【 အင်တာဗျူး 】 “ရန်ကုန်စတော့အိတ်ချိန်းနဲ့ ရှန်ဟိုင်းစတော့အိပ်ချိန်းကို ချိတ်ဆက်နိုင်အောင်လို့ ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်”

【 အင်တာဗျူး 】 “ရန်ကုန်စတော့အိတ်ချိန်းနဲ့ ရှန်ဟိုင်းစတော့အိပ်ချိန်းကို ချိတ်ဆက်နိုင်အောင်လို့ ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်”

ရှန်ဟိုင်းတွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် တရုတ်နိုင်ငံတကာကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်ထူး အား နိုင်ငံခြားမီဒီယာတစ်ခုက ကုန်စည်ပြပွဲနှင့် ပတ်သက်ပြီး ဒု-ဝန်ကြီး၏ အမြင်ကို မေးမြန်းခဲ့ပါသည်။ထိုမေးမြန်းချက် အပြည့်အစုံအား ခွင့်ပြုချက်ရယူကာ ပြန်လည်ဖော်ပြလိုက်ပါသည်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)
 
နိုင်ငံခြားမီဒီယာ ။     ။ မနေ့က၊ တရုတ်နိုင်ငံတကာကုန်စည်ပြပွဲကို စတင်ကျင်းပခဲ့တယ်။ဖွင့်ပွဲအခမ်းအနားမှာ၊ တရုတ်နိုင်ငံတော်ကောင်စီ် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က မိန့်ခွန်းပြောကြားခဲ့ရာမှာ သူ့ရဲ့ မိန့်ခွန်းထဲမှာ သက်ညှာထောက်ထားမှု၊ တံခါးဖွင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှု စတဲ့ ဝေါဟာရကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့တယ်။သူ့ရဲ့ မိန့်ခွန်းပြောကြားခြင်းနဲ့ ပတ်သက်ပြီး၊ ဝန်ကြီးက ဘယ်လိုယူဆပါသလဲ။

ဒုတိယဝန်ကြီး  ဦးအောင်ထူး ။     ။ သူ့ရဲ့ မိန့်ခွန်းပြောကြားမှုနဲ့ ကြည့်မယ်ဆိုရင်၊ ဒီကုန်စည်ပြပွဲ အခမ်းအနားက ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) အတွင်းမှာ တိုးတက်မှုအဆင့်တစ်ခုကို ရောက်လာပြီ။အဲဒီတော့ နောက်တိုးတက်မှု အဆင့်တစ်ခုကို ဆက်ပြီးတော့သွားဖို့ ရှိပါတယ်။ဒါရဲ့လမ်းစပဲလို့ ပြောလို့ရပါတယ်။
မနေ့က ဆွေးနွေးမှုတွေမှာဆိုရင် ဒီပြပွဲဟာ တချိန်တုန်းက နှစ်ပေါင်း (၆၀) လောက်က ကန်တုန်ကုန်စည်ပြပွဲလိုပဲ ခေတ်တစ်ခုကို ပြောင်းသွားမယ့် ပြပွဲတစ်ခုလို့ ပြောခဲ့တာ ဖြစ်ပါတယ်။အခုအချိန်မှာတော့ ဒီကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတဲ့အခါကျတော့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ အခက်အခဲလေးတွေ ရှိနေပါတယ်။ဒီအခက်အခဲတွေ ရှိတဲ့အခါမှာ တရုတ်သမ္မတကြီးအနေနဲ့ ကုန်သွယ်မှုနဲ့ ပက်သက်ပြီးတော့ ပိုမိုပြီးတော့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြီးပေးမယ်။နောက်ပြီးတော့ အရင်တုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာဆိုရင် ပို့ကုန်ကိုပဲ ဦးစားပေးပြီးတော့ လုပ်ခဲ့တယ်။အခုအချိန်မှာတော့ ပို့ကုန်တင်မကပဲ သွင်းကုန်ကိုပါ တိုးချဲ့ပြီးတော့ လုပ်မယ်။လုပ်ပြီးတဲ့အခါ အတူတကွပူးပေါင်းပါဝင်မှုနဲ့ အနာဂတ်အတွက်ကို Share Future ပေါ့နော်။အဲဒီသဘောမျိုးနဲ့ လုပ်မယ်ဆိုတော့ ဒီကုန်စည်ပြပွဲကရော ဒီအခမ်းအနားကရော အရမ်းကို သမိုင်းတွင်မယ့် အခမ်းအနားတစ်ရပ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

