【 သတင်းဆောင်းပါး 】 “ရတက်မအေးစရာ မြန်မာ့ရေလုပ်ငန်းအလားအလာ”

【 သတင်းဆောင်းပါး 】 “ရတက်မအေးစရာ မြန်မာ့ရေလုပ်ငန်းအလားအလာ”

မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားတဲ့ ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ကမ်းရိုးတန်း၊ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ဧရိယာနဲ့အတူ မြစ်၊ ချောင်း၊ အင်းအိုင်တွေ ပေါများလှတဲ့အတွက် ရေထွက်ပစ္စည်းများ ပေါကြွယ်စွာထွက်ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

မြစ်၊ ချောင်း၊ အင်းအိုင်များမှ ထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာစားသုံးကြသလို ပြည်ပသို့လည်း တင်ပို့ရောင်းချကြတဲ့အတွက် နှစ်စဉ် ပြည်ပဝင်ငွေများရရှိခဲ့ပြီး ရေထွက်ကုန်ပစ္စည်းလုပ်ငန်းမှ တစ်နှစ်ထက် တစ်နှစ် ပြည်ပဝင်ငွေများ တိုးတက်ရရှိရန် အလေးထားဆောင်ရွက်ခဲ့ကြပါတယ်။အဲ့ဒီလိုဆောင်ရွက်ချက်တွေထားပြီး လုပ်ဆောင်လျှက်ရှိပေမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ကိုဗစ် ၁၉ ရောဂါက ကမ္ဘာကိုခြိမ်းခြောက်ခဲ့ပြီး လူ့အသက်ပေါင်းများစွာကို နုတ်ယူခဲ့ပါတယ်။

တရုတ်နိုင်ငံထဲမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အဆုတ်ရောင်ရောဂါအသစ်တစ်မျိုး စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ရောဂါစတင်ဖြစ်ပွားပြီးတဲ့နောက် ထိန်းချုပ်ဆေးဝါးတွေကို အလျှင်အမြန်ရှာဖွေနိုင်မယ်လို့ အများကမျှော်လင့်ထားကြပေမယ့် လက်ရှိအချိန်အထိ ရောဂါထိန်းချုပ်ဆေးဝါးများ ရှာဖွေနိုင်ခြင်းမရှိဘဲ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေ နေ့စဉ်တိုးတက် များပြားလာခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်း ကိုဗစ်ရောဂါဖြစ်ပွားမှုများကြောင့် နှစ်စဉ်ကျင်းပနေတဲ့ သင်္ကြန်ပွဲတော်ကိုရပ်နားခဲ့ရပြီး စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်တွေကအစ  ထုတ်ပိုးရောင်းချခြင်းဖြင့်သာ ရောင်းချခွင့်ပြုခဲ့ပါတယ်။ရောဂါကူးစက်မှာကို စိုးရိမ်ကြတဲ့အတွက် ဒေသတစ်ခုမှ တစ်ခုသို့ ခရီးသွားလာခြင်းကို ရှောင်ကျဉ်လာကြပြီး သွားရောက်သူတွေကိုလည်း ဒေသခံတွေက စောင့်ကြည့်လူနာအဖြစ် ထားရှိတဲ့အတွက် ခရီးသွားလာသူမရှိသလောက် နည်းပါးခဲ့ပါတယ်။စက်ရုံ၊ အလုပ်ရုံအချို့လည်း ရပ်နားထားရပြီး သင်္ကြန်ပြီးကာလမှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပေမယ့် လုပ်ငန်းများကတော့ လည်ပတ်နိုင်ခြင်းမရှိတဲ့အတွက် လူတစ်ဦးချင်းစီရဲ့ဝင်ငွေဟာ ယခင်ကထက် များစွာနည်းပါးလျှက်ရှိပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ စားသောက်ဆိုင်တွေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်တွေ ပိတ်သိမ်းထားရမှု၊ တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းမှုတွေနဲ့အတူ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းများလည်း စီးပွားရေးကျဆင်းလာပြီး လုပ်ငန်းရှင်တွေအပါအဝင် အခြေခံလူတန်းစားတွေလည်း ငွေကြေးခက်ခဲမှုတွေ ကြုံတွေ့လာခဲ့ပါတယ်။စီးပွားရေးအကျပ်အတည်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းအများစုကို အခက်အခဲဖြစ်စေသလို ရေလုပ်ငန်းအပေါ်ကိုလည်း ပြင်းထန်တဲ့ရိုက်ခတ်မှု ဖြစ်ပေါ်စေခဲ့ပါတယ်။ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရေချိုငါးဖမ်းလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ပြည်ပသို့တင်ပို့ရောင်းချသူ၊ ငါးအဝယ်ဒိုင်၊ လက်လီပြန်လည်ရောင်းချသူ အစရှိတဲ့ ရေလုပ်ငန်းနဲ့ပတ်သက်သူတွေကို အခက်အခဲတွေဖြစ်ပေါ်လာစေခဲ့ပါတယ်။

ပင်လယ်ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်သူများအနေနဲ့ သင်္ကြန်မတိုင်မီလာလက ပင်လယ်ပြင်မှဖမ်းယူရရှိတဲ့ ငါးများကိုရောင်းချပေမယ့် ဝယ်ယူသူနည်းပါးတဲ့အတွက် ဆက်လက်ဖမ်းဆီးခြင်းမပြုလုပ်ပဲ လုပ်ငန်းတွေကို ရပ်နားခဲ့ကြပါတယ်။သင်္ကြန်ပြီးကာလတွေမှာလည်း ငါးဝယ်ယူမှု ဆက်လက်နည်းပါးနေတဲ့အတွက် လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ခြင်းမရှိပဲ ဆက်လက်ရပ်နားခဲ့ရပါတယ်။မြန်မာနိုင်ငံရဲ့ ငါးမဖမ်းရကာလဟာ ဇွန်လမှ ဩဂုတ်လအထိ  သတ်မှတ်ထားတဲ့အတွက် ၂၀၂၀ ခုနှစ်မှာ ကိုဗစ် ၁၉ ရောဂါကြောင့် ငါးဖမ်းဆီးခြင်းမပြုနိုင်တဲ့ကာလဟာ ငါးမဖမ်းရကာလအပါအဝင် အနည်းဆုံး ၅ လခန့်ကြာမြင့်ပါတယ်။လုပ်ငန်းတွေရပ်ဆိုင်းထားရတဲ့အတွက်  ပင်လယ်ငါးဖမ်းလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မိသားစုတွေအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လျှက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်များမှ ငါးပုဇွန်များ ဖမ်းဆီးရောင်းချသလို ငါးမွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြပါတယ်။ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်နေသလို ပြည်တွင်းငါးမွေးတောင်သူများအနေဖြင့်လည်း ငါးဝယ်ယူသူနည်းပါးမှု၊ ငါးစျေးကျဆင်းမှုများကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။

