【 ဆောင်းပါး 】 “ကြောက်တတ်သူများ”

【 ဆောင်းပါး 】 “ကြောက်တတ်သူများ”

“(၁) ရပ်ကွက် ဘောလုံးအသင်းနဲ့ကန်တာ ရှုံးသွားလို့ မင်းဒေါပွနေတယ်ဆို”

“မသိဘူးကွာ အဲဒီအကြောင်း ငါ့ကိုလာမပြောနဲ့”

“တစ်ဂိုးတည်း ကပ်ရှုံးသွားတာပဲကွာ”

“တော်တော့လို့ မင်းကိုပြောနေတယ်နော်။ငါ့ဒေါသတွေ မင်းဆီရောက်လာလိမ့်မယ်”

“ဒီလောက် စိတ်မကောင်းဖြစ်စရာ မလိုပါဘူးကွာ။ဒိုင်လူကြီး မျက်နှာလိုက်တယ်ဆိုတာ အားလုံးသိတယ်”

“ဘာ … အားလုံးသိနေတယ်။ဟုတ်လား”

အေး - ဟုတ်တယ်။မင်းသွင်းလို့ ဝင်သွားတဲ့ဂိုးကို၊ လူကျွံနေတယ်ဆိုပြီး မပေးဘူးလေ။အချိန်စေ့ခါနီးမှာ မင်းနဲ့တွဲကစားတဲ့ နံပါတ် ၉ လေး၊ ဘောလုံးကို၊ ရင်ဘတ်နဲ့ တားတဲ့ဟာကို၊ လက်နဲ့ထိတယ်ဆိုပြီး penalty ပေးလို့၊ မင်းတို့၊ ဝမ်း - ဇီးနဲ့ ရှုံးသွားတာ အားလုံးသိတယ်”
    
“ဟုတ်တယ်။ငါ အဲဒါကိုမကျေနပ်တာ။သူက ငါတို့မင်းတို့ တစ်ရပ်ကွက်လုံးရဲ့ သာရေးနာရေးအသင်း၊ အတွင်းရေးမှူးပဲ။ငါတို့က သူ့ကို ယုံကြည်လို့၊ ဒိုင်လူကြီးလုပ်ခိုင်းတဲ့ဟာ။သူက ဘာဖြစ်လို့ ဟိုကောင်တွေဘက်က လိုက်ရတာလဲ”
    
“သူကြိုက်နေတဲ့ အမျိုးသမီးက၊ အဲဒီရပ်ကွက်ကို ပြောင်းလာတာ မကြာသေးဘူး”
    
“ဘာဆိုင်လို့လဲ”
    
“၁ - ရပ်ကွက်အသင်းမှာ အဲဒီအမျိုးသမီးရဲ့ မောင်လေး ပါတယ်လေ။ဒါကြောင့်၊ အဲဒီပုဂ္ဂိုလ်က (၁) ရပ်ကွက်ဘက်က လိုက်တာ”
    
“သူ့ဘာသာသူ နှာဘူးထတာနဲ့၊ ငါတို့က၊ သက်သက်မဲ့ အရှုံးခံရမှာလား။ပြီးတော့ ဒီကောင်တွေက၊ သူတို့မတရားသဖြင့် နိုင်ခဲ့တာကို၊ ရှက်ရကောင်းမှန်း မသိဘဲ၊ ငါတို့ကို လှောင်ချင်သေးတယ်”
    
“ထားလိုက်ပါကွာ။ဖလားလုပွဲမှ မဟုတ်တာ။သူတို့ မတရားအနိုင်ယူတာ၊ ဒိုင်လူကြီးက သူတို့ဘက်ပါတာ၊ သူတို့သာ မရှက်တတ်လို့ မရှက်တာ။အပြင်လူအားလုံးတောင် သိနေတာပဲ”
    
“အဲဒီလိုသိသိကြီးနဲ့၊ ခံနေရတာကိုပဲ၊ ငါက မကျေနပ်တာ”
    
“မင်းက၊ သူတို့ကိုနိုင်မှ ကျေနပ်မယ်ပေါ့”
    
“ဒါပေါ့”
    
“ဒီလိုဆို၊ နောက်တစ်ပွဲ ထပ်ချိန်းလိုက်မယ်။နောက်ပြီး ဒိုင်လူကြီးတစ်ယောက် ရှာမယ်။အဲဒီဒိုင်ကို၊ ငါတို့ဘက်လိုက်အောင်၊ အပိုင်စည်းရုံးထားမယ်။ဘယ်လိုလဲ”
    
“ဘာလို့လုပ်ရမှာလဲ။သေတောင်မလုပ်ဘူး။ပြိုင်ပွဲမှာ ရှုံးသွားပေမယ့်၊ ငါတို့ ရိုးရိုးသားသား၊ ကြိုးကြိုးစားစား ကစားခဲ့တာပဲဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့၊ အပြုံးမပျက်၊ လေသံမာမာနဲ့ နေနေတာ။ဒီလောက် ရှက်စရာ၊ ရွံစရာကောင်းတဲ့ အလုပ်မျိုးကတော့ စိတ်တောင်မကူးဘူး”
    
“ငါပြောချင်တာ အဲဒါပါပဲ သူငယ်ချင်းရာ။ဘောလုံးပွဲမှာ၊ မင်းရှုံးခဲ့ပေမယ့်၊ ဂုဏ်သိက္ခာပိုင်းမှာ၊ မင်းနိုင်ပါတယ်”