နိုင်ငံခြားမီဒီယာ ။      ။ ဒါဆို လက်ရှိ တရုတ်-မြန်မာ ကုန်သွယ်ရေးအခြေအနေနဲ့ ရှေ့အလားအလာနဲ့ ပတ်သက်ပြီးတော့ရော ဝန်ကြီးက ဘယ်လိုထင်မြင် ယူဆပါလဲ။

ဒုတိယဝန်ကြီး  ဦးအောင်ထူး ။     ။ ဒီကုန်စည်ပြပွဲဟာ မြန်မာနိုင်ငံအတွက်လဲ အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို အစားအသောက်၊ သစ်သီးဝလံ၊ ရေထွက်ပစ္စည်း စတဲ့ ကုန်စည်တွေ တင်ပို့နေတဲ့နိုင်ငံ ဖြစ်ပါတယ်။အလားတူပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံက စက်ကိရိယာတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ အထည်အလိပ်ကအစ တင်သွင်းနေတာပေါ့နော်။အဲဒီလိုတင်သွင်းနေတဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက် ပိုပြီးတော့ တင်ပို့နိုင်မယ့် အခွင့်အလမ်းတွေ ပိုပြီးတော့ ရလာလိမ့်မယ်လို့ ထင်ပါတယ်။နောက်တစ်ခုကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကူအညီပေးစေလိုပါတယ်။အဲ့ဒီအကူအညီပေးတာကတော့ တရုတ် Market ထဲကို ဝင်ရောက်နိုင်ဖို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေပေါ့၊ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုအပ်နေတဲ့ အကူအညီမျိုးကို ပေးအပ်မယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပို့ကုန်တွေဟာ တရုတ်နိုင်ငံရဲ့ ဈေးကွက်ကို ပိုမိုပြီးတော့ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားမီဒီယာ ။     ။ တံခါးဖွင့်ရေးအနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအတွက် ဘယ်လိုအဓိပ္ပါယ်ရှိမလဲ။

ဒုတိယဝန်ကြီး ဦးအောင်ထူး ။     ။ ကမ္ဘာ့ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ မာလ်တီလက်ထရယ်ထရိတ်ဒင်း စစ်စတန်လို့ ခေါ်တဲ့ နိုင်ငံအများ ကုန်သွယ်မှုစစ်စတန်ဟာ WTO က ရှိပြီးသား ဖြစ်ပါတယ်။အဲဒီတော့ တရုတ်နိုင်ငံကလဲ WTO ကို ဝင်ရောက်ပြီးတဲ့အခါမှာဆိုရင် ကုန်သွယ်မှုတွေက အများကြီးပဲ တိုးတက်လာတာကို တွေ့ရပါတယ်။တရုတ်နိုင်ငံအနေနဲ့လဲ နိုင်ငံအများ ကုန်သွယ်မှုစနစ်ကို စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်တဲ့ဟာကို လက်ခံထားတဲ့ သဘောရှိပါတယ်။ပိုပြီးတော့မှ တရုတ်နိုင်ငံရဲ့ ဈေးကွက်ကို ဖွင့်ချင်းအားဖြင့် ကုန်သွယ်မှုတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ကုန်သွယ်မှု ပြုလုပ်ချင်းဟာဆိုရင် ငွေကြေးအမြတ် ရလိုမှုအတွက် မဟုတ်ပဲနဲ့ တစ်ဦးနဲ့ တစ်ဦး ခွဲဝေပြီးတော့ မျှတ၊ ရှယ်ယာ လုပ်တဲ့သဘော ဖြစ်ပါတယ်။

