【 သတင်းဆောင်းပါး 】 “အစိုးရရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့ အခြေခံကုန်ဈေးနှုန်း အပြောင်းအလဲ”

【 သတင်းဆောင်းပါး 】 “အစိုးရရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့ အခြေခံကုန်ဈေးနှုန်း အပြောင်းအလဲ”

ပြည်တွင်း အခြေခံကုန်စည်ဈေးနှုန်းတွေဟာ လစဉ်လိုလိုပင် တစ်ရိပ်ရိပ်ဖြင့် မြင့်တက်ပြောင်းလဲလာခဲ့ပါတယ်။လွန်ခဲ့တဲ့လထက် ယခုလ အခြေအနေတွေမှာပဲဖြစ်ဖြစ်၊ လွန်ခဲ့တဲ့နှစ်ထက် ယခုနှစ် ဈေးနှုန်းအခြေအနေတွေမှာပဲဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်ရင် မြင့်တက်ပြောင်းလဲမှုတွေကို အထင်အရှားမြင်လာရမှာ ဖြစ်ပါတယ်။

“ကုန်ဈေးနှုန်း အပြောင်းအလဲတွေက စီးပွားရေးဆိုင်ရာ မူဝါဒတွေ၊ ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအား အခြေအနေတွေ၊ ကုန်ထုတ်လုပ်မှု၊ ကုန်စည်စီးဆင်းမှု အခြေအနေတွေအပေါ် မူတည်ပြီး ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်” လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောပြပါတယ်။လက္ကားဆန်ဈေးကွက်ထဲမှာဆိုရင် လွန်ခဲ့တဲ့နှစ်ထက် ယခုနှစ်မှာ  ဆန်အမျိုးအစားအပေါ် မူတည်ပြီး ပျမ်းမျှ တစ်အိတ်လျှင် ငွေ ၅၀၀၀ ကျပ်လောက်ကနေ ငွေ ၁၀၀၀၀ ကျော်လောက်အထိ မြင့်တက်သွားတာတွေလည်း ရှိခဲ့ပါတယ်။ဆီ ဆိုရင်လည်း ပြည်တွင်းစားသုံးမှု လိုအပ်ချက်တွေ ရှိနေတာကြောင့် ပြည်ပကနေ တန်ချိန် ခြောက်သိန်းလောက် ပြည်တွင်းကို နှစ်စဉ်တင်သွင်းနေရတာတွေ ရှိသလို ငွေလဲလှယ်မှု အပြောင်းအလဲ အတက်အကျတွေနဲ့အတူ ဈေးနှုန်းမြင့်တက်တာတွေ ကြုံရတဲ့အပြင် ပြည်တွင်းမှာ ကြိတ်ခွဲထုတ်လုပ်တဲ့ ပဲဆီတွေမှာ ကုန်ကြမ်းဖြစ်တဲ့ မြေပဲဆန်ကို Export သမားတွေနဲ့ အပြိုင်ဝယ်ယူ လုပ်ကိုင်နေတာတွေကြောင့်လည်း ဆီဈေး အမြင့်ပိုင်းရောက်လာတာတွေ ရှိတဲ့အပြင် ယခင်နှစ်က ဈေးနှုန်းအခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ မြင့်မားလာတဲ့ ရလာဒ်တွေသာ ဖြစ်ပေါ်နေခဲ့ပါတယ်။

“ပြည်တွင်း ထုတ်လုပ်တဲ့ ပဲဆီဈေးနှုန်းတွေ မြင့်မားတာဟာ စိုက်ဧကနည်းတာတွေရယ်၊ ရာသီဥတုဒဏ်တွေ၊ ရောဂါပိုးမွှားဒဏ်တွေကြောင့် အထွက်နှုန်းလျော့တာရယ် စတဲ့ အခြေအနေများစွာရဲ့ သက်ရောက်မှုကြောင့်လည်း ဖြစ်ပါတယ်၊ ပြည်တွင်းမှာ စိုက်ဧက ၄၅ သန်းမှာ ၇ ဒသမ ၅ သန်းလောက်ပဲ ဆီထွက်သီးနှံတွေ စိုက်ပျိုးတာဖြစ်ပါတယ်၊ တိုးပြီးစိုက်နိုင်အောင် လုပ်ဆောင်ပေးသင့်သလို အထွက်ကောင်းအောင် လိုအပ်တဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ အပါအဝင် ပံ့ပိုးကူညီမှုတွေနဲ့ လုပ်ဆောင်တဲ့အခါ လက်ရှိဖြစ်နေတဲ့ ဈေးနှုန်းကို လျှော့ချလာနိုင်မယ့် အခြေအနေမျိုး ဖြစ်စေမှာပါ” လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းသွင် က ပြောပါတယ်။ပြည်တွင်း ကြိတ်ခွဲထုတ်လုပ်တဲ့ ပဲဆီအစစ်မှာ တစ်ပိဿာကို ၆၀၀၀ ကျော်အထိ ဖြစ်နေသလို ဆုံဆီမှာလည်း ဆီကြိတ်တဲ့ဆုံတွေမှာပင်လျှင် ၈၀၀၀ ဈေးအထိ ရှိနေတာကြောင့် တစ်ဆင့်ယူရောင်းသူတွေလည်း မရှိသလောက် နည်းပါးလာတဲ့အပြင် နောက်ဆက်တွဲအဖြစ် ဈေးကွက်ထဲမှာ အရောအနှောဆီတွေက နေရာရလာစေခဲ့ပါတယ်။

ဝင်ငွေထက် ထွက်ငွေပိုနေတဲ့ စားသောက်မှု ကုန်ကျစရိတ်တွေ

ယခုဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေဟာ အခြေခံလူလတ်တန်းစားများပင်လျှင် ဝင်ငွေထက် ထွက်ငွေပိုလာတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုမျဉ်းအရ တစ်ရက်ဝင်ငွေ ၁ ဒသမ ၉ ဒေါ်လာထက် နည်းရင် အလွန်အမင်း ဆင်းရဲမွဲတေတယ်လို့ သတ်မှတ်ကြပြီး ယင်းပမာဏဟာ အနိမ့်ဆုံး အကန့်အသတ်ဖြစ်တာကြောင့် အလွန်နိမ့်ပါးသောနှုန်း ဖြစ်သော်လည်း ယင်းပမာဏထဲ ပါဝင်သူတွေလည်း များစွာရှိနေကြောင်း၊ အနိမ့်ဆုံးဝင်ငွေကို ၁ ဒသမ ၈၉ ဒေါ်လာကနေ ၁ ဒသမ ၉၁ ဒေါ်လာကို ပြောင်းလိုက်ရုံဖြင့် အလွန်အမင်းမွဲတေမှု သတ်မှတ်ထားတဲ့ ကိန်းဂဏန်းတွေဟာ ထိုးကျလာနိုင်သော်လည်း ယင်းအခြေအနေဟာ ဂုဏ်ယူစရာမျိုးမဟုတ်သလို တစ်ရက်လျှင် ၃ ဒေါ်လာလောက်မှ ၁၀ ဒေါ်လာလောက်အထိ ရသူတွေပင်လျှင် အခက်အခဲရှိကာ ဆင်းရဲတဲ့အခြေအနေမျိုး ဖြစ်နေသေးတယ်လို့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများပေးနေတဲ့ ဆရာ ဦးဝင်းမောင် က ဆိုပါတယ်။

“ဆင်းရဲနွမ်းပါးမှု အခြေအနေက တိုင်းတာရတာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူတွေဟာ ဆင်းရဲတယ်၊ မဆင်းရဲဘူး ဆိုတာကို တိတိကျကျခွဲခြားပြဖို့ ခက်ခဲတာကြောင့်လည်း ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ကန့်သတ်မျဉ်းတွေ သတ်မှတ်ပြီးတော့ တွက်ချက်တိုင်းတာခဲ့ကြတာ ဖြစ်ပါတယ်၊ အစီရင်ခံစာတွေ အသီးသီးမှာတော့ ဆင်းရဲမှု လျော့ကျလာပေမယ့် လက်တွေ့ဘဝမှာတော့ စားရမဲ့သောက်ရမဲ့သူတွေ များနေသေးသလို အစာရေစာ ဖူလုံအောင် မရရှိတဲ့သူတွေလည်း ရှိနေပါသေးတယ်၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ဖို့ အစိုးရက ဆောင်ရွက်နိုင်တာတွေအနေနဲ့ ဥပမာဆိုရရင် အနိမ့်ဆုံးလုပ်အားခ သတ်မှတ်တာ၊ ပင်စင်လစာပေးတာ၊ အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်လက်မဲ့ဖြစ်ချိန် အကျိုးခံစားခွင့်၊ မသန်စွမ်းသူတွေအတွက် ထောက်ပံ့မှု စတဲ့ အခြေအနေတွေ အများကြီးပါဝင်ပါတယ်၊ အစိုးရရဲ့ မျှော်မှန်းချက်မှာ တိုင်းပြည်ကို ဘယ်လိုပုံစံတည်ထောင်မယ်၊ ဆိုတာမျိုးကို မျှော်မှန်းတဲ့အတိုင်း လုပ်ဆောင်နိုင်တဲ့ ပေါ်လစီမျိုး ချမှတ်မှသာ ရည်မှန်းချက်ပြည့်မှာ ဖြစ်ပါတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