    
ထိုနေ့က၊ အသိ ကျူရှင်ဆရာတစ်ယောက်ကို စောင့်ရင်း၊ ဘတ်စ်ကားမှတ်တိုင်ရှိ၊ ခရီးသည်များအတွက် ထားရှိသော ခုံတန်းလေးမှာ ထိုင်နေခဲ့ပါသည်။ကျွန်တော်နှင့် ခပ်ခွာခွာ အနေအထားမှ၊ ကောင်လေးတစ်ယောက်လည်း၊ ခေါင်းငိုက်စိုက်ချလျက် ထိုင်နေပါသည်။အခြားခရီးသည်များ ရောက်လာလိုက်၊ ဘတ်စ်ကားပေါ် တက်သွားလိုက်နှင့် လှုပ်ရှားနေကြသော်လည်း၊ ကျွန်တော်နှင့် ထိုကောင်လေးကတော့ အတော်ကြာကြာ ပုံမပျက်ရှိနေကြသည်။ဒုတိယကောင်လေး တစ်ယောက် ရောက်လာပြီး၊ စကားအပြန်အလှန် ပြောတော့မှ၊ သူကိုယ်တိုင် ပါဝင်ကစားခဲ့သော ဘောလုံးပွဲတွင်၊ ဒိုင်လူကြီးလုပ်သူ၏ မတရားဆုံးဖြတ်ချက်များကြောင့် ရှုံးခဲ့ရသည်ကို၊ မကျေမနပ် ခံစားနေရမှန်း သိလိုက်ရပါသည်။
    

လူငယ်လေးတွေ ဖြစ်သော်လည်း၊ စိတ်သဘောထားကတော့၊ သာမန်မဟုတ်ဟ လေးလေးစားစား အသိအမှတ်ပြုမိပါသည်။
    

သည် 'ဘက်လိုက်ခြင်း' ဆိုတာကလည်း၊ နိုင်ငံတကာ ပွဲအမျိုးမျိုးနဲ့၊ ကမ္ဘာ့ဖလားပွဲတွေမှာတောင် ရှိနေတာပါ။ထို့ကြောင့်လည်းဆ ယ့်တစ်ယောက်နှင့် ဆယ့်နှစ်ယောက် ကန်တာတို့၊ ဆယ့်တစ်ယောက်နှင့် ဆယ့်သုံးယောက်ကန်တာတို့ ပြောနေကြခြင်းပါ။ဒိုင်လူကြီးတွေက၊ ကိုယ်တိုင်မကန်ဘဲ၊ လုပ်ပိုင်ခွင့် (အာဏာ) သုံး၍ ဆုံးဖြတ်ချက်ပေးခြင်းဖြင့် ဘက်လိုက်နေကြလေသည်။
    

ယနေ့ခေတ်မှာ internet မှတစ်ဆင့်၊ satellite မှ တစ်ဆင့်၊ နိုင်ငံတကာပွဲတွေကို၊ Live Show ကြည့်၍ရနေပြီ။အနှေးပြကွက်များ ပြန်ပြပေးသဖြင့်၊ ဘောလုံးသမားအပြစ် ရှိ၊ မရှိ ဒိုင်လူကြီးဘက်လိုက်ခြင်း ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း သိနေရပါပြီ။
    

ဒိုင်လူကြီးရှေ့တွင် ဘောလုံးသမားချင်း လူချတာ၊ လက်ထိဘောဖြစ်တာကို၊ ပွဲကြည့်ပရိသတ်အားလုံး တွေ့လိုက်ရသည်။ဒိုင်လူကြီးကတော့ မည်သည့်အပြစ်ဒဏ်မှ၊ သတ်မှတ်ပေးခြင်း မရှိတာမျိုးလည်း မကြာခဏတွေ့နေရသည်။
    

ဒါကလည်း၊ ဘောလုံးပွဲတစ်ခုတည်းမှ မဟုတ်ပါ။အားကစားပြိုင်ပွဲများ၊ အနုပညာပြိုင်ပွဲများနှင့် အခြားပြိုင်ပွဲအသီးသီးမှာလည်း ရှိတတ်ပါသည်။ဒိုင်လူကြီးတိုင်း၊ ပြိုင်ပွဲတိုင်း မဟုတ်သော်လည်း 'ဘက်လိုက်ခြင်း' ကတော့ ရှိနေပါသည်။
    

Show ပွဲ၊ ပြိုင်ပွဲ မဟုတ်သော်လည်း မိသားစုမှာ၊ ဆွေမျိုးကြားမှာ၊ လမ်းထဲ ရပ်ကွက်ထဲမှာ၊ သင်တန်းမှာ၊ ကျောင်းမှာ၊ နိုင်ငံတော်မှာ၊ ကမ္ဘာမှာ တစ်မျိုးနှင့်တစ်မျိုး မရိုးရအောင် ဘက်လိုက်နေကြပါသည်။
    

တချို့မိဘများသည်၊ မိမိတို့မွေးထားသည့် သားသမီးချင်း အတူတူကိုပင်၊ မတူအောင်ဆက်ဆံ၍ ဘက်လိုက်တတ်ကြသည်။သားသမီးများ အိမ်ထောင်ကျပြီးနောက်၊ မိမိတို့အပေါ် များများစားစား ထောက်ပံ့သည့် သားသမီးနှင့်၊ မိမိတို့အပေါ် မထောက်ပံ့နိုင်သည့်အပြင် မိမိတို့ထံမှပင် ငွေကြေးအကူအညီ မကြာခဏတောင်းတတ်သည် ချို့တဲ့သော သားသမီးကို ခွဲခြားဆက်ဆံတတ်ကြ၏။အကြောင်းတစ်ခုခုရှိ၍၊ သားသမီးချင်း ပြဿနာဖြစ်လျှင်၊ ချမ်းသာသော သားသမီးဘက်သို့ လိုက်ချင်ကြသည်။
    

တချို့ ကျောင်း ဆရာ၊ ဆရာမများ ဆိုလျှင်လည်း၊ မိမိထံမှာ ကျူရှင်တတ်သော တပည့်နှင့်၊ ကျူရှင်မတတ်သော တပည့်ကို ခွဲခြား၍ ဆက်ဆံကြသည်။ကျူရှင်ယူသော တပည့်ကို ပို၍သင်၏။စာမေးပွဲမှာ မေးမည့်မေးခွန်းကို ကြိုသင်၏။
အမှတ်ခြစ်ပြန်တော့လည်း၊ ကျူရှင်ယူသော တပည့်ကို အမှတ်ပိုပေးတတ်ကြ၏။
    

စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနများမှာတော့၊ ဘက်လိုက်ခြင်းတွေ ပို၍များပါသည်။အရာရှိက သူ၏အမျိုး၊ သူမွေးထားသော တပည့်၊ သူ့ကို ငွေကြေးပစ္စည်း ဥစ္စာလာဘ်ထိုးထားသူ၊ သူခိုင်းတာကို ခေါင်းတစ်ချက်မခါဘဲ အောက်ခြေသိမ်း လုပ်ပေးတတ်သူ၊ ဆန့်ကျင်ဘက်လိင်ဖြစ်ပြီး ငယ်ရွယ်နုပျိုသူမျိုးကို အခွင့်အရေး ပိုပေးတတ်ကြသည်။သူ့ကို လာဘ်မထိုးသူ၊ သူ့ကို မျက်နှာချိုမသွေးသူများကို၊ နှိမ်ချင်ကြသည်။ပြဿနာမရှိ ပြဿနာရှာချင်ကြသည်။

    
အရာရှိအချို့ဆိုလျှင်၊ သူတို့နှင့် အဆင်မပြေသော ဝန်ထမ်းက၊ သတ်မှတ်ထားသော ရုံးတက်ချိန် ကွက်တိရောက်လာပြီး ရုံးတက်လက်မှတ်ထိုးသည်ကို လက်မခံဘဲ မင်နီတားပြီး၊ ရုံးတက်နောက်ကျသူအဖြစ် မှတ်တမ်းတင်သည်။နှုတ်မှလည်း၊ ရစရာမရှိအောင် အပြစ်တင် ဆူပူသေးသည်။တစ်ခါတလေလ စာမဲ့ခွင့်ပင် လုပ်ပစ်တတ်ကြသည်။
    

သူတို့နှင့် အဆင်ပြေသူများ ဆိုလျှင်တော့၊ ဘယ်အချိန်လာလာ၊ ဘယ်လောက်နောက်ကျကျ၊ ပြဿနာမရှာကြပေ။တချို့ဝန်ထမ်းများကို အလုပ်မလာဘဲ အလာပြထားတတ်သေးသည်။
    

သူတို့လူ စည်းကမ်းပျက်လျှင် သူတို့ချမှတ်ထားသော စည်းကမ်းဥပဒေက အိပ်မောကျနေသည်။သူတို့လူ မဟုတ်ဘဲ စည်းကမ်းပျက်လျှင်တော့ ထိုဥပဒေက အိပ်ရာမှနိုးပြီး၊ မတန်တဆ အပြစ်ဒဏ်များပင် ပေးတတ်လေသည်။
    

လုပ်သက်များပြီး အတွေ့အကြုံရင့်ရင့်၊ အရည်အချင်းရှိရှိ ဝန်ထမ်းဖြစ်သော်လည်း သူတို့လူ မဟုတ်လျှင် ရာထူးတိုးမပေးဘဲ မသိချင်ယောင်ဆောင်နေကြ၏။အတွေ့အကြုံမရှိ အရည်အချင်းမပြည့်ဘဲ ဝင်ခါစ ဝန်ထမ်းဖြစ်သော်လည်း သူတို့နှင့် တစ်နည်းနည်းပတ်သက်ထားသူဖြစ်လျှင် ရာထူးကောင်းကောင်းရ၏ နေရာကောင်းရ၏။
    

တကယ်တော့၊ ဘက်လိုက်ခြင်းဆိုသည်မှာ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဟူသော အဂတိလေးပါး လိုက်စားခြင်းပင်ဖြစ်၏။ချစ်၍ ဘက်လိုက်ခြင်းသည် ဆန္ဒဂတိ၊ မုန်း၍ ဘက်လိုက်ခြင်းသည် ဒေါသဂတိ၊ ကြောက်၍ ဘက်လိုက်ခြင်းသည် ဘယာဂတိ၊ မသိ၍ ဘက်လိုက်ခြင်းသည် မောဟာဂတိ ဖြစ်သည်။
    

မိမိချစ်ခင်မြတ်နိုးသောသူအတွက်၊ ငွေကြေးပစ္စည်းဥစ္စာအတွက်၊ ရာထူးအာဏာအတွက် အထောက်အပံ့ပေးနိုင်မည်ဆိုပါက အရက်သမားနှင့်လည်းပေါင်းသည်။လောင်းကစားသမားနှင့်လည်းပေါင်းသည်။ဓါးပြသူပုန်နှင့်လည်းပေါင်းသည်။သွေးစုပ်ရုံမက အသားရော အရိုးရော အကုန်ဝါးစားတတ်သည့် အရင်းရှင်မျိုးနှင့်လည်းပေါင်းသည်။ထိုသူတို့ကို ဦးစားပေးသည်။ထိုသူတို့ လုပ်ချင်တာ လုပ်ခွင့်ပြုသည်။သူလုပ်သမျှတွေသည် ဆန္ဒာဂတိကို ကျူးလွန်နေခြင်းဖြစ်၏။မိမိမနှစ်သက်သောသူ၊ မိမိ၏စည်းစိမ်ကို မထောက်ပံ့နိုင်သည့်သူ၊ မိမိ၏အလုပ်ရာထူး တည်မြဲရေးကို အနှောင့်အယှက်ဖြစ်စေနိုင်သောသူ၊ မိမိကိုဝေဖန်မည့်သူမျိုးဆိုလျှင်၊ မိဘအရွယ်ဖြစ်ပါစေ၊ သားသမီးအရွယ်ဖြစ်ပါစေ၊ မည်သို့သော လူပုဂ္ဂိုလ်ဖြစ်ပါစေ ထိုသူတို့ကို ဖိနှိပ်၏။နှိပ်စက်၏။ဒုက္ခမရောက် ရောက်အောင် ဖန်တီး၏။ရိုက်သင့်လျှင်ရိုက်၏။သတ်သင့်လျှင်သတ်၏။ပစ္စည်းဥစ္စာများ လုယူသင့်လုယူ၏။ဒေါသဂတိကို ကျူးလွန်နေခြင်းဖြစ်၏။
    

