ာင္းဆရာဘဝမွာ ေက်ာင္းပိတ္သည့္ေန႔မွာ ဆရာျဖစ္သူ ေတာ္ေတာ္ေလး ေနမေကာင္းသည့္ေန႔သာျဖစ္၍ ေတာ္႐ုံတန္႐ုံေတာ့ အပရိကအဖ်ားေလာက္ဆို ေက်ာင္းတက္ၾက၊ စာသင္ၾကႏွင့္ ဆရာေတြ/ဆရာမေတြ ေက်ာင္းပ်က္ဖို႔ အေတာ္ေလး ဝန္ေလးၾကတာကို ေတြ႕ရသည္။

ဆရာ/ဆရာမေတြ ဘ၀ ၁၉၈၀ ဝန္းက်င္ေတြမွာ က်ဴရွင္ဆိုတာ မရွိေသးေတာ့ ေက်ာင္းသားေတြကို စာသင္ၿပီးလွ်င္ လုပ္ရသည့္ အလုပ္က ရပ္ထဲ႐ြာထဲေလွ်ာက္ၿပီး ကိုယ့္ေက်ာင္းသားမိဘေတြ၏ သူတို႔ သားသမီးမ်ားအေပၚ ပညာေရးႏွင့္ ပတ္သက္သည့္ အခက္အခဲေတြ၊ လူမႈေရးအခက္အခဲေတြကို ေဆာင္႐ြက္ေပးရျခင္း ျဖစ္သည္။ဒီလိုဘဝက အေတာ္ေလး ေပ်ာ္ဖို႔ေကာင္းသည္။ရပ္႐ြာကလည္း ဆရာ/ဆရာမဆို မရွိ ရွိတာေလးႏွင့္ သူတို႔ရပ္႐ြာမွာ ေပ်ာ္ေအာင္ထားၾကသလို ကြၽန္ေတာ္တို႔ကလည္း ႐ြာသားတစ္ပိုင္းျဖစ္တဲ့အထိ ရပ္ေလး႐ြာေလးႏွင့္ တစ္သားတည္းက်ေအာင္ ေနထိုင္ေလ့ရွိၾကသည္။

ဒီေတာ့ ေက်ာင္းသားမဆိုႏွင့္ ေက်ာင္းသားမိဘကပင္ ဆရာ/ဆရာမေတြမွာ ႐ိုေသဂါရဝျပဳျခင္းကို ခံရသလို ဆရာ/ဆရာမေတြကလည္း ကိုယ့္ေနရာ၊ ကိုယ့္ရာထူးႏွင့္ ေလ်ာ္ညီစြာ အဂါရဝျဖစ္ေအာင္လည္း ေနထိုင္ေလ့မရွိၾကတာ မ်ားသည္။

တစ္ေလာက အြန္လိုင္းေပၚမွာ စာေမးပြဲအခန္းေစာင့္သည့္ ဆရာကို စာေမးပြဲေျဖသည့္ ေက်ာင္းသားက ဆူလို႔ဆိုၿပီး မိုက္မိုက္႐ိုင္း႐ိုင္းေျပာတာ၊ တကၠသိုလ္ထဲ ဒန႔္စ္ကလပ္ဖြင့္ဖို႔ သမဂၢတစ္ခုက ပါခ်ဳပ္ကို ေတာင္းဆိုတဲ့စာ၊ ဆရာမကို ေက်ာင္းသားက ဓားနဲ႔ထိုးတဲ့သတင္း စတဲ့ သတင္းေပါင္းစုံ ဖတ္ရေတာ့ ကြၽန္ေတာ့္စိတ္ထဲ ဘာေတြျဖစ္ကုန္ၿပီ္လဲဟု စိတ္ထဲမေကာင္းျဖစ္မိသည္။

