【 ဆောင်းပါး 】“ အာဏာရှင်ခေတ်အောက်က ပညာရှင်တဦး၏စိတ်”

【 ဆောင်းပါး 】“ အာဏာရှင်ခေတ်အောက်က ပညာရှင်တဦး၏စိတ်”

ဆရာဦးသော်ကောင်းကို ကျွန်တော်စသိခဲ့တာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူးတစ်ယောအဖြစ် ။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ၁၉၉၃ ကနေ ၉၆ ကာလအတွင်း ကျင်လည်ခဲ့သည့် တက္ကသိုလ်ကျောင်းသား တစ်ဦးအနေဖြင့် ဆရာ့ကို နာမည်သာကြားဖူးသည်။

လက်ရှိမှာ စာကြည့်တိုက်မှူး ဟုတ်လားမဟုတ်လား ဆိုတာလဲမသိ။ပင်စင်ယူသွားပြီလား တာဝန် ထမ်းဆဲ ဆိုတာလည်းမသိ။ဆရာနာမည်ကို သိတာက တစ်ကျပ်တန် ယခင်ခေတ်ငွေစက္ကူတွင် ပါသည့် မောင်ကောင်း ဆိုသည့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး လက်မှတ်ကိုပင်။အာစီထဲတွင် သူငယ်ချင်းတွေ ထိုင်ကာ ယခင်က ပိုက်ဆံတွေတန်ဖိုးရှိကြောင်း ပြောရင်း သူငယ်ချင်းတစ်ဦးက  ငွေစက္ကူထဲက မောင်ကောင်းဆိုတာ ရန်ကုန်တက္ကသိုလ်မှာ စာကြည့်တိုက်မှူးလုပ်  နေသည့်  ဆရာကြီး ဦးသော်
ကောင်း ရဲ့အဖေလို့ ပြောသဖြင့် ဆရာကြီးနာမည်ကို ကြားဖူးခဲ့တာဖြစ်သည်။

ထိုနောက်တော့ ကျွန်တော်တို့ခေတ်က ကျောင်းသားသူပုန်ခေတ်ဖြစ်သဖြင့် တက္ကသိုလ် စာကြည့် တိုက် ဆိုတာ ဝေလာဝေး၊နေ့စဉ်တက်ရသည်ကျောင်းပင် တက်သုတ်ရိုက်တက် ၊ဆန္ဒပြပွဲတွေဖြစ် ကျောင်းမှာ လူအုံလျှင်တောင် ကျောင်းပိတ်သည့် ခေတ်ဆိုတော့ တက္ကသိုလ်တစ်ခု၏အရသာကို  လှည်းတန်းက ပန်းအိ၊ကျောင်းထဲက ဦးချစ်၊အာစီထဲက ချန်ဆယ်လာဒါတွေကိုသာကောင်းကောင်း ကန်းကန်း လုပ်ပြီး တက္ကသိုလ်ကျောင်းသားဘဝကို ကျောင်းရှေ့မှတ်တိုင်နှင့် သစ်ပုတ်ပင် ဒီကြားထဲ လွန်းထိုးပြီး ဖြတ်ခဲ့ရသည်။ဒီတော့ တက္ကသိုလ်စာကြည့်တိုက်တွေ ဆိုတာ ရတနာသိုက်ဆိုတာ မသိခဲ့သလို သိုက်စောင့်သည့် ဘိုးဘိုးကြီးတွေဖြစ်သည့် စာကြည့်တိုက်မှူးတွေ ကိုလည်း နာမည်လောက်သာသိခွင့်ရခဲ့သည်။ ဒါကိုလည်း ကိုယ့်အတွက် ဆုံးရှုံးမှုတစ်ခုလို့လည်း မသိသေး။

ကျောင်း အပြီး ဆယ်နှစ်ကြာမှာ  မမျှော်လင့်ဘဲ သတင်းသမားတစ်ဦးဘဝသို့ရောက်ခဲ့သဖြင့် သတင်းရေးတိုင်း ယခင်ကမသိတာတွေကို ရှာရသည့်အခါ ငါ့နား စာကြည့်တိုက်လေးတစ်ခုရှိရင် သိပ်ကောင်းမှာဘဲ ဟု မကြာခဏတွေးမိသည်။ ကိုယ်အယ်ဒီတာအဖြစ် စတာဝန်ယူရသည့် ဂျာနယ် တွင် R&D ထားမည်ဟု ဆုံးဖြတ်ကြသောအခါ ပထမဆုံး ဝမ်းသာမိသည် က ကျွန်တေ်ာဘဲဖြစ်မည်။ ဒီR&Dမှာ သုတေသနသမားအဖြစ် ဆရာမဒေါ်ခင်နှင်းဦးလာထိုင်သည့် အခါ ဆရာမဆီက ကိုယ်မသိသည့် အကြောင်း အရာတွေ၊ ရာဇဝင်အူပေါက်တွေ၊သမိုင်းထဲမှတ်မှတ်ရရတွေရှိပေမယ့် အဖျောက်ခံရသည့် မှတ်တမ်းတွေ၊ခမ်းနားသည့် ရန်ကုန်တက္ကသိုလ်၏ရက်စွဲတွေ ကြားလာခဲ့ရသည်။