နိုင်ငံခြားမီဒီယာ ။     ။ ကျေးဇူးတင်ပါတယ်ရှင့်။လွန်ခဲ့တဲ့နှစ်က မြန်မာကိုယ်စားလှယ်အဖွဲ့ကလဲ နန်နင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံကုန်စည်ပြပွဲမှာလဲ ကြိမ်ဖန်များစွာ ပါဝင်ခဲ့ပါတယ်။ဒီတစ်ကြိမ် ရှန်ဟိုင်းမှာလဲ ကုန်စည်ပြပွဲ ကျင်းပခဲ့တယ်။ဒီတစ်ကြိမ် ရှန်ဟိုင်းရဲ့ ကုန်စည်ပြပွဲနဲ့ နန်နင်းရဲ့ နဲနဲမတူပါဘူး။နန်နင်းက အာဆီယံပဲ။ဒီမှာဆိုရင်တော့ နိုင်ငံတကာကုန်စည်ပြပွဲ ဖြစ်ပါတယ်။
နန်နင်းကနေ ရှန်ဟိုင်းကို ရောက်လာတဲ့အခါမှာ မြန်မာနိုင်ငံက မြန်မာ-တရုတ် ကုန်သွယ်မှုလဲ နယ်စပ်ဒေသ ကုန်သွယ်မှုကတစ်ဆင့် ပြည်မကြီးနဲ့ ကုန်သွယ်မှု ပိုမိုပြုလုပ်ရန် စီစဉ်နေသလားလို့ မေးချင်ပါတယ်။

ဒုတိယဝန်ကြီး ဦးအောင်ထူး ။     ။  ကျွန်တော်တို့ကတော့ အစဉ်အလာအားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ပဲ နယ်စပ်ကုန်သွယ်မှုကို လုပ်နေတာ ဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီးတော့ ကျယ်ပြန့်တဲ့ အချိတ်အဆက်တွေရရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ယူနန်ကနေ လွန်ပြီးတဲ့အခါကျရင် တရုတ်ပြည်ရဲ့ အရှေ့ဘက်ခြမ်း၊ ဘေဂျင်းနဲ့ပဲဖြစ်ဖြစ်၊ နောက်ဒီနေရာပေါ့လေ။အဓိက ကတော့ ရှန်ဟိုင်းဟာ တရုတ်နိုင်ငံရဲ့ ပင်လယ်ဆိပ်ကမ်းလဲ ဖြစ်တယ်။အချက်အခြာကျတဲ့ နေရာလဲဖြစ်တယ်။အဲဒီတော့ ဒီလိုပြည်နယ်အသစ်တွေကို ကျွန်တော်တို့အနေနဲ့ ပိုမိုချိတ်ဆက်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

နိုင်ငံခြားမီဒီယာ ။     ။  ဒါဆို ရှန်ဟိုင်းမြို့မှာ ရုံးစိုက်ထားဖို့ အစီအစဉ်ရှိလား။

ဒုတိယဝန်ကြီး  ဦးအောင်ထူး ။     ။  ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးသံမှူးတွေကို ဘေဂျင်းမှာ ရှိတယ်။နန်နင်းမှာ ရှိတယ်။နောက်..ကူမင်းမှာ ရှိတယ်။မကြာခင်မှာလဲ ရှန်ဟိုင်းမှာ ရုံးစိုက်ဖို့အတွက်ပေါ့လေ။တကယ်တမ်းကျရင်တော့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုရုံးခန်းလေးတစ်ခုဟာ ရှန်ဟိုင်းမှာ ရှိပြီးသားပါ။ဒါပေမယ့် လက်တွေ့ အကောင်အထည် မဖေါ်နိုင်သေးတာပဲ။ရုံးခန်းလေး တစ်ခန်းကတော့ ရှိနေပြီးသားပါ။အဲဒီတော့ ကျွန်တော်တို့ ရှေ့လျှောက်ပြီးတော့ စီစဉ်လိုချင်တာကတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ရှန်ဟိုင်းမြို့မှာ စီးပွားရေးသံမှူး တစ်ယောက် လာရောက်ရုံးစိုက်ပြီး ရှန်ဟိုင်းနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုကို မြှင့်တင်ချင်ပါတယ်။နောက်တစ်ခုကတော့ ရှန်ဟိုင်းနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ဟာ ညီအမမြို့တော်အဖြစ် သတ်မှတ်ထား ဖြစ်ပါတယ်။ရှန်ဟိုင်းဟာဆိုရင် နိုင်ငံတကာ ဖိုင်နင်ရှယ် စင်တာပေါ့။ငွေရေးကြေးရေးဆိုင်ရာ စင်တာဖြစ်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုလဲ လုပ်ချင်တယ်။နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုလဲ ရရှိချင်တယ်။ရန်ကုန်စတော့အိတ်ချိန်းနဲ့ ရှန်ဟိုင်းစတော့အိတ်ချိန်းလဲ တစ်ချိန်ကျရင် ချိတ်ဆက်နိုင်အောင်လို့ ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။