ဒီဘက္ေခတ္မွာက မေကာင္းတာမွန္သမွ် အကုန္ထြန္းကားသည္။ဆက္သြယ္ေရးနည္းပညာေတြ ထြန္းကားလာေတာ့ လူငယ္ေတြက မိဘဆိုဆုံးမမႈေအာက္ကေနလြတ္ၿပီး တစ္ကယ့္ကို ႐ိုင္း႐ိုင္းစိုင္းစိုင္းေတြ ပုံစံျဖစ္လာသည္။ကြၽန္ေတာ္က လႈိင္သာယာ၊ေ တာင္ဒဂုံဘက္မွာ စာသြားသင္ရသည့္အျပင္ ဆရာတစ္ဦးျဖစ္ေတာ့ ဒီလိုပုံစံေတြကို ဝင္ေငြနည္းမိသားစုေတြဘက္မွာ ေတြ႕ရသလို၊ မရမ္းကုန္း၊ ကမာ႐ြက္ဘက္မွာ စာသင္ရျပန္ေတာ့လည္း ဒီလိုပုံစံတူေတြကို ဝင္ေငြေကာင္းသည့္ မိသားစုေတြဘက္မွာလည္း ေတြ႕ရသည္။ဝင္ေငြနည္းဘက္မွာ ဆရာကို အရက္ဆိုင္ထဲ အတင္းေခၚၿပီး တိုက္သလို ဝင္ေငြေကာင္းသည့္ အရပ္က်ေတာ့ ဆရာကိုေခၚၿပီး ကလပ္တက္တာေတြ မၾကာခဏႀကဳံရသည္။ဝင္ေငြ နည္းတာ၊ မ်ားတာ လူေနမႈအဆင့္အတန္း ျမင့္တာ၊ နိမ့္တာက်တာေၾကာင့္ မဟုတ္ဘဲ ဆရာေတြအေပၚ တပည့္ေတြ၏ ဆက္ဆံပုံက အဂါရ၀ ပိုဆန္ဆန္လာျခင္း ျဖစ္သည္။ဆရာကို ခင္လို႔ျပဳစုတာ၊ ဆရာနဲ႔ ရင္းရင္းႏွီးႏွီးေနတာ အေၾကာင္းျပခ်က္ေတြက မွန္ေသာ္လည္း ခင္မင္တာနဲ႔ ေစာ္ကားတာ မကြဲသည့္ အဂါရ၀ လုပ္ရပ္ ျဖစ္မွန္းမသိ ျဖစ္ေနတာ သတိမျပဳမိေလာက္ေအာင္ တပည့္ေတြ၏ ပင္ကိုယ္အသိက ထိုးက်လာေနသည္။ကိုယ့္အသက္အ႐ြယ္အရ လုပ္ေနရသည့္ေခတ္အရ မလြဲမေရွာင္သာ ႀကဳံရေသာ္လည္း ျဖစ္သလို ေရွာင္ခဲ့ေပမယ့္ စိတ္ထဲကေတာ့ မၾကာခဏ ဒီစာသင္သည့္အလုပ္ကို ဆက္မလုပ္ခ်င္ေလာက္ေအာင္ တစ္ခါတစ္ေလ ျဖစ္မိသည္။

 
ကြၽန္ေတာ္တို႔ ဒီဘက္ေခတ္မွာက ပြင့္လင္းတာနဲ႔ မိုက္႐ိုင္းတာ၊ ပြင့္လင္းတာနဲ႔ အဂါရဝျဖစ္တာ မသဲကြဲဘူး ျဖစ္ေနသည္။တကၠသိုလ္ထဲ ေစာေစာလာကာ မဖြယ္မရာျပဳၾကလို႔ အြန္လိုင္းေပၚ ဗီဒီယိုဖိုင္ေတြ တက္လာတာမ်ိဳးေတြ၊ စာသင္ခန္းထဲ နမ္းၾကရႈံ႕ၾကတာေတြ၊ ေက်ာင္းကားေပၚ ျဖစ္ခ်င္တိုင္း ျဖစ္ေနတာေတြအထိ တစ္ခါတစ္ေလ ဆရာ/ဆရာမေတြမွာ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ၊ စာပဲသင္ရမလိုလို အျပင္ပဲျပန္ထြက္ေပးရမလိုလိုေတြ ျဖစ္ကုန္သည္အထိ ဟိရီၾသတပၸတရားကလည္း ကင္းမဲ့လာၾကသည္။  