ငါးမွေးမြူရေးလုပ်ကိုင်သူများအနေနဲ့ ငါးစျေးမြင့်တက်လေ့ရှိတဲ့ သင်္ကြန်ကာလပတ်ဝန်းကျင်မှာ ငါးကန်များဖော်ပြီးရောင်းချရန် အချိန်ကိုက်မွေးမြူမှု များပြားလေ့ရှိပါတယ်။ယခုနှစ်မှာတော့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားလာတဲ့အတွက် သင်္ကြန်ကာလပတ်ဝန်းကျင်မှာ ငါးဝယ်ယူမှုကျဆင်းလာတဲ့အတွက် ငါးမွေးသူတောင်သူတွေအနေနဲ့ အခက်အခဲတွေကို ရင်ဆိုင်လာခဲ့ရပါတယ်။

ငါးမွေးမြူထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဌ ဒေါက်တာမြင့်စိန် က “ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီးထိတာက စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးထိပါတယ်။ထိတဲ့အထဲမှာ ငါးမွေးတောင်သူတွေလည်း ပါတာပေါ့နော်။ပါတယ်ဆိုတာက ပြီးခဲ့တဲ့ မတ်၊ ဧပြီပေါ့ အဲ့ ၂ လကတော့ ပုံမှန်တော်တော်များများ ဖော်ကြတာပေါ့။ဖော်တဲ့အချိန်မှာဘဲ နိုင်ငံခြားပို့တဲ့ Export လုပ်တဲ့ ကုမ္ပဏီတွေက အဝယ်တော်တော်လေးကိုနည်းသွားတယ်။နိုင်ငံခြားကလည်း မဝယ်ကြတော့ဘူးပေါ့နော်။ကွန်တိန်နာတွေလည်း သွားရတာခက်တဲ့အခါကျတော့ အဓိကရောင်းနေတဲ့ သွားနေတဲ့နိုင်ငံတွေက မဝယ်တဲ့အခါကျတော့ ပြည်တွင်းမှာလည်း ငါးတွေကဝယ်မယ့်သူမရှိတော့ စျေးကျတာပေါ့။ပြည်တွင်းစျေးကျတော့ ဘယ်လိုဖြစ်လည်းဆိုတော့ ပြည်တွင်းမှာလည်း ဘာပဲပြောပြော အားလုံးထိခိုက်တဲ့အတိုင်းပဲ ကားတွေအသွားအလာတွေက ကန့်သတ်ထားတာဖြစ်လိုက်တဲ့အခါကျတော့ နယ်တွေသွားလို့မရတော့ဘူး။မရတဲ့ခါကျတော့ တော်တော်လေးအခက်အခဲဖြစ်တယ်။ငါးကန်သမားတွေက အချို့လည်းဖော်တယ်။ဖော်ပြီးနည်းနည်းပါးပါးသွားပို့တဲ့အခါကျတော့ တခါတလေကျရင် ပို့တဲ့သူတွေဆုံသွားတဲ့အခါကျရင် စျေးတွေကဝယ်သူနည်းတဲ့အခါကျတော့ စျေးကကျတာပေါ” လို့ ဆိုပါတယ်။

စျေးနှုန်းများကျဆင်းမှု၊ ဝယ်ယူသူနည်းပါးမှုတွေကြောင့် ငါးမွေးတောင်သူများအနေနဲ့ ငါးများရောင်းချခြင်းမပြုလုပ်ဘဲ ဆက်လက်မွေးမြူထားရတဲ့အတွက် ငါးအစာဖိုးများ ဆက်လက်ကုန်ကျနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ ငါးမွေးတောင်သူအများစုသည် ငါးမွေးကန်များကိုသာ ပိုင်ဆိုင်ထားကြပြီး ငါးအစာအတွက် အကြွေးစနစ်ဖြင့် ဝယ်ယူလေ့ရှိပါတယ်။မွေးမြူထားသည့်ငါးများ ပြန်လည်ရောင်းချပြီးမှသာ ငါးအစာဖိုးများ ပြန်လည်ပေးဆပ်လေ့ရှိတဲ့အတွက် လက်ရှိအချိန်မှာတော့ ငါးအစာအကြွေးဖိုးများ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိဘဲ လုပ်ငန်းများဆက်လက်လည်ပတ်ဖို့ အခက်အခဲများနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ပင်လယ်ငါးဖမ်း၊ ငါးမွေးမြူရေးတောင်သူများ အခက်အခဲဖြစ်ပေါ်နေသလို မြန်မာနိုင်ငံရဲ့ အကြီးဆုံးငါးစျေးကြီးဖြစ်တဲ့ ဗဟိုစံပြငါးစျေးမှာလည်း အရောင်းအဝယ်နည်းပါးလျှက်ရှိတဲ့အတွက် ငါးလုပ်ငန်းကို မှီခိုအားထားနေသူများ အခက်အခဲကြုံလျှက်ရှိပါတယ်။