ထူးခြားသည့် ပြည်တွင်း သတင်းရေးတိုင်း ထိုအဖြစ်နှင့်ဆင်တူရှိခဲ့သည့် ခေတ်သစ် မြန်မာသမိုင်းထဲ က အဖြစ်တွေကို နောက်ခံအဖြစ် ဆရာမကျေးဇူးဖြင့် ဖော်ထုတ်ရေးနိုင်ခဲ့သည်။ ထိုစဉ်က နေရှင်း ဂျာနယ်ကို တန်းတစ်ခုရောက်အောင် ဆွဲတင်နိုင်ခဲ့သည်မှာ စာကြည့်တိုက် ပညာကရှေ့ဆုံးက ပါလေ သည်။ ဒီမှာ ဆရာမဆီကနေ ဆရာဦးသော်ကောင်းအကြောင်းကို ပြန်ကြားလာခဲ့ရခြင်းဖြစ်သည်။ ဆရာမဒေါ်ခင်နှင်းဦးထံမှ ဆရာဦးသော်ကောင်း အကြောင်းကို သိရသည့်အခါ ကျွန်တော့်မှာ တော်တော်လေး အံသြမိသည်။ ပညာရပ်တစ်ခုထဲကို စူးစူးစိုက်စိုက်လုပ်တတ်သူတစ်ဦး၊ စာကြည့် တိုက် ပညာကို ဖွံ့ဖြိုးစေလိုသူတစ်ဦးအဖြစ်။ဂျာနယ်က အထူးကဏ္ဍတစ်ခုအနေဖြင့် ပညာရှင်များနှင့် အင်တာဗျူးလုပ်ရန် စီစဉ်သည့်အခါ ဆရာဦးသော်ကောင်းကို အင်တာဗျူးရန် ပထမဆုံးစီစဉ်ခဲ့သည်။

ထို့အတွက် တာဝန်ယူရတာ က ကျွန်တော်။ရှင်းရှင်းပြောရလျှင် ဆရာကြီးနှင့်တွေ့ရမည့် ပထမဆုံးတွေ့ဆုံမှု အတွက် စိတ်လှုပ်ရှားမှုက ကျွန်တော်မှာရှိနေသည်။ ဥပမာပြောရလျှင် ကျောင်းသား တစ်ယောက် ကျောင်းအုပ်ကြီးနှင့်တွေ့ရသလို။ ဆရာဂုဏ်ပုဒ်တွေက ဆရာကျော်ကြားမှုတွေက သာမန်အင်တာဗျူးသမားတစ်ယောက်အတွက် မဟာအခက်အခဲဖြစ်သည်။ ပြီးတော့ ဆရာကြီး တာဝန်ထမ်းဆောင်သည့် အချိန်ကာလမှာ  ကျောင်းထဲမှာရှိနေခဲ့သူမို့ ဆရာကြီးကို ရှိန်နေသည် ကတော့အမှန်။

တက္ကသိုလ်စာကြည့်တိုက်ထဲမှာ ဆရာကြီးနှင့်တွေတော့ ဆရာကြီးအဆင်အပြင်က ရှေးလူကြီးတွေလို ခပ်ရိုးရိုး၊ပြီးတော့ ကျွန်တော့်ကိုဆက်ဆံသည့်ပုံစံက တန်ဖိုးထားဆက်ဆံသည့်ပုံစံ။ပြီးတော့ ဆရာကြီးနှင့် အတူရှိနေသည့် ဆရာကြီး ဦးစိုင်းအောင်ထွန်း (တောင်ကြီး)ကိုလည်း အင်တာဗျူးလုပ်ရန် ထပ်ညွှန်းပေးသေးသည်။ပြီးတော့ သမိုင်းမှတ်တမ်းမှတ်ရာအဖြစ် ပညာရေးကဏ္ဍတွင် ခြွင်းချန်ထားလို့ မရသည့် ဆရာကြီး ဦးသန်းဦးကိုလည်း မေးဖို့ တိုက်တွန်းသည်။

ဒီမှာ ဆရာကြီးဦးသော်ကောင်းကို ကျွန်တော် သဘောကျတာထက် ပိုပြီးလေးစားသွားသည်။ ကျွန်တော် အင်တာဗျူးလုပ်ရန် ကျော်ကြားသူတွေ၊နိုင်ငံရေးသမားတွေ၊တစ်ချိန်က တာဝန်ကြီးကြီး မားမား တာဝန်ယူခဲ့သူတွေကို အင်တာဗျူးရန် ရက်ချိန်းတောင်းတိုင်း တွေ့ရသည့် အခက်အခဲက သူတို့တွေ၏ ကိုယ်ပိုင်ဘဝနှင့် သူတို့ အကြောင်းကို ဘယ်လိုရေးမှာလဲ ဘယ်လိုပြင်ခွင့်ပေးမှာလဲ ဆိုသည့် အတ္တကို အရင် ကျော်ဖြတ်ရသည်။ ပြီးရင် ရက်ချိန်း။ဆရာကြီးနဲ့ ကြတော့ ဒီလိုမဟုတ်။ ကျွန်တော်အားသည့် ရက်လာဖို့ လွယ်လွယ်လေး ရက်ချိန်းပေးသလို သူ့ထက် တခြားပညာရှင်တွေကို မေးဖို့ ဦးစားပေးသည့် ပညာရှင်တစ်ဦး၏ စိတ်နေစိတ်ထားကို တွေ့လိုက်ရသည်။