ဒါမ်ိဳးေတြ တကၠသိုလ္မွာ မၾကာခဏ ႀကဳံရသလို  အဆင့္ျမင့္ပညာအဆင့္ ျပင္ပက်ဴရွင္ေတြမွာလည္း ထိုနည္းလည္းေကာင္း။ယခုေနာက္ပိုင္း က်ဴရွင္ေတြမွာ တက္တူးေတြထိုး စြပ္က်ယ္ဝတ္ကာ က်ဴရွင္ခန္းထဲ ဆရာဝင္လာတာေတာင္ မဖယ္ေပးသည့္ ခပ္႐ိုင္း႐ိုင္း ေက်ာင္းသားေတြ ရွိလာသလို စာသင္ေနခ်ိန္ ေအာက္ကေန မခန႔္ေလးစားလုပ္ျပေနသည့္ ေက်ာင္းသားေတြကို ေတြ႕ရသည့္အခါ  ငယ္စိတ္နဲ႔ ဆင္းထိုးရင္ ေကာင္းမလား၊ ဒါမွမဟုတ္ အမ်ားစုကို ငဲ့ညႇာၿပီး စာဆက္သင္မလားဆိုတာက မၾကာခဏ ေဝခြဲမရ ျဖစ္ရသည့္အျပင္ က်ဴရွင္ဆရာေတြ ဘဝက မလြယ္။စာသင္ရသည္မွာ အသျပာလိုခ်င္လို႔ မွန္ေသာ္လည္း ကိုယ့္ပညာျဖင့္ ကိုယ့္သမာအာဇီ၀ ရွာၾကျခင္းျဖစ္ၿပီး တပည့္ေတြအေပၚ ဆရာတိုင္းက ပညာတတ္ေစခ်င္တဲ့စိတ္၊ လိမၼာေရးျခား ရွိေစခ်င္သည့္ စိတ္ကေတာ့ တစ္ျပားသားမွ ေလ်ာ့သည္စိတ္ေတာ့ ဆရာတိုင္းမရွိ။

ကိုယ္စာသင္ခဲ့ဘူးသည့္ တပည့္ေကာင္း သတင္းသာ ဆရာတိုင္း ၾကားခ်င္ၾကၿပီး ေထာင္၊ တန္းႏွင့္ ဒုစ႐ိုက္မႈေတြႏွင့္ ပတ္သက္သည့္ အမႈထဲ ကိုယ္တပည့္ ပါသည့္အခါ ဆရာေတြမွာ အလိုလို ကိုယ့္အျပစ္ မကင္းသလို ခံစားရသည္က ဆရာစိတ္ရွိသည့္ ဆရာတိုင္း၏ စိတ္ရင္းပင္ ျဖစ္သည္။

ဒါမ်ိဳးမွာ ဆရာႀကီးတစ္ဦး ေျပာသည့္စကားကို သြားသတိရမိသည့္။“ခပ္႐ိုင္း႐ိုင္း မိဘကေမြးေတာ့ ခပ္႐ိုင္း႐ိုင္း သားသမီးေတြ ျဖစ္လာတယ္။ခပ္႐ိုင္း႐ိုင္း ဆရာေတြနဲ႔ေတြ႕ေတာ့ ခပ္ဆိုးဆိုး တပည့္ေတြ ျဖစ္လာတယ္။ကိုယ့္ေၾကာင့္ ကိုယ့္တပည့္ ခပ္ဆိုးဆိုးမျဖစ္ေစနဲ႔” ဆိုေသာ စကားပင္။ဆရာေျပာသည္မွာ မွန္ေသာ္လည္း လူဆိုသည္က စိတ္ကိုထိန္းရခက္သည့္အခါ အိုး႐ြဲ႕ကို စေလာင္း႐ြဲ႕ႏွင့္ ဖုံးတာေတြ ျဖစ္လာသည္။ဒီလိုမလုပ္သင့္သည့္ ကိစၥအျဖစ္ ဆရာေတြ ဆရာမေတြက သိၾကေသာ္လည္း တစ္ခါတစ္ေလ စိတ္ေပါက္မိတာေတြ ရွိသည့္အခါ ဆရာႏွင့္ တပည့္ အရက္ဆိုင္ထဲ ေမွာက္ေနတာေတြ ျဖစ္လာေတာ့ နာမည္ကပ်က္ေတာ့သည္။ဒီေတာ့ ထိုေနရာကို လာသမွ် ဆရာ/ဆရာမ မွန္သမွ် ဒီလိုပါဘဲဟု ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံးပုပ္သလို ရပ္ထဲ႐ြာထဲက တန္းညႇိခ်လိုက္သည္က မ်ားေတာ့သည္။ေနရင္းထိုင္ရင္း တစ္ဦးတစ္ေယာက္ စိတ္မထိန္းႏိုင္လို႔ ခပ္႐ြဲ႕႐ြဲ႕တုံ႔ျပန္သည့္အခါ ေနာက္ဆုံး ဆရာေတြအားလုံး နာမည္ပ်က္ရသည့္ အျဖစ္ေတြ မၾကာခဏ ျဖစ္လာရေတာ့သည္။