ဗဟိုစံပြငါးစျေးမှာ ငါးဒိုင်လုပ်ငန်းလုပ်ကိုင်တဲ့ ဦးသန်းဝင်း က “ပြည်ပပို့တာက မရှိသလောက်ဖြစ်သွားတယ်။တရုတ်လိုင်းကပိတ်သွားတာပေါ့၊ တရုတ်ပြည်ပို့တာက အခုပိတ်ထားတဲ့အခါကျတော့ အရောင်းအဝယ်နည်းသွားတယ်။ဟိုးတုန်းကဆို အချိန်ရာနဲ့ချီပြီးပို့ရတာ အခုက ကုန်သည်တစ်ဦးမှ ပုံးနှစ်ဆယ်ပဲယူတော့တာ၊ ကုန်သည်ကရှိတာမှ နှစ်ဦးသုံးဦးရှိတာ တရုတ်ပြည်က တော်တော်နည်းသွားတယ်” လို့ ဆိုပါတယ်။

ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် နယ်စပ်ဂိတ်များမှ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့မှုများရပ်ဆိုင်းသွားပြီး ဂျပန်နိုင်ငံနဲ့ ဥရောပနိုင်ငံများသို့ တင်ပို့မှုများရှိနေပေမယ့် မေလနောက်ပိုင်းမှာတော့ မှာယူမှုအဝယ်တွေ အလွန်နည်းပါးသွားတဲ့အတွက် ရေထွက်ပို့ကုန်လုပ်ငန်းရှင်များ အခက်အခဲများဖြစ်ပေါ်နေသလို မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမားတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရေထွက်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဌဖြစ်သူ ဦးထွန်းအေး က “စားသောက်ဆိုင်တွေက တစ်ကမ္ဘာလုံးမှာ ဘယ်မှာမှမဖွင့်တာ ရောင်းအားက ဘယ်လိုလုပ်ကောင်းနိုင်မလဲ။ပုံမှန်လမ်းကြောင်းကပို့နေတာ။တရုတ်က ပို့တော့ပို့ရတယ် ဒါပေမယ့် လမ်းကြောင်းတွေကပိတ်နေတော့ ဟိုဘက်ကပိတ် ဒီဘက်ကပိတ်ဆိုတော့ မနှစ်ကထက်စာရင်တော့ လျော့တာပေါ့။ဒီနှစ်က တစ်ကမ္ဘာလုံးဖြစ်နေတော့ ပိုဆိုးတာပေါ့။အခုလာမယ့်လတွေဆို လျော့မှာပေါ့။ပြီးခဲ့တဲ့လတွေက လက်ရှိလက်ကျန်တွေပို့တာနဲ့ နယ်စပ်ကသွားတာနဲ့ သိပ်တော့မလျော့သေးဘူး။လာမယ့်လတွေဆိုရင်တော့ အများကြီးလျော့သွားမယ်လို့ထင်တယ်” လို့ ဆိုပါတယ်။

ပြည်ပသို့တင်ပို့မှုနည်းပါးသွားသလို ပြည်တွင်းမှာလည်း ငါးစားသုံးမှုနည်းပါးသွားတဲ့အတွက် ငါးလုပ်ငန်းလုပ်ကိုင်သူအများစုဟာ အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

ဗဟိုစံပြငါးစျေးအတွင်း အလုပ်လုပ်ကိုင်နေတဲ့ ငါးဒိုင်အဝယ်တော်ဖြစ်တဲ့ ကိုပြည့်စုံ က “အရင်တုန်းက သင်္ဘောတစ်စီးဆိုရင် တစ်ရက်တည်းနဲ့ ရောင်းလို့ရတယ်။အခုက သင်္ဘောတစ်စီးဆိုရင် သုံးရက်လောက်ရောင်းနေရတယ်။အရင်တုန်းက အချိန်တစ်ရာလောက်ဆို အခုက အချိန်သုံးဆယ်လောက်ပဲဝင်တယ်။အရောင်းအနေနဲ့ဆို လျော့ကျတယ်၊ အများကြီးလျော့ကျတယ်။အခက်အခဲတွေအနေနဲ့ဆိုရင် အလုပ်သမားတွေပိုခက်ခဲတယ်။အရင်တုန်းကလောက် လုပ်အားခသိပ်မရကြဘူး။အရင်တုန်းက သင်္ဘောသုံးစီးလောက်ကုန်တာ၊ အခုဆို သင်္ဘောတစ်စီးလာရင်တောင် ငါးတွေကရောင်းမကုန်ဘူး” လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ဝယ်ယူစားသုံးမှုဟာ သိသာစွာကျဆင်းလားပြီး တစ်ဆင့်ပြန်လည်ရောင်းချသူများအနေနဲ့လည်း အရောင်းအဝယ်နည်းပါးပြီး မိသားစုစားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျှက်ရှိပါတယ်။မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ ၁၂ စျေးမှာ ငါးရောင်းချနေတဲ့ ဒေါ်မာကြည် က “အရင်တုန်းကလောက် ဘယ်ရောင်းကောင်းမလဲ၊ အခုက လူသိပ်မလာဘူး၊ အရောင်းအဝယ်ပါးတယ်။အရောင်းအဝယ်က တော်တော်ပါးတာ၊ လေးငါးသောင်းဖိုးလောက်ပဲ ရောင်းရတယ်။အရင်တုန်းကဆို တစ်သိန်းဖိုးလောက် ရောင်းရတယ်လေ။အခုလို ရောဂါတွေဖြစ်မှ ကွာခြားသွားတာ၊ အရင်တုန်းကတော့ပုံမှန်ပဲ။အခုကျတော့ အရောင်းအဝယ်ပါးတော့ အဆင်မပြေဘူးပေါ့။မိသားစုကလည်း ၅ ယောက် ရှိတယ်။ရတာလေးနဲ့ စားသောက်နေရတာပေါ့” လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စီးပွားရေးအခက်အခဲတွေဖြစ်နေပေမယ့် လုပ်ငန်းများဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ကိုဗစ်ကာလ ကျော်လွန်ပါက ငါးလုပ်ငန်းများ အရှိန်အဟုန်နဲ့ ပြည်လည်အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံဟာ ငါးသယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ငါးပုဇွန်လိုအပ်မှုအရ ငါးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာမှာဖြစ်တယ်လို့ ယုံကြည်သူတွေလည်းရှိပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဝင်းကြိုင် က “ငါးလုပ်ငန်းက နိုင်ငံတိုင်းမှာမရှိဘူးဗျ။ငါးသယံဇာတ ကြွယ်ဝတဲ့နိုင်ငံမှ လုပ်ကြတာများတယ်။မြန်မာပြည်က ငါးပေါတဲ့နိုင်ငံဖြစ်တယ်ဗျ။အဲ့တော့ ငါးမထုတ်တဲ့နိုင်ငံတွေရဲ့ လိုအပ်ချက်ကို ကျွန်တော်တို့က ထုတ်ပေးမယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေရဲ့ အလားအလာက ရှေ့မှာလျော့သွားစရာ အကြောင်းမရှိဘူးဗျ။ဘယ်လိုပဲအခက်အခဲတွေဖြစ်နေတယ်ပဲပြောပြော အစားအသောက်လိုအပ်ချက်ကတော့ ငါးပုစွန်တွေကတော့ ကမ္ဘာမှာအမြဲတမ်းရှိနေမယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကြောင့် လူတစ်ဦးချင်းစီရဲ့ဝင်ငွေဟာ လျော့နည်းကျဆင်းလာမှုနဲ့အတူ ငွေကြေးလည်ပတ်မှုနည်းပါးနေပြီး လုပ်ငန်းတိုင်းမှာ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်နိုင်ပါက စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာဖို့ အလားအလာရှိတဲ့အတွက် ကာကွယ်ဆေး၊ ကုသဆေးတွေ ထွက်ပေါ်လာဖို့ မျှော်လင့်စောင့်စားရမှာဖြစ်ပါတယ်။ကုသဆေး၊ ကာကွယ်ဆေးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက အပြိုင်အဆိုင်ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိတော့ တိကျသေချာတဲ့ဆေးဝါးတွေ ထုတ်လုပ်နိုင်မှုမရှိသေးတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေဟာလည်း အခက်အခဲတွေ  ဆက်လက်ဖြစ်ပေါ်နေပါတယ်။