အစားအသောက်တွေဟာ မဖြစ်မနေ ဝယ်ယူစားသောက်ရတာကြောင့် အစားအသောက် ကုန်ကျစရိတ်ကို ချွေတာပေမယ့်လည်း ဝင်ငွေထက် ပိုများတဲ့အခြေအနေကြောင့် နလန်မထူနိုင်တဲ့ ဘဝတွေ အများအပြားရှိခဲ့ပါတယ်။ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း တည်ထောင်ကာ လုပ်ကိုင်နေတဲ့ ကိုအောင်လွင် က “ကုန်ဈေးနှုန်းတွေကသာ မြင့်မားလို့သွားတာပါ၊ ဝင်ငွေက တိုးမလာဘူးလေ၊ အဓိက ကတော့ ကုန်ဈေးနှုန်းကို ထိန်းနိုင်အောင် လုပ်ဆောင်နိုင်မှု အားနည်းသေးတယ်လို့ မြင်မိတယ်၊ တိုင်းပြည်မှာ စီးပွားရေးအခြေအနေ တစ်ခုခုဆိုတာနဲ့ ဈေးကစားတတ်တဲ့ ဖြစ်စဉ်တွေကလည်းရှိနေတော့ ဒါတွေကို မထိန်းနိုင်သေးသရွေ့ သက်ရောက်မှုတွေက ကြုံနေရဦးမယ်၊ ကုန်ဈေးနှုန်းတက်တိုင်း လုပ်အားခတွေကို တိုးပေးလို့လည်း ရတာမဟုတ်ဘူးလေ၊ အဲ့ဒီတော့ နောက်ဆုံးကြပ်တည်းတာက အောက်ခြေက အခြေခံလူတန်းစားတွေရဲ့ ဘဝတွေပါပဲ” လို့ ရှင်းပြခဲ့ပါတယ်။

အတက်ဘက်ကို ဦးတည်လို့နေသလား

အခြေခံစားသောက်ကုန်တွေကစလို့ လူသုံးကုန်တွေ အပါအဝင် ကုန်စည်ပစ္စည်း ဈေးနှုန်းတွေဟာ ယခင်ကထက် မြင့်မားလို့နေကြပါတယ်။ပြည်တွင်းရွှေဈေးနှုန်းတွေဆိုရင် ဇူလိုင်လဆန်းပိုင်းလောက်က အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းကျော်လောက် ရှိနေရာကနေ ယခုတစ်လကျော် ဝန်းကျင်လောက်မှာပင်လျှင် ကျပ် ၁၂ သိန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေး မြင့်တက်တာကြောင့် ယခုလို အတက်ကြမ်းတဲ့ ဈေးနှုန်းအခြေအနေတစ်ခု ဖြစ်လာခဲ့ရတာလို့ သုံးသပ်ထားကြပေမယ့် ကမ္ဘာ့ဈေးပြန်ကျတာမျိုးတွေ၊ ဒေါ်လာငွေလဲဈေး အနည်းငယ်ကျဆင်းတာမျိုးတွေ ဖြစ်ခဲ့တာတောင် မြင့်တက်ပြီးရင် ပြန်မကျတတ်တဲ့ ပြည်တွင်းဈေးနှုန်းတွေက သာမန်အခြေခံလူတန်းစားများအဖို့တော့ ရတက်မအေးစရာပါပဲ။ရွှေဈေးနှုန်းတွေကို အခြေခံပြီးတော့ တခြားကုန်စည်ဈေးနှုန်းတွေ လိုက်ပါပြောင်းလဲတတ်တဲ့ အခြေအနေတွေကြောင့်လည်း ကျွဲကူးရေပါသလိုဖြစ်လာတဲ့ စားသောက်ကုန်ဈေးနှုန်းတွေက တစ်ရိပ်ရိပ်မြင့်လာခဲ့တာပါ။

“ဈေးနှုန်းတွေက ဘယ်ဟာပဲဖြစ်ဖြစ် တက်ပြီးရင် ပြန်ကျတယ်ဆိုတာ ရှားမှရှားပါပဲ၊ အခုရွှေဈေးတွေဆိုလည်း ဒီလိုပဲလေ၊ တစ်သောင်း၊ နှစ်သောင်းလောက် ပြန်ကျပြီးတော့ တက်တာကျ တရစပ်ပဲ၊ ဟိုတလောလေးကပဲ ကြည့်ပါလား လေပတ်ကားတွေကို ဖမ်းဆီးတာတွေဖြစ်တော့ ဈေးကပြန်ပြီးကျလာတယ်၊ စက်သုံးဆီဈေးတွေကလည်း ဒီလိုအခြေအနေပဲ” လို့ ကိုအောင်လွင် က ရှင်းပြပါတယ်။

ထိုရွှေဈေးနှုန်း တစ်ခုတည်းသာမက စက်သုံးဆီဈေး၊ ကုန်ကြမ်းဈေး၊ ဝန်ဆောင်မှုစရိတ်များ၊ အခြေခံစားသောက်ကုန်ဈေးတွေဟာလည်း မြင့်တက်နေပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၉ ခုနှစ် ဇွန်လ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ (MEM Report June 2019) မှာ မြန်မာ့စီးပွားရေး အလားအလာပြန်ကောင်းလာတယ်လို့ ဖော်ပြထားပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာမှာ inflation rate ၈ ဒသမ ၈ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီတွင် ၆ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လတွင် ၇ ဒသမ ၉ ရာခိုင်နှုန်း ပြန်မြင့်တက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ မြင့်တက်တာဟာ လောင်စာနဲ့ အစားသောက် ဈေးနှုန်းမြင့်တက်တာတွေကြောင့် ဖြစ်ခဲ့ပေမယ့် မတ်လမှ ဇွန်လအထိ inflation rate ကို ဖော်ပြထားခြင်း မရှိကြောင်း၊ ၂၀၁၈-၂၀၁၉ ကာလနဲ့ ၂၀၂၀-၂၀၂၁ ကာလရဲ့ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၆ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးရနိုင်ကြောင်း၊ ပြည်ပစီးပွားရေးဂယက် စိန်ခေါ်မှုအရ inflation မြင့်တက်နိုင်တဲ့ risk ရှိကြောင်းကို ဖော်ပြထားပါတယ်။
ထိုအစီရင်ခံစာမှာ ၂၀၁၉-၂၀၂၀ စီးပွားရေးအလားအလာကို ဖော်ပြထားတာ မတွေ့ရတဲ့အပြင် ၂၀၁၉ အခြေအနေမှာ ကျန်ရှိသော ကာလတွေရဲ့ စီးပွားရေးအလားအလာကို ခန့်မှန်းနိုင်မှု အားနည်းတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြည်တွင်းပညာရှင်တစ်ချို့က သုံးသပ်ထားကြပါတယ်။