နိုင်ငံခြားမီဒီယာ ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

( Zawgyi )

ရွန္ဟိုင္းတြင္ ႏိုဝင္ဘာ ၅ ရက္မွ ၁၀ ရက္အထိ က်င္းပခဲ့သည့္ တ႐ုတ္ႏိုင္ငံတကာကုန္စည္ျပပြဲသို႔ တက္ေရာက္ခဲ့သည့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး  ဦးေအာင္ထူး အား ႏိုင္ငံျခားမီဒီယာတစ္ခုက ကုန္စည္ျပပြဲႏွင့္ ပတ္သက္ၿပီး ဒု-ဝန္ႀကီး၏ အျမင္ကို ေမးျမန္းခဲ့ပါသည္။ထိုေမးျမန္းခ်က္ အျပည့္အစုံအား ခြင့္ျပဳခ်က္ရယူကာ ျပန္လည္ေဖာ္ျပလိုက္ပါသည္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)
 
ႏိုင္ငံျခားမီဒီယာ ။     ။ မေန႔က၊ တ႐ုတ္ႏိုင္ငံတကာကုန္စည္ျပပြဲကို စတင္က်င္းပခဲ့တယ္။ဖြင့္ပြဲအခမ္းအနားမွာ၊ တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ္ ဥကၠ႒ ရွီက်င့္ဖိန္ က မိန႔္ခြန္းေျပာၾကားခဲ့ရာမွာ သူ႔ရဲ႕ မိန႔္ခြန္းထဲမွာ သက္ညႇာေထာက္ထားမႈ၊ တံခါးဖြင့္ေရး၊ ပူးေပါင္းေဆာင္႐ြက္မႈ စတဲ့ ေဝါဟာရကို ႀကိမ္ဖန္မ်ားစြာ အသုံးျပဳခဲ့တယ္။သူ႔ရဲ႕ မိန႔္ခြန္းေျပာၾကားျခင္းနဲ႔ ပတ္သက္ၿပီး၊ ဝန္ႀကီးက ဘယ္လိုယူဆပါသလဲ။