အခြေခံလူတန်းစားများပြားတဲ့ မြန်မာနိုင်ငံဟာ လက်တလောဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှုကို အချိန်ကာလတစ်ခုအထိ တောင့်ခံနိုင်ပေမယ့် အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေပါက စားဝတ်နေရေးအခက်အခဲတွေက ပိုမိုများပြားလာမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ရေလုပ်ငန်းအပေါ် မှီခိုအားထားနေရသူများဟာ အလုပ်လက်မဲ့ဖြစ်ပွားမှု၊ ဝင်ငွေလျော့ကျလာမှုတွေကြောင့် အဆိုးဆုံးအခြေအနေကို ရုန်းကန်ဖြတ်သန်းနေကြရပြီး လက်ရှိအခြေထက် ပိုမိုမဆိုးဝါးသွားဖို့သာ မျှော်လင့်ဆုတောင်းနေရမှာဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မေ - ၂၅

( Zawgyi )

မိုင္ေပါင္း ၁၃၀၀ ေက်ာ္ ရွည္လ်ားတဲ့ ကမ္း႐ိုးတန္းကိုပိုင္ဆိုင္ထားတဲ့ ျမန္မာႏိုင္ငံဟာ ရွည္လ်ားတဲ့ကမ္း႐ိုးတန္း၊ က်ယ္ဝန္းတဲ့ ပင္လယ္ျပင္ဧရိယာနဲ႔အတူ ျမစ္၊ ေခ်ာင္း၊ အင္းအိုင္ေတြ ေပါမ်ားလွတဲ့အတြက္ ေရထြက္ပစၥည္းမ်ား ေပါႂကြယ္စြာထြက္ရွိတဲ့ ႏိုင္ငံတစ္ခုျဖစ္ပါတယ္။

ျမစ္၊ ေခ်ာင္း၊ အင္းအိုင္မ်ားမွ ထြက္ရွိတဲ့ ေရထြက္ကုန္ပစၥည္းေတြကို ျပည္တြင္းမွာစားသုံးၾကသလို ျပည္ပသို႔လည္း တင္ပို႔ေရာင္းခ်ၾကတဲ့အတြက္ ႏွစ္စဥ္ ျပည္ပဝင္ေငြမ်ားရရွိခဲ့ၿပီး ေရထြက္ကုန္ပစၥည္းလုပ္ငန္းမွ တစ္ႏွစ္ထက္ တစ္ႏွစ္ ျပည္ပဝင္ေငြမ်ား တိုးတက္ရရွိရန္ အေလးထားေဆာင္႐ြက္ခဲ့ၾကပါတယ္။အဲ့ဒီလိုေဆာင္႐ြက္ခ်က္ေတြထားၿပီး လုပ္ေဆာင္လွ်က္ရွိေပမယ့္ ၂၀၂၀ ခုႏွစ္အတြင္းမွာေတာ့ ကိုဗစ္ ၁၉ ေရာဂါက ကမာၻကိုၿခိမ္းေျခာက္ခဲ့ၿပီး လူ႔အသက္ေပါင္းမ်ားစြာကို ႏုတ္ယူခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံထဲမွာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအတြင္း အဆုတ္ေရာင္ေရာဂါအသစ္တစ္မ်ိဳး စတင္ျဖစ္ပြားခဲ့ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕က ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ပါတယ္။ေရာဂါစတင္ျဖစ္ပြားၿပီးတဲ့ေနာက္ ထိန္းခ်ဳပ္ေဆးဝါးေတြကို အလွ်င္အျမန္ရွာေဖြႏိုင္မယ္လို႔ အမ်ားကေမွ်ာ္လင့္ထားၾကေပမယ့္ လက္ရွိအခ်ိန္အထိ ေရာဂါထိန္းခ်ဳပ္ေဆးဝါးမ်ား ရွာေဖြႏိုင္ျခင္းမရွိဘဲ ေရာဂါကူးစက္ခံရသူနဲ႔ ေသဆုံးသူဦးေရ ေန႔စဥ္တိုးတက္ မ်ားျပားလာခဲ့ပါတယ္။ျမန္မာႏိုင္ငံမွာလည္း ကိုဗစ္ေရာဂါျဖစ္ပြားမႈမ်ားေၾကာင့္ ႏွစ္စဥ္က်င္းပေနတဲ့ သၾကၤန္ပြဲေတာ္ကိုရပ္နားခဲ့ရၿပီး စားေသာက္ဆိုင္၊ လဘက္ရည္ဆိုင္ေတြကအစ  ထုတ္ပိုးေရာင္းခ်ျခင္းျဖင့္သာ ေရာင္းခ်ခြင့္ျပဳခဲ့ပါတယ္။ေရာဂါကူးစက္မွာကို စိုးရိမ္ၾကတဲ့အတြက္ ေဒသတစ္ခုမွ တစ္ခုသို႔ ခရီးသြားလာျခင္းကို ေရွာင္က်ဥ္လာၾကၿပီး သြားေရာက္သူေတြကိုလည္း ေဒသခံေတြက ေစာင့္ၾကည့္လူနာအျဖစ္ ထားရွိတဲ့အတြက္ ခရီးသြားလာသူမရွိသေလာက္ နည္းပါးခဲ့ပါတယ္။စက္႐ုံ၊ အလုပ္႐ုံအခ်ိဳ႕လည္း ရပ္နားထားရၿပီး သၾကၤန္ၿပီးကာလမွာ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳခဲ့ေပမယ့္ လုပ္ငန္းမ်ားကေတာ့ လည္ပတ္ႏိုင္ျခင္းမရွိတဲ့အတြက္ လူတစ္ဦးခ်င္းစီရဲ႕ဝင္ေငြဟာ ယခင္ကထက္ မ်ားစြာနည္းပါးလွ်က္ရွိပါတယ္။