စံချိန်တင်အောင် များပြားနေတဲ့ ဘတ်ဂျက်လိုငွေ

ဘဏ္ဍာရေးနှစ်တွေအလိုက် လေ့လာကြည့်တဲ့အခါ စုစုပေါင်း ကိုးနှစ်အနက်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်းခြေ ၇၀၂၇ ဘီလီယံဖြင့် ဘတ်ဂျက်လိုငွေ အများဆုံးဖြစ်ပေါ်နေတာကို ကြုံလာခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။အစိုးရဘတ်ဂျက် လိုငွေအတွက်၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၅၂၀၀ ဘီလီယံအထိသာ ချေးယူခွင့်ပြုခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျပ် ၇၂၀၀ ဘီလီယံအထိ ပြည်တွင်း ပြည်ပမှ ချေးယူရန် သတ်မှတ်ခဲ့သလို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ လိုငွေအမြင့်ဆုံးအဖြစ် စံချိန်တင်ထားသလို ကျပ် ၉၀၀၀ ဘီလီယံကိုလည်း ချေးယူရန် စံချိန်တင် လျာထားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်တွင်း ပြည်ပ ကြွေးမြီတွေမှာ ယခင်အစိုးရလက်ထက် ကာလဖြစ်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ကြွေးမြီ ကျပ် ၉၉၃၈ ဘီလီယံ၊ ပြည်ပ ကြွေးမြီ ကျပ် ၆၃၃၅ ဘီလီယံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်မှာ ပြည်တွင်း ကြွေးမြီ ကျပ် ၁၀၈၂၄ ဘီလီယံ၊ ပြည်ပကြွေးမြီ ကျပ် ၇၃၀၁ ဘီလီယံ၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ကြွေးမြီ ကျပ် ၁၂၀၁၄ ဘီလီယံ၊ ပြည်ပ ကြွေးမြီ ကျပ် ၉၅၆၁ ဘီလီယံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ကြွေးမြီ ကျပ် ၁၂၄၈၇ ဘီလီယံ၊ ပြည်ပ ကြွေးမြီ ကျပ် ၉၅၄၅ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလီယံ၊ ပြည်ပ ကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလီယံ တင်ရှိနေကြောင်း၊ အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ကြွေးမြီ  ကျပ် ၁၈၀၂၀ ဘီလီယံ၊ ပြည်ပ ကြွေးမြီ ကျပ် ၁၀၈၄၁ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ကြွေးမြီ ကျပ် ၂၀၇၂၅ ဘီလီယံ၊ ပြည်ပ ကြွေးမြီ ကျပ် ၁၃၉၇၄ ဘီလီယံအထိ ကြွေးမြီတင်ရှိနေပါတယ်။

ထို့အပြင် ပို့ကုန်တွေ FDI တွေ တိုးတက်မှုနဲ့ ကျပ်ငွေတန်ဖိုး အခြေအနေတွေ ငွေဖောင်းပွမှုအခြေအနေတွေ အစိုးရဘတ်ဂျက် အခြေအနေတွေကို ဆန်းစစ်ကြည့်တဲ့အခါ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလောက်က စာရင်းမှာပို့ကုန်ဟာ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်ရှိပြီး၊ ယခင်ထက် ၁၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းကာ နှေးကွေးနေကြောင်း၊ သွင်းကုန်ဟာလည်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နှစ်အလိုက် ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး သွင်းကုန်ဟာ ပို့ကုန်ထက် ဆက်လက်မြင့်မားနေဆဲဖြစ်တာကြောင့် ကုန်သွယ်မှုလိုငွေ အချိုးမှာ ဆက်လက်ကာ မြင့်တက်နေတဲ့အပြင် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်မားနေတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။

မြင့်မားနေသော အထွေထွေအသုံးစရိတ်

တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေတွေရဲ့ အပြောင်းအလဲတွေနဲ့အတူ အောက်ခြေအထိ သက်ရောက်မှုတွေက ရှိလာစမြဲဖြစ်ပါတယ်။

“အခုဈေးထဲမှာ အကုန်လုံးဈေးတက်တာပဲ ကြုံနေတယ်၊ ကျတာ ဘာမှကိုမရှိတာ၊ အရင်က ပုံမှန်ဈေးဖိုး တစ်ရက် ၃၀၀၀-၄၀၀၀ လောက်ပဲသုံးရင် အခု ၆၀၀၀ လောက်သုံးမှဖြစ်တဲ့ အနေအထားပါပဲ၊ မီးသွေးတို့ ဘာတို့က မိုးတွင်းမို့လို့ တက်တတ်တယ် ထားပါတော့၊ မိုးတွင်းမှာ ပေါပေါများများ တွေ့ရလေ့ရှိတဲ့ ငါးတွေဆိုရင်လည်း ဈေးတက်နေရော၊ မီတာခတွေတက်လို့ဆိုပြီး မဆိုင်တာတွေ အကုန်လိုက်တက်နေတာ၊ တကယ်တော့ ဝိသမသမားတွေ များတယ်လို့ ယူဆရပါမယ်၊ အသီးအရွက်တွေ ကျပြန်တော့လည်း ကန်စွန်းရွက်တစ်စည်းတောင်မှ ၃၀၀-၄၀၀ ဖြစ်နေပြီ၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ဝက်သား အကုန်တက်တယ်၊ မတက်တာဘာရှိလဲ” လို့ နေ့စဉ်ကြုံနေရတဲ့ စားသောက်မှုကုန်ကျစရိတ်တွေနဲ့ ပတ်သက်လို့ နေ့စဉ်ဈေးဝယ်ထွက်နေသော အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်အေး က ဆိုပါတယ်။

အိမ်သုံးမီတာခတွေအနေနဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲ စတင်ပြင်ဆင် သတ်မှတ်လိုက်တာကြောင့် သာမန်နေအိမ်တွေအနေနဲ့ ယခင်က လစဉ်ပျမ်းမျှ ၁၂၀၀၀ ကျပ် ဝန်းကျင်လောက် ကုန်ကျရာမှ ၂၅၀၀၀ ကျပ် ဝန်းကျင်လောက်အထိ ပိုမိုကုန်ကျမှုတွေ ရှိလာပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ မသက်ဆိုင်ဘဲ လုပ်ကိုင်ထုတ်လုပ်ရတဲ့ ကုန်ပစ္စည်းတွေ အစားအစာတွေဟာလည်း လိုက်ပါမြင့်တက်ဖို့ အကြောင်းပြစရာ အခြေအနေတွေ ဖြစ်စေပါတယ်။

ထိုသို့မြင့်တက်လာတာနဲ့အတူ ဆိုင်ခန်းငှားခတွေလည်း မြင့်တက်တာတွေ ဖြစ်လာခဲ့ပါတယ်။

“ဆိုင်ခန်းခတွေက တစ်နှစ်တစ်ခါ စာချုပ်ချုပ်လိုက်တိုင်း မြင့်တက်လာတယ်၊ ဒါကလည်း ပိုင်ရှင်ရဲ့ဆန္ဒအရ ခေတ်နဲ့လျော်ညီတာမျိုး ပြင်ဆင်ပေးပါဆိုတာကို ဖြစ်လာတယ်၊ ဆင်ခြေဖုံးဒေသတစ်ချို့မှာတော့ အိမ်ငှားခတွေ နည်းနည်းကျတာတော့ရှိတယ်၊ ဒါကလည်း ဝါတွင်းဆိုတော့ ငှားမယ့်သူကမရှိဘူး၊ ငှားချင်တဲ့သူကပဲရှိတယ်၊ ကျတယ်ဆိုတာကလည်း အရင်ထက် နှစ်သောင်းလောက်ပါပဲ၊ သိပ်တော့မသိသာဘူး၊ ပွဲစားခဘာခနဲ့ ပြန်ကြည့်ရင် သိပ်တော့မထူးပါဘူး” လို့ ကြယ်ရောင်လင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း ပိုင်ရှင်ဖြစ်သူ ဦးအောင်ဝင်း က ရှင်းပြပါတယ်။

စာရိတ္တများ ပျက်ပြားလာ

ယခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်တာတွေ၊ နေ့ခင်းကြောင်တောင်မှာတောင် အနုကြမ်းစီးတဲ့ သတင်းတွေကို ဖတ်ရှုလာရပါတယ်။ထိုဖြစ်ရပ်တွေဟာ စားဝတ်နေရေး ကြပ်တည်းမှုတွေရဲ့ သက်ရောက်မှုတွေလို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။အခြေခံလုပ်ခလစာအဖြစ် သတ်မှတ်ထားကြတဲ့ ၄၈၀၀ ဟာ မိသားစုနေ့စဉ်စားသောက်စရိတ်တွေ၊ ကုန်ကျစရိတ်တွေနဲ့ ယှဉ်ကြည့်တဲ့အခါ လောက်ငှတာမျိုး မရှိသော်လည်း ယင်းလုပ်အားခ အခြေအနေကို ရရှိနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ အလုပ်လက်မဲ့တွေကလည်း အများအပြားရှိနေပါတယ်။အစိုးရပိုင်းကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ကာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင် ကြိုးပမ်းနေပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာ မျှော်မှန်းသလောက် တက်မလာသေးပါဘူး။