 ကျွန်တော်တို့ ခေတ်တွင် အတွေ့ရများသည်က ပညာမာနဖြင့် မောက်မာထောင်လွှားသည့် ပညာရှင်တွေကိုဘဲ တွေ့နေရသည့်အချိန်မှာ လူတိုင်းလေးစားရသည့် ဆရာကြီးလို ပညာရှင်တစ်ဦးမှာ ဒီလိုစိတ်မရှိတာက အင်တာဗျူးသမားတစ်ယောက်ဖြစ်သည့် ကျွန်တေ်ာလို့ သတင်းသမား တစ်ဦး အတွက် အထူးအဆန်းဖြစ်ခဲ့ရသည်။အင်တာဗျူးလုပ်သည့်အခါမှာလည်း ဆရာကြီး၏အိမ်ထဲက ကိုယ်ပိုင်စာကြည့်တိုက် အခန်းကို စိတ်ကြိုက်သုံးခွင့်ပေးခဲ့သလို မေးခွန်းများကိုလည်း ပြင်ဆင်ခွင့် ခဏခဏပေးခဲ့သည်က ကျွန်တေ်ာ့အတွက် အမှတ်ရစရာဖြစ်ခဲ့သည်။

ဆရာကြီးနှင့်အင်တာဗျူးက အဆင်ပြေပြေနှင့် သိလိုသမျှ မေးခွင့်ရခဲ့သလို ဆရာကြီးက တချို့ အကြောင်း အရာတွေကို အချိန်ယူပြောပေးခဲ့သည်။ နောင်သော် ထိုအင်တာဗျူး အခန်းဆက်က နေးရှင်းဂျာနယ်မှာ စောင့်ဖတ်စရာဖြစ်လာခဲ့သလို  ထိုင်းအခြေစိုက် မောက္ခပညာရေးဝက်ဘ်ဆိုက်မှာ တင်ရသည့်အထိ  ကျွန်တော့်သတင်းသမား ဘဝမှာ အမှတ်ရ ဂုဏ်ယူစရာဖြစ်လာခဲ့သည်။

ထိုထဲမှာ ကျွန်တော်အတွက်  ပိုအမှတ်ရစရာက  အာဏာရှင်ခေတ်မှာ တက္ကသိုလ်ကျောင်းသားဘ၀ ဘာ ဆုံးရှုံးလို့ ဆုံးရှုံးခဲ့မှန်းမသိတာကို ဆရာကြီးနဲ့ အင်တာဗျူးလုပ်ရင်း သိလာရတာကိုပင်။ မဟုတ် တာ လုပ်ရတာကို ရှက်သည့်စိတ် ပညာတတ်တစ်ယောက်စောင့်ထိန်းရမည့် ကိုယ်ကျင့်တရား၊ဖြောင့်မတ်သည့်စိတ် မတရားတာကို သိရင် လက်ပိုက်မနေရသည့် စိတ်၊ပညာကို မြတ်နိုးပြီးပညာဖြင့် အသက်မွေးလိုသည့် စိတ်စသည်တွေကို ဆရာကြီးက အောက်စဖိုဒ့်တက္ကသိုလ်ဝန်းကျင်မှာ ရှိသည့် တက္ကသိုလ်အငွေ့အသက် ၊ယခင်က ရန်ကုန်တက္ကသိုလ်မှာ ရှိခဲ့သည့် တက္ကသိုလ်အငွေ့အသက် (atmosphere)ဖြင့် ကျွန်တော် ကို ပြောခဲ့သည်။ကျွန်တေ်ာတို့ခေတ်မှာ အာဏာရှင်တွေက တက္ကသိုလ်တွေကို မြို့ပြင်ရွှေ့သည့်အပြင် ပညာတတ်ဆို ကြောက်သည့်အငုတ်စိတ်ဖြင့် တက္ကသိုလ် မတက်ဘဲ  ဘွဲ့ရသည့် စနစ်ဖြင့် တက္ကသိုလ်အငွေ့ အသက်ကိုပါ ဖျောက်ဖျက်လိုက်ပုံကို မြင်လာ အောင် ပြောပြခဲ့သည်။ဆရာကြီးက ဘယ်သူကြောင့်ဟုမပြော။ဘာတွေဖျက်လို့ တိုင်းပြည်ဘာတွေ ဖြစ်လာသည်ဟုသာ ပညာရှင်ဆန်ဆန် ထောက်ပြခဲ့သည်။