ကမာၻေပၚမွာရွိတဲ့ စားေသာက္ဆိုင္ေတြအပါအဝင္ ျမန္မာႏိုင္ငံမွာရွိတဲ့ စားေသာက္ဆိုင္ေတြ ပိတ္သိမ္းထားရမႈ၊ တစ္ကမာၻလုံး စီးပြားေရးက်ဆင္းမႈေတြနဲ႔အတူ ျမန္မာႏိုင္ငံမွာရွိတဲ့ လုပ္ငန္းမ်ားလည္း စီးပြားေရးက်ဆင္းလာၿပီး လုပ္ငန္းရွင္ေတြအပါအဝင္ အေျခခံလူတန္းစားေတြလည္း ေငြေၾကးခက္ခဲမႈေတြ ႀကဳံေတြ႕လာခဲ့ပါတယ္။စီးပြားေရးအက်ပ္အတည္းဟာ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးလုပ္ငန္းအမ်ားစုကို အခက္အခဲျဖစ္ေစသလို ေရလုပ္ငန္းအေပၚကိုလည္း ျပင္းထန္တဲ့႐ိုက္ခတ္မႈ ျဖစ္ေပၚေစခဲ့ပါတယ္။ပင္လယ္ငါးဖမ္းလုပ္ငန္း၊ ေရခ်ိဳငါးဖမ္းလုပ္ငန္း၊ ငါးေမြးျမဴေရးလုပ္ငန္း၊ ျပည္ပသို႔တင္ပို႔ေရာင္းခ်သူ၊ ငါးအဝယ္ဒိုင္၊ လက္လီျပန္လည္ေရာင္းခ်သူ အစရွိတဲ့ ေရလုပ္ငန္းနဲ႔ပတ္သက္သူေတြကို အခက္အခဲေတြျဖစ္ေပၚလာေစခဲ့ပါတယ္။

ပင္လယ္ငါးဖမ္းလုပ္ငန္းကို လုပ္ကိုင္သူမ်ားအေနနဲ႔ သၾကၤန္မတိုင္မီလာလက ပင္လယ္ျပင္မွဖမ္းယူရရွိတဲ့ ငါးမ်ားကိုေရာင္းခ်ေပမယ့္ ဝယ္ယူသူနည္းပါးတဲ့အတြက္ ဆက္လက္ဖမ္းဆီးျခင္းမျပဳလုပ္ပဲ လုပ္ငန္းေတြကို ရပ္နားခဲ့ၾကပါတယ္။သၾကၤန္ၿပီးကာလေတြမွာလည္း ငါးဝယ္ယူမႈ ဆက္လက္နည္းပါးေနတဲ့အတြက္ လုပ္ငန္းမ်ားျပန္လည္လည္ပတ္ႏိုင္ျခင္းမရွိပဲ ဆက္လက္ရပ္နားခဲ့ရပါတယ္။ျမန္မာႏိုင္ငံရဲ႕ ငါးမဖမ္းရကာလဟာ ဇြန္လမွ ဩဂုတ္လအထိ  သတ္မွတ္ထားတဲ့အတြက္ ၂၀၂၀ ခုႏွစ္မွာ ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ ငါးဖမ္းဆီးျခင္းမျပဳႏိုင္တဲ့ကာလဟာ ငါးမဖမ္းရကာလအပါအဝင္ အနည္းဆုံး ၅ လခန႔္ၾကာျမင့္ပါတယ္။လုပ္ငန္းေတြရပ္ဆိုင္းထားရတဲ့အတြက္  ပင္လယ္ငါးဖမ္းလုပ္ငန္းအေပၚ မွီခိုေနရတဲ့ မိသားစုေတြအတြက္ အခက္အခဲမ်ားစြာ ျဖစ္ေပၚလွ်က္ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္၊ ပင္လယ္မ်ားမွ ငါးပုဇြန္မ်ား ဖမ္းဆီးေရာင္းခ်သလို ငါးေမြးျမဴေရးလုပ္ငန္းမ်ားလည္း လုပ္ကိုင္ၾကပါတယ္။ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူမ်ား အခက္အခဲျဖစ္ေပၚေနသလို ျပည္တြင္းငါးေမြးေတာင္သူမ်ားအေနျဖင့္လည္း ငါးဝယ္ယူသူနည္းပါးမႈ၊ ငါးေစ်းက်ဆင္းမႈမ်ားေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္လာခဲ့ရပါတယ္။