“တကယ်တော့လေ လုပ်ငန်းရှင်တွေကို အခွန်အတုပ်တွေ တိုးကောက်တာ မူဝါဒတွေနဲ့ ကိုင်တွယ်ပေမယ့် နောက်ဆုံးသက်ရောက်မှုက အောက်ခြေက အခြေခံလူတန်စားတွေပဲ ပြန်လည်ပြီးခံစားရတာ များပါတယ်၊ လုပ်ငန်းရှင်ဆိုတာက သူ့အတွက် မကိုက်ရင်လေ ကိုက်တဲ့ဈေးနှုန်းတစ်ရပ် လုပ်မှာပဲ၊ ကုန်ဈေးနှုန်းထိန်းဖို့ဆိုတာက ကျွန်တော့်အမြင်တော့ ထင်သလောက်မလွယ်ဘူး၊ အချိန်ယူပြီးလုပ်ရမှာ” လို့ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုအောင်သူ က ရှင်းပြပါတယ်။

ဘဏ်တွေနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေမှာပင်လျှင် ငွေကြေးအလွဲသုံးစားပြုနေကြတဲ့ သတင်းတွေလည်း မီဒီယာတွေကြားမှာ မကြာခဏကြုံလာရတာတွေ၊ ခိုးဆိုးလုယက်မှု ဖြစ်စဉ်သတင်းတွေ မကြာခဏကြုံလာတာတွေဟာ စာရိတ္တတွေပျက်ပြားလာတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်လာတာကို သက်သေပြလို့နေပါတယ်။သို့ရာတွင် အစိုးရပိုင်းကလည်း လူနေမှုဖွံ့ဖြိုးဖို့ စီးပွားရေးတိုးတက်လာစေဖို့၊ အိမ်ရာမရှိသူ ကျူးကျော်တွေအတွက် နေရာချပေးနိုင်ဖို့ စီမံချက်တွေ ရေးဆွဲနေဆဲ အခြေအနေမျိုး ရှိလာခဲ့ပေမယ့် နှစ်ရှည်စီမံကိန်းတွေအဖြစ်နဲ့ ရှိနေဆဲဖြစ်ပါတယ်။

“အစိုးရအနေနဲ့ လုပ်စရာတွေက အများကြီးပါပဲ၊ အရင်တုန်းက ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့ အခြေအနေကို တစ်ခုစီပြန်ကောင်းအောင် လုပ်နေရင်းကနေ အကုန်လုံးချက်ချင်းကြီးတော့ မကောင်းနိုင်သေးဘူးလေ၊ တဖြေးဖြေးနဲ့ကောင်းလာအောင် လုပ်ဆောင်ရမှာပါ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကြိုးပမ်းနေတာတွေရှိသလို ပြည်သူလူထုတွေကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်သင့်တာပေ့ါ”  လို့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ရှင်းပြပါတယ်။

လက်ရှိမှာ ပြည်တွင်းအလုပ်အကိုင်ရရှိသူ ၂၁ ဒသမ ၈၇ သန်းကျော်ထဲ အစိုးရဌာန အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူ ၆ ဒသမ ၇ ရာခိုင်နှုန်း၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ၂၈ ဒသမ ၈ ရာခိုင်နှုန်း၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေ ၃၅ ဒသမ ၂ ရာခိုင်နှုန်း၊ မိသားစုလုပ်ငန်း လုပ်ကိုင်သူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း ရှိတယ်လို့ စာရင်းပြုစုထားကြောင်း အစိုးရမှ ထုတ်ပြန်ချက်တွေအပေါ် ကိုးကားကာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဖော်ပြခဲ့ဖူးပါတယ်။စက်မှုဇုန်တွေမှာတောင် အလုပ်အကိုင်ဖန်တီးမှုက စက်မှုဇုန် ၂၉ ဇုန်လောက်ပေါင်းရင် လုပ်သားအင်အား သုံးသိန်းကျော်သာရှိတဲ့ အနေအထားဖြစ်တဲ့အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖို့လည်း အရေးကြီးသလို တစ်ဖက်ကလည်း အမှုအခင်းတွေ လျော့ပါးလာဖို့ကိုလည်း တင်းကြပ်တဲ့ ကိုင်တွယ်မှုတွေ လိုအပ်လာပါတယ်။

အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်ရည်အပေါ် အမျိုးမျိုးအကဲဖြတ်ကာ ဝေဖန်ပြောဆိုနေကြပေမယ့် အခြေခံလူတန်းစားတွေအဖို့ အဓိကမျှော်လင့်ချက်ကတော့ ကုန်ဈေးနှုန်းတွေ တည်ငြိမ်ကျဆင်းစေမယ့် ရောင်ခြည်လေးတစ်ခုပါပဲ။မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်အရ မကြာခင် လာမယ့် ၂၀၂၀ ထဲမှာ ရွေးကောက်ပွဲတွေလည်း ကျင်းပတော့မှာဖြစ်သလို ပြည်သူတွေအားပေးခဲ့ကြတဲ့ အစိုးရက ပြည်သူတွေရဲ့စားဝတ်နေရေး စိတ်အေးရအောင် ကျန်ရှိနေတဲ့ သက်တမ်းကာလမှာ ရေတိုမူဝါဒတွေနဲ့ စွမ်းဆောင်နိုင်ဖို့ မျှော်လင့်စောင့်ဆိုင်းလို့နေကြပါတယ်။

ဇွဲမာန်
သြဂုတ် - ၁၃

( Zawgyi )

ျပည္တြင္း အေျခခံကုန္စည္ေဈးႏႈန္းေတြဟာ လစဥ္လိုလိုပင္ တစ္ရိပ္ရိပ္ျဖင့္ ျမင့္တက္ေျပာင္းလဲလာခဲ့ပါတယ္။လြန္ခဲ့တဲ့လထက္ ယခုလ အေျခအေနေတြမွာပဲျဖစ္ျဖစ္၊ လြန္ခဲ့တဲ့ႏွစ္ထက္ ယခုႏွစ္ ေဈးႏႈန္းအေျခအေနေတြမွာပဲျဖစ္ျဖစ္ ႏႈိင္းယွဥ္ၾကည့္ရင္ ျမင့္တက္ေျပာင္းလဲမႈေတြကို အထင္အရွားျမင္လာရမွာ ျဖစ္ပါတယ္။

“ကုန္ေဈးႏႈန္း အေျပာင္းအလဲေတြက စီးပြားေရးဆိုင္ရာ မူဝါဒေတြ၊ ေဈးကြက္ရဲ႕ ဝယ္လိုအား ေရာင္းလိုအား အေျခအေနေတြ၊ ကုန္ထုတ္လုပ္မႈ၊ ကုန္စည္စီးဆင္းမႈ အေျခအေနေတြအေပၚ မူတည္ၿပီး ေျပာင္းလဲတာေတြ ျဖစ္တတ္ပါတယ္” လို႔ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ အေထြေထြအတြင္းေရးမႉး ဦးရဲမင္းေအာင္ က ေျပာျပပါတယ္။လကၠားဆန္ေဈးကြက္ထဲမွာဆိုရင္ လြန္ခဲ့တဲ့ႏွစ္ထက္ ယခုႏွစ္မွာ  ဆန္အမ်ိဳးအစားအေပၚ မူတည္ၿပီး ပ်မ္းမွ် တစ္အိတ္လွ်င္ ေငြ ၅၀၀၀ က်ပ္ေလာက္ကေန ေငြ ၁၀၀၀၀ ေက်ာ္ေလာက္အထိ ျမင့္တက္သြားတာေတြလည္း ရွိခဲ့ပါတယ္။ဆီ ဆိုရင္လည္း ျပည္တြင္းစားသုံးမႈ လိုအပ္ခ်က္ေတြ ရွိေနတာေၾကာင့္ ျပည္ပကေန တန္ခ်ိန္ ေျခာက္သိန္းေလာက္ ျပည္တြင္းကို ႏွစ္စဥ္တင္သြင္းေနရတာေတြ ရွိသလို ေငြလဲလွယ္မႈ အေျပာင္းအလဲ အတက္အက်ေတြနဲ႔အတူ ေဈးႏႈန္းျမင့္တက္တာေတြ ႀကဳံရတဲ့အျပင္ ျပည္တြင္းမွာ ႀကိတ္ခြဲထုတ္လုပ္တဲ့ ပဲဆီေတြမွာ ကုန္ၾကမ္းျဖစ္တဲ့ ေျမပဲဆန္ကို Export သမားေတြနဲ႔ အၿပိဳင္ဝယ္ယူ လုပ္ကိုင္ေနတာေတြေၾကာင့္လည္း ဆီေဈး အျမင့္ပိုင္းေရာက္လာတာေတြ ရွိတဲ့အျပင္ ယခင္ႏွစ္က ေဈးႏႈန္းအေျခအေနေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ျမင့္မားလာတဲ့ ရလာဒ္ေတြသာ ျဖစ္ေပၚေနခဲ့ပါတယ္။