အာဏာရှင်ခေတ်မှာ ပညာရှင်တစ်ဦးဘယ်လောက်ထိ ဖြတ်သန်းရခက်ခဲခဲ့သလဲဆိုတာကို ဆရာကြီးနှင့် အင်တာဗျူးရင်း ကျွန်တော်တို့ သိလာခဲ့ရသည်။ပညာရှင်တွေ မွေးမြူဖို့ စာကြည့်တိုက် ဆိုတာ အဓိကဆိုတာကို သိလာရသည်။ပညာရေးလိုလားတဲ့ အစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးဆိုတာ ကျွန်တော်သိလာရသည်။ ပညာရှင်ဆိုတာ ကိုယ်ကိုယ်ကိုနှိမ့်ချဆက်ဆံတတ်သူဆိုတာကို လက်တွေ့မြင်ခဲ့ရသည်။

ကျွန်တော်တို့ခေတ်မှာ အတုအယောင် ပညာရှင်တွေက ဒင်းကြမ်း၊ ပညာတတ်ယောင်ဆောင် သူတွေက ဗလပွ။ကျောင်းထဲဝင်တိုက်မိလျှင် ပါရဂူဘွဲဆိုသူတွေနှင့်။ ဆရာကြီးတစ်ယောက် ၏ စာကြည့်တိုက်ထဲ တစ်ချက်မှ မဝင်ဘဲ ပါရဂူဘွဲ့ရခဲ့သူတွေ ၊မဟာဘွဲ့ရလာသူတွေကို မတတ်မှန်းသိရဲ့နှင့် လက်ခံပေးခဲ့ရသည့် စိတ်ဒုက္ခကို မှန်းဆရင်း ဆရာ့သည်းခံစိတ်ကို လေးစားမိသည်။ ညာနေ သည်ကို သိရက်နှင့် ပညာတတ်ကို မုန်းသည့် အာဏာရှင်ခေတ်မှာ ပညာရှင်တွေ မွေးထုတ်သည့် တက္ကသိုလ်စာကြည့်တိုက်လေးကို အာဏာရှင် အမျက်ဒေါသအောက်ကနေ လွတ်အောင်  ဘယ်လို များ စည်းစည်းလုံးလုံးနဲ့ စာကြည့်တိုက်ဝန်ထမ်းတွေနဲ့ ဦးဆောင် ဖြတ်ကျော်ခဲ့သလဲဆိုတာကို စဉ်းစား မိသည်။

အာဏာရှင်ခေတ်အောက်ကနေလွတ်စပြုချိန်မှာ အမျိုးသားစာကြည့်တိုက်က ကုန်သည်လမ်းပေါ်က ရေနံရုံးမှာ ပြန်ဖွင့်ဖို့  ဆရာကြီးဦးဆောင်ပြီး လုပ်နေသည့်သတင်းတွေ ကြားရသည့်အခါ တိုင်းပြည်မှာ ပညာတတ်တွေ ဖွံ့ဖြိုးဖို့ ဆိုရင် အသက်အရွယ်ကိုမေ့ထားသည့် ဆရာကြီးကို လေးစားနေမိသည်။ “စာကြည့်တိုက်ဆိုတာ လူတွေ ဝင်ထွက်လွယ်တဲ့နေရာမှာ ထားရတာ။ တောကြိုအုံကြားထား လို့ကတော့ ဘယ်လိုလုပ်လာကြမှာလဲ”ဆိုသည့်  တစ်ခါက အင်တာဗျူးရင်း ဆရာကြီးပြောခဲ့သည့်စ ကားအတိုင်း မြို့ထဲရောက်လာအောင် အမျိုးသားစာကြည့်တိုက်ကိုရွှေ့လာနိုင်သည့် ဆရာကြီးကို ဂုဏ်ပြုလျှက်။ တိုင်းပြည်ကို တိုးတက်စေလိုသည့် ဆရာကြီးဦးသော်ကောင်း သက်တော် ရာကျော် ရှည် ပါစေလို့….။

                                                                ဂျီအောင်ဘန်း

 

(  Zawgyi  )

 ဆရာဦးေသာ္ေကာင္းကို ကြၽန္ေတာ္စသိခဲ့တာ ရန္ကုန္တကၠသိုလ္စာၾကည့္တိုက္မႉးတစ္ေယာအျဖစ္ ။ ရန္ကုန္ဝိဇၨာသိပၸံတကၠသိုလ္တြင္ ၁၉၉၃ ကေန ၉၆ ကာလအတြင္း က်င္လည္ခဲ့သည့္ တကၠသိုလ္ေက်ာင္းသား တစ္ဦးအေနျဖင့္ ဆရာ့ကို နာမည္သာၾကားဖူးသည္။