ဒုတိယဝန္ႀကီး  ဦးေအာင္ထူး ။     ။ သူ႔ရဲ႕ မိန႔္ခြန္းေျပာၾကားမႈနဲ႔ ၾကည့္မယ္ဆိုရင္၊ ဒီကုန္စည္ျပပြဲ အခမ္းအနားက ထူးျခားတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၄၀) အတြင္းမွာ တိုးတက္မႈအဆင့္တစ္ခုကို ေရာက္လာၿပီ။အဲဒီေတာ့ ေနာက္တိုးတက္မႈ အဆင့္တစ္ခုကို ဆက္ၿပီးေတာ့သြားဖို႔ ရွိပါတယ္။ဒါရဲ႕လမ္းစပဲလို႔ ေျပာလို႔ရပါတယ္။
မေန႔က ေဆြးေႏြးမႈေတြမွာဆိုရင္ ဒီျပပြဲဟာ တခ်ိန္တုန္းက ႏွစ္ေပါင္း (၆၀) ေလာက္က ကန္တုန္ကုန္စည္ျပပြဲလိုပဲ ေခတ္တစ္ခုကို ေျပာင္းသြားမယ့္ ျပပြဲတစ္ခုလို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။အခုအခ်ိန္မွာေတာ့ ဒီကုန္သြယ္ေရးနဲ႔ ပတ္သက္ၿပီးတဲ့အခါက်ေတာ့၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စုၾကားမွာ အခက္အခဲေလးေတြ ရွိေနပါတယ္။ဒီအခက္အခဲေတြ ရွိတဲ့အခါမွာ တ႐ုတ္သမၼတႀကီးအေနနဲ႔ ကုန္သြယ္မႈနဲ႔ ပက္သက္ၿပီးေတာ့ ပိုမိုၿပီးေတာ့ ပြင့္ပြင့္လင္းလင္း ဖြင့္ၿပီးေပးမယ္။ေနာက္ၿပီးေတာ့ အရင္တုန္းက တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဟာဆိုရင္ ပို႔ကုန္ကိုပဲ ဦးစားေပးၿပီးေတာ့ လုပ္ခဲ့တယ္။အခုအခ်ိန္မွာေတာ့ ပို႔ကုန္တင္မကပဲ သြင္းကုန္ကိုပါ တိုးခ်ဲ႕ၿပီးေတာ့ လုပ္မယ္။လုပ္ၿပီးတဲ့အခါ အတူတကြပူးေပါင္းပါဝင္မႈနဲ႔ အနာဂတ္အတြက္ကို Share Future ေပါ့ေနာ္။အဲဒီသေဘာမ်ိဳးနဲ႔ လုပ္မယ္ဆိုေတာ့ ဒီကုန္စည္ျပပြဲကေရာ ဒီအခမ္းအနားကေရာ အရမ္းကို သမိုင္းတြင္မယ့္ အခမ္းအနားတစ္ရပ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ျမင္ပါတယ္။

ႏိုင္ငံျခားမီဒီယာ ။      ။ ဒါဆို လက္ရွိ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးအေျခအေနနဲ႔ ေရွ႕အလားအလာနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ဝန္ႀကီးက ဘယ္လိုထင္ျမင္ ယူဆပါလဲ။

ဒုတိယဝန္ႀကီး  ဦးေအာင္ထူး ။     ။ ဒီကုန္စည္ျပပြဲဟာ ျမန္မာႏိုင္ငံအတြက္လဲ အေရးႀကီးပါတယ္။ဘာေၾကာင့္လဲဆိုရင္ ျမန္မာႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံကို အစားအေသာက္၊ သစ္သီးဝလံ၊ ေရထြက္ပစၥည္း စတဲ့ ကုန္စည္ေတြ တင္ပို႔ေနတဲ့ႏိုင္ငံ ျဖစ္ပါတယ္။အလားတူပဲ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက စက္ကိရိယာေတြ၊ ေဆာက္လုပ္ေရးပစၥည္းေတြ၊ အထည္အလိပ္ကအစ တင္သြင္းေနတာေပါ့ေနာ္။အဲဒီလိုတင္သြင္းေနတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ ပိုၿပီးေတာ့ တင္ပို႔ႏိုင္မယ့္ အခြင့္အလမ္းေတြ ပိုၿပီးေတာ့ ရလာလိမ့္မယ္လို႔ ထင္ပါတယ္။ေနာက္တစ္ခုကေတာ့ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအေနနဲ႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြကို အကူအညီေပးေစလိုပါတယ္။အဲ့ဒီအကူအညီေပးတာကေတာ့ တ႐ုတ္ Market ထဲကို ဝင္ေရာက္ႏိုင္ဖို႔အတြက္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြေပါ့၊ ျမန္မာႏိုင္ငံလို ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ လိုအပ္ေနတဲ့ အကူအညီမ်ိဳးကို ေပးအပ္မယ္ဆိုရင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက ပို႔ကုန္ေတြဟာ တ႐ုတ္ႏိုင္ငံရဲ႕ ေဈးကြက္ကို ပိုမိုၿပီးေတာ့ ဝင္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။