“ျပည္တြင္း ထုတ္လုပ္တဲ့ ပဲဆီေဈးႏႈန္းေတြ ျမင့္မားတာဟာ စိုက္ဧကနည္းတာေတြရယ္၊ ရာသီဥတုဒဏ္ေတြ၊ ေရာဂါပိုးမႊားဒဏ္ေတြေၾကာင့္ အထြက္ႏႈန္းေလ်ာ့တာရယ္ စတဲ့ အေျခအေနမ်ားစြာရဲ႕ သက္ေရာက္မႈေၾကာင့္လည္း ျဖစ္ပါတယ္၊ ျပည္တြင္းမွာ စိုက္ဧက ၄၅ သန္းမွာ ၇ ဒသမ ၅ သန္းေလာက္ပဲ ဆီထြက္သီးႏွံေတြ စိုက္ပ်ိဳးတာျဖစ္ပါတယ္၊ တိုးၿပီးစိုက္ႏိုင္ေအာင္ လုပ္ေဆာင္ေပးသင့္သလို အထြက္ေကာင္းေအာင္ လိုအပ္တဲ့ စိုက္ပ်ိဳးေရးသြင္းအားစုေတြ အပါအဝင္ ပံ့ပိုးကူညီမႈေတြနဲ႔ လုပ္ေဆာင္တဲ့အခါ လက္ရွိျဖစ္ေနတဲ့ ေဈးႏႈန္းကို ေလွ်ာ့ခ်လာႏိုင္မယ့္ အေျခအေနမ်ိဳး ျဖစ္ေစမွာပါ” လို႔ ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ ဒုတိယဥကၠ႒ ဦးအုန္းသြင္ က ေျပာပါတယ္။ျပည္တြင္း ႀကိတ္ခြဲထုတ္လုပ္တဲ့ ပဲဆီအစစ္မွာ တစ္ပိႆာကို ၆၀၀၀ ေက်ာ္အထိ ျဖစ္ေနသလို ဆုံဆီမွာလည္း ဆီႀကိတ္တဲ့ဆုံေတြမွာပင္လွ်င္ ၈၀၀၀ ေဈးအထိ ရွိေနတာေၾကာင့္ တစ္ဆင့္ယူေရာင္းသူေတြလည္း မရွိသေလာက္ နည္းပါးလာတဲ့အျပင္ ေနာက္ဆက္တြဲအျဖစ္ ေဈးကြက္ထဲမွာ အေရာအေႏွာဆီေတြက ေနရာရလာေစခဲ့ပါတယ္။

ဝင္ေငြထက္ ထြက္ေငြပိုေနတဲ့ စားေသာက္မႈ ကုန္က်စရိတ္ေတြ

ယခုျဖစ္ေပၚေနတဲ့ ေဈးႏႈန္းေတြဟာ အေျခခံလူလတ္တန္းစားမ်ားပင္လွ်င္ ဝင္ေငြထက္ ထြက္ေငြပိုလာတဲ့ အေျခအေနမ်ိဳး ျဖစ္ေနပါတယ္။အျပည္ျပည္ဆိုင္ရာ ဆင္းရဲႏြမ္းပါးမႈမ်ဥ္းအရ တစ္ရက္ဝင္ေငြ ၁ ဒသမ ၉ ေဒၚလာထက္ နည္းရင္ အလြန္အမင္း ဆင္းရဲမြဲေတတယ္လို႔ သတ္မွတ္ၾကၿပီး ယင္းပမာဏဟာ အနိမ့္ဆုံး အကန႔္အသတ္ျဖစ္တာေၾကာင့္ အလြန္နိမ့္ပါးေသာႏႈန္း ျဖစ္ေသာ္လည္း ယင္းပမာဏထဲ ပါဝင္သူေတြလည္း မ်ားစြာရွိေနေၾကာင္း၊ အနိမ့္ဆုံးဝင္ေငြကို ၁ ဒသမ ၈၉ ေဒၚလာကေန ၁ ဒသမ ၉၁ ေဒၚလာကို ေျပာင္းလိုက္႐ုံျဖင့္ အလြန္အမင္းမြဲေတမႈ သတ္မွတ္ထားတဲ့ ကိန္းဂဏန္းေတြဟာ ထိုးက်လာႏိုင္ေသာ္လည္း ယင္းအေျခအေနဟာ ဂုဏ္ယူစရာမ်ိဳးမဟုတ္သလို တစ္ရက္လွ်င္ ၃ ေဒၚလာေလာက္မွ ၁၀ ေဒၚလာေလာက္အထိ ရသူေတြပင္လွ်င္ အခက္အခဲရွိကာ ဆင္းရဲတဲ့အေျခအေနမ်ိဳး ျဖစ္ေနေသးတယ္လို႔ စီးပြားေရးနဲ႔ စီမံခန႔္ခြဲမႈဆိုင္ရာ သင္တန္းမ်ားေပးေနတဲ့ ဆရာ ဦးဝင္းေမာင္ က ဆိုပါတယ္။

“ဆင္းရဲႏြမ္းပါးမႈ အေျခအေနက တိုင္းတာရတာ ခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘယ္သူေတြဟာ ဆင္းရဲတယ္၊ မဆင္းရဲဘူး ဆိုတာကို တိတိက်က်ခြဲျခားျပဖို႔ ခက္ခဲတာေၾကာင့္လည္း ျဖစ္ပါတယ္၊ ဒါေၾကာင့္လည္း ကန႔္သတ္မ်ဥ္းေတြ သတ္မွတ္ၿပီးေတာ့ တြက္ခ်က္တိုင္းတာခဲ့ၾကတာ ျဖစ္ပါတယ္၊ အစီရင္ခံစာေတြ အသီးသီးမွာေတာ့ ဆင္းရဲမႈ ေလ်ာ့က်လာေပမယ့္ လက္ေတြ႕ဘဝမွာေတာ့ စားရမဲ့ေသာက္ရမဲ့သူေတြ မ်ားေနေသးသလို အစာေရစာ ဖူလုံေအာင္ မရရွိတဲ့သူေတြလည္း ရွိေနပါေသးတယ္၊ ဆင္းရဲႏြမ္းပါးမႈ တိုက္ဖ်က္ဖို႔ အစိုးရက ေဆာင္႐ြက္ႏိုင္တာေတြအေနနဲ႔ ဥပမာဆိုရရင္ အနိမ့္ဆုံးလုပ္အားခ သတ္မွတ္တာ၊ ပင္စင္လစာေပးတာ၊ အခမဲ့ပညာေရး၊ အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈ၊ အလုပ္လက္မဲ့ျဖစ္ခ်ိန္ အက်ိဳးခံစားခြင့္၊ မသန္စြမ္းသူေတြအတြက္ ေထာက္ပံ့မႈ စတဲ့ အေျခအေနေတြ အမ်ားႀကီးပါဝင္ပါတယ္၊ အစိုးရရဲ႕ ေမွ်ာ္မွန္းခ်က္မွာ တိုင္းျပည္ကို ဘယ္လိုပုံစံတည္ေထာင္မယ္၊ ဆိုတာမ်ိဳးကို ေမွ်ာ္မွန္းတဲ့အတိုင္း လုပ္ေဆာင္ႏိုင္တဲ့ ေပၚလစီမ်ိဳး ခ်မွတ္မွသာ ရည္မွန္းခ်က္ျပည့္မွာ ျဖစ္ပါတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

အစားအေသာက္ေတြဟာ မျဖစ္မေန ဝယ္ယူစားေသာက္ရတာေၾကာင့္ အစားအေသာက္ ကုန္က်စရိတ္ကို ေခြၽတာေပမယ့္လည္း ဝင္ေငြထက္ ပိုမ်ားတဲ့အေျခအေနေၾကာင့္ နလန္မထူႏိုင္တဲ့ ဘဝေတြ အမ်ားအျပားရွိခဲ့ပါတယ္။ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း တည္ေထာင္ကာ လုပ္ကိုင္ေနတဲ့ ကိုေအာင္လြင္ က “ကုန္ေဈးႏႈန္းေတြကသာ ျမင့္မားလို႔သြားတာပါ၊ ဝင္ေငြက တိုးမလာဘူးေလ၊ အဓိက ကေတာ့ ကုန္ေဈးႏႈန္းကို ထိန္းႏိုင္ေအာင္ လုပ္ေဆာင္ႏိုင္မႈ အားနည္းေသးတယ္လို႔ ျမင္မိတယ္၊ တိုင္းျပည္မွာ စီးပြားေရးအေျခအေန တစ္ခုခုဆိုတာနဲ႔ ေဈးကစားတတ္တဲ့ ျဖစ္စဥ္ေတြကလည္းရွိေနေတာ့ ဒါေတြကို မထိန္းႏိုင္ေသးသေ႐ြ႕ သက္ေရာက္မႈေတြက ႀကဳံေနရဦးမယ္၊ ကုန္ေဈးႏႈန္းတက္တိုင္း လုပ္အားခေတြကို တိုးေပးလို႔လည္း ရတာမဟုတ္ဘူးေလ၊ အဲ့ဒီေတာ့ ေနာက္ဆုံးၾကပ္တည္းတာက ေအာက္ေျခက အေျခခံလူတန္းစားေတြရဲ႕ ဘဝေတြပါပဲ” လို႔ ရွင္းျပခဲ့ပါတယ္။