လက္ရွိမွာ စာၾကည့္တိုက္မႉး ဟုတ္လားမဟုတ္လား ဆိုတာလဲမသိ။ပင္စင္ယူသြားၿပီလား တာဝန္ ထမ္းဆဲ ဆိုတာလည္းမသိ။ဆရာနာမည္ကို သိတာက တစ္က်ပ္တန္ ယခင္ေခတ္ေငြစကၠဴတြင္ ပါသည့္ ေမာင္ေကာင္း ဆိုသည့္ ဗဟိုဘဏ္အုပ္ခ်ဳပ္ေရးမႉး လက္မွတ္ကိုပင္။အာစီထဲတြင္ သူငယ္ခ်င္းေတြ ထိုင္ကာ ယခင္က ပိုက္ဆံေတြတန္ဖိုးရွိေၾကာင္း ေျပာရင္း သူငယ္ခ်င္းတစ္ဦးက  ေငြစကၠဴထဲက ေမာင္ေကာင္းဆိုတာ ရန္ကုန္တကၠသိုလ္မွာ စာၾကည့္တိုက္မႉးလုပ္  ေနသည့္  ဆရာႀကီး ဦးေသာ္
ေကာင္း ရဲ႕အေဖလို႔ ေျပာသျဖင့္ ဆရာႀကီးနာမည္ကို ၾကားဖူးခဲ့တာျဖစ္သည္။

ထိုေနာက္ေတာ့ ကြၽန္ေတာ္တို႔ေခတ္က ေက်ာင္းသားသူပုန္ေခတ္ျဖစ္သျဖင့္ တကၠသိုလ္ စာၾကည့္ တိုက္ ဆိုတာ ေဝလာေဝး၊ေန႔စဥ္တက္ရသည္ေက်ာင္းပင္ တက္သုတ္႐ိုက္တက္ ၊ဆႏၵျပပြဲေတြျဖစ္ ေက်ာင္းမွာ လူအုံလွ်င္ေတာင္ ေက်ာင္းပိတ္သည့္ ေခတ္ဆိုေတာ့ တကၠသိုလ္တစ္ခု၏အရသာကို  လွည္းတန္းက ပန္းအိ၊ေက်ာင္းထဲက ဦးခ်စ္၊အာစီထဲက ခ်န္ဆယ္လာဒါေတြကိုသာေကာင္းေကာင္း ကန္းကန္း လုပ္ၿပီး တကၠသိုလ္ေက်ာင္းသားဘဝကို ေက်ာင္းေရွ႕မွတ္တိုင္ႏွင့္ သစ္ပုတ္ပင္ ဒီၾကားထဲ လြန္းထိုးၿပီး ျဖတ္ခဲ့ရသည္။ဒီေတာ့ တကၠသိုလ္စာၾကည့္တိုက္ေတြ ဆိုတာ ရတနာသိုက္ဆိုတာ မသိခဲ့သလို သိုက္ေစာင့္သည့္ ဘိုးဘိုးႀကီးေတြျဖစ္သည့္ စာၾကည့္တိုက္မႉးေတြ ကိုလည္း နာမည္ေလာက္သာသိခြင့္ရခဲ့သည္။ ဒါကိုလည္း ကိုယ့္အတြက္ ဆုံးရႈံးမႈတစ္ခုလို႔လည္း မသိေသး။

ေက်ာင္း အၿပီး ဆယ္ႏွစ္ၾကာမွာ  မေမွ်ာ္လင့္ဘဲ သတင္းသမားတစ္ဦးဘဝသို႔ေရာက္ခဲ့သျဖင့္ သတင္းေရးတိုင္း ယခင္ကမသိတာေတြကို ရွာရသည့္အခါ ငါ့နား စာၾကည့္တိုက္ေလးတစ္ခုရွိရင္ သိပ္ေကာင္းမွာဘဲ ဟု မၾကာခဏေတြးမိသည္။ ကိုယ္အယ္ဒီတာအျဖစ္ စတာဝန္ယူရသည့္ ဂ်ာနယ္ တြင္ R&D ထားမည္ဟု ဆုံးျဖတ္ၾကေသာအခါ ပထမဆုံး ဝမ္းသာမိသည္ က ကြၽန္ေတ္ာဘဲျဖစ္မည္။ ဒီR&Dမွာ သုေတသနသမားအျဖစ္ ဆရာမေဒၚခင္ႏွင္းဦးလာထိုင္သည့္ အခါ ဆရာမဆီက ကိုယ္မသိသည့္ အေၾကာင္း အရာေတြ၊ ရာဇဝင္အူေပါက္ေတြ၊သမိုင္းထဲမွတ္မွတ္ရရေတြရွိေပမယ့္ အေဖ်ာက္ခံရသည့္ မွတ္တမ္းေတြ၊ခမ္းနားသည့္ ရန္ကုန္တကၠသိုလ္၏ရက္စြဲေတြ ၾကားလာခဲ့ရသည္။