ငါးေမြးျမဴေရးလုပ္ကိုင္သူမ်ားအေနနဲ႔ ငါးေစ်းျမင့္တက္ေလ့ရွိတဲ့ သၾကၤန္ကာလပတ္ဝန္းက်င္မွာ ငါးကန္မ်ားေဖာ္ၿပီးေရာင္းခ်ရန္ အခ်ိန္ကိုက္ေမြးျမဴမႈ မ်ားျပားေလ့ရွိပါတယ္။ယခုႏွစ္မွာေတာ့ ကိုဗစ္ ၁၉ ေရာဂါ ျဖစ္ပြားလာတဲ့အတြက္ သၾကၤန္ကာလပတ္ဝန္းက်င္မွာ ငါးဝယ္ယူမႈက်ဆင္းလာတဲ့အတြက္ ငါးေမြးသူေတာင္သူေတြအေနနဲ႔ အခက္အခဲေတြကို ရင္ဆိုင္လာခဲ့ရပါတယ္။

ငါးေမြးျမဴထုတ္လုပ္ေရာင္းခ်သူမ်ားအသင္း ဥကၠဌ ေဒါက္တာျမင့္စိန္ က “ကိုဗစ္ ၁၉ နဲ႔ ပတ္သက္ၿပီးထိတာက စီးပြားေရးလုပ္ငန္းရွင္ေတြ အားလုံးထိပါတယ္။ထိတဲ့အထဲမွာ ငါးေမြးေတာင္သူေတြလည္း ပါတာေပါ့ေနာ္။ပါတယ္ဆိုတာက ၿပီးခဲ့တဲ့ မတ္၊ ဧၿပီေပါ့ အဲ့ ၂ လကေတာ့ ပုံမွန္ေတာ္ေတာ္မ်ားမ်ား ေဖာ္ၾကတာေပါ့။ေဖာ္တဲ့အခ်ိန္မွာဘဲ ႏိုင္ငံျခားပို႔တဲ့ Export လုပ္တဲ့ ကုမၸဏီေတြက အဝယ္ေတာ္ေတာ္ေလးကိုနည္းသြားတယ္။ႏိုင္ငံျခားကလည္း မဝယ္ၾကေတာ့ဘူးေပါ့ေနာ္။ကြန္တိန္နာေတြလည္း သြားရတာခက္တဲ့အခါက်ေတာ့ အဓိကေရာင္းေနတဲ့ သြားေနတဲ့ႏိုင္ငံေတြက မဝယ္တဲ့အခါက်ေတာ့ ျပည္တြင္းမွာလည္း ငါးေတြကဝယ္မယ့္သူမရွိေတာ့ ေစ်းက်တာေပါ့။ျပည္တြင္းေစ်းက်ေတာ့ ဘယ္လိုျဖစ္လည္းဆိုေတာ့ ျပည္တြင္းမွာလည္း ဘာပဲေျပာေျပာ အားလုံးထိခိုက္တဲ့အတိုင္းပဲ ကားေတြအသြားအလာေတြက ကန႔္သတ္ထားတာျဖစ္လိုက္တဲ့အခါက်ေတာ့ နယ္ေတြသြားလို႔မရေတာ့ဘူး။မရတဲ့ခါက်ေတာ့ ေတာ္ေတာ္ေလးအခက္အခဲျဖစ္တယ္။ငါးကန္သမားေတြက အခ်ိဳ႕လည္းေဖာ္တယ္။ေဖာ္ၿပီးနည္းနည္းပါးပါးသြားပို႔တဲ့အခါက်ေတာ့ တခါတေလက်ရင္ ပို႔တဲ့သူေတြဆုံသြားတဲ့အခါက်ရင္ ေစ်းေတြကဝယ္သူနည္းတဲ့အခါက်ေတာ့ ေစ်းကက်တာေပါ” လို႔ ဆိုပါတယ္။

ေစ်းႏႈန္းမ်ားက်ဆင္းမႈ၊ ဝယ္ယူသူနည္းပါးမႈေတြေၾကာင့္ ငါးေမြးေတာင္သူမ်ားအေနနဲ႔ ငါးမ်ားေရာင္းခ်ျခင္းမျပဳလုပ္ဘဲ ဆက္လက္ေမြးျမဴထားရတဲ့အတြက္ ငါးအစာဖိုးမ်ား ဆက္လက္ကုန္က်ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံရွိ ငါးေမြးေတာင္သူအမ်ားစုသည္ ငါးေမြးကန္မ်ားကိုသာ ပိုင္ဆိုင္ထားၾကၿပီး ငါးအစာအတြက္ အေႂကြးစနစ္ျဖင့္ ဝယ္ယူေလ့ရွိပါတယ္။ေမြးျမဴထားသည့္ငါးမ်ား ျပန္လည္ေရာင္းခ်ၿပီးမွသာ ငါးအစာဖိုးမ်ား ျပန္လည္ေပးဆပ္ေလ့ရွိတဲ့အတြက္ လက္ရွိအခ်ိန္မွာေတာ့ ငါးအစာအေႂကြးဖိုးမ်ား ျပန္လည္ေပးဆပ္ႏိုင္ျခင္းမရွိဘဲ လုပ္ငန္းမ်ားဆက္လက္လည္ပတ္ဖို႔ အခက္အခဲမ်ားနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။

ပင္လယ္ငါးဖမ္း၊ ငါးေမြးျမဴေရးေတာင္သူမ်ား အခက္အခဲျဖစ္ေပၚေနသလို ျမန္မာႏိုင္ငံရဲ႕ အႀကီးဆုံးငါးေစ်းႀကီးျဖစ္တဲ့ ဗဟိုစံျပငါးေစ်းမွာလည္း အေရာင္းအဝယ္နည္းပါးလွ်က္ရွိတဲ့အတြက္ ငါးလုပ္ငန္းကို မွီခိုအားထားေနသူမ်ား အခက္အခဲႀကဳံလွ်က္ရွိပါတယ္။