မိမိ၏ လက်အောက်ငယ်သားတို့ တော်လှန်မှာစိုး၍၊ မိမိ၏ အထက်လူကြီး ငြိုငြင်မှာစိုး၍ ထိုသူတို့က ဖြူသည်ဆိုလျှင် လိုက်ဖြူ၏။ထိုသူတို့က မည်းသည်ဆိုလျှင် လိုက်မည်း၏။လိပ်ကိုမြင်နေပါလျက် ထိုသူတို့က ကြမ်းပိုးဟုပြောလာလျှင် မိမိကလည်း ကြမ်းပိုးဟုပင် ထောက်ခံ၏။ကြမ်းပိုးကို မြင်နေပါလျက် ထိုသူတို့က လိပ်ဟုပြောလာလျှင်လည်း မဆိုင်းမတွပင် လိပ်မှန်သည်ဟု ထအော်၏။မိမိသည် ဘယာဂတိကို ကျူးလွန်နေလေပြီ။

အကြောင်းနှင့်အကျိုး၊ အကောင်းနှင့် အဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိဘဲ၊ လူလူချင်း ညှာတာထောက်ထားစိတ် မရှိဘဲ၊ ကိုယ်ချင်းစာတရားမရှိဘဲ၊ ဘယ်သူ့မျက်နှာကိုမှလည်း မကြည့်ဘဲ မိမိအပေါ် ဆန့်ကျင်သူမှန်သမျှကို ရန်သူဟု သတ်မှတ်၏။
အပြစ်သားအဖြစ် ဆက်ဆံ၏။မိမိအပေါ် ထောက်ခံသူမှန်သမျှကို မိတ်ဆွေဟု သတ်မှတ်၏။လူတော်လူကောင်းအဖြစ်ဆက်ဆံ၏။
မိမိသည် ဘယာဂတိကို ကျူးလွန်နေပြန်ပြီ။

သေသေချာချာတွေးကြည့်လျှင် ထို အဂတိလိုက်စားသူများ (ဘက်လိုက်သူများ) သည် ‘လူကြောက်များ’ ဖြစ်နေသည်မှာ ထင်ရှားလှ၏။
    

ထိုသူတို့သည် မိမိတို့ ရာထူးအာဏာ မရမှာကြောက်၏။ထိုရာထူးအာဏာ မမြဲမှာလည်းကြောက်၏။ထိုရာထူးအာဏာကို ပြန်စွန့်ရမှာလည်း ကြောက်ပြန်၏။လက်အောက်ငယ်သားတို့ မိမိဘက်မပါမှာကြောက်၏။မိမိ၏ အထက်လူကြီးတို့ စိတ်ဆိုးငြိုငြင်မှာကြောက်၏။မိမိအပေါ် ဆန့်ကျင်သူတို့ စည်းလုံးမှာ၊ အင်အားကြီးမှာလည်း ကြောက်သေး၏။
    

ထိုကြောက်စိတ်က ကြီးမားလာလေလေ၊ သတိလွတ်လေလေ၊ အသိလွတ်လေလေ ဖြစ်၏။ထိုအခါ အဂတိလိုက်စားလာကြလေတော့သည်။
    

အဂတိလိုက်စားပြီ ဆိုသည်နှင့် လုပ်သင့်သည်များကို တစ်ခုတလေပင် မလုပ်တော့ဘဲ မလုပ်သင့်တာမှန်သမျှ အကုန်လုပ်တော့သည်။မရိုသေထိုက်သူကို ခါးညွတ်ခါးကုန်း၍ပင် အရိုအသေပေး၏။ရိုသေထိုက်သူကိုတော့ ရိုသေရကောင်းမှန်းမသိဘဲ စော်ကားမော်ကားပြုသည်။အတွင်းထရံကို အပြင်မှကာ၍ အပြင်ထရံကို အတွင်းမှာကာသည်။    
    

ထို့ကြောင့် အကြောက်တရားကိုလည်း စိတ်ကူးထဲ အဝင်မခံသင့်ပါ။ကြောက်တတ်သူများကိုလည်း ဘဝထဲ အဝင်မခံသင့်ပါ။

ရိုက်မောင်း
စက်တင်ဘာ - ၂၇

( Zawgyi )

“(၁) ရပ္ကြက္ ေဘာလုံးအသင္းနဲ႔ကန္တာ ရႈံးသြားလို႔ မင္းေဒါပြေနတယ္ဆို”

“မသိဘူးကြာ အဲဒီအေၾကာင္း ငါ့ကိုလာမေျပာနဲ႔”

“တစ္ဂိုးတည္း ကပ္ရႈံးသြားတာပဲကြာ”

“ေတာ္ေတာ့လို႔ မင္းကိုေျပာေနတယ္ေနာ္။ငါ့ေဒါသေတြ မင္းဆီေရာက္လာလိမ့္မယ္”

“ဒီေလာက္ စိတ္မေကာင္းျဖစ္စရာ မလိုပါဘူးကြာ။ဒိုင္လူႀကီး မ်က္ႏွာလိုက္တယ္ဆိုတာ အားလုံးသိတယ္”

“ဘာ … အားလုံးသိေနတယ္။ဟုတ္လား”