ထူးျခားသည့္ ျပည္တြင္း သတင္းေရးတိုင္း ထိုအျဖစ္ႏွင့္ဆင္တူရွိခဲ့သည့္ ေခတ္သစ္ ျမန္မာသမိုင္းထဲ က အျဖစ္ေတြကို ေနာက္ခံအျဖစ္ ဆရာမေက်းဇူးျဖင့္ ေဖာ္ထုတ္ေရးႏိုင္ခဲ့သည္။ ထိုစဥ္က ေနရွင္း ဂ်ာနယ္ကို တန္းတစ္ခုေရာက္ေအာင္ ဆြဲတင္ႏိုင္ခဲ့သည္မွာ စာၾကည့္တိုက္ ပညာကေရွ႕ဆုံးက ပါေလ သည္။ ဒီမွာ ဆရာမဆီကေန ဆရာဦးေသာ္ေကာင္းအေၾကာင္းကို ျပန္ၾကားလာခဲ့ရျခင္းျဖစ္သည္။ ဆရာမေဒၚခင္ႏွင္းဦးထံမွ ဆရာဦးေသာ္ေကာင္း အေၾကာင္းကို သိရသည့္အခါ ကြၽန္ေတာ့္မွာ ေတာ္ေတာ္ေလး အံၾသမိသည္။ ပညာရပ္တစ္ခုထဲကို စူးစူးစိုက္စိုက္လုပ္တတ္သူတစ္ဦး၊ စာၾကည့္ တိုက္ ပညာကို ဖြံ႕ၿဖိဳးေစလိုသူတစ္ဦးအျဖစ္။ဂ်ာနယ္က အထူးက႑တစ္ခုအေနျဖင့္ ပညာရွင္မ်ားႏွင့္ အင္တာဗ်ဴးလုပ္ရန္ စီစဥ္သည့္အခါ ဆရာဦးေသာ္ေကာင္းကို အင္တာဗ်ဴးရန္ ပထမဆုံးစီစဥ္ခဲ့သည္။

ထို႔အတြက္ တာဝန္ယူရတာ က ကြၽန္ေတာ္။ရွင္းရွင္းေျပာရလွ်င္ ဆရာႀကီးႏွင့္ေတြ႕ရမည့္ ပထမဆုံးေတြ႕ဆုံမႈ အတြက္ စိတ္လႈပ္ရွားမႈက ကြၽန္ေတာ္မွာရွိေနသည္။ ဥပမာေျပာရလွ်င္ ေက်ာင္းသား တစ္ေယာက္ ေက်ာင္းအုပ္ႀကီးႏွင့္ေတြ႕ရသလို။ ဆရာဂုဏ္ပုဒ္ေတြက ဆရာေက်ာ္ၾကားမႈေတြက သာမန္အင္တာဗ်ဴးသမားတစ္ေယာက္အတြက္ မဟာအခက္အခဲျဖစ္သည္။ ၿပီးေတာ့ ဆရာႀကီး တာဝန္ထမ္းေဆာင္သည့္ အခ်ိန္ကာလမွာ  ေက်ာင္းထဲမွာရွိေနခဲ့သူမို႔ ဆရာႀကီးကို ရွိန္ေနသည္ ကေတာ့အမွန္။

တကၠသိုလ္စာၾကည့္တိုက္ထဲမွာ ဆရာႀကီးႏွင့္ေတြေတာ့ ဆရာႀကီးအဆင္အျပင္က ေရွးလူႀကီးေတြလို ခပ္႐ိုး႐ိုး၊ၿပီးေတာ့ ကြၽန္ေတာ့္ကိုဆက္ဆံသည့္ပုံစံက တန္ဖိုးထားဆက္ဆံသည့္ပုံစံ။ၿပီးေတာ့ ဆရာႀကီးႏွင့္ အတူရွိေနသည့္ ဆရာႀကီး ဦးစိုင္းေအာင္ထြန္း (ေတာင္ႀကီး)ကိုလည္း အင္တာဗ်ဴးလုပ္ရန္ ထပ္ၫႊန္းေပးေသးသည္။ၿပီးေတာ့ သမိုင္းမွတ္တမ္းမွတ္ရာအျဖစ္ ပညာေရးက႑တြင္ ႁခြင္းခ်န္ထားလို႔ မရသည့္ ဆရာႀကီး ဦးသန္းဦးကိုလည္း ေမးဖို႔ တိုက္တြန္းသည္။

ဒီမွာ ဆရာႀကီးဦးေသာ္ေကာင္းကို ကြၽန္ေတာ္ သေဘာက်တာထက္ ပိုၿပီးေလးစားသြားသည္။ ကြၽန္ေတာ္ အင္တာဗ်ဴးလုပ္ရန္ ေက်ာ္ၾကားသူေတြ၊ႏိုင္ငံေရးသမားေတြ၊တစ္ခ်ိန္က တာဝန္ႀကီးႀကီး မားမား တာဝန္ယူခဲ့သူေတြကို အင္တာဗ်ဴးရန္ ရက္ခ်ိန္းေတာင္းတိုင္း ေတြ႕ရသည့္ အခက္အခဲက သူတို႔ေတြ၏ ကိုယ္ပိုင္ဘဝႏွင့္ သူတို႔ အေၾကာင္းကို ဘယ္လိုေရးမွာလဲ ဘယ္လိုျပင္ခြင့္ေပးမွာလဲ ဆိုသည့္ အတၱကို အရင္ ေက်ာ္ျဖတ္ရသည္။ ၿပီးရင္ ရက္ခ်ိန္း။ဆရာႀကီးနဲ႔ ၾကေတာ့ ဒီလိုမဟုတ္။ ကြၽန္ေတာ္အားသည့္ ရက္လာဖို႔ လြယ္လြယ္ေလး ရက္ခ်ိန္းေပးသလို သူ႔ထက္ တျခားပညာရွင္ေတြကို ေမးဖို႔ ဦးစားေပးသည့္ ပညာရွင္တစ္ဦး၏ စိတ္ေနစိတ္ထားကို ေတြ႕လိုက္ရသည္။