ဗဟိုစံျပငါးေစ်းမွာ ငါးဒိုင္လုပ္ငန္းလုပ္ကိုင္တဲ့ ဦးသန္းဝင္း က “ျပည္ပပို႔တာက မရွိသေလာက္ျဖစ္သြားတယ္။တ႐ုတ္လိုင္းကပိတ္သြားတာေပါ့၊ တ႐ုတ္ျပည္ပို႔တာက အခုပိတ္ထားတဲ့အခါက်ေတာ့ အေရာင္းအဝယ္နည္းသြားတယ္။ဟိုးတုန္းကဆို အခ်ိန္ရာနဲ႔ခ်ီၿပီးပို႔ရတာ အခုက ကုန္သည္တစ္ဦးမွ ပုံးႏွစ္ဆယ္ပဲယူေတာ့တာ၊ ကုန္သည္ကရွိတာမွ ႏွစ္ဦးသုံးဦးရွိတာ တ႐ုတ္ျပည္က ေတာ္ေတာ္နည္းသြားတယ္” လို႔ ဆိုပါတယ္။

ေရထြက္ကုန္ပစၥည္းမ်ား ျပည္ပတင္ပို႔ရာတြင္ နယ္စပ္ဂိတ္မ်ားမွ တ႐ုတ္ႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမ်ားသို႔ တင္ပို႔မႈမ်ားရပ္ဆိုင္းသြားၿပီး ဂ်ပန္ႏိုင္ငံနဲ႔ ဥေရာပႏိုင္ငံမ်ားသို႔ တင္ပို႔မႈမ်ားရွိေနေပမယ့္ ေမလေနာက္ပိုင္းမွာေတာ့ မွာယူမႈအဝယ္ေတြ အလြန္နည္းပါးသြားတဲ့အတြက္ ေရထြက္ပို႔ကုန္လုပ္ငန္းရွင္မ်ား အခက္အခဲမ်ားျဖစ္ေပၚေနသလို မွီခိုလုပ္ကိုင္ေနတဲ့ အလုပ္သမားေတြလည္း အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

ေရထြက္ပို႔ကုန္လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌျဖစ္သူ ဦးထြန္းေအး က “စားေသာက္ဆိုင္ေတြက တစ္ကမာၻလုံးမွာ ဘယ္မွာမွမဖြင့္တာ ေရာင္းအားက ဘယ္လိုလုပ္ေကာင္းႏိုင္မလဲ။ပုံမွန္လမ္းေၾကာင္းကပို႔ေနတာ။တ႐ုတ္က ပို႔ေတာ့ပို႔ရတယ္ ဒါေပမယ့္ လမ္းေၾကာင္းေတြကပိတ္ေနေတာ့ ဟိုဘက္ကပိတ္ ဒီဘက္ကပိတ္ဆိုေတာ့ မႏွစ္ကထက္စာရင္ေတာ့ ေလ်ာ့တာေပါ့။ဒီႏွစ္က တစ္ကမာၻလုံးျဖစ္ေနေတာ့ ပိုဆိုးတာေပါ့။အခုလာမယ့္လေတြဆို ေလ်ာ့မွာေပါ့။ၿပီးခဲ့တဲ့လေတြက လက္ရွိလက္က်န္ေတြပို႔တာနဲ႔ နယ္စပ္ကသြားတာနဲ႔ သိပ္ေတာ့မေလ်ာ့ေသးဘူး။လာမယ့္လေတြဆိုရင္ေတာ့ အမ်ားႀကီးေလ်ာ့သြားမယ္လို႔ထင္တယ္” လို႔ ဆိုပါတယ္။

ျပည္ပသို႔တင္ပို႔မႈနည္းပါးသြားသလို ျပည္တြင္းမွာလည္း ငါးစားသုံးမႈနည္းပါးသြားတဲ့အတြက္ ငါးလုပ္ငန္းလုပ္ကိုင္သူအမ်ားစုဟာ အခက္အခဲေတြကို ရင္ဆိုင္ေနရပါတယ္။

ဗဟိုစံျပငါးေစ်းအတြင္း အလုပ္လုပ္ကိုင္ေနတဲ့ ငါးဒိုင္အဝယ္ေတာ္ျဖစ္တဲ့ ကိုျပည့္စုံ က “အရင္တုန္းက သေဘၤာတစ္စီးဆိုရင္ တစ္ရက္တည္းနဲ႔ ေရာင္းလို႔ရတယ္။အခုက သေဘၤာတစ္စီးဆိုရင္ သုံးရက္ေလာက္ေရာင္းေနရတယ္။အရင္တုန္းက အခ်ိန္တစ္ရာေလာက္ဆို အခုက အခ်ိန္သုံးဆယ္ေလာက္ပဲဝင္တယ္။အေရာင္းအေနနဲ႔ဆို ေလ်ာ့က်တယ္၊ အမ်ားႀကီးေလ်ာ့က်တယ္။အခက္အခဲေတြအေနနဲ႔ဆိုရင္ အလုပ္သမားေတြပိုခက္ခဲတယ္။အရင္တုန္းကေလာက္ လုပ္အားခသိပ္မရၾကဘူး။အရင္တုန္းက သေဘၤာသုံးစီးေလာက္ကုန္တာ၊ အခုဆို သေဘၤာတစ္စီးလာရင္ေတာင္ ငါးေတြကေရာင္းမကုန္ဘူး” လို႔ ဆိုပါတယ္။