ေအး - ဟုတ္တယ္။မင္းသြင္းလို႔ ဝင္သြားတဲ့ဂိုးကို၊ လူကြၽံေနတယ္ဆိုၿပီး မေပးဘူးေလ။အခ်ိန္ေစ့ခါနီးမွာ မင္းနဲ႔တြဲကစားတဲ့ နံပါတ္ ၉ ေလး၊ ေဘာလုံးကို၊ ရင္ဘတ္နဲ႔ တားတဲ့ဟာကို၊ လက္နဲ႔ထိတယ္ဆိုၿပီး penalty ေပးလို႔၊ မင္းတို႔၊ ဝမ္း - ဇီးနဲ႔ ရႈံးသြားတာ အားလုံးသိတယ္”
    
“ဟုတ္တယ္။ငါ အဲဒါကိုမေက်နပ္တာ။သူက ငါတို႔မင္းတို႔ တစ္ရပ္ကြက္လုံးရဲ႕ သာေရးနာေရးအသင္း၊ အတြင္းေရးမႉးပဲ။ငါတို႔က သူ႔ကို ယုံၾကည္လို႔၊ ဒိုင္လူႀကီးလုပ္ခိုင္းတဲ့ဟာ။သူက ဘာျဖစ္လို႔ ဟိုေကာင္ေတြဘက္က လိုက္ရတာလဲ”
    
“သူႀကိဳက္ေနတဲ့ အမ်ိဳးသမီးက၊ အဲဒီရပ္ကြက္ကို ေျပာင္းလာတာ မၾကာေသးဘူး”
    
“ဘာဆိုင္လို႔လဲ”
    
“၁ - ရပ္ကြက္အသင္းမွာ အဲဒီအမ်ိဳးသမီးရဲ႕ ေမာင္ေလး ပါတယ္ေလ။ဒါေၾကာင့္၊ အဲဒီပုဂၢိဳလ္က (၁) ရပ္ကြက္ဘက္က လိုက္တာ”
    
“သူ႔ဘာသာသူ ႏွာဘူးထတာနဲ႔၊ ငါတို႔က၊ သက္သက္မဲ့ အရႈံးခံရမွာလား။ၿပီးေတာ့ ဒီေကာင္ေတြက၊ သူတို႔မတရားသျဖင့္ ႏိုင္ခဲ့တာကို၊ ရွက္ရေကာင္းမွန္း မသိဘဲ၊ ငါတို႔ကို ေလွာင္ခ်င္ေသးတယ္”
    
“ထားလိုက္ပါကြာ။ဖလားလုပြဲမွ မဟုတ္တာ။သူတို႔ မတရားအႏိုင္ယူတာ၊ ဒိုင္လူႀကီးက သူတို႔ဘက္ပါတာ၊ သူတို႔သာ မရွက္တတ္လို႔ မရွက္တာ။အျပင္လူအားလုံးေတာင္ သိေနတာပဲ”
    
“အဲဒီလိုသိသိႀကီးနဲ႔၊ ခံေနရတာကိုပဲ၊ ငါက မေက်နပ္တာ”
    
“မင္းက၊ သူတို႔ကိုႏိုင္မွ ေက်နပ္မယ္ေပါ့”
    
“ဒါေပါ့”
    
“ဒီလိုဆို၊ ေနာက္တစ္ပြဲ ထပ္ခ်ိန္းလိုက္မယ္။ေနာက္ၿပီး ဒိုင္လူႀကီးတစ္ေယာက္ ရွာမယ္။အဲဒီဒိုင္ကို၊ ငါတို႔ဘက္လိုက္ေအာင္၊ အပိုင္စည္း႐ုံးထားမယ္။ဘယ္လိုလဲ”
    
“ဘာလို႔လုပ္ရမွာလဲ။ေသေတာင္မလုပ္ဘူး။ၿပိဳင္ပြဲမွာ ရႈံးသြားေပမယ့္၊ ငါတို႔ ႐ိုး႐ိုးသားသား၊ ႀကိဳးႀကိဳးစားစား ကစားခဲ့တာပဲဆိုတဲ့ စိတ္ကေလးတစ္ခုနဲ႔၊ အၿပဳံးမပ်က္၊ ေလသံမာမာနဲ႔ ေနေနတာ။ဒီေလာက္ ရွက္စရာ၊ ႐ြံစရာေကာင္းတဲ့ အလုပ္မ်ိဳးကေတာ့ စိတ္ေတာင္မကူးဘူး”
    
“ငါေျပာခ်င္တာ အဲဒါပါပဲ သူငယ္ခ်င္းရာ။ေဘာလုံးပြဲမွာ၊ မင္းရႈံးခဲ့ေပမယ့္၊ ဂုဏ္သိကၡာပိုင္းမွာ၊ မင္းႏိုင္ပါတယ္”

    
ထိုေန႔က၊ အသိ က်ဴရွင္ဆရာတစ္ေယာက္ကို ေစာင့္ရင္း၊ ဘတ္စ္ကားမွတ္တိုင္ရွိ၊ ခရီးသည္မ်ားအတြက္ ထားရွိေသာ ခုံတန္းေလးမွာ ထိုင္ေနခဲ့ပါသည္။ကြၽန္ေတာ္ႏွင့္ ခပ္ခြာခြာ အေနအထားမွ၊ ေကာင္ေလးတစ္ေယာက္လည္း၊ ေခါင္းငိုက္စိုက္ခ်လ်က္ ထိုင္ေနပါသည္။အျခားခရီးသည္မ်ား ေရာက္လာလိုက္၊ ဘတ္စ္ကားေပၚ တက္သြားလိုက္ႏွင့္ လႈပ္ရွားေနၾကေသာ္လည္း၊ ကြၽန္ေတာ္ႏွင့္ ထိုေကာင္ေလးကေတာ့ အေတာ္ၾကာၾကာ ပုံမပ်က္ရွိေနၾကသည္။ဒုတိယေကာင္ေလး တစ္ေယာက္ ေရာက္လာၿပီး၊ စကားအျပန္အလွန္ ေျပာေတာ့မွ၊ သူကိုယ္တိုင္ ပါဝင္ကစားခဲ့ေသာ ေဘာလုံးပြဲတြင္၊ ဒိုင္လူႀကီးလုပ္သူ၏ မတရားဆုံးျဖတ္ခ်က္မ်ားေၾကာင့္ ရႈံးခဲ့ရသည္ကို၊ မေက်မနပ္ ခံစားေနရမွန္း သိလိုက္ရပါသည္။
    