ဒီေတာ့ ဘာျဖစ္လာသနည္း။ကြၽန္ေတာ္တို႔ ငယ္စဥ္ကဆို ေက်ာင္းစိမ္းအျဖဴ ၀တ္ထားသည္ျဖစ္ေစ မဝတ္ထားသည္ျဖစ္ေစ ဆရာ/ဆရာမ ဆိုသည္ႏွင့္ လမ္းမွာေတြ႕လွ်င္ ေခါင္းပင္မေမာ့ရဲ။လမ္းေဘးက ေလွ်ာက္ရသည္ႏွင့္။ပုန္းရသည္ႏွင့္။ဒါေတာင္ ကိုယ္က ဘာမွအျပစ္လုပ္ထားတာမဟုတ္။အသံၾကားတာႏွင့္ ကိုယ့္ဘက္က ေနစရာကိုမရွိတာ ျဖစ္သည္။ကိုယ့္အိမ္မ်ား ဆရာ/ဆရာမ တစ္ေယာက္ အေၾကာင္းကိစၥတစ္ခု ရွိလို႔လာၿပီဆိုလွ်င္ ေနစရာကိုမရွိေတာ့။ဒီေလာက္ထိ အရင္ေခတ္က ဆရာ/ဆရာမေတြကို ခ်စ္ေၾကာက္႐ိုေသၾကရသည္။

ခုခ်ိန္မွာေတာ့ အ႐ြယ္ေလးတူတာနဲ႔ ဆရာမကို ရည္းစားစကားလိုက္ေျပာဖို႔ ဝန္မေလးတဲ့သူနဲ႔၊ တပည့္မကို ခိုးေျပးတဲ့ ဆရာနဲ႔၊ ဆရာ/ဆရာမကို အသက္အႏၲရာယ္ျပဳဖို႔ ဝန္မေလးတဲ့သူေတြ မၾကာခဏ ေတြ႕လာရသည္။ဒါက ဘာလည္းဆိုေတာ့ ဆရာႏွင့္ တပည့္ၾကား တစ္ဦၤးႏွင့္တစ္ဦး ဂါရဝတရားနည္းလာျခင္း၊ စည္းေစာင့္ျခင္းမရွိျခင္း၏ ျပယုဂ္ပင္ ျဖစ္သည္။

ကြၽန္ေတာ္တို႔ ငယ္စဥ္က မဂၤလာတရားကို ဘယ္ဘာသာကို ကိုးကြယ္သည္ျဖစ္ေစ သင္ရသည္။ထိုထဲတြင္ တပည့္ဝတ္၊ ဆရာဝတ္ ဆိုတာေတြ ပါသည္။တပည့္ဝတ္ ကဗ်ာသံေပါက္ျဖစ္သည့္ ညီညာထႂကြ၊ ဆုံးမနာယူ၊ လာမူႀကိဳဆီး၊ ထံနီးလုပ္ေကြၽး၊ သင္ေတြးအံ႐ြတ္၊ တပည့္ဝတ္၊ မခြၽတ္ငါးခုသာ ဆိုတာကို ငယ္စဥ္ကတည္းက ႏွလုံးသားထဲ စိမ့္ဝင္ေအာင္ သင္ေပးခဲ့သလို ဆရာက်င့္ဝတ္ျဖစ္သည့္ အတတ္လည္းသင္၊ ပဲ့ျပင္ဆုံးမ၊ သိပၸမခ်န္၊ ေဘးရန္ဆီးကာ၊ သင့္ရာအပ္ဖို႔ ဆရာတို႔ က်င့္ဖို႔ဝတ္ငါးျဖာ ဆိုတာကိုလည္း ႏူတ္ဝယ္ တဖြဖြရသည္အထိ သင္အံခဲ့ရသည္။