ျပည္တြင္းမွာ ဝယ္ယူစားသုံးမႈဟာ သိသာစြာက်ဆင္းလားၿပီး တစ္ဆင့္ျပန္လည္ေရာင္းခ်သူမ်ားအေနနဲ႔လည္း အေရာင္းအဝယ္နည္းပါးၿပီး မိသားစုစားဝတ္ေနေရးအခက္အခဲမ်ား ျဖစ္ေပၚလွ်က္ရွိပါတယ္။ေျမာက္ဥကၠလာ၊ ေ႐ႊေပါက္ကံ ၁၂ ေစ်းမွာ ငါးေရာင္းခ်ေနတဲ့ ေဒၚမာၾကည္ က “အရင္တုန္းကေလာက္ ဘယ္ေရာင္းေကာင္းမလဲ၊ အခုက လူသိပ္မလာဘူး၊ အေရာင္းအဝယ္ပါးတယ္။အေရာင္းအဝယ္က ေတာ္ေတာ္ပါးတာ၊ ေလးငါးေသာင္းဖိုးေလာက္ပဲ ေရာင္းရတယ္။အရင္တုန္းကဆို တစ္သိန္းဖိုးေလာက္ ေရာင္းရတယ္ေလ။အခုလို ေရာဂါေတြျဖစ္မွ ကြာျခားသြားတာ၊ အရင္တုန္းကေတာ့ပုံမွန္ပဲ။အခုက်ေတာ့ အေရာင္းအဝယ္ပါးေတာ့ အဆင္မေျပဘူးေပါ့။မိသားစုကလည္း ၅ ေယာက္ ရွိတယ္။ရတာေလးနဲ႔ စားေသာက္ေနရတာေပါ့” လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ စီးပြားေရးအခက္အခဲေတြျဖစ္ေနေပမယ့္ လုပ္ငန္းမ်ားဆက္လက္လည္ပတ္ႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ၿပီး ကိုဗစ္ကာလ ေက်ာ္လြန္ပါက ငါးလုပ္ငန္းမ်ား အရွိန္အဟုန္နဲ႔ ျပည္လည္အားေကာင္းလာႏိုင္တယ္လို႔ ခန႔္မွန္းမႈေတြလည္းရွိေနပါတယ္။

ျမန္မာႏိုင္ငံဟာ ငါးသယံဇာတ ေပါႂကြယ္ဝတဲ့ႏိုင္ငံျဖစ္ၿပီး ကမာၻ႔ငါးပုဇြန္လိုအပ္မႈအရ ငါးလုပ္ငန္းမ်ား ျပန္လည္ဖြံ႕ၿဖိဳးလာမွာျဖစ္တယ္လို႔ ယုံၾကည္သူေတြလည္းရွိပါတယ္။

ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉးျဖစ္သူ ဦးဝင္းႀကိဳင္ က “ငါးလုပ္ငန္းက ႏိုင္ငံတိုင္းမွာမရွိဘူးဗ်။ငါးသယံဇာတ ႂကြယ္ဝတဲ့ႏိုင္ငံမွ လုပ္ၾကတာမ်ားတယ္။ျမန္မာျပည္က ငါးေပါတဲ့ႏိုင္ငံျဖစ္တယ္ဗ်။အဲ့ေတာ့ ငါးမထုတ္တဲ့ႏိုင္ငံေတြရဲ႕ လိုအပ္ခ်က္ကို ကြၽန္ေတာ္တို႔က ထုတ္ေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔လုပ္ငန္းေတြရဲ႕ အလားအလာက ေရွ႕မွာေလ်ာ့သြားစရာ အေၾကာင္းမရွိဘူးဗ်။ဘယ္လိုပဲအခက္အခဲေတြျဖစ္ေနတယ္ပဲေျပာေျပာ အစားအေသာက္လိုအပ္ခ်က္ကေတာ့ ငါးပုစြန္ေတြကေတာ့ ကမာၻမွာအၿမဲတမ္းရွိေနမယ္” လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ေၾကာင့္ လူတစ္ဦးခ်င္းစီရဲ႕ဝင္ေငြဟာ ေလ်ာ့နည္းက်ဆင္းလာမႈနဲ႔အတူ ေငြေၾကးလည္ပတ္မႈနည္းပါးေနၿပီး လုပ္ငန္းတိုင္းမွာ အခက္အခဲေတြျဖစ္ေပၚေနပါတယ္။ကမာၻ႔ကပ္ေရာဂါကို တိုက္ဖ်က္ႏိုင္ပါက စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ေကာင္းမြန္လာဖို႔ အလားအလာရွိတဲ့အတြက္ ကာကြယ္ေဆး၊ ကုသေဆးေတြ ထြက္ေပၚလာဖို႔ ေမွ်ာ္လင့္ေစာင့္စားရမွာျဖစ္ပါတယ္။ကုသေဆး၊ ကာကြယ္ေဆးေတြကို ကမာၻ႔ႏိုင္ငံအသီးသီးက အၿပိဳင္အဆိုင္ထုတ္လုပ္ႏိုင္ဖို႔ ႀကိဳးစားေနေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ တိက်ေသခ်ာတဲ့ေဆးဝါးေတြ ထုတ္လုပ္ႏိုင္မႈမရွိေသးတဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြဟာလည္း အခက္အခဲေတြ  ဆက္လက္ျဖစ္ေပၚေနပါတယ္။

အေျခခံလူတန္းစားမ်ားျပားတဲ့ ျမန္မာႏိုင္ငံဟာ လက္တေလာျဖစ္ေပၚေနတဲ့ စီးပြားေရးက်ဆင္းမႈကို အခ်ိန္ကာလတစ္ခုအထိ ေတာင့္ခံႏိုင္ေပမယ့္ အခ်ိန္ၾကာျမင့္စြာ ဆက္လက္ျဖစ္ေပၚေနပါက စားဝတ္ေနေရးအခက္အခဲေတြက ပိုမိုမ်ားျပားလာမွာျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ေရလုပ္ငန္းအေပၚ မွီခိုအားထားေနရသူမ်ားဟာ အလုပ္လက္မဲ့ျဖစ္ပြားမႈ၊ ဝင္ေငြေလ်ာ့က်လာမႈေတြေၾကာင့္ အဆိုးဆုံးအေျခအေနကို ႐ုန္းကန္ျဖတ္သန္းေနၾကရၿပီး လက္ရွိအေျခထက္ ပိုမိုမဆိုးဝါးသြားဖို႔သာ ေမွ်ာ္လင့္ဆုေတာင္းေနရမွာျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေမ - ၂၅