လူငယ္ေလးေတြ ျဖစ္ေသာ္လည္း၊ စိတ္သေဘာထားကေတာ့၊ သာမန္မဟုတ္ဟ ေလးေလးစားစား အသိအမွတ္ျပဳမိပါသည္။
    

သည္ 'ဘက္လိုက္ျခင္း' ဆိုတာကလည္း၊ ႏိုင္ငံတကာ ပြဲအမ်ိဳးမ်ိဳးနဲ႔၊ ကမာၻ႔ဖလားပြဲေတြမွာေတာင္ ရွိေနတာပါ။ထို႔ေၾကာင့္လည္းဆ ယ့္တစ္ေယာက္ႏွင့္ ဆယ့္ႏွစ္ေယာက္ ကန္တာတို႔၊ ဆယ့္တစ္ေယာက္ႏွင့္ ဆယ့္သုံးေယာက္ကန္တာတို႔ ေျပာေနၾကျခင္းပါ။ဒိုင္လူႀကီးေတြက၊ ကိုယ္တိုင္မကန္ဘဲ၊ လုပ္ပိုင္ခြင့္ (အာဏာ) သုံး၍ ဆုံးျဖတ္ခ်က္ေပးျခင္းျဖင့္ ဘက္လိုက္ေနၾကေလသည္။
    

ယေန႔ေခတ္မွာ internet မွတစ္ဆင့္၊ satellite မွ တစ္ဆင့္၊ ႏိုင္ငံတကာပြဲေတြကို၊ Live Show ၾကည့္၍ရေနၿပီ။အေႏွးျပကြက္မ်ား ျပန္ျပေပးသျဖင့္၊ ေဘာလုံးသမားအျပစ္ ရွိ၊ မရွိ ဒိုင္လူႀကီးဘက္လိုက္ျခင္း ဟုတ္၊ မဟုတ္ ရွင္းရွင္းလင္းလင္း သိေနရပါၿပီ။
    

ဒိုင္လူႀကီးေရွ႕တြင္ ေဘာလုံးသမားခ်င္း လူခ်တာ၊ လက္ထိေဘာျဖစ္တာကို၊ ပြဲၾကည့္ပရိသတ္အားလုံး ေတြ႕လိုက္ရသည္။ဒိုင္လူႀကီးကေတာ့ မည္သည့္အျပစ္ဒဏ္မွ၊ သတ္မွတ္ေပးျခင္း မရွိတာမ်ိဳးလည္း မၾကာခဏေတြ႕ေနရသည္။
    

ဒါကလည္း၊ ေဘာလုံးပြဲတစ္ခုတည္းမွ မဟုတ္ပါ။အားကစားၿပိဳင္ပြဲမ်ား၊ အႏုပညာၿပိဳင္ပြဲမ်ားႏွင့္ အျခားၿပိဳင္ပြဲအသီးသီးမွာလည္း ရွိတတ္ပါသည္။ဒိုင္လူႀကီးတိုင္း၊ ၿပိဳင္ပြဲတိုင္း မဟုတ္ေသာ္လည္း 'ဘက္လိုက္ျခင္း' ကေတာ့ ရွိေနပါသည္။
    

Show ပြဲ၊ ၿပိဳင္ပြဲ မဟုတ္ေသာ္လည္း မိသားစုမွာ၊ ေဆြမ်ိဳးၾကားမွာ၊ လမ္းထဲ ရပ္ကြက္ထဲမွာ၊ သင္တန္းမွာ၊ ေက်ာင္းမွာ၊ ႏိုင္ငံေတာ္မွာ၊ ကမာၻမွာ တစ္မ်ိဳးႏွင့္တစ္မ်ိဳး မ႐ိုးရေအာင္ ဘက္လိုက္ေနၾကပါသည္။
    

တခ်ိဳ႕မိဘမ်ားသည္၊ မိမိတို႔ေမြးထားသည့္ သားသမီးခ်င္း အတူတူကိုပင္၊ မတူေအာင္ဆက္ဆံ၍ ဘက္လိုက္တတ္ၾကသည္။သားသမီးမ်ား အိမ္ေထာင္က်ၿပီးေနာက္၊ မိမိတို႔အေပၚ မ်ားမ်ားစားစား ေထာက္ပံ့သည့္ သားသမီးႏွင့္၊ မိမိတို႔အေပၚ မေထာက္ပံ့ႏိုင္သည့္အျပင္ မိမိတို႔ထံမွပင္ ေငြေၾကးအကူအညီ မၾကာခဏေတာင္းတတ္သည္ ခ်ိဳ႕တဲ့ေသာ သားသမီးကို ခြဲျခားဆက္ဆံတတ္ၾက၏။အေၾကာင္းတစ္ခုခုရွိ၍၊ သားသမီးခ်င္း ျပႆနာျဖစ္လွ်င္၊ ခ်မ္းသာေသာ သားသမီးဘက္သို႔ လိုက္ခ်င္ၾကသည္။
    

တခ်ိဳ႕ ေက်ာင္း ဆရာ၊ ဆရာမမ်ား ဆိုလွ်င္လည္း၊ မိမိထံမွာ က်ဴရွင္တတ္ေသာ တပည့္ႏွင့္၊ က်ဴရွင္မတတ္ေသာ တပည့္ကို ခြဲျခား၍ ဆက္ဆံၾကသည္။က်ဴရွင္ယူေသာ တပည့္ကို ပို၍သင္၏။စာေမးပြဲမွာ ေမးမည့္ေမးခြန္းကို ႀကိဳသင္၏။
အမွတ္ျခစ္ျပန္ေတာ့လည္း၊ က်ဴရွင္ယူေသာ တပည့္ကို အမွတ္ပိုေပးတတ္ၾက၏။
    