ႏိုင္ငံျခားမီဒီယာ ။     ။ တံခါးဖြင့္ေရးအေနနဲ႔ ကမာၻ႔ကုန္သြယ္ေရးအတြက္ ဘယ္လိုအဓိပၸါယ္ရွိမလဲ။

ဒုတိယဝန္ႀကီး ဦးေအာင္ထူး ။     ။ ကမာၻ႔ကုန္သြယ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ မာလ္တီလက္ထရယ္ထရိတ္ဒင္း စစ္စတန္လို႔ ေခၚတဲ့ ႏိုင္ငံအမ်ား ကုန္သြယ္မႈစစ္စတန္ဟာ WTO က ရွိၿပီးသား ျဖစ္ပါတယ္။အဲဒီေတာ့ တ႐ုတ္ႏိုင္ငံကလဲ WTO ကို ဝင္ေရာက္ၿပီးတဲ့အခါမွာဆိုရင္ ကုန္သြယ္မႈေတြက အမ်ားႀကီးပဲ တိုးတက္လာတာကို ေတြ႕ရပါတယ္။တ႐ုတ္ႏိုင္ငံအေနနဲ႔လဲ ႏိုင္ငံအမ်ား ကုန္သြယ္မႈစနစ္ကို စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ လုပ္တဲ့ဟာကို လက္ခံထားတဲ့ သေဘာရွိပါတယ္။ပိုၿပီးေတာ့မွ တ႐ုတ္ႏိုင္ငံရဲ႕ ေဈးကြက္ကို ဖြင့္ခ်င္းအားျဖင့္ ကုန္သြယ္မႈေတြ တိုးတက္လာမွာ ျဖစ္ပါတယ္။ကုန္သြယ္မႈ ျပဳလုပ္ခ်င္းဟာဆိုရင္ ေငြေၾကးအျမတ္ ရလိုမႈအတြက္ မဟုတ္ပဲနဲ႔ တစ္ဦးနဲ႔ တစ္ဦး ခြဲေဝၿပီးေတာ့ မွ်တ၊ ရွယ္ယာ လုပ္တဲ့သေဘာ ျဖစ္ပါတယ္။

ႏိုင္ငံျခားမီဒီယာ ။     ။ ေက်းဇူးတင္ပါတယ္ရွင့္။လြန္ခဲ့တဲ့ႏွစ္က ျမန္မာကိုယ္စားလွယ္အဖြဲ႕ကလဲ နန္နင္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ အာဆီယံကုန္စည္ျပပြဲမွာလဲ ႀကိမ္ဖန္မ်ားစြာ ပါဝင္ခဲ့ပါတယ္။ဒီတစ္ႀကိမ္ ရွန္ဟိုင္းမွာလဲ ကုန္စည္ျပပြဲ က်င္းပခဲ့တယ္။ဒီတစ္ႀကိမ္ ရွန္ဟိုင္းရဲ႕ ကုန္စည္ျပပြဲနဲ႔ နန္နင္းရဲ႕ နဲနဲမတူပါဘူး။နန္နင္းက အာဆီယံပဲ။ဒီမွာဆိုရင္ေတာ့ ႏိုင္ငံတကာကုန္စည္ျပပြဲ ျဖစ္ပါတယ္။
နန္နင္းကေန ရွန္ဟိုင္းကို ေရာက္လာတဲ့အခါမွာ ျမန္မာႏိုင္ငံက ျမန္မာ-တ႐ုတ္ ကုန္သြယ္မႈလဲ နယ္စပ္ေဒသ ကုန္သြယ္မႈကတစ္ဆင့္ ျပည္မႀကီးနဲ႔ ကုန္သြယ္မႈ ပိုမိုျပဳလုပ္ရန္ စီစဥ္ေနသလားလို႔ ေမးခ်င္ပါတယ္။