 ကြၽန္ေတာ္တို႔ ေခတ္တြင္ အေတြ႕ရမ်ားသည္က ပညာမာနျဖင့္ ေမာက္မာေထာင္လႊားသည့္ ပညာရွင္ေတြကိုဘဲ ေတြ႕ေနရသည့္အခ်ိန္မွာ လူတိုင္းေလးစားရသည့္ ဆရာႀကီးလို ပညာရွင္တစ္ဦးမွာ ဒီလိုစိတ္မရွိတာက အင္တာဗ်ဴးသမားတစ္ေယာက္ျဖစ္သည့္ ကြၽန္ေတ္ာလို႔ သတင္းသမား တစ္ဦး အတြက္ အထူးအဆန္းျဖစ္ခဲ့ရသည္။အင္တာဗ်ဴးလုပ္သည့္အခါမွာလည္း ဆရာႀကီး၏အိမ္ထဲက ကိုယ္ပိုင္စာၾကည့္တိုက္ အခန္းကို စိတ္ႀကိဳက္သုံးခြင့္ေပးခဲ့သလို ေမးခြန္းမ်ားကိုလည္း ျပင္ဆင္ခြင့္ ခဏခဏေပးခဲ့သည္က ကြၽန္ေတ္ာ့အတြက္ အမွတ္ရစရာျဖစ္ခဲ့သည္။

ဆရာႀကီးႏွင့္အင္တာဗ်ဴးက အဆင္ေျပေျပႏွင့္ သိလိုသမွ် ေမးခြင့္ရခဲ့သလို ဆရာႀကီးက တခ်ိဳ႕ အေၾကာင္း အရာေတြကို အခ်ိန္ယူေျပာေပးခဲ့သည္။ ေနာင္ေသာ္ ထိုအင္တာဗ်ဴး အခန္းဆက္က ေနးရွင္းဂ်ာနယ္မွာ ေစာင့္ဖတ္စရာျဖစ္လာခဲ့သလို  ထိုင္းအေျခစိုက္ ေမာကၡပညာေရးဝက္ဘ္ဆိုက္မွာ တင္ရသည့္အထိ  ကြၽန္ေတာ့္သတင္းသမား ဘဝမွာ အမွတ္ရ ဂုဏ္ယူစရာျဖစ္လာခဲ့သည္။

ထိုထဲမွာ ကြၽန္ေတာ္အတြက္  ပိုအမွတ္ရစရာက  အာဏာရွင္ေခတ္မွာ တကၠသိုလ္ေက်ာင္းသားဘ၀ ဘာ ဆုံးရႈံးလို႔ ဆုံးရႈံးခဲ့မွန္းမသိတာကို ဆရာႀကီးနဲ႔ အင္တာဗ်ဴးလုပ္ရင္း သိလာရတာကိုပင္။ မဟုတ္ တာ လုပ္ရတာကို ရွက္သည့္စိတ္ ပညာတတ္တစ္ေယာက္ေစာင့္ထိန္းရမည့္ ကိုယ္က်င့္တရား၊ေျဖာင့္မတ္သည့္စိတ္ မတရားတာကို သိရင္ လက္ပိုက္မေနရသည့္ စိတ္၊ပညာကို ျမတ္ႏိုးၿပီးပညာျဖင့္ အသက္ေမြးလိုသည့္ စိတ္စသည္ေတြကို ဆရာႀကီးက ေအာက္စဖိုဒ့္တကၠသိုလ္ဝန္းက်င္မွာ ရွိသည့္ တကၠသိုလ္အေငြ႕အသက္ ၊ယခင္က ရန္ကုန္တကၠသိုလ္မွာ ရွိခဲ့သည့္ တကၠသိုလ္အေငြ႕အသက္ (atmosphere)ျဖင့္ ကြၽန္ေတာ္ ကို ေျပာခဲ့သည္။ကြၽန္ေတ္ာတို႔ေခတ္မွာ အာဏာရွင္ေတြက တကၠသိုလ္ေတြကို ၿမိဳ႕ျပင္ေ႐ႊ႕သည့္အျပင္ ပညာတတ္ဆို ေၾကာက္သည့္အငုတ္စိတ္ျဖင့္ တကၠသိုလ္ မတက္ဘဲ  ဘြဲ႕ရသည့္ စနစ္ျဖင့္ တကၠသိုလ္အေငြ႕ အသက္ကိုပါ ေဖ်ာက္ဖ်က္လိုက္ပုံကို ျမင္လာ ေအာင္ ေျပာျပခဲ့သည္။ဆရာႀကီးက ဘယ္သူေၾကာင့္ဟုမေျပာ။ဘာေတြဖ်က္လို႔ တိုင္းျပည္ဘာေတြ ျဖစ္လာသည္ဟုသာ ပညာရွင္ဆန္ဆန္ ေထာက္ျပခဲ့သည္။