အတက္ဘက္ကို ဦးတည္လို႔ေနသလား

အေျခခံစားေသာက္ကုန္ေတြကစလို႔ လူသုံးကုန္ေတြ အပါအဝင္ ကုန္စည္ပစၥည္း ေဈးႏႈန္းေတြဟာ ယခင္ကထက္ ျမင့္မားလို႔ေနၾကပါတယ္။ျပည္တြင္းေ႐ႊေဈးႏႈန္းေတြဆိုရင္ ဇူလိုင္လဆန္းပိုင္းေလာက္က အကယ္ဒမီ မီးလင္းအေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၀ သိန္းေက်ာ္ေလာက္ ရွိေနရာကေန ယခုတစ္လေက်ာ္ ဝန္းက်င္ေလာက္မွာပင္လွ်င္ က်ပ္ ၁၂ သိန္းေက်ာ္အထိ ျမင့္တက္လာခဲ့ပါတယ္။ကမာၻ႔ေ႐ႊေဈး၊ ေဒၚလာေဈး ျမင့္တက္တာေၾကာင့္ ယခုလို အတက္ၾကမ္းတဲ့ ေဈးႏႈန္းအေျခအေနတစ္ခု ျဖစ္လာခဲ့ရတာလို႔ သုံးသပ္ထားၾကေပမယ့္ ကမာၻ႔ေဈးျပန္က်တာမ်ိဳးေတြ၊ ေဒၚလာေငြလဲေဈး အနည္းငယ္က်ဆင္းတာမ်ိဳးေတြ ျဖစ္ခဲ့တာေတာင္ ျမင့္တက္ၿပီးရင္ ျပန္မက်တတ္တဲ့ ျပည္တြင္းေဈးႏႈန္းေတြက သာမန္အေျခခံလူတန္းစားမ်ားအဖို႔ေတာ့ ရတက္မေအးစရာပါပဲ။ေ႐ႊေဈးႏႈန္းေတြကို အေျခခံၿပီးေတာ့ တျခားကုန္စည္ေဈးႏႈန္းေတြ လိုက္ပါေျပာင္းလဲတတ္တဲ့ အေျခအေနေတြေၾကာင့္လည္း ကြၽဲကူးေရပါသလိုျဖစ္လာတဲ့ စားေသာက္ကုန္ေဈးႏႈန္းေတြက တစ္ရိပ္ရိပ္ျမင့္လာခဲ့တာပါ။

“ေဈးႏႈန္းေတြက ဘယ္ဟာပဲျဖစ္ျဖစ္ တက္ၿပီးရင္ ျပန္က်တယ္ဆိုတာ ရွားမွရွားပါပဲ၊ အခုေ႐ႊေဈးေတြဆိုလည္း ဒီလိုပဲေလ၊ တစ္ေသာင္း၊ ႏွစ္ေသာင္းေလာက္ ျပန္က်ၿပီးေတာ့ တက္တာက် တရစပ္ပဲ၊ ဟိုတေလာေလးကပဲ ၾကည့္ပါလား ေလပတ္ကားေတြကို ဖမ္းဆီးတာေတြျဖစ္ေတာ့ ေဈးကျပန္ၿပီးက်လာတယ္၊ စက္သုံးဆီေဈးေတြကလည္း ဒီလိုအေျခအေနပဲ” လို႔ ကိုေအာင္လြင္ က ရွင္းျပပါတယ္။

ထိုေ႐ႊေဈးႏႈန္း တစ္ခုတည္းသာမက စက္သုံးဆီေဈး၊ ကုန္ၾကမ္းေဈး၊ ဝန္ေဆာင္မႈစရိတ္မ်ား၊ အေျခခံစားေသာက္ကုန္ေဈးေတြဟာလည္း ျမင့္တက္ေနပါတယ္။ကမာၻ႔ဘဏ္ရဲ႕ ၂၀၁၉ ခုႏွစ္ ဇြန္လ ျမန္မာ့စီးပြားေရး ေစာင့္ၾကည့္အစီရင္ခံစာ (MEM Report June 2019) မွာ ျမန္မာ့စီးပြားေရး အလားအလာျပန္ေကာင္းလာတယ္လို႔ ေဖာ္ျပထားၿပီး ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာမွာ inflation rate ၈ ဒသမ ၈ ရာခိုင္ႏႈန္း ရွိရာမွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီတြင္ ၆ ဒသမ ၁ ရာခိုင္ႏႈန္းသို႔ က်ခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ မတ္လတြင္ ၇ ဒသမ ၉ ရာခိုင္ႏႈန္း ျပန္ျမင့္တက္ခဲ့ေၾကာင္း၊ ယင္းကဲ့သို႔ ျမင့္တက္တာဟာ ေလာင္စာနဲ႔ အစားေသာက္ ေဈးႏႈန္းျမင့္တက္တာေတြေၾကာင့္ ျဖစ္ခဲ့ေပမယ့္ မတ္လမွ ဇြန္လအထိ inflation rate ကို ေဖာ္ျပထားျခင္း မရွိေၾကာင္း၊ ၂၀၁၈-၂၀၁၉ ကာလနဲ႔ ၂၀၂၀-၂၀၂၁ ကာလရဲ႕ ျမန္မာ့စီးပြားေရး တိုးတက္မႈႏႈန္းဟာ ၆ ဒသမ ၅ ရာခိုင္ႏႈန္းနဲ႔ ၆ ဒသမ ၇ ရာခိုင္ႏႈန္း အသီးသီးရႏိုင္ေၾကာင္း၊ ျပည္ပစီးပြားေရးဂယက္ စိန္ေခၚမႈအရ inflation ျမင့္တက္ႏိုင္တဲ့ risk ရွိေၾကာင္းကို ေဖာ္ျပထားပါတယ္။
ထိုအစီရင္ခံစာမွာ ၂၀၁၉-၂၀၂၀ စီးပြားေရးအလားအလာကို ေဖာ္ျပထားတာ မေတြ႕ရတဲ့အျပင္ ၂၀၁၉ အေျခအေနမွာ က်န္ရွိေသာ ကာလေတြရဲ႕ စီးပြားေရးအလားအလာကို ခန႔္မွန္းႏိုင္မႈ အားနည္းတာေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ ျပည္တြင္းပညာရွင္တစ္ခ်ိဳ႕က သုံးသပ္ထားၾကပါတယ္။