ဒုတိယဝန္ႀကီး ဦးေအာင္ထူး ။     ။  ကြၽန္ေတာ္တို႔ကေတာ့ အစဥ္အလာအားျဖင့္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္နဲ႔ပဲ နယ္စပ္ကုန္သြယ္မႈကို လုပ္ေနတာ ျဖစ္ပါတယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီထက္ပိုၿပီးေတာ့ က်ယ္ျပန႔္တဲ့ အခ်ိတ္အဆက္ေတြရရွိဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္။ယူနန္ကေန လြန္ၿပီးတဲ့အခါက်ရင္ တ႐ုတ္ျပည္ရဲ႕ အေရွ႕ဘက္ျခမ္း၊ ေဘဂ်င္းနဲ႔ပဲျဖစ္ျဖစ္၊ ေနာက္ဒီေနရာေပါ့ေလ။အဓိက ကေတာ့ ရွန္ဟိုင္းဟာ တ႐ုတ္ႏိုင္ငံရဲ႕ ပင္လယ္ဆိပ္ကမ္းလဲ ျဖစ္တယ္။အခ်က္အျခာက်တဲ့ ေနရာလဲျဖစ္တယ္။အဲဒီေတာ့ ဒီလိုျပည္နယ္အသစ္ေတြကို ကြၽန္ေတာ္တို႔အေနနဲ႔ ပိုမိုခ်ိတ္ဆက္ႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။

ႏိုင္ငံျခားမီဒီယာ ။     ။  ဒါဆို ရွန္ဟိုင္းၿမိဳ႕မွာ ႐ုံးစိုက္ထားဖို႔ အစီအစဥ္ရွိလား။

ဒုတိယဝန္ႀကီး  ဦးေအာင္ထူး ။     ။  ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔ စီးပြားေရးသံမႉးေတြကို ေဘဂ်င္းမွာ ရွိတယ္။နန္နင္းမွာ ရွိတယ္။ေနာက္..ကူမင္းမွာ ရွိတယ္။မၾကာခင္မွာလဲ ရွန္ဟိုင္းမွာ ႐ုံးစိုက္ဖို႔အတြက္ေပါ့ေလ။တကယ္တမ္းက်ရင္ေတာ့ ျမန္မာႏိုင္ငံရဲ႕ ကုန္သြယ္မႈ႐ုံးခန္းေလးတစ္ခုဟာ ရွန္ဟိုင္းမွာ ရွိၿပီးသားပါ။ဒါေပမယ့္ လက္ေတြ႕ အေကာင္အထည္ မေဖၚႏိုင္ေသးတာပဲ။႐ုံးခန္းေလး တစ္ခန္းကေတာ့ ရွိေနၿပီးသားပါ။အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေရွ႕ေလွ်ာက္ၿပီးေတာ့ စီစဥ္လိုခ်င္တာကေတာ့ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနအေနနဲ႔ ရွန္ဟိုင္းၿမိဳ႕မွာ စီးပြားေရးသံမႉး တစ္ေယာက္ လာေရာက္႐ုံးစိုက္ၿပီး ရွန္ဟိုင္းနဲ႔ ျမန္မာႏိုင္ငံအၾကား ကုန္သြယ္မႈကို ျမႇင့္တင္ခ်င္ပါတယ္။ေနာက္တစ္ခုကေတာ့ ရွန္ဟိုင္းနဲ႔ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕ဟာ ညီအမၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ထား ျဖစ္ပါတယ္။ရွန္ဟိုင္းဟာဆိုရင္ ႏိုင္ငံတကာ ဖိုင္နင္ရွယ္ စင္တာေပါ့။ေငြေရးေၾကးေရးဆိုင္ရာ စင္တာျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔ ကုန္သြယ္မႈလဲ လုပ္ခ်င္တယ္။ေနာက္တစ္ခါ ရင္းႏွီးျမႇဳပ္ႏွံမႈလဲ ရရွိခ်င္တယ္။ရန္ကုန္စေတာ့အိတ္ခ်ိန္းနဲ႔ ရွန္ဟိုင္းစေတာ့အိတ္ခ်ိန္းလဲ တစ္ခ်ိန္က်ရင္ ခ်ိတ္ဆက္ႏိုင္ေအာင္လို႔ ေဆာင္႐ြက္ခ်င္တဲ့ ဆႏၵရွိပါတယ္။

ႏိုင္ငံျခားမီဒီယာ ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။