စက္႐ုံ၊ အလုပ္႐ုံ၊ ႐ုံးဌာနမ်ားမွာေတာ့၊ ဘက္လိုက္ျခင္းေတြ ပို၍မ်ားပါသည္။အရာရွိက သူ၏အမ်ိဳး၊ သူေမြးထားေသာ တပည့္၊ သူ႔ကို ေငြေၾကးပစၥည္း ဥစၥာလာဘ္ထိုးထားသူ၊ သူခိုင္းတာကို ေခါင္းတစ္ခ်က္မခါဘဲ ေအာက္ေျခသိမ္း လုပ္ေပးတတ္သူ၊ ဆန႔္က်င္ဘက္လိင္ျဖစ္ၿပီး ငယ္႐ြယ္ႏုပ်ိဳသူမ်ိဳးကို အခြင့္အေရး ပိုေပးတတ္ၾကသည္။သူ႔ကို လာဘ္မထိုးသူ၊ သူ႔ကို မ်က္ႏွာခ်ိဳမေသြးသူမ်ားကို၊ ႏွိမ္ခ်င္ၾကသည္။ျပႆနာမရွိ ျပႆနာရွာခ်င္ၾကသည္။

    
အရာရွိအခ်ိဳ႕ဆိုလွ်င္၊ သူတို႔ႏွင့္ အဆင္မေျပေသာ ဝန္ထမ္းက၊ သတ္မွတ္ထားေသာ ႐ုံးတက္ခ်ိန္ ကြက္တိေရာက္လာၿပီး ႐ုံးတက္လက္မွတ္ထိုးသည္ကို လက္မခံဘဲ မင္နီတားၿပီး၊ ႐ုံးတက္ေနာက္က်သူအျဖစ္ မွတ္တမ္းတင္သည္။ႏႈတ္မွလည္း၊ ရစရာမရွိေအာင္ အျပစ္တင္ ဆူပူေသးသည္။တစ္ခါတေလလ စာမဲ့ခြင့္ပင္ လုပ္ပစ္တတ္ၾကသည္။
    

သူတို႔ႏွင့္ အဆင္ေျပသူမ်ား ဆိုလွ်င္ေတာ့၊ ဘယ္အခ်ိန္လာလာ၊ ဘယ္ေလာက္ေနာက္က်က်၊ ျပႆနာမရွာၾကေပ။တခ်ိဳ႕ဝန္ထမ္းမ်ားကို အလုပ္မလာဘဲ အလာျပထားတတ္ေသးသည္။
    

သူတို႔လူ စည္းကမ္းပ်က္လွ်င္ သူတို႔ခ်မွတ္ထားေသာ စည္းကမ္းဥပေဒက အိပ္ေမာက်ေနသည္။သူတို႔လူ မဟုတ္ဘဲ စည္းကမ္းပ်က္လွ်င္ေတာ့ ထိုဥပေဒက အိပ္ရာမွႏိုးၿပီး၊ မတန္တဆ အျပစ္ဒဏ္မ်ားပင္ ေပးတတ္ေလသည္။
    

လုပ္သက္မ်ားၿပီး အေတြ႕အႀကဳံရင့္ရင့္၊ အရည္အခ်င္းရွိရွိ ဝန္ထမ္းျဖစ္ေသာ္လည္း သူတို႔လူ မဟုတ္လွ်င္ ရာထူးတိုးမေပးဘဲ မသိခ်င္ေယာင္ေဆာင္ေနၾက၏။အေတြ႕အႀကဳံမရွိ အရည္အခ်င္းမျပည့္ဘဲ ဝင္ခါစ ဝန္ထမ္းျဖစ္ေသာ္လည္း သူတို႔ႏွင့္ တစ္နည္းနည္းပတ္သက္ထားသူျဖစ္လွ်င္ ရာထူးေကာင္းေကာင္းရ၏ ေနရာေကာင္းရ၏။
    

တကယ္ေတာ့၊ ဘက္လိုက္ျခင္းဆိုသည္မွာ ဆႏၵ၊ ေဒါသ၊ ဘယာ၊ ေမာဟ ဟူေသာ အဂတိေလးပါး လိုက္စားျခင္းပင္ျဖစ္၏။ခ်စ္၍ ဘက္လိုက္ျခင္းသည္ ဆႏၵဂတိ၊ မုန္း၍ ဘက္လိုက္ျခင္းသည္ ေဒါသဂတိ၊ ေၾကာက္၍ ဘက္လိုက္ျခင္းသည္ ဘယာဂတိ၊ မသိ၍ ဘက္လိုက္ျခင္းသည္ ေမာဟာဂတိ ျဖစ္သည္။
    