စံခ်ိန္တင္ေအာင္ မ်ားျပားေနတဲ့ ဘတ္ဂ်က္လိုေငြ

ဘ႑ာေရးႏွစ္ေတြအလိုက္ ေလ့လာၾကည့္တဲ့အခါ စုစုေပါင္း ကိုးႏွစ္အနက္မွာ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ မူလခန႔္မွန္းေျခ ၇၀၂၇ ဘီလီယံျဖင့္ ဘတ္ဂ်က္လိုေငြ အမ်ားဆုံးျဖစ္ေပၚေနတာကို ႀကဳံလာခဲ့တယ္လို႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။အစိုးရဘတ္ဂ်က္ လိုေငြအတြက္၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္မွာ က်ပ္ ၅၂၀၀ ဘီလီယံအထိသာ ေခ်းယူခြင့္ျပဳခဲ့ေသာ္လည္း ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွာ က်ပ္ ၇၂၀၀ ဘီလီယံအထိ ျပည္တြင္း ျပည္ပမွ ေခ်းယူရန္ သတ္မွတ္ခဲ့သလို ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ လိုေငြအျမင့္ဆုံးအျဖစ္ စံခ်ိန္တင္ထားသလို က်ပ္ ၉၀၀၀ ဘီလီယံကိုလည္း ေခ်းယူရန္ စံခ်ိန္တင္ လ်ာထားခဲ့ပါတယ္။ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ျပည္တြင္း ျပည္ပ ေႂကြးၿမီေတြမွာ ယခင္အစိုးရလက္ထက္ ကာလျဖစ္တဲ့ ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္မွာ ျပည္တြင္း ေႂကြးၿမီ က်ပ္ ၉၉၃၈ ဘီလီယံ၊ ျပည္ပ ေႂကြးၿမီ က်ပ္ ၆၃၃၅ ဘီလီယံ၊ ၂၀၁၂-၂၀၁၃ ဘ႑ာ ႏွစ္မွာ ျပည္တြင္း ေႂကြးၿမီ က်ပ္ ၁၀၈၂၄ ဘီလီယံ၊ ျပည္ပေႂကြးၿမီ က်ပ္ ၇၃၀၁ ဘီလီယံ၊ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္မွာ ျပည္တြင္း ေႂကြးၿမီ က်ပ္ ၁၂၀၁၄ ဘီလီယံ၊ ျပည္ပ ေႂကြးၿမီ က်ပ္ ၉၅၆၁ ဘီလီယံ၊ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္မွာ ျပည္တြင္း ေႂကြးၿမီ က်ပ္ ၁၂၄၈၇ ဘီလီယံ၊ ျပည္ပ ေႂကြးၿမီ က်ပ္ ၉၅၄၅ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္မွာ ျပည္တြင္း ေႂကြးၿမီ က်ပ္ ၁၅၇၂၄ ဘီလီယံ၊ ျပည္ပ ေႂကြးၿမီ က်ပ္ ၁၂၂၄၆ ဘီလီယံ တင္ရွိေနေၾကာင္း၊ အစိုးရသစ္လက္ထက္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္မွာ ျပည္တြင္း ေႂကြးၿမီ  က်ပ္ ၁၈၀၂၀ ဘီလီယံ၊ ျပည္ပ ေႂကြးၿမီ က်ပ္ ၁၀၈၄၁ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာ ျပည္တြင္း ေႂကြးၿမီ က်ပ္ ၂၀၇၂၅ ဘီလီယံ၊ ျပည္ပ ေႂကြးၿမီ က်ပ္ ၁၃၉၇၄ ဘီလီယံအထိ ေႂကြးၿမီတင္ရွိေနပါတယ္။

ထို႔အျပင္ ပို႔ကုန္ေတြ FDI ေတြ တိုးတက္မႈနဲ႔ က်ပ္ေငြတန္ဖိုး အေျခအေနေတြ ေငြေဖာင္းပြမႈအေျခအေနေတြ အစိုးရဘတ္ဂ်က္ အေျခအေနေတြကို ဆန္းစစ္ၾကည့္တဲ့အခါ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီေလာက္က စာရင္းမွာပို႔ကုန္ဟာ ေဒၚလာ ၁ ဒသမ ၄ ဘီလီယံေက်ာ္ရွိၿပီး၊ ယခင္ထက္ ၁၂ ဒသမ ၉ ရာခိုင္ႏႈန္း က်ဆင္းကာ ေႏွးေကြးေနေၾကာင္း၊ သြင္းကုန္ဟာလည္း ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ ႏွစ္အလိုက္ ၁၃ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းခဲ့ၿပီး သြင္းကုန္ဟာ ပို႔ကုန္ထက္ ဆက္လက္ျမင့္မားေနဆဲျဖစ္တာေၾကာင့္ ကုန္သြယ္မႈလိုေငြ အခ်ိဳးမွာ ဆက္လက္ကာ ျမင့္တက္ေနတဲ့အျပင္ ေနာက္ဆက္တြဲ အက်ိဳးဆက္အျဖစ္ က်ပ္ေငြတန္ဖိုး က်ဆင္းေနၿပီး ေငြေၾကးေဖာင္းပြမႈႏႈန္း ဆက္လက္ျမင့္မားေနတဲ့ အေျခအေနမ်ိဳး ျဖစ္လာခဲ့ပါတယ္။

ျမင့္မားေနေသာ အေထြေထြအသုံးစရိတ္

တိုင္းျပည္ရဲ႕ စီးပြားေရးအေျခအေနေတြရဲ႕ အေျပာင္းအလဲေတြနဲ႔အတူ ေအာက္ေျခအထိ သက္ေရာက္မႈေတြက ရွိလာစၿမဲျဖစ္ပါတယ္။

“အခုေဈးထဲမွာ အကုန္လုံးေဈးတက္တာပဲ ႀကဳံေနတယ္၊ က်တာ ဘာမွကိုမရွိတာ၊ အရင္က ပုံမွန္ေဈးဖိုး တစ္ရက္ ၃၀၀၀-၄၀၀၀ ေလာက္ပဲသုံးရင္ အခု ၆၀၀၀ ေလာက္သုံးမွျဖစ္တဲ့ အေနအထားပါပဲ၊ မီးေသြးတို႔ ဘာတို႔က မိုးတြင္းမို႔လို႔ တက္တတ္တယ္ ထားပါေတာ့၊ မိုးတြင္းမွာ ေပါေပါမ်ားမ်ား ေတြ႕ရေလ့ရွိတဲ့ ငါးေတြဆိုရင္လည္း ေဈးတက္ေနေရာ၊ မီတာခေတြတက္လို႔ဆိုၿပီး မဆိုင္တာေတြ အကုန္လိုက္တက္ေနတာ၊ တကယ္ေတာ့ ဝိသမသမားေတြ မ်ားတယ္လို႔ ယူဆရပါမယ္၊ အသီးအ႐ြက္ေတြ က်ျပန္ေတာ့လည္း ကန္စြန္း႐ြက္တစ္စည္းေတာင္မွ ၃၀၀-၄၀၀ ျဖစ္ေနၿပီ၊ ၾကက္ဥ၊ ဘဲဥ၊ ၾကက္သား၊ ဝက္သား အကုန္တက္တယ္၊ မတက္တာဘာရွိလဲ” လို႔ ေန႔စဥ္ႀကဳံေနရတဲ့ စားေသာက္မႈကုန္က်စရိတ္ေတြနဲ႔ ပတ္သက္လို႔ ေန႔စဥ္ေဈးဝယ္ထြက္ေနေသာ အိမ္ရွင္မတစ္ဦးျဖစ္တဲ့ ေဒၚျမင့္ျမင့္ေအး က ဆိုပါတယ္။

အိမ္သုံးမီတာခေတြအေနနဲ႔ ၂၀၁၉ ခုႏွစ္ ဇူလိုင္လထဲ စတင္ျပင္ဆင္ သတ္မွတ္လိုက္တာေၾကာင့္ သာမန္ေနအိမ္ေတြအေနနဲ႔ ယခင္က လစဥ္ပ်မ္းမွ် ၁၂၀၀၀ က်ပ္ ဝန္းက်င္ေလာက္ ကုန္က်ရာမွ ၂၅၀၀၀ က်ပ္ ဝန္းက်င္ေလာက္အထိ ပိုမိုကုန္က်မႈေတြ ရွိလာပါတယ္။ လွ်ပ္စစ္ဓာတ္အားနဲ႔ မသက္ဆိုင္ဘဲ လုပ္ကိုင္ထုတ္လုပ္ရတဲ့ ကုန္ပစၥည္းေတြ အစားအစာေတြဟာလည္း လိုက္ပါျမင့္တက္ဖို႔ အေၾကာင္းျပစရာ အေျခအေနေတြ ျဖစ္ေစပါတယ္။

ထိုသို႔ျမင့္တက္လာတာနဲ႔အတူ ဆိုင္ခန္းငွားခေတြလည္း ျမင့္တက္တာေတြ ျဖစ္လာခဲ့ပါတယ္။

“ဆိုင္ခန္းခေတြက တစ္ႏွစ္တစ္ခါ စာခ်ဳပ္ခ်ဳပ္လိုက္တိုင္း ျမင့္တက္လာတယ္၊ ဒါကလည္း ပိုင္ရွင္ရဲ႕ဆႏၵအရ ေခတ္နဲ႔ေလ်ာ္ညီတာမ်ိဳး ျပင္ဆင္ေပးပါဆိုတာကို ျဖစ္လာတယ္၊ ဆင္ေျခဖုံးေဒသတစ္ခ်ိဳ႕မွာေတာ့ အိမ္ငွားခေတြ နည္းနည္းက်တာေတာ့ရွိတယ္၊ ဒါကလည္း ဝါတြင္းဆိုေတာ့ ငွားမယ့္သူကမရွိဘူး၊ ငွားခ်င္တဲ့သူကပဲရွိတယ္၊ က်တယ္ဆိုတာကလည္း အရင္ထက္ ႏွစ္ေသာင္းေလာက္ပါပဲ၊ သိပ္ေတာ့မသိသာဘူး၊ ပြဲစားခဘာခနဲ႔ ျပန္ၾကည့္ရင္ သိပ္ေတာ့မထူးပါဘူး” လို႔ ၾကယ္ေရာင္လင္း အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္း ပိုင္ရွင္ျဖစ္သူ ဦးေအာင္ဝင္း က ရွင္းျပပါတယ္။