အာဏာရွင္ေခတ္မွာ ပညာရွင္တစ္ဦးဘယ္ေလာက္ထိ ျဖတ္သန္းရခက္ခဲခဲ့သလဲဆိုတာကို ဆရာႀကီးႏွင့္ အင္တာဗ်ဴးရင္း ကြၽန္ေတာ္တို႔ သိလာခဲ့ရသည္။ပညာရွင္ေတြ ေမြးျမဴဖို႔ စာၾကည့္တိုက္ ဆိုတာ အဓိကဆိုတာကို သိလာရသည္။ပညာေရးလိုလားတဲ့ အစိုးရဆိုတာ ဘယ္လိုအစိုးရမ်ိဳးဆိုတာ ကြၽန္ေတာ္သိလာရသည္။ ပညာရွင္ဆိုတာ ကိုယ္ကိုယ္ကိုႏွိမ့္ခ်ဆက္ဆံတတ္သူဆိုတာကို လက္ေတြ႕ျမင္ခဲ့ရသည္။

ကြၽန္ေတာ္တို႔ေခတ္မွာ အတုအေယာင္ ပညာရွင္ေတြက ဒင္းၾကမ္း၊ ပညာတတ္ေယာင္ေဆာင္ သူေတြက ဗလပြ။ေက်ာင္းထဲဝင္တိုက္မိလွ်င္ ပါရဂူဘြဲဆိုသူေတြႏွင့္။ ဆရာႀကီးတစ္ေယာက္ ၏ စာၾကည့္တိုက္ထဲ တစ္ခ်က္မွ မဝင္ဘဲ ပါရဂူဘြဲ႕ရခဲ့သူေတြ ၊မဟာဘြဲ႕ရလာသူေတြကို မတတ္မွန္းသိရဲ႕ႏွင့္ လက္ခံေပးခဲ့ရသည့္ စိတ္ဒုကၡကို မွန္းဆရင္း ဆရာ့သည္းခံစိတ္ကို ေလးစားမိသည္။ ညာေန သည္ကို သိရက္ႏွင့္ ပညာတတ္ကို မုန္းသည့္ အာဏာရွင္ေခတ္မွာ ပညာရွင္ေတြ ေမြးထုတ္သည့္ တကၠသိုလ္စာၾကည့္တိုက္ေလးကို အာဏာရွင္ အမ်က္ေဒါသေအာက္ကေန လြတ္ေအာင္  ဘယ္လို မ်ား စည္းစည္းလုံးလုံးနဲ႔ စာၾကည့္တိုက္ဝန္ထမ္းေတြနဲ႔ ဦးေဆာင္ ျဖတ္ေက်ာ္ခဲ့သလဲဆိုတာကို စဥ္းစား မိသည္။

အာဏာရွင္ေခတ္ေအာက္ကေနလြတ္စျပဳခ်ိန္မွာ အမ်ိဳးသားစာၾကည့္တိုက္က ကုန္သည္လမ္းေပၚက ေရနံ႐ုံးမွာ ျပန္ဖြင့္ဖို႔  ဆရာႀကီးဦးေဆာင္ၿပီး လုပ္ေနသည့္သတင္းေတြ ၾကားရသည့္အခါ တိုင္းျပည္မွာ ပညာတတ္ေတြ ဖြံ႕ၿဖိဳးဖို႔ ဆိုရင္ အသက္အ႐ြယ္ကိုေမ့ထားသည့္ ဆရာႀကီးကို ေလးစားေနမိသည္။ “စာၾကည့္တိုက္ဆိုတာ လူေတြ ဝင္ထြက္လြယ္တဲ့ေနရာမွာ ထားရတာ။ ေတာႀကိဳအုံၾကားထား လို႔ကေတာ့ ဘယ္လိုလုပ္လာၾကမွာလဲ”ဆိုသည့္  တစ္ခါက အင္တာဗ်ဴးရင္း ဆရာႀကီးေျပာခဲ့သည့္စ ကားအတိုင္း ၿမိဳ႕ထဲေရာက္လာေအာင္ အမ်ိဳးသားစာၾကည့္တိုက္ကိုေ႐ႊ႕လာႏိုင္သည့္ ဆရာႀကီးကို ဂုဏ္ျပဳလွ်က္။ တိုင္းျပည္ကို တိုးတက္ေစလိုသည့္ ဆရာႀကီးဦးေသာ္ေကာင္း သက္ေတာ္ ရာေက်ာ္ ရွည္ ပါေစလို႔….။

                                                                ဂ်ီေအာင္ဘန္း