မိမိခ်စ္ခင္ျမတ္ႏိုးေသာသူအတြက္၊ ေငြေၾကးပစၥည္းဥစၥာအတြက္၊ ရာထူးအာဏာအတြက္ အေထာက္အပံ့ေပးႏိုင္မည္ဆိုပါက အရက္သမားႏွင့္လည္းေပါင္းသည္။ေလာင္းကစားသမားႏွင့္လည္းေပါင္းသည္။ဓါးျပသူပုန္ႏွင့္လည္းေပါင္းသည္။ေသြးစုပ္႐ုံမက အသားေရာ အ႐ိုးေရာ အကုန္ဝါးစားတတ္သည့္ အရင္းရွင္မ်ိဳးႏွင့္လည္းေပါင္းသည္။ထိုသူတို႔ကို ဦးစားေပးသည္။ထိုသူတို႔ လုပ္ခ်င္တာ လုပ္ခြင့္ျပဳသည္။သူလုပ္သမွ်ေတြသည္ ဆႏၵာဂတိကို က်ဴးလြန္ေနျခင္းျဖစ္၏။မိမိမႏွစ္သက္ေသာသူ၊ မိမိ၏စည္းစိမ္ကို မေထာက္ပံ့ႏိုင္သည့္သူ၊ မိမိ၏အလုပ္ရာထူး တည္ၿမဲေရးကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ေသာသူ၊ မိမိကိုေဝဖန္မည့္သူမ်ိဳးဆိုလွ်င္၊ မိဘအ႐ြယ္ျဖစ္ပါေစ၊ သားသမီးအ႐ြယ္ျဖစ္ပါေစ၊ မည္သို႔ေသာ လူပုဂၢိဳလ္ျဖစ္ပါေစ ထိုသူတို႔ကို ဖိႏွိပ္၏။ႏွိပ္စက္၏။ဒုကၡမေရာက္ ေရာက္ေအာင္ ဖန္တီး၏။႐ိုက္သင့္လွ်င္႐ိုက္၏။သတ္သင့္လွ်င္သတ္၏။ပစၥည္းဥစၥာမ်ား လုယူသင့္လုယူ၏။ေဒါသဂတိကို က်ဴးလြန္ေနျခင္းျဖစ္၏။
    

မိမိ၏ လက္ေအာက္ငယ္သားတို႔ ေတာ္လွန္မွာစိုး၍၊ မိမိ၏ အထက္လူႀကီး ၿငိဳျငင္မွာစိုး၍ ထိုသူတို႔က ျဖဴသည္ဆိုလွ်င္ လိုက္ျဖဴ၏။ထိုသူတို႔က မည္းသည္ဆိုလွ်င္ လိုက္မည္း၏။လိပ္ကိုျမင္ေနပါလ်က္ ထိုသူတို႔က ၾကမ္းပိုးဟုေျပာလာလွ်င္ မိမိကလည္း ၾကမ္းပိုးဟုပင္ ေထာက္ခံ၏။ၾကမ္းပိုးကို ျမင္ေနပါလ်က္ ထိုသူတို႔က လိပ္ဟုေျပာလာလွ်င္လည္း မဆိုင္းမတြပင္ လိပ္မွန္သည္ဟု ထေအာ္၏။မိမိသည္ ဘယာဂတိကို က်ဴးလြန္ေနေလၿပီ။

အေၾကာင္းႏွင့္အက်ိဳး၊ အေကာင္းႏွင့္ အဆိုးကို ေဝဖန္ပိုင္းျခားႏိုင္ျခင္းမရွိဘဲ၊ လူလူခ်င္း ညႇာတာေထာက္ထားစိတ္ မရွိဘဲ၊ ကိုယ္ခ်င္းစာတရားမရွိဘဲ၊ ဘယ္သူ႔မ်က္ႏွာကိုမွလည္း မၾကည့္ဘဲ မိမိအေပၚ ဆန႔္က်င္သူမွန္သမွ်ကို ရန္သူဟု သတ္မွတ္၏။
အျပစ္သားအျဖစ္ ဆက္ဆံ၏။မိမိအေပၚ ေထာက္ခံသူမွန္သမွ်ကို မိတ္ေဆြဟု သတ္မွတ္၏။လူေတာ္လူေကာင္းအျဖစ္ဆက္ဆံ၏။
မိမိသည္ ဘယာဂတိကို က်ဴးလြန္ေနျပန္ၿပီ။

ေသေသခ်ာခ်ာေတြးၾကည့္လွ်င္ ထို အဂတိလိုက္စားသူမ်ား (ဘက္လိုက္သူမ်ား) သည္ ‘လူေၾကာက္မ်ား’ ျဖစ္ေနသည္မွာ ထင္ရွားလွ၏။
    

ထိုသူတို႔သည္ မိမိတို႔ ရာထူးအာဏာ မရမွာေၾကာက္၏။ထိုရာထူးအာဏာ မၿမဲမွာလည္းေၾကာက္၏။ထိုရာထူးအာဏာကို ျပန္စြန႔္ရမွာလည္း ေၾကာက္ျပန္၏။လက္ေအာက္ငယ္သားတို႔ မိမိဘက္မပါမွာေၾကာက္၏။မိမိ၏ အထက္လူႀကီးတို႔ စိတ္ဆိုးၿငိဳျငင္မွာေၾကာက္၏။မိမိအေပၚ ဆန႔္က်င္သူတို႔ စည္းလုံးမွာ၊ အင္အားႀကီးမွာလည္း ေၾကာက္ေသး၏။
    

ထိုေၾကာက္စိတ္က ႀကီးမားလာေလေလ၊ သတိလြတ္ေလေလ၊ အသိလြတ္ေလေလ ျဖစ္၏။ထိုအခါ အဂတိလိုက္စားလာၾကေလေတာ့သည္။
    

အဂတိလိုက္စားၿပီ ဆိုသည္ႏွင့္ လုပ္သင့္သည္မ်ားကို တစ္ခုတေလပင္ မလုပ္ေတာ့ဘဲ မလုပ္သင့္တာမွန္သမွ် အကုန္လုပ္ေတာ့သည္။မ႐ိုေသထိုက္သူကို ခါးၫြတ္ခါးကုန္း၍ပင္ အ႐ိုအေသေပး၏။႐ိုေသထိုက္သူကိုေတာ့ ႐ိုေသရေကာင္းမွန္းမသိဘဲ ေစာ္ကားေမာ္ကားျပဳသည္။အတြင္းထရံကို အျပင္မွကာ၍ အျပင္ထရံကို အတြင္းမွာကာသည္။    
    

ထို႔ေၾကာင့္ အေၾကာက္တရားကိုလည္း စိတ္ကူးထဲ အဝင္မခံသင့္ပါ။ေၾကာက္တတ္သူမ်ားကိုလည္း ဘဝထဲ အဝင္မခံသင့္ပါ။

႐ိုက္ေမာင္း
စက္တင္ဘာ - ၂၇