စာရိတၱမ်ား ပ်က္ျပားလာ

ယခုရက္ပိုင္းအတြင္း ခိုးဆိုးလုယက္တာေတြ၊ ေန႔ခင္းေၾကာင္ေတာင္မွာေတာင္ အႏုၾကမ္းစီးတဲ့ သတင္းေတြကို ဖတ္ရႈလာရပါတယ္။ထိုျဖစ္ရပ္ေတြဟာ စားဝတ္ေနေရး ၾကပ္တည္းမႈေတြရဲ႕ သက္ေရာက္မႈေတြလို႔ လုပ္ငန္းရွင္ေတြက သုံးသပ္ထားပါတယ္။အေျခခံလုပ္ခလစာအျဖစ္ သတ္မွတ္ထားၾကတဲ့ ၄၈၀၀ ဟာ မိသားစုေန႔စဥ္စားေသာက္စရိတ္ေတြ၊ ကုန္က်စရိတ္ေတြနဲ႔ ယွဥ္ၾကည့္တဲ့အခါ ေလာက္ငွတာမ်ိဳး မရွိေသာ္လည္း ယင္းလုပ္အားခ အေျခအေနကို ရရွိႏိုင္ဖို႔ ႀကိဳးပမ္းေနၾကတဲ့ အလုပ္လက္မဲ့ေတြကလည္း အမ်ားအျပားရွိေနပါတယ္။အစိုးရပိုင္းကလည္း ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဖိတ္ေခၚကာ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးေပးႏိုင္ေအာင္ ႀကိဳးပမ္းေနေပမယ့္ လက္ရွိ ႏိုင္ငံေရးအေျခအေနေတြအရ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ ေမွ်ာ္မွန္းသေလာက္ တက္မလာေသးပါဘူး။

“တကယ္ေတာ့ေလ လုပ္ငန္းရွင္ေတြကို အခြန္အတုပ္ေတြ တိုးေကာက္တာ မူဝါဒေတြနဲ႔ ကိုင္တြယ္ေပမယ့္ ေနာက္ဆုံးသက္ေရာက္မႈက ေအာက္ေျခက အေျခခံလူတန္စားေတြပဲ ျပန္လည္ၿပီးခံစားရတာ မ်ားပါတယ္၊ လုပ္ငန္းရွင္ဆိုတာက သူ႔အတြက္ မကိုက္ရင္ေလ ကိုက္တဲ့ေဈးႏႈန္းတစ္ရပ္ လုပ္မွာပဲ၊ ကုန္ေဈးႏႈန္းထိန္းဖို႔ဆိုတာက ကြၽန္ေတာ့္အျမင္ေတာ့ ထင္သေလာက္မလြယ္ဘူး၊ အခ်ိန္ယူၿပီးလုပ္ရမွာ” လို႔ ဆန္စပါးလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ကိုေအာင္သူ က ရွင္းျပပါတယ္။

ဘဏ္ေတြနဲ႔ ပတ္သက္တဲ့ ဝန္ထမ္းေတြမွာပင္လွ်င္ ေငြေၾကးအလြဲသုံးစားျပဳေနၾကတဲ့ သတင္းေတြလည္း မီဒီယာေတြၾကားမွာ မၾကာခဏႀကဳံလာရတာေတြ၊ ခိုးဆိုးလုယက္မႈ ျဖစ္စဥ္သတင္းေတြ မၾကာခဏႀကဳံလာတာေတြဟာ စာရိတၱေတြပ်က္ျပားလာတဲ့ လူမႈအဖြဲ႕အစည္းတစ္ရပ္ ျဖစ္လာတာကို သက္ေသျပလို႔ေနပါတယ္။သို႔ရာတြင္ အစိုးရပိုင္းကလည္း လူေနမႈဖြံ႕ၿဖိဳးဖို႔ စီးပြားေရးတိုးတက္လာေစဖို႔၊ အိမ္ရာမရွိသူ က်ဴးေက်ာ္ေတြအတြက္ ေနရာခ်ေပးႏိုင္ဖို႔ စီမံခ်က္ေတြ ေရးဆြဲေနဆဲ အေျခအေနမ်ိဳး ရွိလာခဲ့ေပမယ့္ ႏွစ္ရွည္စီမံကိန္းေတြအျဖစ္နဲ႔ ရွိေနဆဲျဖစ္ပါတယ္။

“အစိုးရအေနနဲ႔ လုပ္စရာေတြက အမ်ားႀကီးပါပဲ၊ အရင္တုန္းက ျဖစ္ခ်င္တိုင္းျဖစ္ခဲ့တဲ့ အေျခအေနကို တစ္ခုစီျပန္ေကာင္းေအာင္ လုပ္ေနရင္းကေန အကုန္လုံးခ်က္ခ်င္းႀကီးေတာ့ မေကာင္းႏိုင္ေသးဘူးေလ၊ တေျဖးေျဖးနဲ႔ေကာင္းလာေအာင္ လုပ္ေဆာင္ရမွာပါ၊ ကြၽန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း ႀကိဳးပမ္းေနတာေတြရွိသလို ျပည္သူလူထုေတြကလည္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဝိုင္းဝန္းႀကိဳးပမ္း လုပ္ေဆာင္သင့္တာေပ့ါ”  လို႔ မဂၤလာေတာင္ၫြန႔္ မဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္ က ရွင္းျပပါတယ္။

လက္ရွိမွာ ျပည္တြင္းအလုပ္အကိုင္ရရွိသူ ၂၁ ဒသမ ၈၇ သန္းေက်ာ္ထဲ အစိုးရဌာန အဖြဲ႕အစည္းေတြမွာ လုပ္ကိုင္ေနသူ ၆ ဒသမ ၇ ရာခိုင္ႏႈန္း၊ ပုဂၢလိကလုပ္ငန္းေတြမွာ ၂၈ ဒသမ ၈ ရာခိုင္ႏႈန္း၊ ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္သူေတြ ၃၅ ဒသမ ၂ ရာခိုင္ႏႈန္း၊ မိသားစုလုပ္ငန္း လုပ္ကိုင္သူ ၂၆ ဒသမ ၁ ရာခိုင္ႏႈန္း ရွိတယ္လို႔ စာရင္းျပဳစုထားေၾကာင္း အစိုးရမွ ထုတ္ျပန္ခ်က္ေတြအေပၚ ကိုးကားကာ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေဖာ္ျပခဲ့ဖူးပါတယ္။စက္မႈဇုန္ေတြမွာေတာင္ အလုပ္အကိုင္ဖန္တီးမႈက စက္မႈဇုန္ ၂၉ ဇုန္ေလာက္ေပါင္းရင္ လုပ္သားအင္အား သုံးသိန္းေက်ာ္သာရွိတဲ့ အေနအထားျဖစ္တဲ့အတြက္လည္း အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးဖို႔လည္း အေရးႀကီးသလို တစ္ဖက္ကလည္း အမႈအခင္းေတြ ေလ်ာ့ပါးလာဖို႔ကိုလည္း တင္းၾကပ္တဲ့ ကိုင္တြယ္မႈေတြ လိုအပ္လာပါတယ္။

အစိုးရတစ္ရပ္ရဲ႕ စြမ္းေဆာင္ရည္အေပၚ အမ်ိဳးမ်ိဳးအကဲျဖတ္ကာ ေဝဖန္ေျပာဆိုေနၾကေပမယ့္ အေျခခံလူတန္းစားေတြအဖို႔ အဓိကေမွ်ာ္လင့္ခ်က္ကေတာ့ ကုန္ေဈးႏႈန္းေတြ တည္ၿငိမ္က်ဆင္းေစမယ့္ ေရာင္ျခည္ေလးတစ္ခုပါပဲ။ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးစနစ္အရ မၾကာခင္ လာမယ့္ ၂၀၂၀ ထဲမွာ ေ႐ြးေကာက္ပြဲေတြလည္း က်င္းပေတာ့မွာျဖစ္သလို ျပည္သူေတြအားေပးခဲ့ၾကတဲ့ အစိုးရက ျပည္သူေတြရဲ႕စားဝတ္ေနေရး စိတ္ေအးရေအာင္ က်န္ရွိေနတဲ့ သက္တမ္းကာလမွာ ေရတိုမူဝါဒေတြနဲ႔ စြမ္းေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေစာင့္ဆိုင္းလို႔ေနၾကပါတယ္။

ဇြဲမာန္
ၾသဂုတ္ - ၁၃