ကိုယ္တိုင္ ဆရာေနရာကို ေရာက္လာသည့္အခါ ဆရာက်င့္ဝတ္ေတြကို ပိုနားလည္လာရသလို တပည့္ျဖစ္စဥ္က မေက်ပြန္ခဲ့သည့္ တပည့္ဝတ္ကိုလည္း ျပန္ျမင္မိသည္။လူစည္း ဘီလူးစည္း ဆိုတာရွိသလို ဆရာစည္း တပည့္စည္းဆိုတာရွိသည္။အရင္းစစ္လွ်င္ ယခုျဖစ္ေနပ်က္ေနသည့္ အျဖစ္ေတြက တပည့္ေတြက စစည္းေဖာက္တာမဟုတ္ဘဲ ဆရာေတြက စစည္းေဖာက္ခဲ့လို႔ ယခုလို အဂါရဝအျဖစ္ေတြ ၾကားရျမင္ရ ေတြ႕ေနရျခင္းျဖစ္သည္။အထူးသျဖင့္ ကြၽန္ေတာ္တို႔ ဆရာေတြဘက္က စၿပီးက်င့္ဝတ္ေဖာက္ကာ ေငြေနာက္လိုက္ၿပီး တပည့္မိဘေတြ အလိုက် အဂတိလိုက္စားရာကေန ဆရာဆိုသည္မွာ မိဘၿပီးလွ်င္ ဒုတိယေက်းဇူးရွင္ဆိုေသာ အျမင္ကေန ဆရာဆိုသည္မွာ အိမ္ကပိုက္ဆံေပးၿပီး စာသင္ခိုင္းထားသည့္ ဝန္ထမ္းလို႔ ျမင္လာေအာင္ သိကၡာကို ရိကၡာႏွင့္ လဲလွယ္ခဲ့ျခင္း၏ ဆိုးက်ိဳးပင္ျဖစ္သည္။ထို႔ေၾကာင့္ လူတစ္ေယာက္၏ ဘဝမွာ အေရးႀကီးသည့္ ေနရာမွာရွိသည့္  ဆရာ/ဆရာမ အခန္းက႑ က်ဆုံးျခင္းေတြ ျဖစ္လာရေတာ့သည္။ယခုခ်ိန္ ဒါကိုရပ္သင့္ၿပီ။ရပ္ဖို႔ လုပ္သင့္ၿပီ။

လူတစ္ေယာက္အဖို႔ အဓိကအက်ဆုံး က်င့္ဝတ္ကား ကိုယ့္အတြက္ သူတစ္ပါးကို မထိခိုက္ေစျခင္း ျဖစ္သည္။က်င့္ဝတ္ႏွင့္ ပတ္သက္၍ ဗုဒၶဘာသာတြင္ လက္ခံထားသည္မွာ ဆရာဝတ္၊ တပည့္ဝတ္၊ မိဘဝတ္၊ သားသမီးဝတ္ စသည္ျဖင့္ ရွိၿပီးသားျဖစ္သည္။
လူ႔က်င့္ဝတ္မွာ ဟီရိၾသတၱပၸဟုေခၚေသာ မေကာင္းမႈကိုလုပ္ရမွာ ရွက္ျခင္းႏွင့္ မေကာင္းမႈကိုလုပ္ရမွာ ေၾကာက္ျခင္း ျဖစ္ေလသည္။

စာသင္ေပးသူ ဆရာ/ဆရာမတို႔အဖို႔ ပ်က္ယြင္းေနသည့္ ဆရာ/တပည့္ၾကား ဆက္ဆံေရးကို ျပန္တည္ေဆာက္ဖို႔ဆို က်င့္ဝတ္ကို ျပန္တည္ေဆာက္မွ ျဖစ္ေပလိမ့္မည္။

ထိုအရာက ဆရာက်င့္ဝတ္ျဖစ္သည့္ အတတ္လည္းသင္၊ ပဲ့ျပင္ဆုံးမ၊ သိပၸမခ်န္၊ ေဘးရန္ဆီးကာ၊ သင့္ရာအပ္ဖို႔ ဆရာတို႔ က်င့္ဖို႔ဝတ္ငါးျဖာကို ျပန္က်င့္သုံးဖို႔ပင္ ျဖစ္သည္။

ေမာင္ဦးလြင္
ေအာက္တိုဘာ - ၆